ဒီနေရာလေးကို

Monday, March 26, 2012

သက်တမ်းဆုတ်ယုတ်ပုံ

   လူတို့၏ သက်တမ်းသည် အသင်္ချေယတမ်းမှ တစ်စတစ်စ ဆုတ်ယုတ်လာရာ
အသက် (၈) သောင်းတမ်းသို့တိုင်ရောက်လာ၏။ အသက် (၈) သောင်းတမ်း သို့
ရောက်သောအခါ ကိုယ်ချင်းစာတတ်သော မေတ္တာတရား နည်းပါး၍ သူတစ်ပါး
ဥစ္စာကို ခိုးခြင်း ၊ သူတစ်ပါးအသက်ကို သတ်ခြင်း ဟူသော အကုသိုလ်တရားနှစ်
ပါးတို့သည်   ဖြစ်ပေါ်လာကြလေသည်။
   ထိုအကုသိုလ်တရား နှစ်ပါးကြောင့် အသက် (၈) သောင်းတမ်းမှ လေးသောင်း
တမ်း သို့တိုင်အောင် ဆုတ်ယုတ်၍ လာကုန်၏။

( လေးသောင်းတမ်း )
အသက်လေးသောင်းတမ်းသို့ ရောက်သောအခါ ကိုယ်ချင်းစာတတ်သော မေတ္တာ
တရား နည်းပါး၍  မဟုတ်မမှန် လိမ်လည်ပြောဆိုသော အကုသိုလ်တရား ထင်ရှား
ဖြစ်ပေါ်လာ၏။     ထို မုသာဝါဒ တရားထင်ရှားဖြစ်ပေါ်လာသည့်အတွက် အသက်
လေးသောင်းတမ်းမှ အသက်နှစ်သောင်တမ်း သို့တိုင်ဆုတ်ယုတ်လေသည်။

( နှစ်သောင်းတမ်း )
အသက်နှစ်သောင်းတမ်းသို့ ရောက်သောအခါ   -   ကုန်းချောခြင်းဟု ဆိုအပ်သော ပိသုဏ၀ါစာ (ချောပစ်ကုန်းတိုက်မှု) တရား ထင်ရှားဖြစ်ပေါ်လာ၏ ထိုပိသုဏ၀ါစာ
တရားထင်ရှားဖြစ်ပေါ်လာသည့်အတွက်  အသက်နှစ်သောင်းတမ်းမှ အသက်တစ်
သောင်းတမ်းသို့  ကျအောင်ဆုတ်ယုတ်လေသည်။

( တစ်သောင်းတမ်း )
အသက် တစ်သောင်းတမ်းသို့ ရောက်သောအခါ - သူတစ်ပါး သားမယားကို သွား
လာကျူးလွန်ခြင်းဟူသော ကာမေသူမိစ္ဆာစာရ တရားထင်ရှားဖြစ်ပေါ်လာ၏။
ထို ကာမေသုမိစ္ဆာစာရ တရား  ထင်ရှား  ဖြစ်ပေါ်လာသည့်အတွက်  အသက်တစ်
သောင်းတမ်းမှ အသက်ငါးထောင်တမ်းသို့ ကျအောင်ဆုတ်ယုတ်လေသည်။

( ငါးထောင်တမ်း )
 အသက်ငါးထောင်တမ်းသို့ ရောက်သောအခါ ဆဲရေးတိုင်းထွာခြင်း၊ အလွန်ကြမ်း
တမ်းသောစကားကိုဆို
ခြင်းဟူသော ဖရုသ၀ါစာ၊ အကျိုးမဲ့ပြိန်ဖျင်းသော စကားကို
ဆိုခြင်းဟူသော သပ္ဖပ္ပလာပ၀ါစာ  ဟူသော တရားနှစ်ပါး ထင်ရှားစွာ ဖြစ်ပေါ်
လာ
သည်။  ထိုအကုသိုလ်တရား နှစ်ပါးကြောင့် အသက် ငါးထောင်တမ်းမှ နှစ်ထောင့်
ငါးရာ၊ နှစ်ထောင်တမ်း သို့တိုင်အောင် ဆုတ်ယုတ်၍ လာကုန်၏။


( နှစ်ထောင်တမ်း )
အသက်နှစ်ထောင်တမ်းသို့ ရောက်သောအခါ - သူတစ်ပါးစည်းစိမ်ကို မိမိစည်းစိမ်
ဖြစ်အောင် ကြံခြင်းဟူသော အဘိဇ္ဈာ၊ သူတစ်ပါး သေကြပျက်စီးအောင် ကြံခြင်းဟူ
သော ဗျာပါဒဟူသော တရားနှစ်ပါး ထင်ရှားစွာ ဖြစ်ပေါ်လာသည်။
    ထိုအကုသိုလ်တရား နှစ်ပါးကြောင့် အသက် နှစ်ထောင်တမ်းမှ တစ်ထောင်တမ်း သို့တိုင်အောင် ဆုတ်ယုတ်၍ လာကုန်၏။

