ဒီနေရာလေးကို

Friday, October 8, 2010

လော ကထဲ က လူတန်းစား

လောကမှာ လူတွေဟာ ပုံစံအမျိုးမျိုး၊ အကျင့်စရိုက် အမျိုးမျိုးရှိတဲ့
အတွက်ကြောင့် ဆက်ဆံပေါင်းသင်းရတာ အတော်ခက်တယ်
လို့ ပြောလေ့ရှိတတ်ကြပါတယ်။ မတူညီတဲ့ ပတ်ဝန်းကျင်၊ မတူညီတဲ့ ဘာသာစကား၊
မတူညီတဲ့
ယဉ်ကျေးမှု၊ မတူညီတဲ့ စရိုက်စ
တဲ့ အချက်တွေကြောင့် ကိုယ်နဲ့အ်ံဝင်ခွင်ကျ မဖြစ်ဘဲရှိတတ်တယ်လို့
ပြောကြပါတယ်။
ကိုယ့်ကိုယ်ကိုရော အံဝင်ခွင်ကျဖြစ်ရဲ့လား… စိတ်တိုင်းကျ ဖြစ်ရဲ့လား… လို့
ပြန်မေးကြည်ရင်လည်း မဖြစ်ပြန်ပါဘူးတဲ့… အဲဒါဆို ဘယ်လိုလုပ်ကြမလဲပေါ့…။
ထားပါတော့။ တကယ်တော့ လောကမှာ လူတွေဘယ်လောက်ပဲ အမျိုးမျိုးကွဲပြား
ခြားနားကြပါစေ
သေသေချာချာ ခွဲခြားလိုက်ရင် သုံးမျိုးပဲ
ရှိပါတယ်။

၁။ ကိုယ်နဲ့တန်းတူဖြစ်တဲ့သူ
၂။ ကိုယ့်ထက်သာတဲ့သူ
၃။ ကိုယ်အောက်နိမ့်တဲ့သူ ဒီသုံးမျိုးပါပဲ။

ဆိုတော့ အဲဒီသုံးမျိုးကို အဆင်ပြေအောင်၊ အကုသိုလ် မဖြစ်အောင် ဘယ်လို
ဆက်ဆံကြည့်မလဲ... ဘယ်လိုဆက်ဆံ သင့်သလဲ….။ ဆရာတော်ကြီးတစ်ပါးကတော့
ဗြဟ္ဗာစိုရ်တရား လက်ကိုင်ထားပြီး ဆက်ဆံကြဖို့ ညွှန်ပြထားပါတယ်။ ပြီးတော့
အောက်ပါအတိုင်း ဆောင်ပုဒ်လေး လုပ်ပေးထားပါတယ်။ အဲဒီဆောင်ပုဒ်လေး
ဖတ်ပြီးကြိုးစား ဆက်ဆံကြည့်ကြစို့..

