ဒီနေရာလေးကို

Sunday, April 3, 2011

ခေါင်းဆောင်မှု ကျင့်စဉ် (၂)

• ဖြစ်နိုင်တာတွေနဲ့ စတင်ပါ။

• ခေါင်းဆောင် တစ်ယောက်ရဲ့ အရည်အချင်း ဆိုတာ အောင်ပွဲပဲ။

• အချိန် မည်မျှကြာအောင် ကြိုးစားခဲ့ခြင်းသည် အဓိကမဟုတ်။ အောင်မြင်မှုကို ဖမ်းဆုပ်နိုင်မှု သည်သာ အဓိက ဖြစ်သည်။ အချိန် ကြာကြာတိုက်ရင် ဓားတုံးတယ်။ ဓားထက်တုန်းမှာ အချိန်မဆွဲပါနဲ့။

• ဆုပေး၊ ဒဏ်ပေး စနစ် ဆိုတာ နေရာ ဌာနတိုင်း၊ အဖွဲ့အစည်း တိုင်းမှာ ရှိသင့်တဲ့ စနစ်တစ်ခု။

• လက်အောက် ငယ်သားတွေကို လူမမာ တစ်ယောက်ကဲ့သို့ သဘောထားပြီး ကြည့်ရှုပေးပါ။ သင်ချောက်ထဲ ဆင်းလျှင် လိုက်ဆင်း ကြပါလိမ့်မယ်။ သင့်အတွက် အသက်စွန့်ဖို့ အသင့် ရှိနေ ကြပါလိမ့်မယ်။

• သေသေချာချာ အကွက်ချ ပြင်ဆင်လေ အောင်ပွဲရဖို့ ပိုမိုနီးစပ်လေပဲ။ ပြင်ဆင်မှု အားနည်းရင် အောင်မြင်မှု ဆိုတာ မသေချာဘူး။ ဘာမှ ပြင်ဆင်တွက်ဆမှု မရှိဘူးဆိုရင် တော့ စဉ်းစား သာကြည့်တော့။ ဒီတစ်ခုကိုကြည့်ပြီး အောင်မြင်မလား၊ ရှုံးနိမ့်မလား အတိအကျ ပြောနိုင်တယ်။

• ပက်ဝန်းကျင်ကို လေ့လာပါ။ မိမိ ကိုယ်ကို သဘောပေါက်ပါ။ ဒါဆိုရင် အောင်မြင်မှုနဲ့ မလွဲပါဘူး။

• အောင်မြင်မှုကို ကြိုပြီး သိနေတဲ့ သူဟာ အောင်ပွဲရဖို့ ၁၀၀% သေချာတယ်။ စစ်မရောက်ခင် မြား ကုန်နေရင် တော့ အောင်ပွဲနဲ့ဝေးဖို့ ကျိန်းသေပဲ။

• ရှေ့ရေးကိုတွေးပါ၊ ဥာဏ်ကို လွှာသုံးပါ အခက်အခဲ ဟူသမျှကို ဖြေရှင်းနိုင်ပါလိမ့်မယ်။

• နေရာတကာ လိုက်ကာကွယ်နေရင် နေရာတိုင်းက ပျော့ကွက်ဖြစ်နေလိမ့်မယ်။

• နာမည်လိုချင်စိတ်ကိုရှောင်ပါ၊ အကဲ့ရဲ့ခံရမှာကို မကြောက်နဲ့။

• ခေါင်းဆောင်ကောင်း တွေဟာ မိမိမှာရှိတဲ့ အားသာချက်၊ အားနည်းချက်တွေကို အမြဲ တွက်ဆနေတယ်။ အားသာချက်တွေကို စဉ်းစားပြီး စီမံချက်ကို အသက်ဝင်အောင် လုပ်တယ်။ အားနည်းချက်ကို စဉ်းစားပြီး ဆင်ခြင်နိုင်ဖို့ ကြိုးစားတယ်။

• ရောက်ရာအရပ်မှာ မိတ်ဆွေဖွဲ့ပါ။ သဘာဝနဲ့ ကိုက်ညီအောင် နေထိုင်ပြောဆိုပါ။ သဘာဝနဲ့ ဆန့်ကျင်နေသော အရာများကို အထူးဂရုပြုပါ။

