ဒီနေရာလေးကို

Sunday, April 3, 2011

ခေါင်းဆောင်မှု ကျင့်စဉ် (၂)

• ဖြစ်နိုင်တာတွေနဲ့ စတင်ပါ။

• ခေါင်းဆောင် တစ်ယောက်ရဲ့ အရည်အချင်း ဆိုတာ အောင်ပွဲပဲ။

• အချိန် မည်မျှကြာအောင် ကြိုးစားခဲ့ခြင်းသည် အဓိကမဟုတ်။ အောင်မြင်မှုကို ဖမ်းဆုပ်နိုင်မှု သည်သာ အဓိက ဖြစ်သည်။ အချိန် ကြာကြာတိုက်ရင် ဓားတုံးတယ်။ ဓားထက်တုန်းမှာ အချိန်မဆွဲပါနဲ့။

• ဆုပေး၊ ဒဏ်ပေး စနစ် ဆိုတာ နေရာ ဌာနတိုင်း၊ အဖွဲ့အစည်း တိုင်းမှာ ရှိသင့်တဲ့ စနစ်တစ်ခု။

• လက်အောက် ငယ်သားတွေကို လူမမာ တစ်ယောက်ကဲ့သို့ သဘောထားပြီး ကြည့်ရှုပေးပါ။ သင်ချောက်ထဲ ဆင်းလျှင် လိုက်ဆင်း ကြပါလိမ့်မယ်။ သင့်အတွက် အသက်စွန့်ဖို့ အသင့် ရှိနေ ကြပါလိမ့်မယ်။

• သေသေချာချာ အကွက်ချ ပြင်ဆင်လေ အောင်ပွဲရဖို့ ပိုမိုနီးစပ်လေပဲ။ ပြင်ဆင်မှု အားနည်းရင် အောင်မြင်မှု ဆိုတာ မသေချာဘူး။ ဘာမှ ပြင်ဆင်တွက်ဆမှု မရှိဘူးဆိုရင် တော့ စဉ်းစား သာကြည့်တော့။ ဒီတစ်ခုကိုကြည့်ပြီး အောင်မြင်မလား၊ ရှုံးနိမ့်မလား အတိအကျ ပြောနိုင်တယ်။

• ပက်ဝန်းကျင်ကို လေ့လာပါ။ မိမိ ကိုယ်ကို သဘောပေါက်ပါ။ ဒါဆိုရင် အောင်မြင်မှုနဲ့ မလွဲပါဘူး။

• အောင်မြင်မှုကို ကြိုပြီး သိနေတဲ့ သူဟာ အောင်ပွဲရဖို့ ၁၀၀% သေချာတယ်။ စစ်မရောက်ခင် မြား ကုန်နေရင် တော့ အောင်ပွဲနဲ့ဝေးဖို့ ကျိန်းသေပဲ။

• ရှေ့ရေးကိုတွေးပါ၊ ဥာဏ်ကို လွှာသုံးပါ အခက်အခဲ ဟူသမျှကို ဖြေရှင်းနိုင်ပါလိမ့်မယ်။

• နေရာတကာ လိုက်ကာကွယ်နေရင် နေရာတိုင်းက ပျော့ကွက်ဖြစ်နေလိမ့်မယ်။

• နာမည်လိုချင်စိတ်ကိုရှောင်ပါ၊ အကဲ့ရဲ့ခံရမှာကို မကြောက်နဲ့။

• ခေါင်းဆောင်ကောင်း တွေဟာ မိမိမှာရှိတဲ့ အားသာချက်၊ အားနည်းချက်တွေကို အမြဲ တွက်ဆနေတယ်။ အားသာချက်တွေကို စဉ်းစားပြီး စီမံချက်ကို အသက်ဝင်အောင် လုပ်တယ်။ အားနည်းချက်ကို စဉ်းစားပြီး ဆင်ခြင်နိုင်ဖို့ ကြိုးစားတယ်။

• ရောက်ရာအရပ်မှာ မိတ်ဆွေဖွဲ့ပါ။ သဘာဝနဲ့ ကိုက်ညီအောင် နေထိုင်ပြောဆိုပါ။ သဘာဝနဲ့ ဆန့်ကျင်နေသော အရာများကို အထူးဂရုပြုပါ။

• အချိန်ဆွဲတတ်ခြင်းက အဆိုးဆုံးပြဿနာ။

• ထွက်ပေါက်မရှိတော့တဲ့ လူတွေဟာ ဖြစ်သလို ခံချတတ်တယ်၊ ရွေးစရာလမ်း ပိတ်နေသူတွေဟာ ကြောက်စိတ်ပျောက်ပြီး မိုက်ရူးရဲ ဖြစ်သွားတတ်တယ်။

• လူတိုင်းဟာ အမှားနဲ့ မကင်းပါဘူး။ အမှားနည်းအောင်၊ အမှားများများ မလုပ်မိအောင်ပဲနေပါ အောင်မြင်ပြီးသား ဖြစ်ပါလိမ့်မယ်။

• အခြေအနေနဲ့ အချိန်အခါကို လိုက်ပြီး ပြောင်းလဲပါ။ အရာရာတိုင်းကို မူသေ ဘယ်တော့မှ တွက်မထားပါနဲ့။

• ဖြစ်ပေါ်လာမယ့် အခြေအနေ အားလုံးကို အဆိုးဆုံးထိ တွက်ပြီး ကြိုတင်ပြင်ဆင်ထားပါ။ အဆိုးဆုံး အတွက် အစဉ်သင့် မဖြစ်လျှင် ဖရိုဖရဲနဲ့ ဇာတ်သိမ်းရလိမ့်မည်။

• တစ်စုံတစ်ယောက်က ကိုယ့်ကို အချိန်မရွေး ကန်ချနိုင်တယ်။ အခြေခိုင်အောင် လုပ်ထားပါ။

• မြှောက်ပင့်မှုမှာ မသာယာမိစေရန် သတိထားပါ။ ဖွဲတစ်ဆုပ် မ နိုင်သူဟာ ခွန်အားကြီးသူမဟုတ်။ နေတွေ လတွေမြင်သူဟာ အမြင်စူးရှသူမဟုတ်၊ မိုးခြိမ်းသံကို ကြားသူဟာ နားပါးသူမဟုတ်။

• ကိုယ်ချင်းစာ ညှာတာတတ်ပါ။ စည်းကမ်း ကိုတော့ တင်းတင်းကိုင်ပါ။

• ကိုယ်တိုင် စည်းကမ်းလိုက်နာပါ။ ဖောက်ဖျက်သူကိုလည်း ထိုက်သင့်တဲ့ အပြစ်ပေးပါ။

• အောင်မြင်မှုကို အရှည်တည်တန့်ဖို့ အဓိကလိုအပ်တာတွေက
1. ခံယူချက်၊
2. ဥာဏ်ပညာ၊
3. အမြော်အမြင်ကြီးမှု၊
4. စိတ်ထားကောင်းမွန်မှု၊
5. ကြင်နာတတ်မှု၊
6. သတ္တိ ဗျတ္တိ နဲ့
7. ပြက်သားမှု ။

ခေါင်းဆောင်မှု ကျင့်စဉ်

• သင်သည် လူတွေကြားတွင် မကြောက်မရွံ့ သွားနေသည်ဟု လူတွေက ထင်ပါစေ။
• လူတိုင်းချီးကျူးခံချင်သည် ဆိုခြင်းကို သတိရပါ။
• တစ်ကြိမ်တွင် စစ်ပွဲတစ်ပွဲသာဆင်နွဲပါ။
• အစဉ်အလာ၊ ယဉ်ကျေးမှု၊ စည်းကမ်းနှင့် ပုဂ္ဂိုရေးသိက္ခာကို တစ်ခါတစ်ရံ ဘေးချိတ်ထားပါ။
• အင်အားကို နောက်ဆုံးအားကိုရာအဖြစ်သာသုံးပါ။
• အဖွဲ့အစည်း တစ်ခုလုံးနှင့်ဆိုင်သော ကိစ္စများတွင် ဌာနအသီးသီး၏ အကြီးအကဲများနှင့် ပြည့်ပြည့်၀၀ ဆွေးနွေးတိုင်ပင်ပြီးမှ ဆောင်ရွက်ပါ။
• မှန်မှန်ကန်ကန် ရပ်သူနှင့်အတူရပ်ပါ။ သူအမှားလုပ်သောအခါ ထိုသူကို စွန့်လွတ်လိုက်ပါ။
• တစ်ခါတစ်ရံ မသိယောင်ဆောင်နေခြင်းသည်၊ အကျိုးယုတ်လောက်အောင် ထိခိုက်နစ်နာမှု မဖြစ်နိုင်။
• ဘ၀တူပြည်သူတို့၏ ယုံကြည်အားကိုးမှုကို တစ်ကြိုမ်မျှ လက်လွှတ်ရလျှင် သူတို့၏ လေးစားကြည်ညိုမှုကို နောက်ထက်ဘယ်တော့မှ ရနိုင်တော့မည်မဟုတ်။
• လူတစ်ယောက်အားနှိပ်ကွပ်လျှင် ထိုသူနှင့် ထိုသူ၏ မိတ်ဆွေများသည် မိမိအဖွဲအစည်းအတွက် ထာဝရ ရန်သူများဖြစ်လာနိုင်သည်။
• မလိုတမာစိတ်ကိုရှောင်ပါ။ မေတ္တာစေတနာကိုဆောင်ပါ။
• မိမိ၏ အကောင်းဆုံး အပြုအမူများဖြင့်သာ လူတွေကို တွေ့ဆုံဆက်ဆံပါ။
• ကိုယ့်သိသလောက်၊ တက်သလောက်နှင့် အကောင်းဆုံး ဖြစ်အောင်လုပ်ပါ။ ပြီးဆုံးအောင် အထိလုပ်ပါ။
• မတရား စွပ်စွဲချက်များကို တစ်ကြိမ် အရှုံးပေးလိုက်ရလျှင် နောက်ထပ် စွဲချက်များအတွက် လမ်းဖွင့်ပေးသလို ဖြစ်သွားနိုင်သည်။
• မိမိ၏လုပ်ရပ်သည် ရည်မှန်းချက်ကို ထိခိုက်နေပြီဟု ယုံကြည်လျှင်လျှော့လုပ်ပါ၊၊ အထောက်အကူပြုသည်ဟု ယုံကြည်လျှင် ပိုလုပ်ပါ။ အမှားကိုမြင်လျှင် အမှန်ကို ချက်ချင်းပြင်ပါ။ အမြင်သစ် အမြင်မှန်ကို အမြဲ ကြိုဆိုလက်ခံပါ။
• ငြင်းခုံခြင်း၊ ရန်ဖြစ်ခြင်း စသော ပဠိပက္ခများကို အထူးရှောင်ပါ။