၁။ တန်းတူတွေ့လျှင် မေတ္တာဝင်၊ မ၀င်နိုင်က ပြိုင်တတ်သည်။ ပြိုင်မည့်အစား
မေတ္တာပွား၊ စိတ်ထားပြုပြင် ပြောင်းပါ့မည်။ (ပြောင်းရမည်)
မှန်ပါတယ်။ ကိုယ်နဲ့ တန်းတူဖြစ်တဲ့ သူတွေနဲ့ ဆက်ဆံတဲ့အခါ မေတ္တာစိတ်နဲ့
ဆက်ဆံပါတဲ့။ အသက်၊ သိက္ခာ၊ ဂုဏ်ဝါ၊ ရာထူးဌာနန္တရ စတာတွေ တူညီတဲ့သူကို
ကိုယ်နဲ့တန်းတူဖြစ်သူလို့ ဆိုလိုပါတယ်။ ဒီလိုတန်းတူဖြစ်တဲ့ သူတွေနဲ့
ဆက်ဆံတဲ့အခါ မေတ္တာစိတ်လေးနဲ့ ဆက်ဆံတတ်ဖို့လိုပါတယ်။ မေတ္တာဆိုတာ
ချစ်ခင်ခြင်း၊
နှစ်သက်ခြင်း၊ အကျိုးလိုလားခြင်းပါ။ တကယ်တော့ ချစ်ခြင်းမေတ္တာဆိုတာ
တစ်နည်းအားဖြင့် နားလည်ခြင်းကို ပြောတာပါ။ နားလည်မှုရှိနေရင်
ချစ်လို့ရနေတာပါပဲ။
နားလည်ပေးနေတာဟာ မေတ္တာရှိနေလို့
ပါပဲ။ အဲလိုမေတ္တာစိတ်မရှိရင် တစ်ဦးနဲ့တစ်ဦး အပြိုင်အဆိုင်လေးတွေ
ဖြစ်လာတတ်ပါတယ်။ ပြိုင်လာပြီဆိုရင် ပုထုဇင်တွေ သ
ဘာဝ မဟုတ်တာတွေ၊ မလုပ်သင့်တာတွေ လုပ်လာပြီး အများအားဖြင့်
မကောင်းတဲ့ဘက်ကိုပဲ
ဦးတည်သွားတတ်ကြပါတယ်။
အဲဒီအခါ တစ်ဦးနဲ့တစ်ဦး ဒေါသအာဃာတတွေပွားပြီး အမုန်းတွေသာ တိုးလာကာ
နောက်ဆုံးဆက်ဆံရေး အဆင်မပြေ ဖြစ်လာတတ်ကြပါတယ်။ ဒါကြောင့်
တန်းတူဖြစ်တဲ့သူတွေနဲ့
ဆက်ဆံတဲ့အခါ မေတ္တာစိတ်ဖြင့် ဆက်ဆံကြပါလို့ ဆရာတော်ကြီးက ဆုံးမခြင်း
ဖြစ်ပါတယ်။
အဲလိုမှမဟုတ်ရင် ဆက်ဆံရေးအတွက် အဆင်မပြေဖြစ်နိုင်တဲ့ ပြိုင်ဆိုင်မှုတွေ
ဝင်လာတတ်တဲ့အတွက်ပါ။

၂။ ကိုယ့်ထက်သာလျှင် မုဒိတာဝင်၊ မ၀င်ဣဿာ ယိုင်တတ်သည်။ယိုင်မည့်အစား
မုဒိတာပွား၊
စိတ်ထားပြုပြင် ပြောင်းပါ့မည်။ (ပြောင်းရမည်)
ဒီအချက်ကအထူးသတိပြုရမယ့်အချက်ပါ။
ကိုယ့်ထက်သာတဲ့သူနဲ့ဆက်ဆံတဲ့အခါမုဒိတာတရားလက်ကိုင်ထာပြီးဆက်ဆံတတ်ဖို့
လိုပါတယ်။ မုဒိတာဆိုတာ သူတစ်ပါးကြီးပွားတိုးတက်
အောင်မြင်တဲ့အပေါ်မှာဝမ်းမြောက်ဝမ်းသာဖြစ်ပေးတာပါ။ဒီလိုကိုယ့်ထက်
သာတဲ့ သူတွေနဲ့ ဆက်ဆံတဲ့အခါ မုဒိတာ တရားမထားနိုင်ရင်တော့
သူတစ်ပါးကြီးပွား
တိုးတက်တာကို မနာလိုဖြစ်တဲ့ ဣဿာက ဦးစီးသွားပြီး ကိုယ့်ကိုယ်ကိုလည်း
အကျိုးမရှိ
သူတစ်ပါးအတွက်လည်း အကျိုးမရှိတာတွေ လုပ်မိတတ်ပါတယ်။ ဒီဣဿာဆိုတဲ့
အကုသိုလ်တရားဟာ
တော်တော်ကြောက်စရာ ကောင်းပါတယ်။ ဒီတရားကိုယ့်သန္တာန်မှာ
ကိန်းလာပြီဆိုရင်တော့ဘယ်သူဘာ
လုပ်လုပ် အကောင်းမမြင်တော့ဘဲ အဆိုးတွေသာ တွေးမြင်နေတတ်ပါတယ်။ ဒါဟာ
သူနဲ့ဆန့်ကျင်ဘက် တရားဖြစ်တဲ့ မုဒိတာ
တရား ကိုယ့်သန္တာန်မှာ မကိန်းတဲ့အတွက်ကြောင့်ပါ။ ဒါကြောင့်
သူ့ကံနဲ့သူ၊သူ့ကြိုးစားမှုနဲ့သူဖြစ်လာတဲ့အပေါ်မှာငါဝမ်းမြောက်နိုင်
်အောင် ကြိုးစားမယ် ဆိုတဲ့အတွေးနဲ့ ကိုယ့်ထက်သာတဲ့သူတွေနဲ့
တွေ့ကြုံဆက်ဆံတဲ့အခါ
မုဒိတာတရား လက်ကိုင်ထားပြီးဆက်
ဆံဖို့ဆုံးမခြင်းပါ။
ဒီလိုမှစိတ်မထားတတ်ရင်နှစ်ဦးဆက်ဆံရေးကြားမှာဣဿာဆိုတဲ့အကုသိုလ်တရားက၀င်ရောက်နှောက်ယှက်
်တတ်တဲ့ အတွက်ပါ။

