ဒီနေရာလေးကို

Showing posts with label ဘာသာရေး. Show all posts
Showing posts with label ဘာသာရေး. Show all posts

Sunday, April 3, 2011

ဗုဒ္ဓဘာသာဝင်ဖြစ်ခွင့်

သဗ္ဗညုတဘုရားရှင်ကို " ဗုဒ္ဓ " ဟုခေါ်၏။ ထိုဗုဒ္ဓရှင်တော်မြတ်၏ တရားတော်ကို" ဗုဒ္ဓဘာသာ " ဟုခေါ်၏။ ထိုဗုဒ္ဓရှင်တော်မြတ်၏ တရားတော်အတိုင်း လိုက်နာနေထိုင်သူတို့ကို " ဗုဒ္ဓဘာသာဝင် " ဟုခေါ်၏။
ထိုဗုဒ္ဓဘာသာဖြစ်လိုသူ သို့မဟုတ် ဖြစ်နေသူသည် ဗုဒ္ဓ၊ ဓမ္မ၊ သံဃ (ဘုရား၊ တရား၊ သံဃာ ) ရတနာ
မြတ်သုံးပါး၏ အကြောင်းအရာကို ကောင်းစွာနားလည်ရမည်။ တိုသို့နားလည်ပြီးနောက် ထိုရတနာသုံးပါး
ကို မိမိယုံကြည်သလား၊ မယုံကြည်ဘူးသလား?ဟု စဉ်စားထိုက်၏။ မယုံကြည်လျှင် " ဗုဒ္ဓဘာသာဝင် "ဟု
ပြောဆိုဝန်ခံနေသော်လည်း " ဗုဒ္ဓဘာသာဝင် " မဖြစ်နိုင်သေးပါ။ယုံကြည်လျှင်ကား " ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ "
စသော သရဏဂုံသုံးပါးကို ဆောက်တည်ရ၏။ ထိုအခါဗုဒ္ဓဘာသာဝင်အစစ်ဖြစ်၏။

ပညာ ဗုဒ္ဓဘာသာ
ထိုဗုဒ္ဓဘာသာဝင်တို့သည် ဥာဏ်နှင့်ယှဉ်ပြီး နစ်နစ်ကာကာ ယုံကြည်သူကား ဘုရားရှင်ကိုကိုးကွယ်
ရာတွင် သက်တော်ထင်ရှား မြတ်စွာဘုရားကို စိတ်ထဲ၌ထင်လာမြင်လာအောင် ကိုးကွယ်သည့်အပြင် ရုပ်ပုံ
စေတီတော်များကိုလည်း (ရွှေရှိသည့်ဖြစ်စေ၊ မရှိသည်ဖြစ်စေ )ကျေကျေနပ်နပ် လေးမြတ်လေ့ရှိ၏။ တရား
ကို ကိုးကွယ်ရာ၌လည်း တရားအစစ်မှန် ကျမ်းဂန်ပိဋကတ်နှင့် မဂ်ဖိုလ်နိဗ္ဗာန်တရားကို မှန်းဆ၍ အားရပါး
ရပူဇော၏။ သံဃာကိုကိုးကွယ်ရာတွင်လည်း သုပ္ပဋိပန*တာစသောဂုဏ်တော်တို့နှင့်အတော်အတန်ပြည့်စုံ
သော ပုထုစဉ်များကို၎င်း, အမှန်းအတားအားဖြင့် အရိယာသံဃာတော်တို့ကို၎င်း, ကိုးကွယ်၏။ ထိုရတနာ
သုံးပါးအတွက်ဆိုလျှင် အသက်ကိုပင်စွန့်ဝံ့၏။ ဤသူကားဥာဏ်နှင့်ယှဉ်သော ဗုဒ္ဓဘာသာဝင် ဖြစ်သူပေ
တည်း။

