ဒီနေရာလေးကို

Wednesday, March 23, 2011

သင်္ကြန်ဆိုတာ

ကမ္ဘာပေါ်ရှိ ယဉ်ကျေးသောလူမျိုးတိုင်း နှစ်ဟောင်းကုန်၍ နှစ်သစ်ကူး သည်ကို အလေးအမြတ်ထားကြသည်။ မိမိတို့ ယဉ်ကျေးမှုရိုးရာဓလေ့ ထုံးစံ အလိုက် နှစ်သစ်ကူးပွဲတော်များ ကျင်းပကြ၍ နှစ်ဆန်းနှစ်သစ်ကို ကြိုဆိုလေ့ ရှိကြသည်။ မြန်မာတို့က ယင်းနှစ်သစ်ကူးပွဲ ကို သင်္ကြန်ပွဲ တော် ဟုခေါ်၏။ သင်္ကြန်သည် မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာ ယဉ်ကျေးမှုနှင့်အတူ ပေါ်လာသော နှစ်သစ်ကူး ပွဲတော်ဖြစ်သည် ဟု ဆိုကြပါသည်။

သင်္ကြန်သည် မြန်မာ့ရိုးရာ ယဉ်ကျေးမှု တစ်ခုဖြစ်သည်။ အမှန်ဆိုရလျှင် သင်္ကြန်သည် မြန်မာ့ယဉ်ကျေးမှု စစ်စစ်မဟုတ်။ ဟိန္ဒူယဉ်ကျေးမှုကို မွေးစားထားခြင်းဖြစ်သည်။ သင်္ကြန်သည် မင်္ဂလာ ၁၂ ပါးထဲမှ တစ်ပါး ဖြစ်ပါ၏။ ဤ မင်္ဂလာ ၁၂ ပါးသည်ပင် ဟိန္ဒူယဉ်ကျေးမှု ဖြစ်ပါ၏။ နှစ်ကူးသင်္ကြန်၊ လကူး သင်္ကြန်၊ ရက်ကူး သင်္ကြန် စသဖြင့် ဖြစ်ပါသည်။ သို့သော် တစ်လနှင့် တစ်လ၊ တစ်ရက်နှင့် တစ်ရက် ကူးပြောင်းခြင်းများ အစား တစ်နှင့်တစ်နှစ် ကူးပြောင်းခြင်းကိုသာ သင်္ကြန် ဟု လူသိများပါသည်။

သင်္ကြန်ဟူသော ဝေါဟာရသည် သင်္ကန္တခေါ် ပါဠိ၊ သင်္ကြ န္တခေါ် သက္ကတဘာသာမှ သက်ဆင်းလာသော ဝေါဟာရ ဖြစ်သည်။ သင်္ကန္တ၊ သင်္ကြ န္တဟူ သည် ကူးပြောင်းခြင်းဟု အနက်အဓိပ္ပါယ်ရလေသည်။ တပေါင်းလတွင် မြန်မာနှစ် တစ်နှစ်ကုန်ဆုံးကာ နှစ်ဟောင်းကုန်၍ တန်ခူးလတွင် နှစ်သစ်ကြုံရ သောကာလ၊ နှစ်သစ်ကူးပြောင်းသောကာလဟု ဆိုလိုရင်း ဖြစ်သည်။ နွေရာသီ၏ အပူဒဏ်ကို သင်္ကြန်ရေဖြင့် အေးမြစေသည်။ နှစ်ဟောင်းမှ အညစ် ကြေးများကို သင်္ကြန်ရေဖြင့် ဆေးကြောသစ်လွင် တောက်ပသန့်စင်လာစေသည်။

မြန်မာပြက္ခဒိန်အဖို့ နှစ်ဆန်း ၁ ရက်နေ့သည် နှစ်ဆန်းတစ်ရက် နေ့သာ ဖြစ်ပြီး တန်ခူးလဆန်း ၁ ရက်နေ့ မဟုတ်ပါ။

မြန်မာ့ယဉ်ကျေးမှုအယူအဆ အရ နှစ်သစ်ကူး သင်္ကြန်ကျချိန်၌ သိကြားမင်းသည် တာဝတိံသာနတ်ပြည်မှ လူ့ပြည်သို့ ခေတ္တဆင်းသက် လာသည် ဟု ယုံကြည်ကြသည်။ သိကြားမင်း လူ့ပြည်ဆင်းချိန်ကို သင်္ကြန်စ၍ ကျသည်ဟု ယုံကြည်လက်ခံသည်။ သိကြားမင်းမဆင်းမီ တစ်ရက်အလို တွင် သိကြားမင်းကို ကြိုဆိုသောအားဖြင့် အတာအိုးများတွင် ပန်းများထိုးပြီး ကြိုဆိုလေ့ရှိသည်။ ယင်းကို သင်္ကြန်အကြိုနေ့ဟု သတ်မှတ်ထားကြသည်။

သိကြားမင်းဆင်းလာသော သင်္ကြန်ကျချိန်တွင် ဆဲဆိုခြင်း မပြုကြရန်၊ မကောင်းမှု မပြုလုပ်ကြရန်၊ ကုသိုလ်ကောင်းမှုပြုကြရန်၊ သက်ကြီးဝါကြီး များကို ပူဇော်ကန်တော့ရန် ဆုံးမထားသည်။

သိကြားမင်း နတ်ပြည်သို့ပြန်တက်ချိန်ကို သင်္ကြန်အတက် ဟု သတ်မှတ်ကြသည်။ နှစ်သက်ကူး သိကြားမင်း လူ့ပြည်သို့ဆင်းလာသည့်အခါ တွင် ကျွဲ၊နွား စသော သတ္တ၀ါ တစ်ကောင်ကောင်ကို စီး၍ ဖြစ်စေ၊ လှံ၊ မီးရှူးတိုင် စသည့် ၀တ္ထုပစ္စည်းတစ်ခုခုကို ကိုင်ဆောင်၍ဖြစ်စေ ဆင်းလာ လေ့ရှိသည်ဟု ယုံကြည်ကြသည်။

