ဒီနေရာလေးကို
Monday, March 26, 2012
ငွေကြေးနှင့်ပတ်သက်သည့် စကားပုံများ
၁။သင့်ထံတွင် ငွေရှိပါက အိမ်တစ်လုံး ၀ယ်နိုင်ပါသည်...သို့သော် သီရိဂေဟာကိုတော့ ၀ယ်မရနိုင်ပါ..။
၂။သင့်ထံတွင် ငွေရှိပါက နာရီတစ်လုံး ၀ယ်နိုင်ပါသည်... သို့ ရာတွင် "အချိန် "ကို ၀ယ်၍မရနိုင်ပါ...။
၃။သင့်ထံတွင် ငွေရှိပါက ခုတင်တစ်လုံး ၀ယ်နိုင်ပါသည်... သို့ ရာတွင် "အိပ်စက်ခြင်း "ကို တော့ဝယ်၍မရနိုင်ပါ...။
၎။သင့်ထံတွင် ငွေရှိပါက နေရာဌာန အဆင့်အတန်းတစ်ခုခု ၀ယ်ယူနိုင်ပါသည်... သို့ ရာတွင် "ရိုသေလေးစားမှု "ကို ၀ယ်၍မရနိုင်ပါ...။
၅။သင့်ထံတွင် ငွေရှိပါက ဆရာဝန်တစ်ယောက် ရနိုင်ပါသည်... သို့ ရာတွင် "သင်၏ကျန်းမာရေးကို "ကိုမူ ၀ယ်၍မရနိုင်ပါ...။
၆။သင့်ထံတွင် ငွေရှိပါက သွေးကိုတော့ ၀ယ်ရနိုင်ပါသည်... သို့ ရာတွင် "အသက်ရှင်သန်မှု "ကို ၀ယ်၍မရနိုင်ပါ...။
၇။သင့်ထံတွင် ငွေရှိပါက အပျော်အပါး လိင်မှုကိစ္စကို ၀ယ်၍ရနိုင်ပါသည်... သို့ ရာတွင် "ချစ်ခြင်းမေတ္တာ "ကို ၀ယ်၍မရနိုင်ပါ...။
ဟိတောပဒေသမှ ကောက်နှုတ်ချက်များ
{ လေမုန်တိုင်း }
လေမုန်တိုင်းသည် နိမ့်ရာသို့ ကိုင်းညွှတ်နေသော၊ နူးညံ့ပျော့ပျောင်းသည့် မြက်တို့ကို နုတ်မပစ်နိုင်ပေ။ မြင့်မားကြံ့ခိုင်သော သစ်ပင်ကြီးတို့ကိုသာလျှင် နုတ်ပစ်လေသည်။
{ စမ်းကြည့်မှသိသော အရာ }
မိတ်ဆွေ၊ မိန်းမ၊ ကျေးကျွန်၊ မိမိအသိဥာဏ်၊ မိမိစွမ်းရည်သတ္တိ ဤငါးမျိုး၏ အနှစ်သာရ ရှိမရှိကို ဘေးဒုက္ခတည်းဟူသော မှတ်ကျောက်ဖြစ်သာလျှင် စမ်းကြည့်နိုင်သည်။
{ မရောင့်ရဲသည့်အရာ }
မီးသည် ထင်းဖြင့် မရောင့်ရဲနိုင်ပေ၊ သမုဒ္ဒရာသည် မြစ်ရေများဖြင့် မရောင့်ရဲနိုင်ပေ၊ သေမင်းသည် သတ္တ၀ါအလုံးစုံဖြင့် မရောင့်ရဲနိုင်ပေ။ မိန်းမသည် မည်မျှသော ယောင်္ကျားဖြင့်ဖြစ်စေ မရောင့်ရဲနိုင်ပေ။
{ သေကြေပျက်စီးနိုင်သောအကြောင်းတရား }
အကျင့်ဖောက်ပြားသော မယားသည်လည်းကောင်း၊    ကောက်ကျစ်စဉ်းလဲသော မိတ်ဆွေသည်လည်းကောင်း၊  ဆင်ခြေဆင်လက်ထူသော  ကျေးကျွန်သည်လည်း
ကောင်း၊ မြွေဆိုးရှိသော အိမ်၌ နေထိုင်ခြင်းသည်လည်းကောင်း၊ ဤလေးပါးသည်
သေကြေပျက်စီးရ၏ အကြောင်းတရား ဖြစ်ကုန်သည်။
{ သူယုတ်မာ }
ပစ္စည်းဥစ္စာ စသည်တို့ဖြင့် ပေးကမ်း၍ ကြီးပွားတိုးတက်အောင် စောင့်ရှောက်ခြင်း
ကိုလည်းကောင်း၊ လေးလေးစားစားထား၍ ဆက်ဆံခြင်းကိုလည်း၊ သူယုတ်မာသည်
နှစ်သက်ရောင့်ရဲမှု မဖြစ်နိုင်ပေ။ အဆိပ်ပင်သည် အမြိုက်ရေစင်ဖြင့် သွန်းလောင်းပါ
သော်လည်း အသီးကောင်းသီးမလာနိုင်ပေ။
{ စွန့်နိုင်ခဲခြင်း }
လူတို့သည် ၀မ်းတွင်းပါ ပင်ကိုသဘောကို စွန့်နိုင်ခဲကုန်၏။ ခွေးကိုမင်းမြှောက်ထား
သော်လည်း ဖိနပ်မစားဘဲ နေနိုင်မည်မဟုတ်ပေ။
{ အပူစုသူ }
၁ - မိနစ်အချိန်ဖြုန်းသောပုဂ္ဂိုလ်
၁ - မိနစ် အတွင်းမှာ အပူတွေစိမ့်ဝင်နေကြပါတယ်။
၁ - နာရီအချိန်ဖြုန်းသောပုဂ္ဂိုလ်
၁ - နာရီ အတွင်းမှာ အပူတွေစိမ့်ဝင်နေကြပါတယ်။
ဒါ့ကြောင့် ဖြုန်းတယ်ဆိုတာ အလကား ကုန်တာမဟုတ်ဘူး။
အပူတွေစုနေတာပါ။
                          (  တိပိဋကဓရ - ဓမ္မဘဏ္ဍာဂါရိက (ယော) ဆရာတော်ကြီး )
သုဘလုလင်မေးသော လူချင်းတူပါလျက်နှင့် ကံခြင်းမတူ ပုံ အချက် ၁၄ ချက်
{ ကံချင်းမတူ လူချင်းမတူ }
 ဘုရားရှင်လက်ထက်တွင် သုဘလုလင်မေးသော လူချင်းတူပါလျက်နှင့် ကံခြင်းမတူ
ပုံ အချက် ၁၄ ချက်ကိုလျောက်ထားရာဘုရားရှင်ဖြေတော်မူပုံကို အကျဉ်းချုံး တင်ပြ
ပါမည်။
 ၁။ အချို့မှာ အသက်တိုရခြင်း
       ဤလောက၌ အချို့သောယောင်္ကျား မိန်းမတို့သည် သတ္တ၀ါတို့ကို သနားကြင်
နာခြင်း ကင်းမဲ့လျက် သူတစ်ပါး အသက်ကို ရက်ရက်စက်စက်     သတ်ဖြတ်လေ့ရှိ
သည်။   ထိုသူတို့သည် သေသောအခါ ငရဲသို့ကျရောက်ရသည်။   ရှေးကုသိုလ် ကံ
တစ်ခုခုထောက်မမှုကြောင့် လူ့ပြည်သို့ရောက်ပြန်လျှင်လည်း ကြာရှည်စွာနေခွင့်မ
ရ ၊ အသက်တိုလေ့ရှိသည်။
၂။ အချို့မှာ အသက်ရှည်ရခြင်း
     ဤလောက၌ အချို့သော ယောင်္ကျားမိန်းမတို့သည်   သတ္တ၀ါတို့ကို  သနားကြင်
နာခြင်း ဂရုဏာထားလျှက် သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်ကြသည်။   ထိုသူတို့
သည် သေသောအခါ နတ်ပြည်သို့ရောက်ကြသည်။ လူ့ပြည်သို့ပြန်ရောက်လာလျှင်
လည်း အသက်ရှည်စွာ နေရသည်။
၃။ အချို့မှာ အနာရောဂါများရခြင်း
     ဤလောက၌ အချို့သော  ယောင်္ကျားမိန်းမတို့သည်    တစ်စုံတစ်ယောက်သော သတ္တ၀ါကို လက်ဖြင့်သော်လည်းကောင်း၊  ခဲ,တုတ်,ဓား  စသော   လက်နက်များဖြင့် ညှင်းဆဲလေ့ရှိသည်။  ထိုသူတို့သေသောအခါ ငရဲသို့ရောက်ရသည်။ လူ့ပြည်သို့ပြန်
ရောက်လာလျင်လည်း အနာရောဂါထူပြောလေ့ရှိသည်။
၎။အချို့မှာ အနာရောဂါကင်းရှင်းရခြင်း
     ဤလောက၌ အချို့သော ယောင်္ကျားမိန်းမတို့သည်   တစ်စုံတစ်ယောက် သော သတ္တ၀ါကို လက်ဖြင့်သော်လည်းကောင်း ၊ ခဲ,တုတ်,ဓား စသော   လက်နက်များဖြင့် ညှင်းဆဲနှိပ်စက်လေ့မရှိ။ ထိုသူတို့သေသောအခါ နတ်ပြည်သို့ရောက်  ရသည်။  လူ့
ပြည်သို့ပြန်ရောက်လာလျင်လည်း အနာရောဂါကင်းရှင်းကြပေသည်။
၅။ အချို့မှာ ရုပ်ဆိုးရခြင်း
     ဤလောက၌ အချို့သော ယောင်္ကျားမိန်းမတို့သည် အလွန်ဒေါသကြီး၏။
အနည်းငယ်သောစကားကို ပြောလျှင်လည်း သူတစ်ပါးကို စော်ကားပုတ်ခတ်၍ ပြော
လေ့ရှိသည်။  ထိုသူတို့သေသောအခါ ငရဲသို့ရောက်ရသည်။  လူ့ပြည်သို့ ပြန်ရောက်
လာ  လျှင်လည်း မျက်နှာပုပ်သိုးနှင့် အရုပ်ဆိုးတတ်လေသည်။
၆။ အချို့မှာ အဆင်းလှရခြင်း
      ဤလောက၌ အချို့သော ယောင်္ကျားမိန်းမတို့သည် ဒေါသမထွက်၊ သူတစ်ပါးကို
အပြစ်ပြောလေ့မရှိ၊ စိတ်ထားနူးညံ့သိမ်မွေ့သူများဖြစ်သည်။  ထိုသူတို့ သေသောအ
ခါနတ်ပြည်သို့ ရောက်ရသည်။ လူ့ပြည်သို့ပြန်ရောက်လာလျှင်လည်း   ကြည်လင်လှ
ပသော ရုပ်အဆင်းအင်္ဂါနှင့် ချောမောလှပကြသည်။
၇။ အချို့မှာ အခြွေအရံ တန်ခိုးအာဏာနည်းပါးရခြင်း
      ဤလောက၌ အချို့သော ယောင်္ကျားမိန်းမတို့သည် ဣသာ ( ငြူစူခြင်း )  တရား
အားကြီးကြသည်။  ထိုသူတို့သေသာအခါ ငရဲသို့ရောက်ရသည်။        လူ့ပြည်သို့ပြန်
ရောက်လာလျှင်လည်း အခြွေအရံတန်ခိုးအာဏာ နည်းပါးရလေသည်။