သဒ္ဒါ ဗုဒ္ဓဘာသာဝင်

သူများအပြောကောင်း၍ ယုံကြည်သော သဒ္ဒါဖြင့် သို့မဟုတ် မိရိုးဖလာဖြင့် ဗုဒ္ဓဘာသာဝင်ဖြစ်နေသူ
တို့ကား ဘုရားစစ်, တရားစစ်, သံဃာစစ် တို့၌ ထိထိရောက်ရောက် သဒ္ဓါစိတ်ပေါက်သူနည်း၏။ (လုံးလုံး
မရှိဘူးဟုမဆိုလိုပါ) ဘုရားကိုယုံကြည်ရာ၌ သက်တော်ထင်ရှားမြတ်စွာဘုရားထိအောင် စိတ်မရောက်နိုင်ပဲ
ရုပ်ပုံ စေတီလောက်သာ စိတ်ရောက်၏။ ရုပ်ပုံစေတီတော်များတွင်လည်း ဆွေဘုရား မျိုးဘုရား မိမိပူဇော်
ထားသော ရုပ်ပွားစေတီင်္တော်များကို ပိုမိုပြီး ကြည်ညိုတတ်၏။ ရွှေပြောင်ပြောင် စေတီရုပ်ပွားကိုလည်း
သာပြီး ကြည်ညိုကြသေး၏။
ထို့ကြောင့်ပင် မိမိတို့၏ရပ်ရွာတွင် ရွှေမရှိသောရုပ်ပွားစေတီတော်များကို ပစ်ထားခဲ့ပြီး မြို့ကြီးပြကြီး
သို့ ဘုရားဖူးသွားကြ၏။ အခါတစ်ပါး၌ တောကမိန်းမတစ်စုက မန္တလေးသို့သွားခါနီးဝယ် “ ဘုရားဖူးသွား
မလို့ ဘုရားဖူးသွားမလို့ “ ဟုကျယ်လောင်ကျယ်လောင်နှင့် ပြောဆိုနေကြသည်ကို အတော်နားလည်
သောကျောင်းဒကာကြီးက “ တိုးတိုးပြောပါဟရို့ တို့ရွာက ကိုယ်တော်မြတ်တွေကြားရင် အားနာစရာဖြစ်
နေပါ့မယ် “ ဟုပြက်ရယ်ပြုလိုက်သတဲ့။ ထိုအခါဗုဒ္ဓဘာသာဝင်တို့သည် ဘုရားကြည်ညိုပုံသာ စည်းကမ်း
မကျသည် မဟုတ်သေး။ တရား, သံဃာ ကြည်ညိုရာတွင်လည်း စည်းကမ်းမဲ့လှချေ၏။ ထိုစည်းကမ်းမဲ့ပုံ
ကို တရားဂုဏ်တော်နှင့် သံဃာ့ ဂုဏ်တော်အဆုံးမှာ ပြထားသည်။
အမရပူရ မဟာဂန္ဓရုံဆရာတော် အရှင်ဇနကဘိဝံသ ၏ ရတနာ့ဂုဏ်ရည်မှ ကူးယူဖော်ပြပါသည်။

Wednesday, March 23, 2011

ဗုဒ္ဒဘာသာဝင်တို့ နေ့စဉ်ပြုအပ်သောအရာ

(၁) ရေချမ်းကပ်လှူခြင်း။
သတ္တ၀ါတို့၏ကျေးဇူးတော်ရှင် သစ္စာလေးပါးမြတ်တရားကို ကိုယ်တော်တိုင်
ပိုင်းခြားသိမြင်တော်မူသော မြတ်စွာဘုရားရှင်အား သက်တော်ထင်ရှား ရှိသည့်
အလားစိတ်တွင်မှတ်ယူကာ လိုသလိုအသုံးပြုနိုင်ရန် ရည်စူး၍ ကပ်လှူခြင်း။
အကျိုးကိုလို၍ ကပ်လှူပူဇော်ခြင်း မဟုတ်သော်လည်း အကျိုးကျေးဇူးတို့အား
သိရှိစေရန် ဖော်ပြအပ်ပါသည်။ ရေအကျိုး(၁၀)ပါးကို စာဖတ်သူများ သိရှိပြီး
ဖြစ်ပါသည်။ ယင်းတို့မှာ
(၁) လျင်မြန်ခြင်း၊
(၂) သန့်ရှင်းစင်ကြယ်ခြင်း၊
(၃) ကျော်ကြားလူသိများခြင်း၊
(၄) ဆာလောင်မွတ်သိပ်မှု ကင်းခြင်း၊
(၅) အခြွေအရံများခြင်း၊
(၆) အသက်ရှည်ခြင်း၊
(၇) အဆင်းလှခြင်း၊
(၈) ချမ်းသာကြီးခြင်း၊
(၉) ခွန်အားဗလ ကြီးမားခြင်း၊
(၁၀) ဉာဏ်ပညာ ကြီးမားခြင်း တို့ဖြစ်ပါတယ်။

