ဒီနေရာလေးကို

Monday, March 26, 2012

ငရဲကြီးရှစ်ထပ်အကြောင်း




         
ငရဲတွင် ငရဲကြီးနှင့် ငရဲငယ်ဟူ၍ ၂ မျိုးရှိပါသည်။ ငရဲကြီး ရှစ်ထပ်ရှိပါသည်။ လည်းကောင်းတို့မှာ အောက်ပါအတိုင်းဖြစ်ပါသည်။
(၁) သိဉ္ဇိုင်းငရဲ
(၂) ကာဠသုတ်ငရဲ
(၃) သံဃာတငရဲ
(၄) ဇာလရောရုဝငရဲ
(၅) ဓုမရောရုဝငရဲ
(၆) တာပနငရဲ
(၇) ပတာပနငရဲ
(၈) အ၀ီစိငရဲ တို့ဖြစ်ပါသည်။
မည်သည့်အကုသိုလ်ကိုပြုလုပ်လျှင် မည်သည့်ငရဲသို့ကျရသည်ဟူ၍ တိတိကျကျမ
ရှိပါ။      သို့သော်အကုသိုလ် ဒုစရိုက်ကို ပြုလုပ်မိလျှင်တော့ ဧကန်အမှန် ငရဲသို့ကျ
ရောက်ရပေမည်။

 (၁) သိဉ္ဇိုင်းငရဲ
        သိဉ္ဖိုင်းဆိုသည်မှာ သံ + ဇီဝ မှဆင်းသက်လာသော ပါဠိပျက်စကား ဖြစ်သည်။
သံ = တဖန်၊ ဇိဝ = အသက်ရှင်ခြင်း လို့အဓိပ္ပါယ်ရပါသည်။     သိဉ္ဖိုင်းငရဲ ဆိုသည်မှာ
တဖန်အသက်ရှင်၍ ထပ်ကာထပ်ကာ ဖြစ်ခြင်းလို့ ဆိုလိုတာဖြစ်ပါသသည်။
    သိဉ္ဖိုင်းငရဲဘုံမှ ငရဲသူ၊ ငရဲသားတို့ကို ငရဲထိန်းများက အလျှံပြောင်ပြောင်တောက်
နေသော ငရဲလက်နက်များဖြင့် သေအောင် ညှင်းဆဲသတ်ဖြတ်  ထိုးခုတ်ကြပါသည်။
အသတ်ခံရသော ငရဲသားများသည် အကုသိုလ်ကံ မကုန်မခြင်း    သိဉ္ဖိုင်းငရဲဘုံတွင် ထပ်ကာထပ်ကာ ဖြစ်ရပြီး ညှင်းဆဲနှိပ်စက်ခံရပါသည်။
      သိဉ္ဖိုင်းငရဲဘုံသက်တန်းသည် အနှစ် ငါးရာ ကြာပါသည်။ လူတို့၏ သက်တန်းနှင့်
ပြောရလျှင် လူ့အသက် အနှစ်ကိုးသန်းသည်  သိဉ္ဖိုင်းငရဲဘုံတွင် တစ်ရက်မျှသာဖြစ်
သည်။

(၂) ကာဠသုတ်ငရဲ
       ကာဠသုတ်ဆိုသည်မှာ  ကာဠသုတ္တ မှဆင်းသက်လာသော ပါဠိပျက်စကား ဖြစ်
သည်။ ကာဠ = မည်းနက်သော၊ သုတ္တ = ကြိုး လို့အဓိပ္ပါယ်ရပါသည်။  ကာဠသုတ်ငရဲ
ဆိုသည်မှာ မည်းနက်သောကြိုး လို့ ဆိုလိုတာဖြစ်ပါသသည်။
       ကာလသုတ်ငရဲဘုံမှ ငရဲသူ၊ ငရဲသားတို့ကို ငရဲထိန်းများက သစ်တုံးများကို မျဉ်း
ကြိုးချပြီး လိုသလိုပုံရအောင် ခုတ်ဖြတ်ကြသလို  မေ့လဲနေသော  ငရဲကောင်များကို
ပက်လက်တချို့၊ မှောက်ခုံတချို့၊ ဒေါင်လိုက်တချို့ လိုသလိုထားပြီး  မျဉ်းကြိုးချကာ ခုတ်ဖြတ်ကြပါသည်။ သေပြီးနောက်ထိုဘုံတွင် ပြန်ဖြစ်ကြပြီး အကုသိုလ်ကံ   မကုန်
မခြင်း ခံရပါသည်။
        ကာဠသုတ်ငရဲဘုံသက်တန်းသည် အနှစ် တစ်ထောင် ကြာပါသည်။    လူတို့၏ သက်တန်းနှင့်ပြောရလျှင် လူ့အသက် ၃ ကုဋေ ၆ သန်းသည်ကာဠသုတ် ငရဲဘုံတွင်
တစ်ရက်မျှသာဖြစ်သည်။

