၁။ နေ့စဉ် အချိန်မှန်အိပ်ရာဝင်ခြင်းနှင့် အချိန်မှန်အိပ်ရာထခြင်းကို ပြုလုပ်ရမည်။
၂။ နေ့စဉ် မွန်းလွဲပိုင်းတွင် ခေတ္တတစ်ကြိမ်အိပ်လိုလျှင်အိပ်ပါ သို့မဟုတ် လုံးဝမအိပ်
ဘဲနေပါ။ ရံဖန်ရံခါ တရေးတမောအိပ်ခြင်းကို ပြုလုပ်လျှင် ညပိုင်း၌ အိပ်မရ ဖြစ်
တတ်သည်။
၃။ နံနက် သို့မဟုတ် မွန်းလွဲစောစောပိုင်း၌ ကိုယ်ခန္ဓာလေ့ကျင့်ခန်း မှန်မှန်လုပ်ပါ။
အိပ်ရာဝင်ခါနီး အချိန်၌ ပင်ပန်းစွာလှုပ်ရှားလုပ်ကိုင်ခြင်းကိုရှောင်ပါ။
၎။ ညစာစားပြီးနောက် လက်ဖက်ရည်၊ ကော်ဖီသောက်ခြင်းကိုရှောင်ပါ။
၅။ အရက်မသောက်ပါနှင့်။
၆။ အိပ်ဆေးများကို သတိဖြင့်သုံးစွဲပါ။ ဆေးကုသမှုအတွက်ဆိုလျှင် ၃ပတ်ထက် ပို၍
မသောက်သုံးသင့်ပါ။ အိပ်ဆေးကိုရေရှည်သောက်သုံးလျှင် အိပ်မပျော်ခြင်း
ဝေဒနာ ပိုမိုဆိုးရွားစေပါသည်။
၇။ အိပ်ခန်းအတွင်း မိမိနှင့် သင့်လျော်မည့် အပူအအေး အနေအထားကို တစ်ညလုံး
တသမတ်တည်း ရှိသင့်သည်။
၈။ အိပ်ရာ မ၀င်မီ မိမိ၏ ကိုယ်စိတ်နှစ်ပါးကိုဖြေလျော့ထားပါ။ ရေချိုးခြင်း၊ စာဖတ်
ခြင်း၊ ဘုရားရှိခိုးခြင်း စသည်ဖြင့် ပြုလုပ်ပြီး စိတ်တင်းကျပ်စေမည့် အတွေးများ
စဉ်စားတွေးတောခြင်းမပြုပါနှင့်။
၉။ အိပ်ရာဝင်ခါနီး အစားအစာ အများအပြား စားသောက်ခြင်းမပြုပါနှင့်။

No comments:
Post a Comment