ဒီနေရာလေးကို

Friday, October 8, 2010

ဗိုက်အောင့် ဝေဒနာရှင်များအတွက်

ဗိုက်အောင့်ခြင်း ဝေဒနာကို ခံစားဖူးတဲ့ သူတိုင်း သိကြမှာပါ။ ဒီဝေဒနာဟာ
တကယ်ခံစားနေရတဲ့ အချိန်ဆိုရင် မလှုပ်ရဲ မရှားရဲနဲ့ တကယ့်ကို အလုပ်ပျက်
အကိုင်ပျက်ပါပဲ။ အရမ်းနာနေတဲ့ ခံစားချက်ဟာ ပိုပို တိုးလာမလားဆိုပြီး
အသက်ရှူသံ တစ်ချက်နဲ့ တစ်ချက်ကြားမှာတောင် ရဲရဲ မရှူရဲလောက်အောင်
ဆိုးပါတယ်။ ဒီလို အချိန်မှန်မှန် ဗိုက်အောင့်တတ်တဲ့ ရောဂါကို
အစာလမ်းကြောင်း ပြည်တည်နာ (Peptic Ulcer) လို့ခေါ်ပါတယ်။

ဗိုက်အောင့်စေတဲ့ နောက်ခံ ရောဂါ အကြောင်းတရား အမျိုးမျိုး ရှိပေမယ့် (၁)
နာသောနေရာကို သတ်သတ်မှတ်မှတ် လက်ညှိုးနဲ့ ညွှန်ပြလို့ ရခြင်း (၂)
ကာလအတန်ကြာ ပျောက်သွားလိုက် ပြန်ဖြစ်လိုက် ခဏခဏ ဖြစ်နေခြင်း (၃)
နာကျင်ခြင်းသည် အစာစားလိုက်ခြင်းနဲ့ ဆက်စပ်နေခြင်း စတဲ့ အချက်(၃)
ချက်စလုံး ရှိနေတယ် ဆိုရင်တော့ သေချာပေါက် အစာလမ်းကြောင်း ပြည်တည်နာ
(Peptic Ulcer) လို့ ပြောနိုင်ပါတယ်။

ဒီရောဂါကို အစာအိမ်ပြည်တည်နာ (Gastric Ulcer) နဲ့ အူသိမ်ပြည်တည်နာ
(Duodenal Ulcer) ဆိုပြီး နှစ်မျိုး ခွဲခြားထားပါတယ်။ ဝေဒနာပုံစံမှာ
သိသိသာသာ ကွဲပြားပါတယ်။

(၁) အစာအိမ်ပြည်တည်နာက အရှိုက်နေရာနဲ့ အစာအိမ်ရှိတဲ့ နေရာတွေမှာ နာပါတယ်။ သူက
အစာစားလိုက်တာနဲ့ ဖြစ်တာပါပဲ။
အလွန်ဆုံး အစာစားပြီး နာရီဝက်လောက်အတွင်း နာလာတတ်ပါတယ်။ အစာစားပြီး
နာတယ်ဆိုတဲ့ အချက်က အသိသာဆုံး ဖြစ်ပါတယ်။ ဒိုင်ဂျင်း၊ ခရေးမေးလ်အက်စ် စတဲ့
အက်ဆစ်ကို သက်သာအောင် လျှော့ပေးတဲ့ ၀ါးစားရတဲ့Antacids တွေသောက်ရင်
ထူးထူးခြားခြား မသက်သာလှပါဘူး။

(၂) အူသိမ်ပြည်တည်နာက နာတဲ့နေရာချင်း တူပေမယ့် သူက ဗိုက်ဆာရင် အစာချေရည်တွေ
ထွက်လာရင်
နာလာတတ်တဲ့ ဝေဒနာဖြစ်ပြီး သိသာတဲ့ လက္ခဏာတစ်ခုအနေနဲ့ အစာစားလိုက်မှ
သက်သာသွားပါတယ်။ Antacids တွေ ၀ါးစားလိုက်ရင် သိသိသာသာ သက်သာသွားပါတယ်။
ညတစ်ရေးနိုး ဗိုက်ဆာပြီး ထအောင့်ရင် သေချာပေါက် အူသိမ်ပြည်တည်နာ ဖြစ်နေပြီ
ဖြစ်ပါတယ်။
ဒါဆိုရင် ဘယ်လိုကုကြမလဲ။ ကျွန်တော့်ရဲ့ ဒီဆောင်းပါးမှာ ဒီရောဂါတွေအကြောင်း
တစ်စေ့တစ်စောင်း ဖော်ပြပေးသွားမှာ ဖြစ်ပြီး
ဆေးခန်းသွားစရာ မလိုတော့ဘဲ နှစ်ပေါင်း သုံးလေးဆယ် ဖြစ်လာလဲ
ပျောက်သွားအောင် သောက်လို့ရတဲ့ ဆေးပုံစံကို
မက်ဖန်ပရိသတ်များအတွက်ဖော်ပြပေး
မှာပါ။

ဒီရောဂါ နှစ်မျိုးစလုံးဟာ မိန်းတွေမှာထက် ယောက်ျားတွေမှာ ၂ဆကနေ ၅ဆ
ပိုဖြစ်လေ့ရှိတာ တွေ့ရမှာ
ဖြစ်ပါတယ်။အစာအိမ်ပြည်တည်နာထက် အူသိမ်ပြည်တည်နာက ပိုအဖြစ်များပါတယ်။
ထူးထူးခြားခြား “ O “ သွေး သမားတွေမှာ ပိုဖြစ်ကြတာ တွေ့ရပါတယ်။
ဖြစ်ရတဲ့ အကြောင်းရင်းတွေက
(၁) အကိုက်အခဲပျောက်ဆေးများ ရေရှည်စွဲသောက်ခြင်း
(၂) ဆေးလိပ်သောက်ခြင်း (အစာအိမ်နာကို ပိုဖြစ်စေပါတယ်။ ဖြစ်ပြီးသား
အနာတွေကိုလည်း အနာကျက် နှေးစေပါတယ်။
(၃) စိတ်ဖိစီးမှုများသော၊ စိတ်မြန်လက်မြန် ဒေါသကြီးသော စိတ်အခြေအနေရှိခြင်း
(၄) အစာချေရည် အက်ဆစ်ဓာတ်များ လွန်ကဲစွာ ထွက်စေသော အစားအစာများ (ကော်ဖီ၊
လက်ဖက်၊ အရက်၊ မဆလာ စသည်တို့ကို) ရက်ဆက် စားသုံးခြင်း
(၅) Helicobacter pylori အမည်ရှိ ဘက်တီးရီးယား အစာအိမ်လမ်းကြောင်းတွင်
ကူးစက်ခံရခြင်း
ဒီပိုးကိုတွေ့ရှိတာ ဘယ်လောက်မှ မကြာသေးပါဘူး။ ဒီပိုးဟာ ဘယ်လောက်
ဆိုးဝါးအစွမ်းထက်သလဲဆိုရင် အစာချေရည်ရဲ့ ဟိုက်ဒရိုကလိုရစ် အက်ဆစ် (HCl)
ထဲမှာတောင် အေးဆေး အသက်ရှင်နိုင်ပါတယ်။ သူက အစာလမ်းကြောင်းနဲ့ အစာအိမ်ရဲ့
မျက်နှာပြင်ဆဲလ်တွေမှာ တွယ်ကပ် ပေါက်ပွားနေထိုင်ပါတယ်။ ဒီပိုးဟာ
စတင်တွေ့ရှိခဲ့တုန်းက ပညာရှင်တွေကိုယ်တိုင် အံ့အားသင့်သွားစေတဲ့
အသက်ပြင်းတဲ့ ပိုးဖြစ်ပါတယ်။

ဒီပိုးက မသန့်တဲ့ အစားအသောက် လမ်းဘေးအစားအသောက် ပန်းကန်ခွက်ယောက်တွေက တစ်ဆင့်
အများဆုံး ကူးတယ်လို့
သိရပါတယ်။ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ ပိုအဖြစ်များပါတယ်။


ရှေးယခင်က ဒီရောဂါဖြစ်တဲ့ လူနာတွေမှာ အကြောင်းရင်း အမှတ် (၁) ကနေ (၄)
အထိပဲ စဉ်းစား ကုသပေးခဲ့ပေမယ့် တကယ်တမ်း လိုက်စစ်ဆေးကြည့်လိုက်တော့ ၉၀%
သော အစာအိမ်ပြည်တည်နာတွေနဲ့ ၇၀% သော အူသိမ်ပြည်တည်နာတွေဟာ ဒီပိုးကြောင့်
မပျောက်နိုင်တော့တာ တွေ့ရပါတယ်။ ဒီပိုးက အနာတွေကို ပိုဆိုးစေပြီး
နောက်ဆုံး ကင်ဆာအဖြစ် ပြောင်းသွားစေပါတယ်။ (အထူးသဖြင့် အူသိမ်အနာထက်
အစာအိမ်အနာက ကင်ဆာပြောင်းဖို့ အခွင့်အလမ်း အရမ်းများပါတယ်။
ကင်ဆာပြောင်းတာကျတော့ “A” သွေးသမားတွေ ပိုများပါသတဲ့ ) ဒီပိုးဟာ
အက်ဆစ်ဓာတ်ကိုလဲ များလာစေလို့ အနာက မပျောက်တော့ဘဲ မကုသရွေ့ တစ်သက်လုံး
ဖြစ်သွားမှာပဲ ဖြစ်ပါတယ်။

နောက်ဆက်တွဲတွေအနေနဲ့ အနာဖြစ်လိုက် အမာရွတ်တက်လိုက် သံသရာလည်တာ ကြာလာရင်
ကင်ဆာပြောင်းသွားမယ်၊
ပေါက်ထွက်သွားခြင်း၊ အစာအိမ် ထွက်ပေါက်ပိတ်ခြင်း၊ သွေးထွက် သွေးအန်
သွေးဝမ်းသွားခြင်း စတာတွေ ဖြစ်လာမှာ ဖြစ်ပါတယ်။

ဒီလို ဗိုက်အောင့်တာ ကြာလာလို့ တွေ့ကရာ ကွမ်းရာဆိုင်က ဆေးတွေ သောက်၊
ရမ်းကုတွေနဲ့
ဆေးမြီးတိုတွေနဲ့ ကုနေကြပြီး မပျောက်ဘဲ အခြေအနေပိုဆိုးလာနေတဲ့ လူတွေ
တော်တော်များပါတယ်။

ပိုဆိုးတာက ရမ်းကုက ဗိုက်နာတာ အကိုက်အခဲ ပျောက်ဆေး ထပ်ပေးလိုက်လို့
အစာအိမ်အကွင်းလိုက် ပေါက်ထွက်ပြီး
ဆေးရုံရောက်လာတဲ့သူတွေ ကျွန်တော့်အတွေ့အကြုံမှာတောင် မနည်းတော့လို့
ဒီဆောင်းပါးကို ရေးရခြင်း ဖြစ်ပါတယ်။ (ကြားဖြတ် ပြောရရင် မြန်မာတိုင်းရင်း
အစာအိမ်ဆေးများဟာလဲ နွယ်ချိုများစွာ ပါဝင်တဲ့အတွက် သွေးတိုးတတ်တဲ့
သူများအတွက် လုံးဝမသင့်တော်ပါဘူး)

ဒီပိုးကို စစ်တဲ့ Investigation တွေက 13C Urea Breath Test, Serological
Test, Rapid Urease Test, Culture စသဖြင့် ရှိပြီး အတန်သင့်
ဈေးကြီးလှပါတယ်။ ဒီတော့ ဆရာဝန်တစ်ယောက်အနေနဲ့ မတတ်နိုင်ပါဘူးဆိုတဲ့
လူနာကို ဒါတွေ စစ်ခိုင်းဖို့ ဘယ်လိုပြောရပါ့မလဲ။ ဒါကတစ်ချက်…..။

နောက်ပြီး ခန့်မှန်းခြေ ၈၀% ခန့်သော ဗိုက်အောင့်သူအားလုံးမှာ ဒီ H.pylori
ပိုး ရှိနေပြီး ကျန်တဲ့ ၂၀% ကလဲ ပြည်တည်အနာရှိလာပြီဆိုတာနဲ့ မကြာခင်
ဒီပိုးဝင်လာတော့မှာမို့ အောက်ပါဆေးနည်းပုံစံအတိုင်း ၁၄ ရက်
တန်းပေးလိုက်ကြပါတယ်။ တကယ်လဲ ထိရောက်စွာ ကုသပျောက်ကင်းသွားတာ ကမ္ဘာနဲ့
အ၀ှမ်း လက်တွေ့ပါပဲ။ နှစ်ရှည်လများ နှစ်၃၀ ကျော် အောင့်လာတဲ့သူတောင်
ဒီဆေး၁၄ ရက်နဲ့ အမြစ်ပြတ်ပျောက်ကင်းသွားတာ ကျွန်တော့် ကိုယ်တွေ့ပါပဲ။
ဒီဆေးနည်း ကုထုံးဟာ ဆေးခန်းတွေမှာပဲ ရနိုင်တဲ့ ဆရာဝန်တွေပဲ သိတဲ့
ဆေးနည်းကောင်းတစ်လက် ဖြစ်လို့ တကယ်ဘေးကင်းပြီး ထိရောက်တဲ့ ဆေးညွှန်းဖြစ်လို့
ငွေရေးကြေးရေးနဲ့ တွက်ရင် ဘယ်လောက်တန်မလဲ စဉ်းစားသာကြည့်တော့။

ဒါဖြင့် ကျွန်တော်က ဘာလို့ ဒီလို လျှို့ဝှက်ချက်ကို
ထုတ်ဖော်ချပြရသလဲဆိုတော့ ပြည်သူ့အကျိုးအတွက်ပါ။ ကျွန်တော်တို့နိုင်ငံမှာ
ဆရာဝန် လုံလုံလောက်လောက် မရှိတဲ့ နေရာတွေ အများကြီးပါပဲ။ ဆရာဝန်
ရှိပြန်ဦးတော့ လိုအပ်ချက်တွေနဲ့ တစ်ဝမ်းတစ်ခါး ရှာစားနေကြရတဲ့ အတွက်
ဆေးကုခ မရှိဘဲ တွေ့ကရာ ဒိုင်ဂျင်းလေးဝါးပြီး ဆေးမြီးတိုလေး သောက်ပြီး
ရုန်းကန်လှုပ်ရှား အသက်ဆက်နေကြရတဲ့ သူတွေအတွက် အွန်လိုင်းပေါ်ကနေ
တတ်စွမ်းသလောက် ကူညီပေးခြင်း ဖြစ်ပါတယ်။ ဝေဒနာရှင်များကို လက်ဆင့်ကမ်း
ပေးကြပါလို့ မေတ္တာရပ်ခံပါတယ်။
*
သောက်ရန် ဆေးညွှန်း*
*Omezprazole 40 mg
Clarithromycin 500 mg
Amoxicillin 500 mg
Metronidazole 400 mg*

ကြို့ထိုးခြင်းအကြောင်း သိကောင်းစရာ

ကြို့ထိုးခြင်းကို လူတိုင်းခံစားဖူးကြမှာပါ။ ကြို့ထိုးခြင်းကို ဆေးပညာမှာ ၄၈ နာရီအောက် ကြို့ထိုးခြင်း၊ ၄၈နာရီကြာအောင် ကြို့ထိုးခြင်း နဲ့ ၁လကြာအောင် ကြို့ထိုးခြင်းရယ်လို့
၃မျိုးခွဲခြားထားပါတယ်။ မွေးကင်းစမှ အသက်အရွယ်မရွေးထိ ဖြစ်ပွါးနိုင်ပြီး အမျိုးသားတွေက
အမျိုးသမီးတွေထက်ပိုမို အဖြစ်များတယ်လို့ ဆိုကြပါတယ်။မနက်ပိုင်းထက် ညနေပိုင်းအချိန်တွင်
အများဆုံးကြို့ထိုးလေ့ရှိပြီး တစ်မိနစ်လျှင်
၅ ကြိမ်မှ အကြိမ် ၆၀ ခန့်ထိဖြစ်ပွါးတတ်ပါတယ်။

ကြို့ထိုးခြင်း ဘာကြောင့်ဖြစ်ပေါ်လာရသလဲဆိုရင် Diaphragm လို့ခေါ်တဲ့ ၀မ်းဗိုက်နဲ့ ရင်ဘတ်ကို ပိုင်းခြားထားတဲ့ ရင်ဝမ်းကြွက်သားရဲ့ ရုတ်တရက် အဆက်မပြတ် ကျုံ့မှုကြောင့်
ကြို့ထိုးခြင်း ဖြစ်ပေါ်လာတယ်လို့ ဆိုပါတယ်။ လူတွေအသက်ရှုသွင်းလိုက်တဲ့အခါမှာ ရင်ဝမ်းခြားကြွက်သားဟာ
ကျုံ့ကာ အောက်ကိုဆင်းသွားပြီး အသက်ရှုထုတ်လိုက်တဲ့အခါမှာ အပေါ်ကိုတက်လာပါတယ်။ ရင်ဝမ်းခြားကြွက်သားရဲ့
လှုပ်ရှားမှုကို ထိန်းချုပ်ထားတာက Phrenic nerve ဆိုတဲ့ အာရုံကြောပါ။ အဲဒီ အာရုံကြောကို
လှုံဆွမိတဲ့ အခါ ရင်ဝမ်းခြားကြွက်သားကို ကျုံ့ပြီးတောင့်တင်းလာစေတာကြောင့် အသက်ရှုနှုန်းဟာ
တိုပြီးမြန်လာပါတယ်။ အဲဒီအခါမှာ epiglottis လို့ ခေါ်တဲ့ လေပြွန်ဖုံးက ရုတ်တရက် ခဏခဏပိတ်သွားပြီး
ကြို့ထိုးတဲ့ အသံဆိုတာ ဖြစ်ပေါ်လာတယ်။ ဒါပေမယ့် ကြို့ထိုးခြင်းဖြစ်ပေါ်ပုံအတွက် တိကျပြည့်စုံတဲ
့အဖြေကိုတော့ ဘယ်သူမှ မပြောနိုင်သေးပါဘူး။

ကြို့ထိုးစေတဲ့ အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ အရက်သောက်ခြင်း၊ အစာတွေ အများကြီးစားပြီး အစာအိမ်တင်းနေခြင်း၊ အစားအစာကို အလျင်စလို အမြန်စားလိုက်ခြင်း၊
ရင်ပြည့်ရင်ကယ်ခြင်းတို့ကြောင့် ကြို့ထိုးခြင်းကို ခံစားရတတ်ပါတယ်။ပူတဲ့စပ်တဲ့ အစာတွေနဲ့
ပြည့်တင်းနေတဲ့ အစာအိမ်က phrenic nerve ကို လှုံ့ဆွတဲ့အတွက် ကြို့ထိုးလာခြင်းဖြစ်ပါတယ်။
ဒါ့အပြင် ကျောက်ကပ်မကောင်း၍ သွေးထဲတွင် urea တက်နေခြင်းကြောင့်လည်း ကြို့ထိုးစေနိုင်ပါတယ်။မေ့ဆေးပေးပြီး
ခွဲစိတ်ခံတဲ့ လူနာတွေမှာလည်း ကြို့ထိုးခြင်းကို ခံစားရသလို ရင်ဝမ်းခြားကြွက်သားကို
လှုံ့ဆွစေတတ်သော ရောဂါများဖြစ်သည့် ရင်ဝမ်းခြားကြွက်သားအောက်တွင် ပြည်တည်ခြင်း၊ နှလုံးသွေးကြောပိတ်ခြင်း၊
နှလုံးအမြှေးပါးရောင်ခြင်း စတဲ့ ရောဂါတွေဟာလည်း ကြို့ထိုးခြင်းကို ဖြစ်ပေါ်စေတတ်ပါတယ်။
စိတ်လှုပ်ရှားခြင်း၊ စိတ်ဖိစီးမှုများခြင်း ကြောက်ရွံ့ခြင်းတို့ကြောင့်လည်း တခါတရံကြို့ထိုးတတ်သလို
သွေးတွင်း သကြားဓါတ်များနေခြင်းနှင့် ဆိုဒီယမ်
၊ ပိုတက်စီယမ်နဲ့ ကယ်လ်စီယမ်ပမဏ နည်းတဲ့အခါမှာလည်း ကြို့ထိုးနိုင်ပါတယ်။ Dexamethasone
ကဲ့သို့သော စတီးရွိုက်ဆေးဝါးများနဲ့ Diazepam ဆေးဝါးများကို သုံးစွဲပါကလည်း ကြို့ထိုးစေနိုင်ပါတယ်။

ကြို့ထိုးခြင်းဟာ ၄၈နာရီထက်ပိုမကြာဘူးဆိုရင်တော့ ဆရာဝန်နဲ့ ပြသစရာမလိုဘဲ အလွယ်တကူ ပျောက်ကင်းနိုင်ပါတယ်။ ဒါပေမယ့် ၄၈ နာရီထက်ပိုကြာမယ်ဆိုရင်တော့ ရောဂါတခုခုကြောင့်
ကြို့ထိုးခြင်း ဖြစ်ပေါ်တာဖြစ်နိုင်တဲ့ အတွက် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ ဥပမအားဖြင့် အစာအိမ်ရောင်ခြင်း၊
အူသိမ် ပိတ်နေခြင်း၊ သွေးတွင်းသကြားဓါတ်များစေတဲ့ ဆီးချိုရောဂါ၊ ကျောက်ကပ် အလုပ်မလုပ်ခြင်းနှင့်
ဦးနှောက်အမြှေးပါးရောင်ခြင်း စတဲ့ ရောဂါတွေကြောင့်
ဖြစ်နေနိုင်ပါတယ်။

ကုသမှုပိုင်းအနေနဲ့ ၄၈နာရီအောက်သာ ကြာမြင့်တဲ့  ကြို့ထိုးခြင်းတွေအတွက် ထွေထွေထူးထူး ကုသစရာမလိုအပ်ပါဘူး။ ဒါပေမယ့် ကြို့ထိုးခြင်း အမြန်သက်သာစေတဲ့ နည်းလမ်းလေးတွေတော
့ရှိပါတယ်။ ရှောက်သီးစိတ် တစ်စိတ်လောက်ကိုက်ပေးခြင်း၊ ရေခဲရေကို နည်းနည်းချင်း မကြာခဏ
သောက်ပေးခြင်း၊ သကြားအနည်းငယ်ကို မျိုချခြင်း၊ အသက်ရှုခဏအောင့်ထားခြင်း၊ လျှာကိုရှေ့သို့ထုတ်ခြင်း၊
ကျွတ်ကျွတ်အိတ် သို့မဟုတ် စက္ကူအိတ်ကို နှာခေါင်းနဲ့ ပါးစပ်တွင်စွပ်၍ ခဏတဖြုတ်အသက်ရှုပေးခြင်း၊
ရှေ့ဘက်သို့ ခါးအနည်းငယ်ကိုင်း၍ ထိုင်ခြင်း၊ ရုတ်တရက် ထိတ်လန့်သွားအောင် လုပ်လိုက်ခြင်း
စသည်ဖြင့်ကြို့ထိုးပျောက်ကင်းအောင် လုပ်လို့ ရတဲ့  နည်းလမ်းတွေ အများကြီးရှိပါတယ်။
နာတာရှည် ကြို့ထိုးခြင်းအတွက် Chlorpromazine ဆိုတဲ့ဆေးကလည်း အထောက်အကူပြုပါတယ်။ ဒါပေမယ့်
ဆရာဝန်ရဲ့ ညွှန်ကြားချက်မပါဘဲနဲ့ တော့ လုံးဝမသောက်သုံးသင့်ပါဘူး။ အအန်ပျောက်ဆေးဖြစ်တဲ့
Metoclopramide (mexalon) ဆေးဝါး ၁၀ မီလီဂရမ်ကို တစ်နေ့ သုံးကြိမ်သောက်ခြင်းဖြင့်လည်း
ကြို့ထိုးခြင်းကို သက်သာစေနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ၂ရက်ထက်ကျော်ပြီး ကြို့ထိုးနေမယ်ဆိုရင်တော့
ဆရာဝန်နဲ့ ပြသပြီးလိုအပ်တဲ့  စစ်ဆေးကုသမှုတွေ ခံယူသင့်ပါတယ်။

ကြို့ထိုးခြင်းကို ကာကွယ်ဖို့အတွက်ကတော့ အရက်မသောက်ပါနဲ့၊ gas ပါတဲ့ အရည်များ လျှော့သောက်ပါ။ တကြိမ်ထဲနှင့် အလွန်အမင်း ဗိုက်ပြည့်လွန်းအောင် မစားပါနဲ့။
အစာစားရင်လည်း အလျင်စလိုမြန်မြန်မစားပါနဲ့။ ဖြေးဖြေးချင်းစားပါ။ အကယ်၍ ရောဂါ အခံတစ်ခုခု
ရှိနေပြီး ကြို့ထိုးခြင်းက ၂ ရက်ထက်ပိုကြာနေပြီဆိုပါက ဆရာဝန်နှင့်ပြသပြီး လိုအပ်သော
ကုသမှုများကို ခံယူပါလို့  တိုက်တွန်းလိုက်ပါတယ်။

လေးစားစွာဖြင့်…

ဒေါက်တာအောင်အောင်

မျက်ကွင်းညိုခြင်း

မျက်ကွင်းညိုခြင်းဟာ တကယ်တော့ ရောဂါတစ်ခုမဟုတ်ပါဘူး။ မျက်လုံးနားက အသားအရေဟာ မျက်နှာပြင်ရှိ တခြားအသားအရေများထက် ပိုပြီးတော့ ပါးလွှာပါတယ်။ မျက်လုံးပတ်ပတ်လည်မှာ အာဟာရပြု ထောက်ပံ့ နေတဲ့ သွေးကြောလေးတွေက
အင်မတန်သေးငယ်ပြီး အဲဒီဆံချည်မျှင် သွေးကြောလေးတွေထဲမှာရှိတဲ့  ဟေမိုဂလိုဘင်(
Hemoglobin) များပျက်စီးဆုံးရှုံးခြင်းမှ ထွက်ပေါ်လာတဲ့ ရလာဒ်တစ်ခုသာဖြစ်ပါတယ်။ ဒါကြောင့်မို့
မျက်လုံးပတ်လည်ကိုထိခိုက်မိခြင်း ( ဥပမာ - လက်သီးဖြင့်အထိုးခံရခြင်း) တို့ တွင် သွေးကြောများပျက်စီးခြင်းကြောင့်
မျက်လုံး ပတ်ပတ်လည်မှာ အညိုအမဲစွဲနေခြင်းဖြစ်ပါတယ်။ မျက်လုံးပတ်ပတ်လည်ရှိ အရေပြားများမှာ
အင်မတန် နူးညံ့ပြီး ပါးလွှာလွန်းတဲ့အတွက် အနည်းငယ်ထိခိုက်မိရုံနဲ့ အညိုအမဲစွဲနေနိုင်ပါတယ်။
မျက်လုံးတ၀ိုက်တွင် ထိခိုက်မခံရပေမယ့်လည်း မျက်ကွင်းညိုခြင်းဟာ အောက်ပါ အကြောင်းအရာများကြောင့်
ဖြစ်စေနိုင်ပါတယ်။

၁။ မျိုးရိုးလိုက်ခြင်း

၂။အိုမင်းရင့်ရော်လာခြင်း

၃။နေရောင်ခြည်နှင့် မကြာခဏထိတွေ့ခြင်း

၎။ နေ့စဉ်ရက်ဆက် ပင်ပန်းနွမ်းနယ်ခြင်း

၅။ စိတ်ဖိစီးမှုများခြင်း

၆။နှင်းခူ ကဲ့သို့သောဓါတ်မတည့်သည့်ရောဂါများရှိနေခြင်း

၇။ ထိပ်ကပ်နာကဲ့သို့သော နှာခေါင်းနှင့်ပတ်သတ်သော ရောဂါများရှိခြင်း


၈။ရေဓါတ်ခန်းခြောက်ခြင်း

၉။ ကွန်ပျူတာ ၊တီဗွီမှန်သားပြင်ရှေ့တွင် အချိန်အတော်ကြာ အာရုံစိုက်၍အလုပ်လုပ်ခြင်း စသည်ဖြင့် အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ပါတယ်။

အထက်တွင် ပြောခဲ့သလိုပဲ မျက်ကွင်းညိုခြင်းဟာ စိုးရိမ်စရာ ရောဂါတစ်ခုမဟုတ်ပါ။ မျက်နှာတွင်ဖြစ်ပေါ်နေခြင်းကြောင့်သာ အလှအပအတွက် အနည်းငယ် စိတ်ရှုပ်စရာဖြစ်ပေမယ့် မျက်ကွင်းညိုခြင်းဟာ လူကို ဒုက္ခပေးတဲ့ ရောဂါတစ်ခုတော့
မဟုတ်ပါဘူး။ မျက်ကွင်းညိုခြင်းကို သက်သာစေဖို့အတွက် နည်းလမ်းလေးတွေလည်းရှိပါတယ်။

ရေများများသောက်ပေးပါ။ တနေ့လျှင် အနည်းဆုံး ဖန်ခွက်ကြီး ၈ ဖန်ခွက်မှ ၁၀ ဖန်ခွက်အထိသောက်ပါ။ ရေများများသောက်ခြင်းဖြင့် အသားအရေကို စိုပြေစေပါတယ်။ မျက်စိကို လက်နဲ့ ကြမ်းကြမ်းတမ်းတမ်းမပွတ်မိပါစေနဲ့။ ရေခဲသေတ္တာထဲတွင် အအေးခံထားသော
သခွါးသီး၊ ဒါမှမဟုတ် အာလူးကို အခွံနွှါ၍ အကွင်းလိုက်ပါးပါးလေးလှီးပြီး မျက်စိပေါ်တွင်
တစ်နေ့လျှင်၁၅ မိနစ်ခန့်  တင်ထားပေးပါ။ တခါသောက် (Ready made)လက်ဖက်ခြောက်ထုတ်လေးများကိုလည်း
လွှင့်မပစ်ဘဲ ရေခဲသေတ္တာတွင် အအေးခံပြီး မျက်စိပေါ်တွင် တင်ထားပေးနိုင်ပါတယ်။ ထောပတ်ဆီ
သို့ မဟုတ် သံလွင်ဆီကို မျက်စိဘေးပတ်လည်တွင် ညင်သာစွာပွတ်လိမ်းပေးပါ။ vitamin E ကဲ့သို့သော
ကရင်မ် များကိုလည်း မျက်လုံးပတ်လည်တွင် လိမ်းပေးနိုင်ပါတယ်။ အိပ်ရေး၀၀အိပ်ပါ။ နေ့စဉ်ရက်ဆက်
အိပ်ရေး ပျက်ခြင်းကြောင့်လည်း မျက်တွင်းချိုင့်ပြီး
မျက်ကွင်းညိုသကဲ့သို့ ဖြစ်ပေါ်စေတတ်ပါတယ်။ ဒါကြောင့် ပုံမှန် အိပ်ရေး၀၀ အိပ်ဖို့ လည်း
လိုအပ်လှပါတယ်။ စိတ်ဖိစီးမှုကင်းဝေးပါစေ။ ကွန်ပျူတာရှေ့၊ တီဗွီရှေ့တွင် တထိုင်တည်း အချိန်အတော်ကြာ
မထိုင်မိပါစေနဲ့။ မျက်လုံးကို မကြာဏ အနားပေးပါ။ မျက်စိကို နောင်ရောင်နှင့် တိုက်ရိုက်မထိတွေ့ပါစေနှင့်။
နေရောင်နှင့် ထိတွေ့ခြင်းကြောင့် အရေပြားတွင်
မယ်လနင် (melanin)များပိုမိုထွက်ရှိနိုင်ပြီး မျက်ကွင်းညိုခြင်းကို
ပိုမိုဆိုးစေနိုင်ပါတယ်။ အရည်ရွှမ်းသော အသီးအနှံများနှင့် လတ်ဆတ်သော ဟင်းသီးဟင်းရွက်များကို
များများစားပေးပါ။

