ဒီနေရာလေးကို

Thursday, March 17, 2011

အမြင် (၃)

ဆရာက ကျောင်းသားကို ခုံပေါ်မှာ မတ်တပ် ရပ်ခိုင်းထားပြီး အပြစ်ပေး ထားပါတယ်... အချိန် အတော်ကြာတော့ ဆရာက ကျောင်းသားကို ဆုံးမဖို.လက်ယပ် ခေါ်လိုက်တယ်... ဒါပေမယ့် အဲဒီအချိန်မှာ ကျောင်းသားက ရပ်နေတာ ကြာပြီဖြစ်တဲ့ အတွက် ဆရာက ပြန်ထိုင်ခိုင်းရင် ကောင်းမှာပဲလို. တွေးနေချိန်ပါ... ကျောင်းသားက လိုရာတွေးပြီး ထိုင်ချလိုက် ပါတယ်... အဲ့မှာတင် ပြဿနာက စတက်ပါတော့တယ်...

ဒါဟာ misunderstanding (နားလည်မှု လွဲချော်ခြင်း) ပါ၊ များသောအားဖြင့် Body Language လို.ခေါ်တဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းကို အသုံးပြုပြီး အသံတိတ် စကားပြော ဆက်သွယ်တဲ့ အခါမျိုးမှာ နားလည်မှု လွဲချော်တာတွေ ဖြစ်တတ်ပါတယ်... အဆိုးဝါးဆုံး ကတော့ အထက်က ဖြစ်ရပ်ကလေးလို ကိုယ့်ရဲ့ စိတ်အာရုံ (Emotion)ရဲ့ လွှမ်းမိုး ခြယ်လှယ်မှုကြောင့် သူတစ်ပါးရဲ့ စကားကို တလွဲ အဓိပ္ပာယ် ကောက်မိတာတွေ၊ အခြေအနေတွေကို အလွဲလွဲ အမှားမှား နားလည် သုံးသပ်မိတာ တွေပါပဲ၊ ဘယ်ဘာသာစကားနဲ.ပဲ ပြောပြော ဘယ်လိုကြောင့်ပဲ ဖြစ်ဖြစ်ပါ သူတစ်ပါး ကိုယ့်ကို ဘာပြောတယ်၊ ဘယ်လို ရည်ရွယ်ချက်နဲ. ပြောတယ် ဆိုတာကို အမှန်အတိုင်း အရှိအတိုင်း နားလည်နိုင်အောင် ကြိုးစားခြင်းဟာ အားလုံးအတွက် အကောင်းဆုံး ဖြစ်လိမ့်မယ် ထင်ပါတယ်...

အမြင် (၂)

ဆရာက ကျောင်းသား တစ်ယောက်ကို စားပွဲရှေ.မှာ ထိုင်ခိုင်းပြီး "က" တစ်လုံးရေးပြပါလို. ခိုင်းပါတယ်။ ကျောင်းသားက ရေးပြီး ဆရာ့ရှေ.ကို ထိုးပေးလိုက်ပါတယ်.... ဆရာက သူ.အဖြေကို လက်မခံခဲ့ပါဘူး။ ဆရာ့ဘက်က ကြည့်တော့ အဖြေက "ယ" ဖြစ်နေတာကိုး...

နောက်ကျောင်းသား တစ်ယောက်ကို ဆရာက ခေါ်ခိုင်းပါတယ်...ကျောင်းသားက ရေးပြီး" စာရွက်ကို ဆရာ့ဘက် တစ်ပတ်လှည့်ပြီး ပြလိုက်ပါတယ်... ဆရာက သူ.အဖြေကို သဘောကျ လက်ခံခဲ့ပါတယ်....

ဒီအဖြစ်ပျက်လေးမှာ "ကိစ္စရပ်တိုင်းမှာ Angle Of Vision လို.ခေါ်တဲ့ ရှုထောင့် အမျိုးမျိုး ရှိနိုင်တယ် ဆိုတာပါပဲ"... ကျောင်းသား နှစ်ယောက်လုံးရဲ့ အဖြေဟာ အမှန်တွေချည်းပါပဲ... ဒါပေမဲ့ ပထမ ကျောင်းသားဟာ သူ.ဘက် အမြင်အတိုင်း ဆရာ့ကို ပြတာကိုး... ဒီနေရာမှာ သတိထားရမှာက ဒုတိယ ကျောင်းသားဟာ ဆရာ့ဘက်က "က" လို. မြင်ရအောင် သူက "ယ"လို. အမှားကြီးေ ရးလိုက်တာ မဟုတ်ပါဘူး... သူလည်း အမှန်ပဲ ရေးလိုက်ပြီး ဆရာ့ဘက်ကလည်း အမှန်ပဲ မြင်နိုင်အောင် နှစ်ဦးနှစ်ဖက် အဆင်ပြေမယ့် အခြေအနေ တစ်ခုကို ဖန်တီးလိုက်တာပါ...

