ဒီနေရာလေးကို

Monday, November 29, 2010

ကာမဆန္ဒရှိနေသော်လည်း လိင်တံ မတောင့်တင်းခြင်းကို ဘယ်လို ကာကွယ်/ ဖြေရှင်း မလဲ...

အမျိုးသားများ လိင်ဆက်ဆံရန်အတွက် ကာမဆန္ဒ ရှိနေသော်လည်း လိင်တံ မတောင့်တင်းခြင်း သည် သံသယ ဖြစ်စရာ မလိုသော အားအင် ကုန်ခမ်းမှု တစ်မျိုး ဖြစ်ပြီး လိင်ဆက်ဆံစဉ်တွင် နှစ်ဦးစလုံး ကောင်းမွန်ပြီးမြောက် နိုင်လောက်အောင် လိင်တံ တောင့်တင်း မာကျောမှု မရှိခြင်းကလည်း စိတ်ပျက်စရာ တစ်ခုပင် ဖြစ်သည်။
ထိုကဲ့သို့ ဖြစ်နေခြင်းမှာ အမျိုးသားများ အနေဖြင့် လိင်ဆက်ဆံလိုစိတ် မရှိခြင်းကြောင့် မဟုတ်ဘဲ အခြားသော စိတ်ခံစားမှုများရောပြွန်း နေခြင်း ဆက်ဆံမည့် အဖေါ်၏ ဆန္ဒကို အလွန်အမင်း စိုးရိမ်နေခြင်း မိမိခန္ဓာကိုယ်အပေါ် အာရုံစူးစိုက်နိုင်မှု မရှိတော့ခြင်း တို့ကြောင့် ဖြစ်သည်။ အမျိုးသား အနေဖြင့် လိင်ဆက်ဆံဖေါ်၏ စိတ်ခံစားမှု အနိမ့်အမြင့်သည် လိင်ဆက်ဆံမှု စတင်ရန်အတွက် ဆက်ဆံရေး တစ်ခု ထူထောင်နေရခြင်းသည် နှစ်ဦးစလုံး အတွက် ကြီးမားသော အဟန့်အတားကြီး တစ်ခု ဖြစ်နေခြင်းလည်း ပါဝင်သည်။
ပထမအဆင့် အနေဖြင့် ကြုံတွေ့နေရသော ပြဿနာများကို ပြေလည်စေရန်အတွက် အကောင်းဆုံး အဆင့် တစ်ဆင့်မှာ အမျိုးသားအနေဖြင့် လိင်ဆက်ဆံဖေါ်ကို မိမိ၏တွေ့ ကြုံနေရသော ပြဿနာများကို ပွင့်လင်း ရိုးသားစွာ ပြောဆိုတိုင်ပင်ရန် ဖြစ်သည်။ အမျိုးသားများ အနေဖြင့် ဆွေးနွေးတိုင်ပင်မှု အတွက်၎င်း၊ သူ၏ အခက်အခဲများ အတွက်၎င်း ပွင့်လင်းစွာ ၀န်ခံပြောဆိုရန် အခက်အခဲရှိနေပေလိမ့်မည်။ သို့ပါသော်လည်း အမျိုးသမီးများသည် ထိုကဲ့သို့ တိုင်ပင်ဆွေးနွေးလာ မှုများအပေါ် အလွန်နားလည် ပေးနိုင်သော သဘောထားများ ပင်ကိုယ်စရိုက်အတွင်း ရှိပြီးသား ဖြစ်သည်ကို မေ့ထား၍ မရသင့်ပေ။
အခါအခွင့်သင့်ပါက သူမ၏ ၀ိုင်းဝန်း အဖြေရှာမှုဖြင့် ပြန်လည်ကောင်းမွန် လာသော လိင်ဆက်ဆံမှု အနေအထားကို ရောက်ရှိမည့်အပြင် အမျိုးသား၏ အခက်အခဲ အချို့ကိုလည်း ဖြေရှင်းပြီးသား ဖြစ်သွားနိုင်ပေသည်။ လိင်မှု ကိစ္စကို အတူတကွ ဆောင်ရွက်မည့် သူများအနေဖြင့် တစ်ဦး၏ စိုးရိမ်ထိတ်လန့်မှုကို တစ်ဦးက အားပေး နှစ်သိမ့်မှုများဖြင့် မျှဝေခံစားမှုများသည် အလွန်ထိရောက်သော ကုသနည်းများပင် ဖြစ်သည်။ လိင်တံတောင့်တင်းလာစေရန် အတွက်လည်း အကောင်းဆုံး အသေချာဆုံးနှင့် အမှန်ကန်ဆုံးသော ဖြေ၇ှင်းနည်းမှာလည်း မိမိကိုယ်တိုင် တစ်ကိုယ်တည်း ကြိတ်၍ ရင်ဆိုင်ခြင်းထက် ယခုကဲ့သို့ ပွင့်လင်းစွာ ဖြေရှင်းခြင်းကသာ ပိုမိုသင့်လျော် ပေသည်။
တစ်ခါတစ်ရံ လိင်တံတောင့်တင်းခြင်း မရှိသည့် အခိုက်အတန့်လေးများ ကြုံတွေ့ရပါက ကြီးမားသော ကိစ္စတစ်ခုဟု သတ်မှတ်ခြင်း မပြုဘဲ ရိုးရှင်းစွာ လက်ခံပေးပြီး မိမိနှင့် ဆက်ဆံမည့် အမျိုးသမီးနှင့်လည်း ပွင့်လင်းစွာ ကျေနပ်ခြင်း/ မကျေနပ်ခြင်းကို ဆွေးနွေးမှု ပြုလုပ်သင့်သည်။ တောင့်တင်း လာခြင်း မရှိသော လိင်တံကို အတင်းအဓ္ဓမ ဆက်ဆံမှု တစ်ခုပြီးမြောက်စေရန် ကြိုးစားခြင်းမျိုး မဆောင်ရွက်သင့်ပေ။ ယခုကဲ့သို့ ဆိုလိုခြင်းမှာ လိင်ဆက်ဆံမှုကို လုံးဝ စွန့်လွှတ်ရမည်ဟု ရည်ရွယ်ခြင်းမျိုး မဟုတ်ဘဲ အခြားသင့်တော်မည့် နည်းလမ်းများကို ရှာဖွေခြင်းဖြင့် လိင်စိတ်နိုးကြား လာအောင် ဆောင်ရွက်ရမည် ဖြစ်သည်။ ဥပမာအားဖြင့် နမ်းရှုံ့ခြင်း၊ မထိတထိ တို့ထိဆော့ကစားခြင်း၊ ယုယငြင်သာစွာ ကိုင်တွယ်ပြုမူခြင်း၊ ချစ်ခင် မြတ်နိုးသော ဆောင်ရွက်မှု များ၏ မည်သည့် ကိစ္စကို မဆို ဆောင်ရွက်ခြင်း၊ လိင်တံကို ရွရွလေး ဖြစ်အောင် မနာကျင်စေဘဲ တို့ထိဆော့ကစားခြင်း စသည်ဖြင့် မိမိနှစ်သက် လိုလားသလိုဆောင်ရွက် နိုင်သည်။
အကောင်းဆုံးသော အခြားနည်း တစ်ခုမှာ နှိပ်နယ် ပွတ်သပ်ပေးခြင်း ဖြစ်ပြီး ထိုသို့ ဆောင်ရွက်ခြင်းသည် အမျိုးသား၏ ခန္ဓာကိုယ်မှ ဟိုမုန်းများကို နိုးကြား ထကြွလာစေပြီး ရုပ်ပိုင်းဆိုင်ရာ တုန့်ပြန်မှု များလည်းကောင်းမွန်လာမည့် အပြင်ချစ်ခင် ရင်းနှီးမှုလည်း ပိုမိုရရှိလာစေမည် ဖြစ်သည်။ နှိပ်နယ်မှု လုပ်ဆောင်ခြင်းကို လိင်ဆက်ဆံစဉ် ကာလအတွင်း ဆောင်ရွက်ခြင်းကိုမူ လုံးဝ ရှောင်ကြဉ်ရမည် ဖြစ်သည်။
ထိုသို့ နိုးကြားအောင် ပြုလုပ်ခြင်းဖြင့် ဆက်ဆံမှုများ ပြုလုပ်ပြီး ရက်အနည်းငယ် သို့မဟုတ် ရက်သတ္တပတ် အတော်ကြာကြာတွင် သင်၏ လိင်တံမှာ မာကြောတောင့်တင်းမှု အပြည့်ဖြင့် လွယ်ကူစွာ ပြန်လည်ဆက်ဆံ လာနိုင်သည်ကို တွေ့ရမည် ဖြစ်ပြီး ယခင်က စိုးရိမ်ခဲ့သော လိင်တံ မတောင့်တင်းသည့် ကိစ္စများသည် မေ့ဖျောက်နိုင်ကြောင်း သိလာရပေမည်။