(၃) သံဃာတငရဲ
      သံဃာတငရဲ ဆိုသည်မှာ သံတောင်ကြိတ် ငရဲဟုခေါ်ပါသည်။ ၉ ယူဇနာလောက်
ရှိသော သံမြေပြင်တွင် ငရဲမီးလျှံများ လွန်စွာတောက်လောင်နေပါသည်။     ထို ငရဲမီး
တောက်လောင်နေသော  သံမြေပြင်ပေါ်တွင်  ခါးလောက်နက်သော တွင်းများတူးပြီး
ငရဲသားများကို ငရဲထိန်းများက မလှုပ်နိုင်အောင် ထည့်မြှပ်လေသည်။
ထို့နောက် အလျှံပြောင်ပြောင်တောက်နေသော သံတောင်ကြီးသည်      တဂျိမ်းဂျိမ်း
မြည်ကာ ယခုခေတ်  လမ်းကြိတ်စက်ကြီးများကဲ့သို့  တွင်းထဲတွင်မလှုပ်နိုင်သော ငရဲ
သားများကို အပိုင်းပိုင်း အပြတ်ပြတ်ဖြစ်အောင် ဘယ်ပြန်ညာပြန် ကြိတ်လေသည်။
     ငရဲသားတို့သည် အကုသိုလ်ကံ မကုန်မချင်း ထိုကဲ့သို့ အကြိတ်ခံရလေသည်။
သံဃာတငရဲ ဘုံ၏ သက်တမ်းသည် အနှစ် နှစ်ထောင်ဖြစ်သည်။ လူတို့၏ သက်တန်း
နှင့် ပြောရလျှင် လူ့အသက် (၁၄) ကုဋေ ၄ သန်းသည် သံဃာတငရဲဘုံတွင်တစ်ရက်
မျှသာဖြစ်သည်။

(၄) ဇာလရောရုဝငရ
         ဇာလ = မီးလျှံ၊ ရောရုဝ = ကြီးမားသောအသံ။     ဇာလရောရုဝ ငရဲဆိုသည်မှာ
ငရဲမီးလျှံ နှိပ်စက်သောကြောင့် ငရဲသူ၊ ငရဲသားများ အော်ဟစ်ငိုယိုသောအသံများနှင့်
ပြည့်နှက်နေသော ငရဲဟုခေါ်ပါသည်။ ဇာလရောရုဝငရဲဘုံတစ်ခုလုံး ပြုတ်ထွက်သွား
မတတ် ငရဲမီးလျှံများသည် တဟုန်းဟုန်းနှင့် လောင်ကျွှမ်းနေသည်။        ထိုမီးလျှံများ
သည်  ဇာလရောရုဝငရဲသူ ငရဲသားများ၏   မျက်စိပေါက်၊ နားပေါက်        စသည်ဖြင့်
အပေါက်မှန်သမျှ တစ်ရစပ်တိုးဝင်ကြပါသည်။      ငရဲသူ ငရဲသားများသည် ပူလွန်း၍
ငယ်သံပါအောင် အော်ဟစ်ငိုယိုနေကြသည်။ ထိုအော်ဟစ်ငိုယိုသံသည် မခံမရပ်နိုင်
အောင်ကျယ်လောင်လွန်းလှပါသည်။  မည်သို့ပင်အော်ဟစ်သော်လည်း ငရဲသူ ငရဲ
သားတို့သသည် အကုသိုလ်ကံ မကုန်မခြင်း ထိုဘုံတွင် ခံကြရပါသည်။
       ဇာလရောရုဝငရဲ ဘုံ၏ သက်တမ်းသည် အနှစ် လေးထောင်ဖြစ်သည်။ လူတို့၏ သက်တန်းနှင့်ပြောရလျှင် လူ့အသက် ( ၅၇ ) ကုဋေ ( ၆ ) သန်းသည်  ဇာလရောရုဝ
ငရဲဘုံတွင် တစ်ရက်မျှသာဖြစ်သည်။

