ဒီနေရာလေးကို

Showing posts with label အတွေး. Show all posts
Showing posts with label အတွေး. Show all posts

Tuesday, December 14, 2010

ကောင်းမယ်ထင်တဲ့ အတွေးများ

(၁)အခန်းကို ဘာအရောင်သုတ်မလဲလို့ မဆုံးဖြတ်ရသေးခင် ရိုးရှင်းပြီး ရှေးကျတဲ့ အဖြူရောင်ကို အရင်စမ်းသုတ်ကြည့်ပါ။ တစ်ခါတလေ ရိုးရှင်းပြီး ရှေးကျတဲ့နည်းလမ်းတွေက ဘေးကင်းလုံခြုံတဲ့ နည်းလမ်းဖြစ်တယ်။

(၂)တစ်ပတ်မှာ တစ်နပ်လောက် ချွေတာပါ။ စားမယ်လို့ ရည်ရွယ်ထားတဲ့အစာကို ချို့တဲ့သူတွေအတွက် ပေးကမ်းစွန့်ကြဲပါ။ အစာကိုစွန့်နေချိန်အတွင်းမှာ တပြိုင်နက် မေတ္တာကိုလည်း သင်စွန့်နေပါတယ်။

(၃)တကယ်လို့ ဖြစ်နိုင်ရင် ကလေးတွေကို (၁၆)နှစ်ပြည့်တာနဲ့ အလုပ်တစ်ခုရှိဖို့ အားပေးကူညီပါ။ ဒါဟာ လူ့ဘဝအရသာကို အချိန်စောပြီး သူတို့ ခံစားသိမြင်စေသလို အရာရာ ခက်ခဲကြောင်း သူတို့နားလည်စေပါတယ်။

(၄)ရိုမန်တစ်ဆန်တဲ့ ခံစားချက်ကို လက်ကိုင်ထားပါ။ ဒါဟာ အချစ်ကို ထာဝရလတ်ဆတ်စေသလို လူ့ဘဝကို ကြာရှည်ခံစေတဲ့အရာဖြစ်တယ်။

(၅)သားသမီးတွေကို အကောင်းဆုံးအရာမပေးနိုင်မှာကို စိတ်မပူပါနဲ့။ သူတို့အတွက် အကောင်းဆုံး"သင်"ကိုပဲ ပေးပါ။ ဒါဟာ သူတို့အလိုချင်ဆုံးအရာဖြစ်သလို သူတို့ရဲ့ အလိုအပ်ဆုံးလည်းဖြစ်ပါတယ်။

(၆)အမုန်းဆိုတာ အလွယ်တကူ ကူးစက်တတ်တဲ့ ခံစားချက်ဖြစ်တယ်။ ဒါကြောင့် အမုန်းကို စိတ်ထဲ အဝင်မခံပါနဲ့။ ဒီနေ့အထိ လူတွေ တိုးပွားလာရတာဟာ အမုန်းကြောင့်မဟုတ်ဘဲ အချစ်ကြောင့်ဖြစ်ပါတယ်။

(၇)သက်ရှိတိုင်းက လေးစားထိုက်သူတွေပါ။ လေးစားမှုတွေ ရင်ဝယ်ပိုက်ပြီး သက်ရှိတိုင်း ပျော်ပျော်ရွှင်ရွှင်နဲ့ ရှင်သန်ကြီးပြင်းဖို့ ကျွန်တော်တို့ ဆန္ဒပြုရအောင်...

(၈)သူငယ်ချင်းကောင်းဆိုတာ သင်ရဲ့ကိုယ်ခွဲလေးပါ။ အဖော်ကောင်းတစ်ယောက် ပိုင်ဆိုင်တာဟာ လူ့ဘဝခရီးလမ်းမှာ သင့်ကို အထီးမကျန်စေပါဘူး။

(၉)ကတိဆိုတာ နှလုံးသားတစ်ခုက အခြားနှလုံးသားတစ်ခုကို သစ္စာပြုတာဖြစ်တယ်။ ဒါကြောင့် ကတိတည်ပါစေ။

(၁၀)အေးဆေးတည်ငြိမ်တဲ့ ညချမ်းတစ်ခုမှာ တစ်ယောက်တည်း မြက်ခင်းပေါ်လဲပြီး ကောင်းကင်က ကြယ်ကလေးတွေကို ရေတွက်ပါ။ စိတ်လည်း အပန်းဖြေဖို့လိုပါတယ်။

(၁၁)အောင်မြင်တဲ့ အိမ်ထောင်ရေးတစ်ခုမှာ အချက်နှစ်ချက်လိုအပ်တယ်။ တစ်..အသင့်တော်ဆုံးလူကို ရှာယူပါ။ နှစ်.. အသင့်တော်ဆုံးလူဖြစ်အောင် ကြိုးစားပါ။ ဒီနှစ်ချက်မှာ တစ်ချက်ချက် မရှိလို့ မဖြစ်ဘူးဆိုတာ မြဲမြဲမှတ်ပါ။

(၁၂)လျှပ်တစ်ပြက်အောင်မြင်ဖို့ အချိန်(၁၅)နှစ် လိုအပ်တယ်။ အောင်မြင်ခြင်းရဲ့ တောက်ပမူကိုသာမြင်ပြီး မအောင်မြင်ခင် ကြုံတွေ့ရတဲ့ အခက်ခဲတွေကို လျစ်လျူမရှူလိုက်နဲ့။ တစ်ကြိမ်အောင်မြင်ဖို့ ကျဆုံးခြင်းတွေ အများကြီး စုပုံရပါတယ်

(၁၃)အားလပ်ရက်မှာ နေ့တစ်ဝက်လောက် အချိန်ခိုးပြီး အနားယူ အိပ်စက်ပါ။ နိုးလာတဲ့အခါ သင့်စိတ်ဟာ မွန်းလွဲနေရောင်ခြည်လို ကြည်လင်တောက်ပနေလိမ့်မယ်။

(၁၄)သင်မွေးနေ့မှာ သင်ကိုယ်တိုင် သစ်ပင်တစ်ပင်စိုက်ပါ။ သစ်ပင်ကို သင်နဲ့အတူ ရှင်သန်ကြီးထွားပါစေ။

(၁၅)ငယ်ရွယ်နုပျိုစဉ်မှာ ဓာတ်ပုံများများရိုက်ပါ။ အကောင်းဆုံးကာလကို ဘဝမှာ အမှတ်တရချန်ခဲ့ပါစေ။

(၁၆)တခြားသူက သင့်ကို ကတ် သို့မဟုတ် လက်ဆောင်ပေးတဲ့အခါ ကျေးဇူးတင်လွှာရေးပို့ဖို့ မမေ့ပါနဲ့။

(၁၇)ကလေးသူငယ်တွေကို စည်းကမ်းတကျ သင်ပြောဆိုဆုံးမပြီးနောက် သူတို့ကို စိတ်ပါလက်ပါ ပွေ့ဖက်ပါ။ သူတို့ကို သင်ဘယ်လောက်ချစ်တယ်၊ ဂရုစိုက်တယ်ဆိုတာကို သူတို့သိပါစေ။

(၁၈)များပြားလှတဲ့ အလုပ်ကြောင့် သင့်ရဲ့နှစ်ပတ်လည်နေ့ကို ဘယ်တော့မှ မမေ့လိုက်နဲ့။ ဘဝမှာရှိတဲ့ နေ့ထူးနေ့မြတ်တိုင်းက သင့်ဘဝမှာစုဆောင်းမိတဲ့ အကောင်းဆုံး စည်းစိမ်ချမ်းသာတွေဖြစ်တယ်။

(၁၉)မသိတတ်၊ နားမလည်တတ်သူတွေအတွက် ကောင်းတာတွေ လုပ်ပေးပါ။ သူတစ်ပါးကို ကူညီတာ တုန့်ပြန်မှုတွေ မလိုပါဘူး။

(၂၀)သင့်မျက်စိရှေ့က မြင်ကွင်းကို အမြဲလှပအောင် ထိန်းသိမ်းပါ။ ပုလင်းထဲထိုးထားတဲ့ ပန်းတစ်ပွင့်ဆိုရင်လည်း လှပနေပါစေ။