အကယ်၍ အမျိုးသားသည် ပုံမှန်ဆက်ဆံနေသော လိင်ဆက်ဆံဖေါ် မဟုတ်ဘဲ အခြားသော လိင်ဆက်ဆံဖေါ်ပြောင်းလဲ မှုများ ရှိနေပါက မိမိ၏ အခက်အခဲ ပြဿနာများကို ကူညီနိုင်မည့် အထောက်အပံ့ ရရှိနိုင်စေရန် အနည်းငယ် အခက်အခဲ ရှိနိုင်ပေသေးသည်။ အမျိုးသား အတော်များများ၏ ပြောကြားချက်အရ စိုးရိမ်သောကများ ခြင်းသည် လိင်ဆက်ဆံခြင်းအပေါ် အထမမြောက်စေသော ကိစ္စတစ်ခုအဖြစ် ပြောကြားလေ့ရှိကြသည်။ ထိုစကားများ၏ အဖြေမှာ မိမိကိုယ် မိမိတစ်ကိုယ်ရေ ဖျော်ဖြေမှုများ အလွန်အကျွံ ဆောင်ရွက်ခဲ့ခြင်းများသည် စိုးရိမ်သောက များကို လိင်ဆက်ဆံစဉ်တွင် မလွဲမသေ ကြုံတွေ့ရနိုင်သည်။
အထူးအဆန်းကို နှစ်သက်တတ်သော အမျိုးသား တစ်ယောက်အနေဖြင့် မိမိနှစ်သက်တတ်သော လိင်ဆက်ဆံမှု ပုံသဏ္ဍန်များ မိမိကြိုက်နှစ်သက်သော နှိုးဆွမှု ပုံစံများကို အတူဆက်ဆံမည့် လိင်ဆက်ဆံဖေါ်အား ကြိုတင် အသိပေးပြောကြား ထားခြင်းသည် မိမိလိုချင်သော အခြေအနေ စိတ်ကျေနပ်မှုကို ရရှိစေရန်အတွက်လည်း အထောက်အပံ့ ပေးစေနိုင်သည်။
အမျိုးသမီး အတော်များများသည် အမျိုးသား လိင်တံ မတောင့်တင်းခြင်းအပေါ် အလွန်အကျွံ အာရုံစိုက်မှု မရှိဘဲ အမျိုးသားမှ ရှင်းပြနေသည့် တိုင်အောင် များစွာ အကျိုးအပြစ် ဝေဖန်လိုခြင်းလည်း မရှိကြပေ။ အမျိုးသမီးများ၏ အဓိက လိုအပ်ချက်မှာ ရင်းနှီးပွင့်လင်းမှုနှင့် စိတ်ကျေနပ်မှု များကို အချိန်ကြာကြာ ရယူနိုင်ခြင်းကိုသာ အလိုရှိကြပြီး အမျိုးသား အနေဖြင့် ကျောက်စိုင်ကျောက်ခဲ ကဲ့သို့ မာကျောသော လိင်တံမရှိသည့်တိုင် သူမ ကျေနပ်နိုင်သည့် အချိန်ကာလ တစ်ခုသာ ရရှိမည်ဆိုပါက နှစ်သက် ကျေနပ်တတ်ကြစမြဲ ဖြစ်သည်။
အချက်တစ်ချက် အနေဖြင့် အမျိုးသမီး၏ လိင်အင်္ဂါကို နှိုးဆွခြင်းပြုရာတွင် လိင်တံဖြင့် ဆက်ဆံခြင်းအပြင် အခြားထိရောက်သော နည်းလမ်းများဖြင့် ကျေနပ်စေရန် ပြုလုပ်ပေးနိုင်သည့် နည်းလမ်းများစွာလည်း ရှိသေးသည်။
အမျိုးသားများ အနေဖြင့် လိုလားသော ချစ်ခင် မြတ်နိုးစိတ်သည်လည်း လိင်ဆက်ဆံရန် အဓိက လိုအပ်ချက် တစ်ခုဖြစ်သည့် လှုံ့ဆော်မှုထဲတွင် ပါဝင်သည်။
လိင်တံတောင်းတင်းခြင်းကို အနှောင့်အယှုက်ဖြစ်စေတတ်သော သတိပြုရမည့် အချက်များမှာ အောက်ပါ အတိုင်းဖြစ်သည်။
အရက်အလွန်အကျွံသောက်သုံးခြင်း။ ။ ယမကာ မှီဝဲရာရတွင် အမျိုးသားတစ်ယေက် အနေဖြင့် တစ်နေ့တာအတွက် ဘီယာ ခြောက်ခွက် (သို့) ဖန်ခွက်ငယ်ဖြင့် ၀ိုင်ခြောက်ခွက် ထက် ပိုမိုမသောက်သုံး သင့်ပေ။ အရက် သို့မဟုတ် ဘီယာကို နေ့စဉ် မှီဝဲတတ်သူ ဖြစ်ပါက တစ်ပတ်လျင် နှစ်ရက်ခန့် အရက်လုံးဝ မသောက်သော နေ့များအဖြစ် သီးခြား သတ်မှတ် ထားသင့်သည်။
ဆေးလိပ်သောက်သုံးခြင်း။ ။ ဆေးလိပ် သောက်သုံးခြင်းသည် အမျိုးသားများအတွက် လိင်စိတ် ကျဆင်းမှုကို ဖြစ်စေတတ်သော အရေးအကြီးဆုံး နှင့် အဓိက အကျဆုံး အကြောင်းအရင်း တစ်ရပ်ပင် ဖြစ်သည်။ ဆေးလိပ်သောက်ခြင်းဖြင့် ခန္ဓာကိုယ် အလေးချိန် လျော့ချရန် ကြိုးစား နေသူများသည် သွေးလည်ပတ်မှု အခက်အခဲများ ဖြစ်ပေါ်လာပြီးနောက် လိင်အင်္ဂါများသို့ သွေးပို့လွှတ်မှု ကောင်းမွန်သော အခြေအနေများကို အနှောင့် အယှုက်ဖြစ်စေသည့် ပြဿနာများ ဖြစ်ပေါ် လာစေနိုင်သည်။ အသက် လေးဆယ်ကျော်နေသော အမျိုးသားများ အနေဖြင့် လိင်စိတ် ကျဆင်းမှုများ ဖြစ်ပေါ်ခြင်းကို အများဆုံး မြင်တွေ့ရလေ့ ရှိပြီး ၄င်း အခြေအနေများကို ကျော်လွှားရန် အတွက် ဆေးလိပ်သောက်ခြင်းကို ဦးစွာ စွန့်လွှတ်ရမည် ဖြစ်သည်။
မိမိ၏ ဆရာဝန်နှင့် တိုင်ပင်ပြီး အမျှင်ဓါတ်ကြွယ်ဝသော အစားအစာနှင့် အဆီနည်းသော အစားအစာများကို စားသုံးခြင်းဖြင့် ကျန်းမာသော ဘ၀သစ်ကို ရနိုင်မည်ဖြစ်သည်။ ပုံမှန် လေ့ကျင့်ခန်းများ ပြုလုပ်ပေးခြင်းသည်လည်း လိင်ဆက်ဆံမှု၏ အကောင်းဆုံး အကျိုးအကျေးဇူးများကို ဖြစ်စေသော အထောက်အကူ တစ်ခုပင် ဖြစ်သည်။
လေ့ကျင့်ခန်း အလွန်အကျွံ ပြုလုပ်ခြင်း။ ။လေ့ကျင့်ခန်း အလွန်အကျွံ ပြုလုပ်ခြင်း ဆိုရာ၌ စက်ဘီစီး အားကစား ကဲ့သို့ ခွန်အား စိုက်ထုတ်ပြီး စီးနင်းသော စက်ဘီးများကို စီးခြင်းဖြင့် လေ့ကျင့်ခန်း ပြုလုပ်ရာတွင် စက်ဘီး ထိုင်ခုံသည် အလွန် ကျဉ်းမြောင်းပြီး မာကျောလွန်းသည့် ထိုင်ခုံအမျိုးအစားကို လုံးဝ ရှောင်ကျဉ်ရမည်။ မာကျောသော စက်ဘီးထိုင်ခုံများသည် အမျိုးသား လိင်အင်္ဂါ၏ အဓိက သွေးလွှတ်ကျောများကို ပျက်စီးစေနိုင်ပြီး အကျိုးဆက်အဖြစ် လိင်တံ တောင့်တင်းလာခြင်း မရှိတော့သည်များကိုပါ ကြုံတွေ့ရနိုင်သည်။
စိုးရိမ်ပူပန်မှုများခြင်း။ ။ လိင်ဆက်ဆံမှု ပြဿနာများ၏ အဓိက အရင်းအမြစ်မှာ စိုးရိမ်ပူပန်မှုများမှ စတင်လာခြင်း ဖြစ်သည်။ အမျိုးသား တစ်ဦးအနေဖြင့် တောင့်ခံထားရခြင်း သို့ မဟုတ် စိုးရိမ် ထိပ်လန့်နေရခြင်းသည် လိင်ဆက်ဆံခြင်း၏ သာယာသော ဘ၀ကို အဆိုးရွားဆုံး ထိခိုက်လာမည် ဖြစ်သည်။ ထိုကဲ့သို့သော အချိန်များကို ကြုံတွေ့နေရပါက အကောင်းဆုံးမှာ သက်တောင့်သက်သာ ရှိစွာဖြင့် မိမိအိပ်ယာပေါ်တွင်ထက် အခြားလွတ်လပ်သော နေရာတွင် အနားယူပြီး ပုံမှန်အနေအထား ရောက်သည်အထိ စောင့်ဆိုင်းရမည် ဖြစ်သည်။