• အမြဲတမ်း ဦးစွာလှုပ်ရှား၊ ဘယ်တော့မှ နောက်ပိတ်ချီး မဖြစ်ပါစေနှင့်။
• ရှေတန်းသို့ထွက်ပါ။ အနိုင်နှင့်အရှုံးကို ခံနိုင်ရည်ရှိပါစေ။
• ဘယ်တော့မှမကြိုးစားလျှင် ဘယ်တော့မှ မအောင်မြင်နိုင်။
• အတော်ဆုံးခေါင်းဆောင်များသည် အမြဲတမ်း လေ့လာ ဆည်းပူးနေသည် ဟူသာ အချက်ကို မမေ့ပါနှင့်။
• ဘာစကားမှ မပြောပဲနေသင့်သည့် ကာလများရှိသည်ကို သတိရပါ။
• ယနေ့လုပ်နိုင်တာတွေကို မနက်ဖြန်လုပ်ဖို့ ချန်မထားပါနှင့်။
• တစ်ဝက်တပျက်သာ ပြီးအောင်လုပ်သော အလုပ်သည် လုပ်အားဖြုန်းသော အလုပ်ဖြစ်သည်။
• လူပုဂ္ဂိုလ်တစ်ဦးဦးနှင့် တွေ့ဆုံသောအခါ ကိုယ့်အဖို့ရော၊ သူ့အဖို့ပါ မနှစ်မြို့စရာ ခံစားချက်မျိုး မကျန်ရစ်စေရန် ကြိုးစားပါ။

အတွေးမှတ်စုများ

• ပစ္စည်းဥစ္စာ ပေါများရခြင်း အကြောင်းသည် ဒါန၊ ဘေးအန္တရာယ် ကင်းရှင်းရခြင်း အကြောင်းသည် သီလ၊ ကိုယ်စိတ်နှပါး ချမ်းသာရခြင်း အကြောင်းသည် ဘာဝနာ။

• ဆန္ဒဆိုတာရဲ့နောက်မှာ အသိတရား၊ ဒါမှမဟုတ် ဆင်ခြင်တုန်တရား၊ ဆိုတဲ့ တစ်ခုခုသာ အမြဲရှိနေရင် အမှား ဆိုတဲ့ စကားလုံး ဝင်လာဖို့ နေရာ မရှိတော့ဘူး။

• ပြောသင့်ပြောထိုက်တဲ့ စကားတွေကို ပြောသင့်ပြောထိုက်တဲ့အချိန်မှာ မပြောခဲ့ဘူးဆိုရင် အဲ့ဒီစကားတွေက ကြာလေလေပြောဖို့ခက်လေပဲ။

• အမှားများ ကို မှားရန်အတွက် ကြိုးစားရှာဖွေနေသူများကို လူငယ်ဟုခေါ်သည်။
အမှားများ ဖြင့် ပျော်ရွှင်ကျေနပ်နေသူများကို လူလတ်ဟုခေါ်သည်။
အမှားများ စွာကို အကြိမ်ကြိမ် ကျူးလွန်ပြီးနောက် နောင်တတရားဖြင့် ရှင်သန် နေထိုင်သူကို လူကြီးဟု ခေါ်သည်။

• အောင်မြင်ခြင်း ဆိုသည်မှာ သင် ကိုယ်စွမ်းကိုယ်စ ရှိသလောက် ထွန်းပေါက်လာခြင်း ဖြစ်သည်။ လုပ်သင့် လုပ်ထိုက်တဲ့ ရည်မှန်းချက် ပန်းတိုင်များသို့ ခရီးပေါက် အောင်မြင်ခြင်းဖြစ်သည်။

• ပစ္စုပ္ပန်ကို အတိတ်ထက်ပိုပြီး သာလွန်ကောင်းမွန်လိုတဲ့အခါ....
အတိတ်ကနေ သင်ခန်းစာထုတ်ယူပါ၊
အတိတ်ဖြစ်ရပ်တွေကို လေ့လာဆန်းစစ်ပါ၊
အဲ့ဒီ ဖြစ်ရပ်တွေထဲက တန်ဖိုးရှိတဲ့ သင်ခန်းစာ ထုတ်ယူပါ၊
ပစ္စုပ္ပန်မှာ အတိတ်တုန်းကနဲ့ မတူအောင် ဆောင်ရွက်ပါ။

• အနာဂါတ်ကို ပစ္စုပ္ပန်ထက် သာလွန်ကောင်းမှန်အောင် ဖန်တီးချင်တဲ့အခါ....
အနာဂတ်အတွက် စီမံကိန်းချပါ၊
သာယာဝေစည်တဲ့ အနာဂတ်ပုံရိပ်ကို မြင်ယောင်ကြည့်ပါ၊
အဲ့ဒီပုံရိပ် တကယ်ဖြစ်လာအောင် အထောက်အကူပြုမယ့် အစီအစဉ်တွေ ချမှတ်ပါ၊
သင့်စီမံကိန်းကို ပစ္စုပ္ပန်မှာ အကောင်အထည်ဖော်ဆောင်ရွက်ပါ။

• အရည်အချင်းရှိအောင်သာ ကြိုးစားပါ။ အောင်မြင်မှု က သူ့ဘာသာလိုက်လာလိမ့်မည်။

• ကိုယ့်အနေနဲ့ အနာဂါတ်အကြောင်း မျက်ရမ်းမှန်းဆ တွေးပူနေမယ့်အစား တစ်နေ့ချင်း တစ်နေ့ချင်းကို ချမ်းသာသုခ အပြည့်နဲ့ နေနိုင်ဖို့ လိုအပ်တယ်ဆိုတာ နားလည်ပါ။

• သင် စိတ်ချမ်းသာပြီး အောင်မြင်သူဖြစ်လိုတဲ့အခါ ပစ္စုပ္ပန်မှာ မွေ့ပျော်နေထိုင်ပါ။ ပစ္စုပ္ပန်တည့်တည့်ကို အာရုံပြုပါ။ သင့်ရည်မှန်းချက်ကို အသုံးပြုပြီး လောလောဆယ်အရေးကြီးနေတဲ့ ကိစ္စကိုတုံ့ပြန်ဆောင်ရွက်ပါ။

• စိတ်ကို ပစ္စုပ္ပန်မှာ တည်ထားလိုက်ရုံနဲ့ မင်းစိတ်ချမ်းသာလာမယ်၊ အောင်မြင်မှုတွေရလာမယ်ဆိုတာ ဖြစ်နိုင်ပါ့မလား?။

ပစ္စုပ္ပန်မှာ ဖြစ်တည်နေထိုင်ခြင်း၊ အတိတ်မှ သင်ခန်းစာယူခြင်း၊ အနာဂါတ်အတွက် စီမံကိန်းချခြင်း ဆိုတာတွေလောက်နဲ့ မပြီးသေး။ ရည်မှန်းချက်နဲ့ ရှင်သန်နေထိုင်ပြီး ပစ္စုပ္ပန်၊ အတိတ်နဲ့ အနာဂတ် အတွက်အရေးကြီးကိစ္စတွေကို တုံ့ပြန်ဆောင်ရွက်မှသာ ပြုမူဆောင်ရွက်ချက်အားလုံး အဓိပ္ပါယ်ရှိလာမည်။