အထက်ပါအတိုင်း လိုက်နာလုပ်ဆောင်ပေးမယ်ဆိုပါက မျက်ကွင်းညိုခြင်းကို လျော့ကျ ပျောက်ကင်းစေနိုင်ပါကြောင်း ရေးသားလိုက်ရပါတယ်။

အောင်အောင်

ရီကြမယ်

1.
အင်တာဗျူးတစ်ခုတွင်....
မန်နေဂျာ။ ။ မင်းမွေးနေ့ ပြောပါ
ကိုထုံ ။ ။ အောက်တိုဘာ ၁၃
မန်နေဂျာ။ ။ ဘယ် နှစ်လဲ
ကိုထုံ ။ ။ နှစ်တိုင်း

2.
နိုင်ငံခြားခရီးမှ ပြန်ရောက်လာသော ကိုထုံက သူမိန်းမကိုမေးတယ်...
"ငါက နိုင်ငံခြားသားနဲ့များ တူနေလား"
"တူပါဘူး၊ ဘာလို့ လဲ"
"လန်ဒန်မှာ အမျိုးသမီးတယောက်က ငါ့ကို နိုင်ငံခြားသားလားလို့ လာမေးနေလို့"

3.
အမေရိကန်တိုးရစ် တစ်ယောက်က ကိုထုံကို မေးကြည့်တယ်....
အမေရိကန်။ ။ ဒီရွာမှာ ကြီးကျယ်မြင့်မြတ်တဲ့လူ တစ်ယောက်ယောက်များ မွေးခဲ့ဘူးသလား
ကိုထုံ ။ ။ ဟင့်အင်း...ကလေးလေး တွေဘဲ မွေးတာ

4.
စာသင်ခန်းအတွင်း၌ဖြစ်သည်...
ဆရာ ။ ။ ဂန္ဒီ ဂျရမ်သီ အကြောင်း မှတ်ချက် ရေးပါ
ကိုထုံ ။ ။ ဂန္ဒီ ဟာကြီးကျယ်မြင့်မြတ်တဲ့ ပုဂ္ဂိုလ်တစ်ဦးပါ။ ဂျရမ်သီ ကိုတော့ ကျနော် မသိပါဘူး။


5.
ကိုထုံနဲ့ သူ့ဇနီးသည်တို့ ကားငှားစီးလာစဉ်ဖြစ်သည်။
ကားဒရိုင်ဘာက နောက်ကြည့်မှန်ကို ချိန်နေပါတယ်။ ဒါကိုမြင်တဲ့ကိုထုံက...
"မင်းက ငါ့မိန်းကို ခိုးကြည့်မလို့ပေါ့လေ၊ ဘယ်ရမလဲကွာ...ဖယ်စမ်း ငါမောင်းမယ်၊ ဒီမှာလာထိုင်"


6.
အင်တာဗျူးတစ်ခုတွင်....
မန်နေဂျာ။ ။ မင်းဟာ သုံးထပ်တိုက်ပေါ်ရောက်နေတယ်လို့ စိတ်ကူးကြည့်လိုက်၊ အဲဒီတိုက်ကိုမီးလောင်နေပြီဆိုပါတော့၊ မင်းဘာဆက်လုပ်မလဲ
ကိုထုံ ။ ။ လွယ်လွယ်လေး၊ စိတ်ကူးနေတာကို ရပ်လိုက်မှာပေါ့၊


7.
ကိုထုံ ။ ။ အဲဒီကောင်မလေးက နားလေးနေတယ်ထင်တယ်ကွ
သူငယ်ချင်း ။ ။ ဘာလို့ လဲ
ကိုထုံ ။ ။ ငါက သူ့ကိုချစ်တယ်လို့ပြောတာကို...သူ့ ထီးက အသစ်ကြီးနော် လို့ပြန်ပြောတယ်လေ


8.
စာသင်ခန်းအတွင်း၌ဖြစ်သည်...
ဆရာ ။ ။ ကမ္ဘာပေါ်မှာ ရှေးအကျဆုံး သတ္တဝါကို ပြောပါ
ကိုထုံ ။ ။ မြင်းကျား
ဆရာ ။ ။ ဘာလို့လဲ
ကိုထုံ ။ ။ သူက အဖြူအမဲ ဘဲရှိသေးတယ်လေ...


9.
ကွန်ပြူတာကုမ္မဏီ ၏ အင်တာဗျူးတစ်ခုတွင်....
မန်နေဂျာ။ ။ မင်း MS office ကို သိသလား
ကိုထုံ ။ ။ လိပ်စာသာပေးလိုက်ပါ၊ ရအောင်ရှာသွားလိုက်ပါမယ်...



10.
စာသင်ခန်းအတွင်း၌ဖြစ်သည်...
ဆရာ ။ ။ လိမ္မော်သီး နဲ့ ပန်းသီး ရဲ့ခြားနားချက်ကိုပြောပါ
ကိုထုံ ။ ။ လိမ္မော်သီးရဲ့ အရောင်က လိမ္မော်ရောင်ဖြစ်ပေမယ့် ပန်းသီးရဲ့အရောင်က ပန်းရောင်မဟုတ်ဘူးလေ။

မင်းမြတ်နော်ရထာကို တူးဖော်တွေ့ရှိခြင်း

ပုဂံနှင့်ကျောက်ဆည်။

ကျောက်ဆည်နှင့် ပုဂံ။
မိုင် ၁၂ဝ ကွာဝေးသော ဒေသနှစ်ခု။

ထိုမျှဝေးကွာသော ဒေသနှစ်ခုအား ရေမြေချင်းတစ်သား တည်းကျအောင် ဆက်စပ်ပေးခိုင်ခဲ့သူက ပုဂံပြည့်ရှင် ဘုရင်မင်းမြတ် အနော်ရထာ။

အနော်ရထာသည် ပုဂံနှင့်ကျောက်ဆည်ကို သန်မြင်စွာ စီးတော်ဆင်နှင့် လွန်းထိုးလွန်းပျံ ခရီးရက်ဆက်နှင်၍ ကျောက် ဆည်လွင်ပြင်အလုံး သာသနာ၊ ဘာသာ၊ စစ်မှုရေးရာအဖြာဖြာ နှင့် လူမှုရေး၊ စိုက်ပျိုးရေးတို့ကို နေ့မနား ညမနား ကြိုးပမ်းခဲ့သူ။

စမုံ၊ စမာ၊ ဇော်ဂျီ၊ ပန်းလောင်၊ ဒုတ္ထာဝတီမြစ်တို့ဖြတ် သန်းစီးဆင်းရာ ကျောက်ဆည်လွင်ပြင်တွင် ပင်လယ်၊ ပြည်မနား၊ မြစ်သာ၊ ရမုန်း၊ မြင်းခုံတိုင်၊ ပနန်၊ တမုတ်၊ သင်တောင်း၊ မက္ခရာ၊ တပြက်သာ၊ ခံလူး၊ အမည်များဖြင့် ၁၁ ခရိုင်၊ ခံမြို့ပြ အခိုင်အခံ့ တည်ဆောက်ကာ လယ်ပွဲများ တည်ထောင်ခဲ့သူ။

အနော်ရထာသည် လယ်တွင်း ၁၁ ခံမြို့များ တည်ဆောက်ပြီး ပန်းလောင်မြစ်ရိုးတစ်လျှောက်ရှိ ခံမြို့ကိုးမြို့ အနီးတွင် ရွှေဂူကိုးဆူကိုလည်း တည်ထားသူ။

ထိုရွှေဂူ ကိုးဆူအနက်ထင်ရှားကြသော-

ခံလူးရွှေဂူ(စော်ရဲရွာ)

တမုတ်ရွှေဂူ (ကြောင်ပန်းကုန်းရွာ)

ပနန်ရွှေဂူ(ပနန်ရွာ) မြင်းခုံတိုင်ရွှေဂူ(မရှက်ရွာ)တို့ ဖြစ်ကြသည်။

အနော်ရထာသည် ပုဂံမြေနှင့် ကျောက်ဆည်လွင်ပြင်ကို ထိုကဲ့သို့အဆက်မပြတ် ဆက်စပ်ပေးနိုင်ခဲ့သူဖြစ်သည်။

လယ်တွင်း ၁၁ ခရိုင်တွင် တမုတ်မြို့ဟောင်းသည် ပန်းလောင်မြစ်အရှေ့ဘက်၊ ကြောင်ပန်းကုန်းရွာအနီးတွင်တည် ရှိသည်။ အုတ်မြို့ရိုးဖွဲ့ မြင်းခွာသဏ္ဌာန်မြို့ကွက်ရာ ရှိသည်။ မြို့ကွက် ၂၅ ဧက။ အရှေ့ ၆၉.၁၅ ဒီဂရီ၊ မြောက် ၂ဝ.၆၃၃ ဒီဂရီတွင် တည်ရှိသည်။

တမုတ်ရွှေဂူကြီးတည်ရှိရာမှာ မန္တလေးတိုင်း ဒေသကြီး၊ ကျောက်ဆည်မြို့အနောက်ဘက် ခြောက်မိုင်ကွာ၊ တံတားဦး ကားလမ်းဘေး ကြောင်ပန်းကုန်း၊ ညောင်ပင်ဇောက်၊ ငယ်တိုး ကျေးရွာတို့ အလယ်ဗဟို၊ တမုတ်မြို့ဟောင်းကုန်းအတွင်း အရှေ့တောင်ထောင့်တွင် ရှိသည်။

ထိုရွှေဂူကြီးအား တမုတ်မြို့ဟောင်းကို အစွဲပြု၍ တမုတ် ရွှေဂူကြီးဟု အစဉ်အလာခေါ်ခဲ့ကြသည်။

တမုတ်ဟူသည် အခေါင်အထွတ်၊ တမုတ်ဟူသည် အခေါင်အထွတ်၊ အကြီးအမြတ်ဟုအဓိပ္ပာယ်ရသည်။ ရှေးရေးကား တမုတ်၊ ခေတ်ရေးမှာ တမွတ်ဖြစ်သည်။

တမုတ်ရွှေဂူကြီးအား ပုဂံခေတ်မှသည် ပင်းယခေတ်အထိ ခေတ်အဆက်ဆက် ပြုပြင်မွမ်းမံ လွှမ်းငုံ တည်ဆောက်ခဲ့ကြသည်။

ယခု တူးဖော်တွေ့ရှိထားသည့် တမုတ်ရွှေဂူ၏လက်ရာ အပိုင်းအခြားများအရ ပထမမူလ အနော်ရထာ ကောင်းမှုတော်မှာ ပိပြားတစ်ထပ် လိုဏ်ဂူတော်ပုံအဖြစ် တွေ့ရသည်။ ၁၁ ရာစု ပိပြားမိုးလျော ဂူဘုရားဖြစ် သည်။ အနော်ရထာသည် တမုတ် ရွှေဂူကြီးနှင့်အတူ အနောက်ဘက်တွင် လည်း သိမ်တော်ကြီးတစ်ခုတည် ဆောက်ခဲ့ကြောင်း သိမ်ဟောင်းရာကို တွေ့ရသည်။

အေဒီ ၁၂ ရာစုကုန်ခါနီး အချိန်ခန့်တွင် အနော်ရထာမင်းကောင်းမှု တော်တစ်ထပ်ဂူလိုဏ်ပေါ်၌ ဂူတစ်ဆင့်တက်၍ နှစ်ထပ်ဂူကြီးအဖြစ် ထပ်မံတည်လုပ်ပြီးနောက် ဂူဘုရား နှစ်ဆင့်စလုံး အင်္ဂတေလက်ရာ အမွမ်း အပြောက်အခြယ်အသများဖြင့် ဂူပြောက်ဘုရားအဖြစ် အသွင်ပြောင်းခဲ့ပုံရသည်။ ထိုကောင်းမှုရှင်မှာ နရပတိစည်သူမင်း ဖြစ်သည်ဟု သုတေသီတို့က ယူဆကြသည်။

ထိုသို့ထပ်မံပြုပြင်ပြီးနောက်၊ နှစ်ပေါင်း ၁၃ဝ ကျော်ခန့်ကြာ၊ သက္ကရာဇ် ၆၈၄ ခုတွင် ပင်းယဥစ္စနာ ကြီးသည် မည်သည့်ရည်ရွယ်ချက် ဆန္ဒကြောင့်မသိ တမုတ်ဂူတော်ကြီးနှင့် သိမ်တော်တို့အား ထပ်မံလွှမ်းငုံကာ ရွှေစည်းခုံ စေတီတော်ကြီးအဖြစ် တည်ထားလိုက်လေသည်။ ထိုစဉ်မှစ၍ ပုဂံခေတ် တမုတ်ရွှေဂူတော်ကြီးမှာ အမှောင်ခန်းထဲသို့ ရောက်ရှိ ပျောက်ကွယ်ခဲ့ရလေသည်။

သင်္ခါရဖြစ်စဉ် သဘောအရ ပင်းယဥစ္စနာမင်း ကောင်းမှုတော် ရွှေစည်းခုံ စေတီကြီးမှာလည်း ပြိုပျက်ခဲ့ရပြန်လေပြီ။ အုတ်ပုံအုတ်ကုန်းကြီးအလား ရှိလာခဲ့ရာမှ ခြုံနွယ်ပိတ်ပေါင်းများ ပေါက်ရောက် ဝါးမျိုကာ မရှုမလှရှိနေတော့သည်။

၁၂၇၇ ခုနှစ်တွင် ကြောင်ပန်း ကုန်းရွာနေ ဦးစံထွားသည် ပြိုကျနေသည့် စေတီကြီးထိပ်ပိုင်းကို ချောပြေ စွာညှိ၍ ဥာဏ်တော် ပေ ၂ဝ ခန့်ရှိ စေတီငယ်တစ်ဆူတည်ထားကိုးကွယ် ခဲ့ရာ နောက်ဆုံးတူးဖော်မှုမစမီအချိန် ထိဖြစ်သည်။

မည်သည့် စေတနာဆန္ဒဖြင့် အမှောင်ခန်းထဲ သွတ်သွင်းရောက်ရှိ ခဲ့သည်ဖြစ်ပါစေ၊ အလှူမှန်ကန်သော မူရင်း ဥဒိဿမည် တမုတ်ရွှေဂူကြီးမှာ ပြန်လည်ပွင့်ပေါ်ချိန် တန်တော့လည်း ပွင့်ပေါ်ခဲ့ရသည်သာ ဖြစ်သည်။ ပွင့်ပေါ်ချိန် တန်တော့လည်း မူလကောင်းမှုရှင်များနှင့် ကုသိုလ်ဆက် ပဋ္ဌာန်းဆက်ရှိသော သာသနာပြု ပုဂ္ဂိုလ်စစ်မှန်သည်ဟုဆိုရမည်။

၁၃၅၂ (၁၉၉၃) ခုနှစ်၊ သံဃာ့ အဖွဲ့အစည်းနှင့်ဒေသခံ ဒကာ၊ ဒကာမတို့၏ ပင့်ဖိတ်တာဝန်ပေးချက်အရ ငယ်တိုးရွာဇာတိ အရှင်စန္ဒောဘာသ ကြွရောက်သီတင်းသုံး နေထိုင်ခွင့် ရခဲ့သည်။ ထိုချိန်မှစပြီး ရွှေဂူကြီးကျောင်းထိုင် ဆရာတော်အဖြစ် ဦးဆောင်မှုပြု၍ အုတ်ကုန်းကြီး အောက်ခြေပိုင်းကို စတူးဖော်ရှင်းလင်းကြရာ ဂူမုခ်ချိုင့်ရာ ဦးစွာပေါ်လာပြီး အင်္ဂတေပန်း လက်ရာများနှင့် ဆေးရေးပန်းချီအစ အနများတွေ့ရှိကြရသဖြင့် မန္တလေး ရှေးဟောင်း သုတေသနဌာနခွဲ၊ မြန်မာ ဗိသုကာပညာရှင် ဦးဝင်းမောင် (ဝင်း မောင်၊ တမ္ပဝတီ)အား ဖိတ်ခေါ်ပြသခဲ့ ကြသည်။

၁၃၅၂ မှ ၁၃၇၁ ထိ နေ့စဉ် ပျမ်းမျှလုပ်အားအလှူရှင် ၅ဝဝ ကျော်၊ ဥပုသ်သီတင်းနေ့များတွင် ၁၅ဝဝ ကျော် ရပ်ဝေးရပ်နီးဒေသစုံမှ လုပ်အား အလှူရှင်များ၊ ဌာနစုံမှဝန်ထမ်းများ၊ ကျောင်းသူကျောင်းသားများ၊ ဆရာ ဆရာမများနှင့် တူးဖော်ရှင်းလင်းခဲ့ပါ သည်။

ယခုကဲ့သို့ ပွင့်ထွန်းလာသော မူလတမုတ်ရွှေဂူကြီးမှာ ကွန်းတောင် ထိပ်ပိုင်းအထွတ်စေတီ၊ စေတီရံထိပ် ဖူးများ၊ ရှေ့ဘက်တိုက်မှ အဝင်မုခ် တံကဲထိပ်ပိုင်းနှင့် ကျန်အနည်းအကျဉ်း ပျက်စီးမှုများမှလွဲ၍ ၉၅ ရာနှုန်းခန့် အကောင်းပကတိရှိနေပေသည်။ မည်သို့ပင်ဆိုစေ အကောင်းဘက်မှ ကြည့်မြင်သော် ဂူတော်ကြီး တစ်ခုလုံးအား ပျက်စီးမှု ဘေးဒဏ်အမျိုးမျိုးမှ ကင်းစေရန် ပင်းယဥစ္စာနာမင်းက ထိန်းသိမ်းပေးခဲ့သလို ဖြစ်နေပါသည်။ တူးဖော်တွေ့ရှိချက် အထောက်အထားများအရ တမုတ်ဂူတော်ကြီးကို ခြုံငုံ၍ စည်းခုံစေတီအဖြစ် မတည်လုပ်မီ အထက်အောက် ဂူလိုဏ်မုခ်အတွင်း အုတ်များဖြင့် အခိုင်အမာ အုတ်ရိုးစီကာ ပိတ်ဆို့ထားခဲ့ပုံကို တွေ့ရသည်။

ထိုအချက်မှာ အပေါ်မှ လွှမ်းငုံ၍ စေတီကြီး တည်ဆောက်သည့်အခါ မူလမုခ်လိုဏ်များ ပြိုကျပျက်စီးမည့် ဘေးမှကင်းဝေရန် ဦးစွာထိန်းသိမ်း စောင့်ရှောက်ခဲ့သော သဘောဖြစ်ပါသည်။ ထိုပိတ်ဆို့ထားခဲ့သော အုတ်ရိုးများကို စနစ်တကျတူးဖော်လိုက် ခြင်းအားဖြင့် မူရင်းဂူလိုဏ် ပကတိ ပြန်လည်ရရှိပြီး ဂူအတွင်းရှိရုပ်ပွား ဆင်းတုတော် ကြီးငယ်များပါမကျန် ပြန်လည်ပေါ်ထွက် လာခဲ့သည်။ အနောက်တောင်ထောင့် ပတ်လမ်းနေရာတွင် ပိတ်ဆို့ထားသော အုတ်ရိုးကိုမူ နမူနာ အဖြစ်ထားကာ မတူးဖော်ဘဲချန်လှပ် ပြသထားပါသည်။ ဂူတော်ကြီးအပြင် အနောက်တောင်ထောင့်မှ ငုံ၍တည် ထားသည့် စည်းခုံအုတ်ရိုးအဟောင်း ကိုလည်း မူရင်းအတိုင်း ထိန်းသိမ်းပြ ထားသည်မှာ ဆရာဦးဝင်းမောင်၏ အိုင်ဒီယာများဖြစ်ပါသည်။

မိုး၊ နေ၊ လေလုံခြုံမှုရှိပါက ရှေးလက်ရာများ ပျက်စီးမှုနည်းပါး၍ နှစ်ပေါင်းရာထောင်ချီ အကောင်းပက တိတည်နိုင်ကြောင်း တမုတ်ရွှေဂူကြီးက သက်သေပြလိုက်ပါပြီ။ ဂူတော်ကြီး မွမ်းမံပြုပြင်မှုများ အစစ ဆောင်ရွက်ထိန်းသိမ်း ပြီးစီးပါက အမိုးအကာအောက်မှ အပူဇော်ခံနိုင်ရန် စက်ဝိုင်းခြမ်းပုံ သံမဏိထောက်တိုင် လေးဘက်နှင့် ဖန်ပေါင်းမိုးကြီးဆောက် လုပ်သွားမည်ဟု သိရပါသည်။ ဤတွင်စက်ဝိုင်းခြမ်းပုံ ဖန်ပေါင်းမိုးအစား ပင်းယခေတ်က လွှမ်းငုံဆက်လက် တည်ထားခဲ့သည့် ပင်းယရွှေစည်းခုံ စေတီပုံပြုလုပ်ရန် အကြံပြုလိုပါသည်။ သို့မှသာ တည်ဆောက်မှုဖြစ်စဉ် သဘာဝကျလိမ့်မည် ဖြစ်ပါသည်။

တမုတ်ရွှေဂူကြီး စေတီတော်မှာ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ကြောင်ပန်းကုန်း၊ ညောင်ပင်ဇောက်၊ ငယ်တိုးကျေးရွာ များအနီး တမုတ်မြို့ဟောင်း၊ ကျောက်ဆည်မြို့ အနောက်ဘက် ခြောက်မိုင်ကွာ တံတားဦးကားလမ်းဘေး၌ တည်ရှိသည်။

ယခုအခါ ပွင့်ပေါ်လာသော တမုတ်ရွှေဂူကြီးစေတီတော်သို့ ရပ်ဝေးရပ်နီးမှ ဘုရားဖူးများဖြင့်စည် ကားလျက်ရှိနေပါသည်။ လာရောက် ဖူးမြော်ကြသူတိုင်း တမုတ်ရွှေဂူကြီး၏ ထူးခြားလက်ရာမြောက်စွာ ပွင့်ပေါ်လာပုံကို အံ့သြကြည်ညိုမဆုံး ဖြစ်နေကြပါသည်။

တမုတ်ရွှေဂူကြီး တည်ဆောက် မှုဗိသုကာလက်ရာမှာ ပုဂံခေတ် ၁၂ ရာစု၊ ၁၃ ရာစု နှစ်ထပ်ဂူစေတီလတ် တစ်ဆူဟု သာမန်အမြင်အားဖြင့်ထင် ရသော်လည်း အောက်ထပ်ဂူနှင့် အပေါ်ထပ်ဂူတို့၏ တည်ဆောက်မှု အချိုးစနစ်များ မတူကြသလို မုခ် ပေါက်ဖောက်လုပ်ပုံချင်းလည်း မတူညီကြောင်း တွေ့ရသည်။

အောက်ထပ်ဂူ မုခ်ပေါက်များ ဖောက်လုပ်ပုံမှာ ဂုံးဝိုင်းပုံများဖြစ်ကြ သည်။ အပေါ်ထပ်ဂူ မုခ်ပေါက် ဖောက်ပုံမှာ ဂုံးချွန်းပုံများဖြစ်သည်။ ထိုမတူညီသော အချက်နှစ်ခုမှာ အောက်ထပ်ဂူနှင့် အပေါ်ထပ်ဂူကို တစ်ခေတ်တည်း၊ တစ်ပြိုင်တည်း တည်ဆောက်ခြင်းဟုတ်ကြောင်း ပြသနေပေသည်။

နှစ်ထပ်ဂူတစ်ခုလုံးကို ခြုံကြည့်သော် ၁၂ ရာစုခေတ်ကုန်ခါနီး၊ ၁၃ ရာစုခေတ်ပြောင်းကာလ လက်ရာ အဖြစ်တွေ့ဖြင်ရမည် ဖြစ်သည်။ ယင်းအချက်မှာ ထိုခေတ်နှစ်ခေတ် စပ်ကူး မတ်ကူး အချိန်၌ ထပ်၍မွမ်းမံပြင် ဆင်ခဲ့ကြသောကြောင့်ဖြစ်သည်။

ထို့ကြောင့်နှစ်ထပ်ဂူဘုရား တစ်ဆူလုံးတွင် မွမ်းမံမှု၊ အခြေခံတည် ဆောက်မှုနှင့်အပေါ်ယံ လက်ရာများမှာ တည်ဆောက်သည့် ခေတ်ကာလ၏ လက်ရာများ လွှမ်းမိုးနေခြင်းဖြစ်သည်။ အောက်ဂူနှင့် အထက်ဂူမုခ် ပေါက်များမှာ ထိုအချက်ကို ထင်ရှား စေသည့်အကောင်းဆုံးသက်သေများ ပင်ဖြစ်ကြပါသည်။

တမုတ်ရွှေဂူနှစ်ထပ် ဘုရားကြီး ၏မုခ်ပုံစံများအရ အောက်ဂူမုခ်များမှာ ပုထိုးသားများ၊ နဂါးရုံ၊ အပယ်ရတနာတို့မှ ဂုံးဝိုင်းမုခ်ပေါက်များနှင့် တူညီသည်။ အထက်ဂူမုခ်ပေါက်များမှာ စူဠာမဏိ၊ ကန်တော့ပလ္လင်၊ ထီး လိုမင်းလိုတို့မှ ဂုံးချွန်းမုခ်ပေါက်များ နှင့် တူညီနေပါသည်။

ထိုသို့မုခ်ပေါက်လက်ရာ နှစ်မျိုးကို ဘုရားတစ်ဆူတည်း တွေ့ရသော အချက်များကို ဆန်းစစ်ကြည့်က ပထမတမုခ်ဂူဘုရား တည်ဆောက်စဉ်က တစ်ထပ်ဂူဘုရားအဖြစ် အနော်ရထာမင်းကြီး စတင်တည်ဆောက်ခဲ့ကြောင်း အဖြေရရှိပေသည်။ သို့ဖြင့် ပုဂံခေတ်ဦး ဂူဘုရား တည်ဆောက်မှုဟန်ဖြစ်သော ဂုံးဝိုင်းမုခ်စနစ်ကို အသုံးပြုထားခြင်းဖြစ်သည်။

၁၁ ရာစုတွင် တည်ဆောက် သောဘုရားများမှာ မြေစိုက်စေတီနှင့် တစ်ထပ်ဂူမိုးလျော၊ ကွန်းတောင် ပေါက် စေတီပေါက်နှစ်မျိုးတည် ဆောက်လေ့ရှိကြပါသည်။ ၁၂ ရာစု၊ ၁၃ ရာစု ပုဂံတွင် နှစ်ထပ်ဘုရားများ၊ ကွန်းတောင်ပေါက်များကိုသာတည် ဆောက်ကြပြီး စေတီပေါက်နှစ်ထပ်ဂူ ဟူ၍ ပုဂံမှာမရှိသလောက်ဖြစ်သည်။

ထိုအချက်များမှာ တမုတ်ရွှေဂူနှင့် ကိုက်ညီနေသည်။ တမုတ်ရွှေဂူသည် အောက်ထပ်ဂူဟောင်းပေါ်တွင် အပေါ်ထပ် ဂူသစ်တစ်လုံးထပ်တည် ထားကာ နှစ်ထပ်ဂူပုံစံ ဗိသုကာ လက်ရာပြောင်းထားသည့် သဘောတို့ တွေ့ရသည်။ ပထမတစ်ထပ် ဂူဘုရား ပြိုပျက်ခဲ့သဖြင့် နောက်ထပ် နှစ်ထပ် ဂူဘုရားအဖြစ် မွမ်းမံ ပြုပြင်တည် ထားခဲ့ခြင်းပင်ဖြစ်သည်။

တမုတ်ရွှေဂူကြီး တူးဖော်တွေ့ ရှိချက်များအရ ရုပ်ပွားဆင်းတုတော် များကိုလည်း ခေတ်သုံးခေတ်၊ သုံးဆင့်ငုံ၍ ထုလုပ်မှုတို့ကို ထူးဆန်းအံ့ သြဖွယ်တွေ့ရှိရပါသည်။ ပုဂံ၌ပင် ထိုသို့ဆင်းတု သုံးဆင့်ထပ်ငုံ၍ ထုလုပ်ထားပုံမျိုး မတွေ့ရသေးပါ။ နှစ်ထပ်ဆင်းတု ထုလုပ်ထားပုံကို ပုဂံ၌နှစ်နေ ရာတွင်သာတွေ့ရပါသည်။ မီးမလောင် ကျောင်းအနောက်ဘက် ကပ်လျက်ရှိ ဂူဘုရားငယ်အတွင်းရှိ နှစ်ထပ်ဆင်းတုနှင့် မြင်းကပါ ဂူပြောက်ငယ်ဘုရား အနောက်ဘက် ဂူဘုရားအတွင်းမှ နှစ်ထပ်ဆင်းတု တစ်ဆူဟူ၍ နှစ်ဆူသာ ရှိပါသည်။

ပုဂံရှိ နှစ်ထပ်ဆင်းတုကို ငုံ၍ပြု လုပ်ထားပုံမှာ အတွင်းမှ ဆင်းတုငယ်ကို အပေါ်မှ ဆင်းတုကြီးကငုံထား ခြင်းမျိုးဖြစ်ပါသည်။ တမုတ်ရွှေဂူကြီး တူးဖော်ရာမှတွေ့ရှိသော ဆင်းတုသုံး ထပ်ငုံထုလုပ်ပုံမှာ ထူးခြားနေပါသည်။ ပလ္လင်သုံးဆင့်၊ ဆင်းတုသုံးဆူကို အောက်မှ အထက်သို့ တစ်ဆင့်ချင်း ငုံ၍ထုလုပ်ထားခြင်းဖြစ်ပါသည်။

