ဒီနေရာလေးကို

Friday, October 8, 2010

တစ်နှစ်တိတိ လုံးဝ တုပ်ကွေးမဖြစ်စေရန် တုပ်ကွေးကာကွယ်ဆေး အခမဲ့ထိုးပေးနေပြီ

တစ်နှစ်တိတိ လုံးဝ တုပ်ကွေးမဖြစ်စေရန် တုပ်ကွေးကာကွယ်ဆေး အခမဲ့ထိုးပေးနေပြီ

ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်းရှိ International Health & Beauty Centre, IHBC
ဒီနှစ်ဟာ ရာသီဥတုပုံစံ အရ မိုးများပြီး ပူနွေးစွတ်စိုတဲ့ လာနီညာနှစ် ဖြစ်ပါတယ်။ ဒီလို ပူနွေးပြီး စိုထိုင်းဆများတဲ့ လေထုအနေအထား ပိုင်ဆိုင်တဲ့ မိုးခဏခဏရွာလိုက် နေပူလိုက် ရာသီဥတုမျိုးဟာ ဘက်တီးရီးယားတွေနဲ့ တုပ်ကွေးဗိုင်းရပ်စ်တွေကို ပိုမိုပွားများ ထကြွစေနိုင်ပါတယ်။

ဒီလို ရာသီဥတု အောက်မှာ တုပ်ကွေးဒဏ်ကနေ လွတ်အောင်
(၁) လတ်ဆတ်တဲ့ အသီးအနှံတွေ မှန်မှန် စားသုံးပေးရပါမယ်။

(၂) အပြင်သွားပြီး ပြန်လာရင်၊ ကားလက်တန်း၊ လှေကားလက်ရန်း၊ တံခါးလက်ကိုင် စတဲ့ လူအများနဲ့ ဆိုင်တဲ့ နေရာတွေကို လက်နဲ့ ထိကိုင်ပြီးတာနဲ့ မျက်စိ၊ ပါးစပ်၊ နှာခေါင်း တို့ကို လက်ဆေးပြီးမှသာ ထိတွေ့ပါ။


ဒီနှစ်ချက်က အဓိက ကာကွယ်နည်း နှစ်ခုပါ။ ပြီးတော့

(၃) ဗိုက်တာမင် C 500 mg ပါဝင်တဲ့ ဆေးပြားတစ်ခုခု နေ့စဉ် မှီဝဲပေးပါ။
(၄) တတ်နိုင်သမျှ အိပ်ရေးမပျက်ပါစေနဲ့။ အိပ်ရေးပျက်ထားတဲ့ သူတစ်ယောက်ဟာ တုပ်ကွေးမိဖို့ အရမ်းနီးစပ်တာ သင်လက်တွေ့ သိပါလိမ့်မယ်။

ဒီလိုတွေ ကာကွယ်ရုံမှမက တစ်နှစ်တာတိတိ တုပ်ကွေးဒဏ်ကနေ လွတ်ချင်သူများ တစ်နှစ်အာမခံ တုပ်ကွေးကာကွယ်ဆေးကို အခမဲ့ ထိုးနှံနိုင်ကြပါပြီ။ ဗိုလ်အောင်ကျော်လမ်းမှာ ရှိတဲ့ International Health & Beauty Centre, IHBC (အပြည်ပြည်ဆိုင်ရာ ကျန်းမာရေးနှင့် အလှအပ ဗဟို) မှာ ရှိတဲ့ Kembangan Radiant Medical & Aesthetic Center (ကမ်ဘန်ဂန် အသားအရေ၀င်းဝါမှု ဆေးပညာနှင့် အလှသုခုမ ဗဟို) မှာ မေတ္တာဖြင့် အခမဲ့ ထိုးပေးမှာ ဖြစ်ပါတယ်။

ဒါကြောင့် တစ်နှစ်တာတိတိ တုပ်ကွေး ဒဏ်မှ ကာကွယ်လိုသူများ အနေနဲ့ ကျောက်တံတားမြို့နယ်၊ ဗိုလ်အောင်ကျော်လမ်းမှာ ရှိတဲ့ IHBC က Kembangan Radiant Medical & Aesthetic Center ဖုန်း ၃၉၂၄၈၄ မှာ ဆက်သွယ်စုံစမ်း စာရင်းပေးနိုင်ပါပြီ။ လူဦးရေကန့်သတ်ထားလို့ အမြန် စာရင်းပေးကြ စေလိုပါတယ်။ တုပ်ကွေးကာကွယ်ဆေး ထိုးဖို့ လိုအပ်ချက်တွေ အနေနဲ့ကတော့ အသက် ၉ လပြည့်ရင် ရပါပြီ။ (ကိုလမင်းသာတို့၊ ကိုဂျင်ဂျင်းတို့ ဂန်းနားချစ်သူတို့ကတော့ ထိုးဖို့ အသက်လိုဦးမလားမလားပဲ )


တုပ်ကွေးကာကွယ်ဆေးက ဘာလို့ တစ်နှစ်ပဲ အကာကွယ် ဖြစ်လဲ ဆိုတော့ တုပ်ကွေးဗိုင်းရပ်စ်များဟာ တစ်နှစ်တစ်ခါလောက်ကို သူတို့ရဲ့ မျိုးရိုးဗီဇပုံစံကို သူတို့ဟာ သူတို့ ပြောင်းပစ်ကြလို့ ဖြစ်ပါတယ်။ ဒါကြောင့် လူသားများဟာ တုပ်ကွေးဗိုင်းရပ်စ်များကို တစ်သက်လုံး ဘယ်တော့မှ ရောဂါပြီးခြင်းမရနိုင်တာ ဖြစ်ပါတယ်။ ဒါကြောင့် အထက်မှာ ဖော်ပြခဲ့တဲ့ အချက်(၄)ခုကို လိုက်နာကာ နှစ်စဉ် တုပ်ကွေးရောဂါကို ကာကွယ်နိုင်ကြပါစေ။ အခုတော့ ဆန္ဒရှိရင် အမြန်စာရင်းပေးပြီး ကာကွယ်ဆေး သွားထိုးနိုင်ကြပါပြီ။

No comments:

Post a Comment