Tuesday, March 22, 2011

ဘတ်စကားစီးလျှင် ဒီလိုရှိတယ်

လူအများမကြေမနပ်ဖြင့် မြည်တွန်တောက်တီးသော အသံများ နေ့စဉ်နှင့်
အမျှ ဈေးထဲနှင့် လ္ဖက်ရည်ဆိုင်များ မိတ်ဆွေများဆုံသည်နှင့်ကြားနေရ၏
ဘတ်စကားပေါ်၌ဖြစ်သည်၊ တစ်ယောက်က
”စပယ်ယာ ထောင်တန်ပေးထားတာ ပြန်အမ်းတော့လေ၊ရှေ့ဂိတ်ဆင်းမှာ”
ထိုစဉ် နောက်တစ်ယောက်က
”ဒီမှာလဲ မအမ်းရသေးဘူးနော် ဆင်း၇တော့မှာ”
နောက်ဆုံးတွင်ထိုင်နေသူတစ်ယောက်က
”ငါ့လည်းမအမ်းရသေးဘူး၊ ဘူတာရုံကတက်တာကွ”
စပယ်ယာက ”ဟာ ထောင်တန်သမားတွေက ဒီလောက်မများပါဘူး” ပေးတုန်း
က။ဟူ၍

ထိုပြသနာများ မည်သူကစ ပါသနည်း။

မိတ်ဆွေအချို့တို့ကထိုပြသနာများကို ရိပ်စားမိသည်။ ထို့ကြောင့်သူတို့က ဘတ်စ
ကားမှ စပယ်ယာများကို မည်သို့တန်ပြန်ပါသနည်း။ သူငယ်ချင်းတို့တွေကော?
ဖတ်ကြည့်ပါ မိတ်ဆွေတစ်ဦးကဘတ်စကားပေါ်အတက်။

စပယ်ယာက ”ကားခလေးတွေပေးအုံး၊ အားလုံး၁၁ယောက်တက်ထားတာ”
မိတ်ဆွေ ”တစ်ယောက်ထဲစကော့ဈေးကို”
စပယ်ယာ ”ထောင်တန်လား တော်ကြာမှအမ်းမယ်၊အကြွေမရှိသေးလို့”
မိတ်ဆွေ ”ဟုတ်လား ဒါဆိုလဲ အကြွေရရင်လာယူ မအမ်းနိုင်ရင် ကြိုမပေး
နိုင်ဘူးကွ”
စပယ်ယာ မကျေမနပ်ဖြင့်ကြည့်ကာထွက်သွားသည်။

သူငယ်ချင်းတို့ ထိုသူ၏လုပ်၇ပ်မှာ အမှန်ပဲဖြစ်ပါသည်။ အကြောင်းမှာမိမိက
အရင် ကြိုလည်းပေးရသေးသည်။ ပေးပြီးတော့လည်း ပြန်အမ်းဖို့ရန် မျှော်နေရ
သေးသည်။ မေ့သွားပြန်လျှင် ထိုထောင်တန်မှာ ဆုံးပြီဖြစ်သည်။

ကောင်းပြီ။ စပယ်ယာဖက်မှကြည့်လျှင် ခရီးသည်မှမေ့ခဲ့သော် မောင်ပိုင်စီးတော့
မည်ဖြစ်သည်၊ အရင်းအနှီးမှာ ပါးစပ်မှ စကားလေးတစ်ခွန်းထဲ၊ နောက်ပြီး အ၇
ချောင်သည်၊ အလကားနေအလကား တစ်နေ့ နှစ်ယောက်ပဲဖြစ်ဖြစ် သုံးယောက်
ပဲဖြစ်ဖြစ် ထိုထက်မကဖြစ်ဖြစ် ပြန်အမ်းဖို့မေ့ကျန်ခဲ့လျှင် အမြတ်တွေချည်း။

ဟုတ်ပါပြီဒီအကွက်တွေတွေသယ်သူကစတင်ခဲ့ပါသနည်း။ ဖတ်ကြည့်ပါ။တန်ပြန်
လုပ်စားသူပေါ်လာပြီလား?။

ဘတ်စကားပေါ်၌ပင်ဖြစ်သည်။
ခရီးသည် ။ ”အမကိုပြန်အမ်းအုံးလေ ထောင်တန်ပေးထားတာ။”
စပယ်ယာ။ ”ကျွန်တော်ပြောပြီးပြီလေ၊ ကျွန်တော်မှတ်မိတယ်ဒီနေ့ ထောင်တန်
ပေးတာတွေအားလုံး ချက်ခြင်းကို ပြန်အမ်းတာ။”
ခရီးသည် ”ဟယ်လ်ပင်ကျရင်ဆင်းမှာ၊ အခုမှတ်တိုင် ပြန်မအမ်းရင်မဆင်းဘူးနော်”။
စပယ်ယာ ”သဘောပဲ ကျွန်တော်ပြောပြီးပြီ ဆင်းဆင်းမဆင်းဆင်း မကျေနပ်လို့
ကြိုက်တဲ့နေရာတိုင်”
ခရီးသည် ပြန်အမ်းငွေမရပဲ ဆင်းသွားလေသည်။ ထိုအခါ နောက်ဆုံးမှ
ခရီးသည်တစ်ယောက်က ”ကျွန်မနဲ့ အတူတူတစ်မှတ်တိုင်တက်လာတာ သူပေးတာ
ထောင်တန်မှမဟုတ်တာ” ဟူ၍ ။