 (၅) ဓုမရောရုဝငရဲ
         ဓုမ = မီးခိုး၊ ရောရုဝ = ကြီးမားသောအသံ။         ဇာလရောရုဝ ငရဲဆိုသည်မှာ
ငရဲမီးခိုး နှိပ်စက်သော ကြောင့် ငရဲသူ၊ ငရဲသားများ အော်ဟစ်ငိုယိုသောအသံများနှင့်
ပြည့်နှက်နေသော ငရဲဟုခေါ်ပါသည်။      ဓုမရောရုဝငရဲ ဘုံတစ်ခုလုံး ဖုံးလွှမ်းသွားရ
လောက်အောင် ငရဲမီးခိုး များသည် တလူလူထနေပါသည်။            ထိုမီးခိုး များသည်
ဓုမရောရုဝငရဲသူ  ငရဲသားများ၏  မျက်စိပေါက်၊ နားပေါက်  စသည်ဖြင့် အပေါက်မှန်
သမျှ တစ်ရစပ်တိုးဝင်ကြပါသည်။   ငရဲသူ ငရဲသားများသည် မီးခိုးမွှန်လွန်း၍ ကယ်ပါ
ယူပါတစာစာနှင့် ငယ်သံပါအောင် အော်ဟစ်ငိုယိုနေကြသည်။  ထိုအော်ဟစ်ငိုယိုသံ
သည် မခံမရပ်နိုင်အောင်ကျယ်လောင်လွန်းလှပါသည်။             မည်သို့ပင်အော်ဟစ်
သော်လည်းငရဲသူ ငရဲသားတို့သသည် အကုသိုလ်ကံ မကုန်မခြင်း ထိုဘုံတွင် ခံကြရ
ပါသည်။
      ဓုမရောရုဝငရဲဘုံ၏ သက်တမ်းသည် အနှစ် ရှစ်ထောင်ဖြစ်သည်။ လူတို့၏ သက်
တန်းနှင့်ပြောရလျှင် လူ့အသက် ၂၃၀ ကုဋေ ၄ သန်းသည်  ဓုမရောရုဝ   ငရဲဘုံတွင် တစ်ရက်မျှသာဖြစ်သည်။      ဓုမရောရုဝငရဲဘုံကို မဟာရောရုဝငရဲဘုံ ဟုလည်းခေါ်
သည်။

(၆) တာပနငရဲ
       တာပန ဆိုသည်မှာ ပူလောင်ခြင်းဟု အဓိပ္ပါယ်ရပါသည်။ တာပနငရဲဘုံ ရှိငရဲသူ၊ ငရဲသားတို့ကို  ငရဲထိန်းများသည် အလျှံတပြောင်နှင့်    နီရဲနေသာ ထန်းပင်လုံးမျှ ရှိ
သည့် သံတံစို့ပေါ်တွင် အတင်းအကြပ် ထိုင်ခိုင်းပြီး    တစ်ကိုယ်လုံးနီရဲလာအောင် မီး
ကင်သော ငရဲဖြစ်သည်။            ငရဲသူ၊ ငရဲသားတို့ သည်မချိမဆခံရပြီး သေဆုံးကာ
ထိုတာပနငရဲဘုံတွင် ပြန်ဖြစ်ကြပါသည်။  အကုသိုလ်မကုန်မချင်း ထိုဘုံတွင် ခံကြရ
ပါသည်။
        တာပန ငရဲဘုံ၏ သက်တမ်းသည် အနှစ် ၁သောင်း ၆ ထောင် ဖြစ်သည်။ လူတို့
၏ သက်တန်းနှင့်ပြောရလျှင် လူ့အသက် (၉၂၁) ကုဋေ ၆ သန်းသည်  တာပနငရဲဘုံ
တွင် တစ်ရက်မျှသာဖြစ်သည်။

(၇) ပတာပနငရဲ
       ပတာပနဆိုသည်မှာ အလွန်ပူလောင်ခြင်းလို့ အဓိပ္ပါယ်ရပါသည်။   ငရဲထိန်းများ
သည် ငရဲသူ၊ ငရဲသားတို့ကို အလျှံတပြောင်နှင့် ရဲရဲထွဋ်အောင်   တောက်ပနေသော
သံပူတောင်ပေါ်သို့ အတင်းအကြပ်တက်ခိုင်းလေသည်။       ငရဲသူ၊ ငရဲသားတို့သည် ကြောက်ကြောက်နှင့် တက်ကြရပါသည်။      အပူလောင်ခံပြီးတက်၍ တောင်ပေါ်သို့
ရောက်သောအခါ     အကုသိုလ်ကံကြောင့်   ဖြစ်ပေါ်လာသော    လေမှုန်တိုင်းသည်
အတင်းဒလကြမ်းတိုက်ခတ်သဖြင့် ငရဲသူ၊ ငရဲသားတို့သည်  တောင်ပေါ်မှလွင့်စင်ပြီး
တောင်အောက်ရှိ  သံချွန်များပေါ်သို့  ဂျွမ်းပျံ၊  စောင့်ထိုး  ကို့ယို့ကားယား နှင့်ကျလေ
သည်။      ငရဲသူ၊ ငရဲသားတို့သည် တံစို့ထိုးခံရသော ငါးများကဲ့သို့ ငရဲသံချွန်ဖျားတွင်
တစ်ကိုယ်လုံး မီးစွဲလောင်ပြီး နီရဲလာသည်အထိ တော်တော်ပြင်းပြင်းထန်ထန်ခံစားရ
လေသည်။ ထိုငရဲဘုံတွင် အကုသိုလ်ကံမကုန်မခြင်း ခံရလေသည်။
       ပတာပန ငရဲဘုံ၏ သက်တမ်းသည် အန္တရကပ် တစ်ဝက်ဖြစ်သည်။    အန္တရကပ်
အကြောင်းကို အနောက်တွင် ရှင်းပြထားသည်။