     ဣသာ၏အဓိပ္ပါယ် - သူတစ်ပါးတို့သည် ကံ,ဉာဏ်, ၀ိရိယအားလျော်စွာ စည်းစိမ်၊ ဥစ္စာပေါများခြင်း ၊  ရာထူးဂုဏ်သိမ် ကြီးမားခြင်း ၊ ထင်ရှားကျော်စောခြင်း ၊  တတ်သိ
လိမ္မာခြင်းတို့ကို မနာလိုမှု ၊ မကြည်ဖြူနိုင်မှု ၊ စောင်းမြောင်းမှု ၊  ငြူစူမှု  စသည်တို့ကို
နှုတ်ခမ်းစူ၍ ပြောဆိုမှုများသည် အတွင်းက ဣသာတရား၏ အစွမ်းပင်ဖြစ်သည်။
၈။ အချို့မှာ အခြွေအရံ တန်ခိုးအာဏာကြီးမားရခြင်း
      ဤလောက၌ အချို့သော ယောင်္ကျားမိန်းမတို့သည် ဣသာ (ငြူစူခြင်း) တရား မ
ရှိ၏ကြပေ။     ထိုသူတို့သေသာအခါ နတ်ပြည်သို့ရောက်ရသည်။      လူ့ပြည်သို့ပြန်
ရောက်လာလျှင်လည်း အခြွေအရံတန်ခိုးအာဏာများပြားရလေသည်။
၉။ အချို့မှာဥစ္စာမဲ့မွဲ ဆင်းရဲရခြင်း
     ဤလောက၌ အချို့သော ယောင်္ကျားမိန်းမတို့သည် စွန့်ကြဲပေးကမ်းလှူဒါန်းလေ့
မရှိ၊ မစ္ဆေရ(၀န်တိုခြင်း) တရားအလွန်အားကြီးကြကုန်၏။ ထိုသူတို့သေသာအခါ ငရဲ
သို့ရောက်ရသည်။    လူ့ပြည်သို့ပြန်ရောက်လာ လျှင်လည်း ဥစ္စာမွဲလျှက် ဆင်းရဲကြ
ကုန်၏ ။     မစ္ဆေရ၏ အဓိပ္ပါယ် - မိမိ၌ရှိသောပစ္စည်း၊ မိမိနှင့်ဆိုင်သောပစ္စည်းများကို သူတစ်ပါးတို့နှင့် မပတ်သက် မပေးကမ်းလိုမှု၊ မလှူဒါန်းလိုမှု၊ မိမိ၏စည်းစိမ်ဥစ္စာများ
ကို သူတစ်ပါးရသွားမှာ စိုးရိမ်ခြင်းတို့ကို မစ္ဆေရ ဟုခေါ်သည်။
၁၀။ အချို့မှာဥစ္စာပြည့်စုံကုံလုံကြွယ်ဝခြင်း
        ဤလောက၌ အချို့သော ယောင်္ကျားမိန်းမတို့သည် စွန့်ကြဲပေးကမ်းလှူဒါန်း
လေ့ရှိခြင်း၊ မစ္ဆေရ(၀န်တိုခြင်း) တရားမရှိကြကုန်။ ထိုသူတို့သေသာအခါနတ်ပြည်သို့
ရောက်ရသည်။ လူ့ပြည်သို့ပြန်ရောက်လာ လျှင်လည်း ဥစ္စာပြည့်စုံကုံလုံကြွယ်ဝခြင်း နှင့်ပြည့်စုံကြကုန်၏။
၁၁။ အချို့မှာအမျိုးယုတ်ရခြင်း
        ဤလောက၌ အချို့သော ယောင်္ကျားမိန်းမတို့သည် အလွန်မာနကြီးကြကုန်၏။ သူတစ်ပါးကိုအလွန် အထင်အမြင်သေးကြကုန်၏။ ကိုယ့်ကိုယ်ကိုသာ အထင်ကြီးကြ
ကုန်၏။ ရိုသေလေးစားထိုက်သောသူတို့ကို ရိုသေလေးစားရမှန်းမသိပေ။  ထိုသူတို့
သေသာအခါ ငရဲသို့ရောက်ရသည်။  လူ့ပြည်သို့ပြန်ရောက်လာလျှင်လည်း အောက်
ကျနောက်ကျပြီး ယုတ်ညံ့သောအမျိုးတွင် ဖြစ်ရလေသည်။
၁၂။ အချို့မှာအမျိုးမြတ်ရခြင်း
       ဤလောက၌ အချို့သော ယောင်္ကျားမိန်းမတို့သည် မာန်မာနမရှိကြကုန်။ သူတစ်ပါးကို အထင်အမြင်သေးခြင်း မရှိကြကုန်။ ရိုသေလေးစားထိုက်သော သူတို့
ကိုရိုသေလေးစားကြကုန်၏။    ထိုသူတို့သေသာအခါ နတ်ပြည်  သို့ရောက်ရသည်။ လူ့ပြည်သို့ပြန်ရောက်လာ  လျှင်လည်း မြင့်မြတ်သောအမျိုးတွင် ဖြစ်ရ  လေသည်။
၁၃။ အချို့မှာအသိပညာဉာဏ်နည်းပါးရခြင်း
        ဤလောက၌ အချို့သော ယောင်္ကျားမိန်းမတို့သည် ပညာရှိထံ ချဉ်းကပ်၍
ကုသိုလ်၊ အကုသိုလ်ကို၎င်း၊ အပြစ်ရှိမရှိကိုလည်းကောင်း၊ မိမိမှီဝဲထိုက်၊ မမှီဝဲထိုက်
သော အရာကိုလည်းကောင်း ၊    နောင်သံသရာဝယ်     အကျိုးပေး မပေးကိုလည်း
ကောင်း မေးမြန်းလေ့မရှိ။     မိမိထင်ရာမြင်ရာ ပြုလုပ်ပြီး ဒုစရိုက်များဖြင့် သေလွန်
သည့်အခါငရဲ၌ ဖြစ်ရလေသည်။ လူ့ပြည်သို့ပြန်ရောက်လာလျှင်လည်း အသိပညာ
ကင်းမဲ့သောလူဖျင်း၊ လူညံ့၊ လူအ၊ လူမိုက်ဖြစ်ရလေသည်။
၁၄။ အချို့မှာအသိပညာဉာဏ်ကြီးမားရခြင်း
        ဤလောက၌ အချို့သော ယောင်္ကျားမိန်းမတို့သည် ပညာရှိထံချဉ်းကပ်၍
ကုသိုလ်၊ အကုသိုလ်ကို၎င်း၊ အပြစ်ရှိမရှိကိုလည်းကောင်း၊ မိမိမှီဝဲထိုက်၊ မမှီဝဲထိုက်
သော  အရာကိုလည်းကောင်း ၊       နောင်သံသရာဝယ်  အကျိုးပေးမပေးကိုလည်း
ကောင်းမေးမြန်းလေ့ရှိသည်။  မိမိထင်ရာမြင်ရာ မပြုလုပ်ဘဲ သုစရိုက်များဖြင့် သေ
လွန်သည့်အခါ နတ်ပြည်၌ ဖြစ်ရလေသည်။ လူ့ပြည်သို့ပြန်ရောက်လာ လျှင်လည်း
အသိပညာဉာဏ်ကြိးမားရလေသည်။
“ဘယ်သူမပြုမိမိမှု” ဆိုသကဲ့သို့ လူတို့သည် ရှေးရှေးကပြုလုပ်ခဲ့သည့်ကံအားလျှော်
စွာ ကောင်းကျိုး မကောင်းကျိုး ကိုခံစားရလေသည်။
                                        (ဥပရိပဏ္ဏာသပါဋ္ဌိတော်၊ ၀ိဘင်္ဂ၀ဂ်၊စူဋ္ဌကမ္မ၀ိဘင်္ဂသုတ်)
အဘိဓမ္မာလာ ကံ ၁၆ ပါး အပိုင်း(၂)
၉။ ဂတိဝိပတ္တိနှင့် ကုသိုလ်ကံ
        အချို့သောသူတို့သည် ကောင်းမှုကုသိုလ်ကံ အများအပြားရှိသော်လည်း   ထို
ကုသိုလ်ကံသည် အကျိုးမပေးဘဲ  အကုသိုလ်ကံ  အကျိုးပေးသောကြာင့် ပျက်စီးတဲ့
ဂတိမှာဖြစ်ဖြစ်၊ အသူရကာယ်မှာဖြစ်ဖြစ် နေရပါသည်။ ထိုနေရာမျိုးတွင်ကုသိုလ်ကံ
အကျိုးပေးခွင့် မရတော့ပါ။ ထိုသူ၏ ကုသိုလ်ကံတို့သည် ပျက်စီးသော ဂတိတားမြစ်
ထားသည့်အတွက် အကျိုးမပေးတော့ပါဟု ဗုဒ္ဓမြတ်စွာဘုရားကမြင်တော်မူပါသည်။
၁၀။ ဥပဓိဝိပ္ပတ္တိနှင့် ကုသိုလ်ကံ  
         အချို့သောသူတို့သည် ကောင်းမှုကုသိုလ်ကံ အများအပြားရှိသော်လည်း  ထို
ကုသိုလ်ကံသည်  အကျိုးမပေးဘဲ အကုသိုလ်ကံ  အကျိုးပေးသောကြာင့်     ပျက်စီး
သောရုပ်ဆင်းအင်္ဂါသာရှိပါသည်။ အရုပ်ဆိုးအကျည်းတန်ပါသည်။  မြေဘုတ်ဘီလူး
နှင့်တူနေပါသည်။ မင်းမျိုးမင်းနွယ်ဖြစ်စေဦးတော့ ကျက်သရေမရှိသောဤသူသည်
တိုင်းပြည်ကိုမရနိုင်ပါ။ ထိုကဲ့သို့ပျက်စီးသောရုပ်ဆင်းအင်္ဂါတားမြစ်ခံရသောကြောင့် ကုသိုလ်ကံတို့သည်အကျိုးမပေးနိုင်ပါလို့ ဗုဒ္ဓမြတ်စွာဘုရားကမြင်တော်မူပါသည်။
၁၁။ ကာလ၀ိပတ္တိနှင့် ကုသိုလ်ကံ
         အချို့သောသူတို့သည် ကောင်းမှုကုသိုလ်ကံ အများအပြားရှိသော်လည်း  ထို
ကုသိုလ်ကံသည် အကျိုးမပေးဘဲအကုသိုလ်ကံ အကျိုးပေးသောကြာင့်ပျက်စီးသည့်
ကာလမှာ မကောင်းတဲ့ မင်း မကောင်းတဲ့ လူ တွေနှင့် လက်ထက်မှာအဆီသြဇာမရှိ
သည့်အခါ အသက်တိုသည့်အခါ မှာ ဖြစ်ရပါသည်။    ထိုအခါမျိုးတွင် ကုသိုလ်ကံတို့
သည်အကျိုးမပေးနိုင်ပါလို့ ဗုဒ္ဓမြတ်စွာဘုရားကမြင်တော်မူပါသည်။
၁၂။ ပယောဂ၀ိပတ္တိနှင့် ကုသိုလ်ကံ
          အချို့သောသူတို့သည် ကောင်းမှုကုသိုလ်ကံ အများအပြားရှိသော်လည်း ထို
ကုသိုလ်ကံသည် အကျိုးမပေးဘဲ အကုသိုလ်ကံ အကျိုးပေးသောကြာင့် ငါးပါးသီလ
ကိုစောင့်ထိမ်းခြင်း မရှိဘဲ ကျူးလွန်ကြပါသည်။    အမျိုးဆွေများသော်မှ ဝေးဝေးက
ရှောင်ကြပါသည်။ ထိုပျက်စီးသော အားထုတ်မှုက တားမြစ်သည့်အတွက်  ကုသိုလ်
ကံတို့သည် အကျိုးမပေးနိုင်ပါလို့ ဗုဒ္ဓမြတ်စွာဘုရားက မြင်တော်မူပါသည်။
၁၃။ ဂတိသမ္ပတ္တိနှင့် ကုသိုလ်ကံ