• ယုံကြည်မှုသည် အောင်မြင်မှု၏ ဇစ်မြစ်။

• သင်သည်ရည်ရွယ်ချက်ရှိရှိနေထိုင်ပြီး လုပ်ကိုင်ဆောင်ရွက်တဲ့အခါ၊ မျက်မှောက်ကာလမှာ အရေးကြီးတာကို တုန့်ပြန်ဆောင်ရွက်တဲ့အခါ ဦးစီးဦးဆောင်ပြုခြင်း၊ စီမံခန့်ခွဲခြင်း၊ ကူညီထောက်ပံ့ခြင်း၊ အဆွေခင်ပွန်းဖွဲ့ခြင်း၊ မေတ္တာထားခြင်း တွေမှာ စွမ်းရည်များ သိသိသာသာ ပိုမိုမြင့်တတ်လာမည်။

• အချစ်ဆိုတာ ဇိမ်ခံပစ္စည်းတစ်ခု။ စားဝတ်နေရေးပြည့်စုံမှ အချစ်ဆိုတာ စိတ်ကူးယဉ်လို့ရတာ။ စားဝတ်နေရေးမပြည့်စုံရင် အချစ်ဆိုတာ ခါးသီးမှုပဲ။

• ဘ၀မှာ အချစ်က လွှမ်းမိုးသွားရင် ဘာကိုမှမြင်မှာမဟုတ်တော့ဘူး။

• မှားတာ၊ အဆင်မပြေတာကို များများကြည့်လေ အားမာန်နဲ့ ယုံကြည်မှုနည်းလေပဲ။

• အခြေအနေဆိုးနဲ့ ကြုံနေချိန်မှာ ရှာကြည့်ဖို့ခက်ခဲပေမယ့် လမ်းမှန်တဲ့ အဆင်ပြေတဲ့အကြောင်းတွေ ရှာကြည့်တတ်ဖို့ အရေးကြီး၏။ ထို့နောက် မှန်ကန်အဆင်ပြေသည့် အကြောင်းကို တန်ဖိုးထားလေးစားပါ။ ထို့နောက် ယင်းအပေါ် အခြေပြုပြီး နောက်ထပ်မှန်တဲ့အဆေင်ပြေတဲ့ ဖြစ်ရပ်တွေဖြစ်အောင် တည်ဆောက်ယူပါ။

• အတိတ်ကနေ သင်ခန်းစာ ထုတ်ယူလို့ရသည်။ သို့သော် အတိတ်တွင် မွေ့ပျော်နေခြင်းသည် အမြော်အမြင်ရှိခြင်းမဟုတ်။

• လောလောဆယ်အချိန်မှာ အဆင်ပြေတဲ့အကြောင်းကို တန်ဖိုးထား လေးစားလေ ပိုပြီးစိတ်ချမ်းသာမှုရလေပဲ။

• ပစ္စုပ္ပန်မှာ ဖြစ်တည်နေထိုင်ခြင်းဆိုသည်မှာ လက်တလောရည်မှန်းချက်က ဘာလဲဆိုတာ သတိကပ်ပြီး အဲ့ဒီရည်မှန်းချက်အတိုင်း တုံ့ပြန်ဆောင်ရွက်ခြင်းသာ။

• သာယာလှပတဲ့ အနာဂတ်ဘဝဟာ ဘယ်လိုနေမလဲ ဆိုတာ စိတ်ကူးပုံရိပ်ဖော်ကြည့်ပါ။ အဲ့ဒီဘဝမျိုး ဖြစ်ထွန်းလာအောင် လက်တွေ့ကျတဲ့ စီမံကိန်းတစ်ခု ဖန်တီးပါ။ သင့်စီမံကိန်းကို လောလောဆယ်ပဲ အကောင်ထည်ဖော်ပါ။

• လတ်တလော ရည်မှန်းချက်က ဘာလဲ? အဲ့ဒီရည်မှန်းချက်ကို လက်တွေ့ အကောင်ထည်ပေါ်လာအောင် ဘာတွေလုပ်နေလဲ? ဆိုတာကို နေ့စဉ် သုံးသပ်တတ်တဲ့ အကျင့်ရှိပါစေ။

• အောင်မြင်မှု ရဖို့သည် မလွယ်ကူပါ။ ရပြီးသား အောင်မြင်မှုကို ထိန်းသိမ်း ရခြင်းက ပို၍ခက်ခဲသည်ကိုလည်း သတိပြုပါ။

အားနည်းချက်မှန်သမျှအတွက် သီးသန့်ကုထုံးကိုယ်စီ ရရှိနိုင်ပေသည်

• မထိလေးစား စော်ကားစကား ပြောဆိုခြင်း၊ ဖိနှိပ် ချုပ်ချယ်ခြင်း၊ ရိုင်းပြစွာနှင့် ခက်ထန် ကြမ်းကြုတ်စွာ ပြုမူ ဆက်ဆံခြင်း တို့အတွက် ကြင်နာခြင်း ။


• မည်သည့်အခါမှဝမ်းနည်းကြောင်း မပြောခြင်း(သို့) မရိုးမသားနှင့် ကလီကမာပြောခြင်း တို့အတွက် တောင်းပန်ခြင်း ။


• ဝေဖန်ခြင်း၊ စောဒကတက်ခြင်း တို့အတွက် မျက်မှောက်တွင် အလုပ်ဖြင့်သက်သေပြခြင်း ။


• ငြင်းခုံခြင်း၊ စကားဝိုင်းတွင် မရှိသူအကြောင်း မကောင်းပြောခြင်း တို့အတွက် သူတစ်ပါးအပေါ် သစ္စာ စောင့်ထိန်းခြင်း ။


• မည်သူ့ကိုမျှ ကတိမပေးခြင်းနှင့် ကတိပေးလင့်စကား ပျက်ကွက်ခြင်း တို့အတွက် ကတိပေး၍ ကတိတည်ခြင်း ။


• အလျင်အမြန် တုန့်ပြန်ရန်မူခြင်း၊ ရန်ငြိုးဖွဲခြင်း၊ တစ်ဖက်သား၏ အတိတ်အမှားကို ကိုင်ဆွဲ၍ အပြစ်ရှာခြင်းနှင့် နာကျည်းစိတ် မွေးမြူခြင်းအတွက် ခွင့်လွတ်ခြင်း ။


• အလေလိုက်ခြင်း၊ ပေါ့ပေါ့တန်တန်နေခြင်း နှင့် အချိန်ဖြုန်းခြင်း တို့အတွက် အချိန်တိကျခြင်းနှင့် အချိန်ကို ဇယားဆွဲ၍ တန်ဖိုးရှိစွာအသုံးချခြင်း ။


• သူတစ်ပါးကို အဆိုးမြင်ခြင်း၊ ရန်လိုခြင်း တို့အတွက် မိတ်ဆွေဖွဲ့ခြင်း ။


• ရိုင်းပြခြင်း၊ ဆဲရေးတိုင်းထွာခြင်း၊ စကားများခြင်း၊ လိုအပ်သည်ထက် ပိုမိုပြောဆိုခြင်း တို့အတွက် စကား မပြောခင် စဉ်းစားခြင်း ။


• တစ်ယောက်နှင့်တစ်ယောက် မယုံမကြည် သံသယဖြစ်ခြင်း၊ တစ်ဦးတည်းအထင်ဖြင့် ဆုံးဖြတ်ခြင်း တို့အတွက် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် လေးစားခြင်း ။


• သွေးနထင်ရောက်ခြင်း၊ အောက်ခြေလွတ်ခြင်း တို့အတွက် မိမိကိုယ်ကို နှိမ့်ချခြင်း ။

အချိန်တစ်ခု

ဖြစ်စဉ်တိုင်းအတွက် အချိန်ရာသီ စက်ဝိုင်းတစ်ခုလိုအပ်သည်။ အချိန်တစ်ခုမှာ ကောင်းကင်ဘုံအောက်မှာရှိသမျှ ကိစ္စတွေ အားလုံး ဖြစ်ပေါ်လာကြသည်
For everything there is a season, And a time for every matter under heaven:


• အချိန်တစ်ခုက မွေးဖွားဖို့၊ အချိန်တစ်ခုက သေဆုံးဖို့
A time to be born, and a time to die;

• အချိန်တစ်ခုက စတင်ဖို့၊ အချိန်တစ်ခုက မယိုင်လဲအောင် မနည်း အားတင်းထားဖို့
A time to plant, and a time to pluck up what is planted;

• အချိန်တစ်ခုမှာ ဖျက်ဆီးဖို့၊ အချိန်တစ်ခုမှာ ပြင်ဆင် ကုသဖို့
A time to kill, and a time to heal;

• အချိန်တစ်ခုက ပြိုကျဖို့၊ အချိန်တစ်ခုက တည်ဆောက်ဖို့
A time to break down, and a time to build up;

• အချိန်တစ်ခုက ငိုကြွေးဖို့၊ အချိန်တစ်ခုက ရယ်မောဖို့
A time to weep, and a time to laugh;

• အချိန်တစ်ခုက ဝမ်းနည်းပူဆွေးဖို့၊ အချိန်တစ်ခုက ပျော်ရွှင် ကခုန်ဖို့
A time to mourn, and a time to dance;

