ဒီနေရာလေးကို

Thursday, March 17, 2011

ချမ်းသာသုခ ဆိုတာ

လူသားတွေကျန်းမာဖို့ဆိုရာတွင် ရုပ်ပိုင်းဆိုင်ရာ နှင့်စိတ်ပိုင်းဆိုင်ရာ နှစ်မျိုး
လုံး ကောင်းရန်လိုအပ်သည်။ သို့မှသာ ချမ်းသာသုခ ပြည့်ဝနိုင်မည်ဖြစ်သည်။
ငွေကြးချမ်းသာသော်လည်း ထိုနှစ်မျိုးလုံး ပြည့်စုံဖို့ရန်မလွယ်ကူနိုင်ပါ၊
အချို့လူများပစ္စည်းဥစ္စာ ကြွယ်ဝ ချမ်းသာသော်လည်း၊ တဖက်မှ သောက
တွေထူပြောကာ ချမ်းသာသုခ ကင်းမဲ့နေသည်။
အချို့လူများမှာ အမြင်အရ အဆင့်အတန်း မြင့်မားနေသော်လည်း သူတစ်ပါး
အပေါ် မေတ္တာ၊ကရုဏာထားရန် ချမ်းသာနိုင်စွမ်းမရှိ။
သူတစ်ပါး၏ အဆင်ပြေမူ၊ အောင်မြင်မူအပေါ် မုဒိသာမပွားနိုင်ပဲ ၀န်တိုမစ္ဆေရိ
ယစိတ်တို့၏နိုပ်စက်မူဒဏ်ကို ခံစားနေရသည်။
ချမ်းသာခြင်းဟုထင်ရသော ဓနဥစ္စာ၊ ရာထူးရာခံ နှင့် အောင်မြင်ကျော်ကြား
ခြင်းတို့မည်သည် အမှန်စင်စစ်မှာ လူအား စိတ်ချမ်းသာမူ ကျေနပ်အားရမူများ
ကို ပေးစွမ်းနိုင်သည့်အရာသာလျှင်ဖြစ်ပြီး ချမ်းသာသုခမမည်။
အောင်မြင်ကျော်ကြားနေသော နယ်ပယ်စုံမှပုဂ္ဂိုလ်(အနုပညာ၊ရုပ်ရှင်...)
တို့သည်လည်း ထိုအကြောင်းတို့ကြောင့် စိတ္တသုခပြည့်ဝမူ မရှိနိုင်။
သို့အတွက်ကြောင့် လူတိုင်း မိမိ၏ရှိသည့်ဘ၀ အပေါ် အပြစ်ဖို့ရန်သာ
ပြုမည့်အစား ကျေနပ်ဖို့ရန် လိုအပ်ပါသည်။ သို့တည်းမဟုတ် တဆင့်တက်
လှမ်း ကြိုးစားနိုင်ပါသည်။

သူငယ်ချင်းတွေအပေါ် စိတ်ဓာတ်ခွန်အားဖြည့်ဆည်းပေးနိုင်မည့် ရသကောင်း
များကိုဝေမျှပေးလိုက်ပါမည်။

တကယ်တော့ ဘ၀အောင်မြင်မူ ဆိုတာက ငွေချည်းပဲအဓိက မကျပါဘူး

အဆင့်အတန်းနဲ့ ရာထူးဌာနန္တရလဲမဟုတ်ပါဘူး။ ဓနဥစ္စာရှိမှမဟုတ်ပါဘူး။

ဘ၀အောင်မြင်မူလို့သတ်မှတ်လို့ရတာက လူတစ်ယောက် အနေဖြင့် မိမိရဲ့
ဘ၀ကို ဘယ်လိုသက်ဝင်လူပ်ရှားရသည့် အပေါ်မှာပဲမူတည်ပါသည်။

ချမ်းသာမှ ဇိမ်နဲ့နေနိုင်တာလား (ဖေမြင့်)

ဇိမ်ခံရွက်သဘောင်္ နှင့်အပန်းဖြေခရီးထွက်လာသည့် စီးပွားရေးလုပ်ငန်း
ရှင် သူဌေးကြီး တစ်ယောက်က ပင်လယ်ကမ်းရိုးတန်း တစ်နေရာတွင်အပန်း
ဖြေလမ်းလျှောက်ထွက်ရင်း တံငါသည်တစ်ယောက်နှင့်တွေ့သည်။
တံငါက လှေနံဘေးမှာ အေးအေးဆေးဆေးလှဲကာ ဆေးတံခဲ နေသည်။
သူ့ပုံစံကိုကြည့်ကာ သူဌေးကြီးကစိတ်ပျက်သွားပြီး ကရုဏာဒေါသော နှင့်မေး
သည်။ ”ခင်ဗျား ဘာလို့ငါးဖမ်း မထွက်ပဲ ဒီမှာ လှဲ နေတာလဲ ” ။
”မနက်အစောကြီးတည်းကပဲ တစ်နေ့စာ ဖမ်းလို့ ရပြီးပြီဗျ၊” ဟု ဖြေသည်။
” ဟ၊ ဒါဆို နောက်ထပ် မဖမ်းတော့ဘူးလား၊”
”ဘာလုပ်ဖို့လဲ”။
” ထပ် ဖမ်းတော့ ရောင်းစားရင် ပိုက်ဆံပိုရမှာပေါ့ကွ၊ ပိုက်ဆံများများရရင်
လှေမှာစက်တပ်လို့ရမယ်၊ စက်နဲ့ဆိုရင် ပင်လယ်ထဲအဝေးကြီး ထွက်နိုင်မယ်၊
အဲဒီမှာ ငါးပိုရမယ်၊ အဲဒါတွေရောင်းပြီး ပိုက်ဆံစုရင် နိုင်လွန်ပိုက်ဝယ်နိုင်မယ်၊
နိုင်လွန်ပိုက်နဲ့ငါးဖမ်းတော့ ငါးပိုရမယ် ငွေပိုရမယ် လှေတစ်စီးက နှစ်စီးဖြစ်
လာမယ်၊ ဒီထက်အမြောက်အမြား ဖြစ်လာနိုင်တယ်၊ အဲဒီခါ ငါ့လိုသူဌေးတစ်
ယောက်ဖြစ်လာမှာပေါ့ကွ” ဟုကြီးပွားရေးလမ်းကြောင်းကို တွက်ပြလိုက်
သည်၊
” အဲဒီခါကျတော့ ကျွန်တော်က ဘာလုပ်ရမှာလဲ”
”အဲဒီခါကျရင် မင်းငါ့လို အေးအေးဆေးဆေး ဇိမ်နဲ့နေနိုင်မှာပေါ့”

Tuesday, December 14, 2010

ကောင်းမယ်ထင်တဲ့ အတွေးများ

(၁)အခန်းကို ဘာအရောင်သုတ်မလဲလို့ မဆုံးဖြတ်ရသေးခင် ရိုးရှင်းပြီး ရှေးကျတဲ့ အဖြူရောင်ကို အရင်စမ်းသုတ်ကြည့်ပါ။ တစ်ခါတလေ ရိုးရှင်းပြီး ရှေးကျတဲ့နည်းလမ်းတွေက ဘေးကင်းလုံခြုံတဲ့ နည်းလမ်းဖြစ်တယ်။

(၂)တစ်ပတ်မှာ တစ်နပ်လောက် ချွေတာပါ။ စားမယ်လို့ ရည်ရွယ်ထားတဲ့အစာကို ချို့တဲ့သူတွေအတွက် ပေးကမ်းစွန့်ကြဲပါ။ အစာကိုစွန့်နေချိန်အတွင်းမှာ တပြိုင်နက် မေတ္တာကိုလည်း သင်စွန့်နေပါတယ်။

(၃)တကယ်လို့ ဖြစ်နိုင်ရင် ကလေးတွေကို (၁၆)နှစ်ပြည့်တာနဲ့ အလုပ်တစ်ခုရှိဖို့ အားပေးကူညီပါ။ ဒါဟာ လူ့ဘဝအရသာကို အချိန်စောပြီး သူတို့ ခံစားသိမြင်စေသလို အရာရာ ခက်ခဲကြောင်း သူတို့နားလည်စေပါတယ်။

