ဘ၀ရဲ့အရွယ် ၃ ပါးကို အခုလိုပုံစံမျိုးနဲ့မကြုံချင်ဘူး
သူငယ်ချင်းများအားလုံး ဒီအရွယ် ၃ ပါးထဲက ကျော်လွန်နိုင်ပါစေ
(၁)
ဆယ်ကျော်သက်အရွယ်မှာတော့
အချိန်ရှိတယ်
စွမ်းအားရှိတယ်
ပိုက်ဆံမရှိဘူး
(၂) အလုပ်လုပ်တဲ့ အရွယ်ကျတော့
ပိုက်ဆံရှိတယ်
စွမ်းအားရှိတယ်
အချိန်မရှိဘူး
(၃)
အသက်ကြီးလာတော့
အချိန်ရှိတယ်
ပိုက်ဆံရှိတယ်
ဒါပေမဲ့............
အိုမင်းမစွမ်းဆိုတဲ့အတိုင်း
ခွန်အားမရှိတော့ဘူး
သင်ရော..................အခုအချိန်မှာ
ဘယ်အရွယ်ထဲမှာ ရောက်နေပြီလဲလို့......ဆင်ခြင်နိုင်ကြပါစေ
ဒီနေရာလေးကို
Showing posts with label ဘ၀. Show all posts

Friday, October 8, 2010
လူ.ဘ၀နဲ. အခြေအနေအချိန်အခါ
၁။ လူတိုင်းကတော.လုပ်တိုင်းမဖြစ်သလို ဖြစ်တိုင်းလည်းလုပ်ခဲ.လို.မဟုတ်ပါဘူး။
ကံတရားဆိုတာတော့ ဒွန်တွဲပြီးပါလာတတ်ကြတာပါပဲ ။
၂။ လူတစ်ယောက်လူ့ လောကထဲကိုရောက်လာပြီးအသိတရားလေးစတင်ရှိလာပြီဆိုရင် သူ့ ရဲ့ စိတ်နေစိတ်ထားဟာ သူ့ ကိုယ်တိုင်မပြင်နိုင်သေးသရွှေ့ ကြီးပြင်းလာခဲ့ တဲ့ ပတ်ဝန်းကျင်အရ ဓလေ့ စရိုက်တွေအရပြောင်းလဲဖြစ်ပေါ်လာတတ်တယ် ။
၃။ တစ်ချို့ ကတော.မကောင်းမှန်းသိလို့ ပြင်နိုင်ကြသလိုပဲ တစ်ချို့ ကတော့ စိတ်ကိုအလိုလိုက်ပြီးပတ်ဝန်းကျင်ပြောင်းလဲမှု ကိုမခံနိုင်လို့ စိတ်သွားရာ ကိုယ်ပါခဲ့ကြတယ်။
၎။လိမ်မာတဲ့ အသိဥာဏ်ရှိတဲ့  မှန်ကန်တဲ့  လူတိုင်းမချမ်းသာကြသလိုပဲ ချမ်းသာတိုင်းလည်း အဲဒီ့အရာတွေပြည့်စုံမှုမရှိပါဘူး ။ အသက် ၂၀ ကျော်လာပြီဖြစ်တဲ့ လူတစ်ယောက်ဟာ ဦးနှောက်အေးအေးလေးနဲ့ ပြသနာတစ်ခုကို ကိုယ်တိုင်ဖြေရှင်းနိုင်ပြီလို့ ပညာရှင်များကပြောပါတယ်။
၅။ အဲဒီ့လိုအချိန်မှာကိုယ်ကမဆုံးဖြတ်နိုင်ရင် ကိုယ့်ဘ၀ ရဲ့ ဦးတည်ချက်ဖြစ်တဲ.မြှားကို ကိုယ်တိုင်လေးကိုင်နေတဲ့လူက ဦးတည်ရာလမ်းညွှန် မပေးနိုင်သရွေ့ တော့ ပစ်မှတ်ကတော့ လွဲနေဦးမှာပါပဲ။
