ဒီနေရာလေးကို

Wednesday, March 23, 2011

ဗုဒ္ဒဘာသာဝင်တို့ နေ့စဉ်ပြုအပ်သောအရာ

(၁) ရေချမ်းကပ်လှူခြင်း။
သတ္တ၀ါတို့၏ကျေးဇူးတော်ရှင် သစ္စာလေးပါးမြတ်တရားကို ကိုယ်တော်တိုင်
ပိုင်းခြားသိမြင်တော်မူသော မြတ်စွာဘုရားရှင်အား သက်တော်ထင်ရှား ရှိသည့်
အလားစိတ်တွင်မှတ်ယူကာ လိုသလိုအသုံးပြုနိုင်ရန် ရည်စူး၍ ကပ်လှူခြင်း။
အကျိုးကိုလို၍ ကပ်လှူပူဇော်ခြင်း မဟုတ်သော်လည်း အကျိုးကျေးဇူးတို့အား
သိရှိစေရန် ဖော်ပြအပ်ပါသည်။ ရေအကျိုး(၁၀)ပါးကို စာဖတ်သူများ သိရှိပြီး
ဖြစ်ပါသည်။ ယင်းတို့မှာ
(၁) လျင်မြန်ခြင်း၊
(၂) သန့်ရှင်းစင်ကြယ်ခြင်း၊
(၃) ကျော်ကြားလူသိများခြင်း၊
(၄) ဆာလောင်မွတ်သိပ်မှု ကင်းခြင်း၊
(၅) အခြွေအရံများခြင်း၊
(၆) အသက်ရှည်ခြင်း၊
(၇) အဆင်းလှခြင်း၊
(၈) ချမ်းသာကြီးခြင်း၊
(၉) ခွန်အားဗလ ကြီးမားခြင်း၊
(၁၀) ဉာဏ်ပညာ ကြီးမားခြင်း တို့ဖြစ်ပါတယ်။

(၂) ဆွမ်းကပ်လှူခြင်း။
ရေချမ်းကပ်လှူသကဲ့သို့ မိမိစိတ်တွင်နှလုံးသွင်း၍ ကပ်လှူပါ။ ဆွမ်း၊
သစ်သီးတို့အား နေလွဲညစာ မကပ်မိစေရန် အထူးသတိထားစေလိုပါသည်။ နေလွဲညစာဆိုရာ၌
ရှစ်ပါးသီလတွင်ပါရှိသော ၀ိကာလဘောဇနာ ဆိုသော သီလကိုမမေ့သင့်အပ်ပေ။
အထူးသတိထားရှောင်ကျဉ်ပါလေ။ သို့ရာတွင် တင် ပြစရာလေးတော့ ရှိနေခဲ့ပါသည်။
ကျွန်တော်မြန်မာလူမျိုးများ အနေဖြင့် သာမာန် ဧည့်သည် လာရောက်ရင်တောင်
သစ်သီး၊ မုန့်စသည်တို့ကို စားသုံးရန် အဆင် သင့်
ပြုလုပ်ပြီးမှဧည့်ခံလေ့ရှိပါတယ်
။ ဒါတောင်ဂုဏ်သရေရှိလူကြီး မဟုတ်သေး ပါဘူး။ ယခုမှာ သတ္တ၀ါတို့၏ကျေးဇူးတော်ရှင် သစ္စာလေးပါးမြတ်တရားကို ကိုယ်တော်တိုင်
ပိုင်းခြားသိမြင်တော်မူသော မြတ်စွာဘုရားရှင်အား သက်တော် ထင်ရှား ရှိသည်ဟု
ကပ်လှူတာ မဟုတ်ပါလား။ ဤသည်ကို သစ်သီးဆို အလုံး လိုက်ကြီး၊ မုန့်ဆိုလျှင်
အိတ်ကမခွာထား။ ညနေအထိထားလို့ထား။ တစ်ချို့ သစ်သီးကိုအုန်းပြီး
မှည့်မှစွန့်ကြတယ်။ စက္ခုအမြင် မတင့်တယ်စရာပါ။ စာဖတ် သူများ မသိရှိသေးက
ပြင်ဆင်နိုင်ရန် တင်ပြအပ်ပါသည်။ အမှားကိုသိလို့ အမှန် ကိုပြင်တာလူတော်ပေါ့။
ဆွမ်းလှူသဖြင့် ရရှိနိုင်သော အကျိုးတရား (၅)မျိုး ကိုလည်း အင်္ဂုတ္တိုရ်
ပါဋ္ဌိတော် ဘောဇနသုန်တွင် ပြဆိုထားပါသည်။ ၄င်းတို့မှာ (၁) အသက်ရှည်ခြင်း၊
(၂) အဆင်းလှခြင်း၊
(၃) ကိုယ်စိတ်ချမ်းသာခြင်း၊
(၄) ခွန်အားဗလ ကြီးမားခြင်း၊
(၅) ဉာဏ်ပညာ ကြီးမားခြင်း တို့ဖြစ်ပါတယ်။

(၃) ဘယ်သွားသွား၊ ဘယ်လာလာ၊ ဘာလုပ်လုပ် သရဏဂုံရွတ်ဆိုဆောက်တည်ခြင်း။
အရဟံဂုဏ်တော် ရွတ်ဆိုပွားများခြင်း။
အသင့်အတင့်အမှန်အတိုင်း နှလုံးသွင်း၍(ယောနိသော မနသိကာရ)၊ လူတိုင်းကို
ပီယစက္ခု ချစ်ခင်သောအမြင်ဖြင့်ကြည့်ကာ မိမိ၏နှလုံးအိမ်ထဲတွင် ဘုရား၊ တရား၊
သံဃာ တို့၏ဂုဏ်တော်များကို မြင်ရောင်၍ ဘုရား၊ တရား၊ သံဃာမှတပါး
ကိုးကွယ်ရာမရှိပါဟု မှတ်ယူကာ သရဏဂုံကို ရွတ်ဖတ်ပွားများခြင်း။
အရဟံ= (က) ကိလေသာကင်းစင်တော်မူသော မြတ်စွာဘုရား၊
(ခ) စိတ်ကွယ်ရာအရပ်၌ပင် မကောင်းမှုကိုပြုတော်မမူသော မြတ်စွာဘုရား၊
(ဂ ) ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရား။ ဟူ၍ အရဟံဂုဏ်တော်ကို
တစ်ဆင့်ထက်တစ်ဆင့်မြင့်၍ ပွားများခြင်း။ ဤကဲ့သို့ သရဏဂုဏ်ဆောက်တည်ခြင်းသည်
ကျောင်းဆောက်လှူဒါန်း၍ ကျောင်းဒကာ ဖြစ်သည်ထက်မြတ်၏။ ဤသို့ပွါးများရာတွင်
ကမ္မဋ္ဌာန်း(၄၀)မှ အနုဿတိ(၁၀)ပါးတွင် ပါဝင်သော ဗုဒ္ဓနုဿတိ ကမ္မဋ္ဌာန်းရှုရာလည်း
ရောက်ပါတယ်။