         အချို့သောသူတို့သည် ကောင်းမှုကုသိုလ်ကံ အများအပြားရှိကြပါသည်။  ထို
ကုသိုလ်ကံတို့သည်   ပျက်စီးသောဂတိတွင်ဖြစ်မည့်  အကုသိုလ်ကံတို့ ကို အကျိုးမ
ပေးနိုင်ပါ။  ထိုကုသိုလ်ကံတို့သည် အလှည့်နှင့် အကျိုးပေးလေသည်။  တစ်ခါတစ်ရံ လူ့ပြည်တွင်ဖြစ်လိုက် တစ်ခါတစ်ရံ နတ်ပြည်တွင်ဖြစ်လိုက် ဖြစ်နေပါသည်။ ထိုပျက်
စီးသော အကုသိုလ်ကံများက အကျိုးမပေးဘဲ ကုသိုလ်ကံက အကျိုးပေးပုံကို ဗုဒ္ဓမြတ်စွာဘုရားကမြင်တော်မူပါသည်။
၁၄။ ဥပတိသမ္ပတ္တိနှင့် ကုသိုလ်ကံ
        အချို့သောသူတို့သည် ကောင်းမှုကုသိုလ်ကံ အများအပြားရှိကြပါသည်။  ထို
ကုသိုလ်ကံတို့သည်  ရုပ်ဆင်းအင်္ဂါ ချို့တဲ့မှုဆိုသည့်  အကုသိုလ်ကံတို့  ကိုအကျိုးမ
ပေးနိုင်ပါ။    ထိုကုသိုလ်ကံတို့သည် လွန်ကဲသော ရုပ်ဆင်းအင်္ဂါကိုဖြစ်စေပါသည်။ ဗြဟ္မာမင်းရဲ့ ကိုယ်နှင့်တူပါသည်။        သူတစ်ပါတို့လည်းလေးစား ကြည်ညိုကြပါ
တယ်။ ရာထူးအမျိုးမျိုးကိုလည်းရတတ်ပါသည်။
ထိုပျက်စီးသော အကုသိုလ်ကံများက အကျိုးမပေးဘဲ ကုသိုလ်ကံက အကျိုးပေးပုံ
ကို ဗုဒ္ဓမြတ်စွာဘုရားကမြင်တော်မူပါသည်။
၁၅။ ကာလသမ္ပတ္တိနှင့် ကုသိုလ်ကံ
         အချို့သောသူတို့သည် ကောင်းမှုကုသိုလ်ကံ အများအပြားရှိသော်လည်း ထို
ကုသိုလ်ကံတို့သည် အကျိုးပေးပြီးအကုသိုလ်ကံ အကျိုးမပေးသောကြာင့် ကောင်း
သည့်ကာလမှာ ကောင်းတဲ့ မင်း ကောင်းတဲ့ လူတွေ၏ လက်ထက်မှာ  အဆီသြဇာ
ရှိသည့်အခါ အသက်ရှည်သည့်အခါ မှာ ဖြစ်ရပါသည်။  ထိုအခါမျိုးတွင် အကုသိုလ်
ကံတို့သည်အကျိုးမပေးနိုင်ပါလို့ ဗုဒ္ဓမြတ်စွာဘုရားကမြင်တော်မူပါသည်။
၁၆။ ပယောဂသမ္ပတ္တိနှင့် ကုသိုလ်ကံ
         အချို့သောသူတို့သည် ကောင်းမှုကုသိုလ်ကံ အများအပြားရှိသော်လည်း  ထို
ကုသိုလ်ကံသည် အကျိုးပေးပြီး အကုသိုလ်ကံ အကျိုးမပေးသောကြာင့် ငါးပါးသီလ
ကိုစောင့်ထိမ်း ကြပါသည်။ အမျိုးဆွေများက လေးစာကြပါသည်။  ထိုကောင်းသော
အားထုတ်မှုကတားမြစ်သည့် အတွက်  အကုသိုလ်ကံတို့သည်အကျိုးမပေးနိုင်ပါလို့ ဗုဒ္ဓမြတ်စွာဘုရားကမြင်တော်မူပါသည်။
         ( ပဋိသမ္ဘိဒါမဂ်ဒေသနာနည်းကံ ၁၂ ပါး )၁။ အတိတ်ကဖြစ်ခဲ့ပြီး အတိတ်မှာ အကျိုးပေးခဲ့သောကံ၊
၂။ အတိတ်ကဖြစ်ခဲ့ပြီး အတိတ်မှာ အကျိုးမပေးခဲ့သောကံ၊
၃။ အတိတ်ကဖြစ်ခဲ့ပြီး ပစ္စုပ္ပန်မှာအကျိုးပေးသောကံ၊
၎။ အတိတ်ကဖြစ်ခဲ့ပြီး ပစ္စုပ္ပန်မှာအကျိုးမပေးသောကံ၊
၅။အတိတ်ကဖြစ်ခဲ့ပြီး  အနာဂါတ်မှာအကျိုးပေးမဲ့ကံ၊
၆။ အတိတ်ကဖြစ်ခဲ့ပြီး ပစ္စုပ္ပန်မှာအကျိုးမပေးမဲ့ကံ၊
၇။ပစ္စုပ္ပန်မှာဖြစ်၍   ပစ္စုပ္ပန်မှာအကျိုးပေးသောကံ၊
၈။ ပစ္စုပ္ပန်မှာဖြစ်၍ ပစ္စုပ္ပန်မှာအကျိုးမပေးမယ့်ကံ၊
၉။ ပစ္စုပ္ပန်မှာဖြစ်၍ အနာဂတ်မှာ အကျိုးပေးမယ့်ကံ၊
၁၀။ ပစ္စုပ္ပန်မှာဖြစ်၍ အနာဂတ်မှာ အကျိုးမပေးမယ့်ကံ၊
၁၁။ အနာဂတ်မှာဖြစ်၍ အနာဂတ်မှာ အကျိုးပေးမယ်ကံ၊
၁၂။ အနာဂတ်မှာဖြစ်၍ အနာဂတ်မှာ အကျိုးမပေးမယ်ကံ။
        ကံအကြောင်းသိကောင်းစရာ အကျဉ်းချုပ်ပြီး၏။
မှီငြမ်းကိုးကားသော စာအုပ်များ
 ၁။ ဗုဒ္ဒအလိုတော်ကျ ကျင့်သုံးနေထိုင်နည်း (ဒုတိယတွဲ) အရှင်ကုမာရ။
၂။ ဗုဒ္ဒဘာသာကောင်းတစ်ယောက် သာသနာတော်ထွန်းကားပြန့်ပွားရေး ဦးစီးဌာန။
အဘိဓမ္မာလာ ကံ ၁၆ ပါး အပိုင်း(၁)
ဂတိသမ္ပတ္တိ               =  ကောင်းသောဂတိဟုခေါ်သည်။ နတ်လောက၊ ဗြဟ္မာလော
                                       က၊ လူ့လောကတို့ဖြစ်သည်။
ဥပဓိသမ္ပတ္တိ              =   ရုပ်ဆင်းအင်္ဂါလှပချောမောခြင်းဖြစ်သည်။
ကာလသမ္ပတ္တိ           =   ကောင်းသောမင်းအုပ်ချုပ်၍ ကောင်းသောလူများ နေထိုင်
                                       သောကာလကိုဆိုလိုပါသည်။
ပယောဂသမ္ပတ္တိ       =   ကောင်းသောအားထုတ်မှုကို ဆိုလိုပါသည်။
ဂတိဝိပတ္တိ                 =   အပါယ်လေးပါးကိုဆိုလိုပါသည်။
ဥပဓိဝိပတ္တိ                =   ရုပ်ဆိုးခြင်းကိုဆိုလိုပါသည်။
ကာလ၀ိပတ္တိ             =   မကောင်းသော မင်းအုပ်ချုပ်၍ မကောင်းသောလူများ နေ
                                        ထိုင်သောကာလကိုဆိုလိုပါသည်။
ပယောဂ၀ိပတ္တိ         =   မကောင်းသောအားထုတ်မှုကိုဆိုလိုပါသည်။
၁။ ဂတိသမ္ပတ္တိနှင့် အကုသိုလ်ကံ
   အချို့သောသူတို့သည် မကောင်းမှုအကုသိုလ်ကံ အများအပြားရှိသော်လည်း ထို
အကုသိုလ်ကံသည် အကျိုးမပေးဘဲ ကုသိုလ်ကံ အကျိုးပေးသောကြာင့် နတ်ချမ်းသာ
လူချမ်းသာ ဖြစ်ကြရလေသည်။     ထိုလူချမ်းသာ နတ်ချမ်းသာ ဘ၀တွင်လည်း အကု
သိုလ်သည် အကျိုးပေးခွင့် မကြုံပေ။    ထိုအကုသိုလ်ကံတို့သည် ပြည့်စုံသော ဂတိ၏ တားမြစ်မှုကြောင့်   အကျိုးပေးလှည့်   မကြုံတော့လို့   မြတ်စွာဘုရားက သိတော်မြင်
တော်မှုလေသည်။
၂။ ဥပဓိသမ္ပတ္တိနှင့် အကုသိုလ်ကံ
      အချို့သောသူတို့သည် မကောင်းမှုအကုသိုလ်ကံ အများအပြားရှိသော်လည်း ထို
အကုသိုလ်ကံသည် အကျိုးမပေးဘဲကုသိုလ်ကံ အကျိုးပေးသောကြာင့် ရုပ်ဆင်းအင်္ဂါ
ကြန်အင်လက္ခဏာနှင့်ပြည်စုံနေပါသည်။  လှပချောမောပြီးရှုချင်စဖွယ်တင့်တယ်နေ
သည်။  ကျွန်မ၏ ၀မ်းကမွေးလာသောကျွန်ပင်ဖြစ်သော်ငြားလည်းလှပသည့်အဆင်း
ကြောင့် ညစ်ပတ်ပေရေသော     အလုပ်များကိုမခိုင်းဘဲ သိမ်မွေ့သောအ၀တ်များကို ၀တ်စေပြီး ကောင်းမွန်သောအလုပ်များကိုသာ ခိုင်းပါသည်။      ထိုအကုသိုလ်ကံတို့
သည်ပြည့်စုံသော ရုပ်ဆင်း၊လှပသောရုပ်ဆင်း၏ တားမြစ်မှုကြောင့်အကျိုးပေးလှည့်
မကြုံတော့လို့   မြတ်စွာဘုရားက သိတော်မြင်တော်မှုလေသည်။
ရုပ်လှ၍ချမ်းသာရသူအကြောင်း
 သီဟိုဠ်ကျွန်းတွင် ဘာတိကမင်း အုပ်စိုးစဉ် နွားသားမစားရဟု အမိန့်ထုတ်ထားလေ
သည်။      နွားသားခိုးစားသူ အမြောက်အမြားကို မင်းချင်းတို့ကဖမ်းဆီးပြီး မင်းထံသို့
အပ်လေသည်။   မင်းက ထိုသူတို့အား နန်းတော်ဝန်းကျင်တွင် အမှိုက်လှဲသန့်ရှင်း ရ
မည်ဟု ဒဏ်ပေးလိုက်လေသည်။      ထိုနွားသားစားသူများထဲမှ တစ်စုံတစ်ယောက်
သောသူ၏သမီးသည်  လွန်စွာတင့်တယ်လှပသော အဆင်းနှင့်ပြည့်စုံသူ ဖြစ်သည်။
ထိုအမျိုးသမီးကို   မင်းကတွေ့သောအခါ  ခေါ်ဆောင်ပြီး  နန်းတွင်း၌ အကျွမ်းဝင်သူ