(၂) ဆွမ်းကပ်လှူခြင်း။
ရေချမ်းကပ်လှူသကဲ့သို့ မိမိစိတ်တွင်နှလုံးသွင်း၍ ကပ်လှူပါ။ ဆွမ်း၊
သစ်သီးတို့အား နေလွဲညစာ မကပ်မိစေရန် အထူးသတိထားစေလိုပါသည်။ နေလွဲညစာဆိုရာ၌
ရှစ်ပါးသီလတွင်ပါရှိသော ၀ိကာလဘောဇနာ ဆိုသော သီလကိုမမေ့သင့်အပ်ပေ။
အထူးသတိထားရှောင်ကျဉ်ပါလေ။ သို့ရာတွင် တင် ပြစရာလေးတော့ ရှိနေခဲ့ပါသည်။
ကျွန်တော်မြန်မာလူမျိုးများ အနေဖြင့် သာမာန် ဧည့်သည် လာရောက်ရင်တောင်
သစ်သီး၊ မုန့်စသည်တို့ကို စားသုံးရန် အဆင် သင့်
ပြုလုပ်ပြီးမှဧည့်ခံလေ့ရှိပါတယ်
။ ဒါတောင်ဂုဏ်သရေရှိလူကြီး မဟုတ်သေး ပါဘူး။ ယခုမှာ သတ္တ၀ါတို့၏ကျေးဇူးတော်ရှင် သစ္စာလေးပါးမြတ်တရားကို ကိုယ်တော်တိုင်
ပိုင်းခြားသိမြင်တော်မူသော မြတ်စွာဘုရားရှင်အား သက်တော် ထင်ရှား ရှိသည်ဟု
ကပ်လှူတာ မဟုတ်ပါလား။ ဤသည်ကို သစ်သီးဆို အလုံး လိုက်ကြီး၊ မုန့်ဆိုလျှင်
အိတ်ကမခွာထား။ ညနေအထိထားလို့ထား။ တစ်ချို့ သစ်သီးကိုအုန်းပြီး
မှည့်မှစွန့်ကြတယ်။ စက္ခုအမြင် မတင့်တယ်စရာပါ။ စာဖတ် သူများ မသိရှိသေးက
ပြင်ဆင်နိုင်ရန် တင်ပြအပ်ပါသည်။ အမှားကိုသိလို့ အမှန် ကိုပြင်တာလူတော်ပေါ့။
ဆွမ်းလှူသဖြင့် ရရှိနိုင်သော အကျိုးတရား (၅)မျိုး ကိုလည်း အင်္ဂုတ္တိုရ်
ပါဋ္ဌိတော် ဘောဇနသုန်တွင် ပြဆိုထားပါသည်။ ၄င်းတို့မှာ (၁) အသက်ရှည်ခြင်း၊
(၂) အဆင်းလှခြင်း၊
(၃) ကိုယ်စိတ်ချမ်းသာခြင်း၊
(၄) ခွန်အားဗလ ကြီးမားခြင်း၊
(၅) ဉာဏ်ပညာ ကြီးမားခြင်း တို့ဖြစ်ပါတယ်။

