ဒ်ီတစ်ခုကတော့ ဗုဒ္ဓ၀င်ကျမ်းတွေနဲ့ ဗေဒင်ပညာတွေနဲ့ ဆက်စပ်တယ်။ကမ္ဘာကြီးက နေကို လှည့်နေတာဟာ မိဿရာသီက စတင်ပြီးကြည့်ရင် ပြိဿ ၊မေထုန်……..မိန် ရာသီကိုရောက်တဲ့ အခါ သူရိယသိဒ္ဓ န္တကျမ်းအရ (၃၆၅)ရက် ၊ (၆) နာရီ ၊ (၁၂)မိနစ် ၊ (၃၇)စက္ကန့် ပြည့်ပြီး တနင်္ဂနွေ ရ၀ိဖုဋဂြိုလ်စင် က မိဿရာသီအစ သုညအင်္သာ ကို ၀င်တယ်လို့ သတ်မှတ်တယ်။ အဲဒီဝင်စအချိန်မှ ကူးပြောင်းခြင်းစတယ်။ ဆိုလိုတာက သင်္ကြန်ကျတယ်။ ဒါပေမယ့် တကယ်တမ်း နှစ်သစ်ကို မကူးသေးဘူး။ နောက် ထပ် (၂)ရက်၊(၄)နာရီ၊(၄) မိနစ် ၊ (၄၀)စက္ကန့်ကြာမှ နှစ်သစ်ကူးပါတယ်။ ဒီတော့ နေသွားလမ်းကို (၁၂) ရာသီခွင်နဲ့ ညှိပြီး လသွားလမ်းနဲ့ ပြက္ခဒိန် ရေးထားတဲ့ မြန်မာတွေ အတွက် တန်ခူးလမှာ ကျရောက်လာတယ်။
သဘာဝကျတာတစ်ခုက တန်ခူး ဆိုတာကိုက တာကူးဆိုတာကနေ ဖြစ်လာတယ်။ တနင်္ဂနွေ ရ၀ိဖုဋဂြိုလ်စင် က မိဿရာသီသို့ ကူးတာကို ရည်ရွယ်ပြီး ရှေးမြန်မာပညာရှိတွေ အမည်ပေးခဲ့တယ်လို့ ဆိုပါတယ်။ တန်ခူး လို့ နောက်ခေါ်လာကြတော့ အနက်ကတော့ ပြောင်းသွားတယ်။ တန် (၀ါ)တန်းက ထန်း လို့ အဓိပ္ပါယ်ရတယ်။ ခူးက ဆွတ်ခူးတယ်။ ဒီတော့ ထန်းသီးခူးတဲ့ လလို့ ဖြစ်နေတယ် ။ တာကူးကနေ ပြောင်းလာတယ်ဆိုတာပဲ မှတ်ထားတာကောင်းမယ်။ ဗုဒ္ဓဘာသာကျမ်းများမှာ ဒီကာလ အခါမှာ ဘုရားရှင်ရဲ့ အမေဘက်က အမျိုးတွေ ဖြစ်လာမယ့် ဒေ၀ဒဟပြည်က မင်းသားမင်းသမီးတွေ ရေကစားကြတယ်။ ဒေ၀ ဆိုတာ နတ်လို့ ပဲ ဘာသာပြန်လို့ မရဘူး ။ မင်းသား၊မင်းသမီးလို့လဲ အဓိပ္ပါယ်ရှိသေးတယ်လို့ သီတဂူဆရာတော်ဟောပါတယ်။ အခုရက်ပိုင်းသတင်းစာတွေမှာ ဒေ၀ဒဟ = နတ်ရေကန် လို့ ရေးကြတာတွေ့လိမ့်မယ်။ ( နတ် ဆိုတဲ့ စာလုံးရဲ့ အဓိပ္ပါယ် အကျယ်တွေကို အကို (၃၇) မင်းအကြောင်းတစ်စိတ်တစ်အိတ် ခေါင်းစဉ်မှာ ကျယ်ကျယ်ဝင့်ဝင့်ရေးပေးပြီးဖြစ်လို့ ညီလေးလဲ ဖတ်ပြီးလောက်ပြီ။ ) ဒီတော့ ဒေ၀ဒဟ =မင်းသား၊မင်းသမီးများရေကစားသော ရေကန် လို့ ပြန်ရင်ပိုကောင်းပါမယ်။ သမိုင်းနဲ့လဲ ကိုက်ညီပါတယ်။ ဒုတိယ ဇာတ်လမ်းမှာ ပူပြင်းသော မိန်မှ မိဿအပြောင်း ၊ရှေးဘုရားရှင်မတိုင်မီကတည်းက ဒီရာသီမှာ ရေကစားကြတယ်။ ဒီတော့ ဗုဒ္ဓဘာသာမြန်မာတွေလဲ ဒီရာသီမှာ ရေကစားကြတယ် လို့ ပြောရင်ရပါမယ်။ ဒီဇာတ်လမ်းမှာတော့ ဆရာသိကြား မပါတော့ပါဘူး။ ဗုဒ္ဓ၀င်နဲ့ ဗေဒင်ကို အစဉ်အလာနဲ့ ညှိပြီးကစားကြတယ်လို့ ဆိုပါတယ်။
မြန်မာနဲ့ ယဉ်ကျေးမှုခြင်းတူနေတဲ့ ထိုင်း ၊လာအို ၊ ကမ္ဘောဒီယားတွေမှာတော့ ဘယ်လို အစဉ်အလာရှိမယ် မသိဘူး။ အင်တာနက်မှာ ဖတ်ကြည့်ပေါ့ ။ အကိုသိတာကတော့ ထိုင်းမှာ ( Songkran ) ကမ္ဘောဒီယားမှာ (Chaul Chnam Thmey ), လာအို(စ်) မှာ ( Pimai ) လို့ ခေါ်ကြတယ်။ နှစ်ဟောင်းက အကုသိုလ်ကို ရေနဲ့ ဆေးတာ၊အေးချမ်းစေတာ ၊ နှစ်သစ်ကို ကြိုဆိုတာ ဆိုတာတွေကတော့ အတူတူပါပဲ ။
ဒီနေရာလေးကို
Wednesday, March 23, 2011
ဟိန္ဒူ ကနေလာသော ရာဇ၀င်
သိကြားနဲ့ ဗြဟ္မာကြီး ( Arsi ) အငြင်းပွားပြဿနာတက်ရာကနေ သိကြားကနိုင်လို့ ဗြဟ္မာကြီးရဲ့ ဦးခေါင်းကိုရတယ်။ ဗြဟ္မာကြီးက တန်ခိုးကြီးလွန်တာမို့ ဒီခေါင်းကြီးကို ပင်လယ်ထဲကို ပစ်ချရင် ရေခန်းကုန်မယ်။ မြေကြီးဆီမှာ ထားရင် မီးလောင်ပျက်ဆီးကြမယ်။လေထဲကို ပစ်ရင်တောင် သတ္တ၀ါအားလုံး မီးလောင်ကြရမှာမို့ သိကြားမင်းက ဘယ်မှာမှ မထားရဲပဲနဲ့ သူ့လက်ထဲမှာပဲ ကိုင်ထားရတယ်။ နောက်တော့ တန်ခိုးကြီးတဲ့ နတ်မင်းကြီးတွေကို တာဝန်လွှဲပြီး တစ်နှစ်ကို နတ်တစ်ယောက်က ဒီခေါင်းကြီးကို ထိန်းသိမ်းထားရမယ်လို့ ဆိုတယ်။ ဒီခေါင်းကြီးကို တစ်ဦးလက်မှ တစ်ဦး လွှဲမယ့် အချိန်အတိအကျကို ပုဏ္ဏားတွေက တွက်ကြတယ်။ အဲဒါကို သင်္ကန္တ အခါလို့ ဆိုကြတယ်။နှစ်တစ်နှစ်ပြည့်တယ်လို့လဲ သတ်မှတ်တယ်။