အောက်ဆုံးမှ ဆင်းတုတော်မှာ ရှေးအကျဆုံး အနော်ရထာခေတ် လက်ရာဖြစ်နိုင်ပြီး အလယ်ရှိဆင်းတု သည် စောလူးခေတ်လက်ရာဖြစ် ဖွယ်ရှိကာ အပေါ်ဆုံးဆင်းတုမှာ ကျန်စစ်သားခေတ်လက်ရာ ဖြစ်ကြောင်းတွေ့ရပါသည်။ ထိုသုံးထပ် ဆင်းတုတော်များကို တမုတ်ဂူ အနောက်တောင်ဘက် ပင်းယခေတ် စည်းခုံ အုတ်ပုံအပျက်အားတူးဖော်ရာ မြေအောက်ကိုးပေခန့် ဂန္ဓကုဋီတိုက် ခန်းငယ်နှစ်ခုအတွင်းမှ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ထိုရုပ်ပွားဆင်းတုများမှာ အရှေ့ဘက်တိုက်ခန်း၊ အနောက်ဘက်တိုက်ခန်း ကျောချင်းကပ် အနေအထား တွေ့ရပါသည်။ နှိုင်းယှဉ် ကြည့်ရန် အောက်ဆုံးဆင်းတုမှာ ပုဂံရွှေဆံတော် ဘုရားရှိ အနော်ရထာ ခေတ်ကျောက်ဆင်းတုကြီး။ အလယ်ဆင့် ဆင်းတုမှာ ပုဂံသီရိပစ္စယာ ကျေက်စကားဘုရားရှိ စောလူးခေတ် ကျောက်ဆင်းတု။ အပေါ်ဆုံးအဆင့် ဆင်းတုမှာ အာနန္ဒဘုရားမှ ကျန်စစ်သားခေတ် ကျောက်ဆင်းတုဟူ၍ ခေတ်သုံးခေတ် လက်ရာမျိုးနှင့် တူညီနေပုံကို တွေ့ရပါသည်။ ထိုသို့ ဆင်းတုသုံးဆင့် ထုလုပ်ကိုးကွယ်မှုမှာ ရိုးရိုး ကိုးကွယ်မှုထက် ကိန်းခန်းယတြာ အစီအရင်ဖြင့် ထုလုပ်ကိုးကွယ်ခြင်း ဖြစ်နိုင်ပါသည်။ ဆရာတော်တစ်ပါးက မီးမလောင်ကျောင်း အနောက်ဘက်ရှိ နှစ်ထပ်ဆင်းတုနှစ်ဆူအနက် အတွင်းမှဆင်းတုငယ်မှာ ပန်းပေါင်းစုံ ဆေးဘုရားဖြစ်ကြောင်း မိန့်ဖူးပါသည်။ ပုဂံတွင် နှစ်ထပ်စေတီပေါင်း ၅ဝ ကျော်ခန့်ရှိသည်။ ဂူဘုရားကို ငုံ၍တည်သောလက်ရာမှာ တမုတ်ရွှေ ဂူကြီးတစ်ဆူသာတွေ့ရပါသည်။

တမုတ်ဂူအောက်ထပ် လေးမျက်နှာတွင် ၁၂ ရာစုနှောင်းရုပ်ပွား ဆင်းတုအုတ်အင်္ဂတေ လက်ရာလေး ဆူရှိပါသည်။ တိုက်အဝင် မျက်နှာဘက်ရှိ ပဓာနဆင်းတုကြီးမှာ ၁ဝ ပေခန့်ရှိပြီး အောက်သို့အနည်းငယ် နိမ့်ဝင်နေသဖြင့် မျက်နှာတော်သာ တူးဖော်၍ အပူဇော်ခံထားရှိပါသည်။

အရှေ့မျက်နှာရှိ ရုပ်ပွားဆင်းတုမှာ ဥာဏ်တော် သုံးပေခန့်ရှိ ဘူမိဖဿမုဒြာ ဆင်းတုတော်ဖြစ်ပြီး မျက်နှာတော်ပြုပြင်ထားကာ ကိုယ်လုံးတော်၌ မူလဆေးရောင်များ ကျန်ရှိပုံကို တွေ့ရပါသည်။

တောင်မျက်နှာရှိ ဆင်းတုတော် သည် အနောက်သို့ ဦးခေါင်းပြု၍ ပရိနိဗ္ဗာန်စံဝင်ဟန်လက်ရာဖြစ်ပါ သည်။ မူရင်းလက်ရာကျန်ရှိ၍ ၁၂ ရာစုခေတ်လက်ရာဖြစ်မှန်း ပေါ်လွင်နေပါသည်။ ဦးခေါင်းထက်တွင် ကေ တုမာလာခေါ် ခရေသီးပုံပါရှိသည်ကို တွေ့ရပါသည်။ သံဝေဇနိယလေးဌာန များတွင် ထုလုပ်ခဲ့ပြီး အနောက်ဘက်ဖွား၊ မြောက်ဘက်ပွင့်၊ အရှေ့ဘက်ဟော၊ တောင်ဘက်စံဟူ၍ဖြစ်သည်။

အနောက်ဘက်မျက်နှာတွင် ဘူမိဖဿမုဒြာဟန် ငါးပေခန့်ရုပ်ပွား ဆင်းတုတစ်ဆူရှိပြီး ထပ်ပြင်လက်ရာ ဖြစ်ကြောင်းတွေ့ရပါသည်။ အပေါ်ထပ် လိုဏ်ဂူအတွင်းမှာမူ ပိတ်ဆို့ ထောက်ကန်ထားသော အုတ်ရိုးများကို မတူးဖော်ရသေးသဖြင့် ရုပ်ပွား ဆင်းတုများကို လေ့လာခွင့်မရခဲ့ပါ။ တမုတ်ရွှေ ဂူအာရုံခံမုခ်အဝင် ဝဲယာတွင် အပေါ်ထပ်သို့တက်ရန် ကျဉ်းမြောင်းသည့် ကြောင်လိမ်လှေကား တစ်စင်းစီရှိပါသည်။ အာရုံခံမုခ် အရှေ့ဘက် အနောက်ဘက်တွင် မုခ်ချိုင့်ငယ်တစ်ခုစီ ဖော်ထားပြီး အတွင်း၌ ဆင်းတုတော် တစ်ဆူစီထား ရှိပါသည်။ တိုက်မအတွင်း ထောင့်လေးဘက်ရှိ အချိုးနံရံများကို မုခ်ချိုင့်ငယ်များ ဖောက်ကာ တစ်မျက်နှာလျှင် ဆင်းတုတော် လေးဆူစီ ထုလုပ်ထားရှိပါသည်။ အနောက်တောင်ဘက်ပတ်လမ်း ပင်းယခေတ်က ပိတ်ဆို့ထား သည့်အတိုင်း မတူးဖော်ရသေးသဖြင့် အတွင်းမှရုပ်ပွားဆင်းတုတော်ငယ်များ ပိတ်မိနေဆဲကို လေ့လာတွေ့ခဲ့ရပါသည်။ အတွင်းနံရံများ၌ ယခင်က ဆေးရေးပန်းချီလက်ရာများ ရှိခဲ့သော်လည်း ယခု ပျက်စီးခဲ့ပြီ ဖြစ်ပါသည်။ ထိုဆင်းတုအားလုံး ၁၃ ရာစုလက်ရာ များလွှမ်းမိုးလျက်ရှိသည်။ တမုတ်ရွှေ ဂူကြီးတွင် ထူးခြား၍ အပေါ်လွင်ဆုံး လွှမ်းမိုးနေသော လက်ရာများမှာ အင်္ဂတေပန်းတော့ လက်ရာများ ဖြစ်ပါသည်။ ဂူအောက်ခြေ ပတ်ပတ်လည်မှသည် အထက်ကွန်းတောင်အထိ နေရာလပ်မချန် ပန်းတော့ လက်ရာများဖြင့် အပြည့်ဖော်ကျူး ထားပါသည်မှာ အံ့သြဘနန်းဖြစ်ရပါသည်။

ပုဂံဘုရားများထက် ထူးခြားမှုမှာ အပေါ်တိုက်၊ အောက်တိုက်၊ အာရုံခံတိုက်များ၏ အပြင်နံရံအား လုံးပန်းတော့လက်ရာ အမွမ်းအပြောက်များ ပါရှိခြင်း ဖြစ်ပါသည်။ ပုဂံဘုရားများ လုပ်ရိုးလုပ်စဉ်မှာ တိုက်အပြင် နံရံများပေါ်တွင် အောက်ခြေပတ်လည် မှန်ကွက်များအပေါ်မှ ကြာမှောက် ကြာလန်။ အထက်ပတ်လည်လည် စိန်တောင်။ ထောင့်တိုင်းပန်းများ။ အထက်ပတ်လည်တွင် ပန်းဆွဲဘီလူးတန်း။ အပေါ်တွင် ရွဲ၊ ကြာလန် စသည့်ဖြင့်လုပ်ဆောင်မြဲဖြစ်သည်။ ပြတင်းများပါလျှင် မုခ်တံကဲပန်းများ ဖေါ်လေ့ရှိပါသည်။ တမုတ်ရွှေဂူတွင်ကား ထိုသို့မဟုတ် မာရဘင် အမွမ်းအပြောက် အရုပ်ပန်းလက်ရာ အပြည့် လုပ်ဆောင်ချက်များ ဖြစ်သည်။

တမုတ်ဂူဘုရားကြီး၏ ပုဂံဘုရားများနှင့်မတူ တစ်မူထူးဆန်း သောလက်ရာများမှာ အပေါ်ဂူအောက် ခြေပတ်လည်ရှိ မှန်ကူကွက်များတွင် ဗုဒ္ဓဝင်ခန်းများနှင့် ငါးရာ့ငါးဆယ် နိပါတ်ဇာတ်တော်များကို စဥ့်လက်ရာအစား အင်္ဂတေပန်းတော့လက်ရာ များဖြင့် သရုပ်ပုံဖော်ထားခြင်း ဖြစ်ပါသည်။ ဇာတ်တော်အမည်များကို လည်း အင်္ဂတေပေါ်ရေးထားပါသည်။

မည်သို့ဖြစ်စေ ကျောက်ဆည် တမုတ်ရွှေဂူကြီးမှာ ပုဂံဘုရားများနှင့် ခေတ်ပြိုင်လက်ရာဖြစ်သော်လည်း မတူသောအချက်များမှာ နှစ်ထပ်ဂူ ကြီးတစ်ခုလုံး အင်္ဂတေပန်းလက်ရာများ မူလအခြေအနေအတိုင်း ရှိနေသေးသဖြင့် အသေးစိတ် အနုစိတ် လေ့လာနိုင်ပြီဖြစ်ပါသည်။ အင်္ဂတေ အမွမ်းအပြောက်၊ ကနုတ်အရုပ်ပန်း လက်ရာများအနေဖြင့် နတ်ရုပ်၊ ကနုတ်၊ ခြင်္သေ့ရုပ်၊ ကျားရုပ်၊ ငှက်ရုပ်၊ ပန်းဆွဲဘီလူး၊ ဂဠုန်ရုပ်၊ နတ်ရုပ်၊ လူရုပ်၊ ဆင်စွယ် ဝန်းယှက် ငါးရာဇာတ်ကွက်၊ မကန်းကွက်၊ မကန်းရုပ်၊ မြွေရုပ်၊ နဂါးရုပ်များ စုဝေးတွေ့ဆုံ သဘင်ခံနေသည့်အလား စုံလင်လှပနေသည်။ တိုင်ပန်း၊ ထောင့်ခြင်္သေ့ဖင်နှစ်ခွ သရုပ်ဖော်ကွက်မှာ ပုဂံမင်္ဂလာစေတီအနီးရှိ ငါးမျက်နှာဘုရားမှ ပန်းတော့လက်ရာ နှင့်တူညီသည်။ အာရုံခံမုခ်အမိုးတိုက်မ ပေါ်မှရုပ်ပုံများနှင့် တူညီပါသည်။ ဖင်နှစ်ခွခြင်္သေ့ ရုပ်လုံးရုပ်ကြွမှာ အပယ်ရတနာ အာရုံခံ အမိုးဝဲယာ အရှေ့အဝင် မုခ်တံကဲဝဲယာမှာ စိုင် ပေါင်ဘေးမျက်နှာရှိ နဂါးသုံးကောင် ဂဠုန်သုတ်ဟန် ရုပ်ကြွလက်ရာ များမှာလည်း ပုဂံကုသိန္နာရုံဘုရားမှ အင်္ဂတေလက်ရာ လုပ်ဆောင်ချက်နှင့် တစ်ထေရာတည်း တူနေကြောင်း တွေ့ရသည်။

ထိုမုခ်တံကဲ၊ ဝဲယာစိုင်ပေါင် မျက်နှာရှိ မကန်းခံတွင်း ခြင်္သေ့နင်း ရုပ်ပုံမှာ ပုဂံဘုရားများ လုပ်ထုံးနှင့် ဆန့်ကျင်ဖြစ်နေသည်။

အနော်ရထာ ဦးစွာတည်ထားသော တမုတ်ရွှေဂူကြီးကို စောလူး၊ ကျန်စစ်၊ နရပတိစည်သူနှင့် နားတောင်းများမင်းတို့ ဆက်ခံပြုပြင် မွမ်းမံခဲ့ကြသည်။ ထို့အတူ ပင်းယဥစ္စနာ မင်းက ပုဂံသုံးခေတ်လက်ရာ တမုတ်ဂူအား သမိုင်းကွင်းဆက် ပြတ်လောက်သည့်အထိ ရွှေစည်းခုံစေတီကြီးဖြင့် လွှမ်းငုံတည်ထားခဲ့သည်။ ထိုသို့ စည်းခုံစေတီ တည်ရာ၌ တမုခ်ရွှေဂူ သာမက အနော်ရထာ သမုတ်ခဲ့သော သိမ်တော်ကြီး၏ သုံးပုံတစ်ပုံကိုလည်း လွှမ်းငုံတည်ထားခဲ့ပါသည်။

တမုတ်ဂူကြီးနှင့် သိမ်ရာကိုတူး ဖော်ရာမှ ဓာတ်တော်မွေတော်များ၊ အုတ်ခွက်ရုပ်ပွားတော်များနှင့် ခရုဆံတော်၊ မြေမီးဖုတ်ဆံတော်များ၏ မှတ်တမ်းဓာတ်ပုံများကိုလည်း ပြတိုက်တွင် ပြသထားသည်။

သက္ကရာဇ် ၇၁၈ ခုနှစ်ထိုး ပင်းယဆင်ဖြူရှင်သခင် ကျော်စွာ မင်းကျောက်စာတစ်ချပ် တွေ့ရှိ၍ စိုက်ထူပြသထားသည်။ ကျောက်စာ ပါမှတ်တမ်းအရ ကျော်စွာမင်းသည် ၇၁၃-၇၂၃ တွင်တမုတ်ရွှေဂူမြို့သို့ မိဖုရားနှင့်အတူ ပြည်ကြီးကျက်သရေ လှေတော်ကိုစီး၍ ဘုရားဖူးကြွရောက် လာရင်း ဘုရားဝတ်တော်မြေ ၁၉ ပယ်၊ အမှုလုပ် ဘုရားကျွန် လေး ယောက်တို့ကို လှူဒါန်းခဲ့ကြောင်း တွေ့ရသည်။

ထိုသို့ရာစုနှစ် လေးကြိမ်ခေတ် အဆက်ဆက် အလှူရှင်တို့၏ ပြုပြင် ပြောင်းလွဲမှု တမုတ်ရွှေဂူကြီးမှာ မတူးဖော်မီ အချိန်ထိ ခြုံနွယ်ပိတ်ပေါင်းများ ဖုံးလွှမ်းထားသည့် အုတ်ပုံ အုတ်ကုန်းကြီးပေါ်၌ ဥာဏ်တော် ပေ ၂ဝ ကျော်ရှိ နှောင်းခေတ်စေတီငယ် တစ်ဆူတည်ရှိခဲ့သည်။

ထိုအုတ်ကုန်းကြီးပေါ်ရှိ စေတီငယ်ကိုပင် ရှင်ပင်ရွှေဂူကြီးဘုရားဟူ၍ ဒေသခံများ မှတ်ယူကိုးကွယ်ခဲ့ကြသော်လည်း အတွင်း၌ အနော်ရထာမင်းကြီး ကောင်းမှုတော်ဂူကြီး ကိုးလုံးအနက်မှ တမုတ်ရွှေဂူကြီးဖြစ်ကြောင်း တူးဖော်ကြည့်မှသိကြရခြင်းဖြစ်သည်။

ယခုလို တူးဖော်ပြီးချိန်၌အပေါ် ဆုံးမှလွှမ်းငုံတည်ခဲ့သောစေတီတော် ကြီးမှာ ဖိနပ်တော်အတောင် ၆ဝ၊ ဥာဏ်တော်အမြင့် အတောင် ၅ဝ ရှိကြောင်း တိုင်းတာတွေ့ရှိရသည်။

တမုတ်ရွှေဂူကြီး နှစ်ထပ်ဂူ ဘုရားမှာ အလျား ၅၉ ပေ၊ အနံ ၃၆ ပေခန့်၊ အမြင့် ဥာဏ်တော် ၄၅ ပေ ကျော်ခန့်ရှိကြောင်းသိရသည်။

ကျန်ရှိနေသည့် သိမ်နိမိတ်ရာကို ဆက်လက်တူးဖော်နေဆဲရှိပြီး သိမ် တိုင်၊ ဆင်းတုသုံးဆူပါ ဘုရားခန်း နှင့်တိုက်မ၊ အရှေ့အဆောင် လှေကား ထစ်များ အုတ်ရိုးကြီးငယ်အသွယ် သွယ်များဖြင့် ပုံပေါ်လာပြီဖြစ်သည်။

ဆရာဦးဝင်းမောင်(ဝင်းမောင်၊ တမ္ပဝတီ)နှင့် တမုတ်ကျောင်းထိုင် ဆရာတော် အရှင်စန္ဒောဘာသတို့၏ အတန်တန်ဖိတ်ခေါ်ချက်အရ ကျောက်ဆည်မြို့နယ်ရှိ တမုတ်ရွှေဂူ ကြီးဘုရားသို့ သုတေသနခရီး တစ်ခေါက် ၂ဝ ဧပြီတွင်ရောက်ဖြစ်ခဲ့ သည်။ ကျောက်ဆည်မြို့ အနောကဘက် ခြောက်မိုင်ကွာ တံတားဦး ကားလမ်းဘေးရှိ ညောင်ပင်ဇောက် ကျေးရွာရောက်သည်နှင့် တောင်ဘက် တစ်ဖာလုံခန့်ကပင် ပေါ်တော်မူ တမုတ်ရွှေဂူကြီးဘုရားကို လှမ်းမြော် ဖူးမြင်နေရပြီ။

တူးဖော်စွန့်ပစ်ထားသည့် အုတ်ကျိုးအုတ်ပဲ့များက ဘုရားအဝင်လမ်း ဘေးဝဲယာ၌ စုပုံနေသည်။

ကျောင်းဝိုင်းထဲရောက်လျှင် နှစ်ထပ်ဂူတော်ကြီးကို မထင်မှတ်ဘဲ အနီးကပ် ဘွားခနဲ တွေ့လိုက်ရသောခါ ချက်ချင်းပုဂံပြန်ရောက်သွားသလို ခံစားလိုက်ရသည်။ နှစ်ထပ်ဂူ ဘုရားကြီးမှာ မြောက်ဘက်မုခ်လှည့်ဖြစ်ပြီး၊ ပုဂံမှ ထီးလိုမင်းလို ကန်တော့ပလ္လင်၊ တရုတ်ပြေး၊ ဂူတော်သစ်၊ မြောက်ဂူနီ၊ နာဂဂူဘုရားများကဲ့သို့ နှစ်ထပ်ဂူ ပုံစံတူ ဖြစ်နေ၍ ဖြစ်သည်။

ပိုမိုထူးခြားသည်မှာ ပုဂံရှိ နှစ်ထပ်ဂူ ဘုရားများတွင် မြောက်ဘက်လှည့် ဂူဘုရား မရှိခြင်းပင် ဖြစ်သည်။ ယခု တမုတ်ရွှေဂူကြီး ဘုရားသည် မြောက်ဘက်မျက်နှာလှည့်အသွင် ဖူးမြင်လိုက်ရ၍ ထူးခြားသည်ဟုဆိုရ ခြင်းဖြစ်သည်။

ဆရာဦးဝင်းမောင်က ကြိုဆိုနေရာချထားပြီးနောက် ဆရာတော် သီတင်းသုံးရာ ပြတိုက်ကျောင်းသို့ သွားရောက်၍ ဦးချဂါရဝပြုကြသည်။ ဆရာ၏ မိတ်ဆက်ပေးမှုဖြင့် ဆရာတော်က ဈေးကွက်စာဖတ်သူများ အတွက်ဆောင်းပါးရေးရန် စာရွက်စာတမ်းများ၊ ဓာတ်ပုံမှတ်တမ်းများ၊ ဆွဲပုံများ တူးဖော်မှုဆိုင်ရာ ဗီစီဒီချပ်တစ်ခု ထုတ်ပေးသည်။ တမုတ်ရွှေဂူသုတေ သနခရီးကား တစ်ညအိပ်ခရီးသာ ဖြစ်သည်။ ခရီးပန်းသော်လည်း မနားနိုင် နှစ်ထပ်ဂူဘုရားထိ ချက်ချင်းသွားရောက် လေ့လာသုတေသန ပြုဖြစ်သည်။ အပေါ်ထပ်သို့ ခဲရာခဲဆစ်တက် ရောက်၍ အင်္ဂတေပန်းတော့ လက်ရာများနှင့် ငါးရာ့ငါးဆယ် အင်္ဂတေဇာတ် ရုပ်ပုံများကို ကြည့်ရှုပြီး ဇာတ်စာအချို့ ဖတ်ဖြစ်သည်။

အောက်ထပ်ပြန်ဆင်းပြီး ဂူအတွင်းရှိ ရုပ်ပွားများ ဆင်းတုတော်များ လေ့လာပြီးနောက် တူးဖော်မှု လုပ်ငန်းဆောင်ရွက်နေပုံကို လေ့လာသည်။ ဆရာဦးဝင်းမောင်သည် တူးဖော်ရေး အလုပ်သမား သုံးယောက်အား ညွှန်ကြားလျက်ရှိသည်။

တစ်နေဝင်၍ ညစာစားပြီး တစ်ညအိပ်စက်နားနေမည့် အဆောင်တော်သို့ရောက်လျှင် စာရွက်စာတမ်းများနှင့် ဓာတ်ပုံများကို ထုတ်ကြည့်ဖြစ်သည်။ မင်းမြတ်အနော်ရထာကို တူးဖော်ရှာဖွေခြင်း အမည်ရှိစာတမ်း တစ်စောင်ကို တွေ့ရသည်။ စာတမ်းရှင်မှာ ဦးဝင်းမောင်(ဝင်းမောင် တမ္ပဝတီ)။ ဆရာကြီး ဦးမောင်မောင်တင်(မဟာဝိဇ္ဇာ) ၉၃နှစ်မြောက် မွေးနေ့အထိမ်း အမှတ်(မန္တလေး) ၂ဝဝ၉ ခုနှစ် နိုဝင် ဘာလ ၂၅ ရက်တွင် ဖတ်ကြားသော စာတမ်းဖြစ်သည်။ ဆရာသည် တမုတ်မြို့ဟောင်းသို့ ရောက်ရှိကာ ပညာစေတနာ၊ ဝါသနာ လုပ်အား အလှူရှင်အဖြစ် ငါးလကျော်မျှတူး ဖော်မှုပြုပြင်ထိန်းသိမ်းမှုများ လုပ်ငန်းကို တာဝန်ယူ ဆောင်ရွက်ဆဲရှိနေ သည်။

ရပ်ဝေးရပ်နီးမှ ဘုရားဖူးလာ ရောက်သူများ အစစအဆင်ပြေရန် ကြိုဆိုရှင်းပြဆောင်၊ ရှင်းလင်းဆောင်၊ စားသောက်ဆောင်၊ ပြတိုက်၊ တူးဖော်မှု၊ ထိန်းသိမ်းမှု လုပ်ကွက်များ စသည်ဖြင့် စနစ်တကျတွေ့ရသည်။ သာသနာ့ အလံတိုင်များ၊ ဆွဲပုံ၊ ဓာတ်ပုံ၊ ကွန်ပျူတာ ဗီနိုင်းပိုစတာများလည်း စိုက်ထူထားသည်။

အိပ်ရာမဝင်မီ နှစ်ထပ်ဂူတော် ကြီးရှေ့တွင် ဆရာဦးဝင်းမောင်နှင့် စကားပြောဆို ဆွေးနွေးဖြစ်သည်။ ည ၁၁ နာရီမှ အိပ်ရာဝင်ဖြစ်သည်။ မနက်စောစောထပြီး ဆရာတော်ရှိရာ ပြတိုက်ကျောင်းသို့ဝင်၍ ဦးချကန် တော့နှုတ်ဆက်ပြီး ဆရာဦးဝင်းမောင် နှင့်အဖွဲ့ကိုနှုတ်ဆက်ရန် သိမ်ကွက် တူးဖော်နေရာသို့ ရောက်ခဲ့သည်။

ဆရာကား သူ့အဖွဲ့နှင့် နံနက် ၆းဝဝ နာရီကပင် လုပ်ငန်းစနေပြီ။ ဆရာ့ကို မတ်ရပ်ကပင် လက်အုပ်ချီ ဂါရဝပြု နှုတ်ဆက်လိုက်သည်။ ဆရာသည် တူရွှင်းတစ်ချောင်း ဆွဲယူလျက် တူးဖော်ကွက် ကျင်းထဲဆင်းသွားသည်။

''သြော်- မင်းမြတ်အနော်ရထာကို တူးဖော်ရှာဖွေနေဆဲပါလား'' ဟု ရင်တွင်းမှမြည်တမ်းရင်း ကြည်ညိုစိတ်နှင့် သာဓုခေါ်ကာ လှည့်ပြန် မိခဲ့ပါတော့သတည်း။

ကျမ်းကိုး ။ ။ မင်းမြတ်နော်ရထာကို တူးဖော် ရှာဖွေခြင်း။
ဝင်းမောင်(တမ္ပဝတီ)

က​လေး​ကို​​ ​တစ်​လ​ထက်​ပို​၍​​ ​နို့​ချို​​ တိုက်​ကျွေး​သည့်​​ ​အ​မျိုး​သ​မီး​များ​​ ​ဆီး​ချို​​ ဖြစ်​နိုင်​ခြေ​​ လျော့​နည်း​​ သွား​နိုင်

မိ ​မိ​၏​ ​က​လေး​ကို​​ ​တစ်​လ​ထက်​ပို၍​ ​နို့​ချို​တိုက်​ကျွေး​ခဲ့​သော​​ ​အ​မျိုး​သ​မီး​များ​သည်​​ ​အ​သက်​အ​ရွယ်​ ​ကြီး​ရင့်​လာ​ချိန်​တွင်​​ ​ဆီး​ချို​ဖြစ်​နိုင်​ခြေ​​ ​လျော့​နည်း​သွား​ကြောင်း​​ ​သု​တေ​သီများ​က​ ​ပြော​ကြား​ခဲ့​သည်​။

 ပစ်​စ​ဘတ်​တ​က္က​သိုလ်​​ ​ဆေး​ပ​ညာ​ဌာ​န​မှ​ ​ဒေါက်​တာ​ဘီ​မ​လာ​ရှာ​ဝက်​က​​ ​နို့​တိုက်​ခဲ့​သော​ ​သား​သည်​အ​မေ​များ​နှင့်​​ ​နှိုင်း​ယှဉ်​ပါ​က​ ​လုံး​ဝ​နို့​မ​တိုက်​ဖူး​သော​​ ​အ​မျိုး​သ​မီး​များ​သည်​​ ​အ​သက်​ကြီး​လာ​ချိန်​တွင်​​ ​ဆီး​ချို​ရော​ဂါ​ ​ရ​ရှိ​နိုင်​ခြေ​​ ​နှစ်​ဆ​မျှ​ ​မြင့်​တက်​လာ​ကြောင်း​​ ​ရှင်း​ပြ​ခဲ့သည်​။ ​အ​မေ​ရိ​ကန်​​ ​ဆေး​ပ​ညာ​ဂျာ​နယ်​တွင်​​ ​ဘီ​မ​လာ​နှင့်​ ​လုပ်​ဖော်​ကိုင်​ဖက်​​ ​သု​တေ​သီ​များ​၏​ ​တွေ့​ရှိ​မှု​ကို​​ ​ဖော်​ပြ​ထား​ခဲ့​သည်​။

 ယ​ခု​သု​တေ​သ​န​ ​စစ်​တမ်း​ကို​ ​အ​မျိုး​သား​ ​အ​စာ​လမ်း​ကြောင်း​၊​ ​ကျောက်​ကပ်​ရော​ဂါ​နှင့်​ ​ဆီး​ချို​ဆိုင်​ရာ​ ​လေ့​လာ​ရေး​နှင့်​ ​ပ​ညာ​ရေး​ဌာ​န​၊​ ​က​လေး​ကျန်း​မာ​ရေး​ ​စောင့်​ရှောက်​မှု​ဌာ​န​မှ​ ​သု​တေ​သီ​များ​က​ပါ​ ​ပူး​ပေါင်း​ပါ​ဝင်​ ​ပြု​စု​ခဲ့​သည်​။ ​ဘီ​မ​လာ​တို့​အ​ဖွဲ့​သည်​ ​အ​သက်​ ​၄၀​ ​မှ​ ​၇၈​ ​နှစ်​ကြား​ ​အ​မျိုး​သ​မီး​ပေါင်း​ ​၂၂၃၃​ ဦး​၏​ ​ဆီး​ချို​ရော​ဂါ​ဆိုင်​ရာ​ ​အ​ချက်​အ​လက်​များ​နှင့်​ ​နေ​ထိုင်​မှု​ပုံ​စံ​ကို​ ​စ​နစ်​တ​ကျ​ ​နှိုင်း​ယှဉ်​သု​တေ​သ​န​ ​ပြု​ခဲ့​သည်​။ ​ယင်း​တို့​အ​နက်​ ​၄၀၅​ ဦး​သည်​ ​က​လေး​အ​မေ​များ​ ​မ​ဟုတ်​ဘဲ​ ​၁၁၂၅​ ဦး​မှာ​မူ​ ​က​လေး​ကို​ ​တစ်​လ​ကျော်​ထိ​ ​နို့​တိုက်​ဖူး​ပြီး​ ​ကျန်​ ​၇၀၃​ ဦး​မှာ​မူ​ ​လုံး​ဝ​နို့​မ​တိုက်​သည့်​ ​က​လေး​အ​မေ​များ​ ​ဖြစ်​ကြ​သည်​။

 လေ့​လာ​မှု​များ​အ​ရ​ ​နို့​မ​တိုက်​ဖူး​သော​ ​က​လေး​အ​မေ​နှင့်​ ​က​လေး​အ​မေ​ ​မ​ဟုတ်​သူ​များ​သည်​ ​အ​သက်​အ​ရွယ်​ ​ကြီး​ရင့်​လာ​ချိန်​တွင်​ ​တစ်​လ​ထက်​မ​နည်း​ ​နို့​တိုက်​ခဲ့​သော​ ​မိ​ခင်​များ​ထက်​ ​ဆီး​ချို​ရော​ဂါ​ ​ရ​ရှိ​နိုင်​ခြေ​ ​ပျမ်း​မျှ​အား​ဖြင့်​ ​၁.​၄​ ​ဆ​မျှ​ ​ပို​များ​နေ​တတ်​ကြောင်း​ ​သိ​ရှိ​ရ​သည်​။

