ဒီနေရာလေးကို

Friday, October 8, 2010

တည်ရှိခြင်းနိယာမ

ရှိပြီးသားအရာတခု
ပျောက်ပျက်သွားဖို့
ဘယ်လွယ်လိမ့်မလဲနော်
အချိန်ဆိုတာတော့
လိုအပ်လိမ့်မပေါ့

ဒါဆိုလည်း
ဘယ်လိုဖြတ်သန်းမလဲပဲ
စဉ်းစားလိုက်ရအောင်

ဖြစ်တည်ပြီးသား
အရာတခု
ဖျက်ဆီးပစ်ဖို့
ဘယ်လွယ်လိမ့်မလဲနော်
ပျက်ဆီးခြင်းအတွက်
ထိုက်တန်တဲ့ ဆုံးရှုံးမှုတော့
ရှိလိမ့်မပေါ့

ဒီအတွက်လည်း
ခံနိုင်ရည်ရှိဖို့
ကြိုးစားလိုက်ရအောင်

စိတ်ထဲမှာတော့
အမြဲသတိပေးလျှက်ပါပဲ
ဘယ်အရာမှ မမြဲဘူးလို့လေ

ဒါပေမယ့်
တကယ်တော့ ရှိခဲ့ဘူးတာပဲ
ဒါဟာလည်း အမှန်တရားတခုပဲ

No comments:

Post a Comment