ဒီနေရာလေးကို

Tuesday, November 16, 2010

အကြင်နာကိုလက်ဆင့်ကမ်းပါ

အနှစ် ၂ဝတိုင်ခဲ့ပါပြီ... ဆေးကျောင်းနဲ့ဆေးဆောင် ခေါက်တုံ့ခေါက်ပြန် ကျွန်တော်အလုပ်များနေခဲ့တယ်။
ကျောင်းက ဆေးကျောင်းသားတွေကို ကျွန်တော် လေ့ကျင့်သင်ကြားပေးခဲ့ရတယ်။

တစ်ခြားနယ်ကလာတဲ့ ဒုတိယနှစ်ကျောင်းသူစင်ဒီ ကျွန်တော့်ဆီ စာလာသင်တာ ၁လရှိပါပြီ။ သူ့မိခင်လည်း
သူနဲ့ ခဏလိုက်နေတဲ့အတွက် ဆေးရုံအနီးအနားမှာပဲ သူတို့နေခဲ့ကြတယ်။ စစချင်းမှာ အရက်ကြောင့်၊
မူးယစ်ဆေးကြောင့် ရောက်လာတဲ့ လူနာတွေနဲ့ ကျွန်တော်တို့ စမ်းသပ်လေ့ကျင့်ခဲ့ကြတယ်။
အဲဒီလူနာကို ကုသဖို့ ကုသနည်းတွေ ကျွန်တော်တို့ ဆွေးနွေးကြတဲ့အချိန် စင်ဒီမျက်ရည်ဝဲနေတာကို ကျွန်တော်သတိထားခဲ့မိတယ်။

"ဒီကိစ္စကို မဆွေးနွေးချင်လို့လား စင်ဒီ"

"မဟုတ်ပါဘူး.. ဆရာ။ အဲဒီလူနာက ကျွန်မ အမေလည်းဖြစ်နိုင်လို့ပါ"

နေ့လယ်စာ စားပြီးနောက် နှစ်ရှည်ကြာ အရက်ကျေးကျွန်ဖြစ်နေတဲ့ စင်ဒီ့မိခင်အကြောင်းကို အစည်းအဝေးခန်းထဲမှာ
ကျွန်တော်တို့ဆွေးနွေးခဲ့ကြတယ်။ စင်ဒီက မျက်ရည်တစ်ဖက်၊ နှပ်တစ်ဖက်နဲ့ သူခံစားခဲ့ရတဲ့ အရှက်၊
ဒေါသ၊ အကဲ့ရဲ့တွေကို ပြောပြခဲ့တယ်။

စင်ဒီ့ မျော်လင့်ချက်တွေ ပြည့်ဝအောင် သူ့မိခင်ကို ဆေးကုဖို့ ကျွန်တော်စကားစလိုက်တယ်။ ပြီးတော့ သူ့မိခင်အတွက်
စိတ်နဲ့ဆိုင်တဲ့ တွေ့ဆုံမေးမြန်းမှုတွေ ကျွန်တော်စီစဉ်ပေးလိုက်တယ်။ မိသားစု၊ ဆွေမျိုးတွေရဲ့ အားပေးကူညီမှုအောက်မှာ
အရက်ဖြတ်ကုသဖို့ စင်ဒီမိခင် သဘောတူလိုက်တယ်။ အရက်သေစာ သောက်စားတဲ့ မိခင်ကြောင့် စင်ဒီတို့ရဲ့
မိသားစုဘဝ မသာမယာဖြစ်ခဲ့ရတယ်။ အခုတော့ သူတို့မိသားစုရဲ့ မျက်နှာပေါ်မှာ မျော်လင့်ချက် အလင်းတွေကို
ကျွန်တော်ပထမဆုံးအကြိမ် တွေ့လိုက်ရပါတယ်။

"ဆရာ့ကို ဘယ်လိုကျေးဇူး ဆပ်ရမလဲ မသိဘူး" စင်ဒီအမေးကြောင့် နှင်းပြင်မှာ ပိတ်မိခဲ့တဲ့အဖြစ်နဲ့ အောက်ပိုင်းပြတ်နေတဲ့
ကားပြင်ဆရာကို ကျွန်တော်ပြေးမြင်ယောင်လိုက်မိတယ်။ အဲဒီနောက် စင်ဒီကို ကျွန်တော်ပြန်ပြောလိုက်တယ်။

"ဒီအကြင်နာကို လက်ဆင့်ကမ်းပါ.. စင်ဒီ"

ဟုတ်ပါတယ်... ကျေးဇူးပြုပြီး အကြင်နာတွေကို လက်ဆင့်ကမ်းပါ။ ဒီလောကကြီး ပိုပျော်ရွှင်စရာ ကောင်းလာပါလိမ့်မယ်။

ကျွန်တော်တို့က ပိုင်ဆိုင်ထားတဲ့ ပစ္စည်းဥစ္စာ အနည်းအများ၊ ကားအကြီးအသေးတွေနဲ့ အောင်မြင်မှုကို တိုင်းတာခဲ့ကြတယ်။
ဝန်ဆောင်မှု အရည်အချင်း၊ လူလူချင်း အပြန်အလှန် နွေးထွေးဆက်ဆံမှုတွေကမှ အောင်မြင်မှုရဲ့ တကယ့်စံထားဆိုတာကို
ကျွန်တော်တို့ မသိခဲ့ကြတယ်။-- Martin. Luther. King II

No comments:

Post a Comment