(၄)ရိုမန်တစ်ဆန်တဲ့ ခံစားချက်ကို လက်ကိုင်ထားပါ။ ဒါဟာ အချစ်ကို ထာဝရလတ်ဆတ်စေသလို လူ့ဘဝကို ကြာရှည်ခံစေတဲ့အရာဖြစ်တယ်။

(၅)သားသမီးတွေကို အကောင်းဆုံးအရာမပေးနိုင်မှာကို စိတ်မပူပါနဲ့။ သူတို့အတွက် အကောင်းဆုံး"သင်"ကိုပဲ ပေးပါ။ ဒါဟာ သူတို့အလိုချင်ဆုံးအရာဖြစ်သလို သူတို့ရဲ့ အလိုအပ်ဆုံးလည်းဖြစ်ပါတယ်။

(၆)အမုန်းဆိုတာ အလွယ်တကူ ကူးစက်တတ်တဲ့ ခံစားချက်ဖြစ်တယ်။ ဒါကြောင့် အမုန်းကို စိတ်ထဲ အဝင်မခံပါနဲ့။ ဒီနေ့အထိ လူတွေ တိုးပွားလာရတာဟာ အမုန်းကြောင့်မဟုတ်ဘဲ အချစ်ကြောင့်ဖြစ်ပါတယ်။

(၇)သက်ရှိတိုင်းက လေးစားထိုက်သူတွေပါ။ လေးစားမှုတွေ ရင်ဝယ်ပိုက်ပြီး သက်ရှိတိုင်း ပျော်ပျော်ရွှင်ရွှင်နဲ့ ရှင်သန်ကြီးပြင်းဖို့ ကျွန်တော်တို့ ဆန္ဒပြုရအောင်...

(၈)သူငယ်ချင်းကောင်းဆိုတာ သင်ရဲ့ကိုယ်ခွဲလေးပါ။ အဖော်ကောင်းတစ်ယောက် ပိုင်ဆိုင်တာဟာ လူ့ဘဝခရီးလမ်းမှာ သင့်ကို အထီးမကျန်စေပါဘူး။

(၉)ကတိဆိုတာ နှလုံးသားတစ်ခုက အခြားနှလုံးသားတစ်ခုကို သစ္စာပြုတာဖြစ်တယ်။ ဒါကြောင့် ကတိတည်ပါစေ။

(၁၀)အေးဆေးတည်ငြိမ်တဲ့ ညချမ်းတစ်ခုမှာ တစ်ယောက်တည်း မြက်ခင်းပေါ်လဲပြီး ကောင်းကင်က ကြယ်ကလေးတွေကို ရေတွက်ပါ။ စိတ်လည်း အပန်းဖြေဖို့လိုပါတယ်။

(၁၁)အောင်မြင်တဲ့ အိမ်ထောင်ရေးတစ်ခုမှာ အချက်နှစ်ချက်လိုအပ်တယ်။ တစ်..အသင့်တော်ဆုံးလူကို ရှာယူပါ။ နှစ်.. အသင့်တော်ဆုံးလူဖြစ်အောင် ကြိုးစားပါ။ ဒီနှစ်ချက်မှာ တစ်ချက်ချက် မရှိလို့ မဖြစ်ဘူးဆိုတာ မြဲမြဲမှတ်ပါ။

(၁၂)လျှပ်တစ်ပြက်အောင်မြင်ဖို့ အချိန်(၁၅)နှစ် လိုအပ်တယ်။ အောင်မြင်ခြင်းရဲ့ တောက်ပမူကိုသာမြင်ပြီး မအောင်မြင်ခင် ကြုံတွေ့ရတဲ့ အခက်ခဲတွေကို လျစ်လျူမရှူလိုက်နဲ့။ တစ်ကြိမ်အောင်မြင်ဖို့ ကျဆုံးခြင်းတွေ အများကြီး စုပုံရပါတယ်

(၁၃)အားလပ်ရက်မှာ နေ့တစ်ဝက်လောက် အချိန်ခိုးပြီး အနားယူ အိပ်စက်ပါ။ နိုးလာတဲ့အခါ သင့်စိတ်ဟာ မွန်းလွဲနေရောင်ခြည်လို ကြည်လင်တောက်ပနေလိမ့်မယ်။

(၁၄)သင်မွေးနေ့မှာ သင်ကိုယ်တိုင် သစ်ပင်တစ်ပင်စိုက်ပါ။ သစ်ပင်ကို သင်နဲ့အတူ ရှင်သန်ကြီးထွားပါစေ။

(၁၅)ငယ်ရွယ်နုပျိုစဉ်မှာ ဓာတ်ပုံများများရိုက်ပါ။ အကောင်းဆုံးကာလကို ဘဝမှာ အမှတ်တရချန်ခဲ့ပါစေ။

(၁၆)တခြားသူက သင့်ကို ကတ် သို့မဟုတ် လက်ဆောင်ပေးတဲ့အခါ ကျေးဇူးတင်လွှာရေးပို့ဖို့ မမေ့ပါနဲ့။

(၁၇)ကလေးသူငယ်တွေကို စည်းကမ်းတကျ သင်ပြောဆိုဆုံးမပြီးနောက် သူတို့ကို စိတ်ပါလက်ပါ ပွေ့ဖက်ပါ။ သူတို့ကို သင်ဘယ်လောက်ချစ်တယ်၊ ဂရုစိုက်တယ်ဆိုတာကို သူတို့သိပါစေ။

(၁၈)များပြားလှတဲ့ အလုပ်ကြောင့် သင့်ရဲ့နှစ်ပတ်လည်နေ့ကို ဘယ်တော့မှ မမေ့လိုက်နဲ့။ ဘဝမှာရှိတဲ့ နေ့ထူးနေ့မြတ်တိုင်းက သင့်ဘဝမှာစုဆောင်းမိတဲ့ အကောင်းဆုံး စည်းစိမ်ချမ်းသာတွေဖြစ်တယ်။

(၁၉)မသိတတ်၊ နားမလည်တတ်သူတွေအတွက် ကောင်းတာတွေ လုပ်ပေးပါ။ သူတစ်ပါးကို ကူညီတာ တုန့်ပြန်မှုတွေ မလိုပါဘူး။

(၂၀)သင့်မျက်စိရှေ့က မြင်ကွင်းကို အမြဲလှပအောင် ထိန်းသိမ်းပါ။ ပုလင်းထဲထိုးထားတဲ့ ပန်းတစ်ပွင့်ဆိုရင်လည်း လှပနေပါစေ။

(၂၁)သင့်နာရီကို ငါးမိနစ်မြန်ထားပါ။ ဘာပဲလုပ်လုပ် တခြားသူထက် သင်ခြေတစ်လှမ်း မြန်နေပါစေ။ ကြိုတင်ပြင်ဆင်ဖို့ အချိန်ရှိပါစေ။

(၂၂)စွန့်စားခြင်းဆိုတာ ရဲဝံ့ခြင်းပဲ။ တကယ်လို့ သင်မစွန့်စားရင် အောင်မြင်ခြင်းရဲ့ ရဲဝံ့မှုကို သင်မသိဘူး။ စွန်းစားခြင်းထဲကနေ အောင်မြင်တဲ့လူ့ဘဝကို ရှာယူပါ။

(၂၃)သင့်အကြိုက်ဆုံး တေးဂီတနဲ့ နေ့ရက်တိုင်းကို ဖွင့်ပါ။ ဂီတဆိုတာ စိတ်ဝိညာဉ်ရဲ့သီချင်းဖြစ်တယ်။ မနက်ခင်းတိုင်းမှာ စိတ်ဝိညာဉ်ကို ကြည်လင်လန်းဆန်းပြီး နေ့ရက်ကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းပါ။

(၂၄)လင်မယားအချင်းချင်း တစ်ယောက်ကိုတစ်ယောက် စိတ်ထိခိုက်စေတဲ့အခါ ဘယ်သူ့အမှားပဲဖြစ်ဖြစ် အရင်ဆုံးတောင်းပန်တတ်ဖို့ သင်ယူပါ။ "ဆောရီးပဲ.. နင့်ကို ဒေါသထွက်စေခဲ့ပြီ။ ငါ့ကိုခွင့်လွတ်ပါ"။ ဒါဟာ စိတ်ထိခိုက်တာကို ကုသတဲ့ အကောင်းဆုံးဆေးဖြစ်တယ်။