(၈) အ၀ီစိငရဲ
         အ၀ီစိ ဆိုသည်မှာ အ နှင့် ၀ီစိ ပေါင်းစပ်ထားသော ပါဠိစကားသက်သက်ဖြစ်
ပါသည်။  အ = မရှိ၊ ၀ီစိ = အကြားအလပ် ဖြစ်ပါသည်။ အ၀ီစိငရဲတွင် ငရဲသူ၊ငရဲသား၊
ငရဲမီးလျှံ ၊ ဆင်းရဲဒုက္ခ  ထိုသုံးမျိုးစလုံး  အကြားအလပ်မရှိ သောငရဲဟုလည်း  ခေါ်ပါ
သည်။ အ၀ီစိ ငရဲဘုံတွင် ငရဲသူ၊ ငရဲသား၊ တို့သည် ၀ါးကျည်တောက်ထဲတွင် ထဲ့ထား
သော မုံညှင်းစေ့၊ နှမ်းစေ့များကဲသို့ တစ်ဘုံလုံးပြည့်သိပ် ကြပ်ညှပ်နေပါသည်။ ငရဲမီး
လျှံများသည် တစ်ဘုံလုံးကို အကြားအလပ်မရှိ ဖုံးလွှမ်းထားပါသည်။ လွတ်သော နေ
ရာဟူ၍ပင်မရှိပါ။     ငရဲသူ၊ ငရဲသား တို့သည် ဆင်းရဲဒုက္ခကို ဆက်တိုက် တစ်ချက်မျှ
မနားဘဲ ခံစားနေရပါသည်။       သို့အတွက်ကြောင့် အ၀ီစိငရဲဟု ခေါ်ခြင်းဖြစ်သည်။
      အ၀ီစိငရဲ၏  အရပ်လေးမျက်နှာ၏ တစ်ခုစီတွင် (၁) မစင်ဘင်ပုပ်ငရဲငယ်    (၂) ပြာပူငရဲငယ် (၃) လက်ပံတောငရဲငယ် (၄) သံလျက်ရွက် တော ငရဲငယ်     (၅) ကြိမ်
ပိုက်ချောင်းငရဲငယ် ဟူ၍ အခြံအရံ ငရဲငယ် ငါး ခု စုစုပေါင်း ငရဲငယ် ၂၀ ရှိပါသည်။
     ထိုအ၀ီစိ ငရဲသူ၊ ငရဲသားတို့သည် တစ်ခါတစ်ရံ တံခါးပေါက်များ ပွင့်နေသည်ကို တွေ့သည့် အခါ တံခါးပေါက်ဆီသို့ ခဲခဲယဉ်ယဉ်း ပြေးသွားကြသည်။  အနားရောက်
သောအခါ တံခါးပေါက်များ ပိတ်သွားတာရှိသလို တံခါးပေါက်ကထွက်သွားပြန်လျှင်
လည်း ငရဲငယ် လေးခုနှင့် ဆုံကြရပြန်သည်။ ဆင်းရဲဒုက္ခမှမလွတ်သေးပေ။
        အပြင်ထွက်လာသောငရဲသူ၊ ငရဲသား တို့သည် ပထမဆုံး မစင်ဘင်ပုပ်ငရဲငယ်
ထဲသို့ကျရောက်လေသည်။ ထိုမစင်ဘင်ပုပ်ငရဲငယ်တွင် ဆင်ခေါင်းလောက်ရှိသော
ပိုးလောက်တို့သည် အပ်ဖျားကဲသို့  ချွန်ထက်နေသော  နှုတ်သီးများဖြင့် ကိုက်ခဲလေ
သည်။
        မစင်ဘင်ပုပ်ငရဲမှ လွတ်လျင် ပြာပူငရဲသို့ ရောက်လေသည်။
ငရဲပြာပူများအောက်တွင်အိမ်လောက်၊ ကျောင်းလောက်ကြီးသော ငရဲမီးခဲကြီးများ
ရှိသောကြောင့်ငရဲသူ၊ငရဲသားတို့သည် ပြင်းထန်သော အပူလောင်မှုဒဏ်ကို ခံစားရ
လေသည်။
       ပြာပူငရဲမှ လွတ်ပြန်လျင် လက်ပံတော ငရဲသို့ရောက်ရပြန်သည်။ ငရဲမီးလျံများ အလျံတပြောင်ပြောင်တောက်နေသော လက်ပံပင်များတွင် အရှည် ၆ လက်မခန့်ရှိ
သော ဆူးများရှိသည်။    ငရဲထိန်းများသည် ငရဲသူ၊ငရဲသားတို့ကို ငရဲလက်နက်များ
ကိုင်ဆောင်၍လိုက်သောအခါ ထိုလက်ပံပင်သို့ပြေးတက်ကြလေသည်။ လက်ပံပင်
ရှိဆူးများသည် ငရဲသူ၊ငရဲသားများတက်သည့်အခါ အောက်ဖက်သို့ငိုက်နေပြီး  ပြန်
ဆင်းသောအခါ  အပေါ်သို့ထောင်နေသောကြောင့် ငရဲသူ၊ငရဲသားတို့သည်
အတက်ရော အဆင်းပါဆူးစူးခံရလေသည်။
      လက်ပံတောငရဲမှ လွတ်ပြန်လျင်လည်း သံလျက်တောရွက်ငရဲသို့ရောက်ရလေ
သည်။ သံလျက်တော ရွက်ငရဲတွင် သစ်ရွက်များသည် ဓားများ၊ သံလျက်များ ကဲ့သို့
ထက်မြနေသည်။      ငရဲထိန်းများသည် ငရဲသူ၊ငရဲသားတို့ကို ငရဲလက်နက်များကိုင်
ဆောင်၍ လိုက်သောအခါ ထိုတောထဲသို့ပြေးဝင်ကြလေသည်။    ပြေးဝင်လာသော
ငရဲသားတို့သည် သန်လျက်ဓားတို့၏    ပြင်းပြင်းထန်ထန်စူးရှခြင်း ကိုခံရလေသည်။
        သံလျက်တောရွက်ငရဲမှ လွတ်ပြန်လျင်လည်း ကြိမ်ပိုက်ချောင်းငရဲသို့  ရောက်
လေသည်။ ကြိမ်ပိုက်ချောင်း ငရဲငယ်တွင် ချောင်းထဲရှိရေများသည် သံရေပူများဖြစ်
သည်။ ချောင်းထဲသို့ရောက်နေသော ငရဲသူ၊ ငရဲသားတို့သည် ပူလွန်း၍ ကမ်းပေါ်သို့
ပြန်တက်ရန် အားထုတ်ကြသည်။     သို့သော် ပိုက်ကွန်သဖွယ်ဖြစ်နေသောကြိမ်ဆူး
များ ကာရံထားသောကြောင့် ဆူးစူးခံရပြီး ချောင်းထဲသို့ လန်ကာ ပြန်ကြလေသည်။ ဆူးစူးခံရသည့်ဒဏ် ငရဲသံရေပူ ဒဏ်များကြောင့် မေ့မျောကာ ချောင်းထဲတွင် စုန်ချီ၊
စန်ချီမျောနေပါသည်။          ထိုကဲ့သို့မျောနေသော ငရဲသားများကို ငရဲထိန်းများက
ကမ်းစပ်မှ လေး၊ မြှား၊ လှံများနှင့် ပစ်ပြီးအမျိုးမျိုး နှိပ်စက်လေသည်။
     ငရဲသူ၊ ငရဲသားများသည် အကုသိုလ်ကံကုန်လျှင် လူ့ပြည် နတ်ပြည်သို့ရောက်၍ အကုသိုလ်ကံမကုန်သေးလျှင် အ၀ီစိ ငရဲသို့ပြန်ရောက်လေသည်။

