ဒီနေရာလေးကို

Friday, October 8, 2010

အတွေးဂယက်

တယောက်တည်း
တိတ်ဆိတ်လွန်းတယ်
ကိုယ့်ရင်ခုန်သံကို
ကိုယ်ပြန်လန့်နေတဲ့အဖြစ်မျိုး

ငါရင်မခုန်ပါရစေနဲ့
တည်ငြိမ်နေတဲ့ကန်ပြင်ကို
ငေးကြည့်ရတာကို ကြိုက်တယ်
သူ့ဟာသူ ငြိမ်သက်နေပါစေလား

ခဲလုံးလေး ပြုတ်ကျသွားချိန်
ကန်ရေပြင်က
တခဏသာ လှုပ်ရှားသွားတတ်ပေမယ့်
ငါ့ရင်ထဲက ဂယက်ကတော့
အခါအခွင့်သင့်တိုင်း
ဆူပွက် လှုပ်ရှားနေဦးမယ်

ခွင့်လွှတ်ပေးပါ
မဟုတ်ရင်လည်း
အပြစ်တခုပေးပါ
ဒီလိုသာဆို
တနည်းနည်းနဲ့
သက်သာသွားနိုင်လောက်ပါရဲ့

ရင်ထဲမှာ ရှိနေခဲ့ဘူးတဲ့
အချစ်စိတ်
ပြောင်းလဲသွားခဲ့တဲ့
အမုန်းစိတ်
တမ်းတနေမိတုန်းဖြစ်တဲ့
ငါမသိတဲ့စိတ်

ကိုယ်တိုင်လည်း
တည်ငြိမ်နိုင်ဖို့ကြိုးစားနေဆဲ
ကန်ရေပြင်ကြီး ငြိမ်သက်နေပါစေလေ ..

No comments:

Post a Comment