(၄) ညအိပ်ယာဝင်တိုင်း ငါးပါးသီလ၊ ရှစ်ပါးသီလ စသဖြင့် ခံယူ၍ ဘုရားဝတ်ပြု၊
မေတ္တာပွားပြီးမှ အိပ်စက်ခြင်း။
သာမာန်ဘုရားဝတ်ပြုပြီးမှ အိပ်စက်တာထက်စာရင် သီလစောက်တည် မေတ္တာ ပို့ပြီးမှ
အိက်စက်ရင်ပိုပြီး သီလစင်ကြယ်ပါတယ်။ မေတ္တာအကျိုး(၁၁)မျိုး ကို
လည်းရရှိစေပါတယ်။
(၁) ချမ်းသာစွာ အိပ်ရခြင်း။
(၂) ချမ်းသာစွာနိုးရခြင်း။
(၃) အိပ်မက်ဆိုးတို့ကို မမြင်မက်ခြင်း။
(၄) နတ်အပေါင်းက စောင့်ရှောက်ခြင်း။
(၅) လူအများချစ်ခင်ခြင်း။
(၆) မီးဘေးမသင့်နိုင်ခြင်း။
(၇) အဆိပ်၊လက်နက် မသင့်နိုင်ခြင်း။
(၈) စိတ်တည်ကြည်ခြင်း။
(၉) မျက်နှာကြည်လင်ခြင်း။
(၁၀) တွေဝေစွာမသေရခြင်း။
(၁၁) သေလွန်လျှင် ဗြဟ္မာ့ပြည်ရောက်နိုင်ခြင်း ဟုပြဆိုထားပါတယ်။

ဤအချက်တို့သည် ဗုဒ္ဓဘာသာလူမျိုးများ အနေဖြင့် ငယ်စဉ် ကလေးဘ၀က
သိရှိပြီးသားဖြစ်ပါသည်။ သို့သော်ဤအချက်တို့ကို စာဖတ်သူများ ငယ်စဉ်မှစ၍
ယခုအချိန်ထိ ဘယ်နှစ်ကြိမ်လုပ်ဖူးပြီလဲဆိုသော အတွေး လေးတော့
ဝင်စေချင်မိပါသည်။ နွားတစ်ကောင်အသက်ကြီးလာလေ သူရဲ့ဦး ချိုရှည်လာလေ၊
လူတစ်ယောက်အသက်ကြီးလေ သူရဲ့တဏှာကြီးလေပါ။အသားတိုးသလော
က် တဏှာတိုးသလောက၊်
တရားအသိမတိုးရင် လူကြီး လာသော်လည်း ကလေးတွေးသာသာရယ်ပါ။ သတိအကြောင်း၊ ၀ိပဿနာ
အကြောင်းတွေ ဖောင်ဖောင်ကြီးပြောနေပေမဲ့ စိတ်နေစိတ်ထားရော ကိုယ်ကျင့်
တရားနဲ့ကိုယ်နှုတ်အမူအရာရော ပြောင်းလဲတိုးတက်လာမှုမရှိဘူးဆိုရင် အဲဒီ လူဟာ
ချူန်းပြီးမရွာတဲ့မိုးနဲ့တူတူပါပဲ။ အဲဒီတော့ ဗုဒ္ဓဘုရား၏တရားတော်အတိုင်း
နေ့စဉ်ပြုအပ်သော၊ နေစဉ်ပြုအပ် သော၊ စောင့်ထိန်းအပ်သော၊ ရှောင်ကျဉ်အပ်သော
တရားတော်တို့ကို အချိန်နှင့် အမျှ ကျင့်သုံးကြပါစို့။ ပုထုဇဉ်
တို့၏သဒ္ဓါတရားသည် ထာဝရ မခိုင်မြဲနိုင်လို့ ဆိုထားပေရာ
ဗုဒ္ဓဘာသာဝင်သူတော်စဉ်အပေါင်း ဤကဲ့သို့ ကပ်လှူခြင်း၊ ပွားများခြင်းအားဖြင့်
သဒ္ဓါတရားရင့်သန်၍ ၀ိပဿနာတရားတော်ကို ကျင့်ကြံကြိုး ကုတ် အားထုတ်၍
နိဗ္ဗာန်သို့ မျက်မှောက်ပြုနိုင်သော သူတော်ကောင်း၊ သူတော်မြတ်များ
ဖြစ်ကြပါစေ။ ဗုဒ္ဓဘာသာဝင်ကောင်းတစ်ယောက် ဖြစ်စေရန် ရည်သန်၍
ဓမ္မဒါနပြုအပ်ပါသည်။ သတ္တ၀ါအချင်းချင်း ပီယစက္ခုဖြင့် ကြည့်ရှုနိုင်ကြပါစေ။

အမြဲလိုလို ပင်ပန်းနေပါသလား

ပင်ပန်းလွန်းလို့ အလုပ်ထဲ အာရုံနှစ်မရ ဖြစ်နေပါလား။ မနက်အိပ်ရာနိုးတဲ့အခါမှာတောင် မလန်းဆန်းဘဲ ပင်ပန်းနေပါသလား။ သင့်ခန္ဓာကိုယ် အားအင်ကုန်ခန်းနေလို့ပင်ပန်းနေခြင်းပါ။ Coenzyme Q 10 ဓာတ်ချို့တဲ့နေခြင်းက အဓိက အကြောင်းရင်းတစ်ခုဘဲ ဖြစ်ပါတယ်။

Coenzyme Q 10 ဆိုတာ ဗီတာမင်လိုအရာဖြစ်ကာ လူ့ခန္ဓာကိုယ်ရဲ့ ဆဲလ်တိုင်းမှာပါရှိနေပါတယ်။ ဓာတုစွမ်းအင်ဖြစ်တဲ့ Adenosine Triphosphate(ATP) ထုတ်လုပ်ရာမှာ အဓိကကျတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေပါတယ်။ CoQ 10 မရှိပါက ထိုစွမ်းအင်ဖြစ်ပေါ်ဖို့ မလွယ်ပါ။ ထိုစွမ်းအင်မရှိပါက အားလည်းရှိမှာ မဟုတ်ပါဘူး။

ငယ်ရွယ်စဉ်မှာ ကျွန်တော်တို့ ဆဲလ်တွေထဲမှာ များစွာပါရှိနေခြင်းကြောင့် ခန္ဓာကိုယ်ထဲ အားအင်လုံလောက်စွာ ရှိနေပါတယ်။ အသက်ကြီးလာတာနဲ့ အမျှ ခန္ဓာကိုယ်ထဲ ထိုဓာတ်လျှော့ နည်းလာပြီး စွမ်းအင်ထုတ်လုပ်မှု ကျဆင်းလာပါတယ်။ စွမ်းအင်လျော့နည်းခြင်းက ကျန်းမာရေးထိခိုက်ကာ အိုမင်းရင့်ရော်စေပါတယ်။

အောက်ပါတို့ က စွမ်းအင်လျော့နည်းခြင်း လက္ခဏာရပ်တွေဘဲ ဖြစ်ပါတယ်။ သင့်မှာ ဖြစ်ပေါ်နေတဲ့ လက္ခဏာရပ်တွေနဲ့ တူနေသလား ဆန်းစစ်ကြည့်လိုက်ပါ။