(၃) ဘယ်သွားသွား၊ ဘယ်လာလာ၊ ဘာလုပ်လုပ် သရဏဂုံရွတ်ဆိုဆောက်တည်ခြင်း။
အရဟံဂုဏ်တော် ရွတ်ဆိုပွားများခြင်း။
အသင့်အတင့်အမှန်အတိုင်း နှလုံးသွင်း၍(ယောနိသော မနသိကာရ)၊ လူတိုင်းကို
ပီယစက္ခု ချစ်ခင်သောအမြင်ဖြင့်ကြည့်ကာ မိမိ၏နှလုံးအိမ်ထဲတွင် ဘုရား၊ တရား၊
သံဃာ တို့၏ဂုဏ်တော်များကို မြင်ရောင်၍ ဘုရား၊ တရား၊ သံဃာမှတပါး
ကိုးကွယ်ရာမရှိပါဟု မှတ်ယူကာ သရဏဂုံကို ရွတ်ဖတ်ပွားများခြင်း။
အရဟံ= (က) ကိလေသာကင်းစင်တော်မူသော မြတ်စွာဘုရား၊
(ခ) စိတ်ကွယ်ရာအရပ်၌ပင် မကောင်းမှုကိုပြုတော်မမူသော မြတ်စွာဘုရား၊
(ဂ ) ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရား။ ဟူ၍ အရဟံဂုဏ်တော်ကို
တစ်ဆင့်ထက်တစ်ဆင့်မြင့်၍ ပွားများခြင်း။ ဤကဲ့သို့ သရဏဂုဏ်ဆောက်တည်ခြင်းသည်
ကျောင်းဆောက်လှူဒါန်း၍ ကျောင်းဒကာ ဖြစ်သည်ထက်မြတ်၏။ ဤသို့ပွါးများရာတွင်
ကမ္မဋ္ဌာန်း(၄၀)မှ အနုဿတိ(၁၀)ပါးတွင် ပါဝင်သော ဗုဒ္ဓနုဿတိ ကမ္မဋ္ဌာန်းရှုရာလည်း
ရောက်ပါတယ်။

(၄) ညအိပ်ယာဝင်တိုင်း ငါးပါးသီလ၊ ရှစ်ပါးသီလ စသဖြင့် ခံယူ၍ ဘုရားဝတ်ပြု၊
မေတ္တာပွားပြီးမှ အိပ်စက်ခြင်း။
သာမာန်ဘုရားဝတ်ပြုပြီးမှ အိပ်စက်တာထက်စာရင် သီလစောက်တည် မေတ္တာ ပို့ပြီးမှ
အိက်စက်ရင်ပိုပြီး သီလစင်ကြယ်ပါတယ်။ မေတ္တာအကျိုး(၁၁)မျိုး ကို
လည်းရရှိစေပါတယ်။
(၁) ချမ်းသာစွာ အိပ်ရခြင်း။
(၂) ချမ်းသာစွာနိုးရခြင်း။
(၃) အိပ်မက်ဆိုးတို့ကို မမြင်မက်ခြင်း။
(၄) နတ်အပေါင်းက စောင့်ရှောက်ခြင်း။
(၅) လူအများချစ်ခင်ခြင်း။
(၆) မီးဘေးမသင့်နိုင်ခြင်း။
(၇) အဆိပ်၊လက်နက် မသင့်နိုင်ခြင်း။
(၈) စိတ်တည်ကြည်ခြင်း။
(၉) မျက်နှာကြည်လင်ခြင်း။
(၁၀) တွေဝေစွာမသေရခြင်း။
(၁၁) သေလွန်လျှင် ဗြဟ္မာ့ပြည်ရောက်နိုင်ခြင်း ဟုပြဆိုထားပါတယ်။