• အချိန်ဆွဲတတ်ခြင်းက အဆိုးဆုံးပြဿနာ။

• ထွက်ပေါက်မရှိတော့တဲ့ လူတွေဟာ ဖြစ်သလို ခံချတတ်တယ်၊ ရွေးစရာလမ်း ပိတ်နေသူတွေဟာ ကြောက်စိတ်ပျောက်ပြီး မိုက်ရူးရဲ ဖြစ်သွားတတ်တယ်။

• လူတိုင်းဟာ အမှားနဲ့ မကင်းပါဘူး။ အမှားနည်းအောင်၊ အမှားများများ မလုပ်မိအောင်ပဲနေပါ အောင်မြင်ပြီးသား ဖြစ်ပါလိမ့်မယ်။

• အခြေအနေနဲ့ အချိန်အခါကို လိုက်ပြီး ပြောင်းလဲပါ။ အရာရာတိုင်းကို မူသေ ဘယ်တော့မှ တွက်မထားပါနဲ့။

• ဖြစ်ပေါ်လာမယ့် အခြေအနေ အားလုံးကို အဆိုးဆုံးထိ တွက်ပြီး ကြိုတင်ပြင်ဆင်ထားပါ။ အဆိုးဆုံး အတွက် အစဉ်သင့် မဖြစ်လျှင် ဖရိုဖရဲနဲ့ ဇာတ်သိမ်းရလိမ့်မည်။

• တစ်စုံတစ်ယောက်က ကိုယ့်ကို အချိန်မရွေး ကန်ချနိုင်တယ်။ အခြေခိုင်အောင် လုပ်ထားပါ။

• မြှောက်ပင့်မှုမှာ မသာယာမိစေရန် သတိထားပါ။ ဖွဲတစ်ဆုပ် မ နိုင်သူဟာ ခွန်အားကြီးသူမဟုတ်။ နေတွေ လတွေမြင်သူဟာ အမြင်စူးရှသူမဟုတ်၊ မိုးခြိမ်းသံကို ကြားသူဟာ နားပါးသူမဟုတ်။

• ကိုယ်ချင်းစာ ညှာတာတတ်ပါ။ စည်းကမ်း ကိုတော့ တင်းတင်းကိုင်ပါ။

• ကိုယ်တိုင် စည်းကမ်းလိုက်နာပါ။ ဖောက်ဖျက်သူကိုလည်း ထိုက်သင့်တဲ့ အပြစ်ပေးပါ။

• အောင်မြင်မှုကို အရှည်တည်တန့်ဖို့ အဓိကလိုအပ်တာတွေက
1. ခံယူချက်၊
2. ဥာဏ်ပညာ၊
3. အမြော်အမြင်ကြီးမှု၊
4. စိတ်ထားကောင်းမွန်မှု၊
5. ကြင်နာတတ်မှု၊
6. သတ္တိ ဗျတ္တိ နဲ့
7. ပြက်သားမှု ။