(၂၁)သင့်နာရီကို ငါးမိနစ်မြန်ထားပါ။ ဘာပဲလုပ်လုပ် တခြားသူထက် သင်ခြေတစ်လှမ်း မြန်နေပါစေ။ ကြိုတင်ပြင်ဆင်ဖို့ အချိန်ရှိပါစေ။

(၂၂)စွန့်စားခြင်းဆိုတာ ရဲဝံ့ခြင်းပဲ။ တကယ်လို့ သင်မစွန့်စားရင် အောင်မြင်ခြင်းရဲ့ ရဲဝံ့မှုကို သင်မသိဘူး။ စွန်းစားခြင်းထဲကနေ အောင်မြင်တဲ့လူ့ဘဝကို ရှာယူပါ။

(၂၃)သင့်အကြိုက်ဆုံး တေးဂီတနဲ့ နေ့ရက်တိုင်းကို ဖွင့်ပါ။ ဂီတဆိုတာ စိတ်ဝိညာဉ်ရဲ့သီချင်းဖြစ်တယ်။ မနက်ခင်းတိုင်းမှာ စိတ်ဝိညာဉ်ကို ကြည်လင်လန်းဆန်းပြီး နေ့ရက်ကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းပါ။

(၂၄)လင်မယားအချင်းချင်း တစ်ယောက်ကိုတစ်ယောက် စိတ်ထိခိုက်စေတဲ့အခါ ဘယ်သူ့အမှားပဲဖြစ်ဖြစ် အရင်ဆုံးတောင်းပန်တတ်ဖို့ သင်ယူပါ။ "ဆောရီးပဲ.. နင့်ကို ဒေါသထွက်စေခဲ့ပြီ။ ငါ့ကိုခွင့်လွတ်ပါ"။ ဒါဟာ စိတ်ထိခိုက်တာကို ကုသတဲ့ အကောင်းဆုံးဆေးဖြစ်တယ်။

(၂၅)တစ်ယောက်ယောက်က သင့်ကိုပွေ့ဖက်တဲ့အခါ သင့်ရင်ခွင်ထဲကနေ သူအရင် ခွာပါစေ။ သင့်ဝေးရာကို အချစ်မထွက်သွားမချင်း အချစ်ကို သင့်ဖက်ကစပြီး အရင်လက်မလွတ်ပါနဲ့။

(၂၆)သိလိုစိတ်တွေ အမြဲပြင်းပြနေပါစေ။ "ဘာကြောင့်" ဆိုတာကို များများမေးပါ။ ဒါဟာ ထိုးထွင်းဖန်တီးနိုင်စွမ်းကို ဖြစ်စေပြီး ဘဝကို မညှိုးနွမ်း မခြောက်သွေ့စေတဲ့ ရင်းမြစ်ဖြစ်တယ်။

(၂၇)အချစ်မှာ ထူးခြားဆန်းကြယ်တဲ့ ဆွဲဆောင်မှုတွေရှိတယ်။
အချစ်က လေကို တိုက်ခိုက်စေနိုင်သလို မိုးကိုလည်း ရွာသန်းစေတယ်။
လူကို သေရာက ရှင်သန်လာစေတယ်။ လူကို အမြဲနုပျိုစေတယ်။
ဒါကြောင့် အချစ်ရဲ့အင်အားကို ဘယ်တော့မှ အထင်မသေးပါနဲ့။

(၂၈)အနာဂတ်မှာ ဖြစ်ပျက်လာမယ့်အကြောင်းကို စိုးရိမ်ပူပန်လွန်ပြီး မျက်စိရှေ့က လှပတဲ့အရာတွေကို လက်မလွတ်မိစေနဲ့။ ပစ္စုပန်မှာ နေပျော်တတ်ဖို့ သင်ယူပါ။ အနာဂတ်ကို ကြိုတင်တွေးကြောက်သူဟာ လက်ရှိတန်ဖိုးရှိတဲ့အရာတွေနဲ့ ပိုပိုဝေးသွားပါလိမ့်မယ်။

(၂၉)အိမ်၊ အမေကို မကြာခဏ ဖုန်းဆက်ပါ။ အချစ်ရှိရင် လွမ်းဆွတ်မှုက ရှိစမြဲပါ။ တခြားလူကို လွမ်းဆွတ်ခြင်းရဲ့ ညင်းပန်းမှုဒဏ်တွေ မခံပါရစေနဲ့။ ဖုန်းဆက်တာဟာလည်း ချစ်ကြောင်းကိုတခြားနည်းနဲ့ ထုတ်ဖော်ပြသခြင်းပါပဲ။

(၃၀)အချစ်အတွက်နဲ့ လက်ထပ်ပါ။ အချစ်စစ်မှာ ဘာအကြောင်းပြချက်မှ မလိုဘူး။ လက်ထပ်ခြင်းမှာ အချစ်ဆိုတာ လိုအပ်သလို ဒါဟာလည်း ခိုလှုံခြင်းဖြစ်တယ်။

(၃၁)အခွင့်အရေးကို အေးဆေးသက်သာ ရှာလို့မရဘူး။ အေးဆေးသက်သာဆိုတာ ကမ်းစပ်မှာရပ်နေတဲ့ လှေငယ်လေးလိုဖြစ်တယ်။ အေးဆေးသက်သာရပ်နေပြီး မလှုပ်ရှားလို့ လှေအောက်ပိုင်းဟာ မကြာခင်မှာ ဆွေးသွားတော့မယ်။

(၃၂)နေ့ရက်တွေကို ရိုးရိုးရှင်းရှင်းဖြတ်ကျော်ပါ။ ရိုးရှင်းတာက ဘဝကို ပိုလက်တွေ့ကျစေသလို တန်ဖိုးအရှိဆုံးလည်းဖြစ်တယ်။

(၃၃)ခွေးတစ်ကောင်ဖြစ်ဖြစ်၊ အခြားတိရစ္ဆာန်ပဲဖြစ်ဖြစ် မွေးမြူကြည့်ပါ။ သက်ရှိတစ်ခုကို ဘယ်လို တန်ဖိုးထား ဂရုစိုက်ရမယ်ဆိုတာကို သင်နားလည်လာလိမ့်မယ်။

Friday, October 8, 2010

အဖြည့်ခံ

*တစ်ခါက လူငယ်လေးတစ်ယောက်ဟာ…ပန်းဥယျာဉ်ေ**လးတစ်ခု တည်ဆောက်ဖို့
ဆုံးဖြတ်လိုက်တယ်တဲ့။*

*သူဟာအရင်ဆုံး ရေနဲ့ လဲနီး မြေဆီမြေသြဇာလဲ ကောင်းတဲ့နေရာတစ်ခုမှာ
မြေကွက်လပ်ကျယ်ကျယ်လေးတစ်ခုဝယ်**လိုက်တယ်။*

*နောက်…မြေကွက်လပ်ရဲ့ ထောင့်နေရာမှာ သူနေဖို့ တဲလေးတစ်လုံးထိုးလိုက်တယ်။*

*ပြီးတော့…သူက ဘာဆက်လုပ်ရမလဲစဉ်းစားတယ်။*

*ပထမဆုံး သူရဲ့ ဥယျာဉ်လေးကို အပြင်လူတွေမနှောက်ယှက်နိုင်အော**င်
ခြံစည်းရိုးခတ်ရမယ်ပေါ့။*

*အဲဒါနဲ့ သူကိုယ်တိုင်း ၀ါးတွေခုတ်တယ်…နောက် ၀ါးလုံး ၀ါးခြမ်းတွေနဲ့
သူပိုင်မြေကွက်လေးကို ခြံစည်းရိုးခတ်လိုက်တယ်ပေါ့။*

*ခြံစည်းရိုးခတ်ပြီးသွားတဲ့အခါ လူငယ်လေးက စဉ်းစားတယ်။*

*ဒီဝါးခြံစည်းရိုးဟာ…နောက်ဖြစ်လာ**မယ့် သူ့ ရဲ့ ဥယျာဉ်လေးနဲ့
မလိုက်ဖက်ဘူးပေါ့။*

*ဘယ်လိုလုပ်ရင်ကောင်းမလဲ စဉ်းစားရင်း လူငယ်လေးဟာ တောထဲကိုထွက်လာခဲ့တယ်။*

*တစ်နေရာအရောက်မှာ…သစ်ပင်ကြီးတစ်**ပင်ကို တွယ်တက်ပြီးပေါက်နေတဲ့ အရမ်းလှတဲ့
ခရမ်းရောင်ပန်းတွေကို သတိထားမိသွားတယ်။*