၁။ စိတ်သွားတိုင်း ကိုယ်မပါဖြစ်နေခြင်း

အသက် ၃၀ ကျော်တဲ့ လူတိုင်းလိုလို ဒီလိုမျိုးတစ်ချိန်မဟုတ် တစ်ချိန်ကြုံခဲ့ဖူးကြမှာပါ။ စိတ်ကဆောင်ပေမဲ့ လူက ပင်ပန်းလွန်းလို့ လိုက်မလုပ်နိုင်တာ မျိုးပေါ့။ ညစာချက်ခြင်း၊ လမ်းလျှောက်ခြင်းတို့လို ပုံမှန်လုပ်ဆောင်ချက်တွေအပြင် အားကစားခန်းမ Gym ကိုသွားပြီး လေ့ကျင့်ခန်းလုပ်တာမျိုးလို အပိုလုပ်ဆောင်ချက်တွေကိုပါ မလုပ်နိုင်တော့ပါဘူး။ ဘာကိုဘဲဖြစ်ဖြစ်လုပ်ဖို့ အင်အားမရှိတော့ပါဘူး။ နေ့တာတွေကလည်းပိုတိုလာသလို ခံစားနေရ ပါတယ်။ ဒီလိုဖြစ်ခြင်းက အင်အားလျော့နည်းခြင်းရဲ့ လက္ခဏာတစ်ရပ်ပါ။

၂။ အိပ်ရာဝင်ချိန်ထက် အိပ်ရာထချိန်မှာ ပိုပင်ပန်းနေခြင်း

မနက်တိုင်း အိပ်ရာထဖို့ ခက်ခဲနေတတ်ပါသလား။ မနက်အိပ်ရာထချိန်မှာ ပင်ပန်းနွမ်းနယ်နေခြင်းရဲ့ အကြောင်းရင်းနှစ်ရပ်ရပ်ရှိပါတယ်။ အိပ်ရေးမဝခြင်း ဒါမှမဟုတ် ကောင်းကောင်းအိပ်မပျော်ခြင်း ကြောင့်ပါ။ ကျွန်တော်တို့တစ်တွေဟာ နေ့စဉ်အိပ်ချိန် ခြောက်နာရီမှ ရှစ်နာရီကြားရှိပါမှ အိပ်ရာထတဲ့အခါ ကြည်ကြည်လင်လင်လန်းလန်းဆန်းဆန်းဖြစ်နေမှာပါ။ အိပ်ချိန်ပြည့်ပေမဲ့ အိပ်ရာဝင်တဲ့အခါ ပင်ပန်းနေသေးပါက စွမ်းအင်ကုန်ခန်းနေခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ အိပ်ခြင်းကိုအနှောင့် အယှက်ဖြစ်စေနိုင်တဲ့ စိတ်ဖိစီးမှုကိုလည်း စွမ်းအင်လျော့နည်းနေတဲ့အခါ ကိုင်တွယ်ရခက်ခဲစေပါတယ်။ စိတ်ဖိစီးမှုက စွမ်းအင်ကိုထပ်လျော့ နည်းစေခြင်းကြောင့် အရင်ကထက်နှစ်ဆပိုပြီး နွမ်းလျှမောပန်းနေတတ်ပါတယ်။

၃။ နေ့လယ်နေ့ခင်းငိုက်မျဉ်းနေခြင်း

နေမြင့်လာတာနဲ့အမျှ ပိုပြီးပင်ပန်းလာပါသလား။ ထမင်းစားချိန်အပြီးမှာပြုလုပ်တဲ့ အစည်းအဝေးတွေမှာ မျက်လုံးမဖွင့်နိုင်လောက်အောင် ရုပ်ပျက်ဆင်းပျက် ငိုက်မျဉ်းနေမှာစိုးလို့ အစည်းအဝေးကို ရှောင်နေတတ်ပါသလား။ ဒီလိုနေ့လယ်ခင်းမှာ အလွန်ငိုက်မျဉ်းနေခြင်းကလည်း စွမ်းအင်လျော့နည်းခြင်း လက္ခဏာတစ်ရပ်ပါပဲ။

၎။ အာရုံစူးစိုက်၍မရခြင်း

ထုံထိုင်းတွေဝေနေတာမျိုး၊ ဝေ့တိဝေ့ဝါး ဖြစ်နေတာမျိုး၊ အာရုံစူးစိုက်ဖို့ ခက်ခဲနေတာမျိုး ဖြစ်နေတတ်တာကို သင့်ကိုယ်သင် သတိထားမိနေပါသလား။ တစ်ခါတစ်လေမှတ်ဉာဏ်မကောင်းတာမျိုးရော ဖြစ်ဖူးပါသလား။ ဒီလိုဦးနှောက်စွမ်းရည် မသိမသာလျော့နည်းလာတာကလည်း သင့်ခန္ဓာကိုယ်မှာ အားအင်လျော့နည်းခြင်းရဲ့ တခြားလက္ခဏာတစ်ရပ်ပဲ ဖြစ်ပါတယ်။

၅။ အားမရှိတဲ့အခါ အစာပိုစားမိခြင်း

တချို့လူတွေလိုပဲ သင်လည်း အဆာပြေမုန့်တွေကို ရေခဲသေတ္တာ၊ ကြောင်အိမ်ထဲမှာ အများကြီးလှောင်ထားတတ်သလား။ နည်းနည်းလေးပင်ပန်းတာနဲ့ အဆာပြေမုန့်တွေကို ထုတ်စားနေတတ်ပါသလား။ အဲဒီတော့ ဘာတွေဖြစ်လာနိုင်သလဲ၊ အစာစားလိုက်လို့ သင့်အင်အားတွေ ခဏတစ်ဖြုတ်တော့ တက်လာပါရဲ့။ ဒါပေမဲ့ ခဏအကြာမှာ တစ်ခါပြန်ကျသွားပြန်တာကြောင့် မုန့်ထပ်စားမိပြန်ရော။ အဲဒီတော့သေချာတာတစ်ခုက ဝိတ်တက်လာခြင်းပဲဖြစ်ပါတယ်။ စွမ်းအားပြန်တက်လာခြင်းတော့ မဟုတ်ပါ။

ခန္ဓာကိုယ်ကနေ ဗိုက်ဆာခြင်းနဲ့ မောပန်းခြင်း တို့ကို တုံ့ပြန်မှုက အလွန်တူနေတတ်ပါတယ်။ ဒါကြောင့်လည်းအများစုက မောပန်းခြင်းကိုဗိုက်ဆာခြင်းနဲ့ မှားကာ မလိုအပ်ချိန်မှာ အဝစားမိတာကြောင့် အလေးချိန်တက်ပြီး ဝလာခြင်းဖြစ်ပါတယ်။

စွမ်းအင်တိုးအောင် ဘယ်လိုလုပ်မလဲ

ဒီလိုစွမ်းအင်တွေ လျော့နည်းရခြင်းရဲ့ အဓိကအကြောင်းရင်းက Coenzyme Q10 (Co Q10) လျော့နည်းခြင်းကြောင့်ဖြစ်လို့ ဒီဓာတ်ခန္ဓာကိုယ်ထဲ ပြန်များအောင် ဖြည့်ပေးရပါမယ်။ အမဲသား၊ ဝက်သားနဲ့ ဟင်းသီးဟင်းရွက်တွေမှာ သဘာဝအတိုင်းပါရှိတတ်ပေမဲ့ ဒီအစာတွေထဲပါဝင်တဲ့ပမာဏက နည်းလွန်းလို့ မလုံလောက်ပါဘူး။ ဒါကြောင့် CoQ10 ပါရှိတဲ့ အားဆေးကို သုံးဆောင်မှီဝဲပေးဖို့လိုပါတယ်။