၆။စိတ်ကိုနည်းနည်းခြင်းပြုပြင်ယူလို့ ရပါတယ် ပြောင်းလဲယူဖို့ ခက်ခဲတယ် လွယ်ကူတယ်ဆိုတာတော့  self - control နဲ့ ဆိုင်ပါတယ်။ သေချာတစ်ခုကတော့  အလုပ်တစ်ခုကိုသူများတွေထက်စောစောလုပ်လိုက်တဲ့ လူတစ်ယောက်ဟာ စောစောအဆုံးသတ်သွားပါတယ် ။
၇။ပြောင်းလဲတတ်တဲ့ သဘောသဘ၀တစ်ခုတော့ရှိပါတယ်. ... အခြေအနေတစ်ခုအရ မိဘတွေနှစ်ဦးလုံးတစ်ပြိုင်နက်ဆုံးသွားတာမျိုး .... ကိုယ်.အရမ်းသံယောဇဉ်ရှိတဲ့လူတစ်ယောက်
့မျက်စေ.ရှေ.ကနေတမလွန်ကူးသွားတာမျိုးပေါ.။သူ့ စိတ်ကငါလုပ်မှရမယ်ဆိုပြီးတော.့ပြင်လိုက်တာပေါ့  တစ်ချို့ ကတော့ စိတ်ကိုလုံးဝချလိုက်ပြီးတော့ ငါဘ၀ ကမ္ဘာစစ်ဖြစ်ပြီဆိုပြီး လေလွင့် ဖျက်ဆီးပစ်လိုက်တယ် တန်ဖိုးရှိတဲ့ လူတစ်ယောက်ပျက်စီးသွားတတ်သလိုပဲ သူ့ ဘ၀မှာအရက်နဲ့ မိတ်ဖွဲ့ ပြီးစိတ်ဆင်းရဲမှုဒါဏ်ကို ခံစားချက်တစ်မျိုးနဲ့ လွှဲဖယ်လိုက်တာပေါ့ ။
၈။ဘ၀မှာဖြတ်သန်းလာတဲ့အခက်အခဲတွေ ဒုက္ခတွေကိုယ်တိုင်ဖြေရှင်းရတဲ့ပြသနာတွေက ရင့် ကျက်မှုတွေပါ မှားနေတဲ့ ကိုယ့် အမှားတွေကိုပြင်နိုင်ဖို့ လိုပါတယ် ။ လူတိုင်းအမှားနဲ့ တော့ မကင်းကြပါဘူး ။ဒါပေမဲ့ မှားချင်တိုင်းမှားနေရင်တော့ ကိုယ်တိုင်မပြင်နိုင်သရွှေ့  မိမိစိတ်ကိုအလိုလိုက်နေသရွှေ့  နောက်ဆက်တွဲရလဒ်တွေကတော့ မကောင်းနိုင်ပါဘူး။
၉။နောင်တ ဆိုတဲ့ စာလုံးလေးတစ်လုံးရှိပါတယ် .... ဆိုလိုတာကတော့ ကိုယ့် ကြောင့် ကိုယ်လုပ်လိုက်တဲ့  action တစ်ခုကြောင့် တစ်ပါးတစ်ယောက် သို့ မဟုတ် ကိုယ်တိုင် သာမာန်ထက်ပြင်းထန်စွာ စိတ်ခံစားလိုက်ရတာ ဒါမှမဟုတ် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာသွားတာပါ။ တစ်ချို့ ကတော့မရည်ရွှယ်ပဲနဲ့  လောကအလှည့်အပြောင်းအရကံမကောင်းလို့ ဖြစ်သွားတာပေါ့။တစ်ချို့ ကတော့ မှန်တယ်ထင်လို့ လုပ်လိုက်တာပါ ပြီးမှ မှားမှန်းသိဆိုသလိုပေါ့ ဗျာ။