ဒီကာလမှာ သိကြားက လူ့ပြည်မှာ ကောင်းမှု ထွန်းကားဖို့နဲ့ ဗုဒ္ဓသာသနာပြန့်ပွားရေးအတွက် လူ့ပြည်ကို ဆင်းပြီး ဆောင်ရွက်ဖို့ ကြိုးစားတယ် ။ မှတ်တမ်းများမှတ်သားတယ်လို့ ဆိုပါတယ်။ ကောင်းသူကို ရွှေပေလွှာမှာရေးပြီး ၊ မကောင်းသူကို ခွေးသားရေမှာ ရေးတယ်လို့ ဆိုပါတယ်။ ( ရေးပြီးရင် သူက ဘာလုပ်မှာလဲ . အကိုတို့ရဲ့ ဘ၀အကူးအပြောင်းတွေမှာ သူဘာမှ လုပ်လို့မရဘူး ဆိုတာ ညီလေး သိပြီးဖြစ်မယ်။ သေခါနီးစိတ်၊ ခန္ဓာ(၅)ပါး ချုပ်ပုံ ၊ ကုသိုလ်၊အကုသိုလ် သဘော နဲ့ ငရဲ ၊ယမမင်းအကြောင်းတွေပါ အကို ရေးပေးပြီးဖြစ်လို့ ဒို့တွေရဲ့ ဘ၀အကူးအပြောင်းတွေမှာ သိကြားမင်း ဘာမှ အရေးမပါဘူး ၊ကိုယ့်ကံနဲ့ ကိုယ်ပဲ သွားကြ ၊ကျင်လည်ကြရမယ်ဆိုတာ သတိရပါ ။ ( ဒါကို ကျမ်းကိုးအနေနဲ့ အဘိဏှသုတ် ဘုရားဟောရှိတယ်။)
ဒီအပြင်ဘုရားရှင်လက်ထက်မှာတောင် နတ်တွေ နဲ့ သိကြားမင်းတို့က ဘုရားဆီမှာ တရားနာချင်ရင်တောင် ညသန်းခေါင်ကျော်မှ ဆင်းလာရတယ်တဲ့ ။လူတွေအိပ်မှ လာရတယ်။ မင်္ဂလသုတ်၊သက္ကပညာသုတ၊အာနာပါန သုတ်တွေ ညဟောတွေချည်းပဲ။ လူတွေရဲ့ ၀မ်းခေါင်းထဲက အစာဟောင်းအနဲ့ကို မခံနိုင်ဘူး လို့ ဗုဒ္ဓကျမ်းစာတွေမှာ ပါပါတယ်။ ဒီတော့ သင်္ကြန်အကျအခါမှ အနံ့ခံနိုင်ရင်တော့ မသိဘူး။
ထားပါတော့ ။ ဒီအတိုင်းဆိုရင် ဇာတ်လမ်းမှာ သိကြားဆင်းတယ်။ ဒါပေမယ့် ရေလောင်းတာ မပါသေးဘူး။ နောက်တော့ နှစ်သစ်ကို အေးချမ်းစွာ ကြိုဆိုတဲ့သဘောနဲ့ ရေပက်ကစားကြတယ် ဆိုတာကို ဆက်လိုက်ကြတော့ သင်္ကြန်ဆိုတဲ့ စကား ၊သိကြား နဲ့ ရေပက် တာတွေ ကွက်တိဖြစ်ကုန်တယ်။ ဒီမှာမှ သိကြားက သင်္ကြန်အကျမှာ လူ့ပြည်ကိုလာတယ် ၊ သင်္ကြန်အတက်မှာ ပြန်တယ် ။ သင်္ကြန်အကြတ်မှာတော့ သူဘယ်မှာ တည်းခိုတယ်။နားတယ် ၊ကစားတယ် မပါပါဘူး။ ဘာကိုင်လာတယ်၊ညာကိုင်လာတယ် ..ဆိုတာတွေကလဲ ရှိသေးတယ်။ ဒါက ဇာတ်လမ်းတစ်ခုပေါ့ ။

