ဒီနေရာလေးကို

Monday, March 21, 2011

ကျောက်ဖြူမှ ကူမင်းသို့ ဓာတ်ငွေ့နှင့် ရေနံပိုက်လိုင်းများ သတင်း

ပြည်ထောင်စုမြန်မာနိုင်ငံ၏ အနောက်ဘက်ရိုးမတောင်တန်းများနှင့် ဘင်္ဂလားပင်ဘယ်အော်ကြားတွင် တည်ရှိသော
ရခိုင်ပြည်နယ်၏ အလယ်ပိုင်း ရမ်းဗြဲကျွန်းသည်ဘင်္ဂလားပင်လယ်အော်နင့် အမ်းတောင်တန်းကြားတွင်ရှိသည်။ရမ်းဗြဲ
ကျွန်း၏ မြောက်ဖျားပိုင်းနှင့် ဘဂ်လားပင်လယ်ပြင်၏ကမ်းခြေအနီးတွင်တည်ရှိသည့်ပင်လယ်ထွက်ပေါက်ကျယ်ဝန်း
သောအချက်အခြာကျလှ သာယာလှပသည့်ကျောက်ဖြူမြို့သည် ဆိပ်ကမ်းမြို့ဖြစ်သည်။
မဒေးကျွန်း
ကျောက်ဖြူမြို့၏အရှေ့တောင်ဘက် ၈ မိုင် ခန့်အကွာတွင်တည်ရှိသော မဒေကျွန်းဟုခေါ်သော (မြဒေးကျွန်း)သည်
သဘာဝအလှအပများဖြင့် ဖွဲ့စည်းတည်ရှိသည်။ မဒေကျွန်းသည် တောင်တန်းငယ်များဝန်းရံထားပြီး ကျေးရွာ ၆ ရွာရှိ
ပြီး လူဦးရေ ၂၅၀၀ ကျော်နေထိုင်လျှက်ရှိသည်။ ယခင်ကလူသိမများသောကျွန်းငယ်တစ်ခုသာဖြစ်ခဲ့သော်လည်းနှစ်
အနည်းငယ်မှစတင်ပြီး ရေနဲသဘာဝဓာတ်ငွေ့စသည့် သဘာဝ သယံဇာတများ ပေါကြွယ်ဝကာ အာရှနိုင်ငံကြီးအချို့
၏ စီးပွားရေးလုပ်ငန်းများ စီမံကိန်းများ ပေါ်ပေါက်လုပ်ကိုင်လာနိုင်ရန် ထင်ရှားသောကျွန်းတကျွန်းဖြစ်လာနေသည်။
ရေနက်ဆိပ်ကမ်း
ကျောက်ဖြူမြို့နှင့် မဒေးကျွန်းတို့တွင် ကျောက်ဖြူပင်လယ်ရေနက်ဆိပ်ကမ်းနှင့်တကွ ရေနံသိုလှောင်ကန်များတည်
ဆောက်ရေးစီမံကိန်း၊ သဘာဝဓာတ်ငွေ့သိုလှောင်ရေးစီမံကိန်းများ၊ ဓာတ်ငွေ့သန့်စင်ရေး စီမံကိန်းများ တည်ဆောက်
လျှက်ရှိနေသည်။ ထိုစီမံကိန်းများကို တောင်ကိုးရီးယား ၏ Daewoo Company နှင့် တရုတ် Company များက တာဝန်ယူတည်ဆောက်နေကျသည်။ ရေနက်ဆိပ်ကမ်းနှင့် ရေနံသိုလှောင်မည်လုပ်ငန်းတို့ကို မဒေးကျွန်းပေါ်တွင်
၂၀၁၀ ပြည့်နှစ် အောက်တိုဘာလမှစတင်ပြီး ဆောက်လုပ်နေကြပြီး မလာကျွန်းပေါ်တွင် မြေဧက၁၃၀တွင်ဆောက်
လုပ်နေကြသည်။ယခုဆောက်လုပ်နေသောစီမံကိန်းများကြောင့် မဒေးကျွန်းပေါ်ရှိ တောင်တန်း၅ လုံးကို ဖြိုဖျက်ပြီး
သွားပြီး ဥယျာဉ်စိုက်ခင်းများနှင့် လယ်မြေများကိုလည်း စီမံကိန်းနယ်မြေအဖြစ်သတ်မှတ်လိုက်သည်။
တရုတ်ရေနံလုပ်ငန်း