တွေရဲ့ အရာမှာထားကာ  “သာမဒေ၀ီ”  လို့အမည်ပေးလိုက်ပါသည်။   ကျန်သော “သာမဒေ၀ီ” ၏ အပေါင်းဖေါ်တို့သည်လည်း သူ့ကိုမှီ၍ ကောင်းမွန်စွာအသက်မွေး
ကြရပါသည်။    ရုပ်ဆင်းရူပါလှပမှုက တားမြစ်သည့် အတွက်ကြောင့် အကုသိုလ်ကံ
တွေက အကျိုးမပေးနိုင်ကြပါ။
၃။ ကာလသမ္ပတ္တိနှင့် အကုသိုလ်ကံ
      အချို့သောသူတို့သည်  မကောင်းမှုအကုသိုလ်ကံ   အများအပြားရှိသော်လည်း ထိုအကုသိုလ်ကံသည် အကျိုးမပေးဘဲ ကုသိုလ်ကံ အကျိုးပေးသောကြာင့်  စကြာဝ
တေးမင်းအုပ်စိုးသောကာလ ၊ ဘုရားရှင်ပွင့်တော်မူသောကာလ၊ ကောင်းသောမင်း
တို့ အုပ်စိုးသော ကာလမှာ ဖြစ်ကြရပါသည်။     ထိုပြည်စုံသောကာလ၏ တားမြစ်မှု
ကြောင့် အကုသိုလ်ကံ များအကျိုးပေးခွင့်မရတော့ဘဲ ကုသိုလ်ကံများသာ    အကျိုး
ပေးတတ်ပုံကို မြတ်စွာဘုရားက သိတော်မြင်တော်မှုလေသည်။
 ၄။ ပယောဂသမ္ပတ္တိ နှင့် အကုသိုလ်ကံ
       အချို့သောသူတို့သည်  မကောင်းမှုအကုသိုလ်ကံ   အများအပြားရှိသော်လည်း ထိုအကုသိုလ်ကံသည် အကျိုးမပေးဘဲ ကုသိုလ်ကံ အကျိုးပေးသောကြာင့် ပါဏာတိ
ပါတ (သူ့အသက်သတ်ခြင်း) စသည်တို့ကို ရှောင်ကြဉ်ပါသည်။ ကောင်းသော ကိုယ်
စရိုက်၊ ကောင်းသော နှုတ်စရိုက်၊ ကောင်းသော စိတ်ထား   များနှင့်ပြည့်နေပါသည်။ ထိုပြည့်စုံသော အားထုတ်မှု၏ တားမြစ်မှုကြောင့် အကုသိုလ်ကံ များအကျိုးပေးခွင့်မ
ရတော့ဘဲကုသိုလ်ကံများသာ  အကျိုးပေးတတ်ပုံကို မြတ်စွာဘုရားက  သိတော်မြင်
တော်မှုလေသည်။
၅။ ဂတိဝိပတ္တိ နှင့် အကုသိုလ်ကံ
      အချို့သောသူတို့သည် မကောင်းမှုအကုသိုလ်ကံ  အများအပြားရှိသောကြောင့် ထိုအကုသိုလ်ကံသည် အကျိုးပေးပြီး ကုသိုလ်ကံ အကျိုးမပေးတော့ဘဲ အပါယ်လေး
ဘုံမှာထပ်ကာထပ်ကာ ဖြစ်နေရပါသည်။ မကောင်းမှု အကုသိုလ်ကံများအလှည့်ကျ၊
အလှည့်ကျ မကောင်းကျိုးကိုပေးကြပါသည်။   တစ်ခါတစ်ရံ တိရိစ္ဆာန်တွင်ဖြစ်လိုက်၊ တစ်ခါတစ်ရံ ပြိတ္တာဖြစ်လိုက်၊ တစ်ခါတစ်ရံ  အသူရာတွင်ဖြစ်လိုက်နှင့် အချိန်ကာလ ကြာရှည်စွာ အပါယ်က ခေါင်းမထောင်တော့ပါဘူး၊  ထိုပြည့်စုံသော အကုသိုလ်ဂတိ
တားမြစ်မှုကြောင့် ကုသိုလ်ကံ များအကျိုးပေးခွင့်မရတော့ဘဲ အကုသိုလ်ကံများသာ အကျိုးပေးတတ်ပုံကို မြတ်စွာဘုရားက သိတော်မြင်တော်မှုလေသည်။
၆။ ဥပဓိဝိပတ္တိနှင့် အကုသိုလ်ကံ
     အချို့သောသူတို့သည် မကောင်းမှုအကုသိုလ်ကံ   အများအပြားရှိသောကြောင့် ထိုအကုသိုလ်ကံသည် အကျိုးပေးပြီးကုသိုလ်ကံတို့ အကျိုးမပေးကြပါ။   ထိုသူတို့၏ ရုပ်ရေရူပကာကြန်အင်လက္ခဏာ လှပချောမောခြင်းမရှိကြပါ။ ရုပ်ဆိုးအကျည်းတန်
နေကြပါသည်။ စက်ဆုပ်ဖွယ်ရာ အဆင်းရှိပြီး မြေဖုတ်တစ္ဆေနှင့်သာ တူနေပါသည်။
လူတို့က ထိုသူတို့ကို အနိမ့်ကြဆုံး နှင့် အယုတ်ညံ့ဆုံးအလုပ်သာ ခိုင်းတတ်ပါသည်။
ထိုပြည့်စုံသော အကုသိုလ် အရုပ်ဆိုး အကျည်းတန်ခြင်းကတားမြစ်မှုကြောင့်     ကု
သိုလ်ကံများအကျိုးပေးခွင့်မရတော့ဘဲ အကုသိုလ်ကံများသာ အကျိုးပေးတတ်ပုံကို
မြတ်စွာဘုရားက သိတော်မြင်တော်မှုလေသည်။
၇။ ကာလ၀ိပတ္တိနှင့် အကုသိုလ်ကံ
      အချို့သောသူတို့သည်  မကောင်းမှုအကုသိုလ်ကံ  အများအပြားရှိသောကြောင့် ထိုအကုသိုလ်ကံသည် အကျိုးပေးပြီး ကုသိုလ်ကံတို့ အကျိုးမပေးကြပါ။       ထိုသူတို့
သည် မကောင်းသောမင်း မကောင်းသော လူတို့၏   ခေတ်ကာလတွင်ကြရောက် ရ
သည်။ အသက် ၁၀ နှစ်တန်းကာလ မှာလည်းဖြစ်ရသည်။ ထိုကာလတွင် ၅ မျိုးသော
နွားနို့အရသာများလည်း ပြတ်လတ်ကုန်လေသည်။   လူးထမင်းသည် အကောင်းဆုံး
သော အစားအစာ ဖြစ်နေပါတော့သည်။    ထိုပြည့်စုံသော အကုသိုလ် ခေတ်ကာလ
ဆိုး၏ တားမြစ်မှုကြောင့်  ကုသိုလ်ကံ  များအကျိုးပေးခွင့်မရတော့ဘဲ  အကုသိုလ်ကံ
များသာ အကျိုးပေးတတ်ပုံကို မြတ်စွာဘုရားက သိတော်မြင်တော်မှုလေသည်။
၈။ ပယောဂ၀ိပတ္တိနှင့် အကုသိုလ်ကံ
      အချို့သောသူတို့သည် မကောင်းမှုအကုသိုလ်ကံ   အများအပြားရှိသောကြောင့် ထိုအကုသိုလ်ကံသည် အကျိုးပေးပြီး ကုသိုလ်ကံတို့ အကျိုးမပေးကြပါ။      ထိုသူတို့
သည် မကောင်းသော  အားထုတ်မှုဖြစ်သော  သူ့အသက်သတ်ခြင်း  သူ့ဥစ္စာ ခိုးခြင်း
စသည်ဖြင့် မကောင်းသော အကုသိုလ်ကံကို ကျူးလွန်ကြပြီး  ဖမ်းဆီးနှိပ်စက် သတ်
ဖြတ်ခံကြရပါသည်။       ထိုပြည့်စုံသော မကောင်းသော အားထုတ်မှု အကုသိုလ်ကံ
တားမြစ်မှုကြောင့် ကုသိုလ်ကံ များအကျိုးပေးခွင့်မရတော့ဘဲ အကုသိုလ်ကံများသာ အကျိုးပေးတတ်ပုံကို မြတ်စွာဘုရားက သိတော်မြင်တော်မှုလေသည်။ 
ရှင်မဟာရဌသာရ ၏ “နှမလက်လျှော့ နေလေတော့” ( ပျို့ ) ဖြစ်ပေါ်လာပုံ နှင့် အထ္ထုပတ္တိ
   ရှင်မဟာရဌသာရကို မြန်မာနှစ် (၈၃၀) ပြည့်နှစ် (ခရစ်နှစ် ၁၄၆၈) တွင် အင်းဝမြို့၌
မွေးဖွားခဲ့သည်။
ငယ်အမည်မှာ မောင်မောက်ဖြစ်သည်။ မင်းဆွေမင်းမျိုးဖြစ်၍ နန်းတွင်းတွင် ကြီးပြင်း
ခဲ့သည်။
ဝရစက္ကပါလမထေရ်နှင့် သီဟိုဠ်ရောက် ဆရာတော်ကြီးတို့ထံတွင် နက္ခတ်၊ ဗေဒင်၊ ဆန်း၊
အလင်္ကာ၊ ပျို့
ကဗျာ နှင့် ပါဠိသက္ကတ စသည်တို့ကိုသင်အံလေ့လာခဲ့သည်။
၁၂ နှစ်သားအရွယ်ကပင် ကဗျာရေးဖွဲ့ခဲ့သည်။ ဘူရိဒတ်လင်္ကာကို ၁၆ နှစ်သားကရေးဖွဲ့ခဲ့
သည်။
ရှင်မဟာရဌသာရသည် အင်းဝခေတ် ပျို့ကဗျာလောကကို ဦးဆောင်ပျိုးထောင်ခဲ့သူ
တစ်ဦးဖြစ်သည်။
ဘူရိဒတ်ဇတ်ပေါင်းပျို့၊ ကိုးခန်ပျို့၊ ဂမ္ဘီသရပျို့၊ သံဝရပျို့ စသည် တို့
သည် ရှင်မဟာရဌသာရ၏ လက်ရာ
များဖြစ်သည်။
တံတားဦးတည်မော်ကွန်း ၊ပုံတောင်နိုင်မော်ကွန်း၊ ရွှေစက်တော်သွားတော်လားနှင့် ဆုံးမ
စာများ၊ ရတုများ
ကိုလည်းရေးဖွဲ့ခဲ့သည်။
နောက်ဆုံးရေးခဲ့သောပျို့မှာ သံဝရပျို့ဖြစ်သည်။ မြန်မာနှစ် ၈၉၂ ခန့်(ခရစ်နှစ် ၁၅၃၀ ခန့်) သက်တော် ( ၆၂ ) နှစ်တွင် ပျံလွန်တော်မူသည်။
      အင်းဝခေတ် ပညာသင်ကြားပုံမှာ အသက် (၇)နှစ် (၈)နှစ် အရွယ်တွင် ကိုရင်ဝတ်၍ ပညာ
များကို
သင်ကြားရသည်။
ထို့နောက် ရဟန်ခံပြီးသည့်တိုင် ပညာများကို ဆက်လက်ဆည်းပူးရသည်။ ပညာစုံသောအခါ လူဝတ်လဲ ကြသည်။
အိုးအိမ်ထူထောင်ကြသည်။ ထို့ကြောင့် ကိုရင်ဘ၀မှာပင် ရည်းစားထားသည့်အလေ့အထရှိ
သည်။
ပညာ ပြည့်စုံ၍ လူဝတ်လဲသည့် အခါ မိမိရည်းစားနှင့် အိမ်ထောင်ပြုကြသည်။
ရှင်မဟာရဌသာရသည်လည်း ကိုရင်ဘ၀မှာပင် ရည်းစားရှိပြီး ပညာပြည့်စုံသောအခါတစ်အိုး
တစ်အိမ်