(ဒေါက်တာ နုမြတ် ဆောင်းပါးမှ ထုတ်နုတ်ဖော်ပြပေးလိုက်ပါသည်)

သရဏဂုံတည်ခြင်းအကြိုး

ဘုရား တရား သံဃာ ရတနာသုံးပါးကို ယုံကြည်ဆည်းကပ်ခြင်းသည် သရဏဂုံတည်ခြင်း ဖြစ်ပါသည် ။

သရဏဂုံတည်ခြင်း အကျိုး (၅) မျိုးရှိပါတယ်

(၁) ဘယ - ဘေးရန်ကင်းရှင်း စေပါသည် ။

(၂) သန္တာသ - ကြောက်ရွံမှု ပူလောင်မှု မှန်သမျှကို ပျောက်ကင်းစေပါသည် ။

(၃) ဒုက္ခ - ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်းကိုလည်း ပျောက်ကင်းစေပါသည် ။

(၄) ဒုဂတိ - အပါယ်လေးဘုံ ကျရောက်မည့် ဘေးကိုလည်း ပယ်ပျောက်စေပါသည် ။

(၅) ပရိကိလေသ - မိမိစိတ်၏ ညစ်နွမ်းမှု မှန်သမျှတွေကိုလည်း ပယ်ပျောက်စေပါသည် ။

သရဏဂုံ ဆောက်တည်ရခြင်းအကြောင်း ကတော့ လေးမျိုးရှိပါတယ်

(၁) မိမိကိုယ်တိုင် ယုံကြည်မှု မရှိပဲ အမျိုး အမှတ်ဖြင့် ကိုးကွယ်ခြင်းဟာ သရဏဂုံမမြောက်ပါ ။

(၂) ဘေးအန္တရာယ်ကို ကြောက်သောအားဖြင့် ကိုးကွယ်ခြင်းဟာ သရဏဂုံမမြောက်ပါ ။

(၃) လာဘ် လာဘ ကိုမျှော်ကိုးပြီး ကိုးကွယ်ခြင်းဟာလည်း သရဏဂုံမမြောက်ပါ ။

(၄) မြတ်သောအလှူကိုခံတော်မူထိုက်သောအားဖြင့် ကိုးကွယ်ခြင်းဟာ သရဏဂုံမြောက်ပါတယ် ။

သင်္ကြန်ပွဲတော် ကျင်းပပုံ

မြန်မာလူမျိုးတို့သည် ရှေးအခါမှစ၍ သင်္ကြန်ပွဲတော်ကို ပြက္ခဒိန်အဖွဲ့ က သတ်မှတ်ပေးရက်အရ အကျရက်၊ အကြတ်ရက်၊ အတက်ရက်၊ (၃) ရက် ကျင်းပမြဲဖြစ်သည်။

သင်္ကြန်ပွဲတော်သည် သာကီဝင်မင်းတို့၏ ရေပက်ဖြန်း ကစားမှုဓလ့မှ လောကီဗေဒင်ကျမ်းလာအရ ပွဲတော်ဖြစ်လာသော်လည်း ဗုဒ္ဓဘာသာဝင် တို့ကမူ နှစ်သစ်ကူးသင်္ကြန်ပွဲတော်ကို လူမျိုးတိုင်း မင်္ဂလာရှိစေချင်သည်။ မင်္ဂလာယူကြသည်။ မင်္ဂလာအခါဟူ၍ သတ်မှတ်ကြသည်။ နှစ်သစ် တွင် မင်္ဂလာအဖြာဖြာတို့ သစ်ဆန်း၍ တင့်လန်းဝေဖြာစေရန် ဗုဒ္ဓတရားတော်အရ တကယ့်မင်္ဂလာအစစ်ဖြစ်စေသည့် ကုသိုလ်ရေးကိုရအောင်ယဉ်တွဲ၍ သင်္ကြန်ပွဲကို ဆင်နွဲကြသည်၊ ဖန်တီးတည်ဆောက်ကြသည်။

ယင်းအစီအစဉ်အရ သင်္ကြန်အခါတော်တွင် အလှူဒါနပွဲများ ခြိမ့်ခြိမ့်သဲသဲ ဆင်နွဲကြခြင်း၊ စတုဒိသာ ကျွေးမွေးခြင်း၊ ရဟန်းသံဃာတော်များ ဆွမ်းကပ်ခြင်း၊ ဗုဒ္ဓရုပ်ပွါးတော်များအား ရေသပ္ပာယ်ခြင်း၊ ဥပုသ်သီတင်း ဆောက်တည်ခြင်း၊ တရားနာခြင်း၊ ဘုရားပုထိုး ပူဇော်ခြင်း၊ ကမ္မဋ္ဌာန်းဘာဝနာ စီးဖြန်းခြင်း၊ ကျောင်းကန် ဇရပ်တို့ကို သန့်ရှင်းခြင်း၊ သက်ကြီးဝါကြီး ပုဂ္ဂိုလ်တို့ကို တရော်ကင်းပွန်းတို့ဖြင့် ခေါင်းလျှော်ပေးခြင်း၊ အမွှေးနံ့သာ ရေကောင်းတို့ဖြင့် ရေချိုးသန့်စင်ပေးခြင်း၊ ဘိုးဘွားမိဘ တို့ကို ပူဇော်ကန်တော့ခြင်း၊ ပရိတ်တရားတော် ပွါးများ ခြင်း၊ ရေခန်းလုနီးဖြစ်သော အင်း အိုင် ချောင်း မြောင်းများမှ ငါးများကို ဖမ်း၍ဖြစ်စေ၊ အသတ်ခံရမည့်ဆဲဆဲ ငါးများကို ၀ယ်ယူ၍ဖြစ်စေ ရေများရာ ရေကန် ချောင်း စသည်တို၌ လွှတ်ပေးခြင်း၊ကျွဲ နွား စသည့် တိရစ္ဆာန်များကို ဘေးမဲ့လွှတ်ခြင်း စသော ကုသိုလ်ကောင်းမှု များစွာပြု၍ နှစ်သစ်ကူးရေကစား မှုကို ပြုလုပ်ကြသည်။

ရေးဘုရင်အဆက်ဆက်မှ ယဉ်ကျေးသိမ်မွေ့စွာ ကျင်းပလာခဲ့သော သင်္ကြန်ပွဲတော်သည် ခေတ်အားလျော်စွာ တစ်နှစ်ထက်တစ်နှစ် အသွင်ပြောင်းလဲ လာခဲ့ပါသည်။ သို့သော်လည်း လူ့လောကကို အကျိုးပြု ထိန်းသိမ်း စောင့်ရှောက်သော ယဉ်ကျေးမှုကို နှစ်ပရိစ္ဆေဒ မည်မျှ ကြာညောင်း၍ မည်မျှပင် ရှေးကျစေကာမူ လျစ်လျှူရှုမထားဘဲ အရှည်တည်တံ့စေရန် အစဉ်ကြိုးစားအားထုတ်ကြရမည်။