*ခရမ်းရောင်ပန်းတွေက နွယ်ပင်ကနေ ပေါက်နေတာပဲ။*

*နွယ်ပင်ရဲ့ ပင်စည်မှာလဲ ချွန်မြတဲ့ ဆူးတွေနဲ့ ။*

*အဲဒီ ပန်းနွယ်ပင်တွေကိုကြည့်ပြီး လူငယ်လေးကအကြံတစ်ခုရသွားတယ်။*

*သူ့ ရဲ့ ၀ါးခြံစည်းရိုးပေါ်ကနေမံပြီး ဆူးပါတဲ့ ပန်းနွယ်ပင်စိုက်ရမယ်ပေါ့။*

*ဒါဆို သူရဲ့ ပန်းဥယျာဉ်ကြီးနဲ့ လဲလိုက်ဖက်မယ်….သူ့ ဥယျာဉ်ကြီးကို
နှောက်ယှက်မယ့်သူတွေရန်ကလဲ ကာကွယ်ပြီးဖြစ်မယ်လေ။*

*အဲဒါနဲ့ သူက…နွယ်ပန်းခြုံကြီးကနေ အပင်ပေါက်လေးတစ်ခု ယူလာခဲ့တယ်။*

*နွယ်ပင်ပေါက်လေးကတော့ပျော်လို့ ** ပေါ့။*

*ဘယ်သူ့ ကမှသူ့ ကို အခုလို တယုတယ စိုက်ပျိုး ဖို့ ယူမသွားခဲ့ဖူးဘူးလေ။*

*လူငယ်လေးက နွယ်ပင်ပေါက်လေးကို ယူသွားပြီး ခြံစည်းရိုးရဲ့ ထောင့်တစ်နေရာကနေ
စပြီးစိုက်တယ်။*

*ဒီအပင်လေးဟာ သူ့ အတွက်တော့ ပထမဆုံးပန်းပင်လေးပဲလေ။*

*နေ့ တိုင်း နွယ်ပင်ပေါက်လေးကို ရေလောင်း မြေဆွ မြေသြဇာထည့်ပေးတယ်။*

*ပြီးတော့ မြေရိုင်းဖြစ်နေတဲ့ သူ့ ရဲ့ မြေကွက်လပ်ကိုလည်း ပန်းပင်အမျိုးမျိုး
စိုက်လို့ ရအောင် ပေါင်းသင် မြေဆွပေးတယ်။*

*တောထဲမှာ အကြမ်းပတမ်းရှင်သန်နေရတဲ့ နွယ်ပင်လေးဟာ အခုလို ကရုတစိုက်
ရေလောင်းမြေဆွပေးတော့ တရှိန်ထိုးကြီးထွားလာတာပေါ့။*

*အရွက်တွေလဲ ဖားဖားဝေေ၀၊ ပင်စည်က ဆူးတွေကလဲ ချွန်မြလို့ ။*

*၀ါးခြံစည်းရိုးကို ဖြန့် ကျက်ခြုံလွှမ်းလို့ သူ့ သခင် ဥယျာဉ်မှုးလေးရဲ့
ခြံ ကိုအစွမ်းကုန်ကာကွယ်ပေးဖို့ ဆုံးဖြတ်ချက်ချထားလေရဲ့ ။*

*နွယ်ပင်လေး ခြံစည်းရိုးတစ်လျှောက်ကြီးထွား**လာတာနဲ့ အမျှ လူငယ်လေးရဲ့
ခြံဟာလဲ ပန်းပင်တွေ စိုက်ပျိုးဖို့ အဆင်သင့်ဖြစ်လာပြီလေ။*

*ဒါနဲ့ တစ်နေ့ တော့ လူငယ်လေးဟာ မြို့ ကိုတက်ပြီး ပန်းမျိုး
စေ့တွေသွားဝယ်တယ်။*

*လူငယ်လေးမရှိတဲ့အချိန်မှာ နွယ်ပင်လေးဟာ သူ့ ရဲ့
တာဝန်ကိုအစွမ်းကုန်ထမ်းဆောင်ပြီ**း ခြံကို ကာကွယ်စောင့်ရှောက်ရင်းကျန်ခဲ့**
ပါတယ်။*

*၃ ရက်လောက်ကြာတော့ လူငယ်လေးက မြို့ ကပြန်ရောက်လာတယ်။*

*မျိုးစေ့ထုပ်တွေနဲ့ ၀မ်းသာနေတဲ့ လူငယ်လေးဟာ သူ့ ရဲ့ နွယ်ပင်လေးကိုတောင်
နှုတ်မဆက်အားပဲ မေ့လျော့နေခဲ့ပါတယ်။*

*အဲဒါကြောင့် သူရဲ့ နွယ်ပင်လေးမှာ ခရမ်းရောင် ပန်းပွင့်လေးတွေ
စပွင့်နေပြီဆိုတာကို သူသတိမထားမိခဲ့ဘူး။*

*နောက်နေ့ တွေလဲ လူငယ်လေးဟာ ပေါင်းသင်မြေဆွထားတဲ့ မြေပေါ်မှာ သူဝယ်လာတဲ့ ပန်း
မျိုးစေ့တွေကျဲရင်းအလုပ်များေ**နခဲ့တယ်။*

*နွယ်ပင်လေးကို ရေလောင်းဖို့ နေနေသာသာ လှည့်တောင်မကြည့်ဖြစ်ခဲ့ပါဘူး။*

*ဒါပေမယ့်လည်း သန်မာနေပြီဖြစ်တဲ့ နွယ်ပင်လေးဟာ လူငယ်လေးအလုပ်များနေတာကိုကြည့်ြ*
*ပီး ကြည်နူးရင်းနဲ့ ဆက်ကြီးထွားလာခဲ့တယ်။*

*တစ်နှစ်လောက်ကြာတဲ့အခါ လူငယ်လေးရဲ့ ခြံလေးဟာ ပန်းတွေအစုံအလင်နဲ့
အရမ်းလှတဲ့ ဥယျာဉ်လေးတစ်ခုဖြစ်လာခဲ့တယ်။*

*ခြံစည်းရိုးတစ်ခုလုံးလဲ ခရမ်းရောင်ပန်းနွယ်တွေနဲ့ လွှမ်းခြုံ လို့
ဥယျာဉ်ကြီးနဲ့ အရမ်းကို ပနံရနေခဲ့တယ်။*

*ပတ်ဝန်းကျင်ကလူတွေကလဲ ခရမ်းရောင်ခြံစည်းရိုးကြီးကြို**ကည့်ပြီး လူငယ်လေးရဲ့
ဥယျာဉ်ကို ခရမ်းရောင် ဥယျာဉ်လို့ နာမည်ပေးထားကြတယ်။*

*ဒါပေမယ့် ပိုင်ရှင်လူငယ်လေးကတော့…သူ့ ခြံစည်းရိုးက နွယ်ပင်လေးကို
သတိတောင်မထားမိပါဘူး။*

*သူ့ ခြံထဲက မျိုးကောင်းမျိုးသန့် ပန်းတွေနဲ့ ပဲအလုပ်များနေခဲ့တယ်။*

*ခြံစည်းရိုးပေါ်က နွယ်ပင်လေးခမျာသူ့ ကိုကရုမစိုက်တော့လဲ လူငယ်လေးကို
အပြစ်မတင်ရက်ပါဘူး။*

*တောထဲကနေ ခေါ်လာပြီး ခြံစည်းရိုးပေါ်မှာနေရာပေးခဲ့တာ**ကိုပဲ ကျေးဇူးတင်နေပြီး
ဥယျာဉ်ကြီးကို အစွမ်းကုန်ကာကွယ်ပေးနေခဲ့တယ်။*