ထိုသို့လုပ်စားကိုင်စားပေါ်လာခြင်းသည် မည်သူကသင်ပေး၍ မည်သူကတတ်သွား
ပါသနည်း။


* စရိုက်၌လည်းကောင်း ၊ အပြုအမှုများ၌လည်းကောင်း ၊ ဟန်၌လည်းကောင်း ၊ အရာ
အားလုံး၌လည်းကောင်း အဓိကအကျဆုံးအချက်မှာ ရိုးသားမှုပင်ဖြစ်သည်။
(လောင်ဖဲလ်လိုး)

Monday, March 21, 2011

ကျောက်ဖြူမှ ကူမင်းသို့ ဓာတ်ငွေ့နှင့် ရေနံပိုက်လိုင်းများ သတင်း

ပြည်ထောင်စုမြန်မာနိုင်ငံ၏ အနောက်ဘက်ရိုးမတောင်တန်းများနှင့် ဘင်္ဂလားပင်ဘယ်အော်ကြားတွင် တည်ရှိသော
ရခိုင်ပြည်နယ်၏ အလယ်ပိုင်း ရမ်းဗြဲကျွန်းသည်ဘင်္ဂလားပင်လယ်အော်နင့် အမ်းတောင်တန်းကြားတွင်ရှိသည်။ရမ်းဗြဲ
ကျွန်း၏ မြောက်ဖျားပိုင်းနှင့် ဘဂ်လားပင်လယ်ပြင်၏ကမ်းခြေအနီးတွင်တည်ရှိသည့်ပင်လယ်ထွက်ပေါက်ကျယ်ဝန်း
သောအချက်အခြာကျလှ သာယာလှပသည့်ကျောက်ဖြူမြို့သည် ဆိပ်ကမ်းမြို့ဖြစ်သည်။
မဒေးကျွန်း
ကျောက်ဖြူမြို့၏အရှေ့တောင်ဘက် ၈ မိုင် ခန့်အကွာတွင်တည်ရှိသော မဒေကျွန်းဟုခေါ်သော (မြဒေးကျွန်း)သည်
သဘာဝအလှအပများဖြင့် ဖွဲ့စည်းတည်ရှိသည်။ မဒေကျွန်းသည် တောင်တန်းငယ်များဝန်းရံထားပြီး ကျေးရွာ ၆ ရွာရှိ
ပြီး လူဦးရေ ၂၅၀၀ ကျော်နေထိုင်လျှက်ရှိသည်။ ယခင်ကလူသိမများသောကျွန်းငယ်တစ်ခုသာဖြစ်ခဲ့သော်လည်းနှစ်
အနည်းငယ်မှစတင်ပြီး ရေနဲသဘာဝဓာတ်ငွေ့စသည့် သဘာဝ သယံဇာတများ ပေါကြွယ်ဝကာ အာရှနိုင်ငံကြီးအချို့
၏ စီးပွားရေးလုပ်ငန်းများ စီမံကိန်းများ ပေါ်ပေါက်လုပ်ကိုင်လာနိုင်ရန် ထင်ရှားသောကျွန်းတကျွန်းဖြစ်လာနေသည်။
ရေနက်ဆိပ်ကမ်း
ကျောက်ဖြူမြို့နှင့် မဒေးကျွန်းတို့တွင် ကျောက်ဖြူပင်လယ်ရေနက်ဆိပ်ကမ်းနှင့်တကွ ရေနံသိုလှောင်ကန်များတည်
ဆောက်ရေးစီမံကိန်း၊ သဘာဝဓာတ်ငွေ့သိုလှောင်ရေးစီမံကိန်းများ၊ ဓာတ်ငွေ့သန့်စင်ရေး စီမံကိန်းများ တည်ဆောက်
လျှက်ရှိနေသည်။ ထိုစီမံကိန်းများကို တောင်ကိုးရီးယား ၏ Daewoo Company နှင့် တရုတ် Company များက တာဝန်ယူတည်ဆောက်နေကျသည်။ ရေနက်ဆိပ်ကမ်းနှင့် ရေနံသိုလှောင်မည်လုပ်ငန်းတို့ကို မဒေးကျွန်းပေါ်တွင်
၂၀၁၀ ပြည့်နှစ် အောက်တိုဘာလမှစတင်ပြီး ဆောက်လုပ်နေကြပြီး မလာကျွန်းပေါ်တွင် မြေဧက၁၃၀တွင်ဆောက်
လုပ်နေကြသည်။ယခုဆောက်လုပ်နေသောစီမံကိန်းများကြောင့် မဒေးကျွန်းပေါ်ရှိ တောင်တန်း၅ လုံးကို ဖြိုဖျက်ပြီး
သွားပြီး ဥယျာဉ်စိုက်ခင်းများနှင့် လယ်မြေများကိုလည်း စီမံကိန်းနယ်မြေအဖြစ်သတ်မှတ်လိုက်သည်။
တရုတ်ရေနံလုပ်ငန်း
ဖော်ပြပါ စီမံကိန်းများကို တရုတ်နိုင်ငံ၏ အကြီးဆုံးစီးပွားရေး Com[any ကြီးတစ်ခုဖြစ်သော တရုတ်အမျိုးသားရေနံ
ကော်ပိုရေးရှင်း ( China National Petroleum Corpretion – CNPC ) Company က ၂၀၁၀ ပြည့်နှစ် အောက်တို
ဘာလမှစတင်ပြီး အကောင်အထည်ဖော်လျှက်ရှိနေသည်။။ ထို CNPC ၏ လက်အောက်တွင် လုပ်ငန်းအမျိုးအစားလိုက်ပြီး Company အရေအတွက် ဆယ်ဂဏန်းဝန်းကျင်ရှိသည့် လုပ်ငန်းအမျိုးအစားတစ်ခု
အတွက် Compamy တစ်ခုစီက တာဝန်ယူတည်ဆောက်လျှက်ရှိသည်။ အများစုသော Company တို့သည် တရုတ်