မြန်မာ့ ရိုးရာယဉ်ကျေးမှုပွဲတော်သည် မြန်မာတို့အဖို့ လူမှုရေး၊ နိုင်ငံရေး၊ဘာသာရေးတို့ ၌ များစွာကျေးဇူးပြုသည်ကို မြန်မာလူမျိုးတိုင်း နားလည်ကြသည်။

ရေပက်ဖျန်းကစားခြင်း ဓလေ့

မြန်မာတို့ နှစ်သက်ကူးတွင် ရေပက်ဖျန်း ကစားကြသည်။ ယင်း ယဉ်ကျေးမှု ဓလေ့သည် တဂေါင်းခေတ်ကပင် ပေါ်ခဲ့သည်ဟု ဆိုရပါမည်။ ပုဂံခေတ်၌ မြန်မာမင်းတို့သည် သကျသာကီဝင်မင်းတို့၏ ဓလေ့ထုံးစံ အတိုင်း ရေပက်ဖျန်းကစားလေ့ရှိကြသည်ကို တွေ့ရသည်။ မှန်နန်းရာဇ၀င် ၌ နရသီဟပတေ့ (ခေါ်) ပုဂံမင်းသည် နွေလအခါ ဧရာဝတီမြစ်ဆိပ်တွင် မင်းတဲ လုံခြုံစွာ ဆောက်၍ နန်းတော်မှ မြစ်ဆိပ်အရောက် လူသူမမြင် သော တဲနန်းဥမင်ဖြင့် ကြွတော်မူ၍ မိဖုရားမောင်းမမိဿံ တို့နှင့်အတူ ရေဖျန်းသဘင် ဆင်ယင်ကျင်းပသည် ဟုရေးသားထားသည်ကို တွေ့ရပါသည်။

ရေပက်ဖျန်းခြင်း ဓလေ့ကို မည်သို့ အဓိပ္ပါယ်ဖွင့်၍ ယူကြစေကာမူ ယနေ့မြန်မာတို့ကမူ နှစ်သစ်ကူးမင်္ဂလာအချိန်တော်တွင် တစ်ဦးနှင့် တစ်ဦး ရေပက်ကစား ကြခြင်းသည် -

* အေးမြကြည်လင်ခြင်း
* အညစ်အကြေးကိုဆေးကြောခြင်း
* ရေကိုသား၍ အာကားမထင်ဘဲ ဆက်စပ်နေသကဲ့သို့ တစ်ဦးနှင့်တစ်ဦး မေတ္တာသက်ဝင်၍ ချစ်ခင်ခြင်း၊ စည်းလုံးညီညွတ်ခြင်း ဟူသော နေရနိမိတ် သုံးပါးကိုယူ၍ ရေပက်ဖြန်းကစားလေ့ရှိကြသည်။

သင်္ကြန်စာ

ရှေးခေတ်မြန်မာဘုရင်များ လက်ထက်ကတည်းက ပင် သင်္ကြန်အခါတော်ကို နန်းတော်ရှိ ပုဏ္ဏားဖြူ၊ ပုဏ္ဏားညိုတို့က ဗေဒင်ကျမ်းများနှင့် အညီ တွက်ချက်ပေးရသည်။

ဘုရင့်နန်းတော်တွင် ဗေဒင် ဆန်းကျမ်း၊ နက္ခတ်ကျမ်း စသည်တို့ကို တစ်ဖက်ကမ်းခတ် တတ်မြောက်သော ပညာရှိတို့က မည်သည့်နှစ်တွင် ၀ါထပ်မည်၊ ၀ါကြီးထပ်မည်၊ ၀ါငယ်ထပ်မည်၊ ရက်ငင်သည်၊ မည်သည့် ဂြိုဟ် အကောက်သွားမည်၊ အဖြောင့်သွားမည်၊ နေကြတ်မည်၊ လကြတ်မည်၊ ငလျင်လှုပ်မည်၊ တော်လည်းမည်၊ စစ်ဖြစ်မည် စသည်တို့ကို နှစ်စဉ်တွက်ချက်၍ ဗေဒင်ဟောစတမ်း ရေးပြီး ဆက်သွင်းရသည်။

တိုင်းပြည်အတွက် တစ်နှစ်တာ ဟောစာတမ်းကို ဘုရင်က သာသနာပိုင်ဆရာတော်အား ပြသပြီး ပညာရှိများ တွက်ချက်ယူဆပုံ နှင့် ကိုက်ညီ- မညီ ညှိနှိုင်းစီစစ်၍ တိုင်းပြည် သို့  ဖြန့်ချီသည်။ ဤဟောစာတမ်းကို သင်္ကြန်စာ ဟူ၍ ခေါ်ဝေါ်လေသည်။

ယနေ့ခေတ်တွင်မူ နိုင်ငံတော်အစိုးရက နိုင်ငံတော်ပြက္ခဒိန်အဖွဲ့ကို ဖွဲ့စည်းပေးထားပြီး ယင်းအဖွဲ့က နိုင်ငံတော်အတွင်း သင်္ကြန်ကျရက်၊ ကြတ်ရက်၊တက်ရက်၊ ၀ါထပ်ရက်တို့ကို ညှိနှိုင်းတွက်ချက်၍ နိုင်ငံတော် အစိုးရသို့ တင်ပြရသည်။ နိုင်ငံတော်အစိုးရက ယင်းတင်ပြချက်ကို ထုတ်ပြန်ကြေညာပေးသည်။

နေနဲ့ ကမ္ဘာလည်ပတ်ရာကနေလာသော ရာဇ၀င်

ဒ်ီတစ်ခုကတော့ ဗုဒ္ဓ၀င်ကျမ်းတွေနဲ့ ဗေဒင်ပညာတွေနဲ့ ဆက်စပ်တယ်။ကမ္ဘာကြီးက နေကို လှည့်နေတာဟာ မိဿရာသီက စတင်ပြီးကြည့်ရင် ပြိဿ ၊မေထုန်……..မိန် ရာသီကိုရောက်တဲ့ အခါ သူရိယသိဒ္ဓ န္တကျမ်းအရ (၃၆၅)ရက် ၊ (၆) နာရီ ၊ (၁၂)မိနစ် ၊ (၃၇)စက္ကန့် ပြည့်ပြီး တနင်္ဂနွေ ရ၀ိဖုဋဂြိုလ်စင် က မိဿရာသီအစ သုညအင်္သာ ကို ၀င်တယ်လို့ သတ်မှတ်တယ်။ အဲဒီဝင်စအချိန်မှ ကူးပြောင်းခြင်းစတယ်။ ဆိုလိုတာက သင်္ကြန်ကျတယ်။ ဒါပေမယ့် တကယ်တမ်း နှစ်သစ်ကို မကူးသေးဘူး။ နောက် ထပ် (၂)ရက်၊(၄)နာရီ၊(၄) မိနစ် ၊ (၄၀)စက္ကန့်ကြာမှ နှစ်သစ်ကူးပါတယ်။ ဒီတော့ နေသွားလမ်းကို (၁၂) ရာသီခွင်နဲ့ ညှိပြီး လသွားလမ်းနဲ့ ပြက္ခဒိန် ရေးထားတဲ့ မြန်မာတွေ အတွက် တန်ခူးလမှာ ကျရောက်လာတယ်။

