ဒီနေရာလေးကို

Friday, October 8, 2010

အဖြည့်ခံ

*တစ်ခါက လူငယ်လေးတစ်ယောက်ဟာ…ပန်းဥယျာဉ်ေ**လးတစ်ခု တည်ဆောက်ဖို့
ဆုံးဖြတ်လိုက်တယ်တဲ့။*

*သူဟာအရင်ဆုံး ရေနဲ့ လဲနီး မြေဆီမြေသြဇာလဲ ကောင်းတဲ့နေရာတစ်ခုမှာ
မြေကွက်လပ်ကျယ်ကျယ်လေးတစ်ခုဝယ်**လိုက်တယ်။*

*နောက်…မြေကွက်လပ်ရဲ့ ထောင့်နေရာမှာ သူနေဖို့ တဲလေးတစ်လုံးထိုးလိုက်တယ်။*

*ပြီးတော့…သူက ဘာဆက်လုပ်ရမလဲစဉ်းစားတယ်။*

*ပထမဆုံး သူရဲ့ ဥယျာဉ်လေးကို အပြင်လူတွေမနှောက်ယှက်နိုင်အော**င်
ခြံစည်းရိုးခတ်ရမယ်ပေါ့။*

*အဲဒါနဲ့ သူကိုယ်တိုင်း ၀ါးတွေခုတ်တယ်…နောက် ၀ါးလုံး ၀ါးခြမ်းတွေနဲ့
သူပိုင်မြေကွက်လေးကို ခြံစည်းရိုးခတ်လိုက်တယ်ပေါ့။*

*ခြံစည်းရိုးခတ်ပြီးသွားတဲ့အခါ လူငယ်လေးက စဉ်းစားတယ်။*

*ဒီဝါးခြံစည်းရိုးဟာ…နောက်ဖြစ်လာ**မယ့် သူ့ ရဲ့ ဥယျာဉ်လေးနဲ့
မလိုက်ဖက်ဘူးပေါ့။*

*ဘယ်လိုလုပ်ရင်ကောင်းမလဲ စဉ်းစားရင်း လူငယ်လေးဟာ တောထဲကိုထွက်လာခဲ့တယ်။*

*တစ်နေရာအရောက်မှာ…သစ်ပင်ကြီးတစ်**ပင်ကို တွယ်တက်ပြီးပေါက်နေတဲ့ အရမ်းလှတဲ့
ခရမ်းရောင်ပန်းတွေကို သတိထားမိသွားတယ်။*

*ခရမ်းရောင်ပန်းတွေက နွယ်ပင်ကနေ ပေါက်နေတာပဲ။*

*နွယ်ပင်ရဲ့ ပင်စည်မှာလဲ ချွန်မြတဲ့ ဆူးတွေနဲ့ ။*

*အဲဒီ ပန်းနွယ်ပင်တွေကိုကြည့်ပြီး လူငယ်လေးကအကြံတစ်ခုရသွားတယ်။*

*သူ့ ရဲ့ ၀ါးခြံစည်းရိုးပေါ်ကနေမံပြီး ဆူးပါတဲ့ ပန်းနွယ်ပင်စိုက်ရမယ်ပေါ့။*

*ဒါဆို သူရဲ့ ပန်းဥယျာဉ်ကြီးနဲ့ လဲလိုက်ဖက်မယ်….သူ့ ဥယျာဉ်ကြီးကို
နှောက်ယှက်မယ့်သူတွေရန်ကလဲ ကာကွယ်ပြီးဖြစ်မယ်လေ။*

*အဲဒါနဲ့ သူက…နွယ်ပန်းခြုံကြီးကနေ အပင်ပေါက်လေးတစ်ခု ယူလာခဲ့တယ်။*

*နွယ်ပင်ပေါက်လေးကတော့ပျော်လို့ ** ပေါ့။*

*ဘယ်သူ့ ကမှသူ့ ကို အခုလို တယုတယ စိုက်ပျိုး ဖို့ ယူမသွားခဲ့ဖူးဘူးလေ။*

*လူငယ်လေးက နွယ်ပင်ပေါက်လေးကို ယူသွားပြီး ခြံစည်းရိုးရဲ့ ထောင့်တစ်နေရာကနေ
စပြီးစိုက်တယ်။*

*ဒီအပင်လေးဟာ သူ့ အတွက်တော့ ပထမဆုံးပန်းပင်လေးပဲလေ။*

*နေ့ တိုင်း နွယ်ပင်ပေါက်လေးကို ရေလောင်း မြေဆွ မြေသြဇာထည့်ပေးတယ်။*

*ပြီးတော့ မြေရိုင်းဖြစ်နေတဲ့ သူ့ ရဲ့ မြေကွက်လပ်ကိုလည်း ပန်းပင်အမျိုးမျိုး
စိုက်လို့ ရအောင် ပေါင်းသင် မြေဆွပေးတယ်။*