ထူထောင်ရန် ရည်ရွယ်ထားခဲ့သည်။ ရှင်မဟာရဌသာရ၏ ဆရာက လောကီတွင်
နေထိုင်ခြင်းထက် လောကုတ္တရာတွင်နေထိုင်ခြင်းက ပို၍
ကောင်းကြောင်းကို ဆုံးမသွန်သင်ခဲ့
သည်။ ရှင်မဟာရဌသာရသည် စာတော်သူတစ်ဦးလည်းဖြစ်သည်။ လောကုတ္တရာတွင်နေထိုင်
ပါက ပို၍အကျိုးရှိပြီး၊ သာသနာတော်အကျိုး သယ်ပိုးရာတွင်လည်း
ပိုကောင်းမည် ဖြစ်
ကြောင်းကို အကျိုးအကြောင်းပြပြီး ဆုံးမခဲ့သည်။
 ထိုအခါရှင်မဟာရဌသာရသည် ဆရာဆုံးမစကားကိုနားထောင်ကာ၊ သာသနာ့အကျိုးသယ်
ပိုးပြီး ရဟန်းအဖြစ်နှင့်ပင် နေထိုင်တော့မည်ဖြစ်ကြောင်း၊ မိမိကိုမမျှော်လင့်တော့ဘဲ လက်
လျှော့ လိုက်ရန်
ချစ်သူအား အောက်ပါ “နှမလက်လျှော့နေလေတော့” ပျို့ကိုရေးသားလိုက်
ပါတော့သည်။
(  နှမလက်လျှော့ နေလေတော့ )
၁။ ပုရေနိသင်၊ ဆက်တိုင်းကြင်၍၊ အိမ်ရှင်အစစ်၊ ငယ်ကျွမ်းချစ်နှင့်၊ ထပ်ရစ်လက်သင်၊
     ထုံးစတွင်၌၊
သွေးငင်ကြမ္မာ၊ ၀ါသနာကြောင့်၊ ဆရာမိဘ၊ ကွပ်ဆုံးမလည်း၊ ချစ်စထုံး
     နှောင်၊ ပျော်ရအောင်ဟု၊
သန်းခေါင်မဟူ၊ အတူယှဉ်တွဲ၊ သန်လွှဲမခန့်၊ ကိုယ်သက်စွန့်၍၊
     ဝေးဓွန့်ခရီး၊ ချုံကြီးတောစုံ၊ ၀ါးရုံ
ဝါးထွေး၊ သစ်ကျားဘေးကို၊ မတွေးဆံဖျား၊ မလေး
     စားတည့်၊ တရားသံဝေ၊ အောက်မေ့ချေသော်၊
ကြေးငွေဂဟေ၊  မစပ်လေသို့၊ စာပေ
     တတ်ပွန်၊ သီလက္ခန်နှင့်၊ ကျမ်ဂန်သိမြောက်၊ ပဉ္စင်းရောက်က၊
ထပ်လောက်ကျင့်ဖွယ်၊
     အဘယ်ကြိုးစားရှာ လေတော့မည်။
၂။ လူ့မြေထိတွင်၊ ဘက်မမြင်သား၊ သန့်စင်ငယ်က၊ လက်တော်လှနှင့်၊ ချိန်းချစေ့ရေး၊
     မှာစာခွေကို၊
စသေလိပ်ပြီး၊ ခင်းနှီးကွက်ကျယ်၊ ပြောင်မျိုးခြယ်၍၊ ဆင်စွယ်ဝန်းယှက်၊
     မွေးမက်ရက်သည်၊
အသက်တို့က၊ဆက်လှာရလည်း၊ မူလသိက္ခာ၊ ဆုံးမစာနှင့်၊ ငါးဖြာ
   အပ်တိတသွား၊ ဆံတဖျားမျှ၊ မမှားအာရုံ၊ ကာမဘုံကို၊
     မမြုံရချေ၊ သေငယ်သေစွ၊ ကမ္ပလွေရင်ပိုက်၊
တကိုက်လည်းကျွတ်၊ စာလက်လွတ်၍၊
     ဖြစ်တတ်ဘိသည်၊ သင်္သာရှည်ခဲ့၊ ဖန်လည်ရဟတ်၊ တပတ်
ပတ်လျှင်၊ အနတ္တဒုက္ခ၊ အနိစ္စ
     လည်း၊ နှလုံးပူစွ၊ ပေးလှူ စွန့်ကြ၊ သည်ဘ၀တွင်၊ နှမလက်လျှော့၊  နေ
လေတော့ဟု၊
     ချစ်ပေါ့မကြုံ၊ ညှိုးငယ်ပုံစွ၊ ရှက်ဟုံကြေးကြုပ်၊ ချမင်းတုပ်သို့၊ စိတ်ချုပ်မဖွင့်၊ ပျံလွင်
     မေတ္တာ၊ ကရုဏာနှင့်၊ တဏှာလောဘ၊ ဒေါသမြှေးထူ၊ရမ္မက်မြူကို၊ ဘယ်သူနှိုးရှာလေ
     တော့မည်။
၃။ ဆုဝေဘိချင်၊ ငယ်ကျွမ်းဝင်နှင့်၊ သို့ပင်တာရှည်၊ ပျော်ရမည်ဟု၊ ညောင်စည်သများ၊
     မြို့ရှေ့ပါးဝယ်၊
ထင်ရှားကျော်ဟိုး၊ ရုက္ခစိုး၌၊ ပုဆိုးကြာညွန့်၊ ပိတ်လျှပ်တွန့်ကို၊ ဖြန့်၍တံ့     ငယ်မည်မြွက်ဟ၊ နှုတ်သံမြနှင့်၊ ခက်မတစ်ထောင်၊ ပညောင်စောင့်တတ်၊ ရှင်နတ်မြတ်ကို၊
     တိုင်မှတ်
သက်သေ၊ ပြုမိပေရှင့်၊ မကွေသစ္စာ၊ ၀ါသနာကြောင့်၊ ရုပ်ဝါပျိုရွယ်၊သနးဖွယ်ဘိ၊
     ရှေးနှယ်ကြိုးကုပ်၊
ချမင်းတုပ်နှင့်၊ ခွက်မြှပ်ခါညီ၊ နာရီမောင်းချ၊ ဒေသနမိတ်၊ သက်ကြီး
     ဆိတ်လည်း၊ မမှိတ်မျက်တောင်၊
သည်းခေါင်ဆူလည်၊ ရှိလိမ့်မည်ဟု၊ လွမ်းသည်ထပ်ဆင့်၊
     ဖူးချိန်သင့်ကို၊ မျှော်လင့်ခိုးရှာ လေတော့
သည်။
မိတ်ဆွေတု မိတ်ဆွေစစ် ခွဲခြားခြင်း
( မိတ်ဆွေတုများ၏ သဘောသဘာဝ )
၁။  မိတ်ဆွေကိုတွေ့လျှင် ပြုံးရွှင်မှုမပြုသူ၊
၂။  မိတ်ဆွေ၏စကားကို မနှစ်သက်သူ၊
၃။  ကိုယ့်အကျိုးကိုသာကြည့်ပြီး မိတ်ဆွေ၏အကျိုးကိုပြန်မကြည့်သူ။
၎။  မိတ်ဆွေကိုဆန့်ကျင်ဘက်ပြုတတ်သူ၊
၅။ မိတ်ဆွေ၏ ရန်သူများနှင့်ပေါင်းသင်းသူ၊
၆။  မိတ်ဆွေ၏ ကောင်းသောမိတ်ဆွေများနှင့်မပေါင်းသင်းသူ၊
၇။  မိတ်ဆွေ၏ ဂုဏ်ကျေးဇူး ပြောသူအားတားမြစ်သူ၊
၈။  မိတ်ဆွေအား ဆဲရေးသူကို ချီးကျူးသူ၊
၉။  မိတ်ဆွေအား မိမိလျှိုဝှက်ချက်ကို မပြောပြသူ၊
၁၀။ မိတ်ဆွေ၏ လျှိုဝှက်ချက်ကို ပြောပြသူ၊
၁၁။ မိတ်ဆွေ၏ အလုပ်ကို မချီးမွမ်းသူ၊
၁၂။ မိတ်ဆွေ၏ ပညာကို မချီးမွမ်းသူ၊
၁၃။ မိတ်ဆွေ၏ မကြီးပွားခြင်းကို နှစ်သက်သူ၊
၁၄။ မိတ်ဆွေ၏ ကြီးပွားခြင်းကို မနှစ်သက်သူ၊
၁၅။ ကောင်းမြတ်သော အစားအစာ ရှိလျှင် မိတ်ဆွေအားသတိမရသူ၊
၁၆။ မကောင်းမြတ်သော အစားအစာ ရှိလျှင် မိတ်ဆွေအားသတိရသူ။
( မိတ်ဆွေစစ်၏များ၏သဘောသဘာဝ )
၁။ အရပ်တစ်ပါးသို့သွားနေသော မိတ်ဆွေအားသတိရတတ်သူ၊
၂။ မိတ်ဆွေရောက်လာလျှင်နှစ်သက်တတ်သူ၊
၃။  မိတ်ဆွေကို အလိုရှိသူ ချစ်ခင်မြတ်နှိုးသူ၊
၎။  မိတ်ဆွေအား စကားဖြင့်နှစ်သက်တတ်သူ၊
၅။ မိတ်ဆွေ၏ မိတ်ဆွေများကိုသာ ပေါင်းသင်းတတ်သူ၊
၆။  မိတ်ဆွေ၏ ရန်သူများနှင့် မပေါင်းသင်းသူ၊
၇။  မိတ်ဆွေအား ဆဲဆိုသူကို တားမြစ်တတ်သူ၊
၈။  မိတ်ဆွေ၏ ဂုဏ်ကျေးဇူး ပြောသူများအား ချီးမွမ်းတတ်သူ၊
၉။  မိတ်ဆွေအား မိမိလျှို့ဝှက်ချက်ကိုပြောကြားသူ၊
၁၀။ မိတ်ဆွေ၏ လျှို့ဝှက်ချက်ကို လျှို့ဝှက်ထားတတ်သူ၊
၁၁။ မိတ်ဆွေ၏ အလုပ်ကို ချီးမွမ်းသူ၊
၁၂။  မိတ်ဆွေ၏ ဥာဏ်ပညာကို ချီးမွမ်းသူ၊
၁၃။ မိတ်ဆွေ၏ ကြီးပွားခြင်းကို နှစ်သက်သူ၊
၁၄။ မိတ်ဆွေ၏ မကြီးပွားခြင်းကို မနှစ်သက်သူ၊
၁၅။ ကောင်းမြတ်သော အစားအစာ ရှိလျှင် မိတ်ဆွေအားသတိရတတ်သူ၊
၁၆။ မကောင်းမြတ်သော အစားအစာ ရှိလျှင် မိတ်ဆွေအားမပေးချင်သူ။
ငရဲကြီးရှစ်ထပ်အကြောင်း
ငရဲတွင် ငရဲကြီးနှင့် ငရဲငယ်ဟူ၍ ၂ မျိုးရှိပါသည်။ ငရဲကြီး ရှစ်ထပ်ရှိပါသည်။ လည်းကောင်းတို့မှာ အောက်ပါအတိုင်းဖြစ်ပါသည်။
(၁) သိဉ္ဇိုင်းငရဲ
(၂) ကာဠသုတ်ငရဲ
(၃) သံဃာတငရဲ
(၄) ဇာလရောရုဝငရဲ
(၅) ဓုမရောရုဝငရဲ
(၆) တာပနငရဲ
(၇) ပတာပနငရဲ
(၈) အ၀ီစိငရဲ တို့ဖြစ်ပါသည်။
မည်သည့်အကုသိုလ်ကိုပြုလုပ်လျှင် မည်သည့်ငရဲသို့ကျရသည်ဟူ၍ တိတိကျကျမ
ရှိပါ။      သို့သော်အကုသိုလ် ဒုစရိုက်ကို ပြုလုပ်မိလျှင်တော့ ဧကန်အမှန် ငရဲသို့ကျ
ရောက်ရပေမည်။
 (၁) သိဉ္ဇိုင်းငရဲ
        သိဉ္ဖိုင်းဆိုသည်မှာ သံ + ဇီဝ မှဆင်းသက်လာသော ပါဠိပျက်စကား ဖြစ်သည်။
သံ = တဖန်၊ ဇိဝ = အသက်ရှင်ခြင်း လို့အဓိပ္ပါယ်ရပါသည်။     သိဉ္ဖိုင်းငရဲ ဆိုသည်မှာ
တဖန်အသက်ရှင်၍ ထပ်ကာထပ်ကာ ဖြစ်ခြင်းလို့ ဆိုလိုတာဖြစ်ပါသသည်။
    သိဉ္ဖိုင်းငရဲဘုံမှ ငရဲသူ၊ ငရဲသားတို့ကို ငရဲထိန်းများက အလျှံပြောင်ပြောင်တောက်
နေသော ငရဲလက်နက်များဖြင့် သေအောင် ညှင်းဆဲသတ်ဖြတ်  ထိုးခုတ်ကြပါသည်။