ခေါင်းဆောင်မှု ကျင့်စဉ်

• သင်သည် လူတွေကြားတွင် မကြောက်မရွံ့ သွားနေသည်ဟု လူတွေက ထင်ပါစေ။
• လူတိုင်းချီးကျူးခံချင်သည် ဆိုခြင်းကို သတိရပါ။
• တစ်ကြိမ်တွင် စစ်ပွဲတစ်ပွဲသာဆင်နွဲပါ။
• အစဉ်အလာ၊ ယဉ်ကျေးမှု၊ စည်းကမ်းနှင့် ပုဂ္ဂိုရေးသိက္ခာကို တစ်ခါတစ်ရံ ဘေးချိတ်ထားပါ။
• အင်အားကို နောက်ဆုံးအားကိုရာအဖြစ်သာသုံးပါ။
• အဖွဲ့အစည်း တစ်ခုလုံးနှင့်ဆိုင်သော ကိစ္စများတွင် ဌာနအသီးသီး၏ အကြီးအကဲများနှင့် ပြည့်ပြည့်၀၀ ဆွေးနွေးတိုင်ပင်ပြီးမှ ဆောင်ရွက်ပါ။
• မှန်မှန်ကန်ကန် ရပ်သူနှင့်အတူရပ်ပါ။ သူအမှားလုပ်သောအခါ ထိုသူကို စွန့်လွတ်လိုက်ပါ။
• တစ်ခါတစ်ရံ မသိယောင်ဆောင်နေခြင်းသည်၊ အကျိုးယုတ်လောက်အောင် ထိခိုက်နစ်နာမှု မဖြစ်နိုင်။
• ဘ၀တူပြည်သူတို့၏ ယုံကြည်အားကိုးမှုကို တစ်ကြိုမ်မျှ လက်လွှတ်ရလျှင် သူတို့၏ လေးစားကြည်ညိုမှုကို နောက်ထက်ဘယ်တော့မှ ရနိုင်တော့မည်မဟုတ်။
• လူတစ်ယောက်အားနှိပ်ကွပ်လျှင် ထိုသူနှင့် ထိုသူ၏ မိတ်ဆွေများသည် မိမိအဖွဲအစည်းအတွက် ထာဝရ ရန်သူများဖြစ်လာနိုင်သည်။
• မလိုတမာစိတ်ကိုရှောင်ပါ။ မေတ္တာစေတနာကိုဆောင်ပါ။
• မိမိ၏ အကောင်းဆုံး အပြုအမူများဖြင့်သာ လူတွေကို တွေ့ဆုံဆက်ဆံပါ။
• ကိုယ့်သိသလောက်၊ တက်သလောက်နှင့် အကောင်းဆုံး ဖြစ်အောင်လုပ်ပါ။ ပြီးဆုံးအောင် အထိလုပ်ပါ။
• မတရား စွပ်စွဲချက်များကို တစ်ကြိမ် အရှုံးပေးလိုက်ရလျှင် နောက်ထပ် စွဲချက်များအတွက် လမ်းဖွင့်ပေးသလို ဖြစ်သွားနိုင်သည်။
• မိမိ၏လုပ်ရပ်သည် ရည်မှန်းချက်ကို ထိခိုက်နေပြီဟု ယုံကြည်လျှင်လျှော့လုပ်ပါ၊၊ အထောက်အကူပြုသည်ဟု ယုံကြည်လျှင် ပိုလုပ်ပါ။ အမှားကိုမြင်လျှင် အမှန်ကို ချက်ချင်းပြင်ပါ။ အမြင်သစ် အမြင်မှန်ကို အမြဲ ကြိုဆိုလက်ခံပါ။
• ငြင်းခုံခြင်း၊ ရန်ဖြစ်ခြင်း စသော ပဠိပက္ခများကို အထူးရှောင်ပါ။


• အမြဲတမ်း ဦးစွာလှုပ်ရှား၊ ဘယ်တော့မှ နောက်ပိတ်ချီး မဖြစ်ပါစေနှင့်။
• ရှေတန်းသို့ထွက်ပါ။ အနိုင်နှင့်အရှုံးကို ခံနိုင်ရည်ရှိပါစေ။
• ဘယ်တော့မှမကြိုးစားလျှင် ဘယ်တော့မှ မအောင်မြင်နိုင်။
• အတော်ဆုံးခေါင်းဆောင်များသည် အမြဲတမ်း လေ့လာ ဆည်းပူးနေသည် ဟူသာ အချက်ကို မမေ့ပါနှင့်။
• ဘာစကားမှ မပြောပဲနေသင့်သည့် ကာလများရှိသည်ကို သတိရပါ။
• ယနေ့လုပ်နိုင်တာတွေကို မနက်ဖြန်လုပ်ဖို့ ချန်မထားပါနှင့်။
• တစ်ဝက်တပျက်သာ ပြီးအောင်လုပ်သော အလုပ်သည် လုပ်အားဖြုန်းသော အလုပ်ဖြစ်သည်။
• လူပုဂ္ဂိုလ်တစ်ဦးဦးနှင့် တွေ့ဆုံသောအခါ ကိုယ့်အဖို့ရော၊ သူ့အဖို့ပါ မနှစ်မြို့စရာ ခံစားချက်မျိုး မကျန်ရစ်စေရန် ကြိုးစားပါ။