ပဋိဇီဝဆေးဝါး ပုံမှန်သုံးစွဲနေရခြင်း။ ။လိင်တံ မတောင့်တင်းသည့် ပြဿနာ ကြုံတွေ့ခံစားနေရသည့် ကာလ ၃ လထက် ကျော်လွန်ပါက မိမိတွင် ပုံမှန် သောက်သုံး နေရသော ဆေးဝါးများ ရှိနေပါလျင် ထိုဆေးဝါးများ အားလုံးကို ယူဆောင်သွားပြီး အထွေထွေရောဂါ အထူးကု ဆရာဝန်ကြီးများနှင့် တွေ့ဆုံ ဆွေးနွေး တိုင်ပင် သင့်သည်။ ဆေးဝါးများ သောက်သုံးခြင်းသည် ရုပ်ပိုင်းဆိုင်ရာ ဟိုမုန်းပြောင်းလဲမှုများကို အကျိုး သက်ရောက်စေခြင်းများ ဖြစ်စေသည့် အတွက် ၄င်းအချက်ကို တတ်သိနားလည်သော ဆရာဝန်များမှ ကြည့်ရှုပေးခြင်းဖြင့် အဖြေမှန်ကို သိ၇ှိနိုင်မည် ဖြစ်ပြီးလိင်တံ မတောင့်တင်းခြင်းသည် အခြားသော ကျန်းမာရေး အချက်ပြ သင်္ကေတအဖြစ် နှလုံးရောဂါနှင့် အခြား သက်ဆိုင်ရာ ရောဂါများ ရှိမရှိ စစ်ဆေး သိရှိနိုင်သည်။ လိုအပ်ပါက အထူးကု ဆရာဝန်၏ ညွန်ကြားချက်ဖြင့် ဆီးစစ်ခြင်းများကိုပါ ပြုလုပ်သင့်သည်။ သက်ဆိုင်ရာ နယ်ပယ်များတွင် ကျွမ်းကျင်သူများ၏ ကုသမှုများကို ထိရောက်စွာ ရယူနိုင်မည် ဖြစ်သည်။
ကာမနိုးကြားစေသည့် ဆေးဝါးများ ပုံမှန်သုံးစွဲနေရခြင်း။ ။ အမျိုးသား အချို့မှာ ဆီးကျိတ်ခွဲစိတ်ထားသူများ သို့မဟုတ် ကျောရိုးဒဏ်ရာ ရရှိ ထားသူများသည် ကာမ ဆန္ဒအတွက် ကာမနိုးကြားဆေး ( Viagra ) များကို ပုံမှန်သုံးစွဲနေရသူများ ဖြစ်ပြီး ဆေး၏ ဆိုးကျိုးများအဖြစ် နှလုံးခုန်မြန်စေခြင်းနှင့် နှလုံးနှင့် ပတ်သက်သော ရောဂါ အတော်များများကို ဖြစ်ပေါ်စေတတ်သည်။
ဆရာဝန်ဖြင့် တွေ့ဆုံဆွေးနွေးခြင်း။ ။ လိင်တံ မတောင့်တင်းသော ကာလ အတိုင်းအတာ တစ်ခုအထိ ကျော်လွန်လာပါက ဆရာဝန်ဖြင့် တွေ့ဆုံခြင်းသည် အရေးကြီးသော ကုသမှု တစ်ရပ်ဖြစ်ပြီး ဆရာဝန်မှ အမျိုးသား၏ ခန္ဓာကိုယ်နှင့် သင့်တော်သည့် ဟိုမုန်း အားတိုးဆေးများကို ချိန်ဆပေးမည် ဖြစ်ပြီး အခြားကုသမှု များနှင့်အတူ ကာလတစ်ခု အတွင်း မိမိလိုချင်သော လိင်တံ တောင့်တင်းသည့် အနေအထားကို ပြန်လည် ရောက်ရှိလာမည် ဖြစ်သည်။ ထိုက်သင့်သော သွေးစစ်ဆေးခြင်းများမှ ဟိုမုန်း ပမာဏ တိုင်းတာခြင်းများ ပြုလုပ်ပြီးသင့်တော်သော ကုသမှုများကို ခံယူသင့်သည်။ ယခုအခါ ဟိုမုန်း ပမာဏ နိမ့်ကျနေသူများ အတွက် ဆီးလမ်းကြောင်း အတွင်းသို့ ဆေးဝါးတစ်ချို့ ထည့်ပေးခြင်းဖြင့် ဆီးသွားပြီးပါက လိင်တံတောင်းတင်းသော အနေအထားသို့ ရောက်ရှိ လာနိုင်အောင် ကုသပေးနိုင်ပြီ ဖြစ်သည်။ ထိုသို့ ဆေးဝါး သုံးစွဲထားပါက ငါးမိနစ်မှ ဆယ်မိနစ်အထိ လိင်တံတောင့်တင်းနေစေခြင်းဖြင့် လိင်ဆက်ဆံမှု ပြီးဆုံးသည့်တိုင် ဆက်လက် စွမ်းဆောင် သွားနိုင်မည် ဖြစ်သည်။
ကိရိယာ တန်ဆာပလာများ အသုံးပြုခြင်း။ ။ လေပြွန်များကို လိင်တံတွင် တပ်ဆင်ပြီး ရှေ့တိုးနောက်ငင် ပြုလုပ်၍ သွေးလွှတ်ကြောများကို နိုးကြား စေအောင် ပြုလုပ်သောနည်းကို ဈေးကွက်အတွင်း အလွယ်တကူ ၀ယ်ယူရရှိနိုင်သည့် အားလျော်စွာ အတော်များများလည်း သုံးစွဲနေကြလေ့ ရှိသည်။
သွေးလည်ပတ်မှု ကောင်းမွန်စေခြင်း။ ။အာရုံကြော တစ်ရှူးများ ကို ထိခိုက်စေတတ်သော ဖျားနာမှုများ ခံစားရပါက အဖျား မတာရှည်အောင် အလျင်အမြန် ကုသရမည်။ အာရုံကြောများ၏ ထိခိုက်မှုသည် လိင်တံ တောင့်တင်းမှု ရှိခြင်း၊ မရှိခြင်းနှင့် တိုက်ရိုက်ဆက်သွယ်လျက် ရှိသည်။ စတီးရိုက် ပါသော ဆေးဝါးများကို သုံးစွဲခြင်း၊ သွေးအလွန်အကျွံ မတိုးစေရန်လည်း ဂရုစိုက်ထိန်းသိမ်း သင့်သည်။ စိတ်ကျရောဂါ ဖြစ်ပေါ်သောအခါ သောက်သုံးရသော ဆေးဝါးများသည် လိင်တောင့်တင်းမှုကို အနှောင့်အယှုက် ဖြစ်စေသဖြင့် စိတ်ကျခြင်း မဖြစ်ရအောင် ဂရုစိုက်နေထိုင်ရမည်။
အထူးသတိပြုရန် အချက်အဖြစ် လိင်ဆက်ဆံ ခါနီးတွင် လိင်တံ မတောင့်တင်းပါက "င့ါကို မချစ်လို့ဘဲ၊ ငါမလှလို့ဘဲ၊ ငါက လိင်မှုရေးရာနဲ့ ပတ်သက်လို့ ဆွဲဆောင်မှု မရှိလို့ဘဲ" ဟု မိမိ၏ လိင်ဆက်ဆံဖေါ်က အထင်ရောက်သွားမည်ဟု အမျိုးသားတို့ အစိုးရိမ် လွန်တတ်ခြင်းမှာလည်း မှားယွင်းမှု တစ်ခုသာဖြစ်ကြောင်း နှင့် မိမိ၏ လိင်ဆက်ဆံဖေါ်အား အကောင်းဆုံး ရှင်းပြပြီး ဆက်ဆံဖေါ် စိတ်ကျေနပ်မှု ရရှိစေရန်အတွက် စွမ်းဆောင်ပေးနိုင်သော အခြားနည်းများဖြင့် ကာမသုခ အရသာများကို ဖြည့်စွမ်းခြင်းဖြင့် နှစ်ဦးသား ပြေလျော့သော ခံစားမှုကို ရရှိ နိုင်ပေ သေးသည်။
လာမည့်အပတ် တွင် "သင့် ဖွါးဖက်တော်လေး သေးငယ်နေတယ် ထင်ပါသလား" ဟူသည့် ဆောင်းပါးကို ဆက်လက် ဘာသာပြန်ပေးသွားမည် ဖြစ်ပါကြောင်း....