တစ်နှစ်တိတိ လုံးဝ တုပ်ကွေးမဖြစ်စေရန် တုပ်ကွေးကာကွယ်ဆေး အခမဲ့ထိုးပေးနေပြီ

တစ်နှစ်တိတိ လုံးဝ တုပ်ကွေးမဖြစ်စေရန် တုပ်ကွေးကာကွယ်ဆေး အခမဲ့ထိုးပေးနေပြီ

ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်းရှိ International Health & Beauty Centre, IHBC
ဒီနှစ်ဟာ ရာသီဥတုပုံစံ အရ မိုးများပြီး ပူနွေးစွတ်စိုတဲ့ လာနီညာနှစ် ဖြစ်ပါတယ်။ ဒီလို ပူနွေးပြီး စိုထိုင်းဆများတဲ့ လေထုအနေအထား ပိုင်ဆိုင်တဲ့ မိုးခဏခဏရွာလိုက် နေပူလိုက် ရာသီဥတုမျိုးဟာ ဘက်တီးရီးယားတွေနဲ့ တုပ်ကွေးဗိုင်းရပ်စ်တွေကို ပိုမိုပွားများ ထကြွစေနိုင်ပါတယ်။

ဒီလို ရာသီဥတု အောက်မှာ တုပ်ကွေးဒဏ်ကနေ လွတ်အောင်
(၁) လတ်ဆတ်တဲ့ အသီးအနှံတွေ မှန်မှန် စားသုံးပေးရပါမယ်။

(၂) အပြင်သွားပြီး ပြန်လာရင်၊ ကားလက်တန်း၊ လှေကားလက်ရန်း၊ တံခါးလက်ကိုင် စတဲ့ လူအများနဲ့ ဆိုင်တဲ့ နေရာတွေကို လက်နဲ့ ထိကိုင်ပြီးတာနဲ့ မျက်စိ၊ ပါးစပ်၊ နှာခေါင်း တို့ကို လက်ဆေးပြီးမှသာ ထိတွေ့ပါ။


ဒီနှစ်ချက်က အဓိက ကာကွယ်နည်း နှစ်ခုပါ။ ပြီးတော့

(၃) ဗိုက်တာမင် C 500 mg ပါဝင်တဲ့ ဆေးပြားတစ်ခုခု နေ့စဉ် မှီဝဲပေးပါ။
(၄) တတ်နိုင်သမျှ အိပ်ရေးမပျက်ပါစေနဲ့။ အိပ်ရေးပျက်ထားတဲ့ သူတစ်ယောက်ဟာ တုပ်ကွေးမိဖို့ အရမ်းနီးစပ်တာ သင်လက်တွေ့ သိပါလိမ့်မယ်။

ဒီလိုတွေ ကာကွယ်ရုံမှမက တစ်နှစ်တာတိတိ တုပ်ကွေးဒဏ်ကနေ လွတ်ချင်သူများ တစ်နှစ်အာမခံ တုပ်ကွေးကာကွယ်ဆေးကို အခမဲ့ ထိုးနှံနိုင်ကြပါပြီ။ ဗိုလ်အောင်ကျော်လမ်းမှာ ရှိတဲ့ International Health & Beauty Centre, IHBC (အပြည်ပြည်ဆိုင်ရာ ကျန်းမာရေးနှင့် အလှအပ ဗဟို) မှာ ရှိတဲ့ Kembangan Radiant Medical & Aesthetic Center (ကမ်ဘန်ဂန် အသားအရေ၀င်းဝါမှု ဆေးပညာနှင့် အလှသုခုမ ဗဟို) မှာ မေတ္တာဖြင့် အခမဲ့ ထိုးပေးမှာ ဖြစ်ပါတယ်။

ဒါကြောင့် တစ်နှစ်တာတိတိ တုပ်ကွေး ဒဏ်မှ ကာကွယ်လိုသူများ အနေနဲ့ ကျောက်တံတားမြို့နယ်၊ ဗိုလ်အောင်ကျော်လမ်းမှာ ရှိတဲ့ IHBC က Kembangan Radiant Medical & Aesthetic Center ဖုန်း ၃၉၂၄၈၄ မှာ ဆက်သွယ်စုံစမ်း စာရင်းပေးနိုင်ပါပြီ။ လူဦးရေကန့်သတ်ထားလို့ အမြန် စာရင်းပေးကြ စေလိုပါတယ်။ တုပ်ကွေးကာကွယ်ဆေး ထိုးဖို့ လိုအပ်ချက်တွေ အနေနဲ့ကတော့ အသက် ၉ လပြည့်ရင် ရပါပြီ။ (ကိုလမင်းသာတို့၊ ကိုဂျင်ဂျင်းတို့ ဂန်းနားချစ်သူတို့ကတော့ ထိုးဖို့ အသက်လိုဦးမလားမလားပဲ )


တုပ်ကွေးကာကွယ်ဆေးက ဘာလို့ တစ်နှစ်ပဲ အကာကွယ် ဖြစ်လဲ ဆိုတော့ တုပ်ကွေးဗိုင်းရပ်စ်များဟာ တစ်နှစ်တစ်ခါလောက်ကို သူတို့ရဲ့ မျိုးရိုးဗီဇပုံစံကို သူတို့ဟာ သူတို့ ပြောင်းပစ်ကြလို့ ဖြစ်ပါတယ်။ ဒါကြောင့် လူသားများဟာ တုပ်ကွေးဗိုင်းရပ်စ်များကို တစ်သက်လုံး ဘယ်တော့မှ ရောဂါပြီးခြင်းမရနိုင်တာ ဖြစ်ပါတယ်။ ဒါကြောင့် အထက်မှာ ဖော်ပြခဲ့တဲ့ အချက်(၄)ခုကို လိုက်နာကာ နှစ်စဉ် တုပ်ကွေးရောဂါကို ကာကွယ်နိုင်ကြပါစေ။ အခုတော့ ဆန္ဒရှိရင် အမြန်စာရင်းပေးပြီး ကာကွယ်ဆေး သွားထိုးနိုင်ကြပါပြီ။

အဖြစ်များသော ကျန်းမာရေးပြဿနာများနှင့် ဖြေရှင်းနည်းများ

သမ်းခြင်း
သင့်ခန္ဓာကိုယ်ဟာ အောက်ဆီဂျင် နည်းလာတဲ့အခါ သင့်ပါးစပ်ကို ကျယ်ကျယ်ဖွင့်စေပြီး လေတွေကို ပိုများများစုပ်ယူဖို့ ကြိုးစားပါတယ်။
ဒါကိုသမ်းတယ်လို့ သိထားကြပါတယ်။ သမ်းတာဟာ သင့်ရဲ့ သွေးထဲမှာရှိတဲ့
ကာဗွန်ဒိုင်အောက်ဆိုက်နဲ့ အောက်ဆီဂျင်တွေရဲ့ ပမာဏကို ထိန်းညှိပေးတဲ့
နည်းလမ်းတစ်ခုပါ။ ကံမကောင်းစွာပဲ လူကြားထဲမှာ သမ်းချင်တဲ့အခါ
ထိန်းချုပ်အောင့်အည်းလို့ မရပါဘူး။


ယားယံခြင်း
အရေပြားဟာ ပတ်ဝန်းကျင်နဲ့ ဆက်စပ်ပြီးဖြစ်တဲ့ ခြောက်သွေ့မှုကြောင့် မကြာခဏယားယံနိုင်ပါတယ်။ ဆပ်ပြာနဲ့ ရေသုံးပြီး အလွန်အကျွံ
ဆေးကြောခြင်းကလည်း အရေပြားက သဘာဝအဆီတွေကို ဖယ်ရှားပစ်တဲ့အတွက်
အစိုဓာတ်ခန်းခြောက်လာကာ ယားယံစေပါတယ်။ အရေပြားခြောက်သွေ့မှုကြောင့်
ယားယံခြင်းကို ထိန်းချုပ်ဖို့အတွက် မျက်နှာနဲ့ ခန္ဓာကိုယ်မှာ
လိုးရှင်းလိမ်းပေးနိုင်ပါတယ်။ ဒါ့အပြင် ဆပ်ပြာတွေနဲ့ ကိုယ်တိုက်
ဆပ်ပြာရည်ဝယ်တဲ့အခါ အစိုဓာတ် ထိန်းပေးတယ် (Moisturizing) စာတန်းပါတာကို
ရွေးဝယ်ပါ။ ဒါပေမယ့် သင့်မှာ ယားယံနေတဲ့အကွက်တွေ ရှိနေသေးရင်တော့
ဓာတုပစ္စည်း၊ အပင်၊ အစားအစာ၊ တိရစ္ဆာန် ဒါမှမဟုတ် ဆေးဝါးတွေကို
ဓာတ်မတည့်တုံ့ပြန်မှုကြောင့် ဖြစ်နိုင်ပါတယ်။ ယားယံတာက မပျောက်နိုင်ရင်တော့
ဆရာဝန်နဲ့ ပြပါ။

မျက်စိဆန့်ငင်ဆန့်ငင်လှုပ်ခြင်း
မျက်စိကို ထိန်းချုပ်လို့မရဘဲ ဆန့်ငင်ဆန့်ငင် လှုပ်နေတာ အာရုံကြောဆိုင်ရာ ပြဿနာတစ်ခုခုရဲ့ လက္ခဏဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ တစ်ခါတရံ မထူးဆန်းတဲ့
အကြောင်းတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ မျက်စိဆန့်ငင်ဆန့်ငင်
လှုပ်ခြင်းရဲ့ အဖြစ်များတဲ့ အကြောင်းတွေထဲမှာ စိတ်ဖိစီးမှု၊
အိပ်ရေးပျက်ခြင်း၊ အကြာကြီး ငေးစိုက်ကြည့်ခြင်း ဒါမှမဟုတ်
မျက်စိညောင်းညာခြင်းတွေ ပါဝင်ပါတယ်။ ဒါကြောင့် အရင်ဆုံး
စိတ်ဖိစီးမှုလျှော့တာ၊ ကဖင်းလျှော့သောက်တာနဲ့ အိပ်ရေးဝအောင် အိပ်တာတွေ
အရင်လုပ်ကြည့်ပါ။ မပျောက်ရင်တော့ ဆရာဝန်နဲ့ ပြပါ။


ကြို့ထိုးခြင်း
သင်ဟာ မကြာခဏကြို့ထိုးတတ်ရင် အစာစားတဲ့အခါနဲ့ အရည်သောက်တဲ့အခါ ဖြည်းဖြည်းချင်းသာ စားသောက်ပါ။ အလွန်မြန်မြန်စားသောက်ခြင်းဟာ အစာအိမ်ကို ဖောင်းကားစေပြီး
ရင်ဝမ်းခြားကြွက်သားကို လှုံ့ဆော်တဲ့အတွက် အဲဒီကြွက်သားကျုံပြီး
ကြို့ထိုးတတ်ပါတယ်။ ဒါ့အပြင် ကြို့ထိုးတာဟာ စိတ်ပိုင်းဆိုင်ရာအခြေအနေ၊
ဒါမှမဟုတ် အပူချိန် ရုတ်တရက် ပြောင်းလဲမှုကြောင့်လည်း ဖြစ်နိုင်ပါတယ်။
ဒီလိုအခါတွေမှာ သင်ရဲ့ အာရုံကြောတွေမှာ ရှုပ်ထွေးမှားယွင်းမှု ဖြစ်တဲ့အတွက်
ကြို့ထိုးလာတာဖြစ်ပြီး ရုတ်တရက်လန့်သွားတဲ့အခါ အာရုံကြောတွေကို
နာနာလှုပ်ပြီး ပြန်ချိန်ပေးသလိုဖြစ်တဲ့အတွက် ကြို့ထိုး ပျောက်သွားတတ်ပါတယ်။


ကြက်သီးမွေးညင်းထခြင်း
သင်ဟာ အေးတဲ့အခါ ဒါမှမဟုတ် ကြောက်လန့်တဲ့အခါ ကြက်သီးမွေးညင်း ထတာဟာ ခန္ဓာကိုယ်ရဲ့ ခုခံကာကွယ်တဲ့ စနစ်တစ်ခုဖြစ်ပါတယ်။ အရေပြားနဲ့
မွေးညင်းအိတ်ကို ဆက်ထားတဲ့ ကြွက်သားသေးလေးတွေ ကျုံပြီး အရေပြားပေါ်က
အမွေးအဆုံးကို ထောင်စေတဲ့အခါ ကြက်သီးမွေးညင်း ထလာတာပါ။
ကမ္ဘာဦးလူသားတွေကတော့ အခုခေတ်လူတွေထက် အမွေးတွေ ထောင်သွားတဲ့အခါ
လေကိုဖမ်းယူပြီး ခန္ဓာကိုယ်ကို နွေးထွေးစေပါတယ်။ ဒါမှမဟုတ်ရင်လည်း
သားရဲတိရစ္ဆာန်တွေ ရန်မူတဲ့အခါ အမွေးတွေထောင်သွားခြင်းကြောင့်
တိရစ္ဆာန်တွေကို ကြောက်လန့်အောင်ခြိမ်းခြောက်နိုင်ပါတယ်။


နှာချေခြင်း
သင့်ခန္ဓာကိုယ်ဟာ အနှောင့်အယှက်ဖြစ်စေတဲ့အရာတွေကို နှာခေါင်းတွင်းမှ ဖယ်ရှားဖို့ကြိုးစားတဲ့အခါ နှာခေါင်းတွင်းမှ ဖယ်ရှားဖို့ကြိုးစားတဲ့အခါ
နှာချေတာဖြစ်ပါတယ်။ သင့်မှာ ဓာတ်မတည့်မှု ပြဿနာရှိရင် ပန်းဝတ်မှုန်တွေနဲ့
တိရစ္ဆာန် အညစ်အကြေးတွေကြောင့် ဖြစ်နိုင်ပါတယ်။ သင်ဟာ
အအေးမိရောဂါဖြစ်နေရင်တော့ သင့်ခန္ဓာကိုယ်ဟာ ဗိုင်းရပ်စ်ပိုးတွေကို
ဖမ်းယူဖို့ ချွဲသလိပ်တွေကို ပိုထုတ်ပေးပြီး နှာချေခြင်းနည်းနဲ့
ခန္ဓာကိုယ်အပြင်ကို ထုတ်ပစ်ပါတယ်။ အအေးမိပျောက်ဆေးနဲ့
ဓာတ်မတည့်ပျောက်ဆေးတွေက နှာချေတာကိုဖြစ်စေတဲ့ ချွဲသလိပ်ထုတ်လုပ်မှုကို
လျော့နည်းစေတာ ဒါမှမဟုတ် ဓာတ်မတည့်ဖြစ်စေတဲ့ ပစ္စည်းကို သင့်ခန္ဓာကိုယ်က
တုံ့ပြန်မှုကို ဖိနှိပ်တာပါ။


ချောင်းဆိုးခြင်း
ချောင်းဆိုးခြင်းဟာ ခန္ဓာကိုယ်ထဲက မကောင်းတဲ့အရာတွေကို ထုတ်ပစ်တဲ့ နောက်ထပ်စနစ်တစ်ခုပါ။ သင်ရဲ့ အသက်ရှူလမ်းကြောင်းတစ်လျှောက်မှာ အထူးဆဲလ်တွေ
ရှိပါတယ်။ ဒီဆဲလ်တွေက အနှောင့်အယှက်ပေးမယ့် အရာတွေကို သိရှိပြီး
အားနဲ့ဖယ်ထုတ်ပစ်တာပါ။ အအေးမိခြင်း၊ နှာခေါင်းတွင်း လိုဏ်ခေါင်းမှာ
ပိုးဝင်ခြင်းနဲ့ နမိုးနီးယားရောဂါတွေဟာ သင့်ခန္ဓာကိုယ်ရဲ့
ချွဲသလိပ်ထုတ်လုပ်မှုကို ပိုများစေပြီး ချောင်းဆိုးစေပါတယ်။
ဆေးလိပ်သောက်ခြင်းနဲ့ ပန်းနာရင်ကျပ် ရောဂါတွေကလည်း ဆဲလ်တွေကို
အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ နာတာရှည် ချောင်းဆိုးနေတဲ့ ပြဿနာကို
လျော့နည်းစေဖို့အတွက်တော့ လေ့ကျင့်ခန်းမှန်မှန်လုပ်ပြီး
ကောင်းမွန်တဲ့ကိုယ်ဟန်အနေအထားဟာ အသက်ရှူလမ်းကြောင်းကို ပွင့်နေအောင်
ထိန်းသိမ်းပေးပါတယ်။


ကြွက်တက်ခြင်း
ရုတ်တရက်ကြွက်သားနာကျင်ပြီး ကြွက်တက်တာဟာ ရေဓာတ်ခန်းခြောက်တာ ဒါမှမဟုတ် ပြင်းထန်တဲ့ အားကစားလုပ်ပြီး ခန္ဓာကိုယ်ထဲမှာ ဓာတ်ဆားတွေ မညီမျှတာအပါအဝင်
အကြောင်းအချက် များစွာကြောင့် ဖြစ်နိုင်ပါတယ်။ ကြာရှည်ပြေးပြီး ဒါမှမဟုတ်
လေ့ကျင့်ခန်းလုပ်ပြီး နောက်မှာ အားကစားသမားတွေ သောက်ရတဲ့အချိုရည် (Sports
Drink) သောက်တာဟာ သင့်ခန္ဓာကိုယ် စနစ်တွေကို ချောမွေ့လွယ်ကူစေပါတယ်။
နာကျင်မှု သက်သာဖို့ အတွက်တော့ လမ်းလျှောက်ပေးပါ။

ချမ်းတုန်ခြင်း
ချမ်းတုန်ခြင်းဟာ ခန္ဓာကိုယ်တစ်ခုလုံး တဆတ်ဆတ်တုန်ခါနေခြင်းပါ။ သင့်ခန္ဓာကိုယ်အပူချိန် အလွန်အမင်း ကျဆင်းသွားတဲ့အခါ ခန္ဓာကိုယ်ဟာ တုန်လာပြီး အပူကို ဖြစ်စေတာပါ။
ဒီလိုချမ်းတုန်တာကို ကုသဖို့ တစ်ခုတည်းသော နည်းလမ်းကတော့
သင့်ခန္ဓာကိုယ်အပူချိန်ကို ၉၈ ဒဿမ ၆ ဒီဂရီဖာရင်ဟိုက်
ပြန်ရောက်အောင်လုပ်ဖို့ပါ။

နားအူခြင်း
အလယ်နားမှာ အရည်ရှိနေခြင်း ဒါမှမဟုတ် ပိုးဝင်ခြင်းကြောင့် နားအူနိုင်ပါတယ်။ ဒါပေမယ့် ပိုပြီးအဖြစ်များတဲ့ အကြောင်းကတော့ သင်ရဲ့ အကြားအာရုံကြော အဆုံးကို
ထိခိုက်မှုကြောင့်ဖြစ်ပြီး အများအားဖြင့် အလွန်ကျယ်လောင်တဲ့ ဆူညံသံကြောင့်
ဖြစ်ပါတယ်။ အမြဲတမ်း နားလေး သွားတာမျိုးမဖြစ်အောင် စင်မြင့်ဂီတ
ဖျော်ဖြေပွဲတွေနဲ့ ဘောလုံးပွဲတွေကို သွားတဲ့အခါ နားဆို့တပ်ထားပါ။

အစာအိမ်ထဲမှာ အသံမြည်ခြင်း
အစာ၊ ရေနဲ့ ဓာတ်ငွေ့တွေဟာ သင်ရဲ့ အစာခြေလမ်းကြောင်းတစ်လျှောက် ဖြတ်သွားတဲ့အခါ အစာအိမ်ကြွက်သားတွေနဲ့ အူကြွက်သားတွေက ကျုံ့ပြီး အသံထွက် စေနိုင်ပါတယ်။
လူတိုင်းရဲ့ အစာအိမ်က အစာခြေနေစဉ်မှာ အသံထွက်ပါတယ်။ ဒါပေမဲ့
အလွန်ကျယ်လောင်တဲ့ အသံထွက်နေရင်တော့ သံလွင်ဆီလက်ဖက်စားဇွန်းတစ်ဇွန်း
ဒါမှမဟုတ် Herbal Tea တစ်ခွက်ကို သောက်ပေးရင် သက်သာနိုင်ပါတယ်။

ခြေ၊ လက်ကျဉ်ခြင်း
ခြေ၊ လက်အစိတ်အပိုင်းတစ်ခုခုပေါ်မှာ ကြာရှည်ဖိထားတဲ့အခါ ကျဉ်တတ်ပါတယ်။ သင်ဟာ ခြေထောက်ကို ဖိပြီး အကြာကြီးထိုင်တဲ့အခါ ဒါမှမဟုတ် လက်ကိုဖိပြီး
အကြာကြီးအိပ်မိတဲ့အခါ အဲဒီနေရာမှာကျရောက်တဲ့ ဖိအားက သင်ရဲ့
အာရုံကြောတွေကို ညှစ်ထားပြီး ဦးနှောက်ကို ပေါက်တတ်ကရ
သတင်းတွေပို့ပေးပါတယ်။ ဦးနှောက်က ဘာလုပ်ရမယ်ဆိုတာ
ပြောဖို့ခက်ခဲသွားတဲ့အတွက် ဒီရောထွေးနေတဲ့အတင်းတွေက အဲဒီနေရာမှာ ခံစားမှု
ပျောက်သွားစေပါတယ်။ ခြေလက်ကျဉ်တာကို ကာကွယ်ဖို့ အတွက်တော့ အာရုံကြောတွေကို
ဖိမိတဲ့အနေအထားမှာထိုင်တာ ဒါမှမဟုတ် အိပ်တာကို ရှောင်ကြဉ်ဖို့ပါ။

ကြယ်မြင်ခြင်း
သင်ဟာအိပ်နေရာကနေ အလွန်မြန်မြန်မတ်တတ်ရပ်လိုက်တဲ့အခါ သင့်ခေါင်းကို အထိုးခံလိုက်ရသလို ဒါမှမဟုတ် ခေါင်းတစ်ခြမ်းကိုက်ရောဂါက ဒုက္ခပေးသလိုမျိုး ခံစားရပြီး
မျက်စိထဲမှာ ကြယ်တွေမြင်သွားရနိုင်ပါတယ်။ ဒါဟာ သင့်ခန္ဓာကိုယ် အစိတ်အပိုင်း
အသီးသီးဆီကို သွေးတွေ အရှိန်အဟုန်နဲ့ တိုးထွက်သွားတာကြောင့်ပါ။
ယေဘုယျအားဖြင့် ဒီလိုမျက်စိထဲအလင်းပွင့်တွေမြင်ရတာဟာ စက္ကန့်အနည်းငယ်သာ
ကြာပါတယ်။ သင်ဟာ အချိန်ခဏထက်ပိုပြီး ကြယ်တွေမြင်နေရရင်တော့ သင်ရဲ့
မျက်စိအာရုံခံလွှာမှာ စုတ်ပြဲနေတာ ဒါမှမဟုတ် သွေးခဲလေးသေးလေး ရှိနေတာ
ဖြစ်နိုင်တဲ့အတွက် ဆရာဝန်ဆီ ချက်ချင်းသွားပါ။

လာနီညာရာသီဥတုကြောင့် ကျန်းမာရေးဆိုင်ရာ ပြဿနာများ ကြုံတွေ့ရနိုင်သည့်အတွက် ကြိုတင်ကာကွယ်ထားသင့်

လာနီညာရာသီဥတု ကြောင့် ညဘက်တွင် အ အေးပိုခြင်း၊ မုန်တိုင်းများ ဆက်တိုက်ဖြစ်ခြင်း၊ မြေပြို မှု၊ မိုးရွာသွန်းမှုများခြင်း ကြောင့် မြစ်ရေလျှံတတ် ပြီး၊ အစာရေစာရှားပါးမှု များကြောင့် အစာအိမ်အူ လမ်းကြောင်းဆိုင်ရာ ရော ဂါများ၊ စိုစွတ်မှုများ ကြောင့် မှိုရောဂါများနှင့် အမြဲထိတ်လန့်နေရသည့်အ တွက် သည်းခြေမငြိမ်မ သက်ဖြစ်ကာ စိတ်ရောဂါ သည် များပြားလာနိုင် ကြောင်း သိရသည်။
အလ်နီညို ရာသီဥ တုတုန်းက ဆောင်းရာသီ မှာတောင် အရမ်းပူတယ်။ ခု လာနီညာက သူနဲ့ဆန့် ကျင်ဘက်ပဲ။ ပူပြင်းတဲ့နွေ ရာသီမှာတောင် အရမ်း အေးမှာ။ တကယ်တော့ လာနီညာနဲ့ အယ်နီညိုကValent ဖြစ်နေရမှာ။ တစ် ခုခုဘက်မှာ အားများနေ ရင် လူတွေသေကြေရမယ်။ ပြီးတော့ မြန်မာနိုင်ငံမှာ နောက်သုံးနှစ်အတွင်းမှာ တစ်ဒီဂရီအပူချိန် အမြဲတိုး တိုးသွားမယ်။ ဒါကြောင့် ခု ကတည်းက ကျန်းမာရေးကို ကာကွယ်ထားသင့်တယ်ဟု စင်ကာပူ တိုင်းရင်းဆေး သုတေသနပညာရှင်တစ်ဦး က ပြောကြားခဲ့သည်။
ထို့ပြင် ရာသီဥတု ပြောင်းလဲ မှုများကြောင့်၊ သွေးအဖွဲ့အစည်းတွင်း မှိုဝင် ရောက်လာနိုင်ပြီး၊ အအေး မိရောဂါများ၊ အဆုတ် ရောင်ရောဂါများနှင့် အ ရေပြားရောဂါများ ပိုမို ဖြစ်လာနိုင်ကြောင်း သုံး သပ်ပြောကြားထားသည်။ ၁၉၅ဝ ပြည့်နှစ် နောက် ပိုင်းမှာ စတင်ကာ ကျန်း မာရေးပြဿနာများ ဖြစ် ပေါ်လာပြီး၊ ကျန်းမာရေး ကို ထဲထဲဝင်ဝင်မဖြစ်မနေ ပါဝင်ဆောင်ရွက်ပြီး စောင့် ရှောက်ထားသင့်ကြောင်း သိရသည်။
Source: The Straits Times

ဖိုင်ဘာဖြင့် အင်တာနက် ချိတ်ဆက်ရာတွင် Bandwidth ငါးမျိုး သတ်မှတ်ထားကြောင်း သိရ

ရန်ကုန်မြို့တွင် မကြာမီ အသုံး ပြုခွင့်ရတော့မည့် ဖိုင်ဘာဖြင့် အင်တာနက် ချိတ်ဆက်ခြင်းတွင် Bandwidth ငါးမျိုး သတ်မှတ်ထားကြောင်း စုံစမ်းသိရှိရသည်။


ဖိုင်ဘာဖြင့် အင်တာနက်ချိတ် ဆက်ရာတွင် IPTV, VoIP ဖုန်းနှင့် အင်တာနက် သုံးမျိုးလုံး အသုံးပြုမည်ဆိုပါက ကနဦးတပ်ဆင်ခမှာ ကျပ်ကိုးသိန်းဖြစ်ပြီး အင်တာနက်နှင့် VoIP ဖုန်းနှစ်မျိုးသာ အသုံးပြုလျှင် ကနဦးတပ်ဆင်ခမှာ ကျပ်ခုနစ်သိန်းခွဲ ဖြစ်ကြောင်း သိရသည်။ အသုံးပြုမည့်သူ ရွေးချယ်သုံးစွဲနိုင်သော မြန်နှုန်းငါးမျိုး သတ်မှတ်ထားပြီး လစဉ်ကြေးမှာ ကွာခြားမည်ဟု သိရသည်။ Bandwidth- 512 Kbps အတွက် လစဉ်ကြေးမှာ အက်ဖ်အီးစီ ၄၀ ဖြစ်ပြီး 1 Mb မှာ အက်ဖ်အီးစီ ၇၅၊ 2 Mb မှာ အက်ဖ်အီးစီ ၁၂၅၊ 4 Mb ဆိုပါက အက်ဖ်အီးစီ ၂၇၅၊ အမြင့် ဆုံး 8 Mb ဖြင့် အသုံးပြုမည်ဆိုလျှင် လစဉ်ကြေးမှာ အက်ဖ်အီးစီ ၅၅၀ ဟု နှုန်းထားများ သတ်မှတ်ထား ကြောင်းသိရသည်။ ထို့ပြင်နှစ်စဉ်ကြေး မှာ ကျပ်ခြောက်သောင်းဖြစ်သည်။


" ၀န်ဆောင်မှုသုံးမျိုးလုံး အသုံးပြုမယ်ဆိုရင် IPTV အတွက် Setup Box တစ်ခုထားရှိရမှာဖြစ်ပြီး Free Channel တွေကို အခမဲ့ကြည့်ရှုခွင့်ရမှာ ဖြစ်ပါတယ်။ Pay Channel တွေလည်း သီးသန့်ရှိဦးမှာ ဖြစ်ပြီး Package အလိုက် အခကြေးငွေနဲ့ ရွေးချယ်သုံးစွဲနိုင်မှာပါ။ သုံးစွဲသူ အများစုရှိမယ့် ကွန်ဒို၊ ဈေးဝယ်စင်တာစတဲ့ နေရာမျိုးတွေမှာ တပ်ဆင်မယ်ဆိုရင် အကောင်အထည်ဖော်ရတာ ပိုမြန်မှာပါ။ နေရာအနေအထားပေါ် မူတည်ပြီး သွယ်တန်းလို့ရ၊ မရဆိုတာ လည်း အကန့်အသတ် ရှိနိုင်ပါတယ်" ဟု RedLink ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။


ဖိုင်ဘာဖြင့် အင်တာနက်ချိတ်ဆက်ခြင်းအတွက် မန္တလေးမြို့တွင် လျှောက်လွှာများ စတင်လက်ခံနေပြီး အောက်တိုဘာ ၁၇ ရက်နေ့မှစ၍ သုံးစွဲခွင့်များ စတင်ချပေးသွားမည်ဟု သိရသည်။


ဖိုင်ဘာဖြင့် အင်တာနက်ချိတ်ဆက်ခြင်းအတွက် ကုမ္ပဏီခြောက်ခု မှလုပ်ကိုင်ခွင့်များရရှိထားပြီး ရန် ကုန်မြို့၌ ယခုနှစ်မကုန်မီ အသုံးပြုခွင့်ရမည်ဟုလည်း သိရသည်။

ရှာဖွေရ မောလှပြီ

တနှစ်က မန္တလေးသင်္ကြန်ကို သွားလည်ဖြစ်တယ်။
သင်္ကြန်တွင်း လူအစည်ကားဆုံးဖြစ်တဲ့ကျုံးနဲ့ အနီးဆုံးဟော်တယ်တစ်ခုမှာ တည်းခိုဖို့သွားတော့ အခန်းတိုင်း လူပြည့်နေတယ်တဲ့။
တော်တော်စိတ်ညစ်သွားတယ်။
ကောင်တာစာရေးမက ဆက်ပြောလာတယ်...
"အခန်းလွတ်တစ်ခုတော့ ကျန်သေးတယ် ဦး၊ ဒါပေမဲ့ အဲဒီအခန်းက အိမ်သာပျက်နေလို့ ပြင်နေတာ မပြီးသေးဘူး၊ အများသုံးအိမ်သာမှာ အသုံးပြုပြီးနေနိုင်တယ်ဆိုရင်တော့ ဦး နေလို့ရပါတယ်"
ဘယ်မှလည်းထပ်မရှာချင်တော့တာနဲ့ အဲဒီအခန်းကိုဘဲ ယူလိုက်တယ်။
မန္တလေးသင်္ကြန်မှာ ပျော်ပါတယ်။
အခန်းပြန်ရောက်လို့ အပေါ့အလေးသွားတဲ့အခါ နည်းနည်းကသီတာကလွဲလို့ ကျန်တာအားလုံးအိုကေပါတယ်...
အဲ...မအိုကေတာက ပြန်မယ့်နေကျမှဖြစ်တာ၊
ပြန်မယ်ဆိုပြီး ပစ္စည်းတွေထုတ်ပိုးသိမ်းဆည်းပြီးကာမှ ဗိုက်ကရစ်ရစ်ပြီးနာလာတယ်..
ဒါနဲ့ အိမ်သာရှိရာ ကမန်းကတန်းပြေးရတာပေါ့၊ ကံများမကောင်းချင်တော့ အိမ်သာက တခန်းမှ မအားဘူး။
ဟိုတယ်က ၂ထပ်ဆိုတော့ အောက်ထပ်မှာလဲ အများသုံးအိမ်သာရှိတာနဲ့ အောက်ထပ်ဆင်းပြေးရပြန်တယ်..
အာ..အောက်ထပ်က အိမ်သာတွေမှာလဲ လူအပြည့်..ခက်ပြီ၊ ဒီမှာလဲထွက်ကျတော့မယ်...
ကြံရာမရတဲ့အဆုံး အခန်းကိုဘဲပြန်လာလိုက်တယ်...
အခန်းထဲက စာပွဲပေါ်မှာအလှတင်ထားတဲ့ ပန်းအိုးကိုယူလိုက်တယ်၊
ပန်းတွေကို ဆွဲထုတ်လိုက်ပြီး ပန်းအိုးထဲကို ဗိုက်နာတဲ့ကိစ္စရှင်းချလိုက်တယ်။
ပြီးတော့ ပန်းတွေ ပြန်စိုက်ထဲ့လိုက်တယ်။
ခုမှနေသာထိုင်သာရှိတော့တာကိုး...
ပြီးတာနဲ့ အိတ်ဆွဲပြီးခပ်တည်တည်နဲ့ ထွက်လာခဲ့တာပေါ့။
ဒီလိုနဲ့.....
နောက်တစ်ပတ်လောက်ကြာတော့ ဟိုတယ်က ပို့လိုက်တဲ့ ပို့စ်ကဒ် တစ်ခု စာတိုက်က ရောက်လာတယ်..
ပို့စ်ကဒ်မှာရေးထားတာက... ...