သဘာဝကျတာတစ်ခုက တန်ခူး ဆိုတာကိုက တာကူးဆိုတာကနေ ဖြစ်လာတယ်။ တနင်္ဂနွေ ရ၀ိဖုဋဂြိုလ်စင် က မိဿရာသီသို့ ကူးတာကို ရည်ရွယ်ပြီး ရှေးမြန်မာပညာရှိတွေ အမည်ပေးခဲ့တယ်လို့ ဆိုပါတယ်။ တန်ခူး လို့ နောက်ခေါ်လာကြတော့ အနက်ကတော့ ပြောင်းသွားတယ်။ တန် (၀ါ)တန်းက ထန်း လို့ အဓိပ္ပါယ်ရတယ်။ ခူးက ဆွတ်ခူးတယ်။ ဒီတော့ ထန်းသီးခူးတဲ့ လလို့ ဖြစ်နေတယ် ။ တာကူးကနေ ပြောင်းလာတယ်ဆိုတာပဲ မှတ်ထားတာကောင်းမယ်။ ဗုဒ္ဓဘာသာကျမ်းများမှာ ဒီကာလ အခါမှာ ဘုရားရှင်ရဲ့ အမေဘက်က အမျိုးတွေ ဖြစ်လာမယ့် ဒေ၀ဒဟပြည်က မင်းသားမင်းသမီးတွေ ရေကစားကြတယ်။ ဒေ၀ ဆိုတာ နတ်လို့ ပဲ ဘာသာပြန်လို့ မရဘူး ။ မင်းသား၊မင်းသမီးလို့လဲ အဓိပ္ပါယ်ရှိသေးတယ်လို့ သီတဂူဆရာတော်ဟောပါတယ်။ အခုရက်ပိုင်းသတင်းစာတွေမှာ ဒေ၀ဒဟ = နတ်ရေကန် လို့ ရေးကြတာတွေ့လိမ့်မယ်။ ( နတ် ဆိုတဲ့ စာလုံးရဲ့ အဓိပ္ပါယ် အကျယ်တွေကို အကို (၃၇) မင်းအကြောင်းတစ်စိတ်တစ်အိတ် ခေါင်းစဉ်မှာ ကျယ်ကျယ်ဝင့်ဝင့်ရေးပေးပြီးဖြစ်လို့ ညီလေးလဲ ဖတ်ပြီးလောက်ပြီ။ ) ဒီတော့ ဒေ၀ဒဟ =မင်းသား၊မင်းသမီးများရေကစားသော ရေကန် လို့ ပြန်ရင်ပိုကောင်းပါမယ်။ သမိုင်းနဲ့လဲ ကိုက်ညီပါတယ်။ ဒုတိယ ဇာတ်လမ်းမှာ ပူပြင်းသော မိန်မှ မိဿအပြောင်း ၊ရှေးဘုရားရှင်မတိုင်မီကတည်းက ဒီရာသီမှာ ရေကစားကြတယ်။ ဒီတော့ ဗုဒ္ဓဘာသာမြန်မာတွေလဲ ဒီရာသီမှာ ရေကစားကြတယ် လို့ ပြောရင်ရပါမယ်။ ဒီဇာတ်လမ်းမှာတော့ ဆရာသိကြား မပါတော့ပါဘူး။ ဗုဒ္ဓ၀င်နဲ့ ဗေဒင်ကို အစဉ်အလာနဲ့ ညှိပြီးကစားကြတယ်လို့ ဆိုပါတယ်။

မြန်မာနဲ့ ယဉ်ကျေးမှုခြင်းတူနေတဲ့ ထိုင်း ၊လာအို ၊ ကမ္ဘောဒီယားတွေမှာတော့ ဘယ်လို အစဉ်အလာရှိမယ် မသိဘူး။ အင်တာနက်မှာ ဖတ်ကြည့်ပေါ့ ။ အကိုသိတာကတော့ ထိုင်းမှာ ( Songkran ) ကမ္ဘောဒီယားမှာ (Chaul Chnam Thmey ), လာအို(စ်) မှာ ( Pimai ) လို့ ခေါ်ကြတယ်။ နှစ်ဟောင်းက အကုသိုလ်ကို ရေနဲ့ ဆေးတာ၊အေးချမ်းစေတာ ၊ နှစ်သစ်ကို ကြိုဆိုတာ ဆိုတာတွေကတော့ အတူတူပါပဲ ။

ဟိန္ဒူ ကနေလာသော ရာဇ၀င်

သိကြားနဲ့ ဗြဟ္မာကြီး ( Arsi ) အငြင်းပွားပြဿနာတက်ရာကနေ သိကြားကနိုင်လို့ ဗြဟ္မာကြီးရဲ့ ဦးခေါင်းကိုရတယ်။ ဗြဟ္မာကြီးက တန်ခိုးကြီးလွန်တာမို့ ဒီခေါင်းကြီးကို ပင်လယ်ထဲကို ပစ်ချရင် ရေခန်းကုန်မယ်။ မြေကြီးဆီမှာ ထားရင် မီးလောင်ပျက်ဆီးကြမယ်။လေထဲကို ပစ်ရင်တောင် သတ္တ၀ါအားလုံး မီးလောင်ကြရမှာမို့ သိကြားမင်းက ဘယ်မှာမှ မထားရဲပဲနဲ့ သူ့လက်ထဲမှာပဲ ကိုင်ထားရတယ်။ နောက်တော့ တန်ခိုးကြီးတဲ့ နတ်မင်းကြီးတွေကို တာဝန်လွှဲပြီး တစ်နှစ်ကို နတ်တစ်ယောက်က ဒီခေါင်းကြီးကို ထိန်းသိမ်းထားရမယ်လို့ ဆိုတယ်။ ဒီခေါင်းကြီးကို တစ်ဦးလက်မှ တစ်ဦး လွှဲမယ့် အချိန်အတိအကျကို ပုဏ္ဏားတွေက တွက်ကြတယ်။ အဲဒါကို သင်္ကန္တ အခါလို့ ဆိုကြတယ်။နှစ်တစ်နှစ်ပြည့်တယ်လို့လဲ သတ်မှတ်တယ်။

ဒီကာလမှာ သိကြားက လူ့ပြည်မှာ ကောင်းမှု ထွန်းကားဖို့နဲ့ ဗုဒ္ဓသာသနာပြန့်ပွားရေးအတွက် လူ့ပြည်ကို ဆင်းပြီး ဆောင်ရွက်ဖို့ ကြိုးစားတယ် ။ မှတ်တမ်းများမှတ်သားတယ်လို့ ဆိုပါတယ်။ ကောင်းသူကို ရွှေပေလွှာမှာရေးပြီး ၊ မကောင်းသူကို ခွေးသားရေမှာ ရေးတယ်လို့ ဆိုပါတယ်။ ( ရေးပြီးရင် သူက ဘာလုပ်မှာလဲ . အကိုတို့ရဲ့ ဘ၀အကူးအပြောင်းတွေမှာ သူဘာမှ လုပ်လို့မရဘူး ဆိုတာ ညီလေး သိပြီးဖြစ်မယ်။ သေခါနီးစိတ်၊ ခန္ဓာ(၅)ပါး ချုပ်ပုံ ၊ ကုသိုလ်၊အကုသိုလ် သဘော နဲ့ ငရဲ ၊ယမမင်းအကြောင်းတွေပါ အကို ရေးပေးပြီးဖြစ်လို့ ဒို့တွေရဲ့ ဘ၀အကူးအပြောင်းတွေမှာ သိကြားမင်း ဘာမှ အရေးမပါဘူး ၊ကိုယ့်ကံနဲ့ ကိုယ်ပဲ သွားကြ ၊ကျင်လည်ကြရမယ်ဆိုတာ သတိရပါ ။ ( ဒါကို ကျမ်းကိုးအနေနဲ့ အဘိဏှသုတ် ဘုရားဟောရှိတယ်။)

