ဒီနေရာလေးကို

Monday, March 21, 2011

အလုပ်တစ်ခုရဲ့ တန်ဖိုး

လူတိုင်းလူတိုင်းဟာ ငယ်ရွယ်စဉ်မှာအတတ်ပညာတစ်ခုကိုသင်ယူနေကြပါတယ်။စာသင်တာတစ်ခုထဲကိုပြောတာမဟုတ်ပါဘူး။ကျောင်းမနေနိုင်တဲ့ကလေးကလဲမိဘနောက်လိုက်ပြီးမိဘအလုပ်ကိုလိုက်လုပ်ခြင်းဖြင့်အတတ်ပညာတစ်ခုကိုတတ်မြောက်သွားကြရတာပါဘဲ။
လောကမှာလူဖြစ်ပြီးတိရိစ္ဆာန်လောက်အသိဥာဏ်မရှိလို့တော့မရပါဘူး။ခွေးတောင်မှထမင်းကျွေးရင်ဒီလူကိုကာကွယ်စောင့်ရှောက်တတ်သေးတာဘဲ။အခုခောတ်မှာတော့လူငယ်တချို့ ဟာ ပျက်စီးခြင်းတွေကိုလှမ်းစ ပြုလာပါပြီး။မကောင်းမှန်းသိရက်နဲ့
စမ်းကြည့်ချင်ကြတယ်။ကျွန်တော်တို့ဆယ်တန်းတုန်းကသင်ခဲ့ရတဲ့ဆရာကြီးသခင်ကိုယ်တော်မှိုင်းရေးတဲ့ လူကြီးလူငယ်ဆိုတာကိုသတိသွားရပါတယ်။အခုအချိန်ထိလည်း လူကြီးနဲ့ လူငယ်ကြားမှာ နားလည်းမှုဆိုတာလွဲနေကြတုန်းပါဘဲ။လူကြီးတွေကမကောင်း
ဘူးပြောလိုက်ရင် သူတို့အလှည်းတုန်းကတော့စမ်းကြည့်ကြပြီးတော့ငါတို့အလှည့်ကျမှ မကောင်းဘူးပြောတယ်ဆိုပြီး ဆန့်ကျင်လာကြတယ်။ကျွန်တော်လဲ လူငယ်တစ်ယောက်ပါ။လူငယ်တိုင်းဟာ အမြဲတမ်းတက်ကြွနေရမယ်။သွက်လက်နေရမယ်။
ကျွန်တော်တို့လူငယ်တစ်တွေစစ်တပ်ထဲရောက်သွားရင်ဘယ်လိုလုပ်မှာလဲ။ဟိုမှာက ရေခပ်ခိုင်းရင် ရအောင်ခပ်ရတယ်။ရေဘုးပေါက်တာတို့ဘာတို့ မလိုချင်ဘူး။
အခုအချိန်မိဘနဲ့အတူတူနေရတုန်း မို့လို့သာ မသိသာသေးတာပါ။အရွယ်ရောက်လာလို့မိန်းမယူပြီးရင် ဘာနဲ့ ရှာဖွေကျွေးမွေးကြမှာလဲ။အသိလေးတစ်ခုတော့ထားပေါ့
လူဆိုတာအမြဲတမ်း ခံစားတတ်ရမယ်။အဲဒါအရေးကြီးတယ်။ဘာကြောင်းဒီလိုပြောလဲဆိုတော့။ကိုယ်တိုင်ခံစားတတ်မှ တခြားလူနေရာဆိုလဲဝင်ခံစားတတ်မယ်။ကိုယ်ထိုးလိုက်လို့သူနာသွားတယ်ဆိုရင်သူနေရာမှာ ငါသာဆိုရင်ဆိုတဲ့
စိတ်ကလေးမွေးစမ်းပါ။

No comments:

Post a Comment