အချို.သော ကိစ္စရပ်တွေမှာ သူ.ဘက်ကလည်း ဘယ်လိုများ မြင်နိုင်မလည်းလို. စဉ်းစားတွေးခေါ် ချင့်ချိန်ပြီး သူ.ရဲ့ ရှုထောင့်ကနေ မြင်ပြ၊ တွေးပြ၊ ဆွေးနွေးပြဖို. လိုပါလိမ့်မယ်.... အဲဒါမှလည်း ကိုယ်မှန်တယ် ဆိုတာကို သူနားလည် လက်ခံနိုင် လာမှာပါ... အဲဒီလိုမဟုတ်ပဲ ကိုယ်မှန်တယ် ဆိုတာကို ကိုယ့်ဘက်က အမြင် တစ်ခုတည်းနဲ. ကြည့်ပြီး ဇွတ်အတင်း ငြင်းခုံနေမယ် ဆိုရင်တော့ လိုလားအပ်တဲ့ အခြေအနေ တစ်ခုကို ဘယ်တော့မှ ရောက်တော့မှာ မဟုတ်ပါဘူး...

အမြင် (၁)

ဆရာက ကျောင်းသား နှစ်ယောက်ကို မေးခွန်းမေးပါတယ်။ အင်မတန် အဆင့်မြင့်ပြီး အတော် စဉ်းစားယူရတဲ့ သင်္ချာ ဥာဏ်စမ်းတွေပါ။

ပထမကျောင်းသားက မေးခွန်းခက်တာကို မြင်ပြီး ဒီလိုစဉ်းစားပါတယ်၊

"ဆရာက ငါမဖြေနိုင်မယ့် မေးခွန်းတွေကို တမင်သက်သက် မေးတာပဲ၊ ဟိုတစ်ခါတုန်းက သူလာတာကို ထနှုတ်မဆက်ပဲ နေမိတာကို မကျေနပ်လို.ဖြစ်မယ်" .... သူဒီလို စတွေးတာနဲ.တင် မေးခွန်းတွေကို ကောင်းကောင်း မဖြေနိုင် တော့ပါဘူး...

နောက်တစ်ယောက် ကတော့ ဒီလိုမြင်ပါတယ်

"ဆရာ့ မေးခွန်းတွေက အတော် အဆင့်မြင့်တယ်၊ ငါတို.အဆင့်နဲ. ဖြေလို.ရတဲ့ မေးခွန်းတွေ ဖြစ်လောက်ပါတယ်၊ ကြိုးစား ဖြေကြည်.ဦးမှပဲ" ... သူကတော့ မေးခွန်း အတော် များများကို ဆရာ ကျေနပ်လောက်တဲ့ အထိ ဖြေဆိုနိုင်ခဲ့ပါတယ်....

ဒီအဖြစ် အပျက်လေးကို ကြည့်မယ်ဆိုရင် Perception လို.ခေါ်တဲ့ အထင်အမြင် ယူဆချက် တစ်ခုဟာ အစစအရာရာ အဆင်ပြေ ချောမွေ.စေဖို.အတွက် ဘယ်အတိုင်း အတာထိ အရေးပါ အရာရောက်တယ် ဆိုတာ တွေ.မြင်နိုင်ပါတယ်၊ အခြားသူ တစ်ယောက်ရဲ့ စိတ်ထဲမှာ ဘယ်လိုပဲ ရှိရှိ၊ ဘာ ရည်ရွယ်ချက်နဲ.ပဲ မေးမေး "ဒုတိယ ကျောင်းသား" လိုပဲ ရိုးရိုးတွေးပြီး အကောင်းဆုံး အဖြေပေးသင့်ပါတယ်...။

ချမ်းသာသုခ ဆိုတာ

လူသားတွေကျန်းမာဖို့ဆိုရာတွင် ရုပ်ပိုင်းဆိုင်ရာ နှင့်စိတ်ပိုင်းဆိုင်ရာ နှစ်မျိုး
လုံး ကောင်းရန်လိုအပ်သည်။ သို့မှသာ ချမ်းသာသုခ ပြည့်ဝနိုင်မည်ဖြစ်သည်။
ငွေကြးချမ်းသာသော်လည်း ထိုနှစ်မျိုးလုံး ပြည့်စုံဖို့ရန်မလွယ်ကူနိုင်ပါ၊
အချို့လူများပစ္စည်းဥစ္စာ ကြွယ်ဝ ချမ်းသာသော်လည်း၊ တဖက်မှ သောက
တွေထူပြောကာ ချမ်းသာသုခ ကင်းမဲ့နေသည်။
အချို့လူများမှာ အမြင်အရ အဆင့်အတန်း မြင့်မားနေသော်လည်း သူတစ်ပါး
အပေါ် မေတ္တာ၊ကရုဏာထားရန် ချမ်းသာနိုင်စွမ်းမရှိ။
သူတစ်ပါး၏ အဆင်ပြေမူ၊ အောင်မြင်မူအပေါ် မုဒိသာမပွားနိုင်ပဲ ၀န်တိုမစ္ဆေရိ
ယစိတ်တို့၏နိုပ်စက်မူဒဏ်ကို ခံစားနေရသည်။
ချမ်းသာခြင်းဟုထင်ရသော ဓနဥစ္စာ၊ ရာထူးရာခံ နှင့် အောင်မြင်ကျော်ကြား
ခြင်းတို့မည်သည် အမှန်စင်စစ်မှာ လူအား စိတ်ချမ်းသာမူ ကျေနပ်အားရမူများ
ကို ပေးစွမ်းနိုင်သည့်အရာသာလျှင်ဖြစ်ပြီး ချမ်းသာသုခမမည်။
အောင်မြင်ကျော်ကြားနေသော နယ်ပယ်စုံမှပုဂ္ဂိုလ်(အနုပညာ၊ရုပ်ရှင်...)
တို့သည်လည်း ထိုအကြောင်းတို့ကြောင့် စိတ္တသုခပြည့်ဝမူ မရှိနိုင်။
သို့အတွက်ကြောင့် လူတိုင်း မိမိ၏ရှိသည့်ဘ၀ အပေါ် အပြစ်ဖို့ရန်သာ
ပြုမည့်အစား ကျေနပ်ဖို့ရန် လိုအပ်ပါသည်။ သို့တည်းမဟုတ် တဆင့်တက်
လှမ်း ကြိုးစားနိုင်ပါသည်။