ဒီအပြင်ဘုရားရှင်လက်ထက်မှာတောင် နတ်တွေ နဲ့ သိကြားမင်းတို့က ဘုရားဆီမှာ တရားနာချင်ရင်တောင် ညသန်းခေါင်ကျော်မှ ဆင်းလာရတယ်တဲ့ ။လူတွေအိပ်မှ လာရတယ်။ မင်္ဂလသုတ်၊သက္ကပညာသုတ၊အာနာပါန သုတ်တွေ ညဟောတွေချည်းပဲ။ လူတွေရဲ့ ၀မ်းခေါင်းထဲက အစာဟောင်းအနဲ့ကို မခံနိုင်ဘူး လို့ ဗုဒ္ဓကျမ်းစာတွေမှာ ပါပါတယ်။ ဒီတော့ သင်္ကြန်အကျအခါမှ အနံ့ခံနိုင်ရင်တော့ မသိဘူး။

ထားပါတော့ ။ ဒီအတိုင်းဆိုရင် ဇာတ်လမ်းမှာ သိကြားဆင်းတယ်။ ဒါပေမယ့် ရေလောင်းတာ မပါသေးဘူး။ နောက်တော့ နှစ်သစ်ကို အေးချမ်းစွာ ကြိုဆိုတဲ့သဘောနဲ့ ရေပက်ကစားကြတယ် ဆိုတာကို ဆက်လိုက်ကြတော့ သင်္ကြန်ဆိုတဲ့ စကား ၊သိကြား နဲ့ ရေပက် တာတွေ ကွက်တိဖြစ်ကုန်တယ်။ ဒီမှာမှ သိကြားက သင်္ကြန်အကျမှာ လူ့ပြည်ကိုလာတယ် ၊ သင်္ကြန်အတက်မှာ ပြန်တယ် ။ သင်္ကြန်အကြတ်မှာတော့ သူဘယ်မှာ တည်းခိုတယ်။နားတယ် ၊ကစားတယ် မပါပါဘူး။ ဘာကိုင်လာတယ်၊ညာကိုင်လာတယ် ..ဆိုတာတွေကလဲ ရှိသေးတယ်။ ဒါက ဇာတ်လမ်းတစ်ခုပေါ့ ။

ဟိန္ဒူ ကနေလာသော ရာဇ၀င်

သိကြားနဲ့ ဗြဟ္မာကြီး ( Arsi ) အငြင်းပွားပြဿနာတက်ရာကနေ သိကြားကနိုင်လို့ ဗြဟ္မာကြီးရဲ့ ဦးခေါင်းကိုရတယ်။ ဗြဟ္မာကြီးက တန်ခိုးကြီးလွန်တာမို့ ဒီခေါင်းကြီးကို ပင်လယ်ထဲကို ပစ်ချရင် ရေခန်းကုန်မယ်။ မြေကြီးဆီမှာ ထားရင် မီးလောင်ပျက်ဆီးကြမယ်။လေထဲကို ပစ်ရင်တောင် သတ္တ၀ါအားလုံး မီးလောင်ကြရမှာမို့ သိကြားမင်းက ဘယ်မှာမှ မထားရဲပဲနဲ့ သူ့လက်ထဲမှာပဲ ကိုင်ထားရတယ်။ နောက်တော့ တန်ခိုးကြီးတဲ့ နတ်မင်းကြီးတွေကို တာဝန်လွှဲပြီး တစ်နှစ်ကို နတ်တစ်ယောက်က ဒီခေါင်းကြီးကို ထိန်းသိမ်းထားရမယ်လို့ ဆိုတယ်။ ဒီခေါင်းကြီးကို တစ်ဦးလက်မှ တစ်ဦး လွှဲမယ့် အချိန်အတိအကျကို ပုဏ္ဏားတွေက တွက်ကြတယ်။ အဲဒါကို သင်္ကန္တ အခါလို့ ဆိုကြတယ်။နှစ်တစ်နှစ်ပြည့်တယ်လို့လဲ သတ်မှတ်တယ်။

ဒီကာလမှာ သိကြားက လူ့ပြည်မှာ ကောင်းမှု ထွန်းကားဖို့နဲ့ ဗုဒ္ဓသာသနာပြန့်ပွားရေးအတွက် လူ့ပြည်ကို ဆင်းပြီး ဆောင်ရွက်ဖို့ ကြိုးစားတယ် ။ မှတ်တမ်းများမှတ်သားတယ်လို့ ဆိုပါတယ်။ ကောင်းသူကို ရွှေပေလွှာမှာရေးပြီး ၊ မကောင်းသူကို ခွေးသားရေမှာ ရေးတယ်လို့ ဆိုပါတယ်။ ( ရေးပြီးရင် သူက ဘာလုပ်မှာလဲ . အကိုတို့ရဲ့ ဘ၀အကူးအပြောင်းတွေမှာ သူဘာမှ လုပ်လို့မရဘူး ဆိုတာ ညီလေး သိပြီးဖြစ်မယ်။ သေခါနီးစိတ်၊ ခန္ဓာ(၅)ပါး ချုပ်ပုံ ၊ ကုသိုလ်၊အကုသိုလ် သဘော နဲ့ ငရဲ ၊ယမမင်းအကြောင်းတွေပါ အကို ရေးပေးပြီးဖြစ်လို့ ဒို့တွေရဲ့ ဘ၀အကူးအပြောင်းတွေမှာ သိကြားမင်း ဘာမှ အရေးမပါဘူး ၊ကိုယ့်ကံနဲ့ ကိုယ်ပဲ သွားကြ ၊ကျင်လည်ကြရမယ်ဆိုတာ သတိရပါ ။ ( ဒါကို ကျမ်းကိုးအနေနဲ့ အဘိဏှသုတ် ဘုရားဟောရှိတယ်။)

ဒီအပြင်ဘုရားရှင်လက်ထက်မှာတောင် နတ်တွေ နဲ့ သိကြားမင်းတို့က ဘုရားဆီမှာ တရားနာချင်ရင်တောင် ညသန်းခေါင်ကျော်မှ ဆင်းလာရတယ်တဲ့ ။လူတွေအိပ်မှ လာရတယ်။ မင်္ဂလသုတ်၊သက္ကပညာသုတ၊အာနာပါန သုတ်တွေ ညဟောတွေချည်းပဲ။ လူတွေရဲ့ ၀မ်းခေါင်းထဲက အစာဟောင်းအနဲ့ကို မခံနိုင်ဘူး လို့ ဗုဒ္ဓကျမ်းစာတွေမှာ ပါပါတယ်။ ဒီတော့ သင်္ကြန်အကျအခါမှ အနံ့ခံနိုင်ရင်တော့ မသိဘူး။