*တစ်နေ့ တော့လူငယ်လေးက တွေးမိတယ်။*

*သူ့ ရဲ့ အရမ်းလှတဲ့ ဥယျာဉ်ကြီးကို ပတ်ဝန်းကျင်ကိုပြချင်တယ်။*

*ဒီဥယျာဉ်ကြီးအတွက်နဲ့ ဂုဏ်ယူချင်တယ်။*

*ပတ်ဝန်းကျင်က လူတွေက ခရမ်းရောင် ဥယျာဉ်လို့ ခေါ်တာကိုတောင် သဘောမတွေ့
တော့ဘူး။*

*သူ့ ဥယျာဉ်ထဲမှာက ပန်းရောင်စုံရှိနေတာပဲလေ…*

*အဲဒီတော့ ခြံစည်းရိုးက နွယ်ပင်တွေကို မကြိုက်တော့ဘူး…ရှုပ်တယ်လို့ မြင်လာတယ်။
*

*သူ့ ဥယျာဉ်ကြီးရဲ့ အလှကို ဖုံးကွယ်ထားတယ်လို့
မြင်လာတယ်…နွယ်ပင်တွေကြောင့် ခြံထဲမှာ အလင်းရောင်နည်းနေတယ်လို့ ခံစားလာရတယ်။*

*ဒါနဲ့ တစ်နေ့ တော့ ဒါးတစ်ချောင်းနဲ့ နွယ်ပင်တွေအကုန်ခုတ်ချပါလေရော။*

*ဒီနွယ်ပင်တွေဟာ သူ့ ရဲ့ ပထမဆုံးပန်းပင်ဆိုတာကိုလဲ မေ့သွားတယ်*

*သူ့ ဥယျာဉ်ကြီးကို နှစ်ပေါင်းများစွာ ကာကွယ်ပေးခဲ့တာကိုလဲ မေ့သွားတယ်။*

*နွယ်ပင်လေးကတော့ ဘာတတ်နိုင်မှာလဲ….*

*ရင်နာရင်းနဲ့ ပဲ….သူချစ်တဲ့ သခင်ရဲ့ ဒါးချက်အောက်မှာ အကိုင်းအခက်တွေ
တိခနဲတိခနဲ…*

*မကြာခင်မှာပဲ ၀ါးခြံစည်းရိုးကို ဖုံးထားတဲ့ နွယ်ပင်ရဲ့
အကိုင်းအခက်တွေအကုန်ကုန်သွားပြီ**း ၀ါးခြံစည်းရိုးပဲကျန်ခဲ့တယ်။*

*ဥယျာဉ်တစ်ခုလုံးလဲ လင်းသွားပြီး လူငယ်လေးလဲ ကျေနပ်သွားတော့တယ်။*

*နောက်ရက်တွေကျတော့ လူတွေက…၀ါးခြံစည်းရိုးကြားကနြေ**မင်နေရတဲ့ လူငယ်လေးရဲ့
ဥယျာဉ်ကို ပိုချီးမွမ်းကြတယ်။*

*အနားက ဖြတ်သွားတဲ့ လူတိုင်း ဥယျာဉ်ကြီးကို ရပ်မကြည့်ရရင် မနေနိုင်အောင်ကို
ဥယျာဉ်ကြီးကလှပါတယ်။*

*လူငယ်လေးကလဲ သူ့ ဥယျာဉ်အတွက်အရမ်းကို ဂုဏ်ယူနေခဲ့တယ်။*

*တစ်ရက်တော့ လူငယ်လေးဟာ သူ့ ဥယျာဉ်အတွက် လိုအပ်တဲ့ မြေသြဇာတွေဝယ်ဖို့ မြို့
ကိုသွားရတယ်။*

*ဥယျာဉ်ကြီးကိုတော့ အိမ်နီးချင်းတွေလက်ထဲအပ်ထားခဲ့**ရတာပေါ့။*

*ဒါပေမယ့် မကြာခင်ပဲ ဥယျာဉ်ကြီးနားကို နမော်နမဲ့ နိုင်တဲ့
ဆိတ်ကျောင်းသားတစ်ယောက်ရဲ့ ဆိတ်အုပ်တစ်အုပ်ရောက်လာခဲ့တယ်။*

*ဆာလောင်နေတဲ့ စည်းမဲ့ကမ်းမဲ့ဆိတ်တွေအတွက်တော့ ဥယျာဉ်ထဲက
ရွက်နုပွင့်နုလေးတွေဟာ…အရမ်းကို**ဆွဲဆောင်အားကောင်းနေခဲ့တာပေါ့။*

*ခါတိုင်း သူတို့ ကိုတားဆီးနေတဲ့ ဆူးနွယ်ပင်တွေလဲမရှိတော့ဘူးဆိုေ**တာ့
ဝါးခြံစည်းရိုးကိုအတင်းတိုးပြီး**၀င်ကြတယ်။*

*၀ါးခြံစည်းရိုးက ဆာလောင်နေတဲ့ ဆိတ်တွေရဲ့ ဒဏ်ကိုဘယ်ခံနိုင်မလဲ။*

*ဆိတ်တွေရဲ့ တွန်းထိုးမှုအောက်မှ လဲကျ ကျိုးပျက်သွားတယ်။*

*ခြံစည်းရိုးလဲ ကျိုးသွားရောဆိတ်တွေဟာ ဥယျာဉ်ထဲဝင်ပြီးထင်တိုင်းကျဲတော**
့တာပါပဲ။*

*ပျိုးပင်လေးတွေကို နင်းခြေကြတယ်၊ ပန်းပွင့်တွေကို ၀ါးမြိုကြတယ်၊ ရွက်နုတွေကို
စားသောက်ကြတယ်။*

*စားလို့ မရတဲ့ အပင်တွေအကိုင်းတွေကျတော့ ကိုယ်လုံးတွေနဲ့
တွန်းတိုက်ချိုးဖဲ့ကြတယ်။*

*ဆိတ်အုပ်ကြီးဟာ စားသောက်သောင်းကျန်းလို့ ၀မှ ဥယျာဉ်ထဲကနေ ပြန်ထွက်သွားကြတယ်။
*

*ဥယျာဉ်မှုးလူငယ်လေးပြန်ရောက်လာတဲ**့ အခါမှာတော့ မမြင်ရက်စရာ မြင်ကွင်းက
ဆီးကြိုနေပါတယ်။*

*တာဝန်ပေါ့လျော့ပြီး စောင့်ကြည့်ဖို့ မေ့နေခဲ့တဲ့ အိမ်နီးချင်းတွေလဲ
ဘာမှမပြောနိုင်ကြပါဘူး။*

*ဥယျာဉ်ကြီးရဲ့ ခြံစည်းရိုးက လဲကျ ကျိုးပျက်နေတယ်။*

*ခြံထဲမှာလဲ….အပင်ကျိုးတွေ၊ အပွင့်ကြွေတွေ၊ အရွက်ကြေတွေနဲ့ ရှုပ်ပွ
ညစ်ပတ်နေတယ်။*

*ဥယျာဉ်မှုးလေးဟာ မူးမေ့လဲကျသွားမတတ်ခံစားလိုက်**ရပါတယ်။*

*သူအရမ်းတန်ဖိုးထား မြတ်နိုးရတဲ့ ဥယျာဉ်ကြီးဟာ အခုတော့
အမှိုက်ပုံတစ်ခုလိုဖြစ်နေပါပြီ။*

*ဒါပေမယ့်လဲ…ဖြစ်တာက ဖြစ်ပြီးသွားပြီမို့ ရင်နာနာနဲ့ ပဲ ပြန်ပြင်ဆင်ဖို့
ကြိုးစားရပါတော့တယ်…*

*အရင်ဆုံး အပင်ကျိုး အရွက်ကြေ တွေကိုအရင်ရှင်းထုတ်ရတယ်။*

*နောက်တော့ အကောင်းကျန်သေးတယ် အပင်လေးတွေ နည်းနည်းကို ပြန်ပြီးသေချာ မြေဆွ
အားဖြည့်ရတယ်။*

*ပျက်ဆီး သွားတဲ့ အပင်တွေနေရာမှာ ပြန်စိုက်ဖို့…ပျိုး
ပင်ပေါက်လေးတွေပြန်မွေးရတယ်။*

*ရှင်းလင်းတဲ့အလုပ်တွေပြီးသွားတဲ**့အချိန်မှာ ဥယျာဉ်မှုးလေးဟာ
ကျိုးပဲ့ပျက်ဆီးနေတဲ့ ခြံစည်းရိုးကိုကြည့်မိတယ်။*