ဖော်ပြပါ စီမံကိန်းများကို တရုတ်နိုင်ငံ၏ အကြီးဆုံးစီးပွားရေး Com[any ကြီးတစ်ခုဖြစ်သော တရုတ်အမျိုးသားရေနံ
ကော်ပိုရေးရှင်း ( China National Petroleum Corpretion – CNPC ) Company က ၂၀၁၀ ပြည့်နှစ် အောက်တို
ဘာလမှစတင်ပြီး အကောင်အထည်ဖော်လျှက်ရှိနေသည်။။ ထို CNPC ၏ လက်အောက်တွင် လုပ်ငန်းအမျိုးအစားလိုက်ပြီး Company အရေအတွက် ဆယ်ဂဏန်းဝန်းကျင်ရှိသည့် လုပ်ငန်းအမျိုးအစားတစ်ခု
အတွက် Compamy တစ်ခုစီက တာဝန်ယူတည်ဆောက်လျှက်ရှိသည်။ အများစုသော Company တို့သည် တရုတ်
ပိုင် Company များဖြစ်ကြသည်။ ရေနံ သဘာဝဓာတ်ငွေ့ (ဂက်စ်) ပိုက်လိုင်းများသယ်ယူခွင့်ကိုဦးဆောင်ပိုင်ဆိုင်
သည့် IGE Company ကကန်ထရိုက်ရထားသည်။ ဆိပ်ကမ်းတည်ဆောက်ရေး၏ အစိတ်အပိုင်းအချို့ကို ထူး
Company နှင့် Asia World Company တို့ကရရှိထားသည်။
တောင်ကိုးရီးယား
ကျောက်ဖြူမြို့ ကံကော်တောဘုရားအနီးတွင် ဂက်စ်သန့်စင်ရုံတည်ဆောက်ရေးစီမံကိန်းအတွက် လယ်ယာမြေ ဧက
၅၀၀ ခန့်ကိုသတ်မှတ်ပေးပြီး တောင်ကိုးရီးယား၏ Daewoo Company က တည်ဆောက်ရေး လုပ်ငန်းများကိုစတင်
ဆောင်ရွက်လျှက်ရှိသည်။
ကျောက်ဖြူမှကူမင်း
တရုတ်တို့၏ ဂက်စ်ပိုက်လိုင်းသည် မဒေးကျွန်းပေါ်မှတဆင့် ရခိုင်ပြည်နယ် အမ်းမြို့မှ ရခိုင်ရိုးမကိုဖြတ်ကျော်ပြီး
မကွေးတိုင်း၊ မန်းလေးတိုင်း၊ ရှမ်းပြည်နယ်တို့ကိုဖြတ်ကျော်မည်။ ထိုမှတဆင့် တရုတ်နယ်များကိုဖြတ်ကျော်ပြီးနန်နင်း
မြို့တွင် အဆုံးသတ်မည်။ ထိုပိုက်လိုင်းသည် ကီလိုမီတာ ၂၈၀၀ ကော်ရှည်လျားမည်ဟုသိရသည်။ ထိုပိုက်လိုင်းနှင့်
အပြိုင် ရေနံပိုက်လိုင်းကိုပါသွယတန်းမည်ဖြစ်ပြီး တရုတ်နိုင်ငံ ယူနန်ပြည်နယ်မြို့တော် ကူမင်းမြို့တွင်အဆုံးသတ်မည်
ထိုပိုက်လိုင်းများနှင့်အတူ ပူးတွဲပြီး မီးရထားလမ်းတစ်ခုကိုပါဖောက်လုပ်မည်ဟုသိရသည်။ထိုစီမံကိန်းသည် တရုတ်
ပြည်၏ အကျိုးစီးပွားအတွက်ရည်မှန်းသော အဓိက တည်ဆောက်ရေးစီးမံကိန်းဖြစ်သည်။ အာဖရိက နှင့်အရှေ့အ
လယ်ပိုင်း နိုင်ငံများမှ တရုတ်ပြည်သို့ တင်သွင်းမည့် ရေနံစိမ်းများကို ကျောက်ဖြူရေနက်ဆိပ်ကမ်းအား ကြားခံပြီး
တရုတ်နိုင်ငံသို့ ပို့ဆောင်ခြင်း စီမံကိန်းဖြစ်သည်။ တရုတ်ပြည်သည် ယခုအခါ အာဖရိကနှင့် အရှေ့အလယ်ပိုင်းဒေ
