ဒီနေရာလေးကို

Monday, March 21, 2011

မြတ်ဗုဒ္ဓဟာ ဘယ်လိုပုဂ္ဂိုလ်ထူးမျိုးလဲ

မြတ်ဗုဒ္ဓသည် အ၀ိဇ္ဖာအမှောင်တိုက်ကို ပယ်ဖျက်လျက် လောကအား ဆင်းရဲဒုက္ခအပေါင်းမှ လွတ်

မြောက်အောင် ဘယ်လိုလုပ်ရမည်ကို ညွှန်ပြရန် အတွက် ဖွားမြင်လာခြင်းဖြစ်တယ်……

မြတ်ဗုဒ္ဓဟူသည် သူဟောတော်မူခဲ့သော ကောင်းကျိုးချမ်းသာဖြစ်စေသော တရားတို့၏စုဝေးရာပင်

ဖြစ်သည်…..

၄၅၀ါပတ်လုံးလှည့်လည်ပြီး ဒေသစာရီကြွချီလျက် ဟောကြားဆုံမတော်မူခဲ့သော အောင်မြင်သော

သူ၏ဓမ္မဒူတလုပ်ငန်းကြီးတွင် သူဟောကြားဆုံမတော်မူခဲ့သမျှ စကားလုံးများကို အပြောသာ

မဟုတ် ကာယကံ ၀စီကံ မနောကံ အလုပ်များ အဖြစ်သို့ ပြောင်းလဲတော်မူစေနိုင်ခဲ့တယ်………

ကိုယ်တော်မြတ်သည် မည်သည့် အခါကမျှ လူသာ၏ပျက်ကွက်သော သမာဓိ မနောကံအလုပ်များ

အဖြစ်သို့ ပြောင်းလဲတော်မူစေနိုင်ခဲ့တယ်…..

ကိုယ်တော်မြတ်သည် မည်သည့်အခါကမျှ လူသား၏ပျက်လွယ်သော သမာဓိအားနည်းမှုသဘော

ကိုရော လူသား၏တပ်မက်မှုရာဂ သဘောကိုရော ပြသတော် မူခဲ့ခြင်းလည်းမရှိဘူး…..

မြတ်ဗုဒ္ဓပွင့်ထွန်းလာခြင်းကြောင့် လူ့လောကတစ်ခုလုံးမှာ ကောင်းချီးသြဘာမင်္ဂလာအပေါင်း

ခညောင်း ပြည်စုံခဲ့ရတယ်…..

ဗုဒ္ဓမြတ်စွာဘုရား ဟောကြားတော်မူခဲ့တဲ့ ဒေသနာတော်တွေထဲမှာ လူပုဂ္ဂိုလ်တစ်ဦးအပေါ်မှာ

တောင် မိတ်ဆွေမဆန်တဲ့ ရန်လိုမုန်းထားပြုသင့်တယ်လို့ ဘယ်တုန်းကမှ ဟောကြားတော်မူခြင်း

မျိုးလည်း လုံးဝမရှိဘူး….သူ့အပေါ် ဆန့်ကျင်တိုက်ခိုက်သူ အဆိုးဆုံးရန်သူအပေါ်မှာတောင် မိတ်

ဆွေမဆန်တဲ့ မလိုမုန်းထားစိတ်မျိုး မပြသင့်ဘူးလို့ ထုတ်ဖော်ဟောကြားတော်မူတယ်……

mail ထဲကမှတဆင့်ဖော်ပြပါသည်။

No comments:

Post a Comment