*ဆိတ်တွေကြောင့် ကျိုးပျက်သွားတဲ့ ခြံစည်းရိုးကိုလဲ ပြန်ပြုပြင်ရဦးမယ်လေ။*

*ဒီတစ်ခါတော့ အခိုင်အခံ့လုပ်ရမယ်လို့ ဥယျာဉ်မှုးလေးက တွေးတယ်။*

*အဲဒီအချိန်မှာပဲ… ခြံစည်းရိုးရဲ့ အောက်ခြေကနေ အပေါ်ကို နွယ်တက်ဖို့
ကြိုးစားနေတဲ့အပင်လေးတွေကို သတိထားမိသွားတယ်။*

*သေးသေးသွယ်သွယ်အပင်လေးတွေပါပဲ…**ခရမ်းရောင်အပွင့်လေးတွေနဲ့
ခြံစည်းရိုးအောက်ခြေမှာ ပေါက်နေကြတာ။*

*အဲဒီခရမ်းရောင်အပွင့်လေးတွေကြို**ကည့်ရင်း ဥယျာဉ်မှုးလေးကအရမ်းလှတယ်လို့
ခံစားလိုက်ရတယ်။*

*နောက်ပြီး နှစ်ပေါင်းတော်တော်ကြာ သူ့ ဥယျာဉ်ကိုကာကွယ်ပေးသွားတဲ့ သူ့ ရဲ့
ပထမဆုံး ပန်းနွယ်ပင်လေးကိုသတိရလိုက်တယ်။*

*သူက ဥယျာဉ်ကို ကာကွယ်ပေးနေတဲ့ ပန်းနွယ်ပင်လေးကို ရက်စက်မိပေမယ့်
နွယ်ပင်လေးကပြန်မရက်စက်နိုင်ခဲ့**ပါဘူး။*

*ဥယျာဉ်ကြီးကို ဆက်ပြီးစောင့်ရှောက်ဖို့ အတွက် မျိုးဆက်လေးတွေထားသွားတယ်။*

*ဒီတစ်ခါတော့ ဥယျာဉ်မှုးလေးလဲ နားလည်သွားပါပြီ။*

*ခြံစည်းရိုးကို ပြန်ပြင်ပြီး ခရမ်းရောင်ပန်းနွယ်လေးတွေကိုလဲ
ကရုတစိုက်စောင့်ရှောက်တယ်..ခြံ**ထဲက တခြားပန်းတွေနဲ့ တန်းတူပေါ့။*

*မကြာခင်မှာပဲ…လူငယ်လေးရဲ့ ဥယျာဉ်ကြီးက ပန်းတွေနဲ့ ပြန်ပြီးဝေဆာလာပါတယ်။*

*ခရမ်းရောင်နွယ်ခြံစည်းရိုးကြီး**အပါအ၀င်ပေါ့။*

*ပြီးတော့ ခရမ်းရောင်ဥယျာဉ်ဆိုတဲ့နာမည်ကလဲ**…အနီးအနားပတ်ဝန်းကျင်တင်မကပဲ
ဟိုးအဝေးအထိကျော်ကြားသွားခဲ့ပါ**တယ်။*

*……….။……..*

*တစ်ခါတစ်လေကျရင် ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ နွယ်ပင်လေးကို အဖြည့်ခံ
လူသားတွေရှိနေတတ်ပါတယ်….*

*သူတို့ ကိုသတိမမူပဲ ရက်စက်မိတဲ့ခါ….ဘ၀မှာ ကျရှုံးမှုတွေကြုံလာရတတ်ပါတယ်…*

*ဒုတိယအကြိမ်အခွင့်အရေးဆိုတာက လဲ….အမြဲမသေချာတာမို့…..ကျွန်**တော်တို့
ဘေးကနေ….ဖြည့်ဆည်းပေးနေတဲ့ သူတွေကို…*

*သတိထား တန်ဖိုးထားသင့်ပါတယ်နော်….*

သူငယ်ချင်းအတွက်

သူငယ်ချင်းတွေနဲ့အတူရှိနေချိန်ဟာ အိပ်မက်တစ်ခုဆိုရင်
ငါဘယ်တော့မှ နိုးထဖို့မကြိုးစားတော့ဘူး

သူငယ်ချင်း..........မင်းအားငယ်နေလား..........

အားတင်းထားပါ..

ဆုံးရှုံးမှုဆိုတဲ့နတ်ဆိုးကို

မင်းမျိုးဖြုတ်ပစ်နိုင်ပါတယ် ။
++++++++++++++++++++++++++++++++++++++

သူငယ်ချင်း..........အရမ်းဝမ်းနည်းနေလား......

မင်းမျက်ရည်တွေသုတ်ပစ်လိုက်

သူတို့ကမင်းရဲ့စိတ်ဓါတ်ကို

ပျော့ညံ့ညံ့ ဖြစ်စေတယ်။
++++++++++++++++++++++++++++++++++++++

သူငယ်ချင်း..........စိတ်ပျက်နေပြီလား..........

ကိုယ့်ဘ၀ကိုယ် အမှန်အတိုင်းကြည့်

မင်းမြင်ရတဲ့ အရာကို

လှေကားထစ်လို နင်းတက်စမ်းပါ။
++++++++++++++++++++++++++++++++++++++

သူငယ်ချင်း..........ရင်ဖွင့်ချင်လား........

မျိုသိပ်မထားပါနဲ့

အဲဒါကိုအစကနေ စပြော

ငါတို့..နားထောင်နေတယ်။
++++++++++++++++++++++++++++++++++++++

သူငယ်ချင်း..........အသည်း ကွဲ နေလား.....

ဒါဆို...မင်းကံကောင်းပြီ

အဲဒီ့တစ်ယောက် က

မင်းအချစ်နဲ့ မတန်သေးဘူး။
++++++++++++++++++++++++++++++++++++++

သူငယ်ချင်း..........အထီးကျန်နေလား..........

တစ်ယောက်တည်း မနေနဲ့

ငါတို့နဲ့ အတူ

ခံစားမှုဆိုတဲ့ ..စနက်တံကိုမီးဝိုင်း ရှို့မယ်။
++++++++++++++++++++++++++++++++++++++

သူငယ်ချင်း..........မင်းကို သူတို့ အထင်သေးနေလား....

ဒေါသမဖြစ်နဲ့

မင်းရဲ့ မြှုပ်နေတဲ့အရည်အသွေးတွေ

သူတို့ မြင်နိုင်စွမ်းမရှိသေးလို့ပါ။
++++++++++++++++++++++++++++++++++++++

သူငယ်ချင်း..........မင်း.....ပန်းတိုင်ရောက်ပြီလား.......

တက်.....မထောင်နဲ့ဦး

ငါနောက် လှေ ကြည့်လိုက်ဦးမယ်။
++++++++++++++++++++++++++++++++++++++

သူငယ်ချင်း..........မင်းဘ၀အောင်မြင်ပြီလား.......

ဂုဏ်ယူပါတယ်

မင်းရဲ့နောက်မှာ(မင်းရဲ့ရှေ့မှာ)

မင်းသူငယ်ချင်းတွေ....လက်ခုပ်တီးနေကြတယ်.........................

မှတ်ထား၇မဲ့ ၂၅ ချက်

၁။ ဆုံးရှုံးသွားတဲ့အချိန်မှ မိမိပိုင်ဆိုင်ခဲ့တာကို သိတယ်။

၂။ မှတ်သားသင့်တာကိုမှတ်သားပြီး မေ့သင့်တာကိုမေ့ရမယ်။
ပြောင်းလဲနိုင်တာကို ပြောင်းလဲပြီး မပြောင်းလဲနိုင်တာကို
သင်လက်ခံနိုင်ရမယ်။

၃။ မျက်ရည်စက်တွေဟာ ၀မ်းနည်းမှုကို မှတ်မှတ်ရရဖြစ်စေတယ်။

၎။သူ့အတွက်နဲ့မျက်ရည်မကျသင့်ဘူး ။ သူသင့်ကိုချစ်တာမှန်ရင်
သူ့အတွက်နဲ့မျက်ရည်ကျတော့မယ်ဆို ရင် သူကသင့်ရဲ့
မျက်ရည်ကိုကျခွင့်ပေးမှာမဟုတ်ဘူး။