• အချိန်တစ်ခုက အဝေးကို ပယ်ထုတ်ဖို့၊ အချိန်တစ်ခုက အနီးနား အတူရှိနေဖို့
A time to throw away stones, and a time to gather stones together;

• အချိန်တစ်ခုက ပွေ့ဖက်ဖို့၊ အချိန်တစ်ခုက ရှောင်ဖယ်ဖို့
A time to embrace, And a time to refrain from embracing;

• အချိန်တစ်ခုက အကျိုးရှိရှိအသုံးချဖို့၊ အချိန်တစ်ခုက ဖြုန်းတီးဖို့
A time to seek, and a time to lose;

• အချိန်တစ်ခုက ထိန်းသိမ်းထားဖို့၊ အချိန်တစ်ခုက စွန့်လွှတ်ဖို့
A time to keep, and a time to throw away;

• အချိန်တစ်ခုက ဆုတ်ဖြဲဖို့၊ အချိန်တစ်ခုက ဖာထေးဖို့
A time to tear, and a time to sew;

• အချိန်တစ်ခုက ဆိတ်ဆိတ်နေဖို့၊ အချိန်တစ်ခုက စကားပြောနေဖို့
A time to keep silence, and a time to speak;

• အချိန်တစ်ခုက ချစ်ဖို့၊ အချိန်တစ်ခုက မုန်းဖို့
A time to love, and a time to hate,

• အချိန်တစ်ခုက စစ်ပွဲ၊ အချိန်တစ်ခုက ငြိမ်းချမ်းခြင်း
A time for war, and a time for peace.

အကျိုးကျေးဇူးမရှိပဲ အချိန်မကုန်ကြစေနှင့်

"အိပ်မပျော်သောသူတစ်ဦးအတွက် ညတာ အလွန်ရှည်၏၊ အလွန်အိပ်ကောင်းနေသူတစ်ဦးအတွက် ညတာ အလွန် တို၏" ဟု ဗုဒ္ဒဘုရားရှင် ဆုံးမ ခဲ့ဖူးသည်။ ထိုသို့ပင် အလုပ်သိပ်များနေသူတစ်ဦးအတွက် အချိန်သည် မလုံလောက်သလိုပင် အလုပ်မရှိသူတစ်ဦးအတွက် အချိန်တွေ သိပ်ပြီး ပိုနေပေလိမ့်မည်ဖြစ်သည်။

ယနေ့ မြန်မာလူမျိုးတစ်ဦး၏ လူ့ဘဝသည် ပျမ်းမျှ ၇၅ နှစ် နှင့် ၈၀ ကြားတွင်သာ ရှိကြသည်။ ထိုအရွယ်တွင်မှာပဲ အသက် နှင့် ဘဝ နှစ်ခုလုံးကို လုံးဝ အဆုံးသတ်ကြရသည်။ ၇၅ နှစ်၊ ၈၀ နှစ် သည် ဘဝ အဆုံးဟု ဆိုသော်လည်း ဘဝ အစ မှာ ၂၅ နှစ် (သို့) ၃၀ နှစ် (သို့) ၃၅ နှစ်မှ စနိုင်ကြသည်။ ရေးတတ် ဖတ်တတ်ဖို့ သင်ကြားရင်း၊ ပျော်ပါးရင်း၊ အချိန်ဖြုန်းရင်နှင့် အချို့ဆိုလျှင် ၄၀ ကျော်ချိန်ထိ ဘဝ မစနိုင်သေးပေ။ ဘဝကို မစနိုင်သေးသည် ဆိုတာထက် ဘဝ ရဲ့ အနှစ်သာရ ကို ရှာဖွေဖို့ မေ့လျှော့နေကြသည်ဆိုလျှင် ပိုမှန်လိမ့်မည်။ ထိုအရွယ်များတွင် ဘဝ အတွက် အဓိပ္ပါယ်ရှိသော အလုပ်တစ်ခုကို စတင်လုပ်ဆောင်နိုင်ကြပြီး အသက် ၆၀ အရွယ်ရောက်သောအခါ အဆုံးသတ်သွားကြပြန်သည်။ အမှန်တကယ် အလုပ်လုပ်နိုင်သည့် အကောင်းဆုံး ချိန်က အလွန်နည်းလှသည်။

ကျွန်ုပ်တို့၏ ယခုလက်ရှိအသက်ကို ၆၀ ထဲမှ နှုတ်ကြည့်ပါက နောက်ထပ် အလုပ် အကောင်းဆုံး လုပ်ဆောင်နိုင်မည့် အချိန်အပိုင်းအခြားတစ်ခုကို ရရှိပေမည်။ ထိုကာလ အပိုင်းအခြားသည် ဘဝ တစ်လျှောက်လုံးအားဖြင့် အသင်ယူ၊ အလေ့လာရဆုံး အချိန်အပိုင်းအခြားတစ်ခုဖြစ်သလို၊ အကြိုးစား အရုန်းကန်ရဆုံး အပိုင်းအခြားလည်း ဖြစ်သည်။ ထို့အပြင် လူ တစ်ဦးနှင့်တစ်ဦးကို အခြေအနေ တစ်ခုမှ တစ်ခုသို့ လုံးဝ ကွဲပြား၊ ကွာဟ သွားအောင် ခွဲခြားပေးသည့် ကာလဖြစ်သည်။ ထို့ကြောင့် ဤမျှလောက်သော ဘဝ တစ်ခုလုံးအတွက် အရေးပါသည် လူလတ်ပိုင်းအရွယ် ကို စက္ကန့်နှင့်အမျှ အကျိုးရှိအောင် အသုံးချသင့်ပေသည်။

အချိန်တစ်ခုကို အသိပညာတစ်ခု သော်လည်းကောင်း၊ ဥစ္စာပစ္စည်းတစ်ခုသော်လည်းကောင်း၊ တရားဘာဝနာ တစ်ခုသော်လည်းကောင်း မရရှိလိုက်ပဲ မကုန်ဆုံးသင့်ပေ။ လုပ်ဆောင်မှုတိုင်းက ရည်ရွယ်ချက်ရှိနေရမည်။ အကျိုးမမဲ့စေရ။ လူငယ် တစ်ဦးနှင့် လူကြီးတစ်ဦးသည် ဦးနှောက်၏ ထိုးထွင်းသိမြင်နိုင်မှု စွမ်းရည် တူနေသော်လည်း လူကြီးတစ်ဦး၏ ဦးနောက်က လူငယ်တစ်ဦး၏ ဦးနောက်ထက် အလေးချိန်ပိုစီးနေရမည်။ ပိုမို တည်ငြိမ် ရင့်ကျက်နေရမည်။ မည်သူမဆို လူသားတစ်ဦးအနေနှင့် မနက်ထက် ညမှာ ပညာပိုရှိရမည်။ မနေ့ကထက် သည်ကနေ့တွင် ပညာပိုရှိရမည်။ အသက်ကြီးလာသည်နှင့်အမျှ ဦးနှောက်အလေးချိန် ပိုစီးလာရမည်။ ထိုသို့မဟုတ်ပါက အကြီးမားဆုံးပြစ်မှုကို ကျူးလွန်ရာရောက်သည်။ ထို့ကြောင့် တန်ဖိုးရှိသည့်အချိန်တွေကို တန်ဖိုးရှိရှိအသုံးချဖို့ ဗုဒ္ဓဘုရားရှင်က "အကျိုးကျေးဇူးမရှိပဲ အချိန်မကုန်ကြစေနှင့်” ဟု အမြဲမပျက်တိုက်တွန်းခဲ့သည်။

မှန်၏။ ဘဝသည် အလွန်တိုတောင်း၏။ အကျိုးမရှိပဲ အချိန်မကုန်စေဖို့ ကျွန်ုပ်တို့အားလုံး သတိပြုသင့်သည်။ မိမိအကျိုးစီးပွားသော်လည်းကောင်း၊ မိမိပတ်ဝန်းကျင်မှ လူသားတို့၏ အကျိုးစီးပွားကို သော်လည်းကောင်း၊ မိမိနိုင်ငံ နှင့် မိမိလူမျိုး၏ အကျိုးစီးပွားသော်လည်းကောင်း အချိန်ရှိသလောက် များများ အလုပ်လုပ်ဆောင်၍ မိမိ၏ခန္ဓာကိုယ် နှင့် မိမိအသိပညာ တို့အား ပြင်းပြင်းထန်ထန် အသုံးချပြီး အချိန်ကုန်စေဖို့ ကြိုးစားသင့်ပေသည်။