အသတ်ခံရသော ငရဲသားများသည် အကုသိုလ်ကံ မကုန်မခြင်း    သိဉ္ဖိုင်းငရဲဘုံတွင် ထပ်ကာထပ်ကာ ဖြစ်ရပြီး ညှင်းဆဲနှိပ်စက်ခံရပါသည်။
      သိဉ္ဖိုင်းငရဲဘုံသက်တန်းသည် အနှစ် ငါးရာ ကြာပါသည်။ လူတို့၏ သက်တန်းနှင့်
ပြောရလျှင် လူ့အသက် အနှစ်ကိုးသန်းသည်  သိဉ္ဖိုင်းငရဲဘုံတွင် တစ်ရက်မျှသာဖြစ်
သည်။
(၂) ကာဠသုတ်ငရဲ
       ကာဠသုတ်ဆိုသည်မှာ  ကာဠသုတ္တ မှဆင်းသက်လာသော ပါဠိပျက်စကား ဖြစ်
သည်။ ကာဠ = မည်းနက်သော၊ သုတ္တ = ကြိုး လို့အဓိပ္ပါယ်ရပါသည်။  ကာဠသုတ်ငရဲ
ဆိုသည်မှာ မည်းနက်သောကြိုး လို့ ဆိုလိုတာဖြစ်ပါသသည်။
       ကာလသုတ်ငရဲဘုံမှ ငရဲသူ၊ ငရဲသားတို့ကို ငရဲထိန်းများက သစ်တုံးများကို မျဉ်း
ကြိုးချပြီး လိုသလိုပုံရအောင် ခုတ်ဖြတ်ကြသလို  မေ့လဲနေသော  ငရဲကောင်များကို
ပက်လက်တချို့၊ မှောက်ခုံတချို့၊ ဒေါင်လိုက်တချို့ လိုသလိုထားပြီး  မျဉ်းကြိုးချကာ ခုတ်ဖြတ်ကြပါသည်။ သေပြီးနောက်ထိုဘုံတွင် ပြန်ဖြစ်ကြပြီး အကုသိုလ်ကံ   မကုန်
မခြင်း ခံရပါသည်။
        ကာဠသုတ်ငရဲဘုံသက်တန်းသည် အနှစ် တစ်ထောင် ကြာပါသည်။    လူတို့၏ သက်တန်းနှင့်ပြောရလျှင် လူ့အသက် ၃ ကုဋေ ၆ သန်းသည်ကာဠသုတ် ငရဲဘုံတွင်
တစ်ရက်မျှသာဖြစ်သည်။
(၃) သံဃာတငရဲ
      သံဃာတငရဲ ဆိုသည်မှာ သံတောင်ကြိတ် ငရဲဟုခေါ်ပါသည်။ ၉ ယူဇနာလောက်
ရှိသော သံမြေပြင်တွင် ငရဲမီးလျှံများ လွန်စွာတောက်လောင်နေပါသည်။     ထို ငရဲမီး
တောက်လောင်နေသော  သံမြေပြင်ပေါ်တွင်  ခါးလောက်နက်သော တွင်းများတူးပြီး
ငရဲသားများကို ငရဲထိန်းများက မလှုပ်နိုင်အောင် ထည့်မြှပ်လေသည်။
ထို့နောက် အလျှံပြောင်ပြောင်တောက်နေသော သံတောင်ကြီးသည်      တဂျိမ်းဂျိမ်း
မြည်ကာ ယခုခေတ်  လမ်းကြိတ်စက်ကြီးများကဲ့သို့  တွင်းထဲတွင်မလှုပ်နိုင်သော ငရဲ
သားများကို အပိုင်းပိုင်း အပြတ်ပြတ်ဖြစ်အောင် ဘယ်ပြန်ညာပြန် ကြိတ်လေသည်။
     ငရဲသားတို့သည် အကုသိုလ်ကံ မကုန်မချင်း ထိုကဲ့သို့ အကြိတ်ခံရလေသည်။
သံဃာတငရဲ ဘုံ၏ သက်တမ်းသည် အနှစ် နှစ်ထောင်ဖြစ်သည်။ လူတို့၏ သက်တန်း
နှင့် ပြောရလျှင် လူ့အသက် (၁၄) ကုဋေ ၄ သန်းသည် သံဃာတငရဲဘုံတွင်တစ်ရက်
မျှသာဖြစ်သည်။
(၄) ဇာလရောရုဝငရ
         ဇာလ = မီးလျှံ၊ ရောရုဝ = ကြီးမားသောအသံ။     ဇာလရောရုဝ ငရဲဆိုသည်မှာ
ငရဲမီးလျှံ နှိပ်စက်သောကြောင့် ငရဲသူ၊ ငရဲသားများ အော်ဟစ်ငိုယိုသောအသံများနှင့်
ပြည့်နှက်နေသော ငရဲဟုခေါ်ပါသည်။ ဇာလရောရုဝငရဲဘုံတစ်ခုလုံး ပြုတ်ထွက်သွား
မတတ် ငရဲမီးလျှံများသည် တဟုန်းဟုန်းနှင့် လောင်ကျွှမ်းနေသည်။        ထိုမီးလျှံများ
သည်  ဇာလရောရုဝငရဲသူ ငရဲသားများ၏   မျက်စိပေါက်၊ နားပေါက်        စသည်ဖြင့်
အပေါက်မှန်သမျှ တစ်ရစပ်တိုးဝင်ကြပါသည်။      ငရဲသူ ငရဲသားများသည် ပူလွန်း၍
ငယ်သံပါအောင် အော်ဟစ်ငိုယိုနေကြသည်။ ထိုအော်ဟစ်ငိုယိုသံသည် မခံမရပ်နိုင်
အောင်ကျယ်လောင်လွန်းလှပါသည်။  မည်သို့ပင်အော်ဟစ်သော်လည်း ငရဲသူ ငရဲ
သားတို့သသည် အကုသိုလ်ကံ မကုန်မခြင်း ထိုဘုံတွင် ခံကြရပါသည်။
       ဇာလရောရုဝငရဲ ဘုံ၏ သက်တမ်းသည် အနှစ် လေးထောင်ဖြစ်သည်။ လူတို့၏ သက်တန်းနှင့်ပြောရလျှင် လူ့အသက် ( ၅၇ ) ကုဋေ ( ၆ ) သန်းသည်  ဇာလရောရုဝ
ငရဲဘုံတွင် တစ်ရက်မျှသာဖြစ်သည်။
 (၅) ဓုမရောရုဝငရဲ
         ဓုမ = မီးခိုး၊ ရောရုဝ = ကြီးမားသောအသံ။         ဇာလရောရုဝ ငရဲဆိုသည်မှာ
ငရဲမီးခိုး နှိပ်စက်သော ကြောင့် ငရဲသူ၊ ငရဲသားများ အော်ဟစ်ငိုယိုသောအသံများနှင့်
ပြည့်နှက်နေသော ငရဲဟုခေါ်ပါသည်။      ဓုမရောရုဝငရဲ ဘုံတစ်ခုလုံး ဖုံးလွှမ်းသွားရ
လောက်အောင် ငရဲမီးခိုး များသည် တလူလူထနေပါသည်။            ထိုမီးခိုး များသည်
ဓုမရောရုဝငရဲသူ  ငရဲသားများ၏  မျက်စိပေါက်၊ နားပေါက်  စသည်ဖြင့် အပေါက်မှန်
သမျှ တစ်ရစပ်တိုးဝင်ကြပါသည်။   ငရဲသူ ငရဲသားများသည် မီးခိုးမွှန်လွန်း၍ ကယ်ပါ
ယူပါတစာစာနှင့် ငယ်သံပါအောင် အော်ဟစ်ငိုယိုနေကြသည်။  ထိုအော်ဟစ်ငိုယိုသံ
သည် မခံမရပ်နိုင်အောင်ကျယ်လောင်လွန်းလှပါသည်။             မည်သို့ပင်အော်ဟစ်
သော်လည်းငရဲသူ ငရဲသားတို့သသည် အကုသိုလ်ကံ မကုန်မခြင်း ထိုဘုံတွင် ခံကြရ
ပါသည်။
      ဓုမရောရုဝငရဲဘုံ၏ သက်တမ်းသည် အနှစ် ရှစ်ထောင်ဖြစ်သည်။ လူတို့၏ သက်
တန်းနှင့်ပြောရလျှင် လူ့အသက် ၂၃၀ ကုဋေ ၄ သန်းသည်  ဓုမရောရုဝ   ငရဲဘုံတွင် တစ်ရက်မျှသာဖြစ်သည်။      ဓုမရောရုဝငရဲဘုံကို မဟာရောရုဝငရဲဘုံ ဟုလည်းခေါ်
သည်။
(၆) တာပနငရဲ
       တာပန ဆိုသည်မှာ ပူလောင်ခြင်းဟု အဓိပ္ပါယ်ရပါသည်။ တာပနငရဲဘုံ ရှိငရဲသူ၊ ငရဲသားတို့ကို  ငရဲထိန်းများသည် အလျှံတပြောင်နှင့်    နီရဲနေသာ ထန်းပင်လုံးမျှ ရှိ
သည့် သံတံစို့ပေါ်တွင် အတင်းအကြပ် ထိုင်ခိုင်းပြီး    တစ်ကိုယ်လုံးနီရဲလာအောင် မီး
ကင်သော ငရဲဖြစ်သည်။            ငရဲသူ၊ ငရဲသားတို့ သည်မချိမဆခံရပြီး သေဆုံးကာ
ထိုတာပနငရဲဘုံတွင် ပြန်ဖြစ်ကြပါသည်။  အကုသိုလ်မကုန်မချင်း ထိုဘုံတွင် ခံကြရ
ပါသည်။
        တာပန ငရဲဘုံ၏ သက်တမ်းသည် အနှစ် ၁သောင်း ၆ ထောင် ဖြစ်သည်။ လူတို့
၏ သက်တန်းနှင့်ပြောရလျှင် လူ့အသက် (၉၂၁) ကုဋေ ၆ သန်းသည်  တာပနငရဲဘုံ
တွင် တစ်ရက်မျှသာဖြစ်သည်။
(၇) ပတာပနငရဲ
       ပတာပနဆိုသည်မှာ အလွန်ပူလောင်ခြင်းလို့ အဓိပ္ပါယ်ရပါသည်။   ငရဲထိန်းများ
သည် ငရဲသူ၊ ငရဲသားတို့ကို အလျှံတပြောင်နှင့် ရဲရဲထွဋ်အောင်   တောက်ပနေသော
သံပူတောင်ပေါ်သို့ အတင်းအကြပ်တက်ခိုင်းလေသည်။       ငရဲသူ၊ ငရဲသားတို့သည် ကြောက်ကြောက်နှင့် တက်ကြရပါသည်။      အပူလောင်ခံပြီးတက်၍ တောင်ပေါ်သို့
ရောက်သောအခါ     အကုသိုလ်ကံကြောင့်   ဖြစ်ပေါ်လာသော    လေမှုန်တိုင်းသည်
အတင်းဒလကြမ်းတိုက်ခတ်သဖြင့် ငရဲသူ၊ ငရဲသားတို့သည်  တောင်ပေါ်မှလွင့်စင်ပြီး
တောင်အောက်ရှိ  သံချွန်များပေါ်သို့  ဂျွမ်းပျံ၊  စောင့်ထိုး  ကို့ယို့ကားယား နှင့်ကျလေ
သည်။      ငရဲသူ၊ ငရဲသားတို့သည် တံစို့ထိုးခံရသော ငါးများကဲ့သို့ ငရဲသံချွန်ဖျားတွင်
တစ်ကိုယ်လုံး မီးစွဲလောင်ပြီး နီရဲလာသည်အထိ တော်တော်ပြင်းပြင်းထန်ထန်ခံစားရ
လေသည်။ ထိုငရဲဘုံတွင် အကုသိုလ်ကံမကုန်မခြင်း ခံရလေသည်။