"လူကြီးမင်းရှင့်...
အားလုံးကိုခွင့်လွတ်ပါသည်၊
ဘယ်နေရာမှာ ပါခဲ့တယ်ဆိုတာကိုတော့ သိပါရစေရှင်"....တဲ့

သင်္ချာနဲ့လောဂျစ်

တစ်ခါက သင်္ချာလို့ခေါ်တဲ့ မယ်သီလရှင်နဲ့ လောဂျစ် (Logic) လို့ခေါ်တဲ့
မယ်သီလရှင်တို့ရှိကြတယ်။ မယ်သီလရှင်နှစ်ဦးဟာ
ညကြီးမိုးချုပ်ညတစ်ညမှာ အဝေးတစ်နေရာကနေ ကျောင်းကိုပြန်ခဲ့ကြတယ်။

သင်္ချား နင့်သတိထားမိလား? ငါတို့နောက်မှာ လူတစ်ယောက်လိုက်နေတာ ၃၈မိနစ်နဲ့
စက္ကန့် ၃ဝရှိပြီ။
သူဘာလုပ်ချင်တာလဲ မသိဘူး?

လောဂျစ်း ဒါယုတ္တိတန်တယ်။ ငါတို့ကို စော်ကားချင်လို့ဖြစ်မယ်။

သင်္ချား ဘုရားသခင်ရေ! ဒီလိုခြေလှမ်းမျိုးနဲ့ဆို (၁၅)မိနစ်အတွင်း
ငါတို့ကို သူမီလိမ့်မယ်။ ဘယ်လိုလုပ်ရမလဲ?

လောဂျစ်း ယုတ္တိတန်အောင် ငါတို့မြန်မြန်လျှောက်ရအောင်..

သင်္ချား မရတော့ဘူးထင်တယ်။

လောဂျစ်း အင်း.. မရတော့ဘူး။ အဲဒီလူက ယုတ္တိရှိရှိ မြန်သထက်မြန်လာခဲ့ပြီ။

သင်္ချား ငါတို့ဘယ်လိုလုပ်ကြမလဲ? ဒီလိုခြေလှမ်းမျိုးနဲ့ဆို တစ်မိနစ်အတွင်း
ငါတို့ကို သူမီနိုင်တယ်။

လောဂျစ်း တစ်ခုတည်းသော ယုတ္တိတန်တဲ့နည်းက ငါတို့လမ်းခွဲပြီး ပြေးကြဖို့ပဲ။
နင်ဟိုဖက်ကသွား၊
ငါဒီဖက်ကသွားမယ်။
နှစ်ယောက်လုံးကို သူဖမ်းမှာတော့ မဟုတ်ဘူး။

ဒီလိုနဲ့ မင်္သကာစရာယောက်ျားက လောဂျစ်နောက် ဆက်လိုက်သွားခဲ့တယ်။ သင်္ချာကကျောင်းကို
ချောချောမောမော
ရောက်သွားခဲ့ပေမယ့်
လောဂျစ်ကို စိတ်ပူနေခဲ့တယ်။ ခဏကြာတော့ ကျောင်းပေါက်ဝကို
လောဂျစ်ရောက်လာခဲ့တယ်။

သင်္ချား အိုး.. ဘုရားသခင် ကျေးဇူးတင်လိုက်တာ နင်ပြန်လာပြီ! ဘာတွေဖြစ်ခဲ့လဲ
ငါ့ကို မြန်မြန်ပြောပါဦး!

လောဂျစ်း အင်း... နှစ်ယောက်လုံးနောက် သူမလိုက်နိုင်တော့ ငါ့နောက်ကို
ယုတ္တိရှိရှိ သူလိုက်ခဲ့တယ်။

သင်္ချား အဲဒီနောက် ဘာဖြစ်လဲ!

လောဂျစ်း ယုတ္တိရှိတဲ့ လုပ်ရပ်တစ်ခုဖြစ်ခဲ့တယ်။ ငါ အားကုန်ပြေးတယ်။
သူအားကုန်လိုက်တယ်။

သင်္ချား ပြီးတော့ရော?

လောဂျစ်း ယုတ္တိရှိတဲ့ လုပ်ရပ်တစ်ခုဖြစ်ခဲ့တယ်။ ငါ့ကို သူဖမ်းမိသွားတယ်။

သင်္ချား ဘုရားသခင်! နင့်ကို သူဘာလုပ်လိုက်လဲ?

လောဂျစ်း ယုတ္တိရှိတဲ့ လုပ်ရပ်တစ်ခုက ငါ ဂါဝန် မ,လိုက်တယ်။

သင်္ချား ဘုရား.. ဘုရား.. အဲဒီလူရော!

လောဂျစ်း သူလဲ ယုတ္တိရှိတဲ့ လုပ်ရပ်တစ်ခုလုပ်လိုက်တယ်။ သူ
သူ့ဘောင်းဘီကိုဆွဲချတယ်။

သင်္ချား ဘုရား.. ဘုရား.. အဲဒီနောက်?

လောဂျစ်း အဲဒီနောက်.... ဂါဝန်မ,ထားတဲ့ သီလရှင်တစ်ယောက်က ဘောင်းဘီဆွဲချထားတဲ့
ယောက်ျားတစ်ယောက်ထက် ပိုအပြေးမြန်ခဲ့တယ်လေ။ ကဲ
ယုတ္တိမတန်ဘူးလား! ခုနားက နင် လျှောက်တွေးနေတယ် မဟုတ်လား! "အာမင်" လို့
မြန်မြန်ရွတ်လိုက်...

အဖြည့်ခံ

*တစ်ခါက လူငယ်လေးတစ်ယောက်ဟာ…ပန်းဥယျာဉ်ေ**လးတစ်ခု တည်ဆောက်ဖို့
ဆုံးဖြတ်လိုက်တယ်တဲ့။*

*သူဟာအရင်ဆုံး ရေနဲ့ လဲနီး မြေဆီမြေသြဇာလဲ ကောင်းတဲ့နေရာတစ်ခုမှာ
မြေကွက်လပ်ကျယ်ကျယ်လေးတစ်ခုဝယ်**လိုက်တယ်။*

*နောက်…မြေကွက်လပ်ရဲ့ ထောင့်နေရာမှာ သူနေဖို့ တဲလေးတစ်လုံးထိုးလိုက်တယ်။*

*ပြီးတော့…သူက ဘာဆက်လုပ်ရမလဲစဉ်းစားတယ်။*

*ပထမဆုံး သူရဲ့ ဥယျာဉ်လေးကို အပြင်လူတွေမနှောက်ယှက်နိုင်အော**င်
ခြံစည်းရိုးခတ်ရမယ်ပေါ့။*

*အဲဒါနဲ့ သူကိုယ်တိုင်း ၀ါးတွေခုတ်တယ်…နောက် ၀ါးလုံး ၀ါးခြမ်းတွေနဲ့
သူပိုင်မြေကွက်လေးကို ခြံစည်းရိုးခတ်လိုက်တယ်ပေါ့။*

*ခြံစည်းရိုးခတ်ပြီးသွားတဲ့အခါ လူငယ်လေးက စဉ်းစားတယ်။*

*ဒီဝါးခြံစည်းရိုးဟာ…နောက်ဖြစ်လာ**မယ့် သူ့ ရဲ့ ဥယျာဉ်လေးနဲ့
မလိုက်ဖက်ဘူးပေါ့။*

*ဘယ်လိုလုပ်ရင်ကောင်းမလဲ စဉ်းစားရင်း လူငယ်လေးဟာ တောထဲကိုထွက်လာခဲ့တယ်။*

*တစ်နေရာအရောက်မှာ…သစ်ပင်ကြီးတစ်**ပင်ကို တွယ်တက်ပြီးပေါက်နေတဲ့ အရမ်းလှတဲ့
ခရမ်းရောင်ပန်းတွေကို သတိထားမိသွားတယ်။*

*ခရမ်းရောင်ပန်းတွေက နွယ်ပင်ကနေ ပေါက်နေတာပဲ။*

*နွယ်ပင်ရဲ့ ပင်စည်မှာလဲ ချွန်မြတဲ့ ဆူးတွေနဲ့ ။*

*အဲဒီ ပန်းနွယ်ပင်တွေကိုကြည့်ပြီး လူငယ်လေးကအကြံတစ်ခုရသွားတယ်။*

*သူ့ ရဲ့ ၀ါးခြံစည်းရိုးပေါ်ကနေမံပြီး ဆူးပါတဲ့ ပန်းနွယ်ပင်စိုက်ရမယ်ပေါ့။*

*ဒါဆို သူရဲ့ ပန်းဥယျာဉ်ကြီးနဲ့ လဲလိုက်ဖက်မယ်….သူ့ ဥယျာဉ်ကြီးကို
နှောက်ယှက်မယ့်သူတွေရန်ကလဲ ကာကွယ်ပြီးဖြစ်မယ်လေ။*

*အဲဒါနဲ့ သူက…နွယ်ပန်းခြုံကြီးကနေ အပင်ပေါက်လေးတစ်ခု ယူလာခဲ့တယ်။*

*နွယ်ပင်ပေါက်လေးကတော့ပျော်လို့ ** ပေါ့။*

*ဘယ်သူ့ ကမှသူ့ ကို အခုလို တယုတယ စိုက်ပျိုး ဖို့ ယူမသွားခဲ့ဖူးဘူးလေ။*

*လူငယ်လေးက နွယ်ပင်ပေါက်လေးကို ယူသွားပြီး ခြံစည်းရိုးရဲ့ ထောင့်တစ်နေရာကနေ
စပြီးစိုက်တယ်။*

*ဒီအပင်လေးဟာ သူ့ အတွက်တော့ ပထမဆုံးပန်းပင်လေးပဲလေ။*

*နေ့ တိုင်း နွယ်ပင်ပေါက်လေးကို ရေလောင်း မြေဆွ မြေသြဇာထည့်ပေးတယ်။*

*ပြီးတော့ မြေရိုင်းဖြစ်နေတဲ့ သူ့ ရဲ့ မြေကွက်လပ်ကိုလည်း ပန်းပင်အမျိုးမျိုး
စိုက်လို့ ရအောင် ပေါင်းသင် မြေဆွပေးတယ်။*

*တောထဲမှာ အကြမ်းပတမ်းရှင်သန်နေရတဲ့ နွယ်ပင်လေးဟာ အခုလို ကရုတစိုက်
ရေလောင်းမြေဆွပေးတော့ တရှိန်ထိုးကြီးထွားလာတာပေါ့။*

*အရွက်တွေလဲ ဖားဖားဝေေ၀၊ ပင်စည်က ဆူးတွေကလဲ ချွန်မြလို့ ။*

*၀ါးခြံစည်းရိုးကို ဖြန့် ကျက်ခြုံလွှမ်းလို့ သူ့ သခင် ဥယျာဉ်မှုးလေးရဲ့
ခြံ ကိုအစွမ်းကုန်ကာကွယ်ပေးဖို့ ဆုံးဖြတ်ချက်ချထားလေရဲ့ ။*

*နွယ်ပင်လေး ခြံစည်းရိုးတစ်လျှောက်ကြီးထွား**လာတာနဲ့ အမျှ လူငယ်လေးရဲ့
ခြံဟာလဲ ပန်းပင်တွေ စိုက်ပျိုးဖို့ အဆင်သင့်ဖြစ်လာပြီလေ။*

*ဒါနဲ့ တစ်နေ့ တော့ လူငယ်လေးဟာ မြို့ ကိုတက်ပြီး ပန်းမျိုး
စေ့တွေသွားဝယ်တယ်။*

*လူငယ်လေးမရှိတဲ့အချိန်မှာ နွယ်ပင်လေးဟာ သူ့ ရဲ့
တာဝန်ကိုအစွမ်းကုန်ထမ်းဆောင်ပြီ**း ခြံကို ကာကွယ်စောင့်ရှောက်ရင်းကျန်ခဲ့**
ပါတယ်။*

*၃ ရက်လောက်ကြာတော့ လူငယ်လေးက မြို့ ကပြန်ရောက်လာတယ်။*

*မျိုးစေ့ထုပ်တွေနဲ့ ၀မ်းသာနေတဲ့ လူငယ်လေးဟာ သူ့ ရဲ့ နွယ်ပင်လေးကိုတောင်
နှုတ်မဆက်အားပဲ မေ့လျော့နေခဲ့ပါတယ်။*

*အဲဒါကြောင့် သူရဲ့ နွယ်ပင်လေးမှာ ခရမ်းရောင် ပန်းပွင့်လေးတွေ
စပွင့်နေပြီဆိုတာကို သူသတိမထားမိခဲ့ဘူး။*

*နောက်နေ့ တွေလဲ လူငယ်လေးဟာ ပေါင်းသင်မြေဆွထားတဲ့ မြေပေါ်မှာ သူဝယ်လာတဲ့ ပန်း
မျိုးစေ့တွေကျဲရင်းအလုပ်များေ**နခဲ့တယ်။*

*နွယ်ပင်လေးကို ရေလောင်းဖို့ နေနေသာသာ လှည့်တောင်မကြည့်ဖြစ်ခဲ့ပါဘူး။*

*ဒါပေမယ့်လည်း သန်မာနေပြီဖြစ်တဲ့ နွယ်ပင်လေးဟာ လူငယ်လေးအလုပ်များနေတာကိုကြည့်ြ*
*ပီး ကြည်နူးရင်းနဲ့ ဆက်ကြီးထွားလာခဲ့တယ်။*

*တစ်နှစ်လောက်ကြာတဲ့အခါ လူငယ်လေးရဲ့ ခြံလေးဟာ ပန်းတွေအစုံအလင်နဲ့
အရမ်းလှတဲ့ ဥယျာဉ်လေးတစ်ခုဖြစ်လာခဲ့တယ်။*

*ခြံစည်းရိုးတစ်ခုလုံးလဲ ခရမ်းရောင်ပန်းနွယ်တွေနဲ့ လွှမ်းခြုံ လို့
ဥယျာဉ်ကြီးနဲ့ အရမ်းကို ပနံရနေခဲ့တယ်။*

*ပတ်ဝန်းကျင်ကလူတွေကလဲ ခရမ်းရောင်ခြံစည်းရိုးကြီးကြို**ကည့်ပြီး လူငယ်လေးရဲ့
ဥယျာဉ်ကို ခရမ်းရောင် ဥယျာဉ်လို့ နာမည်ပေးထားကြတယ်။*

*ဒါပေမယ့် ပိုင်ရှင်လူငယ်လေးကတော့…သူ့ ခြံစည်းရိုးက နွယ်ပင်လေးကို
သတိတောင်မထားမိပါဘူး။*

*သူ့ ခြံထဲက မျိုးကောင်းမျိုးသန့် ပန်းတွေနဲ့ ပဲအလုပ်များနေခဲ့တယ်။*

*ခြံစည်းရိုးပေါ်က နွယ်ပင်လေးခမျာသူ့ ကိုကရုမစိုက်တော့လဲ လူငယ်လေးကို
အပြစ်မတင်ရက်ပါဘူး။*

*တောထဲကနေ ခေါ်လာပြီး ခြံစည်းရိုးပေါ်မှာနေရာပေးခဲ့တာ**ကိုပဲ ကျေးဇူးတင်နေပြီး
ဥယျာဉ်ကြီးကို အစွမ်းကုန်ကာကွယ်ပေးနေခဲ့တယ်။*

*တစ်နေ့ တော့လူငယ်လေးက တွေးမိတယ်။*

*သူ့ ရဲ့ အရမ်းလှတဲ့ ဥယျာဉ်ကြီးကို ပတ်ဝန်းကျင်ကိုပြချင်တယ်။*

*ဒီဥယျာဉ်ကြီးအတွက်နဲ့ ဂုဏ်ယူချင်တယ်။*

*ပတ်ဝန်းကျင်က လူတွေက ခရမ်းရောင် ဥယျာဉ်လို့ ခေါ်တာကိုတောင် သဘောမတွေ့
တော့ဘူး။*

*သူ့ ဥယျာဉ်ထဲမှာက ပန်းရောင်စုံရှိနေတာပဲလေ…*

*အဲဒီတော့ ခြံစည်းရိုးက နွယ်ပင်တွေကို မကြိုက်တော့ဘူး…ရှုပ်တယ်လို့ မြင်လာတယ်။
*

*သူ့ ဥယျာဉ်ကြီးရဲ့ အလှကို ဖုံးကွယ်ထားတယ်လို့
မြင်လာတယ်…နွယ်ပင်တွေကြောင့် ခြံထဲမှာ အလင်းရောင်နည်းနေတယ်လို့ ခံစားလာရတယ်။*

*ဒါနဲ့ တစ်နေ့ တော့ ဒါးတစ်ချောင်းနဲ့ နွယ်ပင်တွေအကုန်ခုတ်ချပါလေရော။*

*ဒီနွယ်ပင်တွေဟာ သူ့ ရဲ့ ပထမဆုံးပန်းပင်ဆိုတာကိုလဲ မေ့သွားတယ်*

*သူ့ ဥယျာဉ်ကြီးကို နှစ်ပေါင်းများစွာ ကာကွယ်ပေးခဲ့တာကိုလဲ မေ့သွားတယ်။*

*နွယ်ပင်လေးကတော့ ဘာတတ်နိုင်မှာလဲ….*

*ရင်နာရင်းနဲ့ ပဲ….သူချစ်တဲ့ သခင်ရဲ့ ဒါးချက်အောက်မှာ အကိုင်းအခက်တွေ
တိခနဲတိခနဲ…*

*မကြာခင်မှာပဲ ၀ါးခြံစည်းရိုးကို ဖုံးထားတဲ့ နွယ်ပင်ရဲ့
အကိုင်းအခက်တွေအကုန်ကုန်သွားပြီ**း ၀ါးခြံစည်းရိုးပဲကျန်ခဲ့တယ်။*

*ဥယျာဉ်တစ်ခုလုံးလဲ လင်းသွားပြီး လူငယ်လေးလဲ ကျေနပ်သွားတော့တယ်။*

*နောက်ရက်တွေကျတော့ လူတွေက…၀ါးခြံစည်းရိုးကြားကနြေ**မင်နေရတဲ့ လူငယ်လေးရဲ့
ဥယျာဉ်ကို ပိုချီးမွမ်းကြတယ်။*

*အနားက ဖြတ်သွားတဲ့ လူတိုင်း ဥယျာဉ်ကြီးကို ရပ်မကြည့်ရရင် မနေနိုင်အောင်ကို
ဥယျာဉ်ကြီးကလှပါတယ်။*

*လူငယ်လေးကလဲ သူ့ ဥယျာဉ်အတွက်အရမ်းကို ဂုဏ်ယူနေခဲ့တယ်။*

*တစ်ရက်တော့ လူငယ်လေးဟာ သူ့ ဥယျာဉ်အတွက် လိုအပ်တဲ့ မြေသြဇာတွေဝယ်ဖို့ မြို့
ကိုသွားရတယ်။*

*ဥယျာဉ်ကြီးကိုတော့ အိမ်နီးချင်းတွေလက်ထဲအပ်ထားခဲ့**ရတာပေါ့။*

*ဒါပေမယ့် မကြာခင်ပဲ ဥယျာဉ်ကြီးနားကို နမော်နမဲ့ နိုင်တဲ့
ဆိတ်ကျောင်းသားတစ်ယောက်ရဲ့ ဆိတ်အုပ်တစ်အုပ်ရောက်လာခဲ့တယ်။*

*ဆာလောင်နေတဲ့ စည်းမဲ့ကမ်းမဲ့ဆိတ်တွေအတွက်တော့ ဥယျာဉ်ထဲက
ရွက်နုပွင့်နုလေးတွေဟာ…အရမ်းကို**ဆွဲဆောင်အားကောင်းနေခဲ့တာပေါ့။*

*ခါတိုင်း သူတို့ ကိုတားဆီးနေတဲ့ ဆူးနွယ်ပင်တွေလဲမရှိတော့ဘူးဆိုေ**တာ့
ဝါးခြံစည်းရိုးကိုအတင်းတိုးပြီး**၀င်ကြတယ်။*

*၀ါးခြံစည်းရိုးက ဆာလောင်နေတဲ့ ဆိတ်တွေရဲ့ ဒဏ်ကိုဘယ်ခံနိုင်မလဲ။*

*ဆိတ်တွေရဲ့ တွန်းထိုးမှုအောက်မှ လဲကျ ကျိုးပျက်သွားတယ်။*

*ခြံစည်းရိုးလဲ ကျိုးသွားရောဆိတ်တွေဟာ ဥယျာဉ်ထဲဝင်ပြီးထင်တိုင်းကျဲတော**
့တာပါပဲ။*

*ပျိုးပင်လေးတွေကို နင်းခြေကြတယ်၊ ပန်းပွင့်တွေကို ၀ါးမြိုကြတယ်၊ ရွက်နုတွေကို
စားသောက်ကြတယ်။*

*စားလို့ မရတဲ့ အပင်တွေအကိုင်းတွေကျတော့ ကိုယ်လုံးတွေနဲ့
တွန်းတိုက်ချိုးဖဲ့ကြတယ်။*

*ဆိတ်အုပ်ကြီးဟာ စားသောက်သောင်းကျန်းလို့ ၀မှ ဥယျာဉ်ထဲကနေ ပြန်ထွက်သွားကြတယ်။
*

*ဥယျာဉ်မှုးလူငယ်လေးပြန်ရောက်လာတဲ**့ အခါမှာတော့ မမြင်ရက်စရာ မြင်ကွင်းက
ဆီးကြိုနေပါတယ်။*

*တာဝန်ပေါ့လျော့ပြီး စောင့်ကြည့်ဖို့ မေ့နေခဲ့တဲ့ အိမ်နီးချင်းတွေလဲ
ဘာမှမပြောနိုင်ကြပါဘူး။*

*ဥယျာဉ်ကြီးရဲ့ ခြံစည်းရိုးက လဲကျ ကျိုးပျက်နေတယ်။*

*ခြံထဲမှာလဲ….အပင်ကျိုးတွေ၊ အပွင့်ကြွေတွေ၊ အရွက်ကြေတွေနဲ့ ရှုပ်ပွ
ညစ်ပတ်နေတယ်။*

*ဥယျာဉ်မှုးလေးဟာ မူးမေ့လဲကျသွားမတတ်ခံစားလိုက်**ရပါတယ်။*

*သူအရမ်းတန်ဖိုးထား မြတ်နိုးရတဲ့ ဥယျာဉ်ကြီးဟာ အခုတော့
အမှိုက်ပုံတစ်ခုလိုဖြစ်နေပါပြီ။*

*ဒါပေမယ့်လဲ…ဖြစ်တာက ဖြစ်ပြီးသွားပြီမို့ ရင်နာနာနဲ့ ပဲ ပြန်ပြင်ဆင်ဖို့
ကြိုးစားရပါတော့တယ်…*

*အရင်ဆုံး အပင်ကျိုး အရွက်ကြေ တွေကိုအရင်ရှင်းထုတ်ရတယ်။*

*နောက်တော့ အကောင်းကျန်သေးတယ် အပင်လေးတွေ နည်းနည်းကို ပြန်ပြီးသေချာ မြေဆွ
အားဖြည့်ရတယ်။*

*ပျက်ဆီး သွားတဲ့ အပင်တွေနေရာမှာ ပြန်စိုက်ဖို့…ပျိုး
ပင်ပေါက်လေးတွေပြန်မွေးရတယ်။*

*ရှင်းလင်းတဲ့အလုပ်တွေပြီးသွားတဲ**့အချိန်မှာ ဥယျာဉ်မှုးလေးဟာ
ကျိုးပဲ့ပျက်ဆီးနေတဲ့ ခြံစည်းရိုးကိုကြည့်မိတယ်။*

*ဆိတ်တွေကြောင့် ကျိုးပျက်သွားတဲ့ ခြံစည်းရိုးကိုလဲ ပြန်ပြုပြင်ရဦးမယ်လေ။*

*ဒီတစ်ခါတော့ အခိုင်အခံ့လုပ်ရမယ်လို့ ဥယျာဉ်မှုးလေးက တွေးတယ်။*

*အဲဒီအချိန်မှာပဲ… ခြံစည်းရိုးရဲ့ အောက်ခြေကနေ အပေါ်ကို နွယ်တက်ဖို့
ကြိုးစားနေတဲ့အပင်လေးတွေကို သတိထားမိသွားတယ်။*

*သေးသေးသွယ်သွယ်အပင်လေးတွေပါပဲ…**ခရမ်းရောင်အပွင့်လေးတွေနဲ့
ခြံစည်းရိုးအောက်ခြေမှာ ပေါက်နေကြတာ။*

*အဲဒီခရမ်းရောင်အပွင့်လေးတွေကြို**ကည့်ရင်း ဥယျာဉ်မှုးလေးကအရမ်းလှတယ်လို့
ခံစားလိုက်ရတယ်။*

*နောက်ပြီး နှစ်ပေါင်းတော်တော်ကြာ သူ့ ဥယျာဉ်ကိုကာကွယ်ပေးသွားတဲ့ သူ့ ရဲ့
ပထမဆုံး ပန်းနွယ်ပင်လေးကိုသတိရလိုက်တယ်။*

*သူက ဥယျာဉ်ကို ကာကွယ်ပေးနေတဲ့ ပန်းနွယ်ပင်လေးကို ရက်စက်မိပေမယ့်
နွယ်ပင်လေးကပြန်မရက်စက်နိုင်ခဲ့**ပါဘူး။*

*ဥယျာဉ်ကြီးကို ဆက်ပြီးစောင့်ရှောက်ဖို့ အတွက် မျိုးဆက်လေးတွေထားသွားတယ်။*

*ဒီတစ်ခါတော့ ဥယျာဉ်မှုးလေးလဲ နားလည်သွားပါပြီ။*

*ခြံစည်းရိုးကို ပြန်ပြင်ပြီး ခရမ်းရောင်ပန်းနွယ်လေးတွေကိုလဲ
ကရုတစိုက်စောင့်ရှောက်တယ်..ခြံ**ထဲက တခြားပန်းတွေနဲ့ တန်းတူပေါ့။*

*မကြာခင်မှာပဲ…လူငယ်လေးရဲ့ ဥယျာဉ်ကြီးက ပန်းတွေနဲ့ ပြန်ပြီးဝေဆာလာပါတယ်။*

*ခရမ်းရောင်နွယ်ခြံစည်းရိုးကြီး**အပါအ၀င်ပေါ့။*

*ပြီးတော့ ခရမ်းရောင်ဥယျာဉ်ဆိုတဲ့နာမည်ကလဲ**…အနီးအနားပတ်ဝန်းကျင်တင်မကပဲ
ဟိုးအဝေးအထိကျော်ကြားသွားခဲ့ပါ**တယ်။*

*……….။……..*

*တစ်ခါတစ်လေကျရင် ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ နွယ်ပင်လေးကို အဖြည့်ခံ
လူသားတွေရှိနေတတ်ပါတယ်….*

*သူတို့ ကိုသတိမမူပဲ ရက်စက်မိတဲ့ခါ….ဘ၀မှာ ကျရှုံးမှုတွေကြုံလာရတတ်ပါတယ်…*

*ဒုတိယအကြိမ်အခွင့်အရေးဆိုတာက လဲ….အမြဲမသေချာတာမို့…..ကျွန်**တော်တို့
ဘေးကနေ….ဖြည့်ဆည်းပေးနေတဲ့ သူတွေကို…*

*သတိထား တန်ဖိုးထားသင့်ပါတယ်နော်….*

ကင်ဆာရောဂါနှင့် ပက်သက်သော နောက်ဆုံးထုတ်ပြန်ချက်

ဆေးသွင်းကုသခြင်း ( CHEMOTHERAPY ) ဟာ ကင်ဆာေ၇ာဂါ
ပျောက်ကင်းအောင်ပြုလုပ်၇ာမှာ တစ်ခုတည်းသော နည်းလမ်းဖြစ်တယ် လို့
နှစ်ပေါင်းများစွာ ပြောကြားလာခဲ့ရာက အခုနောက်ဆုံးမှာတော့
တခြားနည်းလမ်းတစ်ခုလည်းရှိတယ် လို့
ဂျွန်ဟော့(ပ်) ကင်း(စ်) က ပြောကြားလာပါပြီ ။

