ဒီနေရာလေးကို

Friday, October 8, 2010

ရင်ခွင်ဦးသို့..တမ်းချင်း

နွေဦးအလှ ရွက်ကြွေခ၍
ဥသြတွန်ကြူး လေရူးသုန်သုန်
ဖော်မစုံသူမှာ ရင်ခွင်ကျွမ်း၍
လွမ်းတေးဆိုရသည်………
သူ(မ)ကိုရည်စူး
ရင်ခွင်ဦးသို့ မျှော်ကိုးတမ်းတ
နန်းဝေမျှသည် တစ်ပါးသူရင်ခွင်
သူမကြင်လို့ နင်ငါပြော၍
ရင်ခွင်စစ်မှန် တွေ့ရှိပြန်လည်း
ချိန်ခါရယ်နှောင်း ရွက်ဟောင်းကြွေသို့
ခံစားချက်ပြင်း ကျွန်ရင်တွင်းလည်း
နွေသို့ ပူလှသည်။

No comments:

Post a Comment