သူငယ်ချင်းတွေအပေါ် စိတ်ဓာတ်ခွန်အားဖြည့်ဆည်းပေးနိုင်မည့် ရသကောင်း
များကိုဝေမျှပေးလိုက်ပါမည်။

တကယ်တော့ ဘ၀အောင်မြင်မူ ဆိုတာက ငွေချည်းပဲအဓိက မကျပါဘူး

အဆင့်အတန်းနဲ့ ရာထူးဌာနန္တရလဲမဟုတ်ပါဘူး။ ဓနဥစ္စာရှိမှမဟုတ်ပါဘူး။

ဘ၀အောင်မြင်မူလို့သတ်မှတ်လို့ရတာက လူတစ်ယောက် အနေဖြင့် မိမိရဲ့
ဘ၀ကို ဘယ်လိုသက်ဝင်လူပ်ရှားရသည့် အပေါ်မှာပဲမူတည်ပါသည်။

ချမ်းသာမှ ဇိမ်နဲ့နေနိုင်တာလား (ဖေမြင့်)

ဇိမ်ခံရွက်သဘောင်္ နှင့်အပန်းဖြေခရီးထွက်လာသည့် စီးပွားရေးလုပ်ငန်း
ရှင် သူဌေးကြီး တစ်ယောက်က ပင်လယ်ကမ်းရိုးတန်း တစ်နေရာတွင်အပန်း
ဖြေလမ်းလျှောက်ထွက်ရင်း တံငါသည်တစ်ယောက်နှင့်တွေ့သည်။
တံငါက လှေနံဘေးမှာ အေးအေးဆေးဆေးလှဲကာ ဆေးတံခဲ နေသည်။
သူ့ပုံစံကိုကြည့်ကာ သူဌေးကြီးကစိတ်ပျက်သွားပြီး ကရုဏာဒေါသော နှင့်မေး
သည်။ ”ခင်ဗျား ဘာလို့ငါးဖမ်း မထွက်ပဲ ဒီမှာ လှဲ နေတာလဲ ” ။
”မနက်အစောကြီးတည်းကပဲ တစ်နေ့စာ ဖမ်းလို့ ရပြီးပြီဗျ၊” ဟု ဖြေသည်။
” ဟ၊ ဒါဆို နောက်ထပ် မဖမ်းတော့ဘူးလား၊”
”ဘာလုပ်ဖို့လဲ”။
” ထပ် ဖမ်းတော့ ရောင်းစားရင် ပိုက်ဆံပိုရမှာပေါ့ကွ၊ ပိုက်ဆံများများရရင်
လှေမှာစက်တပ်လို့ရမယ်၊ စက်နဲ့ဆိုရင် ပင်လယ်ထဲအဝေးကြီး ထွက်နိုင်မယ်၊
အဲဒီမှာ ငါးပိုရမယ်၊ အဲဒါတွေရောင်းပြီး ပိုက်ဆံစုရင် နိုင်လွန်ပိုက်ဝယ်နိုင်မယ်၊
နိုင်လွန်ပိုက်နဲ့ငါးဖမ်းတော့ ငါးပိုရမယ် ငွေပိုရမယ် လှေတစ်စီးက နှစ်စီးဖြစ်
လာမယ်၊ ဒီထက်အမြောက်အမြား ဖြစ်လာနိုင်တယ်၊ အဲဒီခါ ငါ့လိုသူဌေးတစ်
ယောက်ဖြစ်လာမှာပေါ့ကွ” ဟုကြီးပွားရေးလမ်းကြောင်းကို တွက်ပြလိုက်
သည်၊
” အဲဒီခါကျတော့ ကျွန်တော်က ဘာလုပ်ရမှာလဲ”
”အဲဒီခါကျရင် မင်းငါ့လို အေးအေးဆေးဆေး ဇိမ်နဲ့နေနိုင်မှာပေါ့”