ဖိုမ ဆက်ဆံစဉ် အမျိုးသမီးများ အထွဋ်အထိပ်အရသာ ခံစားမှုကို ဘယ်လိုရနိုင်မလဲ...

ယနေ့ခေတ်၏ တွေ့ကြုံရ အများဆုံးသော လူတိုင်း၏ ဆန္ဒသည် ချစ်မှုရေးရာတွင် ကောင်းမွန်သော ဖိုမ ဆက်ဆံမှု တစ်ရပ်အတွက် စနစ်တကျ လိုက်နာ ဆောင်ရွက်ခြင်း မရှိသောကြောင့် ကျေနပ် သင့်သလောက် မကျေနပ်ရသည်များကို တွေ့ကြုံနေကြရသည်။ ကျေနပ်မှု အမြင့်ဆုံးအဆင့် (အထွဋ်အထိပ်) အရသာသို့ ရောက်ရှိခြင်းသည် အလိုအလျောက် ရောက်ရှိလာရခြင်းမျိုး မဟုတ်ဘဲ ပျိုးယူမှသာ ရနိုင်သည့် ကျေနပ်မှု အရသာ ကောင်းမျိုး ဖြစ်သည်။

အမျိုးသမီးများ အနေဖြင့် သာမန် ကျေနပ်နှစ်သိမ့်မှုဖြင့် ကျန်ရစ်နိုင်ခဲ့သည့် တိုင်အောင် သူမ၏ လိင်ဆက်ဆံဖေါ် အနေဖြင့် ကျေနပ်မှု ရချင်မှလည်း ရနိုင်ပေမည်။ အဘယ်ကြောင့် ဆိုသော် သူမအနေဖြင့် လိင်ဆက်ဆံမှု၏ အရသာထူးကို အပြည့်အ၀ ခံစားတတ်သော အပြုအမူ မရှိခြင်းသည် တစ်ဖက် အမျိုးသား အတွက် စိတ်အနှောင့်အယှုက် ဖြစ်စရာ ဖြစ်သည်။ (ခံစားမှု ကောင်းနေပါက ကောင်းနေသည့် အပြုအမူမျိုး မရှိခြင်း မရှိဘဲ သစ်တုံးတစ်တုံးကဲ့သို့ ပြုမူနေခြင်းကို ဆိုလိုသည်။)

ဖိုမ ဆက်ဆံရေးသည် လူသားတိုင်း အတွက် နှစ်သိမ့် ကျေနပ်မှုကို အပေးနိုင်ဆုံးသော အရာဖြစ်ပြီး အလုပ်တစ်ခုကဲ့သို့ ပြီးလွယ် စီးလွယ်နှင့် ဖြစ်မြောက် လောက်ရုံ ဆောင်ရွက်သင့်သော ကိစ္စမျိုး မဟုတ်ပေ။ မိမိတို့၏ ချစ်ဖေါ် နှင့် ဆက်ဆံကြသော အမျိုးသမီး အများစုသည် တစ်ကြိမ်မှ အထွဋ်အထိပ် မရောက်ဖူးသူများ ရှိသလို အလွန်နည်းပါးသော စိတ်ကျေနပ်မှုသာ ရခြင်းများလဲ ရှိတတ်ကြသည်။ ထိုရလဒ်များ၏ အဖြေသည် စိတ်အနှောင့်အယှုက် ဖြစ်စေခြင်းသို့ ပြောင်းလည် ဦးတည် သွားတတ်ပြီး ကာမ၏ အရသာကို နှစ်သက် ခံစားတတ်ခြင်းလည်း လျော့နည်း သွားတတ်ပေသည်။

အမျိုးသမီးများ၏ လိင်ဆက်ဆံမှု အပေါ် နှစ်သက်ကြပုံမှာ တစ်ဦးနှင့် တစ်ဦးမတူဘဲ ကွဲပြားနေခြင်းကလည်း ပြဿနာ တစ်ခုဖြစ်သည်။ တစ်ချို့မှာ ချစ်မှုရေးရာကို ပွင့်လင်းစွာ ခံစားတတ်ကြပြီး တစ်ချို့မှာ မပွင့်တစ်ပွင့်နှင့် အလိုမကျမှုများကိုသာ ဖေါ်ပြ လိုတတ်ကြသည်။ ထိုသို့ ဖြစ်ပျက်ခြင်း၏ အခြေခံ အကြောင်းအရာမှာ မိဘများ အနေဖြင့် သမီးပျိုများကို ကိုယ်ဝန်ရရှိသွားမည် စိုးရိမ်သောကြောင့် အလွန်အကျုံ ဖိနှိပ်ချူပ်ချယ်မှုများ ရှိခဲ့ခြင်း ကလည်း တစ်ကြောင်း အဖြစ် ပါဝင်သည်။



ချူပ်ချယ်မှုများဖြင့် ကြီးထွားလာကြသော မိန်းမပျိုများသည် လိင်ဆက်ဆံဖေါ် တစ်ဦှးနှင့် ရင်ဆိုင်ကြုံတွေ့ လာရပါက ဘယ်က စ၍ ဘာကို လုပ်ရမှန်း မသိတော့ဘဲ အရှက်သည်း မှုများကြောင့် လိုရင်း မရောက်သည်များ ဖြစ်လာရသည်။ အထွဋ်အထိပ် အတွေ့အကြုံ မရှိဖူးသော အမျိုးသမီးများသည် သူမတို့ ကိုယ်တိုင်၏ ကျေနပ် နှစ်သိမ့်မှုကိုလည်း မရှာဖွေတတ်ကြသလို လိင်ဆက်ဆံဖေါ်၏ ကျေနပ်နှစ်သိမ့်မှု အတွက်လည်း မည်သို့ မည်ပုံ ပံ့ပိုးရမည်ကို နားလည် တတ်သိမှု မရှိကြချေ။

လိင်မှု ကိစ္စ ဆိုသည်မှာ တစ်ဦးတည်း ပြီးမြောက် ပျော်ရွှင်၍ ရသော ကိစ္စမျိုး မဟုတ်ဘဲ ပူးပေါင်း ပါဝင်မှု ရှိမှသာ ကောင်းမွန်သည့် ခံစားချက်မျိုး ရှိလာမည့် ကိစ္စမျိုး ဖြစ်သည်။ လိင်ဆက်ဆံသည့် သူများ အနေဖြင့် ဆက်ဆံနိုင်သည့် အသက်အရွယ် ခန္ဓာကိုယ် အနေအထားရှိပြီ ဆိုပါက မိမိကိုယ်ကိုယ် မိမိ မည်သည့် ကာမ အင်္ဂါများကို လှုံ့ဆော် နှိုးဆွပါက ပိုမိုထိရောက်မှု ရှိသည်ကို သိရှိထားရန် မိမိကိုယ်မိမိ အသိပေးထားရန် လိုအပ်သည်။

ထိုကဲ့သို့ အသိပေးခြင်းသည် မှားယွင်းသော လှုံ့ဆော်မှုမျိုး မဟုတ်ဘဲ လိင်ပိုင်းဆိုင်ရာ ကုသသူများပင်လျင် ဆေးညွန်း တစ်ခုအဖြစ် အသုံးပြုနေသော အခြေခံ အချက်တစ်ခု ဖြစ်သည်။ အမျိုးသမီး၏ ယောနိ အင်္ဂါတစ်ခုလုံးကို နှိုးဆွခြင်းသည်သာ လိင်စိတ်ထကြွ စေသည်မဟုတ်ဘဲ လွန်းပုံသဏ္ဍန်ရှိသော အင်္ဂါ၏ ထိပ် (အစေ့) ကလေးကို အနည်းငယ် နှိုးဆွရုံမျှပင် ခံန္ဓာကိုယ် အတွင်းပိုင်းမှ အာရုံကြောများ နှိုးကြွလာခြင်း၏ အထွဋ်အထိပ် အရသာကို ခံစား ရရှိနိုင်ပေသည်။ ထိုကဲ့သို့ နှိုးကြွမှုသည် တစ်မြေ့မြေ့နှင့် အရိုင်းဆန်သော အသွင်သို့ ကူးပြောင်းသွားပြီး ကျေနပ်မှု ပြည့်ဝ သွားပါက ငြိမ်သက်မှုနှင့် ပြေလျော့သော ခံစားမှုများကို ရရှိနိုင်သည်။



အချို့သော အမျိုးသမီးများသည် မိမိကိုယ်တိုင် စိတ်အာသာ ဖြေလျော့ခြင်းများကို လေ့လာ နားလည် ထားကြပြီး အထူးသဖြင့် ဆယ်ကျော်သက် များတွင် ပိုမိုနားလည် လွယ်ကြသည်။ ထိုသို့ ကိုယ်တိုင် စိတ်ဆန္ဒဖြေဖျောက်သော အလေ့အကျင့် ရှိသူများသည် လိင်ဆက်ဆံဖေါ်မှ ထိုကဲ့သို့ နှိုးဆွပေးသော အခါမျိုးတွင် အပြည့်အ၀ မကျေနပ် ကြသူများလည်း ရှိကြသည်။ ထိုသို့ နှိုးဆွမှုသည် တုန်ရင်သော ခံစားမှုကို အဓိက ခံစားရလေ့ရှိကြောင်း အထက်တွင် ဖေါ်ပြခဲ့ပြီးဖြစ်သည်။

မိမိကိုယ်တိုင် လုပ်ဆောင် ခံစားနိုင်သော ထိုသို့ နှိုးဆွမှုမျိုးကို အခြားသူ တစ်ဦးဦး၏ အကူအညီဖြင့်လည်း ရယူလိုစိတ် မရှိကြတော့ပေ။ ထို့ကြောင့် တစ်ဦးတည်းက ဦးဆောင်၍ နှိုးဆွခြင်းမျိုးကို ပြုမူခြင်းထက် ကာမ ဆက်ဆံဖေါ် နှစ်ဦးစလုံးက အပြန်အလှန် ရုပ်ပိုင်းဆိုင်ရာ လိင်ပိုင်းဆိုင်ရာ နှိုးဆွခြင်းသည်သာ အထိရောက်ဆုံး ဖြစ်သည်။ ထိုသို့ နှိုးဆွရာတွင် ခရမ် သို့မဟုတ် အဆီတစ်မျိုးမျိုးကို သုတ်လိမ်းပြီး တစ်ဦးနှင့် တစ်ဦး ပွတ်နယ်ပေးခြင်းကို စုံတွဲ အတော်များများ နှစ်သက်ကြသည်။