၁၀။အမှားတစ်ခုကြောင့်နောင်တ ရနေတဲ့ လူတစ်ယောက်ပြင်ရင်တော့ သေချာတယ်လုံးဝနောက်ကျသွားပြီ ပြန်ပြင်လို့ ကိုမရတော့ဘူး... ပြင်လို့ ရတာစိတ်တစ်ခုတည်းသာကျန်တော့တယ် ပြင်သင့် ပါတယ်သူများအကျိုးမဟုတ်တောင် ကိုယ့်အတွက်ပြင်လိုက်ပါ။
၁၁။တရားရုံးကစီရင်ချက်ချခါနီးတရားခံက အဲဒီ့ နေ့ မှသားမှားပြီမေမေရဲ့ ဆိုသလိုဖြစ်နေပါတယ်။ စာရေးသူများပြောကြသလိုပါပဲ လောကဓံကိုကြံကြံခံနိုင်ဖို့ လိုတယ်ဆိုတာ ဦးတည်ချက်ကလူတွေရဲ့ လုပ်ဆောင်မှုတွေကိုနှိုးဆော်မှုပေးနေတဲ့စိတ်ကိုပြောထားကြတာပါ။
ဦးနှောက်ကနောက်မှဆုံးဖြတ်ဖို့ တွက်ချက်တာပါ။
၁၂။လူတစ်ယောက်ဟာအရွယ်မတိုင်ခင်မိဘအုပ်ထိန်းမှုအောက်ကထွက်ခွါသွားတာနဲ့ သူ့ ဦးတည်ချက်ဟာ သူနေထိုင်တဲ့ ပတ်ဝန်းကျင် အတိုင်း ၇၅% လိုက်ပါပြောင်းလဲသွားပါတယ်။သူ့ ကိုယ်တိုင်ဆုံးဖြတ်ဖို့ အတွက်ရင့် ကျက်မှုနည်းသေးတဲ့ သူ့ ဦးနှောက်ကထောက်ပံ့ မှုမပြည့်ဝသေးတဲ့အတွက် မျက်လုံးကမြင်တာ နားကကြားတာကိုသူလုပ်ပါတယ် ။
၁၃။အခုစာဖတ်နေသူဟာ အသက်၂၀ကျော် ဒါမှမဟုတ် ၁၆ နှစ်ကျော်ပြီဆိုရင် တော့မိမိကိုယ်ကို မိမိပြန်မေးကြည့်ပါငါဘာမှားနေလည်းငါ့စိတ်ဓါတ်ကဘယ်လိုလည်း ငါ့အတွက်ငါပြင်ဖို့ သင့်ပြီလား?? ပြင်စရာရှိတာကိုပြင်လိုက်ပါ.... ဘ၀မှာဆုံးရှုံးနစ်နာမှုတွေအများကြီးကြုံတွေ့ လာမှပြင်မယ်ဆိုရင် so sorry သူငယ်ချင်း အဲဒါတွေကရင်းနှီးမှုတွေဖြစ်ကုန်မယ် ...။
၁၄။စာဖတ်ဖူးတဲ့ လူတော်တော်များများသိကြမှာပါ ....စာအုပ်ကောင်းကောင်းလေးတွေရှိပါတယ် ဖေမြင့်တို့ စိတ်ပိုင်းဆိုင်ရာနဲ့ လမ်းညွှန်စာအုပ်လေးတွေ အကြံပေးစာအုပ်လေးတွေပေါ့။ဖတ်ပြီးရင်အသိလေးတွေတော့ ၀င်လာကြပါတယ်။ဟုတ်တယ်ဒါတော့လုပ်မှဖြစ်မယ် ငါဒါလုပ်မယ် .....ဒါပေမဲ့ ခဏတာများကြပါတယ်.... ။မေ့ပျောက်ကုန်တယ် ....တစ်ချို့ ကတော့အများကြီးမဟုတ်တောင်နည်းနည်းလေးတော့ပြင်လိုက်နိုင်တယ်။ ဘ၀တစ်ခုလုံးကိုအကောင်းဘက် direction ပြောင်းပေးနိုင်လေကောင်းလေပါပဲ။