*တောထဲမှာ အကြမ်းပတမ်းရှင်သန်နေရတဲ့ နွယ်ပင်လေးဟာ အခုလို ကရုတစိုက်
ရေလောင်းမြေဆွပေးတော့ တရှိန်ထိုးကြီးထွားလာတာပေါ့။*

*အရွက်တွေလဲ ဖားဖားဝေေ၀၊ ပင်စည်က ဆူးတွေကလဲ ချွန်မြလို့ ။*

*၀ါးခြံစည်းရိုးကို ဖြန့် ကျက်ခြုံလွှမ်းလို့ သူ့ သခင် ဥယျာဉ်မှုးလေးရဲ့
ခြံ ကိုအစွမ်းကုန်ကာကွယ်ပေးဖို့ ဆုံးဖြတ်ချက်ချထားလေရဲ့ ။*

*နွယ်ပင်လေး ခြံစည်းရိုးတစ်လျှောက်ကြီးထွား**လာတာနဲ့ အမျှ လူငယ်လေးရဲ့
ခြံဟာလဲ ပန်းပင်တွေ စိုက်ပျိုးဖို့ အဆင်သင့်ဖြစ်လာပြီလေ။*

*ဒါနဲ့ တစ်နေ့ တော့ လူငယ်လေးဟာ မြို့ ကိုတက်ပြီး ပန်းမျိုး
စေ့တွေသွားဝယ်တယ်။*

*လူငယ်လေးမရှိတဲ့အချိန်မှာ နွယ်ပင်လေးဟာ သူ့ ရဲ့
တာဝန်ကိုအစွမ်းကုန်ထမ်းဆောင်ပြီ**း ခြံကို ကာကွယ်စောင့်ရှောက်ရင်းကျန်ခဲ့**
ပါတယ်။*

*၃ ရက်လောက်ကြာတော့ လူငယ်လေးက မြို့ ကပြန်ရောက်လာတယ်။*

*မျိုးစေ့ထုပ်တွေနဲ့ ၀မ်းသာနေတဲ့ လူငယ်လေးဟာ သူ့ ရဲ့ နွယ်ပင်လေးကိုတောင်
နှုတ်မဆက်အားပဲ မေ့လျော့နေခဲ့ပါတယ်။*

*အဲဒါကြောင့် သူရဲ့ နွယ်ပင်လေးမှာ ခရမ်းရောင် ပန်းပွင့်လေးတွေ
စပွင့်နေပြီဆိုတာကို သူသတိမထားမိခဲ့ဘူး။*

*နောက်နေ့ တွေလဲ လူငယ်လေးဟာ ပေါင်းသင်မြေဆွထားတဲ့ မြေပေါ်မှာ သူဝယ်လာတဲ့ ပန်း
မျိုးစေ့တွေကျဲရင်းအလုပ်များေ**နခဲ့တယ်။*

*နွယ်ပင်လေးကို ရေလောင်းဖို့ နေနေသာသာ လှည့်တောင်မကြည့်ဖြစ်ခဲ့ပါဘူး။*

*ဒါပေမယ့်လည်း သန်မာနေပြီဖြစ်တဲ့ နွယ်ပင်လေးဟာ လူငယ်လေးအလုပ်များနေတာကိုကြည့်ြ*
*ပီး ကြည်နူးရင်းနဲ့ ဆက်ကြီးထွားလာခဲ့တယ်။*

*တစ်နှစ်လောက်ကြာတဲ့အခါ လူငယ်လေးရဲ့ ခြံလေးဟာ ပန်းတွေအစုံအလင်နဲ့
အရမ်းလှတဲ့ ဥယျာဉ်လေးတစ်ခုဖြစ်လာခဲ့တယ်။*

*ခြံစည်းရိုးတစ်ခုလုံးလဲ ခရမ်းရောင်ပန်းနွယ်တွေနဲ့ လွှမ်းခြုံ လို့
ဥယျာဉ်ကြီးနဲ့ အရမ်းကို ပနံရနေခဲ့တယ်။*

*ပတ်ဝန်းကျင်ကလူတွေကလဲ ခရမ်းရောင်ခြံစည်းရိုးကြီးကြို**ကည့်ပြီး လူငယ်လေးရဲ့
ဥယျာဉ်ကို ခရမ်းရောင် ဥယျာဉ်လို့ နာမည်ပေးထားကြတယ်။*

