ဒီနေရာလေးကို

Tuesday, November 16, 2010

*သူတို့အကြောင်း ဖတ်မိသမျှ*

_အမျိုးသမီးများမှာ အမျိုးသားများထက် အကွက်ကြိုမြင်ကြသည်။
အမျိုးသားများမှာ ထိုအချက်ကို ကြိုသိထား၍ အမျိုးသမီးများကို
တစ်ပတ်ရိုက်ကြကုန်၏။

_အမျိုးသမီးများ၌ အမှားများစွာရှိသည်။ အမျိုးသားများ၌မူ
အမှားနှစ်ခုသာရှိ၏ ။ ယင်းမှာ ထင်ရာစွတ်ပြောခြင်းနှင့်
ထင်ရာစွတ်လုပ်တတ်ခြင်း ဖြစ်သည်။

_မိန်းမများဖြုန်းနိုင်သည့် ငွေပမာဏထက် ၀င်ငွေပိုရှာပြနိုင်သူမှာ
အာဂယောက်ျားမည်၏ ။ ထိုယောက်ျားမျိုးကို ရအောင်ရှာယူနိုင်သူကား
အာဂမိန်းမပင် ။

_အမျိုးသားများမှာ အမျိုးသမီးတစ်ဦးဦး၏ အချစ်ဦးဖြစ်လိုကြသည်။
အမျိုးသမီးများမှာမူ အမျိုးသားတစ်ဦးဦး၏ နောက်ဆုံးချစ်သူသာ ဖြစ်လိုကြ၏ ။
အမျိုးသားများမှာ ချစ်ဦးသူမဖြစ်ရသည့်တိုင် စိတ်ပျက်ရန်မလိုပေ ။
ပထမဆုံးသော ခင်ပွန်းသည်ဖြစ်ခွင့်ရှိ၍ ဖြစ်သည်။ အမျိုးသမီးများမှာလည်း
နောက်ဆုံးချစ်သူမဖြစ်ရလျှင်လည်း ၀မ်းမနည်းသင့်ပေ ။
နောက်ဆုံးမိန်းမဖြစ်ရခြင်း ကပင် ကံကောင်းနေ၍ ဖြစ်၏ ။

_မိန်းမတစ်ဦးမှာ ယောက်ျားက ၄င်းကို ချစ်နေရန်သာ လိုလားသည် ။ ၄င်းအား
နားလည်မှုပေးခြင်းကို မလိုလား။ ယောက်ျားတစ်ဦးမှာ မိန်းမတစ်ဦးက ၄င်းကို
ချစ်နေမည်ကို မလိုလား၊ နားလည်မှုပေးခြင်းကိုသာ လိုလား၏ ။

_မိန်းမက နည်းနည်းသာချစ်ပြီး နားလည်မှုများများပေးမည်ဆို လျှင် ယောက်ျားက
ကျေနပ်သည်။ ယောက်ျားက များများချစ်ပြီး နားလည်မှုလည်း များများပေးမည်ဆိုမှ
မိန်းမက ကျေနပ်၏ ။

_မိန်းမများမှာ အပြောင်းအလဲလုပ်လို၍ လက်ထက်ကြခြင်းဖြစ်သည် ။
ယောက်ျားများမှာ ဘာများ ပြောင်းလဲမည်နည်းဟု မျှော်လင့်၍
လက်ထက်ကြခြင်းဖြစ်သည် ။ လက်ထက်ပြီးနောက် ဘာမှမထူးမှန်း သိကြကုန်၏ ။

_လက်ထပ်ပြီး ယောက်ျားများမှာ လက်မထပ်ရသေးသည့် ယောကျာ်းများထက်
အသက်ပိုရှည်ကြသည်။ သေချင်စိတ်လည်းပိုများကြ၏ ။
source : Forwarded Mail

No comments:

Post a Comment