၁၅။စိတ်ကြံ့ ခိုင်မှုအပြည့်ရှိတဲ့ လူတွေရှိကြပါတယ် ရည်မှန်းချက်တစ်ခုကလွဲ အားလုံးကိုပစ်ပယ်ထားနိုင်သူတွေပေါ့ ။လက်ရှိဘ၀လက်ရှိအခြေအနေကို
ရဲ့ဝံ့စွာဖြတ်သန်းပြီးတော့ အကောင်းဆုံးမဖြစ်နိုင်ရင်တောင် ကောင်းတဲ့ဘက်ကိုစူးစမ်းကြည့်လိုက်ပါ။သင့်အတွက်စိတ်ချမ်းသာမှုလေးတွေ တွေ့ ကြုံလာမှာပါ။
၁၆။လူငယ်တွေသဘောသဘာဝအရ အချစ်ဆိုတဲ့စိတ်စွမ်းအားတစ်ခုကိုရင်ဆိုင်ရပါတယ်... ၉၀% ရင်ဆိုင်ကြရပါတယ်... ကမ္ဘာပေါ်မှာစိတ်စွမ်းအားအကြီးမားဆုံးလို့ ပြောကြပါတယ်။ အမုန်းစိတ်စွမ်းအားကတော့နည်းပါတယ် ....မေ့ပျောက်တာများပါတယ်.... အငြိုးအတေးကတော့အမုန်းနောက်ကဖြစ်လာတာပါ... ဒါပေမဲ့ပြင်းထန်ပါတယ်... ။
၁၇။အချစ်စိတ်ကြောင့်ကိုယ့်ကိုကိုယ်တောင်မသနားပဲ အဆုံးစီရင်ကြသူတွေလည်းကြားဖူးမှာပါ။ အဲဒီ့ပြသနာတွေအခုရင်ဆိုင်တွေ့ နေရပြီ။ဒါမှမဟုတ် တွေ့ လာခဲ့ရပြီဆိုရင် ကုရာနထ္တိ ဆေးမရှိဆိုသလိုပဲ ရှိလာကြတဲ့ သံယောဇဉ်အရ ခံစားချက်အနည်းအများနဲ့ ခံစားကြရပါတယ်။
၁၈။စိတ်ကိုဦးဆောင်နိုင်တာ ဦးနှောက်ပါ ငါဒီအချိန်မှာဘာလုပ်သင့် သလည်း။ငါ့ အတွက်ဘယ်လိုအခြေအနေမျိုးကအကောင်းဆုံးဖြစ်မလည်း။ကြာရင်တော့မမေ့ဘူးလို့ မပြောပါနဲ့ မေ့မှာပါ သတိရရင်တောင်ရံဖန်ရံခါပါ။ဦးနှောက်နဲ့ အချိန်ပေးပြီးစဉ်းစားပါလုပ်ချင်တာတွေကိုစွတ်မလုပ်ပါနဲ့ ။သူ့ ဘက်ကလာတဲ့  action ကို reaction တစ်ခုပေးဖို့ အတွက်လိုမလိုစဉ်းစားပါ။
၁၉။အခုခေါတ်မှာ အသက် ၂၀ ကျော်အရွယ်အထိမနှောင်းသေးပါဘူး ...သင့်ဘ၀အတွက်လုပ်မယ်ဆိုရင်အချိန်တွေများပါတယ်.... အချိန်ရင်းနှီးဖို့ လိုတာကိုရင်းနှီးလိုက်ပါ။ ကြိုးစားတဲ့ လူတစ်ယောက်အတွက် အောင်မြင်မှုရလဒ်တစ်ခုကအမြဲတန်းကြိုဆိုနေဆဲပါ။
၂၀။လူတွေကပြောကြပါတယ်အချိန်တွေက လူကိုမစောင့် ဘူး ....စောင့်နေခဲ့ တဲ့အချိန်တွေကြတော့လည်းအကျိုးရှိအောင်မစွမ်းဆောင်နိုင်ကြဘူး။ဖြစ်ချင်တာကိုဖြစ်အောင်လုပ်ပါ လုံးဝလက်မလျှော့ပါနဲ့ အားပေးဖေါ်မဲ့နေရင်တောင့် ကိုယ့်ရဲ့ စိတ်ကိုဦးနှောက်ကအားပေးပါ။