       ပတာပန ငရဲဘုံ၏ သက်တမ်းသည် အန္တရကပ် တစ်ဝက်ဖြစ်သည်။    အန္တရကပ်
အကြောင်းကို အနောက်တွင် ရှင်းပြထားသည်။
(၈) အ၀ီစိငရဲ
         အ၀ီစိ ဆိုသည်မှာ အ နှင့် ၀ီစိ ပေါင်းစပ်ထားသော ပါဠိစကားသက်သက်ဖြစ်
ပါသည်။  အ = မရှိ၊ ၀ီစိ = အကြားအလပ် ဖြစ်ပါသည်။ အ၀ီစိငရဲတွင် ငရဲသူ၊ငရဲသား၊
ငရဲမီးလျှံ ၊ ဆင်းရဲဒုက္ခ  ထိုသုံးမျိုးစလုံး  အကြားအလပ်မရှိ သောငရဲဟုလည်း  ခေါ်ပါ
သည်။ အ၀ီစိ ငရဲဘုံတွင် ငရဲသူ၊ ငရဲသား၊ တို့သည် ၀ါးကျည်တောက်ထဲတွင် ထဲ့ထား
သော မုံညှင်းစေ့၊ နှမ်းစေ့များကဲသို့ တစ်ဘုံလုံးပြည့်သိပ် ကြပ်ညှပ်နေပါသည်။ ငရဲမီး
လျှံများသည် တစ်ဘုံလုံးကို အကြားအလပ်မရှိ ဖုံးလွှမ်းထားပါသည်။ လွတ်သော နေ
ရာဟူ၍ပင်မရှိပါ။     ငရဲသူ၊ ငရဲသား တို့သည် ဆင်းရဲဒုက္ခကို ဆက်တိုက် တစ်ချက်မျှ
မနားဘဲ ခံစားနေရပါသည်။       သို့အတွက်ကြောင့် အ၀ီစိငရဲဟု ခေါ်ခြင်းဖြစ်သည်။
      အ၀ီစိငရဲ၏  အရပ်လေးမျက်နှာ၏ တစ်ခုစီတွင် (၁) မစင်ဘင်ပုပ်ငရဲငယ်    (၂) ပြာပူငရဲငယ် (၃) လက်ပံတောငရဲငယ် (၄) သံလျက်ရွက် တော ငရဲငယ်     (၅) ကြိမ်
ပိုက်ချောင်းငရဲငယ် ဟူ၍ အခြံအရံ ငရဲငယ် ငါး ခု စုစုပေါင်း ငရဲငယ် ၂၀ ရှိပါသည်။
     ထိုအ၀ီစိ ငရဲသူ၊ ငရဲသားတို့သည် တစ်ခါတစ်ရံ တံခါးပေါက်များ ပွင့်နေသည်ကို တွေ့သည့် အခါ တံခါးပေါက်ဆီသို့ ခဲခဲယဉ်ယဉ်း ပြေးသွားကြသည်။  အနားရောက်
သောအခါ တံခါးပေါက်များ ပိတ်သွားတာရှိသလို တံခါးပေါက်ကထွက်သွားပြန်လျှင်
လည်း ငရဲငယ် လေးခုနှင့် ဆုံကြရပြန်သည်။ ဆင်းရဲဒုက္ခမှမလွတ်သေးပေ။
        အပြင်ထွက်လာသောငရဲသူ၊ ငရဲသား တို့သည် ပထမဆုံး မစင်ဘင်ပုပ်ငရဲငယ်
ထဲသို့ကျရောက်လေသည်။ ထိုမစင်ဘင်ပုပ်ငရဲငယ်တွင် ဆင်ခေါင်းလောက်ရှိသော
ပိုးလောက်တို့သည် အပ်ဖျားကဲသို့  ချွန်ထက်နေသော  နှုတ်သီးများဖြင့် ကိုက်ခဲလေ
သည်။
        မစင်ဘင်ပုပ်ငရဲမှ လွတ်လျင် ပြာပူငရဲသို့ ရောက်လေသည်။
ငရဲပြာပူများအောက်တွင်အိမ်လောက်၊ ကျောင်းလောက်ကြီးသော ငရဲမီးခဲကြီးများ
ရှိသောကြောင့်ငရဲသူ၊ငရဲသားတို့သည် ပြင်းထန်သော အပူလောင်မှုဒဏ်ကို ခံစားရ
လေသည်။
       ပြာပူငရဲမှ လွတ်ပြန်လျင် လက်ပံတော ငရဲသို့ရောက်ရပြန်သည်။ ငရဲမီးလျံများ အလျံတပြောင်ပြောင်တောက်နေသော လက်ပံပင်များတွင် အရှည် ၆ လက်မခန့်ရှိ
သော ဆူးများရှိသည်။    ငရဲထိန်းများသည် ငရဲသူ၊ငရဲသားတို့ကို ငရဲလက်နက်များ
ကိုင်ဆောင်၍လိုက်သောအခါ ထိုလက်ပံပင်သို့ပြေးတက်ကြလေသည်။ လက်ပံပင်
ရှိဆူးများသည် ငရဲသူ၊ငရဲသားများတက်သည့်အခါ အောက်ဖက်သို့ငိုက်နေပြီး  ပြန်
ဆင်းသောအခါ  အပေါ်သို့ထောင်နေသောကြောင့် ငရဲသူ၊ငရဲသားတို့သည်
အတက်ရော အဆင်းပါဆူးစူးခံရလေသည်။
      လက်ပံတောငရဲမှ လွတ်ပြန်လျင်လည်း သံလျက်တောရွက်ငရဲသို့ရောက်ရလေ
သည်။ သံလျက်တော ရွက်ငရဲတွင် သစ်ရွက်များသည် ဓားများ၊ သံလျက်များ ကဲ့သို့
ထက်မြနေသည်။      ငရဲထိန်းများသည် ငရဲသူ၊ငရဲသားတို့ကို ငရဲလက်နက်များကိုင်
ဆောင်၍ လိုက်သောအခါ ထိုတောထဲသို့ပြေးဝင်ကြလေသည်။    ပြေးဝင်လာသော
ငရဲသားတို့သည် သန်လျက်ဓားတို့၏    ပြင်းပြင်းထန်ထန်စူးရှခြင်း ကိုခံရလေသည်။
        သံလျက်တောရွက်ငရဲမှ လွတ်ပြန်လျင်လည်း ကြိမ်ပိုက်ချောင်းငရဲသို့  ရောက်
လေသည်။ ကြိမ်ပိုက်ချောင်း ငရဲငယ်တွင် ချောင်းထဲရှိရေများသည် သံရေပူများဖြစ်
သည်။ ချောင်းထဲသို့ရောက်နေသော ငရဲသူ၊ ငရဲသားတို့သည် ပူလွန်း၍ ကမ်းပေါ်သို့
ပြန်တက်ရန် အားထုတ်ကြသည်။     သို့သော် ပိုက်ကွန်သဖွယ်ဖြစ်နေသောကြိမ်ဆူး
များ ကာရံထားသောကြောင့် ဆူးစူးခံရပြီး ချောင်းထဲသို့ လန်ကာ ပြန်ကြလေသည်။ ဆူးစူးခံရသည့်ဒဏ် ငရဲသံရေပူ ဒဏ်များကြောင့် မေ့မျောကာ ချောင်းထဲတွင် စုန်ချီ၊
စန်ချီမျောနေပါသည်။          ထိုကဲ့သို့မျောနေသော ငရဲသားများကို ငရဲထိန်းများက
ကမ်းစပ်မှ လေး၊ မြှား၊ လှံများနှင့် ပစ်ပြီးအမျိုးမျိုး နှိပ်စက်လေသည်။
     ငရဲသူ၊ ငရဲသားများသည် အကုသိုလ်ကံကုန်လျှင် လူ့ပြည် နတ်ပြည်သို့ရောက်၍ အကုသိုလ်ကံမကုန်သေးလျှင် အ၀ီစိ ငရဲသို့ပြန်ရောက်လေသည်။
 အန္တရကပ်အကြောင်း
       အန္တရကပ်ဆိုသည်မှာ တက်ကပ်နှင့် ဆုတ်ကပ်တစ်စုံကို ခေါ်ခြင်းဖြစ်သည်။ တစ်သင်္ချေဆိုသည်မှာ (၁) အနောက်တွင် သုညအလုံးပေါင်း (၁၄၀) ရှိသည်။
အိပ်ရေးဝအောင်ပြုလုပ်ရမည့် အချက် (၉) ချက်
၁။ နေ့စဉ် အချိန်မှန်အိပ်ရာဝင်ခြင်းနှင့် အချိန်မှန်အိပ်ရာထခြင်းကို ပြုလုပ်ရမည်။
၂။ နေ့စဉ် မွန်းလွဲပိုင်းတွင် ခေတ္တတစ်ကြိမ်အိပ်လိုလျှင်အိပ်ပါ သို့မဟုတ် လုံးဝမအိပ်
     ဘဲနေပါ။ ရံဖန်ရံခါ တရေးတမောအိပ်ခြင်းကို ပြုလုပ်လျှင် ညပိုင်း၌ အိပ်မရ
ဖြစ်
     တတ်သည်။
၃။ နံနက် သို့မဟုတ် မွန်းလွဲစောစောပိုင်း၌ ကိုယ်ခန္ဓာလေ့ကျင့်ခန်း မှန်မှန်လုပ်ပါ။
    အိပ်ရာဝင်ခါနီး အချိန်၌ ပင်ပန်းစွာလှုပ်ရှားလုပ်ကိုင်ခြင်းကိုရှောင်ပါ။
၎။ ညစာစားပြီးနောက် လက်ဖက်ရည်၊ ကော်ဖီသောက်ခြင်းကိုရှောင်ပါ။
၅။ အရက်မသောက်ပါနှင့်။
၆။ အိပ်ဆေးများကို သတိဖြင့်သုံးစွဲပါ။ ဆေးကုသမှုအတွက်ဆိုလျှင် ၃ပတ်ထက် ပို၍
     မသောက်သုံးသင့်ပါ။ အိပ်ဆေးကိုရေရှည်သောက်သုံးလျှင် အိပ်မပျော်ခြင်း
     ဝေဒနာ ပိုမိုဆိုးရွားစေပါသည်။
၇။ အိပ်ခန်းအတွင်း မိမိနှင့် သင့်လျော်မည့် အပူအအေး အနေအထားကို တစ်ညလုံး
     တသမတ်တည်း ရှိသင့်သည်။
၈။ အိပ်ရာ မ၀င်မီ မိမိ၏ ကိုယ်စိတ်နှစ်ပါးကိုဖြေလျော့ထားပါ။ ရေချိုးခြင်း၊ စာဖတ်
    ခြင်း၊  ဘုရားရှိခိုးခြင်း စသည်ဖြင့် ပြုလုပ်ပြီး စိတ်တင်းကျပ်စေမည့် အတွေးများ
    စဉ်စားတွေးတောခြင်းမပြုပါနှင့်။
၉။ အိပ်ရာဝင်ခါနီး အစားအစာ အများအပြား စားသောက်ခြင်းမပြုပါနှင့်။
ကံဟူသည်အလုပ်၊ အလုပ်ဟူသည်ကံ
၁။  အကြင်သူသည် အိပ်ပျော်နေ၏။ ထိုသူ၏ ကံတို့သည်လည်း အိပ်ပျော်နေကြ
     ကုန်၏။
၂။  အကြင်သူသည် အိပ်ရာမှ နိုးလာ၏။ ထိုသူ၏ ကံတို့သည်လည်း လူးလွန့် လာ
      ကြကုန်၏။
၃။  အကြင်သူသည် အလုပ်လုပ်ရန် ထ၍ ထိုင်၏ ထိုသူ၏ကံတို့သည်လည်း ခေါင်း
     ထောင်လာကြကုန်၏။
၎။  အကြင်သူသည် လုပ်ငန်းခွင်သို့ စ၍ ၀င်၏ ထိုသူ၏ ကံတို့သည်လည်း အကျိုး