၅။ ကြည်နူးနေတဲ့ ချစ်သူတွေရဲ့ နှုတ်ခမ်းလေးဟာ နွေးထွေးတဲ့ အနမ်းတွေအတွက်ဖြစ်တယ်။

ရန်ဖြစ်တဲ့ ချစ်သူတွေရဲ့ နှုတ်ခမ်းကနေ ထွက်လာတာကတော့ တယောက်ကို
တယောက်နာကျင်စေတဲ့ စကားတွေပါပဲ။

၆။ပျော်ရွှင်မှုဆိုတာ တစ်ခုခုပျောက်သွားလို့ လိုက်ရှာနေသလိုပဲဘယ်လိုရှာရှာမေ
တွ့ဘူး။ ဒါပေမဲ့ မေ့သွားတဲ့အချိန်မှာု ပြန်တွေ့သလိုပေါ့။ပျော်ရွှင်မှုဟာ
သင့်နံဘေးမှာပါ။

၇။ မျက်ရည်စက်ရဲ့ အပူချိန်ဟာ ၅၃၀℃ ဖြစ်တယ်။ အပြင်လောကရဲ့အေးစက်မှုကြောင့်
မျက်ရည်စက်ကျချိန်မှာ ၅၃℃ သာကျန်တော့တယ်။

၈။ ချစ်ခြင်းနဲ့ အလိုလိုက်ခြင်းဟာ မတူပါဘူး။ အလိုလိုက်ရင်
ဘာမှမပြောလဲရတယ်။ ဒါပေမဲ့ အချစ်မှာ အဲလိုလုပ်လို့မရဘူး။

၉။လူ့ဘ၀မှာ ပညာရေး၊ စီးပွားရေး၊ အချစ်ရေး၊ အိမ်ထောင်ရေးဆိုပြီးစာမေးပွဲကြီ
းလေးခုမှာ ပျမ်းမျှအောင်မှသာ အောင်မြင်မှာပါ။
တစ်ခုထဲမှာအာရုံစူးစိုက်နေလို့လဲ

ဒီလူ့ဘ၀ မှာ အောင်မြင်မှာမဟုတ်ပါဘူး။

၁၀။ ငါးလေးကပြောတယ် သင်ငါ့ရဲ့မျက်ဝန်းထဲက မျက်ရည်တွေကို တွေရမှာမဟုတ်ဘူး။
ငါးလေးက ရေထဲမှာနေလို့ပါ။

ရေကပြောတယ် ငါးရဲ့မျက်ရည်ကို ရေကခံစားရတယ်တဲ့ ငါးလေးကရေရဲ့ ရင်ထဲမှာရှိလို့တဲ့။

၁၁။ လူ့ဘ၀ဆိုတာ လှပတဲ့ ပန်းလေးအသွင်နဲ့ သင့်ဘေးမှာရှိတဲ့သူတွေကို
မွေးရနံ့နဲ့ သင်းစေရမယ်။

၁၂။တစ်မိနစ်အတွင်းမှာ လူတစ်ယောက်ကို သိနိုင်တယ်။ တစ်နာရီအတွင်း
လူတစ်ယောက်ကိုနှစ်သက်နိုင် တယ်။ တစ်ရက်အတွင်းမှာ သင်သူ့ကို ချစ်နိုင်တယ်။

ဒါပေမဲ့ တသက်လုံးအချိန်တွေကုန်သွား ပေမဲ့ သင်သူ့ကို မေ့နိုင်မှာမဟုတ်ဘူး။

၁၃။ သင်ဦးတည်ရာရှိနေရင် သင်ဟာဘယ်နေရာရောက်နေတယ်ဆိုတာအရေးမကြီးပါဘူး။

၁၄။ ဘယ်အရာမဆို အဘက်ဘက်သောရှုထောင့်မှကြည့် ရတယ်။

၁၅။ ဘ၀ခရီးလမ်းဆိုတာ ယုံကြည်ချက်ရှိတဲ့သူအတွက် ခင်းထားပေးပါတယ်။

၁၆။ ပျောရွှင်မှုကို ဝေမျှလိုက်ရင် ပျော်ရွှင်မှုဟာ နှစ်ဆပါ။ Sorrw share is
sorrow half, Joy share is Joy double.

၁၇။ အမြင့်ဆုံးကိုမှန်း အကောင်းဆုံးကိုကြိုးစားပြီး အဆိုးဆုံးအတွက်ပြင်ဆင်ထားပါ။

၁၈။ လုပ်ချင်တဲ့အလုပ်ကို အချိန်နဲ့အခွင့်အရေး ကိုရှာပါ။

မလုပ်ချင်တဲ့အလုပ်အတွက် ဆင်ခြေကိုတော့ ရှာပါ။

၁၉။ သိရက်နဲ့ ရူးမူးနေတာ အရက်အပြင် အချစ်ပါ။

၂၀။ ငါတို့တွေ အခွင့်အရေးမရှိတာမဟုတ်ဘူး။ အခွင့်အရေးကမျက်စိရှေ့မှာပါ။
ပြန်စဖို့ သတ္တိမရှိတာပါ။

၂၁။ အရသာမရှိတဲ့ ရေကို ငြီးငွေ့တယ်လို့ ဘယ်သူမှမပြောသလို
အေးဆေးငြိမ်းချမ်းတဲ့ ဘ၀ကို ဘယ်သူက ငြီးငွေ့မှာလဲ။

၂၂။ လိုချင်တဲ့အချစ်ကို မရရင် ရနေတဲ့အချစ်ကို သင်ချစ်မြတ်နိုးပါ။

၂၃။အရှေ့ဘက်ကနေထွက်လို့ အနောက်ဘက်ကို နေ၀င်သွားသလို
စိတ်ညစ်လဲတစ်ရက်ပျော်လဲတစ် ရက် ပေါ့။ တစ်ခုခုကို
သင်ရင်ဆိုငိတဲ့အချိန်မှာသင်ရင် ဆိုင်နိုင်တဲ့

သတ္တိကမျှတနေမယ်ဆိုရင် သင်လဲပျော်မယ်စိတ်လဲချမ်းသာမယ်။

၂၄။ သင်မြတ်နိုးတက်ရင် သင်ပိုင်ဆိုင်ထားတာကအကောင်းဆုံး ပါ
သင်အတ္တကြီးနေမယ်ဆိုရင် သင်ပိုင်ဆိုင်ထားတာတောင်ဆုံးရှုံးနိုင်ပါတယ်။

၂၅။အချစ်မှာလိုအပ်တာ ပွင့်လင်းမှု၊ အချေအတင်ဖြစ်ပြီဆိုရင်
ညှိုနှိုင်းရမယ်။စိတ်တိုတဲ့အချိန် မှာ စိတ်ကို အေးအေးထားရမယ်၊
ပျော်ရွှင်တာတွေကို ဝေမျှရမယ်။

လူတိုင်းအတွက် (၁၄)ချက်

လူ့ဘ၀ကြီး၏အကြီးမားဆုံးသော အသိတရား (၁၄) ချက်


၁။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ရန်သူသည် မိမိကိုယ်တိုင် ပင်ဖြစ်သည်။

၂။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ဆုံးရှုံးခြင်းသည် မိမိဧ။် မာနကြောင့်ဖြစ်သည်။

၃။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော အသိမဲ့ခြင်းသည် မိမိ ကိုယ့်ကိုမိမိ
လိမ်လည်နေ ခြင်းဖြစ်သည်။

၎။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ၀မ်းနည်းရခြင်းသည် မိမိဧ။် မနာလို ၀န်တိုသော
စိတ်ကြောင့်ဖြစ်သည်။

၅။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော မှားယွင်းမှု လုပ်ရပ်သည် မိမိဧ။်
စိတ်ဓာတ်ကျဆင်း ခြင်းကြောင့်ဖြစ်သည်။

၆။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ပြစ်မှုပြုခြင်းသည် မိမိဧ။်
အနိုင်ကျင့်လိုသော စိတ်ဓာတ်ကြောင့် ဖြစ်သည်။

၇။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော သနားစရာကောင်းခြင်းသည် မိမိဧ။် စိတ်အားငယ်မှု ဖြစ်သည်။

၈။ လူ့ဘ၀ဧ။် အကြီးမားဆုံးလေးစားခံရခြင်း သည် မိမိဧ။် ကြံ့ခိုင်သည့်
စိတ်ဓာတ်ဖြစ်သည်။