ပိုင် Company များဖြစ်ကြသည်။ ရေနံ သဘာဝဓာတ်ငွေ့ (ဂက်စ်) ပိုက်လိုင်းများသယ်ယူခွင့်ကိုဦးဆောင်ပိုင်ဆိုင်
သည့် IGE Company ကကန်ထရိုက်ရထားသည်။ ဆိပ်ကမ်းတည်ဆောက်ရေး၏ အစိတ်အပိုင်းအချို့ကို ထူး
Company နှင့် Asia World Company တို့ကရရှိထားသည်။
တောင်ကိုးရီးယား
ကျောက်ဖြူမြို့ ကံကော်တောဘုရားအနီးတွင် ဂက်စ်သန့်စင်ရုံတည်ဆောက်ရေးစီမံကိန်းအတွက် လယ်ယာမြေ ဧက
၅၀၀ ခန့်ကိုသတ်မှတ်ပေးပြီး တောင်ကိုးရီးယား၏ Daewoo Company က တည်ဆောက်ရေး လုပ်ငန်းများကိုစတင်
ဆောင်ရွက်လျှက်ရှိသည်။
ကျောက်ဖြူမှကူမင်း
တရုတ်တို့၏ ဂက်စ်ပိုက်လိုင်းသည် မဒေးကျွန်းပေါ်မှတဆင့် ရခိုင်ပြည်နယ် အမ်းမြို့မှ ရခိုင်ရိုးမကိုဖြတ်ကျော်ပြီး
မကွေးတိုင်း၊ မန်းလေးတိုင်း၊ ရှမ်းပြည်နယ်တို့ကိုဖြတ်ကျော်မည်။ ထိုမှတဆင့် တရုတ်နယ်များကိုဖြတ်ကျော်ပြီးနန်နင်း
မြို့တွင် အဆုံးသတ်မည်။ ထိုပိုက်လိုင်းသည် ကီလိုမီတာ ၂၈၀၀ ကော်ရှည်လျားမည်ဟုသိရသည်။ ထိုပိုက်လိုင်းနှင့်
အပြိုင် ရေနံပိုက်လိုင်းကိုပါသွယတန်းမည်ဖြစ်ပြီး တရုတ်နိုင်ငံ ယူနန်ပြည်နယ်မြို့တော် ကူမင်းမြို့တွင်အဆုံးသတ်မည်
ထိုပိုက်လိုင်းများနှင့်အတူ ပူးတွဲပြီး မီးရထားလမ်းတစ်ခုကိုပါဖောက်လုပ်မည်ဟုသိရသည်။ထိုစီမံကိန်းသည် တရုတ်
ပြည်၏ အကျိုးစီးပွားအတွက်ရည်မှန်းသော အဓိက တည်ဆောက်ရေးစီးမံကိန်းဖြစ်သည်။ အာဖရိက နှင့်အရှေ့အ
လယ်ပိုင်း နိုင်ငံများမှ တရုတ်ပြည်သို့ တင်သွင်းမည့် ရေနံစိမ်းများကို ကျောက်ဖြူရေနက်ဆိပ်ကမ်းအား ကြားခံပြီး
တရုတ်နိုင်ငံသို့ ပို့ဆောင်ခြင်း စီမံကိန်းဖြစ်သည်။ တရုတ်ပြည်သည် ယခုအခါ အာဖရိကနှင့် အရှေ့အလယ်ပိုင်းဒေ
သများမှ ရေနံစိမ်းတင်သွင်းရာတွင် မလက်ကာရေလက်ကြားကိုအားထားပြီး တင်သွင်းနေရသည်။ တရုတ်စီးပွားရေး
စီးပွားရေးအတွက် လောင်စာလိုအပ်ချက် ၈၀ ရာခိုင်နှုံး ကိုထိုရေလက်ကြားမှတင်သွင်းနေရသည်။ ထိုအတွက် ကုန်
ကျစရိတ်ကြီးမားခြင်း၊ အချိန်ကြာခြင်းတို့အပြင် မလက်ကာရေလက်ကြားရှိ ပင်လယ်ဒမြများ၏ရန်ကိုလည်းကြောက်
ရသည်။ ယခုတည်ဆောက်နေသော ရေနက်ဆိပ်ကမ်းပြီးစီးသွားပါကမလက်ကာရေလက်ကြားကိုဖြတ်ရန်မလိုတော့
သည့်အတွက် အချိန်ကုန်၊ ငွေကုန် သက်သာမည့်အပြင် အန်နရယ်လည်းကင်းရှင်းမည်။
ရမည့်ငွေပမာဏ
ရခိုင်ကမ်းလွန်ဒေသတွင် ရေနံလုပ်ကွက် ( A-1) နှင့် (A-3 ) တို့ကို ၂၀၀၃ ခုနှစ်ကစတင်စမ်းသပ်ထုတ်လုပ်နေသည်။
ထိုလုပ်ကွက်များမှ ထွက်သော ဓာတ်ငွေ့များကို နှစ်ပေါင်း ၃၀ အထိ ၀ယ်ယူရန် တရုတ်အစိုးရနှင့် မြန်မာအစိုးရတို့
၂၀၀၈ ခုနှစ် ဒီဇင်ဘာ (၂၄) ရက်ကစာချူပ် ချုပ်ဆိုထားခဲ့ပြီးဖြစ်သည်။မြန်မာအစိုးရသည် သဘာဝဓာတ်ငွေ့စီမံကိန်းမှ
တစ်နှစ်လျှင် အမေရိကန်ငွေ ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံ နှစ်စဉ်ရရှိမည်ဟု ရေနျံနှင့် သဘာဝဓာတ်ငွေ့လေ့လာသူ
များကမှန်းဆဖော်ပြကြသည်။ကျောက်ဖြူရေနက်ဆိပ်ကမ်းကို အခြေခံပြီး တရုတ်ပြည်သို့ တစ်နှစ်လျှင်သဘာဝဓာတ်