သင်္ကြန်ဆိုတာ
ကမ္ဘာပေါ်ရှိ ယဉ်ကျေးသောလူမျိုးတိုင်း နှစ်ဟောင်းကုန်၍ နှစ်သစ်ကူး သည်ကို အလေးအမြတ်ထားကြသည်။ မိမိတို့ ယဉ်ကျေးမှုရိုးရာဓလေ့ ထုံးစံ အလိုက် နှစ်သစ်ကူးပွဲတော်များ ကျင်းပကြ၍ နှစ်ဆန်းနှစ်သစ်ကို ကြိုဆိုလေ့ ရှိကြသည်။ မြန်မာတို့က ယင်းနှစ်သစ်ကူးပွဲ ကို သင်္ကြန်ပွဲ တော် ဟုခေါ်၏။ သင်္ကြန်သည် မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာ ယဉ်ကျေးမှုနှင့်အတူ ပေါ်လာသော နှစ်သစ်ကူး ပွဲတော်ဖြစ်သည် ဟု ဆိုကြပါသည်။
သင်္ကြန်သည် မြန်မာ့ရိုးရာ ယဉ်ကျေးမှု တစ်ခုဖြစ်သည်။ အမှန်ဆိုရလျှင် သင်္ကြန်သည် မြန်မာ့ယဉ်ကျေးမှု စစ်စစ်မဟုတ်။ ဟိန္ဒူယဉ်ကျေးမှုကို မွေးစားထားခြင်းဖြစ်သည်။ သင်္ကြန်သည် မင်္ဂလာ ၁၂ ပါးထဲမှ တစ်ပါး ဖြစ်ပါ၏။ ဤ မင်္ဂလာ ၁၂ ပါးသည်ပင် ဟိန္ဒူယဉ်ကျေးမှု ဖြစ်ပါ၏။ နှစ်ကူးသင်္ကြန်၊ လကူး သင်္ကြန်၊ ရက်ကူး သင်္ကြန် စသဖြင့် ဖြစ်ပါသည်။ သို့သော် တစ်လနှင့် တစ်လ၊ တစ်ရက်နှင့် တစ်ရက် ကူးပြောင်းခြင်းများ အစား တစ်နှင့်တစ်နှစ် ကူးပြောင်းခြင်းကိုသာ သင်္ကြန် ဟု လူသိများပါသည်။
သင်္ကြန်ဟူသော ဝေါဟာရသည် သင်္ကန္တခေါ် ပါဠိ၊ သင်္ကြ န္တခေါ် သက္ကတဘာသာမှ သက်ဆင်းလာသော ဝေါဟာရ ဖြစ်သည်။ သင်္ကန္တ၊ သင်္ကြ န္တဟူ သည် ကူးပြောင်းခြင်းဟု အနက်အဓိပ္ပါယ်ရလေသည်။ တပေါင်းလတွင် မြန်မာနှစ် တစ်နှစ်ကုန်ဆုံးကာ နှစ်ဟောင်းကုန်၍ တန်ခူးလတွင် နှစ်သစ်ကြုံရ သောကာလ၊ နှစ်သစ်ကူးပြောင်းသောကာလဟု ဆိုလိုရင်း ဖြစ်သည်။ နွေရာသီ၏ အပူဒဏ်ကို သင်္ကြန်ရေဖြင့် အေးမြစေသည်။ နှစ်ဟောင်းမှ အညစ် ကြေးများကို သင်္ကြန်ရေဖြင့် ဆေးကြောသစ်လွင် တောက်ပသန့်စင်လာစေသည်။
မြန်မာပြက္ခဒိန်အဖို့ နှစ်ဆန်း ၁ ရက်နေ့သည် နှစ်ဆန်းတစ်ရက် နေ့သာ ဖြစ်ပြီး တန်ခူးလဆန်း ၁ ရက်နေ့ မဟုတ်ပါ။