သများမှ ရေနံစိမ်းတင်သွင်းရာတွင် မလက်ကာရေလက်ကြားကိုအားထားပြီး တင်သွင်းနေရသည်။ တရုတ်စီးပွားရေး
စီးပွားရေးအတွက် လောင်စာလိုအပ်ချက် ၈၀ ရာခိုင်နှုံး ကိုထိုရေလက်ကြားမှတင်သွင်းနေရသည်။ ထိုအတွက် ကုန်
ကျစရိတ်ကြီးမားခြင်း၊ အချိန်ကြာခြင်းတို့အပြင် မလက်ကာရေလက်ကြားရှိ ပင်လယ်ဒမြများ၏ရန်ကိုလည်းကြောက်
ရသည်။ ယခုတည်ဆောက်နေသော ရေနက်ဆိပ်ကမ်းပြီးစီးသွားပါကမလက်ကာရေလက်ကြားကိုဖြတ်ရန်မလိုတော့
သည့်အတွက် အချိန်ကုန်၊ ငွေကုန် သက်သာမည့်အပြင် အန်နရယ်လည်းကင်းရှင်းမည်။
ရမည့်ငွေပမာဏ
ရခိုင်ကမ်းလွန်ဒေသတွင် ရေနံလုပ်ကွက် ( A-1) နှင့် (A-3 ) တို့ကို ၂၀၀၃ ခုနှစ်ကစတင်စမ်းသပ်ထုတ်လုပ်နေသည်။
ထိုလုပ်ကွက်များမှ ထွက်သော ဓာတ်ငွေ့များကို နှစ်ပေါင်း ၃၀ အထိ ၀ယ်ယူရန် တရုတ်အစိုးရနှင့် မြန်မာအစိုးရတို့
၂၀၀၈ ခုနှစ် ဒီဇင်ဘာ (၂၄) ရက်ကစာချူပ် ချုပ်ဆိုထားခဲ့ပြီးဖြစ်သည်။မြန်မာအစိုးရသည် သဘာဝဓာတ်ငွေ့စီမံကိန်းမှ
တစ်နှစ်လျှင် အမေရိကန်ငွေ ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံ နှစ်စဉ်ရရှိမည်ဟု ရေနျံနှင့် သဘာဝဓာတ်ငွေ့လေ့လာသူ
များကမှန်းဆဖော်ပြကြသည်။ကျောက်ဖြူရေနက်ဆိပ်ကမ်းကို အခြေခံပြီး တရုတ်ပြည်သို့ တစ်နှစ်လျှင်သဘာဝဓာတ်
ငွေ့ ကုဗတန်ချိန် ကုဗမီတာ ၁၂ ဘီလီယံ နှင့် ရေနံစိမ်းစည်ပေါင်း ၄၀၀၀၀၀ တင်ပို့နိုင်မည်ဟု ခန့်မှန်းထားသည်။
တရုတ် မြန်မာ စာချုပ်
၂၀၀၉ ခုနှစ် ဒီဇင်ဘာလ အတွင်းတရုန်နိုင်ငံမှ ဒုတ်ယ သမတ ရှီရှောက်ဖျင် မြန်မာနိုင်ငံသို့လာရောက်လည်ပါတ်စဉ်
နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ နှစ်နိုင်ငံ သဘောတာစာချုပ် လက်မှတ်ရေးထိုးရာတွင် ကျောက်
ဖြူရေနက်ဆိပ်ကမ်းတည်ဆောက်ရေးနှင့် ရခိုက်ကမ်းလွန်ဒေသမှ ထွက်ရှိမည့်သဘာဝဓာတ်ငွေအမြောက်အများဝယ်
ယူရေးများပါဝင်သည်။ ၂၀၁၀ ပြည်နှစ်ဇွန်လတွင် မြန်မာနိုင်ငံသို့ချစ်ကြည်ရေးအလည်အပါတ်ရောက်ရှိလာသော
တရုန်ဝန်ကြီးချုပ် ၀မ်ကျားပေါင်ကနှစ်နိုင်ငံ ဆက်ဆံရေး အထိမ်းအမှတ်အဖြစ် ရခိုင်ပြည်နယ်ကျောက်ဖြူမြို့ မှတရုတ်
နိုင်ငံ ကူမင်းမြို့သို့ ဆက်သွယ်မည့်ဓာတ်ငွေပိုက်လိုင်းစီမံကိန်းလုပ်ငန်းကိုဖွင့်လှစ်ပေးလဲ့သည်။