ငွေ့ ကုဗတန်ချိန် ကုဗမီတာ ၁၂ ဘီလီယံ နှင့် ရေနံစိမ်းစည်ပေါင်း ၄၀၀၀၀၀ တင်ပို့နိုင်မည်ဟု ခန့်မှန်းထားသည်။
တရုတ် မြန်မာ စာချုပ်
၂၀၀၉ ခုနှစ် ဒီဇင်ဘာလ အတွင်းတရုန်နိုင်ငံမှ ဒုတ်ယ သမတ ရှီရှောက်ဖျင် မြန်မာနိုင်ငံသို့လာရောက်လည်ပါတ်စဉ်
နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ နှစ်နိုင်ငံ သဘောတာစာချုပ် လက်မှတ်ရေးထိုးရာတွင် ကျောက်
ဖြူရေနက်ဆိပ်ကမ်းတည်ဆောက်ရေးနှင့် ရခိုက်ကမ်းလွန်ဒေသမှ ထွက်ရှိမည့်သဘာဝဓာတ်ငွေအမြောက်အများဝယ်
ယူရေးများပါဝင်သည်။ ၂၀၁၀ ပြည်နှစ်ဇွန်လတွင် မြန်မာနိုင်ငံသို့ချစ်ကြည်ရေးအလည်အပါတ်ရောက်ရှိလာသော
တရုန်ဝန်ကြီးချုပ် ၀မ်ကျားပေါင်ကနှစ်နိုင်ငံ ဆက်ဆံရေး အထိမ်းအမှတ်အဖြစ် ရခိုင်ပြည်နယ်ကျောက်ဖြူမြို့ မှတရုတ်
နိုင်ငံ ကူမင်းမြို့သို့ ဆက်သွယ်မည့်ဓာတ်ငွေပိုက်လိုင်းစီမံကိန်းလုပ်ငန်းကိုဖွင့်လှစ်ပေးလဲ့သည်။
နိုင်ငံတကာလေဆိပ်
ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့်အတူ ကျောက်ဖြူမြို့ပေါ်တွင် နိုင်ငံတကာလေယာဉ်ကြီးများ ၀င်ထွက်သွားလာနိုင်
မည့် အပြည်ပြည်ဆိုင်ရာ လေဆိပ်စီမံကိန်း၊ ဟိုတည်များ၊ ဂေါက်ကွင်းများ၊ ဆေးရုံများ၊ ဖျော်ဖြေရေးနေရာများ၊ တည်
ဆောက်ရေးစီမံကိန်းများ ချမှတ် လုပ်ဆောင်နေသည်။ ထိုလုပ်ငန်းများအတွက် လယ်မြေများကို အသုံးပြုလျှက်ရှိကြ
သည်။ ယခုအချိန်တွင်ပင် ကျောက်ဖြူဒေသတ၀ိုက်တွင် ဖျော်ဖြေရေးလုပ်ငန်းအချို့ပေါ်ပေါ်ထင်ထင်မြင်တွေ့နေရပြီ
ဖြစ်ကြောင်းမြို့ခံများက ပြာနေကြသည်။
ဒေသဖွံ့ဖြိုးရေး
ယခုဆောင်ရွက်နေသော လုပ်ငန်းများကြောင့် ဒေသဖွံ့ဖြိုးလာမညိုလက်ခံသော်လည်း အစိုးရသည်ေးသဖွံ့ဖြိုးရေး
အတွက်လုပ်ကိုင်ပါက ဒေသခံလူငယ်များ ထိုစီမံကိန်းတွင်လုပ်ကိုင်နိုင်ရန် အတတ်ပညာများ သင်ကြားပေးရန်လို
ကြောင်းမြို့ခံများကပြောဆိုနေကြသည်။ ဒေသဖွံ့ဖြိုးရေးအတွက်သာမကပဲ ဓာတ်ငွေ့ထုတ်လုပ်မှုမှ တဆင့် စွန့်ပစ်
ပစ်စီးများ၊ အဆိပ်ဖြစ်စေသော ဓာတု ပစ်စီးများ၊ အရည်များကြောင့် ပါတ်ဝန်းကိင်ပျက်စီးမှုနှင့် ရေနေသတ်တ၀ါများ
အတွက်ကျရောက်မည့်ဘေးကိုလည်းထည့်သွင်းစဉ်းစားပြီး ကြိုတင်ဆောင်ရွက်ရန် လိုကြောင်း သဘာဝပါတ်ဝန်းကျင်
ထိန်းသိမ်းရေးသမားများကပြောဆိုနေကြသည်။
India လုပ်ငန်း
မြန်မာနိုင်ငံမှ ထွက်ရှိသော သဘာဝဓာတ်ငွေ့များမှရရှိရေးအတွက် အိမ်နီးချင်း နိုင်ငံများဖြစ်သည့်တရုတ်နှင့် India
တို့ဟာ အစွမ်းကုန် ကြိုးပမ်းလုပ်ဆောင်နေကြသည်။ တရုတ်က ဓာတ်ငွေ့နှင့် ရေနံသယ်ယူရေးအတွက်ပိုက်လိုင်း
ဖောက်မီးရထားလမ်း ဆောက်နေသကဲ့သို့ India ကလ ကုလားတန်မြစ်ရိုးတစ်လျှောက် မှတဆင့် India သို့ကား
လမ်းဖောက်ရန်နှင့်စစ်တွေမြို့တွင် ဆိပ်ကမ်းကြီးဆောက်လုပ်ရန် လုပ်ဆောင်နေသည်။
မည်သို့ဆိုစေ သဘာဝဓာတ်ငွေ့နှင့် ရေနက်ဆိပ်ကမ်းစီမံကိန်းများ အကောင်အထည်ဖော်လာလျှင် ဒေသတိုး
တက်လာမည်ဟုမျှော်လင့်နေကြခြင်းဖြင့် ၀မ်းသာနေကြသူများလည်းရှိနေကြသည်။
Ref; 1 Internet သတင်းများ
2 ကြေးမုံနှင့် မြန်မာ့အလင်း သတင်းစားများ