ဂျွန်ဟော့(ပ်)ကင်း(စ်)မှကင်ဆာရောဂါနှင့် ပက်သက်သော နောက်ဆုံးထုတ်ပြန်ချက်။

၁။ လူတိုင်းရဲ့ခန္ဓာကိုယ်ထဲမှာ ကင်ဆာဆဲ၉လ်)တွေရှိတယ်။
ဒီကင်ဆာဆဲ(လ်)တွေဟာ သန်းထောင်ပေါင်းအနည်းငယ်ထိ ပွားများ
မလာမချင်းတော့ ပုံမှန်ရောဂါရှာဖွေစစ်ဆေးချက်မှာ ပေါ်လာမှာမဟုတ်ဘူး။
ဆေးကုသခံယူပြီးနောက် ကင်ဆာလူနာတွေကို သူတို့ကိုယ်မှာ ကင်ဆာဆဲ(လ်)တွေ
မရှိတော့ဘူးလို့ ဆရာဝန်တွေကပြောတဲ့အခါ
လူတွေရဲ့ ကိုယ်ထဲက ကင်ဆာဆဲ(လ်)တွေဟာ စစ်ဆေးသိရှိနိုင်တဲ့ အရေအတွက်အထိ
မရောက်ရှိသေးဘူးလို့သာ အဓိပ္ပါယ်သက်ရောက်ပါတယ်။

၂။ လူတစ်ယောက်ရဲ့ ဘ၀တသက်တာမှာ ကင်ဆာဆဲ(လ်)တွေဟာ ၆ ကြိမ်မှ ၁၀
ကြိမ်အထက်အထိ ပေါ်ပေါက်ပါတယ်။

၃။ လူတစ်ယောက်ရဲ့ ရောဂါပြီးစနစ် အားကောင်းနေရင်.....
ကင်ဆာဆဲ(လ်)တွေဟာ ဖျက်ဆီးခံရပြီး မပွားများနိုင်ပါဘူး၊
အကျိတ်လည်းမဖြစ်နိုင်ပါဘူး။

၎။ လူတစ်ယောက် ကင်ဆာရောဂါဖြစ်ပြီဆိုရင် သူဟာ အဟာရ အတော်များများချို
့တဲ့နေပြီဆိုတာကို ပြသတာပါဘဲ၊
ဒါဟာမျိုးရိုး၊ပတ်ဝန်းကျင်၊အစားအစာနဲ့ လူနေမှုပုံစံစတဲ့
အချက်တွေကြောင့် ဖြစ်နိုင်ပါတယ်။

၅။ ဒီလိုအဟာရမျိုးစတဲ့ချို့ တဲ့နေတာကို ကျော်လွှားနိုင်ဖို့ ဆိုရင်
စားသောက်ပုံစံကို ပြောင်းလဲပြီး
ဖြည့်စွက် အစားအစာတွေ စားပေးခြင်းဖြင့် ရောဂါပြီးစနစ်ကို
အားကောင်းစေနိုင်ပါတယ်။

၆။ ဆေးသွင်းကုသခြင်းဟာ အပွားမြန်တဲ့ကင်ဆာဆဲ(လ်)တွေကို အဆိပ်သင့်စေသလို
ရိုးတွင်းခြင်ဆီ၊ အစာအိမ်နဲ့ အူလမ်းကြောင်းစသည်တို့ မှာရှိတဲ့
အပွားမြန်တဲ့ဆဲ(လ်)ကောင်းတွေကိုပါ ပျက်စီးစေပြီး...
အသည်း၊ကျောက်ကပ်၊ အဆုတ်စတဲ့ ကိုယ်တွင်းကလီစာတွေကို ထိခိုက်စေနိုင်ပါတယ်။

၇။ ဓါတ်ရောင်ခြည်နဲ့ကုသခြင်း (ဓါတ်ကင်ခြင်း)ဟာ ကင်ဆာဆဲ(လ်)တွေကို ပျက်စီးစေသလို...
ကောင်းတဲ့ဆဲ(လ်)တွေ တစ်သျှုးတွေ၊ ကိုယ်တွင်း ကလီစာတွေကိုပါ ထိခိုက်စေပါတယ်။

၈။ ဓါတ်ရောင်ခြည်(သို့)ဆေးသွင်းကုသတဲ့အခါ အစပိုင်းမှာတော့ အများအားဖြင့်
အကျိတ်တွေ ကျုံ့ သွားတတ်ပါတယ်၊
ဒါပေမယ့် ရေရှည်ကုသတဲ့အခါ
ထိရောက်မှုကျဆင်းသွားပါတယ်၊အကျိတ်တွေနောက်ထပ် မကြေပျက်တော့ပါဘူး။

၉။ ဆေးသွင်းကုသခြင်းနဲ့ ဓါတ်ကင်ခြင်းတို့ကြောင့်
ခန္ဓာကိုယ်အတွင်းအဆိပ်အတောက်တွေ များလာတဲ့အခါ...
ရောဂါပြီး စနစ်ဟာ အားလျော့တာတွေ၊ပျက်စီးတာတွေ ဖြစ်ပေါ်လာပါတယ်။
အဲ့ဒီအခါမှာ လူဟာ ရောဂါပိုးအမျိုးမျိုးကြောင့်ဖြစ်စေ
နောက်စပ်တွဲအမျိုးမျိုးကြောင့်ဖြစ်စေ အသက်ဆုံးရှုံးနိုင်ပါတယ်။

၁၀။ ဆေးသွင်းကုသခြင်းနဲ့ ဓါတ်ကင်ခြင်းဟာ ကင်ဆာဆဲ(လ်)တွေကို
ဗီဇပြောင်းစေနိုင်ပြီး ဖျက်ဆီးရခက်စေနိုင်ပါတယ်။
ခွဲစိတ်ကုသခြင်းဟာလည်း ကင်ဆာဆဲ(လ်)တွေကို အခြားနေသို့ပြန့်နှံ
့စေနိုင်ပါတယ်။

၁၁။ ကင်ဆာရောဂါကို တိုက်ဖျက်ဖို့ထိရောက်တဲ့ နည်းလမ်းတစ်ခုကတော့...
သူတို့မျိုးပွားရာမှာ လိုအပ်တဲ့ အဟာရတွေကို ဖြတ်တောက်လိုက်ခြင်းပါဘဲ။
(က) သကြား
သကြားဟာ ကင်ဆာရဲ့ အဟာရတစ်ခုပါဘဲ။
သကြားကိုဖျက်လိုက်ခြင်းအားဖြင့် ကင်ဆာဆဲ(လ်) တွေရဲ့ အဓိက အဟာရတစ်ခုကို
ဖြတ်လိုက်သလိုပါဘဲ။
Nutra Sweet,Equal,Spoonful စတဲ့ သကြားအစားထိုး ပစ္စည်းတွေဟာ...
Aspartame ဆိုတဲ့အရာ ပါဝင်တဲ့အတွက် လူကိုထိခိုက်စေနိုင်ပါတယ်။
သဘာဝအစားအစာဖြစ်တဲ့ ပျားရည် ဒါမှမဟုတ် တင်လဲရည်နည်းနည်းလေးက ပိုကောင်းပါတယ်။
စားပွဲတင်ဆားဟာ ဓာတုပစ္စည်းရောထားတဲ့အတွက် ဖြူဖွေးနေတာပါ၊ပင်လယ်
နေလှမ်းဆားက ပိုကောင်းပါတယ်။
(ခ) နို့
နို့ဟာခန္ဓာကိုယ်ကို အကျိအချွဲတွေ ထွက်စေပါတယ်၊
အထူးသဖြင့် အစာအိမ်နဲ့ အူလမ်းကြောင်းမှာပါ အကျိအချွဲတွေကို ကင်ဆာဆဲ(လ်)
တွေက စားသုံးနိုင်ပါတယ်။
နို့အစား သကြားမပါတဲ့ ပဲနို့သောက်ရင် ကင်ဆာဆဲ(လ်)တွေကို အစာပြတ်စေနိုင်ပါတယ်။

(ဂ) ကင်ဆာဆဲ(လ်)တွေဟာအက်ဆစ်(အချဉ်)၊ပတ်ဝန်းကျင်မှာ ပိုပွားနိုင်ပါတယ်။
အသားအခြေခံတဲ့ အစားအစာဟာ အက်ဆစ်ဓာတ်ကို အားပေးတယ်။
အမဲသား၊၀က်သားထက် ငါးစားတာ အကာင်းဆုံးပါဘဲ။ ဒါမှမဟုတ်ကြက်သား နည်းနည်း
စားနိုင်ပါတယ်။
အသားတွေမှာ မွေးမြူရေးက သုံးတဲ့ ပဠိဇေ၀ဆေးတွေ၊
ကြီးထွားဟော်မုန်းတွေနဲ့ကပ်ပါးပိုးတွေ ပါလာတတ်ပါတယ်၊
ဒါတွေဟာ လူတွေ အထူးသဖြင့် ကင်ဆာရောဂါသည်တွေကို ထိခိုက်စေနိုင်ပါတယ်။

(ဃ)လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်နဲ့ သူတို့ ရဲ့အရည်။
ဖြူအောင်မဖွတ်ရသေးတဲ့အစေ့ ။အဆန်။အနှံ နဲ့ သစ်သီးအနည်းငယ်ကို
အစားအစာရဲ့ ၈၀% အချိုးနဲ့စားရင် ခန္ဓာကိုယ်ကို အယ်(လ်)ကာလိုင်း(ALKaLine)
အခြေအနေရောက်စေနိုင်တယ်။
ကျန်၂၀% ကိုတော့ ပဲအပါအ၀င်ပြုတ်ထားတဲ့ အစားအစာတွေအဖြစ် စားသုံးနိုင်ပါတယ်။
လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်အရည်ထဲမှာ စွံမ်းအားမြင့် အင်ဆိုင်းတွေပါဝင်တယ်။
ခန္ဓာကိုယ်က အလွယ်တကူ စုပ်ယူနိုင်ပြီး ၁၅ မိနစ်အတွင်းမှာ ခန္ဓာကိုယ်က
ဆဲလ်များဆီ ရောက်နိုင်တယ်။
ဆဲလ်တွေကို အဟာရပြည့်စေပြီး ကျန်းမာတဲ့ဆဲလ် တွေအဖြစ် ဖွံဖြိုးဖို့အားပေးတယ်။
ကျန်းမာတဲ့ဆဲလ် တွေတည်ဆောက်ဖို့ စွမ်းအားမြင့်အင်ဆိုင်းတွေရရှိအောင်
လတ်ဆတ်တဲ့ဟင်းသီးဟင်းရွက်အရည်နဲ့ မချက်ရသေးတဲ့ ဟင်းသီးဟင်းရွက်တွေကို
တနေ့  နှစ်ကြိမ် သုံးကြိမ်လောက် စားသောက်သင့်တယ် ။
အပူချိန်104’F (40’c) ဆိုရင် အင်ဆိုင်းတွေ ပျက်စီးသွားနိုင်တယ်။

(င) ကဖိန်း ( Caffeine ) တွေအများကြီးပါတဲ့ ကော်ဖီ၊ လက်ဖက်ရည်နဲ့
ချောကလက်တွေကို ရှောင်ပါ။
လက်ဖက်ရည် ကြမ်း ( Green Tea ) ဆို ပိုကောင်းတယ်။ ကင်ဆာကို ခုခံတဲ့သတ္တိလည်း ရှိတယ်။
ရေဆိုရင် သောက်ရည်သန့် ဒါမှမဟုတ် သေချာစွာစစ်ထားတဲ့ရေဟာ အကောင်းဆုံးပါဘဲ။
ဘိုပိုင်ရေမှာက သတ္တုအလေးစား (Heavy Metals ) တွေ၊ အဆိပ်အတောက်တွေပါလာတတ်တယ်။
ပေါင်းခံရည်ကျတော့ အက်ဆစ် ဖြစ်စေတယ်။ ရှောင်ပါ။

၁၂။ အသားမှာ ပရိုတိန်းတွေဟာ အစာကြေဖို့ ခက်ခဲပြီး အစာခြေအင်ဆိုင်းတွေ
အများကြီးလိုအပ်တယ်။
အစာမကြေဘဲ လူတွေဆီရောက်လာတဲ့ အသားတွေဟာ ပုတ်သွားပြီး
အဆိပ်အတောက်တွေ ပိုမိုဖြစ်ပေါ်စေပါတယ်။

၁၃။ ကင်ဆာဆဲ(လ်) တွေမှာခိုင်ခံ့တဲ့အပေါ်ယံ ပရိုတိန်းအလွှာရှိတယ်။
အသားကို လျှော့စားရင်ဖြစ်စေ၊ အသားမစားဘဲ နေရင်ဖြစ်စေ
ကင်ဆာဆဲ(လ်) ရဲ့ ပရိုတိန်းနံရံတွေကို တိုက်ခိုက်ဖို့
အင်ဇိုင်းတွေပိုမိုလာတဲ့ အတွက်
ခန္ဒာ ကိုယ်ရဲ့ သုတ်သင်ရေးဆဲ(လ်) (Killer Cells ) တွေဟာ
ကင်ဆာဆဲ(လ်) တွေကို သုတ်သင်ဖို့ပိုလွယ်သွားပါတယ် ။

၁၄။ ဖြည့်စွက်အစားအစာဖြစ်တဲ့ ဓာတ်တိုးဟန့် တားပစ္စည်း ( Antioxidants )
ဗီတာမင်သတ္တုဓာတ် ( Minerals ) IP6, Flor – ssence, Essiac, EFAS စသည့်တို့ဟာ
ခန္ဒာကိုယ်ရဲ့ ရောဂါပြီးစနစ်ကို မြင့်တင်ပေးနိုင်ပြီး သုတ်သင်ရေး
ဆဲ(လ်) တွေအား သုတ်သင်စေနိုင်တယ်။
အခြားဖြည့်စွက်အစားအစာဖြစ်တဲ့ ဗတာမင် ( E )ဟာလည်း ခန္ဒာကိုယ်မှာ
ရှိတဲ့ မလိုအပ်တဲ့ဆဲ(လ်) တွေ ၊ မလိုချင်တဲ့ဆဲ(လ်) တွေ ၊
ထိခိုက်ခံထားရတဲ့ဆဲ(လ်) တွေကို ရှင်းလင်းပစ်ရာမှာ
ပံ့ပိုးပေးနိုင်ကြောင်း သိရပါတယ်။
၁၅။ ကင်ဆာရောဂါဟာ ကိုယ်ရယ် ၊ စိတ်ရယ် ၊ အတွေးအမြင်ရယ် ကြောင့်ဖြစ်တာပါ။

၁၆။ ကင်ဆာဆဲ(လ်) တွေဟာ အောက်ဆိဂျင်များပြားတဲ့ ပတ်ဝန်းကျင်မှာ
မပွားများနိုင်ပါဘူး ။
နေ့စဉ်ကိုယ်ကာယ လေ့ကျင့်ခန်းလုပ်ခြင်း အသက်ပြင်းပြင်း ရှုရှိုက်ခြင်းဟာ...
ကိုယ်တွင်းရှိဆဲ(လ်) တွေ အထိ အောက်ဆီဂျင်များများ ရောက်စေနိုင်တယ်။
အောက်ဆီဂျင်ကုထုံး ( Oxygen Therapy ) ဟာ ကင်ဆာဆဲ(လ်) တွေကို
ချေဖျက်နိုင်တဲ့ နောက်ထပ်နည်းလမ်းတခုပါဘဲ ။

(၁) မိုက်ခရိုဝေ့(ဗ်) မီးဖိုထဲမှာ ပလပ်စတစ်ခွက်တွေ မသုံးရန်။
(၂) ရေခဲသေတ္တာထဲမှာ ပလပ်စတစ်ရေဗူးတွေ မထည့်ရန်။
(၃) မိုက်ခရိုဝေ့(ဗ်) မီးဖိုးထဲမှာ ပလပ်စတစ် ထုပ်ပိုးပြီး မသုံးရန် ။

ဒီအကြောင်းတွေကို မကြာသေးခင်ကဘဲ ဂျွန်ဟော့ (ပ်) ကင်း(စ်) က
သတင်းလွှာမှာထုတ်ပြန်ခဲ့ပါတယ် ။
ဒီသတင်း အချက်အလက်တွေကို ဝေါ်(လ်)တာရိ(ဒ်) တပ်မတော်ဆေးဗဟိုဌာန ( Walter
Reed Army Medical Center ) မှာလည်း ဖြန့်ဝေထားပါတယ်။
ဒိုင်အောက်ဆင်း ( Dioxin ) ဓာတုပစ္စည်းဟာကင်ဆာ ၊ အထူးသဖြင့် ရင်သားကင်ဆာ ဖြစ်ပါတယ် ။
ဒိုင်အောက်ဆင်းဟာ ကျွန်တော် တို့ ခန္ဒာကိုယ်ထဲက ဆဲ(လ်) တွေအတွက်
အလွန်ပြင်းထန်တဲ့ အဆိပ်တောက်ဖြစ်ပါတယ်။
ပလပ်စတစ်ဗူးတွေကို ရေခဲသေတ္တာထဲမှာ မထားပါနဲ့ ။ ဒိုင်အောက်ဆင်းတွေ ထွက်လာမှာမို့ပါ ။
ဒီကျန်းမာရေးပြသနာကို မကြာသေးခင်ကဘဲ ဒေါက်တာ အက်(ဒ်)၀ပ်(ဒ်) ဖူဂျီမိုကို
( Dr. Edward Fujumoto ) ဟာ
ရုပ်သံ အစီအစဉ်ကနေ ထုတ်လွှင့်ပြခဲ့ပါတယ်။
သူဟာ Castle ဆေးရုံက Wellness Program ဆိုတဲ့
ကျန်းမာရေးအစီအစဉ်ရဲ့မန်နေဂျာဖြစ်ပါတယ် ။
သူဟာ ဒိုင်အောက်ဆင်းရဲ့ဆိုကျိုးတွေကို တင်ပြ ဆွေးနွေးထားပါတယ်။
ပလက်စတစ်ဗူးတွေထဲ အစားအစာထည့်ပြီး မိုက်ကရိုဝေ့(ဖ်) မီးဖိုမှာ
အပူမပေးသင့်ပါဘူးလို့ သူကပြောပါတယ်။
အထူးသဖြင့် အဆီပါတဲ့ အစားအစာတွေပေါ့။
ပလပ်စတစ်ရယ် ၊ အဆီရယ် ၊ အပူချိန်မြင်မြင့်ရယ်ပေါင်းစပ်လိုက်ရင်
ဒိုင်အောက်ဆင်းတွေထွက်လာပြီး အစားအစာထဲရောက်ရှိသွားကာ နောက်ဆုံးမှာ
ခန္ဒာကိုယ်က ဆဲ(လ်) တွေထဲ ရောက်သွားပါတော့တယ်။
ပလပ်စတစ်အစား ဖန်ထည် ၊ ကြွေထည် စတာတွေ ( Glass, Corning Ware, Pyrex,
Ceramic ....)ကိုသူကသုံးခိုင်းပါတယ် ။
ဒိုင်အောက်ဆင်းမထွက်တော့ပါဘူး ။
ဒါကြောင့် အသင့်စားသုံနိုင်တဲ့ အစားအစာတွေကို နွေးတဲ့ အခါ
မူလဗူးခွက်တွေကို မသုံသင့်ပါဘူး။
စက္ကူကိုသုံးရင်လည်း မဆိုးဘူး ။ ဒါပေမယ့် စက္ကထဲမှာဘာပါသလဲဆိုတာ မသိရဘူး။
ဖန်ထည် ၊ ကြွေထည်သုံးတာဘဲ ပိုဘေးကင်းပါတယ် ။
အသင့်စားသုံးနိုင်တဲ့ စားသောက်ဆိုင် အတော်များများဟာ ဖော့ဗူးအစား
စက္ကူတွေကို သုံးလာကြပါပြီ။
အဓိက အကြောင်းရင်းတစ်ခုကတော့ ဒိုင်အောက်ဆင်းပါဘဲ လို့ သူကပြောပါတယ်။
အစားအစာတွေကို ပလပ်စတစ်ပါးပါးနဲ့ ထုပ်ပြီး မိုက်ကရိုဝေ့(ဖ်) မီးဖိုမှာ
ချက်ပြုတ်တာဟာလည်း အလားတူ အန္တရာယ်ရှိတယ်လို့ သူကပြောပါတယ် ။
မြင့်မားတဲ့ အပူချိန်ကြောင့် ပလပ်စတစ်အပါးကနေ အဆိပ်တောက်တွေ ထွက်ပြီး
အစားအစာထဲ ရောက်ရှိစေပါတယ် ။
စက္ကူပုဝါ သုံးရင် ပိုကောင်းပါတယ် ။
ဒီအကြောင်းအရာကို သင့်ဘ၀မှာ အရေးပါတဲ့ လူတွေဆီပေးပိုသင့်ပါတယ် ။

ဘာ့ကြောင့်.... လိမ် ရတာလဲ

ဘာ့ကြောင့် ..... ဘာ့ကြောင့်.... လိမ် ရတာလဲ ....ဖတ်ကြည့်လိုက်ပါ.......

တနေ့ သောအခါ သစ်ခုတ်သမား တစ်ယောက် သည် မြစ်ကမ်းနဘေး ရှိ
သစ်ပင်ကိုခုတ်ရင်း အရှိန်လွန်ကာ ပုဆိန် ရေထဲသို့ ပြုတ်ကျသွားလေသည်။
ပြန်ရှာမရတဲ့အဆုံး.. သစ်ခုတ်သမားလဲ ၀မ်းနည်းစွာ ငိုကြွေးလေ၏… ထိုအခါ
မြစ်စောင့်နတ် ရုတ်တရက်ပေါ်လာပြီး..

မြစ်စောင့်နတ် - ဘာကြောင့် များငိုနေရတာလဲ အသင်လူသား
သစ်ခုတ်သမား – ကျွန်တော့် ပုဆိန် ရေထဲပြုတ်ကျသွားလို့ပါ.. ထိုပုဆိန်နဲ့ပဲ
ကျွန်တော် သက်မွေးရတာပါ အရှင်.. အသစ်လဲမ၀ယ်နိုင်ပါဘူး…
ဟုအမှန်အတိုင်းဖြေလိုက်တော့ မြစ်စောင့်နတ်လဲ ကိုယ်ရောင်ဖျောက်ပြီး ..
ခဏအကြာ ရွှေပုဆိန် နဲ့ ပြန်ရောက်လာပြီး
မြစ်စောင့်နတ် – ဒါသင့်ပုဆိန်လား
သစ်ခုတ်သမား – မဟုတ်ပါဘူး

ထိုအခါ မြစ်စောင့်နတ် လဲ ငွေပုဆိန်ကိုပြပြီး
မြစ်စောင့်နတ် – ဒါရောသင့်ပုဆိန်လား
သစ်ခုတ်သမား – မဟုတ်ပါဘူး

ထိုအခါ မြစ်စောင့်နတ်လဲ သံပုဆိန်ကို ပြပြီး
မြစ်စောင့်နတ် – ဒါရော သင့်ပုဆိန်လား
သစ်ခုတ်သမား – ဟုတ်ပါတယ် ..ကျွန်တော်မျိုး ပုဆိန်ပါ

ဟုဖြေလိုက်သော် မြစ်စောင့်နတ် လည်း ကျေနပ်ပြီး သစ်ခုတ်သမား ၏
ရိုးသားမှုကို အသိအမှတ်ပြုသော အားဖြင့် ပုဆိန်သုံးလက်စလုံးကို
သစ်ခုတ်သမားအားပေးလိုက်လေသည်….

ကာလအတန်ကြာသော် ထိုသစ်ခုတ်သမား တို့ လင်မယားသည် မြစ်ကမ်းနဘေး
တွင်လမ်းလျှေက်နေစဉ် သူ၏ဇနီးမှာ ခြေချော်ပြီး ရေထဲသို့ပြုတ်ကျသွားလေသည်…
ပြန်ရှာမရတဲ့အဆုံး.. သစ်ခုတ်သမားလဲ ၀မ်းနည်းစွာ ငိုကြွေးလေ၏… ထိုအခါ
မြစ်စောင့်နတ် ရုတ်တရက်ပေါ်လာပြီး..

မြစ်စောင့်နတ် - ဘာကြောင့် များငိုနေရတာလဲ အသင်လူသား
သစ်ခုတ်သမား – ကျွန်တော့်မိန်းမရေထဲပြုတ်ကျသွားလို့ပါ အရှင်
ဟုအမှန်အတိုင်းဖြေလိုက်တော့ မြစ်စောင့်နတ်လဲ ကိုယ်ရောင်ဖျောက်ပြီး ..
ခဏအကြာ “တင်ဇာဝင့်ကျော်” နဲ့ ပြန်ရောက်လာပြီး

မြစ်စောင့်နတ် – ဒါသင့် မိန်းမလား ဟုမေးသော်
သစ်ခုတ်သမား – ဟုတ်ပါသည် အရှင်နတ်မင်းကြီး

ထိုအခါမြစ်စောင့်နတ်လဲ ဒေါသထွက်ပြီး .. “သင် လိမ်ပေသည်
မမှန်စကားကိုဆိုလေသည်” ဟုပြောသော်

သစ်ခုတ်သမားက “ခွင့်လွတ်ပါ.. အရှင် နတ်မင်းကြီး … ကျွန်တော်လိမ်ချင်လို့
လိမ်ရခြင်းမဟုတ်ပါ…အကယ်၍ “တင်ဇာဝင့်ကျော်” ကို ကျွန်တော့် မိန်းမ
မဟုတ်ပါဘူး ဖြေလိုက်သော် .. နတ်မင်းကြီး လည်း “မိုဟေကို”
ကိုပြပေလိမ့်မည်… အကယ်၍ “မိုဟေကို” ကို ကျွန်တော့် မိန်းမ မဟုတ်ပါဘူး
ဖြေလိုက်သော် .. နတ်မင်းကြီး လည်း ကျွန်တော် မိန်းမ ကိုပြပေလိမ့်မည်…
ထိုအခါ ကျွန်တော်မျိုးက အမှန်အတိုင်း ဟုတ်ပါသည် ဟုဖြေသော် အရှင်
နတ်မင်းကြီး က ကျွန်တော့်ကို မိန်းမသုံးယောက်စလုံးပေးပေလိမ့်မည် …။ အရှင်
နတ်မင်းကြီး ကျွန်တော်မျိုးသည် အလွန်ဆင်းရဲ ပါသည် ထိုကြောင့် ဘယ်လိုမှ
မိန်းမသုံယောက်ဝမ်းဝအောင် ရှာမကျွေးနိုင်ပါ .. ထိုကြောင့်
“တင်ဇာဝင့်ကျော်” ကို ကျွန်တော့် မိန်းမ ပါဟု ဖြေလိုက်ရခြင်းဖြစ်ပါတယ် ”

ထိုအခါ မြစ်စောင့်နတ် လဲ လွန်စွာ ကျေနပ်ပြီး သစ်ခုတ်သမား ၏ ရိုးသားမှုကို
ဂုဏ်ပြုသောအားဖြင့် မိန်းမသုံးယောက်လုံး ကိုပေးပြီး အသက်စာ စာမကုန်သော
စည်းစိမ်တို့ကို ပါပေးလိုက်လေသည်.. ။ ။

ဤ ပုံပြင်လေး ၏ အဓိက ရည်ရွယ်ချက်ကတော့ … ယောကျာ်းများ
လိမ်ပြောသည်ဆိုရာတွင် လိမ်ချင်၍ မဟုတ်ပဲ…. အများ ကောင်းကျိုးအတွက်
ရိုးသားစွာ လိမ်ခြင်း ဖြစ်ပါကြောင်း ….. “အဖြူရောင် မုသား”
များသာဖြစ်ကြောင်းသိစေလို၍ ဖြစ်ပါသည် …..