*ဒါပေမယ့် ပိုင်ရှင်လူငယ်လေးကတော့…သူ့ ခြံစည်းရိုးက နွယ်ပင်လေးကို
သတိတောင်မထားမိပါဘူး။*

*သူ့ ခြံထဲက မျိုးကောင်းမျိုးသန့် ပန်းတွေနဲ့ ပဲအလုပ်များနေခဲ့တယ်။*

*ခြံစည်းရိုးပေါ်က နွယ်ပင်လေးခမျာသူ့ ကိုကရုမစိုက်တော့လဲ လူငယ်လေးကို
အပြစ်မတင်ရက်ပါဘူး။*

*တောထဲကနေ ခေါ်လာပြီး ခြံစည်းရိုးပေါ်မှာနေရာပေးခဲ့တာ**ကိုပဲ ကျေးဇူးတင်နေပြီး
ဥယျာဉ်ကြီးကို အစွမ်းကုန်ကာကွယ်ပေးနေခဲ့တယ်။*

*တစ်နေ့ တော့လူငယ်လေးက တွေးမိတယ်။*

*သူ့ ရဲ့ အရမ်းလှတဲ့ ဥယျာဉ်ကြီးကို ပတ်ဝန်းကျင်ကိုပြချင်တယ်။*

*ဒီဥယျာဉ်ကြီးအတွက်နဲ့ ဂုဏ်ယူချင်တယ်။*

*ပတ်ဝန်းကျင်က လူတွေက ခရမ်းရောင် ဥယျာဉ်လို့ ခေါ်တာကိုတောင် သဘောမတွေ့
တော့ဘူး။*

*သူ့ ဥယျာဉ်ထဲမှာက ပန်းရောင်စုံရှိနေတာပဲလေ…*

*အဲဒီတော့ ခြံစည်းရိုးက နွယ်ပင်တွေကို မကြိုက်တော့ဘူး…ရှုပ်တယ်လို့ မြင်လာတယ်။
*

*သူ့ ဥယျာဉ်ကြီးရဲ့ အလှကို ဖုံးကွယ်ထားတယ်လို့
မြင်လာတယ်…နွယ်ပင်တွေကြောင့် ခြံထဲမှာ အလင်းရောင်နည်းနေတယ်လို့ ခံစားလာရတယ်။*

*ဒါနဲ့ တစ်နေ့ တော့ ဒါးတစ်ချောင်းနဲ့ နွယ်ပင်တွေအကုန်ခုတ်ချပါလေရော။*

*ဒီနွယ်ပင်တွေဟာ သူ့ ရဲ့ ပထမဆုံးပန်းပင်ဆိုတာကိုလဲ မေ့သွားတယ်*

*သူ့ ဥယျာဉ်ကြီးကို နှစ်ပေါင်းများစွာ ကာကွယ်ပေးခဲ့တာကိုလဲ မေ့သွားတယ်။*

*နွယ်ပင်လေးကတော့ ဘာတတ်နိုင်မှာလဲ….*

*ရင်နာရင်းနဲ့ ပဲ….သူချစ်တဲ့ သခင်ရဲ့ ဒါးချက်အောက်မှာ အကိုင်းအခက်တွေ
တိခနဲတိခနဲ…*

*မကြာခင်မှာပဲ ၀ါးခြံစည်းရိုးကို ဖုံးထားတဲ့ နွယ်ပင်ရဲ့
အကိုင်းအခက်တွေအကုန်ကုန်သွားပြီ**း ၀ါးခြံစည်းရိုးပဲကျန်ခဲ့တယ်။*

*ဥယျာဉ်တစ်ခုလုံးလဲ လင်းသွားပြီး လူငယ်လေးလဲ ကျေနပ်သွားတော့တယ်။*

*နောက်ရက်တွေကျတော့ လူတွေက…၀ါးခြံစည်းရိုးကြားကနြေ**မင်နေရတဲ့ လူငယ်လေးရဲ့
ဥယျာဉ်ကို ပိုချီးမွမ်းကြတယ်။*

*အနားက ဖြတ်သွားတဲ့ လူတိုင်း ဥယျာဉ်ကြီးကို ရပ်မကြည့်ရရင် မနေနိုင်အောင်ကို
ဥယျာဉ်ကြီးကလှပါတယ်။*