သတ္တိ

• ယောက်ျားကောင်း၊ ယောက်ျားမြတ်တို့၏ အနှစ်သာရမှာ အသိစိတ်၊ အသိတရားဖြစ်၏။
• တစ်ရွာတည်းသားချင်း၊ တစ်ရပ်တည်းသားချင်း၊ တစ်ကျောင်းတည်း သားချင်း တစ်ဦးက နွားကျောင်းသား ဖြစ်၍ တစ်ဦးက ၀န်ကြီးချုပ် ဖြစ်ရခြင်းသည် သတ္တိဖြစ်သည်။
• သတ္တိသည် လုပ်ရည်ကိုင်ရည်နှင့် လုပ်ရဲကိုင်ရဲမှု နှစ်ခုလုံး အကျုံးဝင်သည်။
• ပြောရဲဆိုရဲ၊ လုပ်ရဲကိုင်ရဲ၊ တွေးရဲတောရဲ ရှိရမည်။
• သတ္တိကို မွေးမြူပြီးသော် သင့်အားရှေ့တန်း၌သာ တွေမြင်ရတော့မည်။
• လူ့ဘ၀တွင် အမှောင်ကြီးများ ကျတက်ပါ၏၊ လူ့ဘ၀တွင် တိမ်များ ဖုံးနေတက်ပါ၏၊ သို့သော် ဘာမျှ စိတ်ဓာတ်မကျပါနှင့် တိမ်တိုက်တိုင်းတွင် ငွေနားကွပ်လေးတော့ ရှိစမြဲပါ။
• ကျဆုံးချင်း ဆိုသည်မှာ အောင်မြင်မှု အတွက် ပထမ ခြေလှမ်းဖြစ်သည်။
• သရော်လှောင်ပြောင်မှု ခံရတိုင်း သည်းခံစိတ်ပေါ်တွင် သတ္တိအပင်ကိုစိုက်ပါ။ မကြာမီ သီးပွင့်လာမည်မှာ ဧကန်ဖြစ်ပါ၏။
• စိတ်ပျက်အားငယ်မှုနှင့် ကြုံတိုင်း သတ္တိကို မွေးမြူရ၏။ စိတ်အားငယ်မှုကို ဒီအတိုင်း ဆက်ထားပါက မိမိ စိတ်ဓာတ်သည် မြောင်းထဲ ရောက်သွားနိုင်ပါ၏။ စိတ်အားငယ်မှုကို သတ္တိက ချေဖျက်နိုင်သည်။
• သင့်ပန်းတိုင်သို့ ချီတက်ရေး ကိစ္စကို ပျက်ဆီးစေနိုင်သော အရာကား သင့်ကိုသင် မယုံကြည်ခြင်း ဖြစ်ပါ၏။
• ကျွန်ုပ်တို့တွင် ရှိသော သံသယစိတ် များသည် သစ္စာဖောက်များဖြစ်သည်။
• သင်သည် ဘာဆိုဘာမှ မလုပ်ပဲနေလျှင် ဆုံးရှုံးမှုကို ရှောင်ရှားနိုင်ပါ၏။ တစ်ချိန်တည်းမှာပင် အောင်မြင်မှု ကိုလည်း ရှောင်ရှားပြီးသား ဖြစ်နေသည် ဆိုသောအချက်ကို မမေ့ပါနှင့်။
• လူစွမ်းကောင်း အောင်မြင်သည့် အကြောင်းကိုသာ တွေးတော နေတတ်သည်၊ သာမန်လူတို့သည် သက်သာမှု အကြောင်းများကိုသာ တွေးနေတတ်၏။

လူကို " စိတ် " က အုပ်စိုးသည်

• လူကို စိတ်ကအုပ်စိုး၍ စိတ်ကို စဉ်းစားတက်တဲ့ အသိဥာဏ်က အုပ်စိုးတယ်။
• စိတ်ဓာတ်ပျက်လျှင် ဒုက္ခကြီးလာ၏၊ စိတ်ဓာတ်တက်လျှင် ဒုက္ခသေးသွား၏၊ စီးပွားပျက်လျှင်လည်း စိတ်ဓာတ်မပျက်နှင့်၊ ကျန်းမာရေးပျက်လည်း စိတ်ဓာတ်မပျက်နှင့်။
• သတ္တ၀ါအားလုံး၏ ကံကြမ္မာ စိတ်ဓာတ်တွင်သာရှိသည်။
• စူးစိုက်သောသမာဓိသည် စိတ်တန်ခိုး။ စိတ်ဓာတ်ကြွယ်ဝမှ လူကြွယ်ဝသည်။ စိတ်ဓာတ်သန်မှ လူသန်သည်။ စိတ်မွဲလျှင် လူလည်းမွဲတော့သည်။
• သောကစိတ်သည် အထွေထွေသော ဒုက္ခဆင်းရဲခြင်း၏ မြစ်ဖျားခံရာဖြစ်သည်။
• စိတ်တို့မည်သည် ညစ်မည်ဆိုလျှင် တိုး၍တိုး၍သာ ညစ်ပြီးမညစ်တော့ပါဘူးဆိုလျှင် တစ်နေ့တစ်ခြား အညစ်ပြေသွားတော့သည်။
• အောင်စိတ်ရှိမှအောင်မြင်မည်။
• ရှုံးနိမ့်မှုသည် ရဲစွမ်းသတ္တိရှသူတို့အဖို့ အောင်မြင်ခြင်းတက်လှမ်းရန် ခုတုံးများဖြစ်သည်။
• လူတစ်ယောက်၏ စိတ်နေသဘောထားကို ကြည့်လျှင် ထိုသူ၏ အနီးစပ်ဆုံးလူများ၏ ဆက်ဆံရေး ကိုကြည့်ပါ။
• စိတ်သဘောထား ကြီးမြတ်သူတို့သည် ကြီးကြယ်မြင့်မြတ်သော ရည်မှန်းချက်ကိုသာ မျှော်မှန်း ထားကြသည်။
• စိတ်ဆိုးစဉ် စကားမပြောနှင့်။ မှန်သောစကားဆိုမှ ကျော်ဇော၏ ကျော်ဇောမှ အလုပ်တွင်၏။
• စိတ်ဓာတ်ရင့်ကျက် ကြံ့ခိုင်တည်မြဲစေရန်မှာ တစ်ခဏလုပ်၍မရနိုင်၊ စွဲမြဲစူးစိုက် အချိန်ပေးလုပ်ယူရမည်။
• စိတ်ဆိုးခြင်းသည် ခေတ္တရူးခြင်းတစ်မျိုးပင်။
• လောက၌ စိတ်ကူးရုံသာစိတ်ကူးပြီး အလုပ်တစ်စုံတစ်ခု မလုပ်ဘဲ ကြီးပွားခြင်းရယ်လို့မရှိ။ စိတ်ကူးကို စွန့်စွန့်စားစား လုပ်ခဲ့သူတွေသာ ကြီးပွားတိုးတက်ခဲ့၏။ ကြီးပွားသူတိုင်းသည် အပင်ပန်းခံ ကြိုးကြိုးစားလုပ်ကြသည်။

• အလွန်ညံ့ဖျင်းသော စိတ်ယုတ်မာအပေါင်းတွင် ကြောက်ရွံ့စိတ်သည်အဆိုးရွားဆုံးဖြစ်၏။
• သင့်ဆန္ဒသာလျှင်ပြင်းပြပါစေ၊ သင်မုချအောင်မြင်ရမည်။
• ညစ်ညမ်းတဲ့ပတ်ဝန်းကျင်မှာ ရောက်နေလို့ စိတ်ဓာတ်မပျက်ပါနဲ့။ ကြာပန်းလို ရွှံ့ထဲက ထိုးထွက် ရေပေါ်မှာ နေပြလိုက်စမ်းပါ။
• ကိုယ်ဟာ တစ်ဆင့်ထက်တစ်ဆင့် အမြင့်ကိုရောက်လာတိုင်း ကျေနပ်တင်းတိမ်မနေပါနဲ့။ အမြင့်ဆုံးရောက်သည့်တိုင်အောင် ကြိုးစားရုန်းကန်ရမည်။