 အန္တရကပ်အကြောင်း
       အန္တရကပ်ဆိုသည်မှာ တက်ကပ်နှင့် ဆုတ်ကပ်တစ်စုံကို ခေါ်ခြင်းဖြစ်သည်။ တစ်သင်္ချေဆိုသည်မှာ (၁) အနောက်တွင် သုညအလုံးပေါင်း (၁၄၀) ရှိသည်။

အိပ်ရေးဝအောင်ပြုလုပ်ရမည့် အချက် (၉) ချက်

၁။ နေ့စဉ် အချိန်မှန်အိပ်ရာဝင်ခြင်းနှင့် အချိန်မှန်အိပ်ရာထခြင်းကို ပြုလုပ်ရမည်။

၂။ နေ့စဉ် မွန်းလွဲပိုင်းတွင် ခေတ္တတစ်ကြိမ်အိပ်လိုလျှင်အိပ်ပါ သို့မဟုတ် လုံးဝမအိပ်
     ဘဲနေပါ။ ရံဖန်ရံခါ တရေးတမောအိပ်ခြင်းကို ပြုလုပ်လျှင် ညပိုင်း၌ အိပ်မရ
ဖြစ်
     တတ်သည်။


၃။ နံနက် သို့မဟုတ် မွန်းလွဲစောစောပိုင်း၌ ကိုယ်ခန္ဓာလေ့ကျင့်ခန်း မှန်မှန်လုပ်ပါ။
    အိပ်ရာဝင်ခါနီး အချိန်၌ ပင်ပန်းစွာလှုပ်ရှားလုပ်ကိုင်ခြင်းကိုရှောင်ပါ။


