ဒီနေရာလေးကို

Wednesday, March 23, 2011

ရေပက်ဖျန်းကစားခြင်း ဓလေ့

မြန်မာတို့ နှစ်သက်ကူးတွင် ရေပက်ဖျန်း ကစားကြသည်။ ယင်း ယဉ်ကျေးမှု ဓလေ့သည် တဂေါင်းခေတ်ကပင် ပေါ်ခဲ့သည်ဟု ဆိုရပါမည်။ ပုဂံခေတ်၌ မြန်မာမင်းတို့သည် သကျသာကီဝင်မင်းတို့၏ ဓလေ့ထုံးစံ အတိုင်း ရေပက်ဖျန်းကစားလေ့ရှိကြသည်ကို တွေ့ရသည်။ မှန်နန်းရာဇ၀င် ၌ နရသီဟပတေ့ (ခေါ်) ပုဂံမင်းသည် နွေလအခါ ဧရာဝတီမြစ်ဆိပ်တွင် မင်းတဲ လုံခြုံစွာ ဆောက်၍ နန်းတော်မှ မြစ်ဆိပ်အရောက် လူသူမမြင် သော တဲနန်းဥမင်ဖြင့် ကြွတော်မူ၍ မိဖုရားမောင်းမမိဿံ တို့နှင့်အတူ ရေဖျန်းသဘင် ဆင်ယင်ကျင်းပသည် ဟုရေးသားထားသည်ကို တွေ့ရပါသည်။

ရေပက်ဖျန်းခြင်း ဓလေ့ကို မည်သို့ အဓိပ္ပါယ်ဖွင့်၍ ယူကြစေကာမူ ယနေ့မြန်မာတို့ကမူ နှစ်သစ်ကူးမင်္ဂလာအချိန်တော်တွင် တစ်ဦးနှင့် တစ်ဦး ရေပက်ကစား ကြခြင်းသည် -

* အေးမြကြည်လင်ခြင်း
* အညစ်အကြေးကိုဆေးကြောခြင်း
* ရေကိုသား၍ အာကားမထင်ဘဲ ဆက်စပ်နေသကဲ့သို့ တစ်ဦးနှင့်တစ်ဦး မေတ္တာသက်ဝင်၍ ချစ်ခင်ခြင်း၊ စည်းလုံးညီညွတ်ခြင်း ဟူသော နေရနိမိတ် သုံးပါးကိုယူ၍ ရေပက်ဖြန်းကစားလေ့ရှိကြသည်။

No comments:

Post a Comment