ရိုးသားခြင်း၏ အခြားတစ်ဖက်မှာ

" အမှန်တကယ် ဖြစ်နေတာတွေကို အမှန်အတိုင်း လက်ခံနိုင်ဖို့ သိပ်အရေးကြီးတယ်။ စိတ်ချမ်းသာအောင် ကိုယ့်ကိုယ်ကို လှည့်စားတာတွေ သူတပါးကို လှည့်စားတာတွေ ရှိတယ်။ အဲဒီလို လှည့်စားလာဟာ စိတ်ထဲမှာ ပဋိပက္ခ ဖြစ်စေတယ်။ ပဋိပက္ခဟာ စိတ်ဓာတ် အင်အားကို ကုန်ခန်းစေတယ်။ လှည့်စားမှု ထဲမှာပဲ အင်အား တော်တော်များများ ကုန်သွားပြီး၊ အသိအမြင် ရှင်းလင်းမှု လွတ်လပ်မှုရဖို့ အရေးမှာ သုံးစရာ အင်အား မကျန်တော့ဘူး။ အမှန်ကို လက်ခံဖို့ ကိုယ့်ကိုယ်ကို မညာဖို့ ရိုးသားမှုရှိဖို့ လိုတယ်။ ရိုးသားမှုရှိမှ အသိဥာဏ်ပွင့်မယ် " ။
အထက်ပါ စာပိုဒ်လေး ကတော့ သတိ ဆိုတဲ့နေအိမ်ရယ်၊ အပျော်ဆုံးလူရယ်၊ ဗုဒ္ဓရင်ခွင်မှာ ဆိုတဲ့ တရားသုံးပုဒ်ကို စုပေါင်း ထုတ်ဝေခဲ့တဲ့ မဟာမြိုင် ဆရာတော် ဦးဇောတိကရဲ့ တရားစာအုပ်ထဲက ဗုဒ္ဓရင်ခွင်ဆိုတဲ့ တရားတော်ထဲက စာပိုဒ်လေး တစ်ခုပဲ ဖြစ်ပါတယ်။ တစ်ခါက စာရေးသူ တစ်ယောက်က ရေးထားတာ ဖတ်ဖူးပါတယ်၊ သိပ်ကောင်းတဲ့ စာအုပ်ကို ဖတ်ရတဲ့အခါမှာ ပြီးသွားမှာ စိုးတာကြောင့် စာကို ဖြေးဖြေးပဲ ဖတ်တယ်တဲ့။ သူ့အဆိုကိုဖတ်ရတော့ စာရေးသူနဲ့ သဘော တိုက်ဆိုင်တာကြောင့် နှစ်ခြိုက်မိပါတယ်။ စာရေးသူကတော့ ကိုယ်သဘောကျတဲ့ စာတစ်ပိုဒ်ကို ဖတ်လိုက်ရတဲ့အခါမှာ စာကို ရှေ့ဆက်ပြီး မဖတ်နိုင်တော့ပဲ ကိုသဘောကျတဲ့ စာပိုဒ်ကို အနုလုံပဋိလုံ အပြန်ပြန် အလှန်လှန် စဉ်းစား ဆင်ခြင်မိပါတယ်။
ဆရာတော် ဦးဇောတိကရဲ့ အထက်ပါ တရားတော်ထဲက စကားလေးကို ဖတ်ရတဲ့ အခါမှာလဲ စာကို ရှေ့ဆက် မဖက်နိုင်အောင်ပဲ ဖြစ်ရပါတယ်။ ဒီစကားလေး အပေါ်မှာလည်း အပြန်ပြန် အလှန်လှန် စဉ်းစားနေမိပါတယ်။ သဘောကျမိရင်း သဘောကျရင်းနဲ့ သဘောကျ မဆုံးနိုင်အောင်လည်း ဖြစ်ရပါသေးတယ်။ ပထမ စာကြောင်းဖြစ်တဲ့ အမှန်တကယ် ဖြစ်နေတာ တွေကို အမှန်အတိုင်း လက်ခံဖို့ သိပ်အရေးကြီးပါတယ် ဆိုတာကပဲ အဓိပ္ပါယ် ကျယ်ပြန့်လှကြောင်း တွေ့ရပါမယ်။
ရိုးသားမှုရဲ့ ခိုင်းနှိုင်းဖွယ်မရှိတဲ့ အတုမဲ့ ဂုဏ်ရည်တွေကို နေရာ တော်တော်များများမှာ လူအတော်များများဆီက မကြာမကြာ ကြားရတာကြောင့် စာရေးသူတို့ အနေနဲ့ နားရေ ၀နေပါပြီ။ ရိုးသားခြင်းဆိုတာ မြင့်မြတ်တဲ့ အရာတစ်ခု ဖြစ်တယ် ဆိုတာကိုလဲ စာရေးသူတို့ ကိုယ်တိုင် ယုံကြည် လက်ခံကြပါတယ်။ စာရေးသူတို့ ကိုယ်တိုင်လည်းပဲ ရိုးသားခြင်း ဂုဏ်ရည်ကို ပိုင်ဆိုင်သူအဖြစ် အများတကာရဲ့ အသိအမှတ်ပြုမှုကို ရယူ ပိုင်ဆိုင်လိုတက်ကြစမြဲပါပဲ။ ရိုးသားခြင်းဂုဏ်ကို မမြတ်နိုးသူရယ်လို့ ရှိနိုင်မယ်တောင် မထင်ပါဘူး။ အလွန်တရာ ကောက်ကျစ် ယုတ်မာ သူတစ်ယောက် ဖြစ်နေဦးတောင်မှပဲ ရိုးသားမှုဂုဏ်ကိုတော့ မြတ်နိုးမှာအမှန်ပါပဲ။ ကိုယ်ကိုယ်တိုင် မရိုးသားသည့်တိုင် ကိုနဲ့ ပေါင်းသင်း ဆက်ဆံရတဲ့ သူများကိုတော့ ယုံကြည်ရတဲ့သူများ၊ ရိုးသားသူများသာ ဖြစ်စေခြင်တဲ့ ဆန္ဒဟာ ရိုးသားမှုကို လူတိုင်း မြတ်နိုးတယ်ဆိုတဲ့ စကားအတွက် ခိုင်မာတဲ့ သက်သေကောင်း တစ်ခုပဲဖြစ်ပါတယ်။
ရိုးသားခြင်းဂုဏ်ကို ပိုင်ဆိုင်သူတစ်ယောက် ဖြစ်ဖို့အတွက် ဆိုရင်တော့ အမှန်တကယ် ဖြစ်နေတာတွေကို အမှန်အတိုင်း လက်ခံဖို့ လိုပါလိမ့်မယ်။ အမှန်တကယ် ဖြစ်နေတာတွေကို အမှန်အတိုင်း လက်မခံပဲနဲ့တော့ ရိုးသားသူ တစ်ယောက် ဘယ်နည်းနဲ့မှ ဖြစ်နိုင်မှာ မဟုတ်ပါဘူး။ အမှန်အတိုင်း လက်မခံနိုင်သူ တစ်ယောက်ရဲ့ နှုတ်က ထွက်လာတဲ့ ရိုးသားဟန် နှုတ်ထွက်စကားကားနဲ့ လုပ်ရပ်များဟာလဲ အယောင်ဆောင်ဟန်ပြ အတုအယောင်များသာ ဖြစ်ပါလိမ့်မယ်။ တကယ်တော့ အမှန်အတိုင်း လက်ခံနိုင်ဖို့ ဆိုတာကလဲ အပြော လွယ်သလောက် လက်တွေ့ပိုင်းမှာ ခက်ခဲလှပါတယ်။ စိတ်အားသတ္တိ ပျော့ညံ့သူတို့ အနေနဲ့ဆိုရင် လိုက်နာနိုင်ဖို့ အင်မတန် ခဲယဉ်းမှာပါ။ ခဲယဉ်းပေမယ့်လဲ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုး တိုးတက်မှုအတွက် နည်းမှန်လမ်းမှန် ကြိုးစားယူရင် ရနိုင်သလို စိတ်အားသတ္တိ ဖွံ့ဖြိုးတိုးတက်မှု အတွက်လဲ နည်းမှန်လမ်းမှန် ကြိုးစား အားထုတ်ယူရင် ရနိုင်ပါတယ်၊ တကယ်တော့ စာရေးသူတို့တစ်တွေဟာ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက် အချိန်ပေး လေ့လာအားထုတ်မှု နည်းတာကြောင့် စိတ်အား သတ္တိများကလည်း ဖွံ့ဖြိုးတိုးတက်မှု နည်းပါးရခြင်းပဲ ဖြစ်ပါတယ်။ စိတ်အားသတ္တိဖွံ့ဖြိုးတိုးတက်မှု အတွက် အကောင်းဆုံး နည်းကတော့ စိတ် အခြေအနေအမှန်ကို နားလည်အောင် ကြိုးစားခြင်းပဲဖြစ်ပါတယ်။ စိတ်အခြေအနေအမှန်ကို နားလည်ဖို့အတွက် စိတ်ကို လေ့လာအကဲခက်ဖို့ လိုပါလိမ့်မယ်။
စာရေးသူတို့တတွေအနေနဲ့ ကိုယ့်စိတ် အခြေအနေအမှန်ကို နားလည်အောင် ကြိုးစားမှုပြု လုပ်လေ့ နည်းတာကြောင့် စာရေးသူတို့စိတ်အပေါ် ကျရောက်လေ့ရှိတဲ့ ဘေးအန္တရာယ် များကိုလဲ မသိမြင်နိုင်ကျပါဘူး။ ဘေးအန္တရာယ်များ ကျရောက်နေတာကို မသိတဲ့အတွက် ကုစားဖို့ ဆိုတာလည်း မသိပြန်ပါဘူး။ ကြိုတင်ကာကွယ်နည်းနဲ့ ကုစားသူ ဆိုတာကတော့ အတော်ပဲ နည်းပါးပါတယ်။ အဲဒီလိုဘေးအန္တရာယ်များကို ကုစားမှုမပြုခြင်း၊ ကြိုတင်ကာကွယ်မှု မပြုခြင်းကြောင့် ဒဏ်ရာ အနာတရများနဲ့ ညစ်ထေး နေတဲ့စိတ်ဟာ ခံနိုင်ရည်စွမ်းရည်နဲ့ ထက်မြက်မှု သတ္တိအင်အားတို့ နည်းပါးလေမှာ အမှန်ပဲ။ စိတ်အားသတ္တိ နည်းပါးနေလျင်လည်း လူတစ်ယောက်အတွက် မရှိမဖြစ်တဲ့ စားဝတ်နေရေး အရေးသုံးပါးကြောင့်ဖြစ်စေ၊ အခြားအခြားသော အခြံအရံ လိုအပ်ချက်တစ်ခုခုကြောင့်ဖြစ်စေ၊ အခြေအနေတစ်ခုက တောင်းဆို လာတဲ့အခါမှာ အဲဒီလို လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ ရိုးသားမှု ဂုဏ်သိက္ခာကို အလွယ်တစ်ကူ စွန့်လွှတ်တက်ကျပါတယ်။