အတွေးမှတ်စုများ

• ပစ္စည်းဥစ္စာ ပေါများရခြင်း အကြောင်းသည် ဒါန၊ ဘေးအန္တရာယ် ကင်းရှင်းရခြင်း အကြောင်းသည် သီလ၊ ကိုယ်စိတ်နှပါး ချမ်းသာရခြင်း အကြောင်းသည် ဘာဝနာ။

• ဆန္ဒဆိုတာရဲ့နောက်မှာ အသိတရား၊ ဒါမှမဟုတ် ဆင်ခြင်တုန်တရား၊ ဆိုတဲ့ တစ်ခုခုသာ အမြဲရှိနေရင် အမှား ဆိုတဲ့ စကားလုံး ဝင်လာဖို့ နေရာ မရှိတော့ဘူး။

• ပြောသင့်ပြောထိုက်တဲ့ စကားတွေကို ပြောသင့်ပြောထိုက်တဲ့အချိန်မှာ မပြောခဲ့ဘူးဆိုရင် အဲ့ဒီစကားတွေက ကြာလေလေပြောဖို့ခက်လေပဲ။

• အမှားများ ကို မှားရန်အတွက် ကြိုးစားရှာဖွေနေသူများကို လူငယ်ဟုခေါ်သည်။
အမှားများ ဖြင့် ပျော်ရွှင်ကျေနပ်နေသူများကို လူလတ်ဟုခေါ်သည်။
အမှားများ စွာကို အကြိမ်ကြိမ် ကျူးလွန်ပြီးနောက် နောင်တတရားဖြင့် ရှင်သန် နေထိုင်သူကို လူကြီးဟု ခေါ်သည်။

• အောင်မြင်ခြင်း ဆိုသည်မှာ သင် ကိုယ်စွမ်းကိုယ်စ ရှိသလောက် ထွန်းပေါက်လာခြင်း ဖြစ်သည်။ လုပ်သင့် လုပ်ထိုက်တဲ့ ရည်မှန်းချက် ပန်းတိုင်များသို့ ခရီးပေါက် အောင်မြင်ခြင်းဖြစ်သည်။

• ပစ္စုပ္ပန်ကို အတိတ်ထက်ပိုပြီး သာလွန်ကောင်းမွန်လိုတဲ့အခါ....
အတိတ်ကနေ သင်ခန်းစာထုတ်ယူပါ၊
အတိတ်ဖြစ်ရပ်တွေကို လေ့လာဆန်းစစ်ပါ၊
အဲ့ဒီ ဖြစ်ရပ်တွေထဲက တန်ဖိုးရှိတဲ့ သင်ခန်းစာ ထုတ်ယူပါ၊
ပစ္စုပ္ပန်မှာ အတိတ်တုန်းကနဲ့ မတူအောင် ဆောင်ရွက်ပါ။

• အနာဂါတ်ကို ပစ္စုပ္ပန်ထက် သာလွန်ကောင်းမှန်အောင် ဖန်တီးချင်တဲ့အခါ....
အနာဂတ်အတွက် စီမံကိန်းချပါ၊
သာယာဝေစည်တဲ့ အနာဂတ်ပုံရိပ်ကို မြင်ယောင်ကြည့်ပါ၊
အဲ့ဒီပုံရိပ် တကယ်ဖြစ်လာအောင် အထောက်အကူပြုမယ့် အစီအစဉ်တွေ ချမှတ်ပါ၊
သင့်စီမံကိန်းကို ပစ္စုပ္ပန်မှာ အကောင်အထည်ဖော်ဆောင်ရွက်ပါ။

• အရည်အချင်းရှိအောင်သာ ကြိုးစားပါ။ အောင်မြင်မှု က သူ့ဘာသာလိုက်လာလိမ့်မည်။

• ကိုယ့်အနေနဲ့ အနာဂါတ်အကြောင်း မျက်ရမ်းမှန်းဆ တွေးပူနေမယ့်အစား တစ်နေ့ချင်း တစ်နေ့ချင်းကို ချမ်းသာသုခ အပြည့်နဲ့ နေနိုင်ဖို့ လိုအပ်တယ်ဆိုတာ နားလည်ပါ။