၉။ လူ့ဘ၀ဧ။် အကြီးမားဆုံး စီးပွားပျက် ရခြင်းသည် မိမိဧ။်
ကိုယ်ပိုင်အနာဂတ် မျှော်လင့်ချက် ကင်းမဲ့ခြင်း ကြောင့်ဖြစ်သည်။

၁၀။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ချမ်းသာရခြင်းသည် မိမိဧ။် ကျန်းမာရေး
ကောင်းမွန်ခြင်း ဖြစ်သည်။

၁၁။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော အကြွေးသံသရာ ဖြစ်ခြင်းသည် လူမှုရေး
အကြွေးသံသရာဖြစ်သည်။

၁၂။လူ့ဘ၀ဧ။် အကြီးမားဆုံးသော လက်ဆောင်မွန်သည် မိမိဧ။် သည်းခံခွင့်
လွတ်တတ်သော စိတ်ဓာတ် ဖြစ်သည်။

၁၃။လူ့ဘ၀ဧ။် အကြီးမားဆုံးသော လိုအပ်ချက်သည် မိမိဧ။် အကြင်နာတရား မေတ္တာ
စိတ်ဓာတ်ဖြစ်သည်။

၁၄။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ပီတိသည် အလှူဒါန ပြုခြင်း ဖြစ်သည်။

အားလုံးရွှင်လန်းကြပါစေ......

လော ကထဲ က လူတန်းစား

လောကမှာ လူတွေဟာ ပုံစံအမျိုးမျိုး၊ အကျင့်စရိုက် အမျိုးမျိုးရှိတဲ့
အတွက်ကြောင့် ဆက်ဆံပေါင်းသင်းရတာ အတော်ခက်တယ်
လို့ ပြောလေ့ရှိတတ်ကြပါတယ်။ မတူညီတဲ့ ပတ်ဝန်းကျင်၊ မတူညီတဲ့ ဘာသာစကား၊
မတူညီတဲ့
ယဉ်ကျေးမှု၊ မတူညီတဲ့ စရိုက်စ
တဲ့ အချက်တွေကြောင့် ကိုယ်နဲ့အ်ံဝင်ခွင်ကျ မဖြစ်ဘဲရှိတတ်တယ်လို့
ပြောကြပါတယ်။
ကိုယ့်ကိုယ်ကိုရော အံဝင်ခွင်ကျဖြစ်ရဲ့လား… စိတ်တိုင်းကျ ဖြစ်ရဲ့လား… လို့
ပြန်မေးကြည်ရင်လည်း မဖြစ်ပြန်ပါဘူးတဲ့… အဲဒါဆို ဘယ်လိုလုပ်ကြမလဲပေါ့…။
ထားပါတော့။ တကယ်တော့ လောကမှာ လူတွေဘယ်လောက်ပဲ အမျိုးမျိုးကွဲပြား
ခြားနားကြပါစေ
သေသေချာချာ ခွဲခြားလိုက်ရင် သုံးမျိုးပဲ
ရှိပါတယ်။

၁။ ကိုယ်နဲ့တန်းတူဖြစ်တဲ့သူ
၂။ ကိုယ့်ထက်သာတဲ့သူ
၃။ ကိုယ်အောက်နိမ့်တဲ့သူ ဒီသုံးမျိုးပါပဲ။

ဆိုတော့ အဲဒီသုံးမျိုးကို အဆင်ပြေအောင်၊ အကုသိုလ် မဖြစ်အောင် ဘယ်လို
ဆက်ဆံကြည့်မလဲ... ဘယ်လိုဆက်ဆံ သင့်သလဲ….။ ဆရာတော်ကြီးတစ်ပါးကတော့
ဗြဟ္ဗာစိုရ်တရား လက်ကိုင်ထားပြီး ဆက်ဆံကြဖို့ ညွှန်ပြထားပါတယ်။ ပြီးတော့
အောက်ပါအတိုင်း ဆောင်ပုဒ်လေး လုပ်ပေးထားပါတယ်။ အဲဒီဆောင်ပုဒ်လေး
ဖတ်ပြီးကြိုးစား ဆက်ဆံကြည့်ကြစို့..

၁။ တန်းတူတွေ့လျှင် မေတ္တာဝင်၊ မ၀င်နိုင်က ပြိုင်တတ်သည်။ ပြိုင်မည့်အစား
မေတ္တာပွား၊ စိတ်ထားပြုပြင် ပြောင်းပါ့မည်။ (ပြောင်းရမည်)
မှန်ပါတယ်။ ကိုယ်နဲ့ တန်းတူဖြစ်တဲ့ သူတွေနဲ့ ဆက်ဆံတဲ့အခါ မေတ္တာစိတ်နဲ့
ဆက်ဆံပါတဲ့။ အသက်၊ သိက္ခာ၊ ဂုဏ်ဝါ၊ ရာထူးဌာနန္တရ စတာတွေ တူညီတဲ့သူကို
ကိုယ်နဲ့တန်းတူဖြစ်သူလို့ ဆိုလိုပါတယ်။ ဒီလိုတန်းတူဖြစ်တဲ့ သူတွေနဲ့
ဆက်ဆံတဲ့အခါ မေတ္တာစိတ်လေးနဲ့ ဆက်ဆံတတ်ဖို့လိုပါတယ်။ မေတ္တာဆိုတာ
ချစ်ခင်ခြင်း၊
နှစ်သက်ခြင်း၊ အကျိုးလိုလားခြင်းပါ။ တကယ်တော့ ချစ်ခြင်းမေတ္တာဆိုတာ
တစ်နည်းအားဖြင့် နားလည်ခြင်းကို ပြောတာပါ။ နားလည်မှုရှိနေရင်
ချစ်လို့ရနေတာပါပဲ။
နားလည်ပေးနေတာဟာ မေတ္တာရှိနေလို့
ပါပဲ။ အဲလိုမေတ္တာစိတ်မရှိရင် တစ်ဦးနဲ့တစ်ဦး အပြိုင်အဆိုင်လေးတွေ
ဖြစ်လာတတ်ပါတယ်။ ပြိုင်လာပြီဆိုရင် ပုထုဇင်တွေ သ
ဘာဝ မဟုတ်တာတွေ၊ မလုပ်သင့်တာတွေ လုပ်လာပြီး အများအားဖြင့်
မကောင်းတဲ့ဘက်ကိုပဲ
ဦးတည်သွားတတ်ကြပါတယ်။
အဲဒီအခါ တစ်ဦးနဲ့တစ်ဦး ဒေါသအာဃာတတွေပွားပြီး အမုန်းတွေသာ တိုးလာကာ
နောက်ဆုံးဆက်ဆံရေး အဆင်မပြေ ဖြစ်လာတတ်ကြပါတယ်။ ဒါကြောင့်
တန်းတူဖြစ်တဲ့သူတွေနဲ့
ဆက်ဆံတဲ့အခါ မေတ္တာစိတ်ဖြင့် ဆက်ဆံကြပါလို့ ဆရာတော်ကြီးက ဆုံးမခြင်း
ဖြစ်ပါတယ်။
အဲလိုမှမဟုတ်ရင် ဆက်ဆံရေးအတွက် အဆင်မပြေဖြစ်နိုင်တဲ့ ပြိုင်ဆိုင်မှုတွေ
ဝင်လာတတ်တဲ့အတွက်ပါ။