ကြောက်စရာကောင်းတဲ့ ကိလေသာ

ကိလေသာ တဲ့ တဏှာ ကိုဆိုတဲ့
လက်နက်ကြီးဟာ ဘယ်လောက်အစွမ်းထက်လဲဆိုတာကို မင်းသားတစ်ပါးက ဒိဌပါမောက္ခ
ဆရာကြီး ဆီ ပညာသင်ကြားတာပေါ့...။ဆရာကြီးက ကိုယ့်ရဲ့ တပည့်အား ပညာပေးဖို့
စဉ်းစားတော့တာပေါ့...။ အဲဒီမှာ....ဆရာကြီးက မင်းသားကို
ပြောလိုက်တယ်....ချစ်တပည့်...
မင်း အဲဒီ တဏှာ ဆိုတဲ့ အရာကြီးကို လေ့လာချင်ရင် မင်းငါ့ရဲ့ မယ်မယ်ဘုရား မိခင်ဆီမှာ စုံစမ်းပါ...ငါသင်တဲ့အတိုင်းလုပ်လို့ပြောလိုက်တယ်...။မင်းသားကလည်း ဆရာကြီး မိခင်က အသက် ( ၉၀ )ကျော်နေပြီလေ...မျက်စိလည်း မမြင်တော့ဘူး...အဲဒီ အမယ်အိုကြီးဆီမှာ မင်းသားက မယ်မယ်ဘုရား....ကျွန်တော် မယ်မယ်ဘုရား
ညောင်းညာမယ်ထင်လို့ နှိပ်ပေးပါရစေလို့ ပြောလိုက်တယ်....။မင်းသားလည်း
နှိပ်ပေးပြီး မယ်မယ်ဘုရား အသားအရေဟာ.....အပျိုစင်အတိုင်းပဲ ၀င်းဝါပြီး နူုးညံနေတာပဲ....ဆိုပြီး ပထမနေ့မှာ ဆရာကြီးသင်တဲ့စကားကို စပြောတယ်...။ ဆရာကြီးအမေလည်းသဘောကျလို့ပေါ့...။ နောက်နေ့လည်း...မင်းသားက ဆရာကြီးသင်တဲ့အတိုင်း....ပြီတိတိ စကားတွေပြောတော့တာပဲ...။ဒီလိုနဲ့ တစ်နေ့ကို စကားတစ်လုံး တစ်လုံး နဲ့ တစ်လလောက်ကြာသွားတော့....ဆရာကြီးမိခင်က မင်းသာကို သံယောဇဉ်တွယ်တော့တာပဲ..။ မျက်စိတော့မမြင်ဘူး...ဒါပေမဲ့
စိတ်ထဲမှာ ကြည်နူးမှုတွေ ဖြစ်နေမိတာပေါ့....။ ကြာတော့..မင်းသားနဲ့
ဆရာကြီးမိခင်နဲ့ မင်းသားဟာ... ချစ်သူတွေဖြစ်သွားတယ်...။ဒီတော့
ဆရာကြီးသင်ပေးတဲ့အတိုင်း မိခင်ကြီးကို ကျွန်တော်တို့ နှစ်ယောက်ဟာ...
ဒိဌပါမောက္ခ ဆရာကြီး ရှိနေသမျှ ကာလပတ်လုံး ပျော်ပါးရမှာမဟုတ်ဘူး
လွှတ်လပ်မှုလည်းရှိမှာမဟုတ်ဘူးလို့ပြောတယ်.....ဒီတော့ မိခင်ကြီးက စဉ်းစားတော့တာပေါ့...။နောက်နေ့ မင်းသား မိခင်ကြီးဆီလာတော့...မိခင်ကြီးက
င့ါသားဒိဌပါမောက္ခ ဆရာကြီးအိပ်တဲ့ အိပ်ယာဆီ ခေါင်းရင်းကို ငါ သွားဖို့ရာ
ကြိုးသွယ်ပေးစမ်းပါ...လို့ပြောတယ်...မင်းသားလည်း ဟုတ်ကဲ့ဆိုပြီး သွယ်ပေးလိုက်တယ်...။ည ရောက်တော့ မိခင်ကြီးက သူ့သား ဒိဌပါမောက္ခ ဆရာကြီး
အိပ်တဲ့ ခေါင်းရင်းကို ကြိုးအားကိုးဖြင့်လျှောက်လာပြီး လက်ထဲက ဓါးမ နဲ့
သူ့သားကို ခုတ်လိုက်တယ်....။အဲဒီမှာ အခန်းနောက်ကွယ်က ရပ်နေတဲ့ ဒိဌပါမောက္ခ
ဆရာကြီးက မေမေ လို့ခေါ်လိုက်တော့... မိခင်ကြီးလည်း....ရှော့
ရပြီး...ပွဲချင်းပြီး သေဆုံးသွားတယ်တဲ့...။ဒါကြောင့် ဒိဌပါမောက္ခ ဆရာကြီးက
ကိလေသာအမှောင်ဟာ... အရာရာတိုင်း ကို မှန်သင်ဖြစ်စေ မှားသည်ဖြစ်စေ
ထည့်မတွက်ထဲ...ဇွတ်လုပ်တဲ့ အကြောင်း ကို မင်းသားအား
ပညာပေးလိုက်တယ်....။ချစ်သား ကိလောသာအမှောင်ထဲကို ဘယ်တော့မှ သတိတရား
ဆင်ခြင်တရားတွေ လွှတ်ပြီး ၀င်မသွားပါနဲ့လို့ ဆုံးမလိုက်ပါတယ်...။

--

တောင်ပြုံးကိုရောက်ရင် ဘာဖြစ်မှာတုန်း

သူငယ်ချင်းတို့ရေ
တောင်ပြုံးပွဲနဲ့ပါတ်သက်တဲ့အကြောင်းလေးပေါ့

မန်းလေးကနေ နာရီဝက်သွားရပါတယ်။

မန်းလေးကနေ တောင်ပြုံးလမ်းဆုံကို ၂၀ မိနစ်
တောင်ပြုံးလမ်းဆုံကနေ တောင်ပြုံးပွဲအထိကို ၁၀ မိနစ်
စုစုပေါင်း မိနစ်၃၀ ကြာပါတယ်
ဒါပေမဲ့ မန်းလေးကနေ တောင်ပြုံးလမ်းဆုံအထိ မိနစ် ၂၀ နဲ့ရောက်ပြီး
တောင်ပြုံးလမ်းဆုံကနေ တောင်ပြုံးပွဲအထိတော့ ၁ နာရီ နဲ့ မိနစ် ၃၀ ကြာမှ
ရောက်တယ်။ကားတွေ၊ ဆိုင်ကယ်တွေ များပြားလွန်းလှတာကြောင့်.ကားတန်းက
တောင်ပြုံးလမ်းဆုံကနေ တောင်ပြုံးပွဲအထိ တသီတတန်းကြီး.ပါပဲ။
တစ်လမ်းလုံး ကား၊ဆိုင်ကယ်တွေအတွက်လမ်းကြေးကတော့ မနည်းမနောပါပဲ။
ကားဆိုရင် လမ်းကြေးစုစုပေါင်း ၂၀၀၀ လောက်ကုန်ပါတယ်။
ပွဲတော်နားရောက်တော့ ကားရပ်နားခက ကားလေးတစ်စီးကို ၃၅၀၀ ကျပ်
ဆိုင်ကယ်တစ်စီးကို ၂၀၀၀ကျပ် ပေးဆောင်ရပါသေးတယ်.။
မန်းလေးတောင်ခြေကော်လိုက်တာနဲ့ ကလေးသူငယ်အရွယ်ပေါင်းစုံဟာ
လာသမျှကားတွေ ၊ဆိုင်ကယ်တွေကို ပိုက်ဆံကျဲခဲ့ပါဦးဗျို့ ဆိုပြီး အော်သံတွေကလည်း
နားထဲမှာ တစ်ခြားဘယ်အသံမှ မကြားနိုင်လောက်အောင်ပါပဲ။
သတင်းစာထဲမှာရော၊ လမ်းမှာရော ကြော်ငြာထားတာတွေကတော့
တောင်ပြုံးပွဲလာသူတွေ မည်သူမဆို ပိုက်ဆံပစ်ချပေးကမ်းပါက
ထိရောက်စွာ အရေးယူမည်လို့ ရေးသားထားတာတွေ့ရပါတယ်။
တောင်ပြုံးလမ်းဆုံကနေ ပွဲတော်အထိကတော့ အတောင်းအရမ်းအလွန်ကြမ်းပါတယ်။
ကလေးလေးတွေ၊ လူကြီးတွေ(မိန်းခလေး၊ယောက်ကျားလေး) ကိုရင်လေးတွေ
သက်ကြီးရွယ်အိုတွေ.ပေါင်းစုံပါပဲ။
ရှေ့ကားကနေပိုက်ဆံတွေ ကျဲသွားတယ်.။ အဲဒီလူတွေက လေထဲလွင့်လာတဲ့ပိုက်ဆံတွေကို
လိုက်ကောက်တယ်။ကားလမ်းက တစ်စီးစာပဲရှိတာပါ။ နောက်ကားကသတိထားပြီးမောင်းရပါတယ်။
မတော်တဆတိုက်မိရင်တော့...အလျော်အစားကတော့..မတွေးဝံ့စရာပါဗျာ။
ခေတ်တွေဘယ်လိုပြောင်းပြောင်း၊ အတွေးအခေါ်တွေ ဘယ်လောက်ပဲရင့်ကျက်ရင့်ကျက်
မိမိရဲ့ အပြုအမူဟာ..တစ်ဘက်သားကို၊ ပါတ်ဝန်းကျင်ကို ထိခိုက်စေနိုင်တယ်ဆိုတာတော့.
သိစေချင်ပါတယ်။
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
ခုတောင်ပြုံးပွဲတော်ကို လူတွေ စွဲစွဲလမ်းလမ်း ဖြစ်နေကြသည်။ သေချာသည်က
ဈေးသည်တွေ ရောင်းကောင်းကြသည်။ ကားသမားတွေ ပိုက်ဆံရကြသည်။ ဇာတ်သမားတွေ
ပွဲကခွင့်ရကြသည်။ ပန်းသည်တွေ အလုပ် ဖြစ်ကြသည်။ ငှက်ပျောသီးသည်တွေ
အလုပ်ဖြစ်ကြသည်။ ဒါတွေကို နတ်မ၍ဟု ဆိုလျှင်လည်း မင်းနှစ်ပါးကိုသာ
လက်အုပ်ချီကြရန် ဖြစ်တော့သည်။ နတ်နှင့်ပတ်သက်၍ အနော်ရထာမင်းကြီးသည်
နတ်ကိုးကွယ်မှုကို တားမြစ် ပိတ်ပင်ရာတွင် နာမည်ကြီးသူ ဖြစ်သည်။
နတ်များကိုပင် ကျောင်းတစ်ကျောင်းထဲ ထည့်၍ သိုလှောင်
ပိတ်ဆို့ထားခြင်းကြောင့် ပုဂံတွင် နတ်လှောင်ကျောင်းဟု ရှိခဲ့ဖူးသည်။
နတ်လျောင်းကျောင်း ဖြစ်စေ၊ နတ်လှောင်ကျောင်း ဖြစ်စေ၊ အနော်ရထာမင်းကြီး၏
နတ်ကိုးကွယ်မှုကို တားမြစ်မှုသည် သမိုင်းတွင် ထင်ရှားခဲ့သည်။ အနော်ရထာသည်
ရွှေစည်းခုံစေတီမှာလည်း နတ်ကွန်းပေါင်းစုံမှ နတ်ရုပ်များကို
စုပုံထားခဲ့ဖူးသည်ဟု အဆိုရှိခဲ့ဖူးသည်။ သို့သော်
တောင်ပြုံးမင်းနှစ်ပါးကိုမူ အနော်ရထာသည် သူနှင့် ပတ်သက်နေ၍လား မပြောတတ်။
ချွင်းချက် ထားခဲ့သည်။ တောင်ပြုံးမင်းနှစ်ပါးကို မနှိပ်ကွပ်သည့် အပြင်
အရာထားခဲ့ခြင်းကြောင့် တောင်ပြုံးနှင့် စီးပွားဖြစ်သူတို့သည်
တောင်ပြုံးမင်းညီနောင် ကိုသာမက အနော်ရထာမင်းကြီးကိုပါ ထိုင်ရှိခိုးဖို့
ကောင်းလှသည်။
ယခုနှစ်တောင်ပြုံးတွင် လေလံဈေး အမြင့်မားဆုံးဟု ဆိုကြသည်။ လေလံတကာ့
လေလံတွင် အိမ်သာလေလံပင် ရှိသည်။ တောင်ပြုံးသို့ သွားရာလမ်းတွင်
မောင်းတံတစ်ခုသည် နာမည်ကြီးလှသည်။ ကားတစ်စီး(၁ဝဝဝိ)၊
ဆိုင်ကယ်တစ်စီး(၅ဝဝိ)နှင့် မောင်းတံကို ပိတ်ဆို့ဟန့်ထား၍ ဂိတ်ကြေးကောက်ရာ
တစ်ရက်တည်းမှာပင် လေလံကြေး သိန်းပေါင်းများစွာ အရင်းကျေခဲ့သည်ဟု
ဒေသခံတစ်ဦးက ဆိုသည်။ မိမိတို့ပင်လျှင် မောင်းတံ အပိတ်ကောင်း၍ ယာဉ်များ
ပိတ်ဆို့နေမှုကြောင့် ခြေလျင်တစ်လှည့်၊ ကုန်းကြောင်းတစ်လှည့်
တောင်ပြုံးကို သွားတက်ခဲ့ကြရသည်။ လေလံဆွဲသူများက ကားများ၊ ဆိုင်ကယ်များ
များပြားမှုကြောင့် (၁ဝဝဝ)တန်တွေ၊ (၅ဝဝ)တန်တွေ လေထဲလွင့်သွားမှာ
စိုးသည့်အတွက် မောင်းတံကို အသေပိတ်ကာ ပိုက်ဆံ ဆီးကောက်နေသဖြင့်
အချိန်များ ကြန့်ကြာခဲ့ရသည်။ တောင်ပြုံး သို့လာသော နိုင်ငံခြားသားများက
အဆိုပါမောင်းတံကြီးကို အထူးအဆန်းလုပ်၍ ဓာတ်ပုံရိုက်ကြ၊ ဗီဒီယိုရိုက်ကြ
ရိုက်ကြသည်။
တကယ်တော့ ရွှေဖျဉ်းညီနောင်သည် နတ်ဖြစ်သော်လည်း သူတို့နှင့်အတူ ဝမ်းဆက်
ခါတော်မီနတ် ဖြစ်ခဲ့ရသည့် နတ်(၉)ဦးမှာလည်း ထင်ရှားလှသည်။
ပုပ္ပားမယ်တော်နတ်၊ မယ်ခေမာနတ်၊ တောင်ပေါ်သခင်မနတ်၊ မစောခင်နတ်၊
မောင်ရင်မောင်နတ်၊ နို့ထိန်းမယ်တော်နတ်၊ နှမတော်နတ်၊ ဂူတော်ရှင်မနတ်၊
စာရေးတော်ကြီးနတ် စသည်ဖြင့် နတ်မျိုး ရယ်စုံလှသည်။ သည်ကြားထဲ ထူးခြားသည်က
စာရေးတော်ကြီးနတ် ဦးသာနိုး ဖြစ်သည်။ သူ့နည်းတူ အရက်အလွန် အကျွံသောက်၍
အမှုတော်ထမ်း ပေါ့လျော့မှုကြောင့် နတ်ဖြစ်သွားရသော ရွှေဖျဉ်းညီနောင်သည်
သူ့ကြောင့်ကွပ်မျက်ခံရသည် ဆိုကာ အရက်အလွန် အကျွံသောက်ပြီး အမူးလွန်၍
နတ်ဖြစ်သည်ဟု တချို့ မှတ် တမ်းများကဆိုသည်။ တချို့ မှတ်တမ်းများက
သူပါရောယောင်၍ ကွပ်မျက်ခံရသည်ဟု ဆိုသည်။ ဘယ်ဟာ အမှန်လဲတော့ မပြောတတ်။
သေချာသည်က နတ်ဦးသာနိုးတွင် သီးခြားနတ်ကွန်း မရှိ ရှာ။ သူသည်
တောင်ပြုံးမင်းနှစ်ပါးနှင့် အတူ ရောယောင်နေရသည်ဟု အဆို ရှိကြသည်။ သူ
တို့ထဲတွင် နှမတော်နတ် မှာလည်း အချောင်နတ်ဖြစ်ရခြင်းဖြစ် သည်။
နှမတော်နတ်ဟာ နို့ထိန်းမယ်တော်၏ သမီးတော်ဟုဆိုသည်။ မင်းသားညီနောင်နှင့်
နို့စို့ဘက်ဟုဆိုသည်။ မယ်တော်နှင့်မောင် တော်(၂)ပါးသေဆုံး၍
သူပါလွမ်းနာကျပြီး သေဆုံးသောကြောင့် နတ်ဖြစ်သွားသည်ဟု ဆိုသည်း
ဟုတ်မဟုတ်တော့ မပြောတတ်။ တောင်ပြုံးပွဲတွင် နှမတော် နတ်နန်းသည်လည်း
ခုတိုင်းတွေ့ရမြဲဖြစ်သည်။ ထိုနည်းတူစွာ ရင်ကွဲနာကျ၍ သေရသည်မှာ သူ၏
မယ်တော် နို့ထိန်းမယ်တော် ဖြစ်သည်။ သူသည်လည်း ရင်ကွဲနာကျကာ သေရသည်ဟု
ဆိုသည်။ ထိုခေတ်က သေသည်နှင့် နတ်ဖြစ်ကုန်ကြသလား မပြောတတ်။
ရွှေဖျဉ်းညီနောင်သည် စောစောစီးစီး နတ်ဖြစ်သွား၍သာ တော်တော့သည်။
နတ်မဖြစ်မီကာလက အတော်ဇယားရှုပ်သူများ ဖြစ်သည်။ တောင်ပြုံးနယ်
အင်ကျယ်ရွာရှိ မရွှေဥ ဆိုသော သူဌေးသမီးကို ရွှေမင်းသားကို ရွှေဖျဉ်းက
ချစ်ရေးဆိုရာ မေတ္တာမတုံ့ပြန်သဖြင့် ကျားဖြင့်တိုက်သတ်၍ မရွှေဥခမျာ
နတ်ဖြစ်ရသည်ဟု အဆိုရှိပြန်သည်။ စင်စစ် မရွှေဥသည် တောင်ပြုံးရွာသား
သစ်ကုန်သည် ကိုရင်မောင်၏ ဇနီးကောင်းဖြစ်သည်။ ကိုရင်မောင် တစ်ယောက်
အထက်မဲဇာသို့ သစ်ဖောင်သွားဖြတ်စဉ် ကိုရွှေဖျဉ်းက
ကြောင်တောင်ဝင်နှိုက်သဖြင့် မရွှေဥခမျာ နတ်ဖြစ်ရခြင်းဖြစ်သည်။
မရွှေဥကလည်း ခေသူတော့မဟုတ်။ သူ့ကိုလူ့ဘဝက ကျားဖြင့်တိုက်၍
သတ်ခဲ့ရကောင်းလားဟု ဆိုကာ တောင်တော်သခင်မ အဖြစ် တစ်ထီးတစ်နန်း
စံမြန်းရသော်လည်း ရန်ငြိုးမပြေ ဖြစ်သည်။ တောင်ပြုန်းပွဲတော်၌
ရွှေဖျင်းညီနောင် နတ်ရုပ်များကို ရေဆိပ်သို့ ထမ်းစင်နှင့် ပင့်ဆောင်သောအခါ
မယ်ဥနတ်စင်ဘေးနားမှ ဖြတ်သန်းရသည့် အတွက် မယ်ဥက မကြည့်လိုဟု
ဆိုခြင်းကြောင့် မယ်ဥနတ်စင်ကို ကန့်လန့် ချပေးထားရသည်ဟု အဆိုရှိပြန်သည်။
လူများက ကန့်လန့်ကာ လုံခြုံစွာ မကာရံထားပေးလျှင် မယ်ဥနတ်ရုပ်သည်
အော်တိုမစ်တစ် သူ့အလိုလို ကျောခိုင်းနေတတ်သည်ဟု အဆိုရှိပြန်သည်။
ဟုတ်မဟုတ်တော့ မပြောတတ်။ နတ်မရွှေဥသည် တောင်ပြုံး၌လည်း သူ၏ နတ်ရုပ်နတ်စင်
ရှိ၍ သခင်မတောင်တွင်လည်း သူ၏နတ်ရုပ် ရှိသည်။ သခင်မတောင်သည် မန္တလေးမှ
ရုပ်ရှင်သမားများ မျက်စိကျရာ တောင်ဖြစ်သည်။
မယ်ဥနှင့်အတူ အော်တိုမစ်တစ် နတ်ဖြစ်ရသူမှာ မိုင်တုံမှ အင်ကျယ်သို့
ပြောင်းလာသော ရက်ကန်းသည် မစောခင်ဖြစ်သည်။ မစောခင်သည် မယ်ဥ၏
ရက်ကန်းပြိုင်ဘက်ဟု ဆိုသည်။ မယ်ဥသည် မစောခင်ကို ချစ်ခင်သောကြောင့်
လိပ်ပြာနုတ်သဖြင့် မစောခင်မှာ အော်တိုမစ်တစ် နတ်ဖြစ်ရသည်။
နတ်ဘဝရောက်သောအခါ မရွှေဥ၏ အတိုင်ပင်ခံနတ်ဟု ဆိုသဖြင့် နတ်မရွှေဥသည်
နတ်တကာ့နတ်များထဲတွင် အတိုင်ပင်ခံထားနိုင်သော နတ်ဟု ဆိုရမည်ဖြစ်သည်။
မရွှေဥ၏ အတိုင်ပင်ခံနတ် မစောခင်သည်လည်း တောင်ပြုံး၌ အကျော်ဇော စာရင်းဝင်သူ
ဖြစ်သည်။ ဒီနေရာတွင် နတ်မရွှေဥ၏ ခင်ပွန်းလောင်း ကိုရင်မောင် နတ်ဖြစ်ပုံကို
ပြောရရန် လိုမည်ထင်သည်။ ကိုရင်မောင်သည် အထက်မဲဇာမီ အပြန်အလမ်းတွင်
တောင်ပြုံးမင်းလေးက မရွှေဥကို ကျားဖြင့်တိုက်သတ်သည်ကို ကြားကြားချင်း
မရွှေဥရှိရာ နောက်သို့ တရကြမ်းလိုက်ခဲ့သည်ဟု ဆိုသည် လမ်းခရီးတွင် မရွှေဥ၏
ခါးစည်းတစ်ဖက်ကျ ကျန်ရစ်သည့်နေရာတွင် မရွှေဥသေပြီဟုဆိုကာ ယူကြုံးမရ
ရင်ကွဲပက်လက်ဖြစ်ကာ သူလည်းနတ်ဖြစ်ခဲ့သည်။
တောင်ပြုံးမင်းနှစ်ပါးနှင့် ပတ်သက်၍ ပါးစပ်ရာဇဝင်များက အများကြီး
ဖြစ်သည်။ တချို့ရာဇဝင်တွေလည်း ခေတ်ကာလပြောင်းလဲ၍ အစဉ်အလာတို့
ပြောင်းလဲကုန်ကြသည်။ ထိုခေတ်က တောင်ပြုံးမင်းနှစ်ပါးအတွက်
ပွဲပြင်မည်ဆိုလျှင် အုန်းသီးအလုံးကြီးကြီး၊ အလုံးလှလှ၊ အလုံးခပ်ချောချော၊
အရောင်လှလှ၊ ကြွက်မီးကောင်းကောင်း အုန်းသီးတစ်လုံး၊
ငှက်ပျောသီးအနာအစာလွတ် အစိမ်းနှစ်ဖီး၊ သပြေခက်နှစ်ခက်၊ စံပယ်ပန်း၊
ပွဲပြင်ဇလုံ၊ ကွမ်းယာနှစ်ရာ၊ လက်ဖက်နှစ်ထုပ်၊ အမွှေးတိုင်နှစ်တိုင်၊
မုန့်ဖြူ၊မုန့်နီ (၇)ချပ်စီစသည်ဖြင့် အင်္ဂါစုံရသည်ဟု ဆိုသည်။ ဟိုယခင်က
အမွှေးတိုင်ထွန်းရာတွင် တရုတ်အမွှေးတိုင် မထွန်းရဟုလည်း အဆိုရှိသေးသည်။
ဘာအဓိပ္ပာယ်တွေလဲတော့ မသိ။ စီးတော်ကျား အတွက် ရိက္ခာ ဆက်ရာတွင်လည်း
အမဲသားအစိမ်း၊ အရိုး၊ အကြော၊ အရေခွံမပါရ။ အသားသက်သက် ပန်းကန်ပြားတွင်
အတုံးလိုက်ထည့်ကာ ကျားအနီးတွင် ပူဇော်ရမည်ဟု ဆိုသည်။ တရုတ်အမဲသားအနံ့ပင်
(ဝက်)မပါရှိစေရဟု ဆိုသည်။ တရုတ်လုပ် ပစ္စည်းအားလုံး မင်းနှစ်ပါး၏
နတ်ကွန်းနှင့် မပတ်သက်ရဟု ဆိုသည်။ ခုတော့ တရုတ်မုန့်တွေ၊
ယိုးဒယားမုန့်တွေ၊ ကုလားမုန့်တွေကို မင်းနှစ်ပါးရှေ့မှောက်တွင်
အစုံတွေ့ရသည်။ မင်းနှစ်ပါးလည်း သိပ်ချေးများနိုင်တော့ဟန် မတူ။
မင်းနှစ်ပါးကို ပူဇော်ပသရာတွင် ''စီးတော်ကျားကို ပိုင်နိုင်ကျွမ်းကျင်စွာ
စီးနင်းလျက် လက်စွဲတော်ဓားကို ကိုင်ဆောင်ကာ ကျားနှင့်ဓားတို့၏ အရှင်သခင်
တောင်ပြုံးမင်းညီနောင် နှစ်ပါးခင်ဗျား။ မင်းနှစ်ပါးကိုပသသူ ညီဘွားနှင့်
နှမတော်တို့မှာ အခုအခါတွင် ဘာမှု၊ညာမှု အမှုကိစ္စဖြစ်''ဆိုသောနေရာတွင်
မှုခင်းအမည်ပါ ထည့်ပြောရသည်ဆိုသည်။ ''ပြသနာစုံ
တွေ့ကြုံနေရသဖြင့်''ဒီနေရာတွင်လည်း ပြဿနာနာမည် ထည့်ပြောရသည့်။
''ဘေးဒုက္ခမျိုးစုံ တွေ့ကြုံနေရ၍ ညီဘွားနှင့် နှမကို
ကူညီမစမှိုင်းမတော်မူပါ။ အတားအဆီး အနှောင့်အယှက် မှန်သမျှကို
စီးတော်ကျားနှင့် လက်စွဲတော်ဓားကို ကိုင်ဆောင်ပြီး
တားဆီးရှင်းလင်းတော်မူပါ''ဟုလျှောက်ထားရသည်။ ထို့နောက်
''တစ်ဖက်တရားပြိုင် ရန်သူကို ဗိုလ်ကျ စိုးမိုးရန် မရည်ရွယ်ပါကြောင်း၊
မိမိတို့က မဟုတ်မမှန် မလုပ်ပါကြောင်း၊ အမှန်အကန် ဖြစ်ပါကြောင်း''
သစ္စာဆိုရသေးသည်။ ''တစ်ဖက်က မမှန်မကန် လုပ်နေသူများကို နောင်ကြဉ်အောင်
လျှောက်ရသေးသည်။ မိမိတို့နိုင်တာကို ကြိုတင်သိရှိစေရန် အသံ၊ အတိတ်၊
နိမိတ်နဘောင်၊ အိပ်မက်များနှင့် ထင်ရှားအောင်ပြပါ''ဟု မင်းနှစ်ပါးကို
နတ်ကတော်များက ကြိုးနှင့် ချည်ကြသေးသည်။ ''အမှုနိုင်လျှင် ကွန်းနန်းများ
အသစ်လဲ၍ ကန္နားပွဲ အကြီးအကျယ်ပေးကာ မင်းနှစ်ပါးကို ပျော်တော်ဆက်ပါ့မည်''ဟု
ကတိပေးရသေးသည်။ တချို့က စီးကရက်နှစ်လိပ်ကို မီးရှို့၍ အဓိဌာန်ကြသည်။
''အမှုရှုံးမည်ဆိုပါက စီးကရက်နှစ်လိပ် မီးငြိမ်းပါစေ။ အစကောင်းပြီး
အနှောင်းမသေချာဘူး ဆိုပါက လက်ယာဘက် စီးကရက်က မီးမငြိမ်းဘဲရှိပါစေ
လက်ဝဲဘက်စီးကရက် မီးငြိမ်းပါစေ''စသည်ဖြင့် တောင်းဆိုကြသည်ဟု ဆိုသည်။
''အပြတ်အသတ် နိုင်မည်ဆိုပါက စီးကရက် နှစ်လိပ်စလုံးသည် လုံးဝမငြိမ်း၊
ပြာမကြွေဘဲ မယိမ်းမယိုင် ကျောက်စာတိုက်သို့ ရှိမည်''ဆိုသည်။ စင်စစ်
စီးကရက်ကို မဖွာမရှိုက်ဘဲ မီးညှိရုံညှိထားလျှင် ဘယ်မှာလာ၍ စီးကရက်သည်
တစ်လိပ်လုံး ပြာကျနိုင်ပါအံ့နည်း။ နတ်ကတော်များ၏ လှည့်ကွက်တည်း။
သောကရှိသူတို့ကို နတ်နှင့်ခြောက်၍ ဟောက်စား၊ ခြောက်စား လုပ်ကြခြင်းဖြင့်
နတ်ကတော်တို့ စားပေါက်ထွင်လေ့ရှိရာ အသိရှိသူတို့ မှန်မှန်ကန်ကန်ဆင်ခြင်
သုံးသပ်သင့်ကြသည်။

လျှပ်တစ်ပြက် ဂျာနယ်မှာ ဆရာဦးမြတ်ခိုင်၏
တောင်ပြုံးကိုရောက်ရင် ဘာဖြစ်မှာတုန်း

ခန္ဓာအိမ်ကိုအရင်းပြု၍ သဘာဝဓမ္မကို လေ့လာခြင်း

ရာဇဂြိုဟ်မှ သီရိမာ၏ အသုဘရှုပွဲကြီးကား လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ ကျော်ကတည်းက ပြီးဆုံးသွားခဲ့ပြီ ဖြစ်ပါသည်။ ထိုအသုဘရှုပွဲကြီး၌ ပါဝင်ခဲ့သူ အသီးသီးတို့သည်လည်း ကိုယ်စီ တရားအသိဉာဏ်နှင့် ထိုက်တန်သော ဘ၀တွေကိုလည်း ရရှိနေပြီ ဖြစ်ပါသည်။ အချို့သည် မြင့်မြတ်သောဘုံ၊ မြတ်သောဘ၀၊ မြတ်သောဌာနတွေမှာ ခံစားနေပေပြီ။ အချို့လည်း နိဗ္ဗာန်သို့ မျက်မှောက်ပြုခဲ့ကြပြီ။ သီရိမာကို အကြောင်းပြု၍ တရားဒေသနာ ချီးမြှင့်ခဲ့သော ဘုရားရှင် ကိုယ်တော်တိုင်ပင် ပရိနိဗ္ဗာန် ပြုခဲ့ရပြီ မဟုတ်ပါလော။

သီရိမာကို စွဲလမ်းစိတ် ဖြစ်ခဲ့စဉ်က ရာဂစိတ် အဓိပတိ ဖြစ်ခဲ့ရသော ကိုယ်တော်လေးသည် သုသာန် တစပြင်မှ သီရိမာ၏ ရုပ်အလောင်းကို မျက်ဝါးထင်ထင် တွေ့ရင်းမှ ဘုရားရှင်၏ ဒေသနာတော်ကို နာကြားလိုက်ရ သောအခါ…။

တင့်တယ်ခြင်းနှင့် မတင့်တယ်ခြင်း။ သုဘနှင့် အသုဘ။

သုဘနိမိတ်ကို မြင်သောအခါ စိတ်သည် စွဲလမ်းသည့်ဘက်သို့ ဦးတည်သည်။ အသုဘနိမိတ်ကို မြင်သောအခါ စိတ်သည် စက်ဆုပ်ရွံရှာသည့် ဘက်သို့ ပြောင်းလဲသွားသည်။ မြင်ကွင်း ပြောင်းသည့်အခါ စိတ်ပြောင်းသွားသည်။ မြင်ကွင်း အပြောင်းအလဲကို မည်သူက ဖန်တီးသနည်း။ ပုဂ္ဂိုလ် တစ်ဦးတည်းက ဖန်တီးခြင်း ဖြစ်သည်။ ထိုပုဂ္ဂိုလ်ကား သီရိမာ။

သီရိမာ၏ ခန္ဓာအိမ်နေရာတွင် အခြားသူတစ်ဦး၏ ခန္ဓာအိမ် အသစ်တစ်ခု အစားထိုး ၀င်ရောက်လာခြင်း မဟုတ်ပါ။ နဂိုရှိရင်းစွဲ သီရိမာ၏ ခန္ဓာအိမ်ကြီးကသာ ဖောက်ပြန် ပြောင်းလဲသွားခြင်း ဖြစ်ပါသည်။ လွန်ခဲ့သော သုံးရက်ခန့်က ကပိုကရို အလှကလေးနှင့်ပင် ကြည့်၍မ၀နိုင် ဖြစ်ခဲ့ရသော သီရိမာ၊ ယခုတော့ ဖရိုဖရဲ၊ ပြိုကွဲ ယိုစီး နံစော်၊ မြင်မကောင်း ရှုမကောင်း၊ ယင်တလောင်းလောင်းနှင့် နှစ်ခါပြန် ကြည့်ချင်စရာ မကောင်းတော့သည့် သီရိမာ။ ဖြစ်နိုင်လျှင် မကြည့်ချင်တော့။ မျက်လုံးစုံမှိတ် ထားလိုက်ချင်တော့သည်။

ဘယ်မှာလဲ ဟိုတစ်နေ့က ဆွမ်းမစားနိုင်လောက်အောင် စွဲလမ်းခဲ့ရတဲ့ သီရိမာရဲ့ အလှပုံရိပ်တွေ။ ကိုယ်တော်လေးသည် အငွေ့အသက်ကို မမေ့ရက်စရာ အဖြစ် သတ်မှတ်သိမ်းဆည်း ထားခဲ့သည်ပဲ။ မျက်စိဖြင့် သီရိမာကို မြင်သည်။ မြင်သိစိတ် ဖြစ်ပေါ်သည်။ မြင်သိစိတ်နောက်က လိုချင်စိတ်ကလေး ကပ်ပါလာသည်။ ကြည့်စမ်း.. မြန်လိုက်သည့်စိတ်။