၎။ ညစာစားပြီးနောက် လက်ဖက်ရည်၊ ကော်ဖီသောက်ခြင်းကိုရှောင်ပါ။


၅။ အရက်မသောက်ပါနှင့်။


၆။ အိပ်ဆေးများကို သတိဖြင့်သုံးစွဲပါ။ ဆေးကုသမှုအတွက်ဆိုလျှင် ၃ပတ်ထက် ပို၍
     မသောက်သုံးသင့်ပါ။ အိပ်ဆေးကိုရေရှည်သောက်သုံးလျှင် အိပ်မပျော်ခြင်း

     ဝေဒနာ ပိုမိုဆိုးရွားစေပါသည်။


၇။ အိပ်ခန်းအတွင်း မိမိနှင့် သင့်လျော်မည့် အပူအအေး အနေအထားကို တစ်ညလုံး
     တသမတ်တည်း ရှိသင့်သည်။


၈။ အိပ်ရာ မ၀င်မီ မိမိ၏ ကိုယ်စိတ်နှစ်ပါးကိုဖြေလျော့ထားပါ။ ရေချိုးခြင်း၊ စာဖတ်
    ခြင်း၊  ဘုရားရှိခိုးခြင်း စသည်ဖြင့် ပြုလုပ်ပြီး စိတ်တင်းကျပ်စေမည့် အတွေးများ

    စဉ်စားတွေးတောခြင်းမပြုပါနှင့်။

၉။ အိပ်ရာဝင်ခါနီး အစားအစာ အများအပြား စားသောက်ခြင်းမပြုပါနှင့်။

                                                             

ကံဟူသည်အလုပ်၊ အလုပ်ဟူသည်ကံ

၁။  အကြင်သူသည် အိပ်ပျော်နေ၏။ ထိုသူ၏ ကံတို့သည်လည်း အိပ်ပျော်နေကြ
     ကုန်၏။

၂။  အကြင်သူသည် အိပ်ရာမှ နိုးလာ၏။ ထိုသူ၏ ကံတို့သည်လည်း လူးလွန့် လာ
      ကြကုန်၏။

၃။  အကြင်သူသည် အလုပ်လုပ်ရန် ထ၍ ထိုင်၏ ထိုသူ၏ကံတို့သည်လည်း ခေါင်း
     ထောင်လာကြကုန်၏။

၎။  အကြင်သူသည် လုပ်ငန်းခွင်သို့ စ၍ ၀င်၏ ထိုသူ၏ ကံတို့သည်လည်း အကျိုး
     ပေးရန် အသင့်အနေအထားနှင့် စောင့်စားကြကုန်၏။

၅။  အကြင်သူသည် လုပ်ငန်းကို ပြီးဆုံးအောင် ဇွဲသန်သန်ဖြင့် ပြုလုပ်၏ ထိုသူ၏
     ကံတို့သည်လည်း လန်းလန်း ဆန်းဆန်း ဖြင့် ပြုံးပန်းပွင့်ကာ အပြည့်အ၀အကျိုး
     ပေးလေတော့သည်။
                                                                                                                               


                                      မဟာဂန္ဓရုံ ဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသ

လူတို့လိုက်နာရန်ခက်ခဲသည့် အချက် (၁၅) ချက်

၁။ မိမိက သူတစ်ပါးကို စော်ကားမိသော် မိမိအပြစ်အတွက် ၀န်ချတောင်းပန်ရန်
    ခက်ခဲသည်။

၂။ အလုပ်တစ်ခုကို ပြီးဆုံးအောင် လုပ်ပြီးသော် မကောင်းသဖြင့် အစမှတစ်ဖန်
    ပြန်လုပ်ရန် ခက်ခဲသည်။

၃။ မိမိအမှားကို ၀န်ခံရန်ခက်ခဲသည်။

၎။ တစ်ကိုယ်ကောင်း မဆန်ဘဲ အများအကျိုးအတွက် စိတ်ထားရန် ခက်ခဲသည်။

၅။ သူတစ်ပါး၏ ဆုံးမခြင်း၊ အကြံပေးခြင်း၊ ကိုလက်ခံရန်ခက်ခဲသည်။

၆။ ရက်ရက်ရောရော လျူဒါန်းပေးကမ်းရန် ခက်ခဲသည်။

၇။ အမြဲမပြတ် ဇွဲကောင်းစွာဖြင့်  ကြိုးစားလုပ်ကိုင်ရန်ခက်ခဲသည်။

၈။ သူတစ်ပါးအပေါ်၌ ကိုယ်ချင်းစာတရား ထားရန် ခက်ခဲသည်။

၉။ အမှားတစ်ခုကိုမြင်ပြီး အမှန်ပြင်နိုင်ရန် ခက်ခဲသည်။

၁၀။ သူတစ်ပါးအပြစ်ကို ခွင့်လွှတ်၍ အာဃာတ တရားမထားရန် ခက်ခဲသည်။

၁၁။ မိမိအပြစ်ကြောင့် သူတစ်ပါး၏အပြစ်တင်ခြင်းကို ခံယူရန် ခက်ခဲသည်။

၁၂။ အရာရာစဉ်းစား ချင့်ချိန်၍ ပြုလုပ်ရန် ခက်ခဲသည်။

၁၄။ လူတော် လူကောင်း ဖြစ်ရန် ခက်ခဲသည်။

၁၅။ လောကဓံတရား ရှစ်ပါးနှင့် ရင်ဆိုင်ရသောအခါ စိတ်ကိုတည်ငြိမ်စွာ
       ထားရန်ခက်ခဲသည်။
                           