(၂၅)တစ်ယောက်ယောက်က သင့်ကိုပွေ့ဖက်တဲ့အခါ သင့်ရင်ခွင်ထဲကနေ သူအရင် ခွာပါစေ။ သင့်ဝေးရာကို အချစ်မထွက်သွားမချင်း အချစ်ကို သင့်ဖက်ကစပြီး အရင်လက်မလွတ်ပါနဲ့။

(၂၆)သိလိုစိတ်တွေ အမြဲပြင်းပြနေပါစေ။ "ဘာကြောင့်" ဆိုတာကို များများမေးပါ။ ဒါဟာ ထိုးထွင်းဖန်တီးနိုင်စွမ်းကို ဖြစ်စေပြီး ဘဝကို မညှိုးနွမ်း မခြောက်သွေ့စေတဲ့ ရင်းမြစ်ဖြစ်တယ်။

(၂၇)အချစ်မှာ ထူးခြားဆန်းကြယ်တဲ့ ဆွဲဆောင်မှုတွေရှိတယ်။
အချစ်က လေကို တိုက်ခိုက်စေနိုင်သလို မိုးကိုလည်း ရွာသန်းစေတယ်။
လူကို သေရာက ရှင်သန်လာစေတယ်။ လူကို အမြဲနုပျိုစေတယ်။
ဒါကြောင့် အချစ်ရဲ့အင်အားကို ဘယ်တော့မှ အထင်မသေးပါနဲ့။

(၂၈)အနာဂတ်မှာ ဖြစ်ပျက်လာမယ့်အကြောင်းကို စိုးရိမ်ပူပန်လွန်ပြီး မျက်စိရှေ့က လှပတဲ့အရာတွေကို လက်မလွတ်မိစေနဲ့။ ပစ္စုပန်မှာ နေပျော်တတ်ဖို့ သင်ယူပါ။ အနာဂတ်ကို ကြိုတင်တွေးကြောက်သူဟာ လက်ရှိတန်ဖိုးရှိတဲ့အရာတွေနဲ့ ပိုပိုဝေးသွားပါလိမ့်မယ်။

(၂၉)အိမ်၊ အမေကို မကြာခဏ ဖုန်းဆက်ပါ။ အချစ်ရှိရင် လွမ်းဆွတ်မှုက ရှိစမြဲပါ။ တခြားလူကို လွမ်းဆွတ်ခြင်းရဲ့ ညင်းပန်းမှုဒဏ်တွေ မခံပါရစေနဲ့။ ဖုန်းဆက်တာဟာလည်း ချစ်ကြောင်းကိုတခြားနည်းနဲ့ ထုတ်ဖော်ပြသခြင်းပါပဲ။

(၃၀)အချစ်အတွက်နဲ့ လက်ထပ်ပါ။ အချစ်စစ်မှာ ဘာအကြောင်းပြချက်မှ မလိုဘူး။ လက်ထပ်ခြင်းမှာ အချစ်ဆိုတာ လိုအပ်သလို ဒါဟာလည်း ခိုလှုံခြင်းဖြစ်တယ်။

(၃၁)အခွင့်အရေးကို အေးဆေးသက်သာ ရှာလို့မရဘူး။ အေးဆေးသက်သာဆိုတာ ကမ်းစပ်မှာရပ်နေတဲ့ လှေငယ်လေးလိုဖြစ်တယ်။ အေးဆေးသက်သာရပ်နေပြီး မလှုပ်ရှားလို့ လှေအောက်ပိုင်းဟာ မကြာခင်မှာ ဆွေးသွားတော့မယ်။

(၃၂)နေ့ရက်တွေကို ရိုးရိုးရှင်းရှင်းဖြတ်ကျော်ပါ။ ရိုးရှင်းတာက ဘဝကို ပိုလက်တွေ့ကျစေသလို တန်ဖိုးအရှိဆုံးလည်းဖြစ်တယ်။

(၃၃)ခွေးတစ်ကောင်ဖြစ်ဖြစ်၊ အခြားတိရစ္ဆာန်ပဲဖြစ်ဖြစ် မွေးမြူကြည့်ပါ။ သက်ရှိတစ်ခုကို ဘယ်လို တန်ဖိုးထား ဂရုစိုက်ရမယ်ဆိုတာကို သင်နားလည်လာလိမ့်မယ်။

Monday, November 29, 2010

ကာမဆန္ဒရှိနေသော်လည်း လိင်တံ မတောင့်တင်းခြင်းကို ဘယ်လို ကာကွယ်/ ဖြေရှင်း မလဲ...