တပ်မက်မှု တဏှာစိတ်ကလေးက အမြစ်စတွယ်ပေပြီ။ အမြစ်တွေ ပွားလာသည်။ လိုချင်စိတ်သည် ကင်ဆာရောဂါနှင့် တူသည်။ အမြစ်ပွားနှုန်း မြန်လှသည်။ ရှေ့စိတ်သည် နောက်စိတ်ဆီသို့ လောဘ၏ သတ္တိကို အဆင့်ဆင့် လက်ဆင့်ကမ်း ပေးသွားသည်။ လောဘအိုးကြီးသည် တဖြည်းဖြည်း ကြီးထွားလာပေပြီ။ စိတ်နှင့်မဆန့်အောင် ကြီးထွားလာသောအခါ စိတ်သည် ထိုလောဘ၏ ၀န်ထုပ်ကို အလေးအပင် တစ်ခုအနေဖြင့် ပြန်ထမ်းနေရတော့သည်။ စိတ်ကြီးကား လေးလံလှချေပြီ။ လေးလံလာသောအခါ ထိုင်းမှိုင်းလာစမြဲ။ ကိလေသာ ဟူသမျှ ပူရသည်မှာမလွဲ။ ကိလေသာ ခေါင်းဆောင်ဖြစ်သော လောဘသည် အပူဓာတ်တွေကို ယူဆောင်လာသည်။ ထို အပူဓာတ်သည် တည်ငြိမ်အေးချမ်းမှု မရှိတော့။ ဘယ်မှာလာ၍ ငြိမ်းအေးနိုင်ပါတော့ မလဲ။

ထို့ကြောင့်ပင် ကိုယ်တော်လေးသည် သီရိမာ လောင်းလှူလိုက်သော ဆွမ်းကိုပင် မစားနိုင်တော့သည် အထိ ဖြစ်ခဲ့ရသည်။ ကိုယ်တော်လေး၏ စိတ်အတွင်းဝယ် သီရိမာ၏ ပုံရိပ် အငွေ့အသက်တွေသည် သုံးရက်တိတိ ၀င်မွှေ လောင်ကျွမ်းနေခဲ့သည်။ သတိလက်လွတ် ဖြစ်နေသောအခါ၊ သညာသည် တန်ခိုးထွားလာသည်။ ခုနက မှတ်ထားခဲ့သော သီရိမာ၏ ပုံရိပ်ကို သညာက အထပ်ထပ် ပုံဖော်ပေးနေသည်။ ကိုယ်တော်လေးသည် သညာခေါ်ရာသို့ လိုက်သည်။ အငွေ့အသက်ကို တကယ့်အရှိတရားဟု ကိုယ်တော်လေး ယုံကြည်နေသည်။ အမြင်မှားပေပြီ။ ဒိဋ္ဌိဝင်ပြီ။ ကိုယ်တော်လေး၏ အာရုံရိပ်တွင် အငွေ့အသက်အဖြစ် ပုံဖော်နေသော သီရိမာသည် အမှန်တကယ်တွင်မူ သုဿာန်တစပြင်၌ အလောင်းကောင်အဖြစ် ဖောက်ပြန်ချင်တိုင်း ဖောက်ပြန်နေချိန် ဖြစ်သည်။ ဤသည်ကို ကိုယ်တော်လေးသည် မသိမမြင်။

ဒီတော့ သညက္ခန္ဓာကြီးက ပုံဖော်ပေးလိုက်၊ ဝေဒနက္ခန္ဓာက ချဲ့ပြီး ခံစားပေးလိုက်၊ ၀ိညာဏက္ခန္ဓာကြီးက လိမ်ပြီးသိနေလိုက်၊ သင်္ခါရက္ခန္ဓာကြီးက အမှားနောက် တကောက်ကောက် လိုက်လံပြုပြင် ပေးနေလိုက်နှင့် ကိုယ်တော်လေး၏ စိတ်သည် အလုပ်များခဲ့ရသည်။ ပင်ပန်းခဲ့ရသည်။ အဆမတန် ပူလောင်ခဲ့ရသည်။ အမြင်မှားမှုကို အခြေခံသော မိစ္ဆာဒိဋ္ဌိ၏ နောက်၌ တန်းလန်း တန်းလန်း ပါလာသော အကျိုးတရားများမှာ အကုသိုလ်သတ္တိတွေသာ ကိန်းအောင်းနေပေသည်။

ကိုယ်တော်လေးခမျာ သုံးရက်လုံးလုံး ဆွမ်းခံမထွက်၊ ဆွမ်းမစား၊ တပိန်ပိန် တလိမ်လိမ်။ သူ့စိတ်ထဲမှာတော့ သီရိမာမှ သီရိမာ။ ထိုသုံးရက် လွန်ပြီးနောက် သီရိမာဆိုသော အသံကို ကြားရမှ သပိတ်ကို ဆေးခဲ့သည့် သူ့အဖြစ်။ ထိုအခါမှ သပိတ်ထဲမှ ပုပ်သိုးနံစော်နေသော ဆွမ်းပုပ်တွေကို တွေ့ရသည်။ မေ့မြောရာမှ သတိလည်လာသူပမာ။ ဒါတောင် ဘုရားရှင်ဆိုသော အသံထက် သီရိမာဆိုသော အသံကိုသာ သူကြားခဲ့ခြင်း ဖြစ်သည်။ သုဿာန်သို့ အပြေးတပိုင်းနှင့် ထွက်လာခဲ့။ ကဲ.. တွေ့ရပြီ.. သီရိမာ။

အလို.. သူထင်သလို မဟုတ်တော့ပါလား။ သုံးရက်လုံးလုံး သူ့စိတ်ထဲ၌ အချိန်ပြည့် နေရာယူခဲ့သည့် သီရိမာတည်းဟူသော အငွေ့အသက်သည် ဒီပုံမဟုတ်။ သူ နောက်ဆုံးတွေ့ခဲ့သည့် ကပိုကရို အလှကလေးနှင့် သီရိမာသည် ဒီပုံစံမဟုတ်။ လုံးဝမဟုတ်။ သူ ထင်မှတ်မှား နေရော့လား။ သူ ဇဝေဇ၀ါ ဖြစ်နေရော့လား။ စိတ်တွေထွေပြား၍ အမြင်မှားနေခြင်း ပေလား။

ဟော.. ဘုရားရှင်၏ အမေးတွင် ပရိသတ်အပေါင်းက တစ်ခဲနက် ညာသံပေး၍ ဖြေကြပေပြီ။ ဒီရုပ်အလောင်းကြီးသည် သီရိမာတဲ့။ မဖြစ်နိုင်တာ။ သူ့စိတ်ထဲက မည်သို့ ငြင်းပယ် ငြင်းပယ်၊ ဒီရုပ်အလောင်းကြီးသည် သီရိမာ အစစ်ပင်တည်း။ အားလုံး တစ်ခဲနက် ထောက်ခံနေကြပြီ။ ဟော.. အသက်ရှင်စဉ်က တစ်ရက်လျှင် အသပြာတစ်ထောင် တန်သည့် သီရိမာသည် ယခုတော့ အခကြေးငွေ မဆိုထားနှင့်၊ အခမဲ့ ယူမည့်သူပင် မရှိတော့ပြီကော။ ကဲ.. ဘယ်မှာလဲ သီရိမာရဲ့ တန်ဖိုးဆိုတာ..။

သီရိမာရဲ့ တန်ဖိုးတွေသည် သီရိမာရဲ့ ဆံပင်တွေထဲမှာလား။ ဘယ်မှာ ဟုတ်နိုင်ပါတော့မလဲ။ မဖြီးမလိမ်း၊ မပြင်မဆင်ထားတော့ ဘယ်မှာလဲ ဆံပင်ပုံ၊ ဆံထုံးပုံ။ ဖွာလန်ကြဲ မွဲခြောက်နေတဲ့ ဆံပင်တွေမှာ ဖုန်တွေ အလိမ်းလိမ်းနဲ့။ ရုပ်ပျက်လိုက်တာ။

ကိုယ်တော်လေးရဲ့ စိတ်ထဲမှာ အငွေ့အသက်အဖြစ် အရိပ်ခိုခဲ့တဲ့၊ ကိုယ်တော်လေးရဲ့ စိတ်ကို အလွှမ်းမိုးကြီး လွှမ်းမိုးနိုင်ခဲ့တဲ့ သီရိမာရဲ့ မျက်နှာလေးကရော၊ ဘုရား.. ဘုရား.. ကြည့်နေရင်းမှပင် မျက်လုံးကြီးနှစ်ဖက် ထပေါက်တော့မယ့် အတိုင်းပါလား။ ဖူးရောင်ရုန်းကြွ ခုံးထနေတာ.. ဖောက်ခနဲ ပေါက်သွားလိုက်ရင်ဖြင့်..။ နှာခေါင်းကြီးကလည်း ပွထ၊ အထက်နှုတ်ခမ်း၊ အောက်နှုတ်ခမ်း အစုံကလည်း ထူလပျစ်။ ပါးကြီးနှစ်ဖက်ကလည်း ပါးချိတ်ရောင်.. သွားကိုက် ဝေဒနာသည်လို ရောင်ကား ဖောင်းထနေလိုက်တာ။ အလို.. ပါးစပ်ထဲကလည်း အပုပ်ရည်တွေ စီးကျနေလိုက်တာ..။ အခုရနေတဲ့ အပုပ်နံ့တွေဟာ အဲဒီ့ အပုပ်ရည်တွေဆီကလား မသိ။

ကိုယ်တော်လေးသည် စိတ် မသက်သာစွာဖြင့် မျက်လုံးအစုံကို မှိတ်လိုက်သည်။ သူ့စိတ်ထဲတွင် နေရာယူထားသော သီရိမာ၏ ပုံရိပ် အငွေ့အသက်တို့သည် တဖြည်းဖြည်း လွင့်ပြယ်စ ပြုလေပြီ။ ဒီပုံကြီးဆိုရင်ဖြင့် သီရိမာကို ဘယ်လိုလုပ်ပြီး စိတ်ထဲမှာ ထည့်သွင်းသိမ်းဆည်း ထားနိုင်ပါတော့မလဲ။ ဘယ်လိုလုပ်ပြီး ပုံဖော် စိတ်ကူးယဉ်နိုင်ပါတော့ မလဲ။ ခဏတဖြုတ် ကြည့်လိုက်ရတဲ့ အချိန်ကလေး မှာတောင် ဆက်မကြည့်ချင်တော့လို့ မျက်စိကို မှိတ်လိုက်ရတာ။

ကြည့်ပါဦး.. လည်ပင်းကြီးကလည်း အဆမတန် ရောင်ကိုင်းကြီးထွား နေပါပကောလား။ ပခုံးတွေ၊ လက်တွေလည်း ရောင်ကိုင်း ပွထနေလိုက်တာ။ ၀တ်ထားတဲ့ အရှက်လုံအင်္ကျီ ဖျင်စတွေပင်လျှင် အချို့နေရာမှာ ချုပ်ရိုးပြုတ်လိုပြုတ်၊ ကွဲထွက်လို ကွဲထွက် ဖြစ်နေပါရော့လား။ ရင်ဘတ်ကြီး မို့မောက်လိုက်ပုံကလည်း တောင်ကုန်းတစ်ကုန်းလို။ အို.. ဗိုက်ပေါ်က အ၀တ်စတွေမှာလည်း စိုရွှဲ ရိရွဲလို့။ အပုပ်ရည်တွေ စွန်းထင်း ပေကျံနေပါရောလား။ နံလိုက်တာနော်။

ပေါင်မှသည် ခြေသလုံး။ နည်းတဲ့ ရောင်ကိုင်း ပွထမှုကြီးမဟုတ်။ သီရိမာသည် မူလခန္ဓာကိုယ်ထက် နှစ်ဆကျော်ကျော်၊ သုံးဆနီးပါး ရှိနေချေပြီ။ ခြေချောင်းတို့၏ တုတ်ခိုင် ပွထမှုများကတော့ မပြောပါနဲ့တော့။ အ၀လွန်နေသည့် မိန်းမတစ်ယောက်၏ ဖ၀ါးတွေ၊ ခြေချောင်းတွေလို။ အ၀လွန်သည့် မိန်းမကြီးတစ်ယောက် ပိုးစိုးပက်စက် ပစ်စလက်ခတ် အိပ်နေသည့်ပုံကြီးနှင့် တူလွန်းလှသည်။

ဒါဟာ အလှဘုရင်မ တစ်ယောက်ရဲ့ ရုပ်ကလာပ်တဲ့လား..။ တစ်ကိုယ်လုံးကို ခြုံကြည့်လိုက်တော့ မှိုင်းဝနေသော မီးပုံးပျံကြီးလို ဖြစ်နေသေည့် သီရိမာ။

ပြုပြင်ပြောင်းလဲ ပေးနေရသော နာမ်ခန္ဓာတစ်ပါးဖြစ်သည့် သင်္ခါရက္ခန္ဓာကြီး အလုပ်မလုပ်တော့သော အခါ ဒီခန္ဓာအိမ်ကြီးသည် ပိုင်ရှင်မဲ့သူ တစ်ဦးအဖြစ် ကျန်ခဲ့ရသည်။ မှတ်သားခြင်း၊ သိမြင်ခြင်း၊ ခံစားခြင်း၊ ပြုပြင်ခြင်း ကိစ္စများ ဆောင်ရွက်နေသော နာမ်ခန္ဓာလေးပါးသည် သူတို့ အမှီပြု အလုပ်လုပ်ရာ ကာယခန္ဓာကြီးကို ရက်စက်စွာ ထားရစ် စွန့်ပစ်ခဲ့ကြလေပြီ။ ရုပ်ခန္ဓာ တစ်ပါးဖြစ်သော ရူပက္ခန္ဓာကြီးသည်လည်း ညီတော်နောင်တော် ပီသစွာ နာမ်ခန္ဓာ လေးပါးနောက်သို့ တစ်ပါတည်း လိုက်သွားခဲ့ပေပြီ။ သူတို့ငါးပါး အုပ်စုသည် နောက်ခန္ဓာအိမ် အသစ်တစ်ခု၌ အလုပ်တွေ လုပ်နေကြပေပြီ။ သို့သော် သီရိမာ၏ ခန္ဓာအိမ်အဟောင်းတွင် ဖြစ်ခဲ့သော ခန္ဓာငါးပါးတော့ မဟုတ်တော့ပါချေ။ အဟောင်း ချုပ်ငြိမ်း၍ အသစ်အသစ် ဖြစ်ပေါ်လာသော ခန္ဓာငါးပါးတို့သာ ဖြစ်ပါသည်။ ထိုအခါ မူလက သူတို့ အမှီပြု အလုပ်လုပ်ရာ ဌာနကြီးဖြစ်သော သီရိမာ၏ ခန္ဓာအိမ် အဟောင်းကြီးသည် ယခုမူ ပိုင်ရှင်မဲ့အဖြစ် သုဿာန် တစပြင်၌ ဖြစ်ချင်တိုင်း ဖြစ်နေလေပြီ။

ဤသည်ကို တရားနာ ပရိသတ်အဖြစ် ရောက်ရှိနေသော သီရိမာ နတ်သမီးကိုယ်တိုင် ပြတ်ပြတ်ထင်ထင် သိမြင်နေရသည်။ ယခင်က ရာဇဂြိုဟ်မြို့က ပြည့်တန်ဆာ သီရိမာ။ ယခုတော့ ယာမာနတ်ပြည်က နတ်သမီး သီရိမာ။ သူ့ခန္ဓာအိမ် အဟောင်းကို သူကိုယ်တိုင် အသုဘ ပြန်ရှုနေရသော အဖြစ်။ ဒီခန္ဓာအိမ်ကို အမှီပြု၍ သီရိမာသည် ငါမှငါ ဖြစ်ခဲ့သေးသည်။ ငါ့ခန္ဓာ၊ ငါ့အလှဟူ၍ မာန်တွေ တက်ခဲ့သေးသည်။ ထိုမာန်တွေကြောင့်ပင် ဥတ္တရာကို ဆီပူနှင့် လောင်းချခဲ့သည်အထိ ကျူးလွန်ခဲ့မိသေးသည်။ ဥတ္တရာ၏ ခင်ပွန်းသည် သုမန သူဌေးသားကို ပိုင်ဆိုင်လိုစိတ်တွေ ဖြစ်ခဲ့သေးသည်။ အဲဒီ သီရိမာဆိုတာကြီးကို အခုဘယ်မှာ အသုံးချနိုင် ပါတော့မလဲ။ အခုတော့ သီရိမာဆိုသော အပေါင်းအစု၊ အစုအဝေးကြီးသည် ဘာမျှ တုံ့ပြန်ပြောဆိုခြင်း မပြုနိုင်တော့ပြီကော။ ဒီအစုအဝေးကြီးကို ကိုင်စွဲ၍.. ငါဟဲ့၊ သီရိမာဟဲ့ဟု ပြောဆို ဆက်ဆံခဲ့တာတွေသည်..။

ကြည့်စမ်း.. ငါတည်းဟူသော သီရိမာ၏ ခန္ဓာကို အစွဲအလမ်းကြီး စွဲလမ်း၍ သောက ပရိဒေ၀မီး တောက်လောင်နေရှာတဲ့ ကိုယ်တော်လေး..၊ သီရိမာရဲ့ ခန္ဓာလို့ ထင်နေတဲ့ ကိုယ်တော်လေးခမျာ မသက်မသာ ပင်ပန်းနေရှာ ပါလား။ ဒီမှာ ကိုယ်တော်လေး..။ တပည့်တော်မဟာ ယာမာ နတ်ဘုံမှာ နတ်သမီး သီရိမာ ဖြစ်နေပါပြီ။ အခု ဘုရားရှင်က တပည့်တော်မ အလောင်းကို ရှုကြည့်ပြီး တရားဟောမယ် ဆိုလို့ တပည့်တော်မ ယာမာနတ်ပြည်ကနေ အပြေးလာခဲ့ရတာ။ တပည့်တော်မရဲ့ ခန္ဓာအိမ် အသစ်ကို ကိုယ်တော်လေး ဘယ်မြင်နိုင်ပါဦး မလဲ။ ကောင်းပါပြီလေ.. ကိုယ်တော်လေး အခုမြင်နေတဲ့ တပည့်တော်မရဲ့ ခန္ဓာအိမ် အဟောင်းဟာ ကိုယ်တော်လေး ရှေ့မှာပဲ ဖောက်ပြန် ပြောင်းလဲနေပုံကို ကိုယ်တော်လေး မြင်ရင်းက သံဝေဂ ရပါစေတော့..။

ကိုယ့်ရုပ်အလောင်းကို ကိုယ်ပြန်ကြည့်ရင်းက ဖြစ်ပျက်တရား၊ ပြုပြင်မှု တရား၊ ဖောက်ပြန်မှု တရားတွေကို ဉာဏ်ဖြင့် အထပ်ထပ် ဆင်ခြင် ရှုပွားလေသော် ဘုရားရှင်၏ ဒေသနာအဆုံး၌ နတ်သမီး သီရိမာသည် အနာဂမ် တည်ခဲ့လေပြီ။

ကိုယ်တော်လေးကား လက်ငင်း မြင်တွေ့နေရသည့် အမှန်တရားကို လက်မလွတ်စတမ်း ဆုပ်ကိုင် ဖမ်းယူရင်းမှ ဖြစ်ပျက်၊ ဖောက်ပြန် ပြုပြင်မှု၊ အနိစ္စ လက္ခဏာတို့ကို ရှုပွား ဆင်ခြင်မိသောအခါ သောတာပတ္တိမဂ်သို့ ဆိုက်ရောက်လေ တော့သည်။

ကိုယ်တော်လေး၏ အမြင်သည် မိစ္ဆာဒိဋ္ဌိမှ သမ္မာဒိဋ္ဌိသို့ ပြောင်းခဲ့လေပြီ။

တကယ်တော့ သီရိမာဟူသည် ကေသာ၊ လောမာ၊ နခါ၊ ဒန္တာ၊ တစော ဟူသော ဆံပင်၊ မွေးညင်း၊ ခြေသည်း လက်သည်း၊ သွား၊ အရေထူ၊ အရေပြား စသည့် ၃၂ ကောဋ္ဌာသ အစိတ်အပိုင်းတို့ ပေါင်းစုထားသော အစုအဝေးကို တိုတိုနှင့် လွယ်လွယ် ခေါ်လိုက်ခြင်း မဟုတ်လော..။

ကိုယ်တော်လေး၏ ဉာဏ်အမြင် ပြောင်းသွားလေပြီ။ ကိုယ်တော်လေးသည် သီရိမာ၏ ခန္ဓာအိမ်မှ တစ်ဆင့် သဘာဝ ဓမ္မတစ်ခုကို တွေ့ရှိသွားခဲ့ပြီ ဖြစ်သည်။ သည့်အတွက် သီရိမာ၏ ခန္ဓာအိမ်သည် အရင်းအနှီး တစ်ခုအဖြစ် ပေးဆပ်ခဲ့ရသည်။ နတ်သမီး သီရိမာအတွက် ပင်လျှင် သူမ၏ ဘ၀ဟောင်း ခန္ဓာအိမ်သည် သူမ အနာဂမ် ဖြစ်ဖို့အတွက် အရင်းအနှီးတစ်ခု ဖြစ်ခဲ့သည်သာ။

ခန္ဓာအိမ်ကို အရင်းပြု၍ သဘာဝဓမ္မကို လေ့လာမိခြင်းကြောင့် ရရှိသော အကျိုးကား ကြီးမားလှပေစွ..။

******************************

ဆရာမြသန်းစံ ရေးသားသော “ခန္ဓာအိမ်ကို အရင်းပြု၍ သဘာဝဓမ္မကို လေ့လာခြင်း” စာအုပ်မှ ကူးယူ ဖော်ပြပါသည်။

ဘ၀ရဲ့ အရွယ် ၃ ပါး

ဘ၀ရဲ့အရွယ် ၃ ပါးကို အခုလိုပုံစံမျိုးနဲ့မကြုံချင်ဘူး
သူငယ်ချင်းများအားလုံး ဒီအရွယ် ၃ ပါးထဲက ကျော်လွန်နိုင်ပါစေ

(၁)
ဆယ်ကျော်သက်အရွယ်မှာတော့
အချိန်ရှိတယ်
စွမ်းအားရှိတယ်
ပိုက်ဆံမရှိဘူး

(၂) အလုပ်လုပ်တဲ့ အရွယ်ကျတော့
ပိုက်ဆံရှိတယ်
စွမ်းအားရှိတယ်
အချိန်မရှိဘူး

(၃)
အသက်ကြီးလာတော့
အချိန်ရှိတယ်
ပိုက်ဆံရှိတယ်
ဒါပေမဲ့............
အိုမင်းမစွမ်းဆိုတဲ့အတိုင်း
ခွန်အားမရှိတော့ဘူး



သင်ရော..................အခုအချိန်မှာ
ဘယ်အရွယ်ထဲမှာ ရောက်နေပြီလဲလို့......ဆင်ခြင်နိုင်ကြပါစေ

သင် တစ်ယောက်တည်း ရှိနေချိန် heart attack ရခဲ့သော်

တရားထိုင်နေစဉ်ဖြစ်ဖြစ်၊မိမိတစ်
ဦးတည်းဘုရားခန်းထဲမှာတရားမှတ်နေစဉ်ဖြစ်ဖြစ်
သင် တစ်ယောက်တည်း ရှိနေချိန် heart attack ရခဲ့သော် (သို့ ) နှလုံးအဆုတ်
အသက်ကယ်နည်း CPR ....


ညနေ ၆း၁၅ လောက်မှာ သင်ဟာအိမ်ကိုတစ်ယောက်တည်းပြန်လာနေတယ် ဆိုကြပါစို့ ။
အလုပ်မှာကလည်း စိတ်လှုပ်ရှားပင်ပန်းခဲ့ တဲ့ နေ့ ဆိုပါတော့။ သင်ဟာ တကယ်မောပန်း
စိတ်ပျက်နေတဲ့အချိန်ပါပဲ။ ဒီချိန်မှာရုတ်တရက် ရင်ခေါင်းထဲက
ပြင်းထန်တင်းကြပ်နာကျင်မှုမျိုး သင်ခံစားလိုက်ရပါတယ်။အထဲက လက်နဲ့
ဆွဲဆုပ်ညှစ်ထားသလိုမျိုး၊ ရင်ဘတ်ပေါ် လူတစ်ယောက်တက် ထိုင်ထားသလိုမျိုး
ခံစားရပြီး အရမ်းပြင်းထန်လို့ ချွေးသီး ချွေးပေါက်တွေတောင် ကျလာပါတယ်။
ဒီနာကျင်မှုဟာ လက်မောင်းတွေ၊ မေးရိုးတွေအထိ ထုံကျင်ပျံ့ နှံ့ သွားပါတယ်။ ဒီတော့
သင် ကြားဖူးထားလို့ သိလိုက်ရတာက ဒါဟာနှလုံးသွေးကြောပိတ်ပြီး နှလုံးက
အောက်စီဂျင် မရတဲ့ရောဂါ ( Ischaemic Heart Disease ) ရဲ
့နှလုံးရုတ်တရက်ထဖောက်ခြင်း ( Heart Attack) ဆိုတာပါပဲ။ ကံဆိုးစွာပဲ သင်နဲ့
အနီးဆုံးဆေးရုံဆေးခန်းဟာ ၅မိုင်လောက် ဝေးပါတယ်။ ဒီချိန်မှာ နောက်
တစ်မိနစ်လောက်တောင် သင်အသက်ဆက် ရှင်နိုင်ပါတော့မလားလို့ ထင်ရလောက်အောင်
ဝေဒနာကလဲ ဆိုးဝါးလာပါတယ်။ ဒါဆို သင်ဘာလုပ်မလဲ........?

သင်အရင်တုန်းက Cardiopulmonary Resuscitation, CPR လို့ ခေါ်တဲ့
အရေးပေါ်နှလုံးအဆုတ် အသက်ကယ်နည်းကို သင်ခဲ့ရဖူးမှာပါ။ လူနာကို ရင်ဘတ်ပေါ်ကနေ
လက်နဲ့နှလုံးကို ၃ ချက်နှိုးလိုက်၊ လူနာကိုနှာ ခေါင်းပိတ်ပြီး ပါးစပ်ကနေ ၁ ချက်
လေမှုတ်သွင်းပေးလိုက် စည်းချက် ကျကျလုပ်ရတာဆိုတာ သင်သိပါတယ်။ အခုသင့်ကို
ဒီလိုလုပ်ပေးဖို့ လိုလာပြီဆိုတာ သင်သိလိုက်ပါပြီ။ ဒါပေမယ့် အနားမှာ
လူတစ်ယောက်မှ မရှိတဲ့နေရာကို သင်ရောက်နေတယ်ဆိုရင် သူများကို
ဘယ်လိုလုပ်ခိုင်းမလဲ။ ဒီအတွက် လူတိုင်းကိုယ့်ကိုယ်ကို လုပ်လို့ ရတဲ့ CPR
အသက်ကယ်နည်းကို တင်ပြပေးချင်ပါတယ်။

CPR ဆိုတာ heart attack ရလို့ ။ဓာတ်လိုက်သွားလို့ ၊ ရေနစ်လို့ ၊
အကြောင်းကြောင်းကြောင့် အသက်ရှူရပ်သွားလို့  စတာတွေဖြစ်ခဲ့ရင် လူနာရဲ့ အသက်ကို
ကယ်တင်ဖို့ နှလုံးနဲ့ အဆုတ်ကို ပုံမှန်အလုပ် ပြန်လုပ်အောင်
နှိုးပေးတာဖြစ်ပါတယ်။ ပါးစပ်ကနေ လေမှုတ်သွင်း အသက်ရှူစေခြင်းနဲ
့နှလုံးဖိနှိုးခြင်း ဆိုပြီး နှစ်ပိုင်းပါပါတယ်။ကမ္ဘာပေါ်မှာ နှစ်တိုင်း heart
attack ၊ အဆိပ်မိခြင်း၊ ရေနစ်ခြင်း စတာတွေကြောင့် နှစ်စဉ်လူတွေသန်းနဲ့ချီ
သေနေကြပါတယ်။ ဖြစ်ပြီးပြီးချင်း CPR သာလုပ်ပေးမယ်ဆိုရင် အများစုရဲ့  အသက်ကို
ကယ်လို့ ရမှာပါ။ ဒီတော့ လူတိုင်းဒီနည်းကို တတ်ထားသင့်တာပေါ့။ ဒါက ရိုးရိုးCPR
ကိုပြောတာပါ။ ဒါထက်အရေးကြီးတာက ကိုယ် တစ်ယောက်တည်း ရှိနေတဲ့အချိန် ရုတ်တရက်
heart attack ရတယ်။ လူကလဲမေ့မျောချင်လာပြီဆိုရင် ကိုယ့်ကိုယ်ကို CPR
လုပ်နည်းလေး မှတ်ထားကြပါ။

အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး အားနဲ့ ချောင်း အဆက်မပြတ် လုပ်ဆိုးလိုက်ပါ။
ချောင်း တစ်ချက်ချင်းစီကိုလည်း ရင်ခေါင်းထဲကနေ ကြာကြာလေးဖြစ်အောင် ဆွဲဆိုးပါ။
သလိပ်တွေ ထွက်လာရင် ထွက်လာပလေ့ စေ။ အသက်ဆက်တိုက်ရှူပြီး ချောင်းဆက်တိုက်
ဆိုးပေးပါ။ အရမ်းမြန်ရင်တော့ ပိုမောစေလို့ မှန်မှန်ပဲလုပ်ပါ။ ဒါဟာသင့်အသက်ကို
သင်ကယ်နေတာ ဖြစ်ပါတယ်။ တဖြည်းဖြည်းပိုပြီးနေလို့ ကောင်းလာတာ သင်ခံစားရမှာပါ။
သွားလိုတဲ့ဆေးရုံမရောက်သေးခင် ၊ကုသပေးမယ့် သူတွေမရောက်သေးခင် အထိ
ဒီလိုလုပ်ပေးပါ။

အသက်ပြင်းပြင်း ရှူလိုက်တော့ အဆုတ်ထဲလေတွေ အများကြီးဝင်လာပြီး လတ်တလော
အောက်စီဂျင်ပိုရစေပါတယ်။ ချောင်းဆိုးခြင်းက နှလုံးကို ဖျစ်ညှစ်ပေးပြီး
သွေးလှည့်ပတ်မှုကို မြှင့်တင်ပေးပါတယ်။ ဒါကြောင့် နှလုံးပုံမှန်ပြန်ခုန်စေပြီး
နှလုံးရောဂါ ထဖောက်လာတဲ့လူနာက ဒီနည်းနဲ့ ဆေးရုံကို ဘေးကင်းစွာ
မျှော်လင့်ချက်ရှိရှိ ရောက်ရှိနိုင်မှာ ဖြစ်ပါတယ်။ ဒီဆောင်းပါးကို
ဖတ်ပြီးပြီဖြစ်လို့ သင်ကိုယ်တိုင်ဖြစ်လာခဲ့ရင် CPR လုပ်ပြီး သင့်အသက်ကို
ကယ်ဆယ်ဖို့  သတိရပါ။ သူများတွေကိုလည်းဖြန့် ဝေပေးရင် အသက်ပေါင်း
မြောက်မြားစွာကို ကယ်တင်ပြီးသားဖြစ်မှာပါ။