နှိုးဆွမှုမှ အခြေအနေ တစ်ခုသို့ ရောက်ရှိပြီ ဆိုပါလျင် လိင်ဆက်ဆံနိုင်သော ခန္တာကိုယ် အစိတ်အပိုင်းများကို ပိုမိုထိတွေ့ ပွတ်သတ်ပေးခြင်းဖြင့် နှစ်ဦးစလုံး၏ စိတ်ကျေနပ် နှစ်သိမ့်မှုကို ရယူရန် အသင့်ဖြစ်နေပြီ ဖြစ်သည်။ ယခုခေတ်၏ အမျိုးသမီးများ တစ်ကိုယ်ရေ ဖျော်ဖြေမှုတွင် အသုံးပြုသည့် ကျားအင်္ဂါအတု (Vibrator) သည် အလွန်ခြားနားသော ကာမ တုန့်ပြန်မှုများကို ပေးလေ့ရှိသည်။

ကျားအင်္ဂါအတု၏ ပုံစံပြုလုပ်မှုတွင် လျပ်စီးလမ်းကြောင်းတစ်ခုဖြင့် စီမံထားသော သွားပွတ်တံ အငယ်ကလေး တစ်ခုကဲ့သို့ ရာဘာသားဖြင့် အမျိုးသမီး၏ အထွဋ်အထိပ်ရောက်နိုင်သော အင်္ဂါအစေ့လေး ထိပ်နှင့် တစ်ထပ်တည်း ကျနေစေရန် ဖန်တီးထားပြီး ထိုစက်ကို အသုံးပြုနေချိန် ကာလ တစ်လျောက်တွင် ဖေါ်မပြနိုင်သော ကျေနပ်မှုများဖြင့် စခန်းသွား နေရမည်ဖြစ်သည်။ အချို့သော အမျိုးသမီးများသည် တစ်ကိုယ်ရေ ဖျော်ဖြေမှုကို လိင်အင်္ဂါအတု၏ အကူအညီဖြင့် အလွန်အကျွံ ခံစားထားပါက လိင်ဆက်ဆံချိန်တွင် အလားတူ ကျေနပ်နှစ်သိမ့်မှုမျိုး ရရှိနိုင်တော့မည် မဟုတ်ဘဲ အားမလို အားမရ ဖြစ်သွားတတ်သည်။

လိင်ဆက်ဆံသူတိုင်း၏ ပြီးပြည့်စုံသော ပျော်ရွှင်မှုမှာ နှစ်ဦးစလုံး အပြန်အလှန် ကြင်နာမှုဖြင့် စတင်ခဲ့ပြီး ဆုံးခန်းတိုင် အထွဋ်အထိပ် အရသာကို ရှေ့ဆင့် နောက်ဆင့် အတူတကွ ခံစားရရှိခြင်းကို တွေ့ကြုံရမှသာ လိင်မှုဆက်ဆံရေး၏ အနှစ်အရသာကို ခံစားကြရမည် ဖြစ်သည်။ အမျိုးသားများ အနေဖြင့် မိမိ၏ နှိုးဆွမှုသည် အမျိုးသမီးအပေါ် အရာမထင် ဖြစ်နေပါက ထိုအခြေအနေသည် အရေးတစ်ကြီး ပြဿနာ တစ်ခုမဟုတ်ဘဲ အခြားသော အဆင်ပြေနိုင်မည့် နှိုးဆွမှု ပုံသဏ္ဍတစ်မျိုးကို ထိုအချိန်တွင် ပြောင်းလဲ စမ်းသပ်ကြည့်နိုင်သည်။



လိင်ဆက်ဆံမှုတွင် အမျိုးသားများ အနေဖြင့် အမျိုးသမီး၏ ပါဝင်လာလိုစိတ် နှိုးဆွခြင်းသည် အလွန်အရေးကြီးသော အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ အမျိုးသားများ အနေဖြင့် မည်သည့် အခြေအနေတွင် အမျိုးသမီးများ အထွဋ်အထိပ် အနေအထားကို ရောက်ရှိသည် ဆိုသည်ကိုလည်း တတ်သိ နားလည်ထားရန် လိုအပ်သည်။ ထိုကဲ့သို့ နားလည်ထားမှသာ သူမ၏ ကြွက်သားများကို အထိအခိုက်မရှိဘဲ လိုတိုး ပိုလျော့ ဆက်ဆံမှု ပုံသဏ္ဍန်သို့ လမ်းကြောင်း ပြောင်းပေးနိုင်မည် ဖြစ်သည်။ ဥပမာ အားဖြင့် သူမ၏ နောက်ကြောများ ကွေးညွတ်လာပြီး ဦးခေါင်း အနောက် လန်သွားသည့် အချိန်သည် သူမ၏ အထွဋ်အထိပ် ခံစားမှု အမြင့်ဆုံး ရောက်၇ှိရန် အကောင်းဆုံး အခြေအနေ ဖြစ်သည်။ သူမ၏ ကျေနပ်မှုကို အလိုက်သင့် ပုံစံဖြင့် ထိန်းပေးထားနိုင်ပါက သူမသည် ပြီးပြည့်စုံသော အကောင်းဆုံးသော ကာမ ဆက်ဆံမှု ရရှိစေမည် ဖြစ်သည်။

အမျိုးသမီးများအနေဖြင့် လိင်မှုကိစ္စ ဆက်ဆံတိုင်းတွင် စိတ်ကျေနပ်မှု အပြည့်အဝေ ရရှိခြင်းမှာ တစ်ဆင့်ပြီး တစ်ဆင့်သာ ဖြစ်လေ့ရှိပြီး အကြိမ်တိုင်း ဖြစ်လေ့ မရှိချေ။ အချို့သော စုံတွဲများသည် ၄င်းတို့နှင့် သင့်တော်မည့် လိင်ဆက်ဆံမှု ပုံစံများကို မကြာခဏ ဆိုသလို ပြောင်းလဲ ဆက်ဆံခြင်းဖြင့် ကျေနပ်မှု ရရှိရန် ကြိုးစားလေ့ ရှိကြသည်။ လိင်မဆက်ဆံမှီ အရက် အလွန်အကျွံသောက်သုံး ခြင်းသည် အမျိုးသမီး၏ ယောနိအင်္ဂါမှ ထွက်သော အရည် ခြောက်ခမ်းမှုကို ဖြစ်စေပြီး လိင်အင်္ဂါများသို့ သွေးပို့လွှတ်သော ပမာဏကိုလည်း လျော့နည်းစေသည်။ ထိုသို့ နည်းပါးခြင်းက အမျိုးသမီး၏ လိင်ဆက်ဆံချိန် ကာလတွင် နာကျင်ခြင်းများကို ဖြစ်ပေါ် စေသည်။

အမျိုးသမီးများတွင် အထွဋ်အထိပ် ရရှိချိန် နည်းပါးသော အခြား အကြောင်းပြချက်များ အဖြစ် ကလေး မွေးဖွါးပြီး ကာစ သို့မဟုတ် ရာသီသွေး ဆင်းပြီးကာစ အချိန်များတွင် ဖြစ်လေ့ရှိသည်။ စိတ်ကျရောဂါ ခံစားနေရချိန်တွင်လည်း ကာမ ဆက်ဆံခြင်းများကို လိုလားနှစ်သက်ခြင်း ရှိလိမ့်မည်မဟုတ်ပေ။ အခြား အကြောင်းတစ်ခုမှာ ဆိုးရွားသော လိင်ဆက်ဆံဖေါ်နှင့် ကြုံတွေ့ခဲ့ဖူးသည့် အမျိုးသမီးများတွင်လည်း အထွဋ်အထိပ် အရသာကို ခံစားနိုင်ခြင်း နည်းပါးကြသည်။

Tuesday, November 16, 2010

*နေရာ*

တခါက တက္ကသိုလ် တခု၏ ဟောပြောပွဲ တခုတွင် ဖြစ်သည်။ ဟောပြောမည့် ဆရာမှာ နာမည်ကြီး
ဆရာတဦးဖြစ်သောကြောင့် ခန်းမတခုလုံး ပြည့်လုနီးပါး ရှိနေပြီ။
ကျွန်တော်ရောက်သွားချိန်တွင် လူအများက လမ်းဘေးဝဲယာ စင်္ကြ့တလျောက်တွင်
နေရာဦးထားပြီးဖြစ်သည်။ အ၀င် အထွက်ခက်သော အလယ်ခုံနှင့် နောက်ဆုံးခုံများတွင်
နေရာလွတ် အနည်းငယ် ကျန်နေသေးသဖြင့် နေရာလွတ်တခုတွင် ကျွန်တော် ထိုင်လိုက်ပြီး
စင်ပေါ်သို့လှမ်းကြည့်မိလိုက်သည်။ ဆရာမှာ ရောက်နှင့်နေပြီဖြစ်သည်။

