၁။ အကြင်သူသည် အိပ်ပျော်နေ၏။ ထိုသူ၏ ကံတို့သည်လည်း အိပ်ပျော်နေကြ
ကုန်၏။
၂။ အကြင်သူသည် အိပ်ရာမှ နိုးလာ၏။ ထိုသူ၏ ကံတို့သည်လည်း လူးလွန့် လာ
ကြကုန်၏။
၃။ အကြင်သူသည် အလုပ်လုပ်ရန် ထ၍ ထိုင်၏ ထိုသူ၏ကံတို့သည်လည်း ခေါင်း
ထောင်လာကြကုန်၏။
၎။ အကြင်သူသည် လုပ်ငန်းခွင်သို့ စ၍ ၀င်၏ ထိုသူ၏ ကံတို့သည်လည်း အကျိုး
ပေးရန် အသင့်အနေအထားနှင့် စောင့်စားကြကုန်၏။
၅။ အကြင်သူသည် လုပ်ငန်းကို ပြီးဆုံးအောင် ဇွဲသန်သန်ဖြင့် ပြုလုပ်၏ ထိုသူ၏
ကံတို့သည်လည်း လန်းလန်း ဆန်းဆန်း ဖြင့် ပြုံးပန်းပွင့်ကာ အပြည့်အ၀အကျိုး
ပေးလေတော့သည်။
မဟာဂန္ဓရုံ ဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသ

No comments:
Post a Comment