အမျိုးသားများ လိင်ဆက်ဆံရန်အတွက် ကာမဆန္ဒ ရှိနေသော်လည်း လိင်တံ မတောင့်တင်းခြင်း သည် သံသယ ဖြစ်စရာ မလိုသော အားအင် ကုန်ခမ်းမှု တစ်မျိုး ဖြစ်ပြီး လိင်ဆက်ဆံစဉ်တွင် နှစ်ဦးစလုံး ကောင်းမွန်ပြီးမြောက် နိုင်လောက်အောင် လိင်တံ တောင့်တင်း မာကျောမှု မရှိခြင်းကလည်း စိတ်ပျက်စရာ တစ်ခုပင် ဖြစ်သည်။
ထိုကဲ့သို့ ဖြစ်နေခြင်းမှာ အမျိုးသားများ အနေဖြင့် လိင်ဆက်ဆံလိုစိတ် မရှိခြင်းကြောင့် မဟုတ်ဘဲ အခြားသော စိတ်ခံစားမှုများရောပြွန်း နေခြင်း ဆက်ဆံမည့် အဖေါ်၏ ဆန္ဒကို အလွန်အမင်း စိုးရိမ်နေခြင်း မိမိခန္ဓာကိုယ်အပေါ် အာရုံစူးစိုက်နိုင်မှု မရှိတော့ခြင်း တို့ကြောင့် ဖြစ်သည်။ အမျိုးသား အနေဖြင့် လိင်ဆက်ဆံဖေါ်၏ စိတ်ခံစားမှု အနိမ့်အမြင့်သည် လိင်ဆက်ဆံမှု စတင်ရန်အတွက် ဆက်ဆံရေး တစ်ခု ထူထောင်နေရခြင်းသည် နှစ်ဦးစလုံး အတွက် ကြီးမားသော အဟန့်အတားကြီး တစ်ခု ဖြစ်နေခြင်းလည်း ပါဝင်သည်။
ပထမအဆင့် အနေဖြင့် ကြုံတွေ့နေရသော ပြဿနာများကို ပြေလည်စေရန်အတွက် အကောင်းဆုံး အဆင့် တစ်ဆင့်မှာ အမျိုးသားအနေဖြင့် လိင်ဆက်ဆံဖေါ်ကို မိမိ၏တွေ့ ကြုံနေရသော ပြဿနာများကို ပွင့်လင်း ရိုးသားစွာ ပြောဆိုတိုင်ပင်ရန် ဖြစ်သည်။ အမျိုးသားများ အနေဖြင့် ဆွေးနွေးတိုင်ပင်မှု အတွက်၎င်း၊ သူ၏ အခက်အခဲများ အတွက်၎င်း ပွင့်လင်းစွာ ၀န်ခံပြောဆိုရန် အခက်အခဲရှိနေပေလိမ့်မည်။ သို့ပါသော်လည်း အမျိုးသမီးများသည် ထိုကဲ့သို့ တိုင်ပင်ဆွေးနွေးလာ မှုများအပေါ် အလွန်နားလည် ပေးနိုင်သော သဘောထားများ ပင်ကိုယ်စရိုက်အတွင်း ရှိပြီးသား ဖြစ်သည်ကို မေ့ထား၍ မရသင့်ပေ။
အခါအခွင့်သင့်ပါက သူမ၏ ၀ိုင်းဝန်း အဖြေရှာမှုဖြင့် ပြန်လည်ကောင်းမွန် လာသော လိင်ဆက်ဆံမှု အနေအထားကို ရောက်ရှိမည့်အပြင် အမျိုးသား၏ အခက်အခဲ အချို့ကိုလည်း ဖြေရှင်းပြီးသား ဖြစ်သွားနိုင်ပေသည်။ လိင်မှု ကိစ္စကို အတူတကွ ဆောင်ရွက်မည့် သူများအနေဖြင့် တစ်ဦး၏ စိုးရိမ်ထိတ်လန့်မှုကို တစ်ဦးက အားပေး နှစ်သိမ့်မှုများဖြင့် မျှဝေခံစားမှုများသည် အလွန်ထိရောက်သော ကုသနည်းများပင် ဖြစ်သည်။ လိင်တံတောင့်တင်းလာစေရန် အတွက်လည်း အကောင်းဆုံး အသေချာဆုံးနှင့် အမှန်ကန်ဆုံးသော ဖြေ၇ှင်းနည်းမှာလည်း မိမိကိုယ်တိုင် တစ်ကိုယ်တည်း ကြိတ်၍ ရင်ဆိုင်ခြင်းထက် ယခုကဲ့သို့ ပွင့်လင်းစွာ ဖြေရှင်းခြင်းကသာ ပိုမိုသင့်လျော် ပေသည်။
တစ်ခါတစ်ရံ လိင်တံတောင့်တင်းခြင်း မရှိသည့် အခိုက်အတန့်လေးများ ကြုံတွေ့ရပါက ကြီးမားသော ကိစ္စတစ်ခုဟု သတ်မှတ်ခြင်း မပြုဘဲ ရိုးရှင်းစွာ လက်ခံပေးပြီး မိမိနှင့် ဆက်ဆံမည့် အမျိုးသမီးနှင့်လည်း ပွင့်လင်းစွာ ကျေနပ်ခြင်း/ မကျေနပ်ခြင်းကို ဆွေးနွေးမှု ပြုလုပ်သင့်သည်။ တောင့်တင်း လာခြင်း မရှိသော လိင်တံကို အတင်းအဓ္ဓမ ဆက်ဆံမှု တစ်ခုပြီးမြောက်စေရန် ကြိုးစားခြင်းမျိုး မဆောင်ရွက်သင့်ပေ။ ယခုကဲ့သို့ ဆိုလိုခြင်းမှာ လိင်ဆက်ဆံမှုကို လုံးဝ စွန့်လွှတ်ရမည်ဟု ရည်ရွယ်ခြင်းမျိုး မဟုတ်ဘဲ အခြားသင့်တော်မည့် နည်းလမ်းများကို ရှာဖွေခြင်းဖြင့် လိင်စိတ်နိုးကြား လာအောင် ဆောင်ရွက်ရမည် ဖြစ်သည်။ ဥပမာအားဖြင့် နမ်းရှုံ့ခြင်း၊ မထိတထိ တို့ထိဆော့ကစားခြင်း၊ ယုယငြင်သာစွာ ကိုင်တွယ်ပြုမူခြင်း၊ ချစ်ခင် မြတ်နိုးသော ဆောင်ရွက်မှု များ၏ မည်သည့် ကိစ္စကို မဆို ဆောင်ရွက်ခြင်း၊ လိင်တံကို ရွရွလေး ဖြစ်အောင် မနာကျင်စေဘဲ တို့ထိဆော့ကစားခြင်း စသည်ဖြင့် မိမိနှစ်သက် လိုလားသလိုဆောင်ရွက် နိုင်သည်။
အကောင်းဆုံးသော အခြားနည်း တစ်ခုမှာ နှိပ်နယ် ပွတ်သပ်ပေးခြင်း ဖြစ်ပြီး ထိုသို့ ဆောင်ရွက်ခြင်းသည် အမျိုးသား၏ ခန္ဓာကိုယ်မှ ဟိုမုန်းများကို နိုးကြား ထကြွလာစေပြီး ရုပ်ပိုင်းဆိုင်ရာ တုန့်ပြန်မှု များလည်းကောင်းမွန်လာမည့် အပြင်ချစ်ခင် ရင်းနှီးမှုလည်း ပိုမိုရရှိလာစေမည် ဖြစ်သည်။ နှိပ်နယ်မှု လုပ်ဆောင်ခြင်းကို လိင်ဆက်ဆံစဉ် ကာလအတွင်း ဆောင်ရွက်ခြင်းကိုမူ လုံးဝ ရှောင်ကြဉ်ရမည် ဖြစ်သည်။
ထိုသို့ နိုးကြားအောင် ပြုလုပ်ခြင်းဖြင့် ဆက်ဆံမှုများ ပြုလုပ်ပြီး ရက်အနည်းငယ် သို့မဟုတ် ရက်သတ္တပတ် အတော်ကြာကြာတွင် သင်၏ လိင်တံမှာ မာကြောတောင့်တင်းမှု အပြည့်ဖြင့် လွယ်ကူစွာ ပြန်လည်ဆက်ဆံ လာနိုင်သည်ကို တွေ့ရမည် ဖြစ်ပြီး ယခင်က စိုးရိမ်ခဲ့သော လိင်တံ မတောင့်တင်းသည့် ကိစ္စများသည် မေ့ဖျောက်နိုင်ကြောင်း သိလာရပေမည်။