လမ်းမသိသောယင်ကောင်

စားသောက်ဆိုင်၏ တိတ်ဆိတ်ငြိမ်သက်သော အခန်းလေးတစ်
ခုတွင်း ကျွန်တော်ထိုင်နေသည်။ စားသောက်ဆိုင်က မြို့ပြင်ကျကျ
တစ်နာရီခရီး အကွာလောက် တောင်တန်းများပင် မြင်နေ၇သည့်
ငြိမ်းချမ်းသော နေရာကလေး။
သို့သော် ကျွန်တော်နှင့် သုံးလေးပေ အကွာလောက်တွင် သေ
ရေး ရှင်ရေးတမျှ အမောတကော ကြိုးပမ်း ရုန်းကန်သံ တစ်ခုက
နားထဲဝင်ရောက်လာသည်။
ယင်ကောင်လေးတစ်ကောင် ပြတင်းပေါက်မှန်ချပ် ကို ဖောက်
ထွက်ဖို့ အသည်းအသန်ကြိုးစားနေသည်၊ သူ့ခန္တာကိုယ်၌ ကြွင်းကျန်
သမျှ စွမ်းအားကို ဖြစ်နိုင်စရာ မရှိသည့် သည်အရေးကိစ္စကြီးအတွက်
သူဖြုန်းတီးနေသည်။
ညံသထက်ညံလာသော တောင်ပံခတ်သံက ကြေကွဲဖွယ်ကောင်း
လှသည့် ယင်ကောင်၏လုပ်ငန်းစဉ်ကို ဖော်ပြနေသည်၊ ကြိုးစား ၊
မအောင်မြင်လျှင် သည့်ထက်သည့်ထက်ပိုကြိုးစား ဟူသော လုံ့လ၀ါဒ
လမ်းစဉ် ။
သို့သော် လောလောဆယ် သည်လမ်းစဉ်က အလုပ်မဖြစ်ပေ။
အသည်းအသန်ဂမူးရှူးထိုး ကြိုးစားနေသော်လည်း သူအတွက်
လွတ်လမ်းပေါ်မလာသေး။ ရှင်သန်မည့်အလားအလာလည်း စိုးစဉ်း
မျှမမြင်ရ၊ စင်စစ် မစဉ်းမစား အားထုတ်နေမူကြောင့်ပင် သည်ထောင်
ချောက် အတွင်းမှ သူထွက်မရခြင်းပင်ဖြစ်သည်၊ သူမည်မျှပင်အား
ထုတ်ရုန်းကန်သော်လည်း ပြတင်းပေါက်မှန်ချပ်ကိုကား ဖောက်ထွက်
လာနိုင်စရာ အကြောင်းမရှိ။
မည်သို့ပင်ဖြစ်စေ၊ယင်ကောင်လေးကတော့ သူ့ရည်မှန်းချက်ပန်း
တိုင်သို့ ရောက်ရှိနေရေးအတွက် အသက်ပင်သေသေဟူသောစိတ်ဓာတ်
မျိုးဖြင့် ကျားကုတ်ကျားခဲ အားထုတ်ရုန်းကန်သွားရန် သန္နိဌာန်ခိုင်မာ
လျက်ရှိနေသည်။
ဝမ်းနည်းစရာပင်၊ ယင်ကောင်၏ဘ၀နိဂုံးကို သိမြင်နေရသည်၊
သူသည် ပြတင်းပေါက်ဘောင် အပေါ်၌ပင် သေပွဲဝင်ရမှာ သေချာနေပြီ။
အမှန်တကယ်တွင် အခန်း၏ တဖက်ခြမ်းသည် မှန်ပြတင်းမှ ခြေ
ဆယ်လှမ်းခန့်အကွာ၌ တံခါးတစ်ခုသည် ဟင်းလင်းပွင့်လျက်ရှိ၏
သုံးလေးစက္ကန့် ပျံသန်းရုံမျှပင် ယင်ကောင်ငယ်သည် သူမျှော်လင့်
တောင့်တသည့် ပြင်ပကမ္ဘာသို့ လှစ်ကနဲရောက်ရှိသွားနိုင်သည်၊
သည်မှာ အသည်းအသန်အားထုတ်ရုန်းကန်နေသည်ကို ခဏလေးနား
ကာ ဘေးဘီသို့အသာကြည့်ရုံမျှဖြင့် မိမိဘာသာထည့်သွင်းထားသည့်
လှောင်ချိုင့်အတွင်းမှ သူလွတ်မြောက်သွားနိုင်သည်။
မှန်နံရံကို ဖောက်ထွက်နိုင်သောအခွင့်အလမ်း(သို့) သည်အခန်း
တွင်းမှ လွတ်မြောက်နိုင်သော အခွင့်အလမ်းသည် ထိုအနီးအနားလေး
မှာပင်ရှိသည်၊ သိသူအတွက်ကား လွယ်ကူလှဘိ။
ဇွဲကြီးလှသော ထိုယင်ကောင်သည် အဘယ်ကြောင့်နောက်တစ်
မျိုးပြောင်း၍ ကြိုးစားရကောင်းမှန်းမသိခဲ့ပါသနည်း၊ သူရွေးချယ်ခဲ့သော
တစ်ခုတည်းသော နည်းလမ်းကို အဘယ်ကြောင့်သည်မျှ သဲသဲမဲမဲ စွဲနေ
ရသနည်း၊ သည်နည်းလမ်းအတိုင်း ကျားကုတ်ကျားခဲလုပ်ခြင်းသည်
သာ အောင်မြင်မူရရန် အသေချာဆုံးဖြစ်သည်ဟု အဘယ်ကြောင့် သည်
မျှ စွဲလမ်းယုံကြည်နေရပါသနည်း၊ သေချင်သေပေစေ၊ သည်နည်းလမ်း
အတိုင်းပဲ စွဲစွဲမြဲမြဲ အားထုတ်သွားမည်ဟူသောစိတ်သည် ဘယ်သို့သော
ကျိုးကြောင်းဆင်ခြင်မူမျိုးမှ ပေါ်ပေါက်ခဲ့သနည်း။
ယင်ကောင်အနေနှင့်တော့သူ၏ လုပ်ငန်းလမ်းစဉ်သည်ပင် ကျိုး
ကြောင်းအသင့်မြတ်ဆုံး လမ်းစဉ် ဖြစ်ချင်ဖြစ်နေပါမည်၊ သို့သော်
ဝမ်းနည်းဖွယ် ကောင်းနေသည်က သူ့အယူအဆ သူ့လုပ်နည်းလုပ်ဟန်
သည် အသက်ဆုံးရူံးခြင်းဖြင့် နိဂုံးချုပ်ရမည့် အယူအဆမျိုး လုပ်နည်း
လုပ်ဟန်မျိုး ဖြစ်နေခြင်းပင်။
ကြိုးစား၊ မအောင်မြင်လျှင် သည့်ထက်သည့်ထက်ပိုကြိုးစား၊ ဟူသော
နည်းသည် အမြဲသင့်တော်မှန်ကန်သည့်အဖြေနည်းလမ်း မဟုတ်ပါ။
သည်ဝါဒ တစ်ခုတည်းကို အးကိုးပြုထားရုံဖြင့် သင်၏ဘ၀ရည်မှန်းချက်
ထမြောက် အောင်မြင်လိမ့်မည်ဟု စိတ်ချယုံကြည်၍မရ၊ စင်စစ်
သည်လမ်းစဉ်ကို တရားသေ ကိုင်စွဲခြင်းကြောင့်ပင် ပြသနာတွေရင်ဆိုင်
လာရနိုင်ပါသည်။
နည်းလမ်းကို ပြန်လှန်သုံးသပ်မူမပြု၊ ပြုပြင်ပြောင်းလဲရန်လည်း
မကြိုးစား၊ ၀ိရိယို အမြင့်ဆုံးတင်နိုလျှင် ရှိသမျှအတားအဆီးကို ဖောက်
ထွက်ကျော်လွှားနိုင်ရမည်၊ ဟူသောအစွဲဖြင့်ချည်း လုပ်ကိုင်သွားမည်
ဆိုက မအောင်မြင်ရုံမက အောင်မြင်မည့်အခွင့်အလမ်းများစွာကိုပင်
မိမိဘာသာဖျက်ဆီးပစ်နိုင်ပေသည်။