• သင် စိတ်ချမ်းသာပြီး အောင်မြင်သူဖြစ်လိုတဲ့အခါ ပစ္စုပ္ပန်မှာ မွေ့ပျော်နေထိုင်ပါ။ ပစ္စုပ္ပန်တည့်တည့်ကို အာရုံပြုပါ။ သင့်ရည်မှန်းချက်ကို အသုံးပြုပြီး လောလောဆယ်အရေးကြီးနေတဲ့ ကိစ္စကိုတုံ့ပြန်ဆောင်ရွက်ပါ။

• စိတ်ကို ပစ္စုပ္ပန်မှာ တည်ထားလိုက်ရုံနဲ့ မင်းစိတ်ချမ်းသာလာမယ်၊ အောင်မြင်မှုတွေရလာမယ်ဆိုတာ ဖြစ်နိုင်ပါ့မလား?။

ပစ္စုပ္ပန်မှာ ဖြစ်တည်နေထိုင်ခြင်း၊ အတိတ်မှ သင်ခန်းစာယူခြင်း၊ အနာဂါတ်အတွက် စီမံကိန်းချခြင်း ဆိုတာတွေလောက်နဲ့ မပြီးသေး။ ရည်မှန်းချက်နဲ့ ရှင်သန်နေထိုင်ပြီး ပစ္စုပ္ပန်၊ အတိတ်နဲ့ အနာဂတ် အတွက်အရေးကြီးကိစ္စတွေကို တုံ့ပြန်ဆောင်ရွက်မှသာ ပြုမူဆောင်ရွက်ချက်အားလုံး အဓိပ္ပါယ်ရှိလာမည်။

• ယုံကြည်မှုသည် အောင်မြင်မှု၏ ဇစ်မြစ်။

• သင်သည်ရည်ရွယ်ချက်ရှိရှိနေထိုင်ပြီး လုပ်ကိုင်ဆောင်ရွက်တဲ့အခါ၊ မျက်မှောက်ကာလမှာ အရေးကြီးတာကို တုန့်ပြန်ဆောင်ရွက်တဲ့အခါ ဦးစီးဦးဆောင်ပြုခြင်း၊ စီမံခန့်ခွဲခြင်း၊ ကူညီထောက်ပံ့ခြင်း၊ အဆွေခင်ပွန်းဖွဲ့ခြင်း၊ မေတ္တာထားခြင်း တွေမှာ စွမ်းရည်များ သိသိသာသာ ပိုမိုမြင့်တတ်လာမည်။

• အချစ်ဆိုတာ ဇိမ်ခံပစ္စည်းတစ်ခု။ စားဝတ်နေရေးပြည့်စုံမှ အချစ်ဆိုတာ စိတ်ကူးယဉ်လို့ရတာ။ စားဝတ်နေရေးမပြည့်စုံရင် အချစ်ဆိုတာ ခါးသီးမှုပဲ။

• ဘ၀မှာ အချစ်က လွှမ်းမိုးသွားရင် ဘာကိုမှမြင်မှာမဟုတ်တော့ဘူး။

• မှားတာ၊ အဆင်မပြေတာကို များများကြည့်လေ အားမာန်နဲ့ ယုံကြည်မှုနည်းလေပဲ။

• အခြေအနေဆိုးနဲ့ ကြုံနေချိန်မှာ ရှာကြည့်ဖို့ခက်ခဲပေမယ့် လမ်းမှန်တဲ့ အဆင်ပြေတဲ့အကြောင်းတွေ ရှာကြည့်တတ်ဖို့ အရေးကြီး၏။ ထို့နောက် မှန်ကန်အဆင်ပြေသည့် အကြောင်းကို တန်ဖိုးထားလေးစားပါ။ ထို့နောက် ယင်းအပေါ် အခြေပြုပြီး နောက်ထပ်မှန်တဲ့အဆေင်ပြေတဲ့ ဖြစ်ရပ်တွေဖြစ်အောင် တည်ဆောက်ယူပါ။

• အတိတ်ကနေ သင်ခန်းစာ ထုတ်ယူလို့ရသည်။ သို့သော် အတိတ်တွင် မွေ့ပျော်နေခြင်းသည် အမြော်အမြင်ရှိခြင်းမဟုတ်။