ဟောပြောပွဲသို့ ကျောင်းသားများ တဖွဲဖွဲ ထပ်ရောက်လာပြီး တခဏချင်း ခန်းမတခုလုံး
ပြည့်သွားသည်။ ဟောပြောပွဲစသောအခါ ဆရာက စင်ပေါ်မှ ဆင်းပြီးခန်းမ၏
နောက်ဆုံးခုံတန်းထိ လျောက်သွားသည်။ ထိုနောက် အလယ်ခုံတွင် ထိုင်နေသော
ကျောင်းသူတဦးအား ထိုးပြကာ ကျောင်းသားများဖက် လှည့်ပြီး " တပည့်တို့ ဟောပြောပွဲ
မစခင် ဒီကျောင်းသူကို ဆရာအရင်ဆုံး ဂါရ၀ပြုပါရစေ" ပြောရင်းဆိုရင်း ဆရာက
ထိုကျောင်းသူအား ဦးညွှတ် အလေးပြုလိုက်သည်။

ခန်းမမှာ ခဏမျှ အပ်ကျသံပင် မကြားလောက်အောင် တိတ်ဆိတ်သွားခဲ့သည်။ ဘာကြောင့်
ထိုကျောင်းသူအား ဆရာက အလေးပြုရသလဲ... လူအများက သိချင်နေကြသည်။ ဆရာက အလေးပြုရာမှ
ဦးမတ်လိုက်ပြီး ညင်သာသော အသံဖြင့် " ဆရာသူ့ကို အလေးပြုရတဲ့ အကြောင်းက သူဟာ
အထဲဆုံးခုံကို ရွေးခဲ့လို့ပဲ" ဆရာ၏ စကားကို ကြားသော် ကျောင်းသားများက
လှုပ်လှုပ်ရွရွဖြစ်လာကြပြီး တယောက်တပေါက် တီးတိုး ထင်မြင်ချက်တွေပေးကြသည်။

ဆရာက ဆက်၍.... "ဆရာဟာ ဒီခန်းမကို အရင်ဦးဆုံး ရောက်လာခဲ့သူပါ။
ကျောင်းသူကျောင်းသားတွေ ခန်းမထဲ စ၀င်လာတာကို ဆရာထိုင်ပြီး သတိထား
ကြည့်နေခဲ့တယ်။ အရင်လာတဲ့ ကျောင်းသားတွေဟာ ၀င်လာတာနဲ့ နေရာကောင်းတွေကို
ဦးထားကြတယ်။ စင်နဲ့နီးတဲ့ လမ်းဘေး ၀ဲယာတလျောက်ဟာ သူတို့အတွက် အကောင်းဆုံး
နေရာပေါ့။ ၀င်လို့ ထွက်လို့ကောင်းမယ်။ စင်နဲ့လည်း နီးတော့ ကောင်းကောင်း
ကြားရတာပေါ့။ ဒီကျောင်းသူဝင်လာတော့ ဆရာသတိထားမိတယ်။ သူဝင်လာတုန်းက စင်နဲ့
နီးတဲ့ နေရာတွေမှာ နေရာလွတ်တွေ ရှိနေသေးတယ်။ ဒါပေမဲ့
သူဟာနောက်ဆုံးတန်းထိလျောက်ပြီး အထဲဆုံးမှာ သွားထိုင်နေတယ်။ အဲဒီနေရာက
ဝင်လို့ထွက်လို့လဲ မလွယ်ဘူး။ သူဟာ နေရာကောင်းကို တခြားလူအတွက် ချန်ပေးပြီး
ကိုယ့်အတွက် ကျတော့  မကောင်းတဲ့ နေရာကို ယူတယ်။သူ့ရဲ့ ဒီလိုစိတ်ဓာတ်ကို
လေးစားပြီး အလေးပြုဖို့ မသင့်ပေဘူးလား"

ဆရာက ဆက်၍ "နောက်ပိုင်း ဆရာ သတိထားမိတယ်။ နေရာကောင်းလို့ ထင်ပြီး ရွေးလိုက်တဲ့
ကျောင်းသားတွေဟာ ပိုဒုက္ခရောက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ရှေ့ခုံနဲ့နောက်ခုံရဲ့
အကွာအဝေးဟာ ကျဉ်းတယ်။ နောက်ရောက်လာတဲ့ ကျောင်းသားတွေက အထဲကို ၀င်ချင်ရင် အပြင်
နေရာကောင်းမှာ ထိုင်နေတဲ့ လူတွေက ထထပေးရတယ်။ ဆရာ ခန့်မှန်းကြည့်တော့
နာရီဝက်အတွင်းမှာ အဲလို "နေရာကောင်း" ကိုယူထားတဲ့ ကျောင်းသားတွေ ထထပြီး
လမ်းဖယ်ပေးရတာ ဆယ်ခါမကာဘူး။ အဲ.... ဟိုနောက်ဆုံး အထဲဆုံးမှာ ထိုင်နေတဲ့
ကျောင်းသူကတော့ ထပေးစရာမလိုဘဲ ငြိမ်ငြိမ်သက်သက်နဲ့ အနှောင့်အယှက်ကင်းကင်း
သူ့စာအုပ်ကို သူဖတ်နေခဲ့တယ်။"

ဆရာက ခဏနားပြီး ခန်းမ တခုလုံးကို အကဲခတ် ကြည့်လိုက်သည်။ ထို့နောက် အားပါသော
လေသံဖြင့်.....
*" တပည့်တို့ မှတ်ထားကြပါ။ ကိုယ့်စိတ်ထဲမှာ ကိုယ့်အတွက်ပဲလို့ ထင်လိုက်တဲ့
အချိန်မှာ ဒုက္ခဟာလဲ ကိုယ့်အတွက်ဖြစ်သွားတယ်။ ကိုယ့်စိတ်ထဲမှာ သူ့တပါးအတွက်လို့
ထင်လိုက်တဲ့ အချိန်မှာ သူတပါးက ကိုယ့်အတွက် အဆင်ပြေမူတွေကို မသိမသာနဲ့
ပေးနေခဲ့တယ်"*

ဆရာ့စကားသံ အဆုံး ခန်းမတခုလုံး သြဘာသံများဖြင့် ဟိန်းသွားခဲ့သည်။
လက်ရှိဖြစ်ပျက်နေသော အဖြစ်တခုဖြင့် ဥပမာပေးပြီး ဆရာက လူ့ဘ၀တွင် ဆင်ခြင်သုံးသပ်
သင့်သည့်အရာကို ရှင်းပြသွားခဲ့သည်။

အခွင့်အရေး

ကျွန်တော်၊ ဇနီးနဲ့ နှစ်နှစ်သမီးလေး Oregon State မှာရှိတဲ့ Red River Valley တစ်နေရာမှာ ချောင်ပိတ်မိနေခဲ့တယ်။
လူသူအရောက်နည်းတဲ့ နှင်းတလင်းပြင်မှာ ကျွန်တော်တို့ကား ပျက်သွားလို့ဖြစ်တယ်။

နှစ်နှစ်ကြာ လေ့ကျင့်ခဲ့ရတဲ့ ဆရာဝန်သင်တန်းပြီးတဲ့ အထိမ်းအမှတ်အနေနဲ့ ပျော်ပွဲကျင်းပဖို့ ကျွန်တော်တို့ မိသားစု
ခရီးထွက်ခဲ့ကြတယ်။ ဒါပေမယ့် သင်ခဲ့တဲ့ဆေးပညာနဲ့ ပျက်နေတဲ့ကားတစ်စီးကို ကောင်းအောင် ကျွန်တော် မလုပ်နိုင်ခဲ့ဘူး။

ဒီအဖြစ်က အနှစ်၂ဝရှိခဲ့ပြီ ဆိုပေမယ့် အခုချိန်ထိ ကျွန်တော့်မှတ်ဥာဏ်ထဲမှာ Oregon State က ကောင်းကင်ပြာလိုပဲ
ကြည်လင်နေဆဲဖြစ်တယ်။ အဲဒီနေ့မနက်က အိပ်ရာနိုးတာနဲ့ မီးဖွင့်ဖို့ ကျွန်တော်ကြိုးစားခဲ့တယ်။ ဒါပေမယ့် အမှောင်ထဲမှာ
ကျွန်တော်တို့ ပိတ်မိနေပြီ ဆိုတာကို ကျွန်တော်သတိထားလိုက်မိတယ်။ ကြိုးစားပြီး ကားစက်ကို ကျွန်တော်နိုးကြည့်ပေမယ့်
အရာမရောက်ခဲ့ဘူး။ ကားထဲကနေ ကျွန်တော်ထွက်ပြီး စိတ်တိုတိုနဲ့ အော်ဟစ်ကျိန်ဆဲလိုက်မိတယ်။ ဒါပေမယ့်
ကျွန်တော်ဆဲဆိုသံကို ပတ်ဝန်းကျင်အမှောင်က ဖုံးအုပ်ခဲ့တယ်။

ကားက ဘက်ထရီကုန်သွားလို့ ဖြစ်မယ်လို့ ဇနီးနဲ့ကျွန်တော် တိုင်ပင်ဆွေးနွေးခဲ့ကြတယ်။ ကျွန်တော့်ခြေထောက်တွေက
ကျွန်တော်ကားပြင်တဲ့ အတတ်ထက် ပိုကောင်းတဲ့အတွက် ကားလမ်းမကြီးပေါ်အထိ လမ်းလျှောက်ပြီး
အကူအညီတောင်းဖို့ ကျွန်တော်ဆုံးဖြတ်တယ်။ ဇနီးနဲ့သမီးကိုတော့ ကားပေါ်မှာ စောင့်ခိုင်းစေခဲ့တယ်။