၂၁။ဘ၀တစ်ခုသာယာဖို့ ဆိုတာကလည်းမွေးလာခဲ့ တဲ့ ဇာတာနဲ့ ဆိုင်ပါတယ်.... ဘ၀တစ်ခုကိုပုံဖေါ်ဖို့ အတွက် စိတ်စွမ်းအားကိုသုံးပါ လိမ္မာပါးနပ်စွာလျှောက်လှမ်းပါ... မြင့် မားတဲ့ တောင်ကိုတက်ချင်ရင်နားနားပြီးတက်ပါ... မလောပါနဲ့ ...ပေးရတဲ့ အချိန်တွေကိုလည်းတန်ဖိုးရှိစွာအသုံးချပါ။

တန်ဘိုးထားပါ
တစ်နဲ့တစ်ပေါင်းရင် နှစ်ရတာဟုတ်ပေမဲ့
ရေစက်လေးတွေပေါင်းကြည့်တော့ရေတစ်စက်နဲ့ရေတစ်စက်ပေါင်းတဲ့ အခါမှာတော့
နှစ်စက်မရဘူး။ ရေတစ်စက်ပဲရတယ်နော်။
အဲ့ဒီလိုပဲ အယူအဆတစ်ခုဟာရှေ့နောက်ဆီလျော်ညီညွတ်နေပေမဲ့ လက်တွေ့ဘ၀မှာ
မမှန်နှိင်မဖြစ်နှိင်တာမျိုးရှိတတ်ပါတယ်။
တွေ့ဆုံချိန်မှာ မိုးရွာချင်ရွာနေမယ်၊ နေသာချင်သာနေလိမ့်မယ်။
ဒါပေမယ့် ရင်ထဲမှာ စိတ်လှုပ်ရှားမှု၊ အပျော်တွေ ကိုယ်စီရှိနေကြတယ်။
မြို့က အကျယ်ကြီး၊ ကမ္ဘာကြီးကလည်း မသေးဘူး။
ဒီလို ကြီးမားကျယ်ပြန့်တဲ့ နေရာမှာ အချင်းချင်းတွေ့ဆုံဖို့ ဆိုတာကို
တစ်ခါမှ မတွေးခဲ့မိဘူး။
လူတစ်ယောက်ကို သိဖို့လွယ်ပေမယ့် တွေ့ဆုံဖို့ဆိုတာ ခက်ခဲလွန်းတယ်။
တစ်နေရာစီမှာ
ရှိနေကြတဲ့ အစက်လေး နှစ်စက်အတွက် တွေ့ဆုံဖို့ဆိုတာ မလွယ်ကူခဲ့ပါဘူး။
ဒါပေမယ့်... တွေးကြည့်ခဲ့ဖူးရဲ့လား?
လူတွေ သိန်း၊ သန်းပေါင်းများစွာ စုရုံးနေတဲ့ ဂြိင်္ုလ်ပြာကြီးထဲမှာ
ဘာကြောင့်
ငါတို့တွေ့ဆုံခဲ့ကြသလဲ?
ငယ်ငယ်တုန်းက နားထောင်ခဲ့ဖူးတဲ့ ရာဇဝင်ပုံပြင်ထဲမှာ....
ရေသူမလေး ရေပြင်ပေါ်ဘွားခနဲ့ ပေါ်လာတဲ့အချိန် မင်းသားရဲ့သင်္ဘောလည်း
အဲဒီနေရာကို ဖြတ်သွားတဲ့ အချိန်ဖြစ်နေတယ်။ တောထဲမှာ မင်းသား
လှည့်လည်နေတဲ့အချိန် မျှော်လင့်မထားဘဲ စနှိုးဝိုက်နဲ့ တွေ့ဆုံခဲ့တယ်။
တွ့ဆုံခြင်းက ဒီလောက်ပဲ တိုက်ဆိုက်နိုင်ခဲ့သလား? အဲဒီတွေ့ဆုံခြင်းမှာ
နင်ရှိခဲ့တယ်၊
ငါရှိခဲ့တယ်။
တစ်ချိန်တည်း၊ တစ်နေရာတည်းမှာ အချင်းချင်း တွေ့မြင်ကြပြီဆိုရင် ....