ကြိုးစားပါလျက် ဖောက်ထွက်၍မရသည့်အခါတိုင်းယင်ကောင်
ကိုတော့သတိရစမ်းပါ

(မူရင်း Price Pritchett၏ Try Something Differentဖေမြင့်ပြန်၏)

ကွန်ပြူတာမေးခွန်းနှင့် ဟာသများ

Q > ကျနော့ Anti-virus က key တောင်းနေလို့ပါ။ ဘယ်လိုလုပ်ရမလဲမသိဘူးဗျ။
A > အန်တီဗိုင်းရပ်က ကီးတောင်းနေရင် အန်ကယ်ဗိုင်းရပ်ကို ပြောင်းသုံးကြည့်ပါ။

Q > ကျနော့ Desktop ကွန်ပျုတာလေးက အရမ်းလေးနေလို့ပါ။ ကူညီပါဦး။
A > ဟုတ်ပါတယ် Desktop ကွန်ပျုတာတွေက လေးပါတယ်။ ပထမဆုံး တစ်ခုခြင်း မ ရွှေ့ကြည့်ပါ။ ဒါမှ လေးသေးတယ်ထင်ရင် laptop ကိုပြောင်းသုံးပါ။ ကျနော်လည်း Desktop ကလေးတယ်ထင်လို့ laptop ပဲပြောင်းသုံးနေပါတယ်။

Q > ဥယျာဉ်မှူး ၅ ရှင့် အခု ကျမ ကွန်ပျုတာကို Virus တစ်ကောင်ကိုက်နေလို့ ဘယ်လိုလုပ်ရမလဲ ရှင့်၊
A > ဒီလိုဖြေရှင်းကြည့်ပါ။ အခု ကွန်ပျုတာမှာ ကိုက်နေတဲ့ Virus က သာမန် ခက်သေးသေး Virus တစ်ကောင်ဆိုရင် အဲ့ဒီ Virus ကိုက်နေတဲ့နေရာကို ရေပက်တိုက်ပြီး နေပူပြလိုက်ပါ။
ဒါမှ မသေသေးရင် အရက်ပြန်နဲ့ သေချာပွတ်ဆေးပြီး သတ်ကြည့်ပါ။
တကယ်လို့ ကွန်ပျုတာမှာ ကိုက်နေတဲ့ Virus က ကြီးနေတယ်ဆိုရင် သတိထားပါ။ မီးညှပ်နဲ့ သေချာညှပ်ပြီး နောက်မလာနိုင်အောင် ဝေးဝေးကို လွှင့်ပစ်ပါ။

Q > ကွန်ပျုတာမှာ နောက်ထပ် Virus ကိုက်မရအောင် ဘယ်လိုကာကွယ်ထားရမလဲဟင်
A > သာမန် Virus သေးသေးလေးတွေ ကိုက်မရအောင် ချောဆီသုတ်ထားပါ။
နည်းနည်းကြီးတဲ့ Virus တွေ မလာအောင်တော့ ကွန်ပျုတာနားမှာ ပရုပ်လုံးလေးတွေ ချထားပေးပါ။