     ပေးရန် အသင့်အနေအထားနှင့် စောင့်စားကြကုန်၏။
၅။  အကြင်သူသည် လုပ်ငန်းကို ပြီးဆုံးအောင် ဇွဲသန်သန်ဖြင့် ပြုလုပ်၏ ထိုသူ၏
     ကံတို့သည်လည်း လန်းလန်း ဆန်းဆန်း ဖြင့် ပြုံးပန်းပွင့်ကာ အပြည့်အ၀အကျိုး
     ပေးလေတော့သည်။
                                      မဟာဂန္ဓရုံ ဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသ
လူတို့လိုက်နာရန်ခက်ခဲသည့် အချက် (၁၅) ချက်
၁။ မိမိက သူတစ်ပါးကို စော်ကားမိသော် မိမိအပြစ်အတွက် ၀န်ချတောင်းပန်ရန်
    ခက်ခဲသည်။
၂။ အလုပ်တစ်ခုကို ပြီးဆုံးအောင် လုပ်ပြီးသော် မကောင်းသဖြင့် အစမှတစ်ဖန်
    ပြန်လုပ်ရန် ခက်ခဲသည်။
၃။ မိမိအမှားကို ၀န်ခံရန်ခက်ခဲသည်။
၎။ တစ်ကိုယ်ကောင်း မဆန်ဘဲ အများအကျိုးအတွက် စိတ်ထားရန် ခက်ခဲသည်။
၅။ သူတစ်ပါး၏ ဆုံးမခြင်း၊ အကြံပေးခြင်း၊ ကိုလက်ခံရန်ခက်ခဲသည်။
၆။ ရက်ရက်ရောရော လျူဒါန်းပေးကမ်းရန် ခက်ခဲသည်။
၇။ အမြဲမပြတ် ဇွဲကောင်းစွာဖြင့်  ကြိုးစားလုပ်ကိုင်ရန်ခက်ခဲသည်။
၈။ သူတစ်ပါးအပေါ်၌ ကိုယ်ချင်းစာတရား ထားရန် ခက်ခဲသည်။
၉။ အမှားတစ်ခုကိုမြင်ပြီး အမှန်ပြင်နိုင်ရန် ခက်ခဲသည်။
၁၀။ သူတစ်ပါးအပြစ်ကို ခွင့်လွှတ်၍ အာဃာတ တရားမထားရန် ခက်ခဲသည်။
၁၁။ မိမိအပြစ်ကြောင့် သူတစ်ပါး၏အပြစ်တင်ခြင်းကို ခံယူရန် ခက်ခဲသည်။
၁၂။ အရာရာစဉ်းစား ချင့်ချိန်၍ ပြုလုပ်ရန် ခက်ခဲသည်။
၁၄။ လူတော် လူကောင်း ဖြစ်ရန် ခက်ခဲသည်။
၁၅။ လောကဓံတရား ရှစ်ပါးနှင့် ရင်ဆိုင်ရသောအခါ စိတ်ကိုတည်ငြိမ်စွာ
       ထားရန်ခက်ခဲသည်။
သက်တမ်းဆုတ်ယုတ်ပုံ
   လူတို့၏ သက်တမ်းသည် အသင်္ချေယတမ်းမှ တစ်စတစ်စ ဆုတ်ယုတ်လာရာ
အသက် (၈) သောင်းတမ်းသို့တိုင်ရောက်လာ၏။ အသက် (၈) သောင်းတမ်း သို့
ရောက်သောအခါ ကိုယ်ချင်းစာတတ်သော မေတ္တာတရား နည်းပါး၍ သူတစ်ပါး
ဥစ္စာကို ခိုးခြင်း ၊ သူတစ်ပါးအသက်ကို သတ်ခြင်း ဟူသော အကုသိုလ်တရားနှစ်
ပါးတို့သည်   ဖြစ်ပေါ်လာကြလေသည်။
   ထိုအကုသိုလ်တရား နှစ်ပါးကြောင့် အသက် (၈) သောင်းတမ်းမှ လေးသောင်း
တမ်း သို့တိုင်အောင် ဆုတ်ယုတ်၍ လာကုန်၏။
( လေးသောင်းတမ်း )
အသက်လေးသောင်းတမ်းသို့ ရောက်သောအခါ ကိုယ်ချင်းစာတတ်သော မေတ္တာ
တရား နည်းပါး၍  မဟုတ်မမှန် လိမ်လည်ပြောဆိုသော အကုသိုလ်တရား ထင်ရှား
ဖြစ်ပေါ်လာ၏။     ထို မုသာဝါဒ တရားထင်ရှားဖြစ်ပေါ်လာသည့်အတွက် အသက်
လေးသောင်းတမ်းမှ အသက်နှစ်သောင်တမ်း သို့တိုင်ဆုတ်ယုတ်လေသည်။
( နှစ်သောင်းတမ်း )
အသက်နှစ်သောင်းတမ်းသို့ ရောက်သောအခါ   -   ကုန်းချောခြင်းဟု ဆိုအပ်သော ပိသုဏ၀ါစာ (ချောပစ်ကုန်းတိုက်မှု) တရား ထင်ရှားဖြစ်ပေါ်လာ၏ ထိုပိသုဏ၀ါစာ
တရားထင်ရှားဖြစ်ပေါ်လာသည့်အတွက်  အသက်နှစ်သောင်းတမ်းမှ အသက်တစ်
သောင်းတမ်းသို့  ကျအောင်ဆုတ်ယုတ်လေသည်။
( တစ်သောင်းတမ်း )
အသက် တစ်သောင်းတမ်းသို့ ရောက်သောအခါ - သူတစ်ပါး သားမယားကို သွား
လာကျူးလွန်ခြင်းဟူသော ကာမေသူမိစ္ဆာစာရ တရားထင်ရှားဖြစ်ပေါ်လာ၏။
ထို ကာမေသုမိစ္ဆာစာရ တရား  ထင်ရှား  ဖြစ်ပေါ်လာသည့်အတွက်  အသက်တစ်
သောင်းတမ်းမှ အသက်ငါးထောင်တမ်းသို့ ကျအောင်ဆုတ်ယုတ်လေသည်။
( ငါးထောင်တမ်း )
 အသက်ငါးထောင်တမ်းသို့ ရောက်သောအခါ ဆဲရေးတိုင်းထွာခြင်း၊ အလွန်ကြမ်း
တမ်းသောစကားကိုဆို
ခြင်းဟူသော ဖရုသ၀ါစာ၊ အကျိုးမဲ့ပြိန်ဖျင်းသော စကားကို
ဆိုခြင်းဟူသော သပ္ဖပ္ပလာပ၀ါစာ  ဟူသော တရားနှစ်ပါး ထင်ရှားစွာ ဖြစ်ပေါ်
လာ
သည်။  ထိုအကုသိုလ်တရား နှစ်ပါးကြောင့် အသက် ငါးထောင်တမ်းမှ နှစ်ထောင့်
ငါးရာ၊ နှစ်ထောင်တမ်း သို့တိုင်အောင် ဆုတ်ယုတ်၍ လာကုန်၏။
( နှစ်ထောင်တမ်း )
အသက်နှစ်ထောင်တမ်းသို့ ရောက်သောအခါ - သူတစ်ပါးစည်းစိမ်ကို မိမိစည်းစိမ်
ဖြစ်အောင် ကြံခြင်းဟူသော အဘိဇ္ဈာ၊ သူတစ်ပါး သေကြပျက်စီးအောင် ကြံခြင်းဟူ
သော ဗျာပါဒဟူသော တရားနှစ်ပါး ထင်ရှားစွာ ဖြစ်ပေါ်လာသည်။
    ထိုအကုသိုလ်တရား နှစ်ပါးကြောင့် အသက် နှစ်ထောင်တမ်းမှ တစ်ထောင်တမ်း သို့တိုင်အောင် ဆုတ်ယုတ်၍ လာကုန်၏။
( တစ်ထောင်တမ်း
)
အသက်တစ်ထောင်တမ်းသို့ ရောက်သောအခါ - မကောင်းမှု ကောင်းမှုပြုခြင်း
ကြောင့်အကျိုးအပြစ်မရှိဟူသော မိစ္ဆာဒိဋ္ဌိ တရားထင်ရှားဖြစ်ပေါ်လာ၏။ ထိုမိစ္ဆာဒိဋ္ဌိ
တရား ထင်ရှားဖြစ်ပေါ်လာသည့်အတွက် အသက်တစ်ထောင်တမ်းမှ အသက်ငါးရာ
တမ်းသို့ ကျအောင်ဆုတ်ယုတ်လေသည်။
( ငါးရာတမ်း
)
အသက်ငါးရာတမ်းသို့ရောက်သောအခါ မိကြီး မိထွေး စသည်တို့ အပေါ်၌ တပ်မက်
ခြင်းဟူသော အဓမ္မရာဂ၊ လွန်လွန်ကျူးကျူး တပ်မက်ခြင်းဟူသော ၀ိသမလောဘ ၊ ယောင်္ကျား အချင်းချင်း မိန်းမအချင်းချင်း တပ်မက်ခြင်းဟူသော ၀ိသမရာဂ   တို့ဖြစ်
ပေါ်လာကုန်၏။
  ထိုတရားတို့ ဖြစ်ပေါ်လာသောအခါ အသက်ငါးရာတမ်းမှ အသက်သုံးရာတမ်း နှစ်
ရာ့ငါးဆယ်တမ်းသို့ တိုင်အောင်ဆုတ်လေသည်။
( နှစ်ရာ့ငါးဆယ်တမ်း )
အသက်နှစ်ရာ့ငါးဆယ်တမ်းသို့ရောက်
သောအခါ မိခင်၊ ဖခင်ကို မရိုသေခြင်း၊ရဟန်း
ကိုမရိုသေခြင်း၊ ရဟန္တာကို မရိုသေခြင်း၊ ကြီးသောသူကို မရိုသေခြင်းဟုဆိုအပ်သော အယုတ်တရားတို့သည် ထင်ရှားဖြစ်ပေါ်လာကြလေသည်။  ထိုအယုတ်တရားတို့ ဖြစ်
ပေါ်လာသောအခါ အသက်  နှစ်ရာ့ငါးဆယ်တမ်းမှ    အသက်တစ်ရာတမ်းသို့    တိုင်
အောင်ဆုတ်လေသည်။
( တစ်ရာတမ်း )
အထက်ပါအယုတ်တရားတို့ ဆက်လက် ဖြစ်ပေါ်နေသောကြောင့် အသက်နှစ်ရာ့ငါး
ဆယ်တမ်းမှတစ်ရာတမ်းသို့တိုင်အောင်ဆုတ်ယုတ်လေသည်။ နောင်တစ်ဖြည်းဖြည်း
ဆယ်နှစ်တမ်းသို့ တိုင်အောင် ဆုတ်ယုတ်လေတော့သည်။
  ထိုသို့ သက်တမ်းများ ဆုတ်ယုတ်သွားရခြင်းမှာ ကိုယ်ချင်းစာတရား တည်းဟူသော မေတ္တာတရား ခေါင်းပါးခြင်းကြောင့်ဖြစ်လေသည်
( အကုသိုလ် အယုတ်တရားတို့၏ အရင်းအမြစ် )
မိမိသည် ချမ်းသာခြင်းကို လိုလားတောင်းတ နှစ်သက်၍ ဆင်းရဲခြင်းကိုနှစ်သက်လိမ့်
မည်မဟုတ်ပေ။    ထို့အတူ အခြားသူတို့သည်လည်း  ချမ်းသာခြင်းကိုသာ  လိုလား၍
ဆင်းရဲခြင်းကို မနှစ်သက်ကြပေ။  မိမိကို စော်ကားလွန်ကြူးလျှင် မနှစ်သက်သကဲ့သို့
သူတစ်ပါးတို့သည်လည်း   နှစ်သက်ကြမည်မဟုတ် ဟူသော ကိုယ်ချင်းစာတရား မရှိ
သောကြောင့်အကုသိုလ် အယုတ်တရားတို့ဖြစ်ပေါ်လာရပေသည်။