အထူးသဖြင့်တော့ လူ့ပတ်ဝန်းကျင်က ပြဌာန်း သက်မှတ်ထားတဲ့ အနှစ်မဲ့ ဂုဏ်သိက္ခာကို ရယူ ပိုင်ဆိုင်နိုင်ဖို့ အတွက် သဘာဝက သတ်မှတ်ထားတဲ့ တကယ့် အစစ်အမှန် အနှစ်ပြည့် ဂုဏ်သိက္ခာများနဲ့ အလွယ်တကူ လဲလှယ် အစားထိုးကြခြင်းပဲ ဖြစ်ပါတယ်။ တစ်ဖက်က သက်မှတ်ချက် ဂုဏ်သိက္ခာများ တောက်ပြောင်လာလေ တစ်ဖက်မှာတော့ စစ်မှန်တဲ့ သဘာဝ ဂုဏ်သိက္ခာများ ဆုတ်ယုတ်ညစ်နွမ်းလေ ဖြစ်ရတာတော့ အလွန်မှပဲ ၀မ်းနည်းဖွယ် ကောင်းလှပါတယ်။ ပုဂ္ဂိုတစ်ယောက်မှာ အစစ်အမှန် ဂုဏ် အရေအသွေးများ နည်းပါးလာတာနဲ့အမျှ အမှန်တကယ် ဖြစ်နေတာကို အမှန်အတိုင်း လက်ခံဖို့ ဖြစ်နိုင်ချေ နည်းပါးသွားပါတော့တယ်။ အဖြစ်အမှန်တွေကို အမှန်အတိုင်း လက်မခံနိုင်သူ တစ်ယောက် ဖြစ်လာတာနဲ့ အမှန်တရား ကြောက်ရွံ့မှုစိတ်များကလည်း တပါတည်း ပူးတွဲ ပါဝင်လာပါတော့တယ်။ ကြောက်ရွံ့သူတစ်ယောက်ဟာ အားကိုးရာ ပုန်းခိုရာ ရှာဖွေ တတ်တာကလည်း သဘာဝပဲ ဖြစ်ပါတယ်။ အားကိုးရာကို ရှာဖွေရာမှာ ကိုယ့်အားကိုကိုး မှီခိုရမည့်သူရဲ့ အများအပေါ် တရားမှုမတရားမှု ၊ (သို့မဟုတ်) ရိုးသားဖြောင့်မတ် တည်ကြည်မှု ရှိမရှိကိုပင် ဂရုပြုမနေနိုင်တော့ပဲ ကိုယ့်အတွက် အကျိုးအမြတ်ရ နိုင်မှု မရနိုင်မှုလောက်ကိုပဲ ကြည့်ရှု့တတ် ကြပါတယ်။
ပုန်းခိုရာကို ရှာရာမှာလည်း ကိုယ့်ကိုယ်ကို ဖုံးကာနိုင်တဲ့ လုံခြုံရာ တစ်ခုခုကို ရှာဖွေနိုင်ခြင်းနဲ့ ကြည့်တတ်သူများ မမြင်နိုင်အောင် အမြင်အာရုံများ မှုန်ဝါးသွားအောင် ပြုလုပ်ခြင်း စတဲ့ နည်းမျိုးစုံ အသုံးပြုလာတတ်ပါတယ်။ ကိုယ့်ကိုယ်ကို ဖုံးကာနိုင်တဲ့ လုံခြုံရာ တစ်ခုခုကို ရှာဖွေရာမှာ သူတစ်ပါထံမှာ ရှိနေတဲ့ ဂုဏ်သိက္ခာအဖုံး အကာကို မတရားသောနည်းနဲ့ ရယူပြီး မိမိရဲ့ အကြောက်တရားကို ဖုံးကာဖို့ ကြိုးစားတတ်ပါသေးတယ်။ တစ်ချို့ကတော့ လုံခြုံနိုးနဲ့ အသာလေး ခေါင်းလျိုလို့ နေတတ်ပါတယ်။ ရန်သူမြင်မှာ စိုးတာကြောင့် သဲထဲကို ခေါင်းလျိုပြီး နေတတ်တဲ့ ကန္တာရနေ(ostrich) ငှက်ကုလားအုပ်လို ပုဂ္ဂိုလ် မျိုးတွေပေါ့။ ကိုယ်က အပြင်လောက ကိုမမြင်ရုံနဲ့ တစ်ပါးသူတွေ ကလည်း ကိုယ့်လိုပဲ မမြင်နိုင်လောက်ဘူးရယ်လို့ တွေးထင်ယူဆမိတဲ့ သဘောပါ။ နောက်ပြီး တစ်ပိုင်းတစ်စကို လုံအောင်ဖုံးကာနိုင်ပေမဲ့ ကျန်တဲ့အပိုင်းက လှစ်ဟပြထားသလို ဖြစ်နေတယ်ဆိုတာ ကိုတောင်မှ သတိမမူနိုင်တဲ့အထိ ဖြစ်သွားတတ် ပါသေးတယ်။
တစ်ချို့ကတော့ ကိုယ့်ကိုယ်ကို ပုန်းခိုရာမရှာပဲ တစ်ပါးသူများရဲ့ အမြင်အာရုံ ပြောင်းလဲ သွားအောင် အမြင်များ မှုန်ဝါးဝေသီ သွားအောင် မတရားနည်းနဲ့ ဖန်တီး ပြုလုပ်တတ်ပါတယ်။ တစ်ပါသူးများရဲ့ စွမ်းအားအမှန်တွေကို မတရားနည်းနဲ့ ချိနဲ့သွားအောင် လုပ်ကတည်းကိုက အမှန်တရားဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး။ စွမ်းအားသတ္တိ ခိုင်မာသူတို့ တစ်နည်းအားဖြင့် ကိုယ့်ခံစွမ်းအား ကောင်းသူတို့က အမှန်တရားနဲ့ တစ်သားတည်း ဖြစ်နေတာကြောင့် အမြင်စွမ်းအားများ ထက်သန်နေတယ်။ ကိုယ့်ရဲ့ ဖန်တီးလှုံ့ဆော် ပြောင်းလွဲစေမှုများ အရာမထင် ဖြစ်နေတယ်ဆိုရင် ကိုယ့်အလိုကျ မဖြစ်ရကောင်းလားလို့ မလိုစိတ်ထား ဖြစ်တတ်ပါတယ်။ ဒီအခါမှာ ဆန့်ကျင်ဖက် ပဋိပက္ခတရားဟာ အထင်အရှားပေါ်လာတတ်ပါတယ် ။
ပဋိပက္ခ ဖြစ်လာတာနဲ့ ကိုယ့်နဲ့အယူအဆ မတူသူကအမှား ကိုယ့်ဖက်တရားက အမှန်ရယ်လို့ ဘက်မမျှတဲ့ စိတ်ထားများလည်း ပေါ်ပေါက်လာပါတယ် ။ တစ်ဆင့်တက်လို့ ကိုယ့်ဘက်တရားက အမှန်ဆိုတာ သက်သေထူဖို့ ကြိုးသားပါတော့တယ်။ သက်သေထူဖို့ ကြိုးစားရာမှာလည်း ကိုယ်ဖြစ်စေချင်တဲ့ ကိုယ့်လိုအင်ဆန္ဒကို ထောက်ကူပေးမယ့် ပုဂ္ဂိုလ်မျိုးနဲ့ ကိုယ့်အယူအဆနဲ့ ညီမျှတဲ့ တရားမျိုးတွေကိုသာ သက်သေအဖြစ် ခေါ်ယူတာမို့ ကိုယ့်ရဲ့ အယူအဆတရားသာ အမှန်ဆိုတဲ့ သဘောဟာ ခိုင်မာသထက် ခိုင်မာစေပါတော့တယ် ။ ဒီအချိန်မှာတော့ လှည့်စားမှုတရားများကလည်း အထွဋ်အထိပ်ကို ရောက်ရှိလာပါတော့တယ်။ အစပထမမှာတော့ ပတ်ဝန်းကျင် အများအပေါ်လှည့်စားပြီး တဖြည်းဖြည်းနဲ့ ကိုယ့်ကိုယ်ကိုပါ မသိမသာ ပြန်လည်လှည့်စားလာပါတော့တယ်။
သူတစ်ပါးကို လှည့်စားခြင်းဟာ အလွယ်တကူပြေပျောက်နိုင်ပေမဲ့ ကိုယ့်ကိုယ်ကို လှည့်စားမှုကတော့ လွယ်လင့်တကူ ပြေပျောက်ဖို့ ခဲယဉ်းပါတယ်။ ကိုယ့်ကိုယ်ကို ဆင်ခြေအမျိုးမျိုး ပေးပြီးလည်း နေတတ်ပါတယ်။ ဘယ်လောက်အထိ ဖြစ်လာနိုင်သလဲဆိုရင် အမှန်တရား အရိပ်အယောင်လမ်းစကို တွေ့ရတာတောင် မထူးတော့ပါဘူးလေ ဆိုတဲ့ မထူးဇာတ်ခင်းတဲ့ အနေအထားအထိ ဖြစ်သွားတတ်ပါတယ်။ ဒီအခြေအနေမှတော့ `ဆေးကုလို့ မရပါ ´ ဆိုတဲ့ အနေအထားမျိုးမို့ မဖောက်ပြန်တဲ့ လောကနိယာမအရ သဘာဝတရားရဲ့ ပြတ်သားစွာဒဏ်ခတ်မှုကို မလွဲမသွေ ခံရပါလိမ့်မယ်။
အမှန်တကယ် ဖြစ်နေတာတွေကို အမှန်အတိုင်းလက်မခံ နိုင်ခြင်းရဲ့ နောက်ဆက်တွဲ ဆိုးကျိုးများကတော့ ပြော၍ ကုန်နိုင်ဖွယ် မရှိသလို အလွန်မှလည်း ကြောက်ရွံထိတ်လန့် ဖွယ် ကောင်းလှတာကို မကြာခဏဆိုသလို စဉ်းစားနေမိ တတ်ပါတယ်။ ( အရှင်ဥာဏိကာဘိသ )