သက်တမ်းဆုတ်ယုတ်ပုံ

   လူတို့၏ သက်တမ်းသည် အသင်္ချေယတမ်းမှ တစ်စတစ်စ ဆုတ်ယုတ်လာရာ
အသက် (၈) သောင်းတမ်းသို့တိုင်ရောက်လာ၏။ အသက် (၈) သောင်းတမ်း သို့
ရောက်သောအခါ ကိုယ်ချင်းစာတတ်သော မေတ္တာတရား နည်းပါး၍ သူတစ်ပါး
ဥစ္စာကို ခိုးခြင်း ၊ သူတစ်ပါးအသက်ကို သတ်ခြင်း ဟူသော အကုသိုလ်တရားနှစ်
ပါးတို့သည်   ဖြစ်ပေါ်လာကြလေသည်။
   ထိုအကုသိုလ်တရား နှစ်ပါးကြောင့် အသက် (၈) သောင်းတမ်းမှ လေးသောင်း
တမ်း သို့တိုင်အောင် ဆုတ်ယုတ်၍ လာကုန်၏။

( လေးသောင်းတမ်း )
အသက်လေးသောင်းတမ်းသို့ ရောက်သောအခါ ကိုယ်ချင်းစာတတ်သော မေတ္တာ
တရား နည်းပါး၍  မဟုတ်မမှန် လိမ်လည်ပြောဆိုသော အကုသိုလ်တရား ထင်ရှား
ဖြစ်ပေါ်လာ၏။     ထို မုသာဝါဒ တရားထင်ရှားဖြစ်ပေါ်လာသည့်အတွက် အသက်
လေးသောင်းတမ်းမှ အသက်နှစ်သောင်တမ်း သို့တိုင်ဆုတ်ယုတ်လေသည်။

( နှစ်သောင်းတမ်း )
အသက်နှစ်သောင်းတမ်းသို့ ရောက်သောအခါ   -   ကုန်းချောခြင်းဟု ဆိုအပ်သော ပိသုဏ၀ါစာ (ချောပစ်ကုန်းတိုက်မှု) တရား ထင်ရှားဖြစ်ပေါ်လာ၏ ထိုပိသုဏ၀ါစာ
တရားထင်ရှားဖြစ်ပေါ်လာသည့်အတွက်  အသက်နှစ်သောင်းတမ်းမှ အသက်တစ်
သောင်းတမ်းသို့  ကျအောင်ဆုတ်ယုတ်လေသည်။

( တစ်သောင်းတမ်း )
အသက် တစ်သောင်းတမ်းသို့ ရောက်သောအခါ - သူတစ်ပါး သားမယားကို သွား
လာကျူးလွန်ခြင်းဟူသော ကာမေသူမိစ္ဆာစာရ တရားထင်ရှားဖြစ်ပေါ်လာ၏။
ထို ကာမေသုမိစ္ဆာစာရ တရား  ထင်ရှား  ဖြစ်ပေါ်လာသည့်အတွက်  အသက်တစ်
သောင်းတမ်းမှ အသက်ငါးထောင်တမ်းသို့ ကျအောင်ဆုတ်ယုတ်လေသည်။

( ငါးထောင်တမ်း )
 အသက်ငါးထောင်တမ်းသို့ ရောက်သောအခါ ဆဲရေးတိုင်းထွာခြင်း၊ အလွန်ကြမ်း
တမ်းသောစကားကိုဆို
ခြင်းဟူသော ဖရုသ၀ါစာ၊ အကျိုးမဲ့ပြိန်ဖျင်းသော စကားကို
ဆိုခြင်းဟူသော သပ္ဖပ္ပလာပ၀ါစာ  ဟူသော တရားနှစ်ပါး ထင်ရှားစွာ ဖြစ်ပေါ်
လာ
သည်။  ထိုအကုသိုလ်တရား နှစ်ပါးကြောင့် အသက် ငါးထောင်တမ်းမှ နှစ်ထောင့်
ငါးရာ၊ နှစ်ထောင်တမ်း သို့တိုင်အောင် ဆုတ်ယုတ်၍ လာကုန်၏။