*လူငယ်လေးကလဲ သူ့ ဥယျာဉ်အတွက်အရမ်းကို ဂုဏ်ယူနေခဲ့တယ်။*

*တစ်ရက်တော့ လူငယ်လေးဟာ သူ့ ဥယျာဉ်အတွက် လိုအပ်တဲ့ မြေသြဇာတွေဝယ်ဖို့ မြို့
ကိုသွားရတယ်။*

*ဥယျာဉ်ကြီးကိုတော့ အိမ်နီးချင်းတွေလက်ထဲအပ်ထားခဲ့**ရတာပေါ့။*

*ဒါပေမယ့် မကြာခင်ပဲ ဥယျာဉ်ကြီးနားကို နမော်နမဲ့ နိုင်တဲ့
ဆိတ်ကျောင်းသားတစ်ယောက်ရဲ့ ဆိတ်အုပ်တစ်အုပ်ရောက်လာခဲ့တယ်။*

*ဆာလောင်နေတဲ့ စည်းမဲ့ကမ်းမဲ့ဆိတ်တွေအတွက်တော့ ဥယျာဉ်ထဲက
ရွက်နုပွင့်နုလေးတွေဟာ…အရမ်းကို**ဆွဲဆောင်အားကောင်းနေခဲ့တာပေါ့။*

*ခါတိုင်း သူတို့ ကိုတားဆီးနေတဲ့ ဆူးနွယ်ပင်တွေလဲမရှိတော့ဘူးဆိုေ**တာ့
ဝါးခြံစည်းရိုးကိုအတင်းတိုးပြီး**၀င်ကြတယ်။*

*၀ါးခြံစည်းရိုးက ဆာလောင်နေတဲ့ ဆိတ်တွေရဲ့ ဒဏ်ကိုဘယ်ခံနိုင်မလဲ။*

*ဆိတ်တွေရဲ့ တွန်းထိုးမှုအောက်မှ လဲကျ ကျိုးပျက်သွားတယ်။*

*ခြံစည်းရိုးလဲ ကျိုးသွားရောဆိတ်တွေဟာ ဥယျာဉ်ထဲဝင်ပြီးထင်တိုင်းကျဲတော**
့တာပါပဲ။*

*ပျိုးပင်လေးတွေကို နင်းခြေကြတယ်၊ ပန်းပွင့်တွေကို ၀ါးမြိုကြတယ်၊ ရွက်နုတွေကို
စားသောက်ကြတယ်။*

*စားလို့ မရတဲ့ အပင်တွေအကိုင်းတွေကျတော့ ကိုယ်လုံးတွေနဲ့
တွန်းတိုက်ချိုးဖဲ့ကြတယ်။*

*ဆိတ်အုပ်ကြီးဟာ စားသောက်သောင်းကျန်းလို့ ၀မှ ဥယျာဉ်ထဲကနေ ပြန်ထွက်သွားကြတယ်။
*

*ဥယျာဉ်မှုးလူငယ်လေးပြန်ရောက်လာတဲ**့ အခါမှာတော့ မမြင်ရက်စရာ မြင်ကွင်းက
ဆီးကြိုနေပါတယ်။*

*တာဝန်ပေါ့လျော့ပြီး စောင့်ကြည့်ဖို့ မေ့နေခဲ့တဲ့ အိမ်နီးချင်းတွေလဲ
ဘာမှမပြောနိုင်ကြပါဘူး။*

*ဥယျာဉ်ကြီးရဲ့ ခြံစည်းရိုးက လဲကျ ကျိုးပျက်နေတယ်။*

*ခြံထဲမှာလဲ….အပင်ကျိုးတွေ၊ အပွင့်ကြွေတွေ၊ အရွက်ကြေတွေနဲ့ ရှုပ်ပွ
ညစ်ပတ်နေတယ်။*

*ဥယျာဉ်မှုးလေးဟာ မူးမေ့လဲကျသွားမတတ်ခံစားလိုက်**ရပါတယ်။*

*သူအရမ်းတန်ဖိုးထား မြတ်နိုးရတဲ့ ဥယျာဉ်ကြီးဟာ အခုတော့
အမှိုက်ပုံတစ်ခုလိုဖြစ်နေပါပြီ။*

*ဒါပေမယ့်လဲ…ဖြစ်တာက ဖြစ်ပြီးသွားပြီမို့ ရင်နာနာနဲ့ ပဲ ပြန်ပြင်ဆင်ဖို့
ကြိုးစားရပါတော့တယ်…*

*အရင်ဆုံး အပင်ကျိုး အရွက်ကြေ တွေကိုအရင်ရှင်းထုတ်ရတယ်။*

*နောက်တော့ အကောင်းကျန်သေးတယ် အပင်လေးတွေ နည်းနည်းကို ပြန်ပြီးသေချာ မြေဆွ
အားဖြည့်ရတယ်။*