နိုင်ငံတကာလေဆိပ်
ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့်အတူ ကျောက်ဖြူမြို့ပေါ်တွင် နိုင်ငံတကာလေယာဉ်ကြီးများ ၀င်ထွက်သွားလာနိုင်
မည့် အပြည်ပြည်ဆိုင်ရာ လေဆိပ်စီမံကိန်း၊ ဟိုတည်များ၊ ဂေါက်ကွင်းများ၊ ဆေးရုံများ၊ ဖျော်ဖြေရေးနေရာများ၊ တည်
ဆောက်ရေးစီမံကိန်းများ ချမှတ် လုပ်ဆောင်နေသည်။ ထိုလုပ်ငန်းများအတွက် လယ်မြေများကို အသုံးပြုလျှက်ရှိကြ
သည်။ ယခုအချိန်တွင်ပင် ကျောက်ဖြူဒေသတ၀ိုက်တွင် ဖျော်ဖြေရေးလုပ်ငန်းအချို့ပေါ်ပေါ်ထင်ထင်မြင်တွေ့နေရပြီ
ဖြစ်ကြောင်းမြို့ခံများက ပြာနေကြသည်။
ဒေသဖွံ့ဖြိုးရေး
ယခုဆောင်ရွက်နေသော လုပ်ငန်းများကြောင့် ဒေသဖွံ့ဖြိုးလာမညိုလက်ခံသော်လည်း အစိုးရသည်ေးသဖွံ့ဖြိုးရေး
အတွက်လုပ်ကိုင်ပါက ဒေသခံလူငယ်များ ထိုစီမံကိန်းတွင်လုပ်ကိုင်နိုင်ရန် အတတ်ပညာများ သင်ကြားပေးရန်လို
ကြောင်းမြို့ခံများကပြောဆိုနေကြသည်။ ဒေသဖွံ့ဖြိုးရေးအတွက်သာမကပဲ ဓာတ်ငွေ့ထုတ်လုပ်မှုမှ တဆင့် စွန့်ပစ်
ပစ်စီးများ၊ အဆိပ်ဖြစ်စေသော ဓာတု ပစ်စီးများ၊ အရည်များကြောင့် ပါတ်ဝန်းကိင်ပျက်စီးမှုနှင့် ရေနေသတ်တ၀ါများ
အတွက်ကျရောက်မည့်ဘေးကိုလည်းထည့်သွင်းစဉ်းစားပြီး ကြိုတင်ဆောင်ရွက်ရန် လိုကြောင်း သဘာဝပါတ်ဝန်းကျင်
ထိန်းသိမ်းရေးသမားများကပြောဆိုနေကြသည်။
India လုပ်ငန်း
မြန်မာနိုင်ငံမှ ထွက်ရှိသော သဘာဝဓာတ်ငွေ့များမှရရှိရေးအတွက် အိမ်နီးချင်း နိုင်ငံများဖြစ်သည့်တရုတ်နှင့် India
တို့ဟာ အစွမ်းကုန် ကြိုးပမ်းလုပ်ဆောင်နေကြသည်။ တရုတ်က ဓာတ်ငွေ့နှင့် ရေနံသယ်ယူရေးအတွက်ပိုက်လိုင်း
ဖောက်မီးရထားလမ်း ဆောက်နေသကဲ့သို့ India ကလ ကုလားတန်မြစ်ရိုးတစ်လျှောက် မှတဆင့် India သို့ကား
လမ်းဖောက်ရန်နှင့်စစ်တွေမြို့တွင် ဆိပ်ကမ်းကြီးဆောက်လုပ်ရန် လုပ်ဆောင်နေသည်။
မည်သို့ဆိုစေ သဘာဝဓာတ်ငွေ့နှင့် ရေနက်ဆိပ်ကမ်းစီမံကိန်းများ အကောင်အထည်ဖော်လာလျှင် ဒေသတိုး
တက်လာမည်ဟုမျှော်လင့်နေကြခြင်းဖြင့် ၀မ်းသာနေကြသူများလည်းရှိနေကြသည်။
Ref; 1 Internet သတင်းများ
2 ကြေးမုံနှင့် မြန်မာ့အလင်း သတင်းစားများ

No comments:

Post a Comment