အကယ်၍ အမျိုးသားသည် ပုံမှန်ဆက်ဆံနေသော လိင်ဆက်ဆံဖေါ် မဟုတ်ဘဲ အခြားသော လိင်ဆက်ဆံဖေါ်ပြောင်းလဲ မှုများ ရှိနေပါက မိမိ၏ အခက်အခဲ ပြဿနာများကို ကူညီနိုင်မည့် အထောက်အပံ့ ရရှိနိုင်စေရန် အနည်းငယ် အခက်အခဲ ရှိနိုင်ပေသေးသည်။ အမျိုးသား အတော်များများ၏ ပြောကြားချက်အရ စိုးရိမ်သောကများ ခြင်းသည် လိင်ဆက်ဆံခြင်းအပေါ် အထမမြောက်စေသော ကိစ္စတစ်ခုအဖြစ် ပြောကြားလေ့ရှိကြသည်။ ထိုစကားများ၏ အဖြေမှာ မိမိကိုယ် မိမိတစ်ကိုယ်ရေ ဖျော်ဖြေမှုများ အလွန်အကျွံ ဆောင်ရွက်ခဲ့ခြင်းများသည် စိုးရိမ်သောက များကို လိင်ဆက်ဆံစဉ်တွင် မလွဲမသေ ကြုံတွေ့ရနိုင်သည်။
အထူးအဆန်းကို နှစ်သက်တတ်သော အမျိုးသား တစ်ယောက်အနေဖြင့် မိမိနှစ်သက်တတ်သော လိင်ဆက်ဆံမှု ပုံသဏ္ဍန်များ မိမိကြိုက်နှစ်သက်သော နှိုးဆွမှု ပုံစံများကို အတူဆက်ဆံမည့် လိင်ဆက်ဆံဖေါ်အား ကြိုတင် အသိပေးပြောကြား ထားခြင်းသည် မိမိလိုချင်သော အခြေအနေ စိတ်ကျေနပ်မှုကို ရရှိစေရန်အတွက်လည်း အထောက်အပံ့ ပေးစေနိုင်သည်။
အမျိုးသမီး အတော်များများသည် အမျိုးသား လိင်တံ မတောင့်တင်းခြင်းအပေါ် အလွန်အကျွံ အာရုံစိုက်မှု မရှိဘဲ အမျိုးသားမှ ရှင်းပြနေသည့် တိုင်အောင် များစွာ အကျိုးအပြစ် ဝေဖန်လိုခြင်းလည်း မရှိကြပေ။ အမျိုးသမီးများ၏ အဓိက လိုအပ်ချက်မှာ ရင်းနှီးပွင့်လင်းမှုနှင့် စိတ်ကျေနပ်မှု များကို အချိန်ကြာကြာ ရယူနိုင်ခြင်းကိုသာ အလိုရှိကြပြီး အမျိုးသား အနေဖြင့် ကျောက်စိုင်ကျောက်ခဲ ကဲ့သို့ မာကျောသော လိင်တံမရှိသည့်တိုင် သူမ ကျေနပ်နိုင်သည့် အချိန်ကာလ တစ်ခုသာ ရရှိမည်ဆိုပါက နှစ်သက် ကျေနပ်တတ်ကြစမြဲ ဖြစ်သည်။
အချက်တစ်ချက် အနေဖြင့် အမျိုးသမီး၏ လိင်အင်္ဂါကို နှိုးဆွခြင်းပြုရာတွင် လိင်တံဖြင့် ဆက်ဆံခြင်းအပြင် အခြားထိရောက်သော နည်းလမ်းများဖြင့် ကျေနပ်စေရန် ပြုလုပ်ပေးနိုင်သည့် နည်းလမ်းများစွာလည်း ရှိသေးသည်။
အမျိုးသားများ အနေဖြင့် လိုလားသော ချစ်ခင် မြတ်နိုးစိတ်သည်လည်း လိင်ဆက်ဆံရန် အဓိက လိုအပ်ချက် တစ်ခုဖြစ်သည့် လှုံ့ဆော်မှုထဲတွင် ပါဝင်သည်။
လိင်တံတောင်းတင်းခြင်းကို အနှောင့်အယှုက်ဖြစ်စေတတ်သော သတိပြုရမည့် အချက်များမှာ အောက်ပါ အတိုင်းဖြစ်သည်။
အရက်အလွန်အကျွံသောက်သုံးခြင်း။ ။ ယမကာ မှီဝဲရာရတွင် အမျိုးသားတစ်ယေက် အနေဖြင့် တစ်နေ့တာအတွက် ဘီယာ ခြောက်ခွက် (သို့) ဖန်ခွက်ငယ်ဖြင့် ၀ိုင်ခြောက်ခွက် ထက် ပိုမိုမသောက်သုံး သင့်ပေ။ အရက် သို့မဟုတ် ဘီယာကို နေ့စဉ် မှီဝဲတတ်သူ ဖြစ်ပါက တစ်ပတ်လျင် နှစ်ရက်ခန့် အရက်လုံးဝ မသောက်သော နေ့များအဖြစ် သီးခြား သတ်မှတ် ထားသင့်သည်။
ဆေးလိပ်သောက်သုံးခြင်း။ ။ ဆေးလိပ် သောက်သုံးခြင်းသည် အမျိုးသားများအတွက် လိင်စိတ် ကျဆင်းမှုကို ဖြစ်စေတတ်သော အရေးအကြီးဆုံး နှင့် အဓိက အကျဆုံး အကြောင်းအရင်း တစ်ရပ်ပင် ဖြစ်သည်။ ဆေးလိပ်သောက်ခြင်းဖြင့် ခန္ဓာကိုယ် အလေးချိန် လျော့ချရန် ကြိုးစား နေသူများသည် သွေးလည်ပတ်မှု အခက်အခဲများ ဖြစ်ပေါ်လာပြီးနောက် လိင်အင်္ဂါများသို့ သွေးပို့လွှတ်မှု ကောင်းမွန်သော အခြေအနေများကို အနှောင့် အယှုက်ဖြစ်စေသည့် ပြဿနာများ ဖြစ်ပေါ် လာစေနိုင်သည်။ အသက် လေးဆယ်ကျော်နေသော အမျိုးသားများ အနေဖြင့် လိင်စိတ် ကျဆင်းမှုများ ဖြစ်ပေါ်ခြင်းကို အများဆုံး မြင်တွေ့ရလေ့ ရှိပြီး ၄င်း အခြေအနေများကို ကျော်လွှားရန် အတွက် ဆေးလိပ်သောက်ခြင်းကို ဦးစွာ စွန့်လွှတ်ရမည် ဖြစ်သည်။
မိမိ၏ ဆရာဝန်နှင့် တိုင်ပင်ပြီး အမျှင်ဓါတ်ကြွယ်ဝသော အစားအစာနှင့် အဆီနည်းသော အစားအစာများကို စားသုံးခြင်းဖြင့် ကျန်းမာသော ဘ၀သစ်ကို ရနိုင်မည်ဖြစ်သည်။ ပုံမှန် လေ့ကျင့်ခန်းများ ပြုလုပ်ပေးခြင်းသည်လည်း လိင်ဆက်ဆံမှု၏ အကောင်းဆုံး အကျိုးအကျေးဇူးများကို ဖြစ်စေသော အထောက်အကူ တစ်ခုပင် ဖြစ်သည်။
လေ့ကျင့်ခန်း အလွန်အကျွံ ပြုလုပ်ခြင်း။ ။လေ့ကျင့်ခန်း အလွန်အကျွံ ပြုလုပ်ခြင်း ဆိုရာ၌ စက်ဘီစီး အားကစား ကဲ့သို့ ခွန်အား စိုက်ထုတ်ပြီး စီးနင်းသော စက်ဘီးများကို စီးခြင်းဖြင့် လေ့ကျင့်ခန်း ပြုလုပ်ရာတွင် စက်ဘီး ထိုင်ခုံသည် အလွန် ကျဉ်းမြောင်းပြီး မာကျောလွန်းသည့် ထိုင်ခုံအမျိုးအစားကို လုံးဝ ရှောင်ကျဉ်ရမည်။ မာကျောသော စက်ဘီးထိုင်ခုံများသည် အမျိုးသား လိင်အင်္ဂါ၏ အဓိက သွေးလွှတ်ကျောများကို ပျက်စီးစေနိုင်ပြီး အကျိုးဆက်အဖြစ် လိင်တံ တောင့်တင်းလာခြင်း မရှိတော့သည်များကိုပါ ကြုံတွေ့ရနိုင်သည်။
စိုးရိမ်ပူပန်မှုများခြင်း။ ။ လိင်ဆက်ဆံမှု ပြဿနာများ၏ အဓိက အရင်းအမြစ်မှာ စိုးရိမ်ပူပန်မှုများမှ စတင်လာခြင်း ဖြစ်သည်။ အမျိုးသား တစ်ဦးအနေဖြင့် တောင့်ခံထားရခြင်း သို့ မဟုတ် စိုးရိမ် ထိပ်လန့်နေရခြင်းသည် လိင်ဆက်ဆံခြင်း၏ သာယာသော ဘ၀ကို အဆိုးရွားဆုံး ထိခိုက်လာမည် ဖြစ်သည်။ ထိုကဲ့သို့သော အချိန်များကို ကြုံတွေ့နေရပါက အကောင်းဆုံးမှာ သက်တောင့်သက်သာ ရှိစွာဖြင့် မိမိအိပ်ယာပေါ်တွင်ထက် အခြားလွတ်လပ်သော နေရာတွင် အနားယူပြီး ပုံမှန်အနေအထား ရောက်သည်အထိ စောင့်ဆိုင်းရမည် ဖြစ်သည်။