ဤအချက်တို့သည် ဗုဒ္ဓဘာသာလူမျိုးများ အနေဖြင့် ငယ်စဉ် ကလေးဘ၀က
သိရှိပြီးသားဖြစ်ပါသည်။ သို့သော်ဤအချက်တို့ကို စာဖတ်သူများ ငယ်စဉ်မှစ၍
ယခုအချိန်ထိ ဘယ်နှစ်ကြိမ်လုပ်ဖူးပြီလဲဆိုသော အတွေး လေးတော့
ဝင်စေချင်မိပါသည်။ နွားတစ်ကောင်အသက်ကြီးလာလေ သူရဲ့ဦး ချိုရှည်လာလေ၊
လူတစ်ယောက်အသက်ကြီးလေ သူရဲ့တဏှာကြီးလေပါ။အသားတိုးသလော
က် တဏှာတိုးသလောက၊်
တရားအသိမတိုးရင် လူကြီး လာသော်လည်း ကလေးတွေးသာသာရယ်ပါ။ သတိအကြောင်း၊ ၀ိပဿနာ
အကြောင်းတွေ ဖောင်ဖောင်ကြီးပြောနေပေမဲ့ စိတ်နေစိတ်ထားရော ကိုယ်ကျင့်
တရားနဲ့ကိုယ်နှုတ်အမူအရာရော ပြောင်းလဲတိုးတက်လာမှုမရှိဘူးဆိုရင် အဲဒီ လူဟာ
ချူန်းပြီးမရွာတဲ့မိုးနဲ့တူတူပါပဲ။ အဲဒီတော့ ဗုဒ္ဓဘုရား၏တရားတော်အတိုင်း
နေ့စဉ်ပြုအပ်သော၊ နေစဉ်ပြုအပ် သော၊ စောင့်ထိန်းအပ်သော၊ ရှောင်ကျဉ်အပ်သော
တရားတော်တို့ကို အချိန်နှင့် အမျှ ကျင့်သုံးကြပါစို့။ ပုထုဇဉ်
တို့၏သဒ္ဓါတရားသည် ထာဝရ မခိုင်မြဲနိုင်လို့ ဆိုထားပေရာ
ဗုဒ္ဓဘာသာဝင်သူတော်စဉ်အပေါင်း ဤကဲ့သို့ ကပ်လှူခြင်း၊ ပွားများခြင်းအားဖြင့်
သဒ္ဓါတရားရင့်သန်၍ ၀ိပဿနာတရားတော်ကို ကျင့်ကြံကြိုး ကုတ် အားထုတ်၍
နိဗ္ဗာန်သို့ မျက်မှောက်ပြုနိုင်သော သူတော်ကောင်း၊ သူတော်မြတ်များ
ဖြစ်ကြပါစေ။ ဗုဒ္ဓဘာသာဝင်ကောင်းတစ်ယောက် ဖြစ်စေရန် ရည်သန်၍
ဓမ္မဒါနပြုအပ်ပါသည်။ သတ္တ၀ါအချင်းချင်း ပီယစက္ခုဖြင့် ကြည့်ရှုနိုင်ကြပါစေ။

သရဏဂုံတည်ခြင်းအကြိုး

ဘုရား တရား သံဃာ ရတနာသုံးပါးကို ယုံကြည်ဆည်းကပ်ခြင်းသည် သရဏဂုံတည်ခြင်း ဖြစ်ပါသည် ။

သရဏဂုံတည်ခြင်း အကျိုး (၅) မျိုးရှိပါတယ်

(၁) ဘယ - ဘေးရန်ကင်းရှင်း စေပါသည် ။

(၂) သန္တာသ - ကြောက်ရွံမှု ပူလောင်မှု မှန်သမျှကို ပျောက်ကင်းစေပါသည် ။

(၃) ဒုက္ခ - ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်းကိုလည်း ပျောက်ကင်းစေပါသည် ။

(၄) ဒုဂတိ - အပါယ်လေးဘုံ ကျရောက်မည့် ဘေးကိုလည်း ပယ်ပျောက်စေပါသည် ။

(၅) ပရိကိလေသ - မိမိစိတ်၏ ညစ်နွမ်းမှု မှန်သမျှတွေကိုလည်း ပယ်ပျောက်စေပါသည် ။

သရဏဂုံ ဆောက်တည်ရခြင်းအကြောင်း ကတော့ လေးမျိုးရှိပါတယ်

(၁) မိမိကိုယ်တိုင် ယုံကြည်မှု မရှိပဲ အမျိုး အမှတ်ဖြင့် ကိုးကွယ်ခြင်းဟာ သရဏဂုံမမြောက်ပါ ။