Q > ကျနော့ ကွန်ပျုတာဖွင့်စမှာ တီတီ တီတီ နဲ့ တောက်လျောက်မြည်နေလို့ memory slot မှ RAM ချောင်းကို ဖြုတ်ပြီး သေချာပြန်တက်လိုက်တာ window တက်လာပြီး။ window key နဲ့ Pause Break ကိုတွဲနှိပ်ပြီးကြည့်တော့ 1.96 RAM လို့ပြပါတယ်။ ကျနော်ကွန်ပျုတာမှာ RAM ကို 2G တပ်ထားတာပါ။ အဲ့ဒါ RAM ကောင်းမကောင်းသိချင်ပါတယ်။ ဘယ်လိုနည်းနဲ့ သိနိုင်မလဲဗျာ။
A > RAM (ရမ်) ကောင်းမကောင်းသိချင်ရင် ရေနည်းနည်းပဲရောပါ။ ဆော်တာလည်း မရောပါနဲ့။ ဖြစ်နိုင်ရင် RAM သက်သက်သောက်ကြည့်ပါ။ သိရပါလိမ့်မယ်။

Q > ဥယျာဉ်မှူး ၅ ရေ ကျနော့ ကွန်ပျုတာ window ပျက်သွားလို့ လာကြည့်ပေးပါဦးနော်
A > ဟုက်ကဲ့ window အသစ်ပြန်လုပ်ဖို့ ကျနော်ပစ္စည်းတွေ စုလိုက်ပါဦးမယ်။ လောလောဆယ် အိမ်အတွက် စိတ်ချရအောင် ပျက်နေတဲ့ window ကိုပြင်ပေးဖို့ ကျနော် လက်သမားဆရာ လွတ်လိုက်မယ်နော်၊

Q > ကျနော့ memory stick ထဲကို ကွန်ပျုတာထဲက Virus တွေမ၀င် ဘယ်လိုသုံးရမလဲခင်ဗျာ
A > ကွန်ပျုတာမှာ memory stick ကို မတပ်ခင် အရက်ပြန်ဖြင့် အရင် စိမ်ထားပါ။ပြီးမှ သုံးပါ။ သုံးပြီးရင်လည်း memory stick အဖုံးကို လုံခြုံစွာ ပိတ်ထားပါ။

Q > ကိုစောစံ ခင်ဗျား မြန်မာနိုင်ငံမှာ အင်တာနက်သုံးသူတိုင်း ကြည့်ဖြစ်တဲ့ website လေးများ ရှိရင် ပြောပြပေးပါဦးဗျ။
A > ဟုတ်ကဲ့ ရှိပါတယ်။ မြန်မာနိုင်ငံမှာ အင်တာနက်သုံးသူတိုင်း ကြည့်ဖြစ်တဲ့ webpage လေးတွေက …
1. Access is denied …
2. This site is Blocked by MPT…
3. Proxy Server not found … ဆိုတဲ့ webpage လေးတွေဖြစ်ပါတယ်ခင်ဗျာ။

Q > ဥယျာဉ်မှူး ၅ ရေ ကျနော့ ကွန်ပျုတာမှာ အင်တာနက်သုံးတဲ့အခါ တစ်ခါတစ်ခါ ကွန်နရှင်က တက်လိုက်ကျလိုက် ဖြစ်ဖြစ်နေတာ ဘာဖြစ်လို့ပါလဲ?
A > ဒါက အင်တာနက်အတွက်အသုံးပြုထားတဲ့ ပင်လယ်ရေ အောက် ဖိုက်ဘာကြိုးမျှင်များကို ငမန်းများ ဒန်းလုပ်ပြီး စီးတဲ့အချိန်နဲ့ တိုက်ဆိုင်နေလို့ပါ။

Q > ကျမ laptop battary လေးက ဘာဖြစ်လို့လဲမသိဘူး သုံးရင်းနဲ့ကို အားမ၀င်တော့ဘူး
A > Battary အားနည်းတာဆိုရင် မိုးရေထည့်ပြီး သုံးကြည့်ပါ။ ဒါမှမရရင် ပါဝါပြည့်တဲ့ ACID ဖြည့်ပြီးသုံးပါ။

Q > NTLDR File Missing ဆိုတာ ဘာကိုပြောတာပါလဲခင်ဗျာ။
A > အန်တီကသူပျောက်သွားတဲ့ LDR ဖိုင်လေးကို သတိရတယ်ပြောတာနေမှာ။

Q > ကွန်ပျုတာကို ဖွင့်ဖွင့်ခြင်း Boot is fail ဆိုပြီး ပြန်ကျသွားတာ ဘာလို့လဲ?
A > ကွန်ပျုတာကို မကြာခင်က လွတ်ကျထားဖူးတယ်ထင်တယ် အဲ့ဒီတုန်းက ဖြစ်ခဲ့တဲ့ ဘု အခု အရောင်လျော့သွားပီပြောတာပါ။ အရှင်းပျောက်သွားရင် ပြန်တက်လာပါလိမ့်မယ်။

Q > ကျနော်က အစိုးရဌာနက ကွန်ပျုတာသမားတစ်ယောက်ပါ။ ကွန်ပျုတာကို window ပြန်တင်ပြီးနောက် ဖိုင်တွေပျောက်သွားလို့ပါ။ ဘယ်လိုပြန်ရှာရမလဲမသိဘူး။
A > အင်း.. ဖြစ်တက်ပါတယ်။ ဖိုင်တွေ ပျောက်သွားတာသေချာတယ်ဆိုရင်
အရင် ဘီဒိုထဲမှာ ပြန်ရှာကြည့်ပါ။ အံဆွဲတွေထဲလည်း ရှာကြည့်ပါ။
တစ်ခါတစ်ခါ စာအုပ်တွေကြားထဲလည်း ညှပ်နေတက်ပါတယ်။