ဒီနေရာလေးကို

Sunday, April 3, 2011

သတ္တိ

• ယောက်ျားကောင်း၊ ယောက်ျားမြတ်တို့၏ အနှစ်သာရမှာ အသိစိတ်၊ အသိတရားဖြစ်၏။
• တစ်ရွာတည်းသားချင်း၊ တစ်ရပ်တည်းသားချင်း၊ တစ်ကျောင်းတည်း သားချင်း တစ်ဦးက နွားကျောင်းသား ဖြစ်၍ တစ်ဦးက ၀န်ကြီးချုပ် ဖြစ်ရခြင်းသည် သတ္တိဖြစ်သည်။
• သတ္တိသည် လုပ်ရည်ကိုင်ရည်နှင့် လုပ်ရဲကိုင်ရဲမှု နှစ်ခုလုံး အကျုံးဝင်သည်။
• ပြောရဲဆိုရဲ၊ လုပ်ရဲကိုင်ရဲ၊ တွေးရဲတောရဲ ရှိရမည်။
• သတ္တိကို မွေးမြူပြီးသော် သင့်အားရှေ့တန်း၌သာ တွေမြင်ရတော့မည်။
• လူ့ဘ၀တွင် အမှောင်ကြီးများ ကျတက်ပါ၏၊ လူ့ဘ၀တွင် တိမ်များ ဖုံးနေတက်ပါ၏၊ သို့သော် ဘာမျှ စိတ်ဓာတ်မကျပါနှင့် တိမ်တိုက်တိုင်းတွင် ငွေနားကွပ်လေးတော့ ရှိစမြဲပါ။
• ကျဆုံးချင်း ဆိုသည်မှာ အောင်မြင်မှု အတွက် ပထမ ခြေလှမ်းဖြစ်သည်။
• သရော်လှောင်ပြောင်မှု ခံရတိုင်း သည်းခံစိတ်ပေါ်တွင် သတ္တိအပင်ကိုစိုက်ပါ။ မကြာမီ သီးပွင့်လာမည်မှာ ဧကန်ဖြစ်ပါ၏။
• စိတ်ပျက်အားငယ်မှုနှင့် ကြုံတိုင်း သတ္တိကို မွေးမြူရ၏။ စိတ်အားငယ်မှုကို ဒီအတိုင်း ဆက်ထားပါက မိမိ စိတ်ဓာတ်သည် မြောင်းထဲ ရောက်သွားနိုင်ပါ၏။ စိတ်အားငယ်မှုကို သတ္တိက ချေဖျက်နိုင်သည်။
• သင့်ပန်းတိုင်သို့ ချီတက်ရေး ကိစ္စကို ပျက်ဆီးစေနိုင်သော အရာကား သင့်ကိုသင် မယုံကြည်ခြင်း ဖြစ်ပါ၏။
• ကျွန်ုပ်တို့တွင် ရှိသော သံသယစိတ် များသည် သစ္စာဖောက်များဖြစ်သည်။
• သင်သည် ဘာဆိုဘာမှ မလုပ်ပဲနေလျှင် ဆုံးရှုံးမှုကို ရှောင်ရှားနိုင်ပါ၏။ တစ်ချိန်တည်းမှာပင် အောင်မြင်မှု ကိုလည်း ရှောင်ရှားပြီးသား ဖြစ်နေသည် ဆိုသောအချက်ကို မမေ့ပါနှင့်။
• လူစွမ်းကောင်း အောင်မြင်သည့် အကြောင်းကိုသာ တွေးတော နေတတ်သည်၊ သာမန်လူတို့သည် သက်သာမှု အကြောင်းများကိုသာ တွေးနေတတ်၏။

No comments:

Post a Comment