ပဋိဇီဝဆေးဝါး ပုံမှန်သုံးစွဲနေရခြင်း။ ။လိင်တံ မတောင့်တင်းသည့် ပြဿနာ ကြုံတွေ့ခံစားနေရသည့် ကာလ ၃ လထက် ကျော်လွန်ပါက မိမိတွင် ပုံမှန် သောက်သုံး နေရသော ဆေးဝါးများ ရှိနေပါလျင် ထိုဆေးဝါးများ အားလုံးကို ယူဆောင်သွားပြီး အထွေထွေရောဂါ အထူးကု ဆရာဝန်ကြီးများနှင့် တွေ့ဆုံ ဆွေးနွေး တိုင်ပင် သင့်သည်။ ဆေးဝါးများ သောက်သုံးခြင်းသည် ရုပ်ပိုင်းဆိုင်ရာ ဟိုမုန်းပြောင်းလဲမှုများကို အကျိုး သက်ရောက်စေခြင်းများ ဖြစ်စေသည့် အတွက် ၄င်းအချက်ကို တတ်သိနားလည်သော ဆရာဝန်များမှ ကြည့်ရှုပေးခြင်းဖြင့် အဖြေမှန်ကို သိ၇ှိနိုင်မည် ဖြစ်ပြီးလိင်တံ မတောင့်တင်းခြင်းသည် အခြားသော ကျန်းမာရေး အချက်ပြ သင်္ကေတအဖြစ် နှလုံးရောဂါနှင့် အခြား သက်ဆိုင်ရာ ရောဂါများ ရှိမရှိ စစ်ဆေး သိရှိနိုင်သည်။ လိုအပ်ပါက အထူးကု ဆရာဝန်၏ ညွန်ကြားချက်ဖြင့် ဆီးစစ်ခြင်းများကိုပါ ပြုလုပ်သင့်သည်။ သက်ဆိုင်ရာ နယ်ပယ်များတွင် ကျွမ်းကျင်သူများ၏ ကုသမှုများကို ထိရောက်စွာ ရယူနိုင်မည် ဖြစ်သည်။
ကာမနိုးကြားစေသည့် ဆေးဝါးများ ပုံမှန်သုံးစွဲနေရခြင်း။ ။ အမျိုးသား အချို့မှာ ဆီးကျိတ်ခွဲစိတ်ထားသူများ သို့မဟုတ် ကျောရိုးဒဏ်ရာ ရရှိ ထားသူများသည် ကာမ ဆန္ဒအတွက် ကာမနိုးကြားဆေး ( Viagra ) များကို ပုံမှန်သုံးစွဲနေရသူများ ဖြစ်ပြီး ဆေး၏ ဆိုးကျိုးများအဖြစ် နှလုံးခုန်မြန်စေခြင်းနှင့် နှလုံးနှင့် ပတ်သက်သော ရောဂါ အတော်များများကို ဖြစ်ပေါ်စေတတ်သည်။
ဆရာဝန်ဖြင့် တွေ့ဆုံဆွေးနွေးခြင်း။ ။ လိင်တံ မတောင့်တင်းသော ကာလ အတိုင်းအတာ တစ်ခုအထိ ကျော်လွန်လာပါက ဆရာဝန်ဖြင့် တွေ့ဆုံခြင်းသည် အရေးကြီးသော ကုသမှု တစ်ရပ်ဖြစ်ပြီး ဆရာဝန်မှ အမျိုးသား၏ ခန္ဓာကိုယ်နှင့် သင့်တော်သည့် ဟိုမုန်း အားတိုးဆေးများကို ချိန်ဆပေးမည် ဖြစ်ပြီး အခြားကုသမှု များနှင့်အတူ ကာလတစ်ခု အတွင်း မိမိလိုချင်သော လိင်တံ တောင့်တင်းသည့် အနေအထားကို ပြန်လည် ရောက်ရှိလာမည် ဖြစ်သည်။ ထိုက်သင့်သော သွေးစစ်ဆေးခြင်းများမှ ဟိုမုန်း ပမာဏ တိုင်းတာခြင်းများ ပြုလုပ်ပြီးသင့်တော်သော ကုသမှုများကို ခံယူသင့်သည်။ ယခုအခါ ဟိုမုန်း ပမာဏ နိမ့်ကျနေသူများ အတွက် ဆီးလမ်းကြောင်း အတွင်းသို့ ဆေးဝါးတစ်ချို့ ထည့်ပေးခြင်းဖြင့် ဆီးသွားပြီးပါက လိင်တံတောင်းတင်းသော အနေအထားသို့ ရောက်ရှိ လာနိုင်အောင် ကုသပေးနိုင်ပြီ ဖြစ်သည်။ ထိုသို့ ဆေးဝါး သုံးစွဲထားပါက ငါးမိနစ်မှ ဆယ်မိနစ်အထိ လိင်တံတောင့်တင်းနေစေခြင်းဖြင့် လိင်ဆက်ဆံမှု ပြီးဆုံးသည့်တိုင် ဆက်လက် စွမ်းဆောင် သွားနိုင်မည် ဖြစ်သည်။
ကိရိယာ တန်ဆာပလာများ အသုံးပြုခြင်း။ ။ လေပြွန်များကို လိင်တံတွင် တပ်ဆင်ပြီး ရှေ့တိုးနောက်ငင် ပြုလုပ်၍ သွေးလွှတ်ကြောများကို နိုးကြား စေအောင် ပြုလုပ်သောနည်းကို ဈေးကွက်အတွင်း အလွယ်တကူ ၀ယ်ယူရရှိနိုင်သည့် အားလျော်စွာ အတော်များများလည်း သုံးစွဲနေကြလေ့ ရှိသည်။
သွေးလည်ပတ်မှု ကောင်းမွန်စေခြင်း။ ။အာရုံကြော တစ်ရှူးများ ကို ထိခိုက်စေတတ်သော ဖျားနာမှုများ ခံစားရပါက အဖျား မတာရှည်အောင် အလျင်အမြန် ကုသရမည်။ အာရုံကြောများ၏ ထိခိုက်မှုသည် လိင်တံ တောင့်တင်းမှု ရှိခြင်း၊ မရှိခြင်းနှင့် တိုက်ရိုက်ဆက်သွယ်လျက် ရှိသည်။ စတီးရိုက် ပါသော ဆေးဝါးများကို သုံးစွဲခြင်း၊ သွေးအလွန်အကျွံ မတိုးစေရန်လည်း ဂရုစိုက်ထိန်းသိမ်း သင့်သည်။ စိတ်ကျရောဂါ ဖြစ်ပေါ်သောအခါ သောက်သုံးရသော ဆေးဝါးများသည် လိင်တောင့်တင်းမှုကို အနှောင့်အယှုက် ဖြစ်စေသဖြင့် စိတ်ကျခြင်း မဖြစ်ရအောင် ဂရုစိုက်နေထိုင်ရမည်။
အထူးသတိပြုရန် အချက်အဖြစ် လိင်ဆက်ဆံ ခါနီးတွင် လိင်တံ မတောင့်တင်းပါက "င့ါကို မချစ်လို့ဘဲ၊ ငါမလှလို့ဘဲ၊ ငါက လိင်မှုရေးရာနဲ့ ပတ်သက်လို့ ဆွဲဆောင်မှု မရှိလို့ဘဲ" ဟု မိမိ၏ လိင်ဆက်ဆံဖေါ်က အထင်ရောက်သွားမည်ဟု အမျိုးသားတို့ အစိုးရိမ် လွန်တတ်ခြင်းမှာလည်း မှားယွင်းမှု တစ်ခုသာဖြစ်ကြောင်း နှင့် မိမိ၏ လိင်ဆက်ဆံဖေါ်အား အကောင်းဆုံး ရှင်းပြပြီး ဆက်ဆံဖေါ် စိတ်ကျေနပ်မှု ရရှိစေရန်အတွက် စွမ်းဆောင်ပေးနိုင်သော အခြားနည်းများဖြင့် ကာမသုခ အရသာများကို ဖြည့်စွမ်းခြင်းဖြင့် နှစ်ဦးသား ပြေလျော့သော ခံစားမှုကို ရရှိ နိုင်ပေ သေးသည်။
လာမည့်အပတ် တွင် "သင့် ဖွါးဖက်တော်လေး သေးငယ်နေတယ် ထင်ပါသလား" ဟူသည့် ဆောင်းပါးကို ဆက်လက် ဘာသာပြန်ပေးသွားမည် ဖြစ်ပါကြောင်း....

