၁။ မိမိက သူတစ်ပါးကို စော်ကားမိသော် မိမိအပြစ်အတွက် ၀န်ချတောင်းပန်ရန်
ခက်ခဲသည်။
၂။ အလုပ်တစ်ခုကို ပြီးဆုံးအောင် လုပ်ပြီးသော် မကောင်းသဖြင့် အစမှတစ်ဖန်
ပြန်လုပ်ရန် ခက်ခဲသည်။
၃။ မိမိအမှားကို ၀န်ခံရန်ခက်ခဲသည်။
၎။ တစ်ကိုယ်ကောင်း မဆန်ဘဲ အများအကျိုးအတွက် စိတ်ထားရန် ခက်ခဲသည်။
၅။ သူတစ်ပါး၏ ဆုံးမခြင်း၊ အကြံပေးခြင်း၊ ကိုလက်ခံရန်ခက်ခဲသည်။
၆။ ရက်ရက်ရောရော လျူဒါန်းပေးကမ်းရန် ခက်ခဲသည်။
၇။ အမြဲမပြတ် ဇွဲကောင်းစွာဖြင့် ကြိုးစားလုပ်ကိုင်ရန်ခက်ခဲသည်။
၈။ သူတစ်ပါးအပေါ်၌ ကိုယ်ချင်းစာတရား ထားရန် ခက်ခဲသည်။
၉။ အမှားတစ်ခုကိုမြင်ပြီး အမှန်ပြင်နိုင်ရန် ခက်ခဲသည်။
၁၀။ သူတစ်ပါးအပြစ်ကို ခွင့်လွှတ်၍ အာဃာတ တရားမထားရန် ခက်ခဲသည်။
၁၁။ မိမိအပြစ်ကြောင့် သူတစ်ပါး၏အပြစ်တင်ခြင်းကို ခံယူရန် ခက်ခဲသည်။
၁၂။ အရာရာစဉ်းစား ချင့်ချိန်၍ ပြုလုပ်ရန် ခက်ခဲသည်။
၁၄။ လူတော် လူကောင်း ဖြစ်ရန် ခက်ခဲသည်။
၁၅။ လောကဓံတရား ရှစ်ပါးနှင့် ရင်ဆိုင်ရသောအခါ စိတ်ကိုတည်ငြိမ်စွာ
ထားရန်ခက်ခဲသည်။

လောကဓံ ဆိုရာတွင် အတွင်းလောကဓံနှင့် အပြင်လောကဓံရှိပါသည်၊ အတွင်းလောကဓံကိုနိုင်မှသာလျှင် အပြင်လောကဓံကို တိုက်ထုတ်နိုင်မည်၊
ReplyDelete