*ပျက်ဆီး သွားတဲ့ အပင်တွေနေရာမှာ ပြန်စိုက်ဖို့…ပျိုး
ပင်ပေါက်လေးတွေပြန်မွေးရတယ်။*

*ရှင်းလင်းတဲ့အလုပ်တွေပြီးသွားတဲ**့အချိန်မှာ ဥယျာဉ်မှုးလေးဟာ
ကျိုးပဲ့ပျက်ဆီးနေတဲ့ ခြံစည်းရိုးကိုကြည့်မိတယ်။*

*ဆိတ်တွေကြောင့် ကျိုးပျက်သွားတဲ့ ခြံစည်းရိုးကိုလဲ ပြန်ပြုပြင်ရဦးမယ်လေ။*

*ဒီတစ်ခါတော့ အခိုင်အခံ့လုပ်ရမယ်လို့ ဥယျာဉ်မှုးလေးက တွေးတယ်။*

*အဲဒီအချိန်မှာပဲ… ခြံစည်းရိုးရဲ့ အောက်ခြေကနေ အပေါ်ကို နွယ်တက်ဖို့
ကြိုးစားနေတဲ့အပင်လေးတွေကို သတိထားမိသွားတယ်။*

*သေးသေးသွယ်သွယ်အပင်လေးတွေပါပဲ…**ခရမ်းရောင်အပွင့်လေးတွေနဲ့
ခြံစည်းရိုးအောက်ခြေမှာ ပေါက်နေကြတာ။*

*အဲဒီခရမ်းရောင်အပွင့်လေးတွေကြို**ကည့်ရင်း ဥယျာဉ်မှုးလေးကအရမ်းလှတယ်လို့
ခံစားလိုက်ရတယ်။*

*နောက်ပြီး နှစ်ပေါင်းတော်တော်ကြာ သူ့ ဥယျာဉ်ကိုကာကွယ်ပေးသွားတဲ့ သူ့ ရဲ့
ပထမဆုံး ပန်းနွယ်ပင်လေးကိုသတိရလိုက်တယ်။*

*သူက ဥယျာဉ်ကို ကာကွယ်ပေးနေတဲ့ ပန်းနွယ်ပင်လေးကို ရက်စက်မိပေမယ့်
နွယ်ပင်လေးကပြန်မရက်စက်နိုင်ခဲ့**ပါဘူး။*

*ဥယျာဉ်ကြီးကို ဆက်ပြီးစောင့်ရှောက်ဖို့ အတွက် မျိုးဆက်လေးတွေထားသွားတယ်။*

*ဒီတစ်ခါတော့ ဥယျာဉ်မှုးလေးလဲ နားလည်သွားပါပြီ။*

*ခြံစည်းရိုးကို ပြန်ပြင်ပြီး ခရမ်းရောင်ပန်းနွယ်လေးတွေကိုလဲ
ကရုတစိုက်စောင့်ရှောက်တယ်..ခြံ**ထဲက တခြားပန်းတွေနဲ့ တန်းတူပေါ့။*

*မကြာခင်မှာပဲ…လူငယ်လေးရဲ့ ဥယျာဉ်ကြီးက ပန်းတွေနဲ့ ပြန်ပြီးဝေဆာလာပါတယ်။*

*ခရမ်းရောင်နွယ်ခြံစည်းရိုးကြီး**အပါအ၀င်ပေါ့။*

*ပြီးတော့ ခရမ်းရောင်ဥယျာဉ်ဆိုတဲ့နာမည်ကလဲ**…အနီးအနားပတ်ဝန်းကျင်တင်မကပဲ
ဟိုးအဝေးအထိကျော်ကြားသွားခဲ့ပါ**တယ်။*

*……….။……..*

*တစ်ခါတစ်လေကျရင် ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ နွယ်ပင်လေးကို အဖြည့်ခံ
လူသားတွေရှိနေတတ်ပါတယ်….*

*သူတို့ ကိုသတိမမူပဲ ရက်စက်မိတဲ့ခါ….ဘ၀မှာ ကျရှုံးမှုတွေကြုံလာရတတ်ပါတယ်…*

*ဒုတိယအကြိမ်အခွင့်အရေးဆိုတာက လဲ….အမြဲမသေချာတာမို့…..ကျွန်**တော်တို့
ဘေးကနေ….ဖြည့်ဆည်းပေးနေတဲ့ သူတွေကို…*

*သတိထား တန်ဖိုးထားသင့်ပါတယ်နော်….*

No comments:

Post a Comment