မြန်မာ့ယဉ်ကျေးမှုအယူအဆ အရ နှစ်သစ်ကူး သင်္ကြန်ကျချိန်၌ သိကြားမင်းသည် တာဝတိံသာနတ်ပြည်မှ လူ့ပြည်သို့ ခေတ္တဆင်းသက် လာသည် ဟု ယုံကြည်ကြသည်။ သိကြားမင်း လူ့ပြည်ဆင်းချိန်ကို သင်္ကြန်စ၍ ကျသည်ဟု ယုံကြည်လက်ခံသည်။ သိကြားမင်းမဆင်းမီ တစ်ရက်အလို တွင် သိကြားမင်းကို ကြိုဆိုသောအားဖြင့် အတာအိုးများတွင် ပန်းများထိုးပြီး ကြိုဆိုလေ့ရှိသည်။ ယင်းကို သင်္ကြန်အကြိုနေ့ဟု သတ်မှတ်ထားကြသည်။
သိကြားမင်းဆင်းလာသော သင်္ကြန်ကျချိန်တွင် ဆဲဆိုခြင်း မပြုကြရန်၊ မကောင်းမှု မပြုလုပ်ကြရန်၊ ကုသိုလ်ကောင်းမှုပြုကြရန်၊ သက်ကြီးဝါကြီး များကို ပူဇော်ကန်တော့ရန် ဆုံးမထားသည်။
သိကြားမင်း နတ်ပြည်သို့ပြန်တက်ချိန်ကို သင်္ကြန်အတက် ဟု သတ်မှတ်ကြသည်။ နှစ်သက်ကူး သိကြားမင်း လူ့ပြည်သို့ဆင်းလာသည့်အခါ တွင် ကျွဲ၊နွား စသော သတ္တ၀ါ တစ်ကောင်ကောင်ကို စီး၍ ဖြစ်စေ၊ လှံ၊ မီးရှူးတိုင် စသည့် ၀တ္ထုပစ္စည်းတစ်ခုခုကို ကိုင်ဆောင်၍ဖြစ်စေ ဆင်းလာ လေ့ရှိသည်ဟု ယုံကြည်ကြသည်။

Tuesday, March 22, 2011
ဘတ်စကားစီးလျှင် ဒီလိုရှိတယ်
လူအများမကြေမနပ်ဖြင့် မြည်တွန်တောက်တီးသော အသံများ နေ့စဉ်နှင့်
အမျှ ဈေးထဲနှင့် လ္ဖက်ရည်ဆိုင်များ မိတ်ဆွေများဆုံသည်နှင့်ကြားနေရ၏
ဘတ်စကားပေါ်၌ဖြစ်သည်၊ တစ်ယောက်က
”စပယ်ယာ ထောင်တန်ပေးထားတာ ပြန်အမ်းတော့လေ၊ရှေ့ဂိတ်ဆင်းမှာ”
ထိုစဉ် နောက်တစ်ယောက်က
”ဒီမှာလဲ မအမ်းရသေးဘူးနော် ဆင်း၇တော့မှာ”
နောက်ဆုံးတွင်ထိုင်နေသူတစ်ယောက်က
”ငါ့လည်းမအမ်းရသေးဘူး၊ ဘူတာရုံကတက်တာကွ”
စပယ်ယာက ”ဟာ ထောင်တန်သမားတွေက ဒီလောက်မများပါဘူး” ပေးတုန်း
က။ဟူ၍
ထိုပြသနာများ မည်သူကစ ပါသနည်း။
မိတ်ဆွေအချို့တို့ကထိုပြသနာများကို ရိပ်စားမိသည်။ ထို့ကြောင့်သူတို့က ဘတ်စ
ကားမှ စပယ်ယာများကို မည်သို့တန်ပြန်ပါသနည်း။ သူငယ်ချင်းတို့တွေကော?