၃။ ကိုယ့်အောက်ငယ်လျှင် ကရုဏာဝင်၊ မ၀င်နိုင်က နိုင်တတ်သည်။ နိုင်မည့်အစား
ကရုဏာပွား၊ စိတ်ထားပြုပြင် ပြောင်းပါ့မည်။ (ပြောင်းရမည်)
ဒီအချက်ကတော့ ဘုန်းဘုန်းတို့ မြန်မာလူမျိုးများ အလွယ်တကူ
ဆင်ခြင်လိုက်နာနိုင်တဲ့ အချက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ ဘုန်းဘုန်းတို့
မြန်မာလူမျိုးများဟာ သူတစ်ပါးကြီးပွားတာကို ၀မ်းမြောက်ပေးရမယ့်
မုဒိတာတရားသာ
ဖြစ်ဖို့ခက်တာ သူတစ်ပါး
အပေါ် သနားတတ်တဲ့ ကရုဏာတရားကတော့ အလွယ်တကူ ဖြစ်တတ်တဲ့အတွက်ပါ။
ဘယ်လိုပဲဖြစ်ဖြစ်
ကိုယ့်ထက် အသက်၊
သိက္ခာ၊ ဂုဏ်ဝါ၊ ရာထူးဌာနန္တရ
စတာတွေနိမ့်ကျတဲ့သူတွေအပေါ်မှာသနားကြင်နာတတ်တဲ့ကရုဏာတရားနဲ့ဆက်ဆံတတ်ဖို့လို
ပါတယ်။ ဒါမှသာ ကိုယ့်အောက်နိမ့်တဲ့သူတွေ အပေါ်မှာ အနိုင်ယူတတ်တဲ့
လုပ်ရပ်တွေ
မဖြစ်ပေါ်မှာပါ။ ချီးမြှောက်ထောက်ပံ့ စောင့်ရှောက်မှုတွေ ဖြစ်လာမှာပါ။
တကယ်တော့
ဒီလိုကိုယ့်အောက် ငယ်တဲ့သူတွေ နိမ့်ကျတဲ့သူတွေနဲ့ တွေ့ကြုံဆက်ဆံတဲ့အခါ
ချီးမြှောက်ထောက်ပံ့မှုတွေ မရှိရင်နေပါစေ အနိုင်ယူမှုတွေ၊
နိုင်ထက်စီးနင်းလုပ်မှုတွေ မရှိဖို့အရေးကြီးပါတယ်။ ဒါကြောင့်
ကိုယ့်အောက်ငယ်တဲ့သူတွေနဲ့ ဆက်ဆံတဲ့အခါ အနိုင်ယူမှုတွေမရှိဘဲ ဆက်ဆံရေး
ကောင်းမွန်အဆင်ပြေစေဖို့ ကရုဏာတရား လက်ကိုင်ထားပြီး ဆက်ဆံကြဖို့
ဆရာတော်ကြီးက
ဆုံးမတော်မူခြင်း ဖြစ်ပါတယ်။

ဒါကြောင့် လောကမှာ ဘယ်သူတွေ ဘာတွေပဲကွဲကွဲ လူတန်းစားအားဖြင့် သုံးမျိုးပဲ
ရှိတဲ့အတွက် ဒီလူတန်းစား သုံးမျိုးနဲ့ အဆင်ပြေ ဆက်ဆံနိုင်ဖို့အတွက်
မေတ္တာ၊
ကရုဏာ၊ မုဒိတာစတဲ့ ဗြဟ္မာစိုရ်တရား လက်ကိုင်ထားကာ ဆက်ဆံကြည့်ကြပါလို့

No comments:

Post a Comment