• လောလောဆယ်အချိန်မှာ အဆင်ပြေတဲ့အကြောင်းကို တန်ဖိုးထား လေးစားလေ ပိုပြီးစိတ်ချမ်းသာမှုရလေပဲ။

• ပစ္စုပ္ပန်မှာ ဖြစ်တည်နေထိုင်ခြင်းဆိုသည်မှာ လက်တလောရည်မှန်းချက်က ဘာလဲဆိုတာ သတိကပ်ပြီး အဲ့ဒီရည်မှန်းချက်အတိုင်း တုံ့ပြန်ဆောင်ရွက်ခြင်းသာ။

• သာယာလှပတဲ့ အနာဂတ်ဘဝဟာ ဘယ်လိုနေမလဲ ဆိုတာ စိတ်ကူးပုံရိပ်ဖော်ကြည့်ပါ။ အဲ့ဒီဘဝမျိုး ဖြစ်ထွန်းလာအောင် လက်တွေ့ကျတဲ့ စီမံကိန်းတစ်ခု ဖန်တီးပါ။ သင့်စီမံကိန်းကို လောလောဆယ်ပဲ အကောင်ထည်ဖော်ပါ။

• လတ်တလော ရည်မှန်းချက်က ဘာလဲ? အဲ့ဒီရည်မှန်းချက်ကို လက်တွေ့ အကောင်ထည်ပေါ်လာအောင် ဘာတွေလုပ်နေလဲ? ဆိုတာကို နေ့စဉ် သုံးသပ်တတ်တဲ့ အကျင့်ရှိပါစေ။

• အောင်မြင်မှု ရဖို့သည် မလွယ်ကူပါ။ ရပြီးသား အောင်မြင်မှုကို ထိန်းသိမ်း ရခြင်းက ပို၍ခက်ခဲသည်ကိုလည်း သတိပြုပါ။

အားနည်းချက်မှန်သမျှအတွက် သီးသန့်ကုထုံးကိုယ်စီ ရရှိနိုင်ပေသည်

• မထိလေးစား စော်ကားစကား ပြောဆိုခြင်း၊ ဖိနှိပ် ချုပ်ချယ်ခြင်း၊ ရိုင်းပြစွာနှင့် ခက်ထန် ကြမ်းကြုတ်စွာ ပြုမူ ဆက်ဆံခြင်း တို့အတွက် ကြင်နာခြင်း ။


• မည်သည့်အခါမှဝမ်းနည်းကြောင်း မပြောခြင်း(သို့) မရိုးမသားနှင့် ကလီကမာပြောခြင်း တို့အတွက် တောင်းပန်ခြင်း ။


• ဝေဖန်ခြင်း၊ စောဒကတက်ခြင်း တို့အတွက် မျက်မှောက်တွင် အလုပ်ဖြင့်သက်သေပြခြင်း ။


• ငြင်းခုံခြင်း၊ စကားဝိုင်းတွင် မရှိသူအကြောင်း မကောင်းပြောခြင်း တို့အတွက် သူတစ်ပါးအပေါ် သစ္စာ စောင့်ထိန်းခြင်း ။


• မည်သူ့ကိုမျှ ကတိမပေးခြင်းနှင့် ကတိပေးလင့်စကား ပျက်ကွက်ခြင်း တို့အတွက် ကတိပေး၍ ကတိတည်ခြင်း ။


• အလျင်အမြန် တုန့်ပြန်ရန်မူခြင်း၊ ရန်ငြိုးဖွဲခြင်း၊ တစ်ဖက်သား၏ အတိတ်အမှားကို ကိုင်ဆွဲ၍ အပြစ်ရှာခြင်းနှင့် နာကျည်းစိတ် မွေးမြူခြင်းအတွက် ခွင့်လွတ်ခြင်း ။


• အလေလိုက်ခြင်း၊ ပေါ့ပေါ့တန်တန်နေခြင်း နှင့် အချိန်ဖြုန်းခြင်း တို့အတွက် အချိန်တိကျခြင်းနှင့် အချိန်ကို ဇယားဆွဲ၍ တန်ဖိုးရှိစွာအသုံးချခြင်း ။