တွေ့ဆုံခြင်းပါတဲ့။
ဂျပန်ကား "Now and Then" က ဇာတ်လိုက်တွေက ဇာတ်လမ်းရဲ့နောက်ဆုံးမှာ
ဖဲကြိုးရှည်တွေ လွတ်ပြီး ဒီအချိန်၊ ဒီနေရာမှာ ဒီလူတွေ
ရှိခဲ့ကြတယ်ဆိုတာကို
အထိမ်းအမှတ် လုပ်ခဲ့ကြတယ်။ ဒါပေမယ့် လူအများရဲ့ တွေ့ဆုံခြင်းမှာ
နှုတ်ဆက်ခြင်း၊
အထိမ်းအမှတ်ပြုခြင်းတွေ မရှိခဲ့ကြဘူး။
တစ်ချို့ရဲ့တွေ့ဆုံခြင်းက မျဉ်းကြားမှာလမ်းဖြတ်ကူးသလိုပဲ
ပုခုံးချင်းတိုက် မျက်နှာလွှဲခဲ့ကြတယ်။ နှုတ်ဆက်ဖို့ဆိုတာ
ဝေးလို့ သူတို့အနားမှာ ပုခုံးချင်း ပွတ်တိုက်သွားတဲ့ လေစိမ်းတွေသာ
ကျန်ရစ်ခဲ့တယ်။
တကယ်တော့ တွေ့ဆုံဖို့ဆိုတာ မလွယ်လှပါဘူး။ လုံးဝ မလွယ်လှပါဘူး။
တစ်ခါတလေမှာ ဒီလူ၊ ဒီလူနဲ့ ဒီနေရာမှာ အရမ်းတွေ့ချင်မိတယ်၊ တစ်ခါလောက်
ဒီလူ၊ ဒီလူနဲ့ ထပ်ဆုံချင်ပေမယ့် တွေ့ဆုံခြင်းက ဝေး,ဝေးနေခဲ့တယ်။
ဒါကြောင့် အချင်းချင်း တွေ့ဆုံချိန်မှာ တန်ဖိုးထားကြပြီး နွေးထွေးမှု၊
အကြင်နာတွေ ပိုပါစေ။
ခွဲခွါခါနီးမှာ "see you"လို့ ပြောဖို့ မမေ့ပါနဲ့။
အပြုံးတွေနဲ့ တွေ့ဆုံကြမယ်၊
အပြုံးတွေနဲ့ ခွဲခွါကြမယ်။
အပြုံးတွေနဲ့ နောက်ထပ်တစ်ခါ တွေ့ဆုံကြစို့....

ပျော်ရွှင်ခြင်းနဲ့ ပတ်သက်ရင်
ပျော်ရွှင်ခြင်းဆိုတာ လှပတဲ့ဖန်ဂေါ်လီနဲ့တူတယ်။ ကမ္ဘာ့နေရာအနှံ့မှာ
ပြန့်ကျဲနေတယ်။ အဲဒီဖန်ဂေါ်လီကို
လူတချို့က များများကောက်တွေ့တယ်။ တချို့က နည်းနည်းကောက်တွေ့တယ်။
တချို့ကလုံးဝကောက်မတွေ့ဘူး။
လက်ရှိအခြေအနေကို တန်ဖိုးထားမြတ်နိုးပါ။
စိတ်နဲ့ခံစားမျှဝေတတ်ရင်ပျော်ရွှင်ခြင်းက ကိုယ်နဲ့တစ်သက်လုံးရှိနေပါတယ်။
လူတွေက ကိုယ်ပိုင်ဆိုင်ချိန် တန်ဖိုးထားကောင်းမှန်းမသိဘဲ ဆုံးရှုံးသွားမှ
နှမြောသတဖြစ်တတ်ကြတယ်။ ကိုယ်ပိုင်ဆိုင်တဲ့ပစ္စည်း ဆုံးရှုံးသွားရတော့မယ်လို့
သိချိန်ရောက်မှ လက်ကမလွတ်စတမ်း ဆုပ်ကိုင်ထားချင်ကြတယ်။

ရယ်(ပြုံး)တာနဲ့ပတ်သက်ရင်
နားလည်မှုလွဲတာနဲ့ ကြုံတဲ့အခါ ခပ်ဟဟရယ်နိုင်တာက ရည်မွန်ခြင်းတစ်မျိုးဖြစ်တယ်။
မှားယွင်းမှုနဲ့ကြုံတဲ့အခါ ခပ်ပွင့်ပွင့်ရယ်နိုင်တာက
သဘောထားကြီးခြင်းတစ်မျိုးဖြစ်တယ်။
အကျိုးမဲ့စေတာနဲ့ကြုံတဲ့အခါ ခပ်ပျော်ပျော်ရယ်နိုင်တာက
ရက်ရောခြင်းတစ်မျိုးဖြစ်တယ်။