ဖတ်ကြည့်ပါ မိတ်ဆွေတစ်ဦးကဘတ်စကားပေါ်အတက်။
စပယ်ယာက ”ကားခလေးတွေပေးအုံး၊ အားလုံး၁၁ယောက်တက်ထားတာ”
မိတ်ဆွေ ”တစ်ယောက်ထဲစကော့ဈေးကို”
စပယ်ယာ ”ထောင်တန်လား တော်ကြာမှအမ်းမယ်၊အကြွေမရှိသေးလို့”
မိတ်ဆွေ ”ဟုတ်လား ဒါဆိုလဲ အကြွေရရင်လာယူ မအမ်းနိုင်ရင် ကြိုမပေး
နိုင်ဘူးကွ”
စပယ်ယာ မကျေမနပ်ဖြင့်ကြည့်ကာထွက်သွားသည်။
သူငယ်ချင်းတို့ ထိုသူ၏လုပ်၇ပ်မှာ အမှန်ပဲဖြစ်ပါသည်။ အကြောင်းမှာမိမိက
အရင် ကြိုလည်းပေးရသေးသည်။ ပေးပြီးတော့လည်း ပြန်အမ်းဖို့ရန် မျှော်နေရ
သေးသည်။ မေ့သွားပြန်လျှင် ထိုထောင်တန်မှာ ဆုံးပြီဖြစ်သည်။
ကောင်းပြီ။ စပယ်ယာဖက်မှကြည့်လျှင် ခရီးသည်မှမေ့ခဲ့သော် မောင်ပိုင်စီးတော့
မည်ဖြစ်သည်၊ အရင်းအနှီးမှာ ပါးစပ်မှ စကားလေးတစ်ခွန်းထဲ၊ နောက်ပြီး အ၇
ချောင်သည်၊ အလကားနေအလကား တစ်နေ့ နှစ်ယောက်ပဲဖြစ်ဖြစ် သုံးယောက်
ပဲဖြစ်ဖြစ် ထိုထက်မကဖြစ်ဖြစ် ပြန်အမ်းဖို့မေ့ကျန်ခဲ့လျှင် အမြတ်တွေချည်း။
ဟုတ်ပါပြီဒီအကွက်တွေတွေသယ်သူကစတင်ခဲ့ပါသနည်း။ ဖတ်ကြည့်ပါ။တန်ပြန်
လုပ်စားသူပေါ်လာပြီလား?။
ဘတ်စကားပေါ်၌ပင်ဖြစ်သည်။
ခရီးသည် ။ ”အမကိုပြန်အမ်းအုံးလေ ထောင်တန်ပေးထားတာ။”
စပယ်ယာ။ ”ကျွန်တော်ပြောပြီးပြီလေ၊ ကျွန်တော်မှတ်မိတယ်ဒီနေ့ ထောင်တန်
ပေးတာတွေအားလုံး ချက်ခြင်းကို ပြန်အမ်းတာ။”
ခရီးသည် ”ဟယ်လ်ပင်ကျရင်ဆင်းမှာ၊ အခုမှတ်တိုင် ပြန်မအမ်းရင်မဆင်းဘူးနော်”။
စပယ်ယာ ”သဘောပဲ ကျွန်တော်ပြောပြီးပြီ ဆင်းဆင်းမဆင်းဆင်း မကျေနပ်လို့
ကြိုက်တဲ့နေရာတိုင်”
ခရီးသည် ပြန်အမ်းငွေမရပဲ ဆင်းသွားလေသည်။ ထိုအခါ နောက်ဆုံးမှ
ခရီးသည်တစ်ယောက်က ”ကျွန်မနဲ့ အတူတူတစ်မှတ်တိုင်တက်လာတာ သူပေးတာ
ထောင်တန်မှမဟုတ်တာ” ဟူ၍ ။
ထိုသို့လုပ်စားကိုင်စားပေါ်လာခြင်းသည် မည်သူကသင်ပေး၍ မည်သူကတတ်သွား
ပါသနည်း။
* စရိုက်၌လည်းကောင်း ၊ အပြုအမှုများ၌လည်းကောင်း ၊ ဟန်၌လည်းကောင်း ၊ အရာ
အားလုံး၌လည်းကောင်း အဓိကအကျဆုံးအချက်မှာ ရိုးသားမှုပင်ဖြစ်သည်။
(လောင်ဖဲလ်လိုး)

Subscribe to:
Posts (Atom)