• သူတစ်ပါးကို အဆိုးမြင်ခြင်း၊ ရန်လိုခြင်း တို့အတွက် မိတ်ဆွေဖွဲ့ခြင်း ။


• ရိုင်းပြခြင်း၊ ဆဲရေးတိုင်းထွာခြင်း၊ စကားများခြင်း၊ လိုအပ်သည်ထက် ပိုမိုပြောဆိုခြင်း တို့အတွက် စကား မပြောခင် စဉ်းစားခြင်း ။


• တစ်ယောက်နှင့်တစ်ယောက် မယုံမကြည် သံသယဖြစ်ခြင်း၊ တစ်ဦးတည်းအထင်ဖြင့် ဆုံးဖြတ်ခြင်း တို့အတွက် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် လေးစားခြင်း ။


• သွေးနထင်ရောက်ခြင်း၊ အောက်ခြေလွတ်ခြင်း တို့အတွက် မိမိကိုယ်ကို နှိမ့်ချခြင်း ။

အချိန်တစ်ခု

ဖြစ်စဉ်တိုင်းအတွက် အချိန်ရာသီ စက်ဝိုင်းတစ်ခုလိုအပ်သည်။ အချိန်တစ်ခုမှာ ကောင်းကင်ဘုံအောက်မှာရှိသမျှ ကိစ္စတွေ အားလုံး ဖြစ်ပေါ်လာကြသည်
For everything there is a season, And a time for every matter under heaven:


• အချိန်တစ်ခုက မွေးဖွားဖို့၊ အချိန်တစ်ခုက သေဆုံးဖို့
A time to be born, and a time to die;

• အချိန်တစ်ခုက စတင်ဖို့၊ အချိန်တစ်ခုက မယိုင်လဲအောင် မနည်း အားတင်းထားဖို့
A time to plant, and a time to pluck up what is planted;

• အချိန်တစ်ခုမှာ ဖျက်ဆီးဖို့၊ အချိန်တစ်ခုမှာ ပြင်ဆင် ကုသဖို့
A time to kill, and a time to heal;

• အချိန်တစ်ခုက ပြိုကျဖို့၊ အချိန်တစ်ခုက တည်ဆောက်ဖို့
A time to break down, and a time to build up;

• အချိန်တစ်ခုက ငိုကြွေးဖို့၊ အချိန်တစ်ခုက ရယ်မောဖို့
A time to weep, and a time to laugh;

• အချိန်တစ်ခုက ဝမ်းနည်းပူဆွေးဖို့၊ အချိန်တစ်ခုက ပျော်ရွှင် ကခုန်ဖို့
A time to mourn, and a time to dance;

• အချိန်တစ်ခုက အဝေးကို ပယ်ထုတ်ဖို့၊ အချိန်တစ်ခုက အနီးနား အတူရှိနေဖို့
A time to throw away stones, and a time to gather stones together;

• အချိန်တစ်ခုက ပွေ့ဖက်ဖို့၊ အချိန်တစ်ခုက ရှောင်ဖယ်ဖို့
A time to embrace, And a time to refrain from embracing;

• အချိန်တစ်ခုက အကျိုးရှိရှိအသုံးချဖို့၊ အချိန်တစ်ခုက ဖြုန်းတီးဖို့
A time to seek, and a time to lose;

• အချိန်တစ်ခုက ထိန်းသိမ်းထားဖို့၊ အချိန်တစ်ခုက စွန့်လွှတ်ဖို့
A time to keep, and a time to throw away;

• အချိန်တစ်ခုက ဆုတ်ဖြဲဖို့၊ အချိန်တစ်ခုက ဖာထေးဖို့
A time to tear, and a time to sew;

• အချိန်တစ်ခုက ဆိတ်ဆိတ်နေဖို့၊ အချိန်တစ်ခုက စကားပြောနေဖို့
A time to keep silence, and a time to speak;

• အချိန်တစ်ခုက ချစ်ဖို့၊ အချိန်တစ်ခုက မုန်းဖို့
A time to love, and a time to hate,

• အချိန်တစ်ခုက စစ်ပွဲ၊ အချိန်တစ်ခုက ငြိမ်းချမ်းခြင်း
A time for war, and a time for peace.