ဖိုမ ဆက်ဆံစဉ် အမျိုးသမီးများ အထွဋ်အထိပ်အရသာ ခံစားမှုကို ဘယ်လိုရနိုင်မလဲ...

ယနေ့ခေတ်၏ တွေ့ကြုံရ အများဆုံးသော လူတိုင်း၏ ဆန္ဒသည် ချစ်မှုရေးရာတွင် ကောင်းမွန်သော ဖိုမ ဆက်ဆံမှု တစ်ရပ်အတွက် စနစ်တကျ လိုက်နာ ဆောင်ရွက်ခြင်း မရှိသောကြောင့် ကျေနပ် သင့်သလောက် မကျေနပ်ရသည်များကို တွေ့ကြုံနေကြရသည်။ ကျေနပ်မှု အမြင့်ဆုံးအဆင့် (အထွဋ်အထိပ်) အရသာသို့ ရောက်ရှိခြင်းသည် အလိုအလျောက် ရောက်ရှိလာရခြင်းမျိုး မဟုတ်ဘဲ ပျိုးယူမှသာ ရနိုင်သည့် ကျေနပ်မှု အရသာ ကောင်းမျိုး ဖြစ်သည်။

အမျိုးသမီးများ အနေဖြင့် သာမန် ကျေနပ်နှစ်သိမ့်မှုဖြင့် ကျန်ရစ်နိုင်ခဲ့သည့် တိုင်အောင် သူမ၏ လိင်ဆက်ဆံဖေါ် အနေဖြင့် ကျေနပ်မှု ရချင်မှလည်း ရနိုင်ပေမည်။ အဘယ်ကြောင့် ဆိုသော် သူမအနေဖြင့် လိင်ဆက်ဆံမှု၏ အရသာထူးကို အပြည့်အ၀ ခံစားတတ်သော အပြုအမူ မရှိခြင်းသည် တစ်ဖက် အမျိုးသား အတွက် စိတ်အနှောင့်အယှုက် ဖြစ်စရာ ဖြစ်သည်။ (ခံစားမှု ကောင်းနေပါက ကောင်းနေသည့် အပြုအမူမျိုး မရှိခြင်း မရှိဘဲ သစ်တုံးတစ်တုံးကဲ့သို့ ပြုမူနေခြင်းကို ဆိုလိုသည်။)

ဖိုမ ဆက်ဆံရေးသည် လူသားတိုင်း အတွက် နှစ်သိမ့် ကျေနပ်မှုကို အပေးနိုင်ဆုံးသော အရာဖြစ်ပြီး အလုပ်တစ်ခုကဲ့သို့ ပြီးလွယ် စီးလွယ်နှင့် ဖြစ်မြောက် လောက်ရုံ ဆောင်ရွက်သင့်သော ကိစ္စမျိုး မဟုတ်ပေ။ မိမိတို့၏ ချစ်ဖေါ် နှင့် ဆက်ဆံကြသော အမျိုးသမီး အများစုသည် တစ်ကြိမ်မှ အထွဋ်အထိပ် မရောက်ဖူးသူများ ရှိသလို အလွန်နည်းပါးသော စိတ်ကျေနပ်မှုသာ ရခြင်းများလဲ ရှိတတ်ကြသည်။ ထိုရလဒ်များ၏ အဖြေသည် စိတ်အနှောင့်အယှုက် ဖြစ်စေခြင်းသို့ ပြောင်းလည် ဦးတည် သွားတတ်ပြီး ကာမ၏ အရသာကို နှစ်သက် ခံစားတတ်ခြင်းလည်း လျော့နည်း သွားတတ်ပေသည်။

အမျိုးသမီးများ၏ လိင်ဆက်ဆံမှု အပေါ် နှစ်သက်ကြပုံမှာ တစ်ဦးနှင့် တစ်ဦးမတူဘဲ ကွဲပြားနေခြင်းကလည်း ပြဿနာ တစ်ခုဖြစ်သည်။ တစ်ချို့မှာ ချစ်မှုရေးရာကို ပွင့်လင်းစွာ ခံစားတတ်ကြပြီး တစ်ချို့မှာ မပွင့်တစ်ပွင့်နှင့် အလိုမကျမှုများကိုသာ ဖေါ်ပြ လိုတတ်ကြသည်။ ထိုသို့ ဖြစ်ပျက်ခြင်း၏ အခြေခံ အကြောင်းအရာမှာ မိဘများ အနေဖြင့် သမီးပျိုများကို ကိုယ်ဝန်ရရှိသွားမည် စိုးရိမ်သောကြောင့် အလွန်အကျုံ ဖိနှိပ်ချူပ်ချယ်မှုများ ရှိခဲ့ခြင်း ကလည်း တစ်ကြောင်း အဖြစ် ပါဝင်သည်။



ချူပ်ချယ်မှုများဖြင့် ကြီးထွားလာကြသော မိန်းမပျိုများသည် လိင်ဆက်ဆံဖေါ် တစ်ဦှးနှင့် ရင်ဆိုင်ကြုံတွေ့ လာရပါက ဘယ်က စ၍ ဘာကို လုပ်ရမှန်း မသိတော့ဘဲ အရှက်သည်း မှုများကြောင့် လိုရင်း မရောက်သည်များ ဖြစ်လာရသည်။ အထွဋ်အထိပ် အတွေ့အကြုံ မရှိဖူးသော အမျိုးသမီးများသည် သူမတို့ ကိုယ်တိုင်၏ ကျေနပ် နှစ်သိမ့်မှုကိုလည်း မရှာဖွေတတ်ကြသလို လိင်ဆက်ဆံဖေါ်၏ ကျေနပ်နှစ်သိမ့်မှု အတွက်လည်း မည်သို့ မည်ပုံ ပံ့ပိုးရမည်ကို နားလည် တတ်သိမှု မရှိကြချေ။

လိင်မှု ကိစ္စ ဆိုသည်မှာ တစ်ဦးတည်း ပြီးမြောက် ပျော်ရွှင်၍ ရသော ကိစ္စမျိုး မဟုတ်ဘဲ ပူးပေါင်း ပါဝင်မှု ရှိမှသာ ကောင်းမွန်သည့် ခံစားချက်မျိုး ရှိလာမည့် ကိစ္စမျိုး ဖြစ်သည်။ လိင်ဆက်ဆံသည့် သူများ အနေဖြင့် ဆက်ဆံနိုင်သည့် အသက်အရွယ် ခန္ဓာကိုယ် အနေအထားရှိပြီ ဆိုပါက မိမိကိုယ်ကိုယ် မိမိ မည်သည့် ကာမ အင်္ဂါများကို လှုံ့ဆော် နှိုးဆွပါက ပိုမိုထိရောက်မှု ရှိသည်ကို သိရှိထားရန် မိမိကိုယ်မိမိ အသိပေးထားရန် လိုအပ်သည်။

ထိုကဲ့သို့ အသိပေးခြင်းသည် မှားယွင်းသော လှုံ့ဆော်မှုမျိုး မဟုတ်ဘဲ လိင်ပိုင်းဆိုင်ရာ ကုသသူများပင်လျင် ဆေးညွန်း တစ်ခုအဖြစ် အသုံးပြုနေသော အခြေခံ အချက်တစ်ခု ဖြစ်သည်။ အမျိုးသမီး၏ ယောနိ အင်္ဂါတစ်ခုလုံးကို နှိုးဆွခြင်းသည်သာ လိင်စိတ်ထကြွ စေသည်မဟုတ်ဘဲ လွန်းပုံသဏ္ဍန်ရှိသော အင်္ဂါ၏ ထိပ် (အစေ့) ကလေးကို အနည်းငယ် နှိုးဆွရုံမျှပင် ခံန္ဓာကိုယ် အတွင်းပိုင်းမှ အာရုံကြောများ နှိုးကြွလာခြင်း၏ အထွဋ်အထိပ် အရသာကို ခံစား ရရှိနိုင်ပေသည်။ ထိုကဲ့သို့ နှိုးကြွမှုသည် တစ်မြေ့မြေ့နှင့် အရိုင်းဆန်သော အသွင်သို့ ကူးပြောင်းသွားပြီး ကျေနပ်မှု ပြည့်ဝ သွားပါက ငြိမ်သက်မှုနှင့် ပြေလျော့သော ခံစားမှုများကို ရရှိနိုင်သည်။



အချို့သော အမျိုးသမီးများသည် မိမိကိုယ်တိုင် စိတ်အာသာ ဖြေလျော့ခြင်းများကို လေ့လာ နားလည် ထားကြပြီး အထူးသဖြင့် ဆယ်ကျော်သက် များတွင် ပိုမိုနားလည် လွယ်ကြသည်။ ထိုသို့ ကိုယ်တိုင် စိတ်ဆန္ဒဖြေဖျောက်သော အလေ့အကျင့် ရှိသူများသည် လိင်ဆက်ဆံဖေါ်မှ ထိုကဲ့သို့ နှိုးဆွပေးသော အခါမျိုးတွင် အပြည့်အ၀ မကျေနပ် ကြသူများလည်း ရှိကြသည်။ ထိုသို့ နှိုးဆွမှုသည် တုန်ရင်သော ခံစားမှုကို အဓိက ခံစားရလေ့ရှိကြောင်း အထက်တွင် ဖေါ်ပြခဲ့ပြီးဖြစ်သည်။

မိမိကိုယ်တိုင် လုပ်ဆောင် ခံစားနိုင်သော ထိုသို့ နှိုးဆွမှုမျိုးကို အခြားသူ တစ်ဦးဦး၏ အကူအညီဖြင့်လည်း ရယူလိုစိတ် မရှိကြတော့ပေ။ ထို့ကြောင့် တစ်ဦးတည်းက ဦးဆောင်၍ နှိုးဆွခြင်းမျိုးကို ပြုမူခြင်းထက် ကာမ ဆက်ဆံဖေါ် နှစ်ဦးစလုံးက အပြန်အလှန် ရုပ်ပိုင်းဆိုင်ရာ လိင်ပိုင်းဆိုင်ရာ နှိုးဆွခြင်းသည်သာ အထိရောက်ဆုံး ဖြစ်သည်။ ထိုသို့ နှိုးဆွရာတွင် ခရမ် သို့မဟုတ် အဆီတစ်မျိုးမျိုးကို သုတ်လိမ်းပြီး တစ်ဦးနှင့် တစ်ဦး ပွတ်နယ်ပေးခြင်းကို စုံတွဲ အတော်များများ နှစ်သက်ကြသည်။