( တစ်ထောင်တမ်း
)
အသက်တစ်ထောင်တမ်းသို့ ရောက်သောအခါ - မကောင်းမှု ကောင်းမှုပြုခြင်း
ကြောင့်အကျိုးအပြစ်မရှိဟူသော မိစ္ဆာဒိဋ္ဌိ တရားထင်ရှားဖြစ်ပေါ်လာ၏။ ထိုမိစ္ဆာဒိဋ္ဌိ
တရား ထင်ရှားဖြစ်ပေါ်လာသည့်အတွက် အသက်တစ်ထောင်တမ်းမှ အသက်ငါးရာ
တမ်းသို့ ကျအောင်ဆုတ်ယုတ်လေသည်။

( ငါးရာတမ်း
)
အသက်ငါးရာတမ်းသို့ရောက်သောအခါ မိကြီး မိထွေး စသည်တို့ အပေါ်၌ တပ်မက်
ခြင်းဟူသော အဓမ္မရာဂ၊ လွန်လွန်ကျူးကျူး တပ်မက်ခြင်းဟူသော ၀ိသမလောဘ ၊ ယောင်္ကျား အချင်းချင်း မိန်းမအချင်းချင်း တပ်မက်ခြင်းဟူသော ၀ိသမရာဂ   တို့ဖြစ်
ပေါ်လာကုန်၏။
  ထိုတရားတို့ ဖြစ်ပေါ်လာသောအခါ အသက်ငါးရာတမ်းမှ အသက်သုံးရာတမ်း နှစ်
ရာ့ငါးဆယ်တမ်းသို့ တိုင်အောင်ဆုတ်လေသည်။


( နှစ်ရာ့ငါးဆယ်တမ်း )
အသက်နှစ်ရာ့ငါးဆယ်တမ်းသို့ရောက်
သောအခါ မိခင်၊ ဖခင်ကို မရိုသေခြင်း၊ရဟန်း
ကိုမရိုသေခြင်း၊ ရဟန္တာကို မရိုသေခြင်း၊ ကြီးသောသူကို မရိုသေခြင်းဟုဆိုအပ်သော အယုတ်တရားတို့သည် ထင်ရှားဖြစ်ပေါ်လာကြလေသည်။  ထိုအယုတ်တရားတို့ ဖြစ်
ပေါ်လာသောအခါ အသက်  နှစ်ရာ့ငါးဆယ်တမ်းမှ    အသက်တစ်ရာတမ်းသို့    တိုင်
အောင်ဆုတ်လေသည်။


( တစ်ရာတမ်း )

အထက်ပါအယုတ်တရားတို့ ဆက်လက် ဖြစ်ပေါ်နေသောကြောင့် အသက်နှစ်ရာ့ငါး
ဆယ်တမ်းမှတစ်ရာတမ်းသို့တိုင်အောင်ဆုတ်ယုတ်လေသည်။ နောင်တစ်ဖြည်းဖြည်း
ဆယ်နှစ်တမ်းသို့ တိုင်အောင် ဆုတ်ယုတ်လေတော့သည်။
  ထိုသို့ သက်တမ်းများ ဆုတ်ယုတ်သွားရခြင်းမှာ ကိုယ်ချင်းစာတရား တည်းဟူသော မေတ္တာတရား ခေါင်းပါးခြင်းကြောင့်ဖြစ်လေသည်



( အကုသိုလ် အယုတ်တရားတို့၏ အရင်းအမြစ် )

မိမိသည် ချမ်းသာခြင်းကို လိုလားတောင်းတ နှစ်သက်၍ ဆင်းရဲခြင်းကိုနှစ်သက်လိမ့်
မည်မဟုတ်ပေ။    ထို့အတူ အခြားသူတို့သည်လည်း  ချမ်းသာခြင်းကိုသာ  လိုလား၍
ဆင်းရဲခြင်းကို မနှစ်သက်ကြပေ။  မိမိကို စော်ကားလွန်ကြူးလျှင် မနှစ်သက်သကဲ့သို့
သူတစ်ပါးတို့သည်လည်း   နှစ်သက်ကြမည်မဟုတ် ဟူသော ကိုယ်ချင်းစာတရား မရှိ
သောကြောင့်အကုသိုလ် အယုတ်တရားတို့ဖြစ်ပေါ်လာရပေသည်။

No comments:

Post a Comment