ထားပါတော့ ။ ဒီအတိုင်းဆိုရင် ဇာတ်လမ်းမှာ သိကြားဆင်းတယ်။ ဒါပေမယ့် ရေလောင်းတာ မပါသေးဘူး။ နောက်တော့ နှစ်သစ်ကို အေးချမ်းစွာ ကြိုဆိုတဲ့သဘောနဲ့ ရေပက်ကစားကြတယ် ဆိုတာကို ဆက်လိုက်ကြတော့ သင်္ကြန်ဆိုတဲ့ စကား ၊သိကြား နဲ့ ရေပက် တာတွေ ကွက်တိဖြစ်ကုန်တယ်။ ဒီမှာမှ သိကြားက သင်္ကြန်အကျမှာ လူ့ပြည်ကိုလာတယ် ၊ သင်္ကြန်အတက်မှာ ပြန်တယ် ။ သင်္ကြန်အကြတ်မှာတော့ သူဘယ်မှာ တည်းခိုတယ်။နားတယ် ၊ကစားတယ် မပါပါဘူး။ ဘာကိုင်လာတယ်၊ညာကိုင်လာတယ် ..ဆိုတာတွေကလဲ ရှိသေးတယ်။ ဒါက ဇာတ်လမ်းတစ်ခုပေါ့ ။

သင်္ကြန်ဆိုတာ

ကမ္ဘာပေါ်ရှိ ယဉ်ကျေးသောလူမျိုးတိုင်း နှစ်ဟောင်းကုန်၍ နှစ်သစ်ကူး သည်ကို အလေးအမြတ်ထားကြသည်။ မိမိတို့ ယဉ်ကျေးမှုရိုးရာဓလေ့ ထုံးစံ အလိုက် နှစ်သစ်ကူးပွဲတော်များ ကျင်းပကြ၍ နှစ်ဆန်းနှစ်သစ်ကို ကြိုဆိုလေ့ ရှိကြသည်။ မြန်မာတို့က ယင်းနှစ်သစ်ကူးပွဲ ကို သင်္ကြန်ပွဲ တော် ဟုခေါ်၏။ သင်္ကြန်သည် မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာ ယဉ်ကျေးမှုနှင့်အတူ ပေါ်လာသော နှစ်သစ်ကူး ပွဲတော်ဖြစ်သည် ဟု ဆိုကြပါသည်။

သင်္ကြန်သည် မြန်မာ့ရိုးရာ ယဉ်ကျေးမှု တစ်ခုဖြစ်သည်။ အမှန်ဆိုရလျှင် သင်္ကြန်သည် မြန်မာ့ယဉ်ကျေးမှု စစ်စစ်မဟုတ်။ ဟိန္ဒူယဉ်ကျေးမှုကို မွေးစားထားခြင်းဖြစ်သည်။ သင်္ကြန်သည် မင်္ဂလာ ၁၂ ပါးထဲမှ တစ်ပါး ဖြစ်ပါ၏။ ဤ မင်္ဂလာ ၁၂ ပါးသည်ပင် ဟိန္ဒူယဉ်ကျေးမှု ဖြစ်ပါ၏။ နှစ်ကူးသင်္ကြန်၊ လကူး သင်္ကြန်၊ ရက်ကူး သင်္ကြန် စသဖြင့် ဖြစ်ပါသည်။ သို့သော် တစ်လနှင့် တစ်လ၊ တစ်ရက်နှင့် တစ်ရက် ကူးပြောင်းခြင်းများ အစား တစ်နှင့်တစ်နှစ် ကူးပြောင်းခြင်းကိုသာ သင်္ကြန် ဟု လူသိများပါသည်။

သင်္ကြန်ဟူသော ဝေါဟာရသည် သင်္ကန္တခေါ် ပါဠိ၊ သင်္ကြ န္တခေါ် သက္ကတဘာသာမှ သက်ဆင်းလာသော ဝေါဟာရ ဖြစ်သည်။ သင်္ကန္တ၊ သင်္ကြ န္တဟူ သည် ကူးပြောင်းခြင်းဟု အနက်အဓိပ္ပါယ်ရလေသည်။ တပေါင်းလတွင် မြန်မာနှစ် တစ်နှစ်ကုန်ဆုံးကာ နှစ်ဟောင်းကုန်၍ တန်ခူးလတွင် နှစ်သစ်ကြုံရ သောကာလ၊ နှစ်သစ်ကူးပြောင်းသောကာလဟု ဆိုလိုရင်း ဖြစ်သည်။ နွေရာသီ၏ အပူဒဏ်ကို သင်္ကြန်ရေဖြင့် အေးမြစေသည်။ နှစ်ဟောင်းမှ အညစ် ကြေးများကို သင်္ကြန်ရေဖြင့် ဆေးကြောသစ်လွင် တောက်ပသန့်စင်လာစေသည်။

မြန်မာပြက္ခဒိန်အဖို့ နှစ်ဆန်း ၁ ရက်နေ့သည် နှစ်ဆန်းတစ်ရက် နေ့သာ ဖြစ်ပြီး တန်ခူးလဆန်း ၁ ရက်နေ့ မဟုတ်ပါ။

မြန်မာ့ယဉ်ကျေးမှုအယူအဆ အရ နှစ်သစ်ကူး သင်္ကြန်ကျချိန်၌ သိကြားမင်းသည် တာဝတိံသာနတ်ပြည်မှ လူ့ပြည်သို့ ခေတ္တဆင်းသက် လာသည် ဟု ယုံကြည်ကြသည်။ သိကြားမင်း လူ့ပြည်ဆင်းချိန်ကို သင်္ကြန်စ၍ ကျသည်ဟု ယုံကြည်လက်ခံသည်။ သိကြားမင်းမဆင်းမီ တစ်ရက်အလို တွင် သိကြားမင်းကို ကြိုဆိုသောအားဖြင့် အတာအိုးများတွင် ပန်းများထိုးပြီး ကြိုဆိုလေ့ရှိသည်။ ယင်းကို သင်္ကြန်အကြိုနေ့ဟု သတ်မှတ်ထားကြသည်။

သိကြားမင်းဆင်းလာသော သင်္ကြန်ကျချိန်တွင် ဆဲဆိုခြင်း မပြုကြရန်၊ မကောင်းမှု မပြုလုပ်ကြရန်၊ ကုသိုလ်ကောင်းမှုပြုကြရန်၊ သက်ကြီးဝါကြီး များကို ပူဇော်ကန်တော့ရန် ဆုံးမထားသည်။

သိကြားမင်း နတ်ပြည်သို့ပြန်တက်ချိန်ကို သင်္ကြန်အတက် ဟု သတ်မှတ်ကြသည်။ နှစ်သက်ကူး သိကြားမင်း လူ့ပြည်သို့ဆင်းလာသည့်အခါ တွင် ကျွဲ၊နွား စသော သတ္တ၀ါ တစ်ကောင်ကောင်ကို စီး၍ ဖြစ်စေ၊ လှံ၊ မီးရှူးတိုင် စသည့် ၀တ္ထုပစ္စည်းတစ်ခုခုကို ကိုင်ဆောင်၍ဖြစ်စေ ဆင်းလာ လေ့ရှိသည်ဟု ယုံကြည်ကြသည်။