နှိုးဆွမှုမှ အခြေအနေ တစ်ခုသို့ ရောက်ရှိပြီ ဆိုပါလျင် လိင်ဆက်ဆံနိုင်သော ခန္တာကိုယ် အစိတ်အပိုင်းများကို ပိုမိုထိတွေ့ ပွတ်သတ်ပေးခြင်းဖြင့် နှစ်ဦးစလုံး၏ စိတ်ကျေနပ် နှစ်သိမ့်မှုကို ရယူရန် အသင့်ဖြစ်နေပြီ ဖြစ်သည်။ ယခုခေတ်၏ အမျိုးသမီးများ တစ်ကိုယ်ရေ ဖျော်ဖြေမှုတွင် အသုံးပြုသည့် ကျားအင်္ဂါအတု (Vibrator) သည် အလွန်ခြားနားသော ကာမ တုန့်ပြန်မှုများကို ပေးလေ့ရှိသည်။

ကျားအင်္ဂါအတု၏ ပုံစံပြုလုပ်မှုတွင် လျပ်စီးလမ်းကြောင်းတစ်ခုဖြင့် စီမံထားသော သွားပွတ်တံ အငယ်ကလေး တစ်ခုကဲ့သို့ ရာဘာသားဖြင့် အမျိုးသမီး၏ အထွဋ်အထိပ်ရောက်နိုင်သော အင်္ဂါအစေ့လေး ထိပ်နှင့် တစ်ထပ်တည်း ကျနေစေရန် ဖန်တီးထားပြီး ထိုစက်ကို အသုံးပြုနေချိန် ကာလ တစ်လျောက်တွင် ဖေါ်မပြနိုင်သော ကျေနပ်မှုများဖြင့် စခန်းသွား နေရမည်ဖြစ်သည်။ အချို့သော အမျိုးသမီးများသည် တစ်ကိုယ်ရေ ဖျော်ဖြေမှုကို လိင်အင်္ဂါအတု၏ အကူအညီဖြင့် အလွန်အကျွံ ခံစားထားပါက လိင်ဆက်ဆံချိန်တွင် အလားတူ ကျေနပ်နှစ်သိမ့်မှုမျိုး ရရှိနိုင်တော့မည် မဟုတ်ဘဲ အားမလို အားမရ ဖြစ်သွားတတ်သည်။

လိင်ဆက်ဆံသူတိုင်း၏ ပြီးပြည့်စုံသော ပျော်ရွှင်မှုမှာ နှစ်ဦးစလုံး အပြန်အလှန် ကြင်နာမှုဖြင့် စတင်ခဲ့ပြီး ဆုံးခန်းတိုင် အထွဋ်အထိပ် အရသာကို ရှေ့ဆင့် နောက်ဆင့် အတူတကွ ခံစားရရှိခြင်းကို တွေ့ကြုံရမှသာ လိင်မှုဆက်ဆံရေး၏ အနှစ်အရသာကို ခံစားကြရမည် ဖြစ်သည်။ အမျိုးသားများ အနေဖြင့် မိမိ၏ နှိုးဆွမှုသည် အမျိုးသမီးအပေါ် အရာမထင် ဖြစ်နေပါက ထိုအခြေအနေသည် အရေးတစ်ကြီး ပြဿနာ တစ်ခုမဟုတ်ဘဲ အခြားသော အဆင်ပြေနိုင်မည့် နှိုးဆွမှု ပုံသဏ္ဍတစ်မျိုးကို ထိုအချိန်တွင် ပြောင်းလဲ စမ်းသပ်ကြည့်နိုင်သည်။



လိင်ဆက်ဆံမှုတွင် အမျိုးသားများ အနေဖြင့် အမျိုးသမီး၏ ပါဝင်လာလိုစိတ် နှိုးဆွခြင်းသည် အလွန်အရေးကြီးသော အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ အမျိုးသားများ အနေဖြင့် မည်သည့် အခြေအနေတွင် အမျိုးသမီးများ အထွဋ်အထိပ် အနေအထားကို ရောက်ရှိသည် ဆိုသည်ကိုလည်း တတ်သိ နားလည်ထားရန် လိုအပ်သည်။ ထိုကဲ့သို့ နားလည်ထားမှသာ သူမ၏ ကြွက်သားများကို အထိအခိုက်မရှိဘဲ လိုတိုး ပိုလျော့ ဆက်ဆံမှု ပုံသဏ္ဍန်သို့ လမ်းကြောင်း ပြောင်းပေးနိုင်မည် ဖြစ်သည်။ ဥပမာ အားဖြင့် သူမ၏ နောက်ကြောများ ကွေးညွတ်လာပြီး ဦးခေါင်း အနောက် လန်သွားသည့် အချိန်သည် သူမ၏ အထွဋ်အထိပ် ခံစားမှု အမြင့်ဆုံး ရောက်၇ှိရန် အကောင်းဆုံး အခြေအနေ ဖြစ်သည်။ သူမ၏ ကျေနပ်မှုကို အလိုက်သင့် ပုံစံဖြင့် ထိန်းပေးထားနိုင်ပါက သူမသည် ပြီးပြည့်စုံသော အကောင်းဆုံးသော ကာမ ဆက်ဆံမှု ရရှိစေမည် ဖြစ်သည်။

အမျိုးသမီးများအနေဖြင့် လိင်မှုကိစ္စ ဆက်ဆံတိုင်းတွင် စိတ်ကျေနပ်မှု အပြည့်အဝေ ရရှိခြင်းမှာ တစ်ဆင့်ပြီး တစ်ဆင့်သာ ဖြစ်လေ့ရှိပြီး အကြိမ်တိုင်း ဖြစ်လေ့ မရှိချေ။ အချို့သော စုံတွဲများသည် ၄င်းတို့နှင့် သင့်တော်မည့် လိင်ဆက်ဆံမှု ပုံစံများကို မကြာခဏ ဆိုသလို ပြောင်းလဲ ဆက်ဆံခြင်းဖြင့် ကျေနပ်မှု ရရှိရန် ကြိုးစားလေ့ ရှိကြသည်။ လိင်မဆက်ဆံမှီ အရက် အလွန်အကျွံသောက်သုံး ခြင်းသည် အမျိုးသမီး၏ ယောနိအင်္ဂါမှ ထွက်သော အရည် ခြောက်ခမ်းမှုကို ဖြစ်စေပြီး လိင်အင်္ဂါများသို့ သွေးပို့လွှတ်သော ပမာဏကိုလည်း လျော့နည်းစေသည်။ ထိုသို့ နည်းပါးခြင်းက အမျိုးသမီး၏ လိင်ဆက်ဆံချိန် ကာလတွင် နာကျင်ခြင်းများကို ဖြစ်ပေါ် စေသည်။

အမျိုးသမီးများတွင် အထွဋ်အထိပ် ရရှိချိန် နည်းပါးသော အခြား အကြောင်းပြချက်များ အဖြစ် ကလေး မွေးဖွါးပြီး ကာစ သို့မဟုတ် ရာသီသွေး ဆင်းပြီးကာစ အချိန်များတွင် ဖြစ်လေ့ရှိသည်။ စိတ်ကျရောဂါ ခံစားနေရချိန်တွင်လည်း ကာမ ဆက်ဆံခြင်းများကို လိုလားနှစ်သက်ခြင်း ရှိလိမ့်မည်မဟုတ်ပေ။ အခြား အကြောင်းတစ်ခုမှာ ဆိုးရွားသော လိင်ဆက်ဆံဖေါ်နှင့် ကြုံတွေ့ခဲ့ဖူးသည့် အမျိုးသမီးများတွင်လည်း အထွဋ်အထိပ် အရသာကို ခံစားနိုင်ခြင်း နည်းပါးကြသည်။