၂။ ကိုယ့်ထက်သာလျှင် မုဒိတာဝင်၊ မ၀င်ဣဿာ ယိုင်တတ်သည်။ယိုင်မည့်အစား
မုဒိတာပွား၊
စိတ်ထားပြုပြင် ပြောင်းပါ့မည်။ (ပြောင်းရမည်)
ဒီအချက်ကအထူးသတိပြုရမယ့်အချက်ပါ။
ကိုယ့်ထက်သာတဲ့သူနဲ့ဆက်ဆံတဲ့အခါမုဒိတာတရားလက်ကိုင်ထာပြီးဆက်ဆံတတ်ဖို့
လိုပါတယ်။ မုဒိတာဆိုတာ သူတစ်ပါးကြီးပွားတိုးတက်
အောင်မြင်တဲ့အပေါ်မှာဝမ်းမြောက်ဝမ်းသာဖြစ်ပေးတာပါ။ဒီလိုကိုယ့်ထက်
သာတဲ့ သူတွေနဲ့ ဆက်ဆံတဲ့အခါ မုဒိတာ တရားမထားနိုင်ရင်တော့
သူတစ်ပါးကြီးပွား
တိုးတက်တာကို မနာလိုဖြစ်တဲ့ ဣဿာက ဦးစီးသွားပြီး ကိုယ့်ကိုယ်ကိုလည်း
အကျိုးမရှိ
သူတစ်ပါးအတွက်လည်း အကျိုးမရှိတာတွေ လုပ်မိတတ်ပါတယ်။ ဒီဣဿာဆိုတဲ့
အကုသိုလ်တရားဟာ
တော်တော်ကြောက်စရာ ကောင်းပါတယ်။ ဒီတရားကိုယ့်သန္တာန်မှာ
ကိန်းလာပြီဆိုရင်တော့ဘယ်သူဘာ
လုပ်လုပ် အကောင်းမမြင်တော့ဘဲ အဆိုးတွေသာ တွေးမြင်နေတတ်ပါတယ်။ ဒါဟာ
သူနဲ့ဆန့်ကျင်ဘက် တရားဖြစ်တဲ့ မုဒိတာ
တရား ကိုယ့်သန္တာန်မှာ မကိန်းတဲ့အတွက်ကြောင့်ပါ။ ဒါကြောင့်
သူ့ကံနဲ့သူ၊သူ့ကြိုးစားမှုနဲ့သူဖြစ်လာတဲ့အပေါ်မှာငါဝမ်းမြောက်နိုင်
်အောင် ကြိုးစားမယ် ဆိုတဲ့အတွေးနဲ့ ကိုယ့်ထက်သာတဲ့သူတွေနဲ့
တွေ့ကြုံဆက်ဆံတဲ့အခါ
မုဒိတာတရား လက်ကိုင်ထားပြီးဆက်
ဆံဖို့ဆုံးမခြင်းပါ။
ဒီလိုမှစိတ်မထားတတ်ရင်နှစ်ဦးဆက်ဆံရေးကြားမှာဣဿာဆိုတဲ့အကုသိုလ်တရားက၀င်ရောက်နှောက်ယှက်
်တတ်တဲ့ အတွက်ပါ။

၃။ ကိုယ့်အောက်ငယ်လျှင် ကရုဏာဝင်၊ မ၀င်နိုင်က နိုင်တတ်သည်။ နိုင်မည့်အစား
ကရုဏာပွား၊ စိတ်ထားပြုပြင် ပြောင်းပါ့မည်။ (ပြောင်းရမည်)
ဒီအချက်ကတော့ ဘုန်းဘုန်းတို့ မြန်မာလူမျိုးများ အလွယ်တကူ
ဆင်ခြင်လိုက်နာနိုင်တဲ့ အချက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ ဘုန်းဘုန်းတို့
မြန်မာလူမျိုးများဟာ သူတစ်ပါးကြီးပွားတာကို ၀မ်းမြောက်ပေးရမယ့်
မုဒိတာတရားသာ
ဖြစ်ဖို့ခက်တာ သူတစ်ပါး
အပေါ် သနားတတ်တဲ့ ကရုဏာတရားကတော့ အလွယ်တကူ ဖြစ်တတ်တဲ့အတွက်ပါ။
ဘယ်လိုပဲဖြစ်ဖြစ်
ကိုယ့်ထက် အသက်၊
သိက္ခာ၊ ဂုဏ်ဝါ၊ ရာထူးဌာနန္တရ
စတာတွေနိမ့်ကျတဲ့သူတွေအပေါ်မှာသနားကြင်နာတတ်တဲ့ကရုဏာတရားနဲ့ဆက်ဆံတတ်ဖို့လို
ပါတယ်။ ဒါမှသာ ကိုယ့်အောက်နိမ့်တဲ့သူတွေ အပေါ်မှာ အနိုင်ယူတတ်တဲ့
လုပ်ရပ်တွေ
မဖြစ်ပေါ်မှာပါ။ ချီးမြှောက်ထောက်ပံ့ စောင့်ရှောက်မှုတွေ ဖြစ်လာမှာပါ။
တကယ်တော့
ဒီလိုကိုယ့်အောက် ငယ်တဲ့သူတွေ နိမ့်ကျတဲ့သူတွေနဲ့ တွေ့ကြုံဆက်ဆံတဲ့အခါ
ချီးမြှောက်ထောက်ပံ့မှုတွေ မရှိရင်နေပါစေ အနိုင်ယူမှုတွေ၊
နိုင်ထက်စီးနင်းလုပ်မှုတွေ မရှိဖို့အရေးကြီးပါတယ်။ ဒါကြောင့်
ကိုယ့်အောက်ငယ်တဲ့သူတွေနဲ့ ဆက်ဆံတဲ့အခါ အနိုင်ယူမှုတွေမရှိဘဲ ဆက်ဆံရေး
ကောင်းမွန်အဆင်ပြေစေဖို့ ကရုဏာတရား လက်ကိုင်ထားပြီး ဆက်ဆံကြဖို့
ဆရာတော်ကြီးက
ဆုံးမတော်မူခြင်း ဖြစ်ပါတယ်။

ဒါကြောင့် လောကမှာ ဘယ်သူတွေ ဘာတွေပဲကွဲကွဲ လူတန်းစားအားဖြင့် သုံးမျိုးပဲ
ရှိတဲ့အတွက် ဒီလူတန်းစား သုံးမျိုးနဲ့ အဆင်ပြေ ဆက်ဆံနိုင်ဖို့အတွက်
မေတ္တာ၊
ကရုဏာ၊ မုဒိတာစတဲ့ ဗြဟ္မာစိုရ်တရား လက်ကိုင်ထားကာ ဆက်ဆံကြည့်ကြပါလို့

သိစေချင်တယ်

တစ်ချို့ ကလူသားတစ်ယောက်ရဲ့ အသက်ရှင်မူကို တော်တော်လေး အထင်သေးပြီး
တန်ဖိုးသိပ်မထားတတ်ကြဘူး။ ကိုယ့်ကိုယ်ကို ဘယ်သူလဲဆိုတာတောင် မသိတဲ့သူတွေ
အများကြီး ပါ။ ဘယ်လို မသိကြလဲဆိုတော့.ကိုယ့်ရဲ့ ပင်ကိုယ် အလှတရား၊.အသိ၊
တန်ဖိုး၊ စတိုင်၊တွေကို ကိုယ်နဲ့ မတူတဲ့ အခြားသူတွေဆီကနေ ကူးယူနေကြပြီး
အရှင်လတ်လတ် ဘ၀ပြောင်းနေကြရတယ်။ တကယ်တော့ ကိုယ်ဘ၀လောက် ဘယ်သူ့ရဲဘ၀ကမှ
တန်ဖိုးမရှိဘူး၊ ပျော်စရာ မကောင်းဘူးဆိုတာ သိစေချင်တယ်။မျက်နှာလေးကို
အမြဲပြုံးထားပါ၊ သူတပါးကို ကူညီတတ်အောင် ကျင့်ပါ။ ပေးကမ်းပါ။
ဥပမာ..အလုပ်ရှာနေတဲ့ သူငယ်ချင်းတစ်ယောက် ကို ကိုယ်တတ်နိုင်ရင်
အလုပ်ရှာပေးလိုက်ပါ။ အဲ့ဒီလို ရှာပေးတဲ့နေရှာမှာ အဲ့ဒီသူငယ်ချင်းဟာ
ကိုယ်ရဲ့ အကူအညီနဲ့ ထိုက်တန်တဲ့သူဖြစ်ဖို့ တော့ လိုတာပေါ့.။ ဘ၀ကို
အဓိပါယ်ရှိစွာ အသက်ရှင်ချင်တဲ့သူတွေအတွက်ပါ။ လိုအပ်တဲ့ သူတွေကို
ပေးတတ်ရင် လိုအပ် လာတဲ့အခါမှာ လက်တွေ့ရလာမယ်ဆိုတာ ယုံလိုက်ပါ။ ဘာသာရေး
သဘောမဟုတ်ဘူး၊စာနာရေး သဘောတွေပါ။ အသက်ရှင်နေရတာကို ပျော်ရွှင်စွာ
ကျေနပ်လိုက်ပါ။ မပျော်ရွှင်ရတဲ့ တစ်နေ့ ရောက်လာပါလိမ့်မယ်။