(၂) ဘေးအန္တရာယ်ကို ကြောက်သောအားဖြင့် ကိုးကွယ်ခြင်းဟာ သရဏဂုံမမြောက်ပါ ။

(၃) လာဘ် လာဘ ကိုမျှော်ကိုးပြီး ကိုးကွယ်ခြင်းဟာလည်း သရဏဂုံမမြောက်ပါ ။

(၄) မြတ်သောအလှူကိုခံတော်မူထိုက်သောအားဖြင့် ကိုးကွယ်ခြင်းဟာ သရဏဂုံမြောက်ပါတယ် ။

Monday, March 21, 2011

မြတ်ဗုဒ္ဓဟာ ဘယ်လိုပုဂ္ဂိုလ်ထူးမျိုးလဲ

မြတ်ဗုဒ္ဓသည် အ၀ိဇ္ဖာအမှောင်တိုက်ကို ပယ်ဖျက်လျက် လောကအား ဆင်းရဲဒုက္ခအပေါင်းမှ လွတ်

မြောက်အောင် ဘယ်လိုလုပ်ရမည်ကို ညွှန်ပြရန် အတွက် ဖွားမြင်လာခြင်းဖြစ်တယ်……

မြတ်ဗုဒ္ဓဟူသည် သူဟောတော်မူခဲ့သော ကောင်းကျိုးချမ်းသာဖြစ်စေသော တရားတို့၏စုဝေးရာပင်

ဖြစ်သည်…..

၄၅၀ါပတ်လုံးလှည့်လည်ပြီး ဒေသစာရီကြွချီလျက် ဟောကြားဆုံမတော်မူခဲ့သော အောင်မြင်သော

သူ၏ဓမ္မဒူတလုပ်ငန်းကြီးတွင် သူဟောကြားဆုံမတော်မူခဲ့သမျှ စကားလုံးများကို အပြောသာ

မဟုတ် ကာယကံ ၀စီကံ မနောကံ အလုပ်များ အဖြစ်သို့ ပြောင်းလဲတော်မူစေနိုင်ခဲ့တယ်………

ကိုယ်တော်မြတ်သည် မည်သည့် အခါကမျှ လူသာ၏ပျက်ကွက်သော သမာဓိ မနောကံအလုပ်များ

အဖြစ်သို့ ပြောင်းလဲတော်မူစေနိုင်ခဲ့တယ်…..

ကိုယ်တော်မြတ်သည် မည်သည့်အခါကမျှ လူသား၏ပျက်လွယ်သော သမာဓိအားနည်းမှုသဘော

ကိုရော လူသား၏တပ်မက်မှုရာဂ သဘောကိုရော ပြသတော် မူခဲ့ခြင်းလည်းမရှိဘူး…..

မြတ်ဗုဒ္ဓပွင့်ထွန်းလာခြင်းကြောင့် လူ့လောကတစ်ခုလုံးမှာ ကောင်းချီးသြဘာမင်္ဂလာအပေါင်း

ခညောင်း ပြည်စုံခဲ့ရတယ်…..

ဗုဒ္ဓမြတ်စွာဘုရား ဟောကြားတော်မူခဲ့တဲ့ ဒေသနာတော်တွေထဲမှာ လူပုဂ္ဂိုလ်တစ်ဦးအပေါ်မှာ

တောင် မိတ်ဆွေမဆန်တဲ့ ရန်လိုမုန်းထားပြုသင့်တယ်လို့ ဘယ်တုန်းကမှ ဟောကြားတော်မူခြင်း

မျိုးလည်း လုံးဝမရှိဘူး….သူ့အပေါ် ဆန့်ကျင်တိုက်ခိုက်သူ အဆိုးဆုံးရန်သူအပေါ်မှာတောင် မိတ်

ဆွေမဆန်တဲ့ မလိုမုန်းထားစိတ်မျိုး မပြသင့်ဘူးလို့ ထုတ်ဖော်ဟောကြားတော်မူတယ်……

mail ထဲကမှတဆင့်ဖော်ပြပါသည်။