အချိန် ၂နာရီ ကြာပြီးနောက် အဆစ်လွဲသွားတဲ့ ခြေထောက်တစ်ဖက်နဲ့ လမ်းမကြီးပေါ် ကျွန်တော် ထော့နဲ့ထော့နဲ့
ရောက်လာခဲ့တယ်။ သစ်တွေတင်ထားတဲ့ ကားတစ်စီးကိုတွေ့လို့ ကျွန်တော်လက်ပြ အကူအညီတောင်းလိုက်တယ်။
အဲဒီ သစ်တင်ကားက ကျွန်တော့်ကို ဓာတ်ဆီဆိုင်တစ်ဆိုင် အရောက်မှာ ဆင်းခိုင်းခဲ့ပါတယ်။

ဓာတ်ဆီဆိုင်ထဲ ကျွန်တော်လှမ်းဝင်လိုက်တယ်။ ရုတ်တရက် တနင်္ဂနွေနေ့ ဆိုင်ပိတ်တယ်ဆိုတဲ့ အတွေးက
ကျွန်တော့်စိတ်ကို တောင့်တင်းသွားစေခဲ့တယ်။ ဒါပေမယ့် အများသုံးဖုန်းနဲ့ စုတ်ပဲ့ဟောင်းမြေ့နေတဲ့ ဖုန်းစာအုပ်တစ်အုပ်က
ကံကောင်းစွာနဲ့ အဲဒီနေရာမှာ ရှိနေခဲ့တယ်။ မိုင် ၂ဝကျော်လောက်ဝေးတဲ့ မြို့တစ်မြို့က တစ်ခုတည်းသော ကားဝပ်ရှော့ကုမ္ပဏီကို
ကျွန်တော်ဖုန်းဆက်လိုက်တယ်။ ကားပြင်ဆရာ ပေါ့ပ်က ကျွန်တော်ရှင်းပြတဲ့ အခက်အခဲကို နားထောင်ပြီး "ကောင်းပြီ" လို့ အဖြေပေးတယ်။

နေရာအတည်တကျ သူ့ကို ကျွန်တော်ပြောပြလိုက်တယ်။

"တနင်္ဂနွေနေ့တိုင်း ကျွန်တော်နားတယ်။ ဒါပေမယ့် ကိစ္စမရှိဘူး.. နာရီဝက်အတွင်း အဲဒီနေရာကို ကျွန်တော်လာခဲ့မယ်"

ပေါ့ပ်အပြောကြောင့် ကျွန်တော်သက်ပြင်းချနိုင်ခဲ့တယ်။ ဒါပေမယ့် ကားပြင်စရိတ် သူပိုတောင်းမှာကို ကျွန်တော်စိုးရိမ်မိပြန်တယ်။

အနီရောင် လက်လက်ထနေတဲ့ ကရိန်းကားကို မောင်းပြီး ပေါ့ပ်ရောက်လာခဲ့တယ်။ သူကားနဲ့ ကားပျက်တဲ့နေရာကို ကျွန်တော်တို့
ရောက်လာခဲ့ကြတယ်။

နေရာအရောက် ကားပေါ်က ကျွန်တော်ခုန်ချပြီး ပေါ့ပ်ကိုလှည့်ကြည့်တဲ့အခိုက် ကျွန်တော် အံ့သြတုန်လှုပ်သွားခဲ့မိတယ်။
ချိုင်းထောက်နှစ်ဖက်ကို အားပြုပြီး ပေါ့ပ် ကားပေါ်က ဆင်းလာတာကို တွေ့လိုက်တယ်။ သူ့အောက်ပိုင်းတစ်ခုလုံးက
ဗလာကြီးဖြစ်လို့.. ချိုင်းထောက်ကို အားပြုပြီး ကားပြင်ဖို့ ပေါ့ပ်ပြင်ဆင်နေချိန် ကျွန်တော်ခေါင်းထဲ ကိန်းဂဏန်းတစ်ချို့
ပေါ်လာပြန်တယ်။ ကျွန်တော့်ကို ကားပြင်ခ သူဘယ်လောက်တောင် တောင်းလိုက်မလဲ?

"သြော်... ကားက ဘက်ထရီကုန်သွားတာ.. ဘက်ထရီအား ခဏသွင်းလိုက်တာနဲ့ ခင်ဗျားတို့ လွတ်လွတ်လပ်လပ် ခရီးဆက်နိုင်ပြီ"

ပေါ့ပ်က ဘက်ထရီကို အားသွင်းလိုက်တယ်။ ဘက်ထရီသွင်းနေတုန်း ကျွန်တော့်သမီးကို ပေါ့ပ်က အပျော်မျက်လှည့်ပြနေခဲ့တယ်။
ဓာတ်အားသွင်းပြီး ကြိုးတွေ ပေါ့ပ်သိမ်းဆည်းနေတဲ့အချိန် ကုန်ကျစရိတ်ကို ကျွန်တော်မေးလိုက်တယ်။

"ဟာ... မလိုပါဘူး.. ပေးစရာ မလိုပါဘူး" ပေါ့ပ်အဖြေက ကျွန်တော့်ကို တွေဝေသွားစေခဲ့တယ်။ ကျွန်တော် ထပ်မေးလိုက်ပြန်တယ်။

"မလိုပါဘူးဗျာ.. ကျွန်တော် ဗီယက်နမ်မှာတုန်းက ဒီထက်ဆိုးတဲ့ အခက်အခဲကိုတောင် လွတ်မြောက်လာနိုင်ခဲ့သေးတာပဲ။
အဲဒီတုန်းက ကျွန်တော်ခြေနှစ်ချောင်းလုံး ပြတ်သွားခဲ့တယ်။ ကျွန်တော့်ကို ကယ်ခဲ့တဲ့လူက ဒီအကြင်နာကို
ထပ်လက်ဆင့်ကမ်းဖို့ မှာခဲ့တယ်။ ဒါကြောင့် ကျွန်တော့်ကို ခင်ဗျားတစ်ပြားမှ ပေးစရာမလိုဘူး။ ဒါပေမယ့် တစ်ခုတော့
မှတ်ထားပေးပါ။ အခွင့်အရေးရတာနဲ့ ဒီအကြင်နာကို တစ်ခြားလူဆီ လက်ဆင့်ပြန်ကမ်းပေးပါ"

Good Tips for Everything!

ကျွန်မတို့တွေ လူမှုဘ၀မှာ ရှင်သန်နေထိုင်ဖို့ဆိုရင်
ငွေကြေးတောင့်တင်းဖို့အပြင် ကျန်မားရေးကောင်းဖို့၊ ရုပ်ရည်ရူပကာ လှပဖို့၊
လူမှု့ဆက်ဆံရေး ချောမွေ့ အဆင်ပြေစေဖို့ စတာတွေကလည်း မလွဲမသွေ
လိုအပ်ပါတယ်ရှင်။ တစ်နေ့က ကျွန်မရဲ့ Mail Box ထဲကို ရောက်လာတဲ့ Forward
Mail တစ်စောင်ထဲက အကြောင်းအရာတွေကို ကြိုက်နှစ်သက်တာနဲ့ ဒီမှာပြန်လည်
ဖော်ပြပေးလိုက်ပါတယ်ရှင်။ အရေးကြီးတဲ့ အချက် 40 တိတိကို
ရေးသားဖော်ပြထားတာ တွေ့ရပါတယ်။

ကျန်းမာရေး ကောင်းဖို့အတွက် ဆိုရင်


1. ရေများများသောက်ပါ

2. မနက်စာကို ဘုရင်လိုစား၊ နေ့လည်စာကိုတော့ မင်းသားလေးလိုစား၊ ညစာကိုတော့
သူတောင်းစားလို စားပါတဲ့။ (အားလုံး နားလည်ကြမှာပါနော်)

3. သစ်ပင်ပေါ်က ရတဲ့ ဟင်းသီး ဟင်းရွက်တွေကို များများစားပေးပါ၊

4. ဘ၀မှာ 3 E နဲ့ ရှင်သန် နေထိုင်ပါ — Energy, Enthusiasm နဲ့ Empathy
တို့ဖြစ်ပါတယ်။

5. တရားထိုင်ခြင်း၊ ယောဂ ကျင့်ခြင်း၊ ဘုရားရှိခိုးခြင်း တို့ကိုလည်း
ပြုလုပ်ပေးသင့်ပါတယ်။

6. ကစား ခုန်စားလည်း များများ ပြုလုပ်ပေးဖို့ လိုအပ်တယ်။

7. သင် 2008 ခုနှစ်မှာ ဖတ်ခဲ့တဲ့ စာအုပ်အရေအတွက်ထက် ဒီနှစ်မှာ များများပိုဖတ်ပါ။

8. တစ်ရက်မှာ 10 မိနစ်လောက် ဆိတ်ဆိတ်နေကြည့်ဖို့ကိုလည်း ကြိုးစားကြည့်သင့်တယ်။

9. တစ်ရက်မှာ 7 နာရီလောက်တော့ အနည်းဆုံး အိပ်သင့်ပါတယ်။ (ကျွန်မဆို 10
နာရီလောက် အိပ်တာ)