ရှေ့မတိုးနောက်မဆုတ်သာတဲ့ကိစ္စနဲ့ ကြုံတဲ့အခါ ကိုယ့်ကိုယ်ကို
ပြက်ချော်ချော်ရယ်နိုင်တာက အသိဥာဏ်တစ်မျိုးဖြစ်တယ်။
အပျက်အဆီး၊ ဒုက္ခနဲ့ကြုံတဲ့အခါ စိတ်အနှောင့်အရှက်ကင်းကင်း ရယ်နိုင်တာက
သဘောထားကြီးခြင်း တစ်မျိုးဖြစ်တယ်။
မထေမဲ့မြင်ပြုခံရတဲ့အခါ တည်တည်ငြိမ်ငြိမ် ရယ်နိုင်တာက
ကိုယ့်ကိုယုံကြည်မှုတစ်မျိုးဖြစ်တယ်။
အသဲကွဲတဲ့အခါ သိမ်သိမ်မွေ့မွေ့ ရယ်နိုင်တာက
ချုပ်ချယ်မှုကင်းနည်းတစ်မျိုးဖြစ်တယ်။
ဘယ်လိုအခြေအနေမျိုးမှာဖြစ်ဖြစ်... ဘယ်လိုအကြောင်းမျိုးမှာဖြစ်ဖြစ်
နေ့တိုင်းပြုံးရယ်နိုင်ဖို့ လိုအပ်ပါတယ်။

လူ့ဘဝနဲ့ ပတ်သက်ရင်
ဘဝဆိုတာ ပြဇာတ်တစ်ပုဒ်နဲ့တူတယ်။ နှစ်လရာသီတွေက အညှာတာကင်းမဲ့တယ်။ အတိတ်ကိုပြန်
မှန်းမျှော်ကြည့်တော့ လူတွေအသက်ရှင်တာက စိတ်ခံစားမှုတစ်မျိုးလို့
ဆိုနိုင်တယ်။ ဆင်းရဲတာပဲဖြစ်ဖြစ်၊
ချမ်းသာတာပဲဖြစ်ဖြစ်၊ ရယူတာပဲဖြစ်ဖြစ်၊ ဆုံးရှုံးတာပဲဖြစ်ဖြစ် အရာအားလုံးက
လျှပ်တစ်ပြက်အတွင်းမှာဖြစ်ပြီး လျှပ်တစ်ပြက်အတွင်းမှာ ပျောက်သွားနိုင်တယ်။
မနေ့က၊ ဒီနေ့၊ မနက်ဖြန် ဘာနေ့ပဲဖြစ်ဖြစ် စိတ်ရွှင်လန်းတဲ့နေ့က
အလှဆုံးနေ့ဖြစ်တယ်။ မိသားစုအချစ်၊ သူငယ်ချင်းအချစ်၊ ချစ်သူအချစ်
ဘာအချစ်ပဲဖြစ်ဖြစ် တန်ဖိုးထားမြတ်နိုးနိုင်ရင် ခံစားချက်ကောင်းတွေပေးတယ်။
စကားတစ်ခွန်းက ဒီလိုဆိုပါတယ်။
"ပိုင်ဆိုင်ခဲ့ဖူးတာကို မမေ့နဲ့၊ လက်ရှိပိုင်ဆိုင်တာကို ပိုတန်ဖိုးထားပါ။
ကိုယ့်အတွက်
သတ်မှတ်ထားတဲ့အရာကို လက်မလွတ်နဲ့၊ ဆုံးရှုံးခဲ့ဖူးတာကို အမှတ်တရထားပါ။ လိုချင်တာကို
ရအောင်ကြိုးစားပါ။ မောပန်းလာရင် စိတ်ကို ကမ်းကပ်ဖို့ မမေ့ပါနဲ့။ ရွေးချယ်ပြီးနောက်
နောင်တမရနဲ့၊ အပင်ပန်းခံမှ ပြည့်ဝတာကို နားလည်မယ်၊ အနာခံမှ
ဘဝကိုနားလည်မယ်။စိတ်ထိခိုက်အားငယ်မိမှ ကြံ့ခိုင်တာကိုနားလည်မယ်။
လေတိုက်တဲ့မနက်ဆိုတာသလို လှပတဲ့ညနေဆည်းဆာလည်း ရှိမယ်။ ကြယ်ကြွေညတွေလည်း
ရှိနိုင်မယ်။ ဘဝဆိုတာ အပြန်မရှိတဲ့ လက်မှတ်တစ်စောင်နဲ့တူတယ်။ ဘဝဆိုတာ
အစမ်းလေ့ကျင့်မှုတွေမရှိတဲ့
တိုက်ရိုက်သရုပ်ဆောင်မှုတွေဖြစ်တယ်။ သရုပ်ဆောင်မှုတိုင်းကို
ပိုင်ပိုင်နိုင်နိုင်လုပ်နိုင်တာက လူ့ဘဝကို အကောင်းဆုံး
တန်ဖိုးထားနည်းပဲဖြစ်တယ်"

Subscribe to:
Posts (Atom)