( နှစ်ထောင်တမ်း )
အသက်နှစ်ထောင်တမ်းသို့ ရောက်သောအခါ - သူတစ်ပါးစည်းစိမ်ကို မိမိစည်းစိမ်
ဖြစ်အောင် ကြံခြင်းဟူသော အဘိဇ္ဈာ၊ သူတစ်ပါး သေကြပျက်စီးအောင် ကြံခြင်းဟူ
သော ဗျာပါဒဟူသော တရားနှစ်ပါး ထင်ရှားစွာ ဖြစ်ပေါ်လာသည်။
    ထိုအကုသိုလ်တရား နှစ်ပါးကြောင့် အသက် နှစ်ထောင်တမ်းမှ တစ်ထောင်တမ်း သို့တိုင်အောင် ဆုတ်ယုတ်၍ လာကုန်၏။

( တစ်ထောင်တမ်း
)
အသက်တစ်ထောင်တမ်းသို့ ရောက်သောအခါ - မကောင်းမှု ကောင်းမှုပြုခြင်း
ကြောင့်အကျိုးအပြစ်မရှိဟူသော မိစ္ဆာဒိဋ္ဌိ တရားထင်ရှားဖြစ်ပေါ်လာ၏။ ထိုမိစ္ဆာဒိဋ္ဌိ
တရား ထင်ရှားဖြစ်ပေါ်လာသည့်အတွက် အသက်တစ်ထောင်တမ်းမှ အသက်ငါးရာ
တမ်းသို့ ကျအောင်ဆုတ်ယုတ်လေသည်။

( ငါးရာတမ်း
)
အသက်ငါးရာတမ်းသို့ရောက်သောအခါ မိကြီး မိထွေး စသည်တို့ အပေါ်၌ တပ်မက်
ခြင်းဟူသော အဓမ္မရာဂ၊ လွန်လွန်ကျူးကျူး တပ်မက်ခြင်းဟူသော ၀ိသမလောဘ ၊ ယောင်္ကျား အချင်းချင်း မိန်းမအချင်းချင်း တပ်မက်ခြင်းဟူသော ၀ိသမရာဂ   တို့ဖြစ်
ပေါ်လာကုန်၏။
  ထိုတရားတို့ ဖြစ်ပေါ်လာသောအခါ အသက်ငါးရာတမ်းမှ အသက်သုံးရာတမ်း နှစ်
ရာ့ငါးဆယ်တမ်းသို့ တိုင်အောင်ဆုတ်လေသည်။


( နှစ်ရာ့ငါးဆယ်တမ်း )
အသက်နှစ်ရာ့ငါးဆယ်တမ်းသို့ရောက်
သောအခါ မိခင်၊ ဖခင်ကို မရိုသေခြင်း၊ရဟန်း
ကိုမရိုသေခြင်း၊ ရဟန္တာကို မရိုသေခြင်း၊ ကြီးသောသူကို မရိုသေခြင်းဟုဆိုအပ်သော အယုတ်တရားတို့သည် ထင်ရှားဖြစ်ပေါ်လာကြလေသည်။  ထိုအယုတ်တရားတို့ ဖြစ်
ပေါ်လာသောအခါ အသက်  နှစ်ရာ့ငါးဆယ်တမ်းမှ    အသက်တစ်ရာတမ်းသို့    တိုင်
အောင်ဆုတ်လေသည်။


( တစ်ရာတမ်း )

အထက်ပါအယုတ်တရားတို့ ဆက်လက် ဖြစ်ပေါ်နေသောကြောင့် အသက်နှစ်ရာ့ငါး
ဆယ်တမ်းမှတစ်ရာတမ်းသို့တိုင်အောင်ဆုတ်ယုတ်လေသည်။ နောင်တစ်ဖြည်းဖြည်း
ဆယ်နှစ်တမ်းသို့ တိုင်အောင် ဆုတ်ယုတ်လေတော့သည်။
  ထိုသို့ သက်တမ်းများ ဆုတ်ယုတ်သွားရခြင်းမှာ ကိုယ်ချင်းစာတရား တည်းဟူသော မေတ္တာတရား ခေါင်းပါးခြင်းကြောင့်ဖြစ်လေသည်



( အကုသိုလ် အယုတ်တရားတို့၏ အရင်းအမြစ် )

မိမိသည် ချမ်းသာခြင်းကို လိုလားတောင်းတ နှစ်သက်၍ ဆင်းရဲခြင်းကိုနှစ်သက်လိမ့်
မည်မဟုတ်ပေ။    ထို့အတူ အခြားသူတို့သည်လည်း  ချမ်းသာခြင်းကိုသာ  လိုလား၍
ဆင်းရဲခြင်းကို မနှစ်သက်ကြပေ။  မိမိကို စော်ကားလွန်ကြူးလျှင် မနှစ်သက်သကဲ့သို့
သူတစ်ပါးတို့သည်လည်း   နှစ်သက်ကြမည်မဟုတ် ဟူသော ကိုယ်ချင်းစာတရား မရှိ
သောကြောင့်အကုသိုလ် အယုတ်တရားတို့ဖြစ်ပေါ်လာရပေသည်။