10. တစ်ရက်မှာ 10 မိနစ်ကနေ နာရီဝက်လောက်ထိ လမ်းလျှောက်သင့်ပါတယ်။
လမ်းလျှောက်နေစဉ်မှာလည်း မျက်နှာလေးကို ခပ်ပြုံးပြုံးလေး နေပေးရမယ်နော။
(အရူးလို့တော့ မထင်လောက်ပါဘူးနော်..: P)


Personality:

11. ကိုယ့်ဘ၀ကို သူများတွေနဲ့ မယှဉ်ပါနဲ့။ သူတို့ ဘာလမ်းကြောင်းကို
လျှောက်လမ်းနေတယ်ဆိုတာ သင် မသိနိုင်ဘူးလေ။

12. ကိုယ်မထိမ်းချုပ်နိုင်တဲ့ အရာတွေပေါ်မှာ မကောင်းမြင်စိတ်တွေ
မထားပါနဲ့။ အဲ့ဒါတွေကြောင့်လည်း စိတ်ဆင်းရဲ မနေပါနဲ့။ လက်ရှိ
ကိုယ့်မှာရှိနေတာလေးကို တန်ဘိုးထားပြီး ဒါတွေကိုပဲ ပိုကောင်းအောင်
လုပ်လိုက်ပါ။

13. အလုပ်တွေကိုလည်း အလွန် အကျွံ မလုပ်ပါနဲ့.. Limit တစ်ခုထိပဲ လုပ်တာ ကောင်းပါတယ်။

14. ကိုယ့်ကိုကိုယ် သိပ်ပြင်းပြင်းထန်ထန်ကြီး မခိုင်းစေပါနဲ့။ ဘယ်သူမှလဲ
ဒါမျိုးမလုပ်ပါဘူး။ သက်တောင့် သက်သာလေးသာ အကောင်းဆုံး ဖြစ်ပါတယ်။

15. ကိုယ့်ရဲ့ တန်ဘိုးရှိတဲ့ စွမ်းအင်တွေကို အတင်းပြောခြင်းဖြင့် မကုန်ဆုံးပါစေနဲ့။

16. အိပ်နေစဉ်မှာထက် နိုးနေချိန်တွေမှာ အိပ်မက် ပိုမက်ပါ။

17. မနာလို ၀န်တိုဖြစ်နေတာဟာ အချိန်ဖြုန်ခြင်း တစ်မျိုးပါပဲ။ သင့်မှာ
ရှိသင့်ရှိထိုက်တာတွေ အားလုံးရှိနေပါတယ်။

18. အတိတ်က ပြသနာတွေကို မေ့လိုက်ပါ့တော့။ ကိုယ့်ရဲ့ လက်တွဲဖော်၊
ကြင်ဖော်တွေမှာ အတိတ်က အရိပ်ဟောင်းတွေ ရှိနေရင်လည်း ပြန်မဖော်ပါနဲ့တော့။
ဒါတွေက လက်ရှိဘ၀ရဲ့ ပျော်ရွှင်မှုတွေကို ဖျက်ဆီးလိမ့်မယ်။

19. ဘ၀ဟာ သိပ်တိုတောင်းပါတယ်။ လူတစ်ယောက်ကို မုန်းဖို့ ဆိုတဲ့
အချိန်တောင် ရှိမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် တစ်ခြားလူတွေကို မမုန်းပါနဲ့။

20. ပစ္စုပ္ပန်မှာ ပျော်ရွှင်ဖို့အတွက် အတိတ်တွေနဲ့ ငြိမ်းချမ်းရေး ရယူလိုက်ပါ။

21. ကိုယ့်ရဲ့ ပျော်ရွှင်မှုတွေရဲ့ သခင်ဟာ ကိုယ်မှလွဲလို့ နောက်တစ်ယောက်
မဖြစ်နိုင်ပါဘူး။

22. ဘ၀ဆိုတာ ကျောင်းတော်ကြီး တစ်ခုဖြစ်တယ်။ သင်က အဲ့ဒီကျောင်းတော်ကြီးမှာ
ပညာသင်ရမယ့် ကျောင်းသားလေးပေါ့။ ပြသနာဆိုတာက သင်ရိုးညွှန်းတမ်း တစ်ခုရဲ့
အစိတ်အပိုင်းမျှသာ ဖြစ်တယ်။ အက္ခရာ သင်္ချာတွေကို တွက်ချက်သလို
ဖြေရှင်းနိုင်သွားမှာပါ။ အဲ့ဒါတွေရဲ့ သင်ခန်းစာကတော့
သင့်ဘ၀တစ်လျှောက်လုံးအတွက် အရေးပါနေမှာပေါ့။

23. များများပြုံးပါ၊ များများရီပါ။

24. အငြင်းအခုံတွေတိုင်းမှာ သင်ချည်းပဲ အနိုင်ရနေမှာ မဟုတ်ဘူး။ သင်
သဘောမတူတာတွေကို သဘောတူအောင် ကြိုးစားကြည့်လိုက်ပါလား။


Society:

25. သင့်မိသားစုနဲ့ မကြာခဏ ဖုန်းပြောပါ။ အဝေးရောက်နေတယ်ဆိုရင်ပေါ့။
တူတူနေတယ်ဆိုရင်တော့ နွေးထွေးတဲ့ ဆက်ဆံရေးလေးဖြစ်အောင် တည်ဆောက်ပါ။

26. အများသူငှာအတွက် ကောင်းမှုတစ်ခု နေ့စဉ်ပြုကြည့်ပါ။

27. လူတိုင်းကို အရာအားလုံးအတွက် ခွင့်လွတ်တတ်ဖို့ ကြိုးစားကြည့်ပါ။
(သိပ်စိတ်ချမ်းသာစရာကောင်းတယ် ကိုယ်တွေ့ပါပဲ)

28. အသက် 70 ကျော် ဘိုးဘိုး ဘွားဘွားတွေ၊ အသက် 6 နှစ်အောက် ကလေးတွေနဲ့
အချိန်များများ ပိုဖြုန်းပါ။

29. တစ်နေ့မှာ လူသုံးယောက်လောက်ကို ကိုယ့်ကြောင့် ပြုံး ရီ သွားအောင်
ကြိုးစားကြည့်ပါလား။

30. တစ်ခြား သူတွေ သင့်ကို ဘာပဲ ထင်ထင်။ ဒါသင့်အလုပ် မဟုတ်ဘူး။

31. သင့်ရဲ့ အလုပ်က သင်နေမကောင်းဖြစ်နေချိန်မှာ သင့်ကို လာပြုစုမှာ
မဟုတ်ဘူး။ သင့်ရဲ့ သူငယ်ချင်းတွေ၊ မိသားစုဝင်တွေကသာ သင့်အနားမှာ
ရှိနေကြလိမ့်မယ်။ သူတို့တွေနဲ့ များများ ထိတွေ့နေဖို့ လိုအပ်တယ်။


Life:

32. မှန်ကန်တဲ့ အရာကိုသာ လုပ်ပါ။

33. အသုံးမ၀င်တဲ့၊ နှစ်လိုဖွယ်မရှိတဲ့၊ ကြည်နူးဖွယ် မကောင်းတဲ့
အရာမှန်သမျှကို သင့်စိတ်ထဲက ထုတ်ပစ်လိုက်ပါ။

34. ဘုရား သခင်က အရာအားလုံးကို စောင့်ရှောက်လိမ့်မယ်။

35. ကောင်းတာပဲ ဖြစ်နေဖြစ်နေ၊ ဆိုးတာပဲ ဖြစ်နေ ဖြစ်နေ မမြဲပါဘူး။ အမြဲ
ပြောင်းလဲနေမှာ ပါပဲ။

36. ကိုယ်ဘာတွေပဲ ခံစားနေရ နေရ၊ ကိစ္စ မရှိပါဘူး။ ကဲ… လာ သွားစို့..
အလှပြင်လိုက်၊ ရှိုးထုတ်လိုက်။ ပျော်ပျော်နေရမှာပေါ့။

37. အကောင်းဆုံးတွေဆိုတာ ဖြစ်လာအုံးမှာပါ။

38. နံနက်တိုင်းမှာ အသက်ရှင် အန္တရာယ် ကင်းပြီး နိုးထလာတာတိုင်းအတွက်
ဘုရားသခင်ကို ကျေးဇူးတင်လိုက်ပါ။

39. ကိုယ့်ရဲ့ အတွင်း စိတ်သန္တန်ဟာ အမြဲပျော်ရွှင်နေရမယ်။ ဒါကြောင့်
ပျော်ပျော်သာနေပါ။


နောက်ဆုံး အချက် 40 မြောက်လာပါပြီ။ နောက်ဆုံးမှထားလို့ အရေးမကြီးတာ
မဟုတ်ဘူးနော်။ ဘာတဲ့လဲ

40. ဒီအီးမေလ်းကို သင် ဂရုတစ်စိုက်ရှိတဲ့ လူ အယောက် 40 ဆီကို Forward
လုပ်လိုက်ပါတဲ့။ ကျွန်မကတော့ တစ်ရက်ကို လူ ၁၀၀ ကျော်လောက် လာဖတ်နေကြတဲ့
ကျွန်မရဲ့ ဘလောဂ့်မှာ ပြန်လည် ဝေမျှပေးလိုက်ပါတယ်။ အားလုံးကို ကျွန်မက