ဒီနေရာလေးကို

Friday, October 8, 2010

နုတ်ဆက်အလွမ်း

ပြေးပြေး လွှားလွှား
သွားသွား လာလာ
ရယ်ရယ် မောမော
ပျှော်ပျှော် ရွှင်ရွှင်
ကြည်ကြည် နူးနူး
ခံစားချက်အသစ်လေးတွေနဲ့
နေရာဟောင်းမှာရော
နေရာသစ်လေးတွေမှာပါ
တို့တွေအတူသွားကြတယ်နော်
သူငယ်ချင်းတွေကိုပြန်တွေ့ရတယ်
သူငယ်ချင်းအသစ်တွေလည်း ထပ်ရခဲ့တယ်
အနေနီးနေတုန်းမှာ သူရဲ့ ဂရုစိုက်မှုတွေကို
ရှောင်ဖယ်ခဲ့တယ်။
ဒီလိုနဲ့....................
နုတ်ဆက်ပြီး.....အဝေးကိုသွားရမယ်ဆိုပြန်တော့လည်း
ခွဲခွာရတဲ့ ဒုက္ခကို စပြီးခံစားတတ်ခဲ့ရတယ်။
ဒါပေမဲ့..လည်း
မတတ်နိုင်ဘူးလေ..
ကိုယ်ရဲ့ ၀ဋ်ကြွေးတွေရှိနေသေးတဲ့
နေရာကိုတော့...ခဏတော့ပြန်ရဦးမှာမို့ပါ။
အနီးကပ်.....လွမ်းတာနဲ့စာရင်
အဝေးကနေလွမ်းရတာ..ပိုပြီး
အလွမ်းရဲ့ စွမ်းအားတွေကို အားရပါးရ.....ခံစားလိုက်တော့မယ်လေ။
(19-09-2010 (Sunday)........5:35 PM နေ့မှာ ရခဲ့တဲ့...အလွမ်းအမှတ်တရ)

No comments:

Post a Comment