မည်သို့ပင်ဖြစ်စေ ( ANYWAY )

• လူတွေသည်၊ အကြောင်းအကျိုးမသိ၊ ကျိုးကြောင်းဆင်ခြင်ခြင်းလည်းမရှိ၊ အတ္တစိတ်လည်း များလှ၏....။ မည်သို့ဖြစ်စေ၊ မေတ္တာထားလိုက်ပါ။
Peoples are unreasonable, illogical and self-centered. Love Them Anyway.

• လူတွေသည် ကောင်းသောအမှု သင်မည်မျှပြုသော်လည်း မရိုးမသား ကိုယ့် အကျိုးစီးပွား အတွက်ပါဟု စွပ်စွဲကြလိမ့်ဦးမည်.....။ မည်သို့ပင်ဖြစ်စေ ကောင်းသောအမှုကို ပြုမြဲပြုပါ။
If you do good, people will accuse you of selfish ulterior motives. Do Good Anyway.

• သင် အောင်မြင်လာပြီဆိုလျှင် သင့်၌ မိတ်ဆွေ အတုအယောင် များရော၊ ရန်သူစစ်စစ်များပါ ရရှိလာလိမ့်မည်.....။ မည်သို့ပင်ဖြစ်စေ အောင်မြင်ရန်သာ အားထုတ်ပါ။
If you are successful, you will win false friends and true enemies. Succeed Anyway.

• ရိုးဖြောင့်ခြင်း၊ ပွင့်လင်းစွာပြောဆိုခြင်းတို့ကြောင့် သင့်မှာ ထိခိုက်စရာတွေ ကြုံချင်ကြုံရလိမ့်မည်.....။ မည်သို့ပင်ဖြစ်စေ ရိုးဖြောင့်ပွင့်လင်းစွာ ပြောဆိုဆက်ဆံပါ။
Honesty and frankness make you vulnerable. Be Honest And Frank Anyway.

• သင် ယနေ့ပြုသည့် ကောင်းမှုကုသိုလ်ကို မနက်ဖြန် သူတို့ မေ့လျှော့ကောင်း မေ့လျှော့ကြလိမ့်မည်.....။ မည်သို့ပင်ဖြစ်စေ ကောင်းသောအမှုကို ပြုမြဲပြုပါ။
The good you do today will be forgotten tomorrow. Do Good Anyway.

• အကြီးအကျယ်ဆုံး စိတ်ကူးဥာဏ်ရှိသည့် အမြင့်မားဆုံး ပုဂ္ဂိုလ်သည်လည်း အနုံချာဆုံးစိတ်ထားရှိသည့် အသေးအမွှားဆုံး ပုဂ္ဂိုလ်ထံ ဝေဖန်ခြင်း၊ ကဲ့ရဲ့ အပုပ်ချခြင်း ခံချင်ခံရနိုင်သည်.....။ မည်သို့ပင်ဖြစ်စေ ကြီးကြီးကျယ်ကျယ် မြင့်မြင့်မားမားသာ စဉ်းစားကြံစည်ပါ။
The biggest people with the biggest ideas can be shot down by the smallest people with the smallest minds. Think Big Anyway.

• လူတွေသည် နိမ့်ပါးသူကို စေတနာပိုတတ်သည် ဆိုသော်လည်း အပေါ်စီးရသူ၊ ထိပ်ဆုံးလူများ နောက်သို့သာ လိုက်ပါတတ်ကြသည်.....။ မည်သို့ပင်ဖြစ်စေ အချို့သော နိမ့်ပါးသူ အောက်လူတို့အတွက် ရပ်တည်ပေးပါ။
People favor underdogs but follow only top dogs. Fight For Some Underdogs Anyway.

• နှစ်ပေါင်းများစွာ သင်တည်ဆောက်ခဲ့သည့်အရာ နေ့ချင်းညချင်း ဖြိုလဲဖျက်ဆီးခြင်း ခံချင်ခံရလိမ့်မည်.....။ မည်သို့ပင်ဖြစ်စေ တည်ဆောက်စရာရှိတာသာ ဆက်၍တည်ဆောက်ပါ။
What you spent years building maybe destroyed overnight. Build Anyway.

• ကမ္ဘာလောကအတွက် အကောင်းဆုံးကို သင်ပေးသော်လည်း၊ သင့်အား ခါးသီးနာကျည်းဖွယ် တုံ့ပြန်ကောင်း တုံ့ပြန်လိမ့်မည်.....။ မည်သို့ပင်ဖြစ်စေ သင့်မှာရှိသည့် အကောင်းဆုံးကိုသာ ပေးမြဲ သင်ပေးပါ။
Give The World the best you have and you'll get kicked in the teeth. Give The World The Best You're Got Anyway.

ဗုဒ္ဓဘာသာဝင်ဖြစ်ခွင့်

သဗ္ဗညုတဘုရားရှင်ကို " ဗုဒ္ဓ " ဟုခေါ်၏။ ထိုဗုဒ္ဓရှင်တော်မြတ်၏ တရားတော်ကို" ဗုဒ္ဓဘာသာ " ဟုခေါ်၏။ ထိုဗုဒ္ဓရှင်တော်မြတ်၏ တရားတော်အတိုင်း လိုက်နာနေထိုင်သူတို့ကို " ဗုဒ္ဓဘာသာဝင် " ဟုခေါ်၏။
ထိုဗုဒ္ဓဘာသာဖြစ်လိုသူ သို့မဟုတ် ဖြစ်နေသူသည် ဗုဒ္ဓ၊ ဓမ္မ၊ သံဃ (ဘုရား၊ တရား၊ သံဃာ ) ရတနာ
မြတ်သုံးပါး၏ အကြောင်းအရာကို ကောင်းစွာနားလည်ရမည်။ တိုသို့နားလည်ပြီးနောက် ထိုရတနာသုံးပါး
ကို မိမိယုံကြည်သလား၊ မယုံကြည်ဘူးသလား?ဟု စဉ်စားထိုက်၏။ မယုံကြည်လျှင် " ဗုဒ္ဓဘာသာဝင် "ဟု
ပြောဆိုဝန်ခံနေသော်လည်း " ဗုဒ္ဓဘာသာဝင် " မဖြစ်နိုင်သေးပါ။ယုံကြည်လျှင်ကား " ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ "
စသော သရဏဂုံသုံးပါးကို ဆောက်တည်ရ၏။ ထိုအခါဗုဒ္ဓဘာသာဝင်အစစ်ဖြစ်၏။

ပညာ ဗုဒ္ဓဘာသာ
ထိုဗုဒ္ဓဘာသာဝင်တို့သည် ဥာဏ်နှင့်ယှဉ်ပြီး နစ်နစ်ကာကာ ယုံကြည်သူကား ဘုရားရှင်ကိုကိုးကွယ်
ရာတွင် သက်တော်ထင်ရှား မြတ်စွာဘုရားကို စိတ်ထဲ၌ထင်လာမြင်လာအောင် ကိုးကွယ်သည့်အပြင် ရုပ်ပုံ
စေတီတော်များကိုလည်း (ရွှေရှိသည့်ဖြစ်စေ၊ မရှိသည်ဖြစ်စေ )ကျေကျေနပ်နပ် လေးမြတ်လေ့ရှိ၏။ တရား
ကို ကိုးကွယ်ရာ၌လည်း တရားအစစ်မှန် ကျမ်းဂန်ပိဋကတ်နှင့် မဂ်ဖိုလ်နိဗ္ဗာန်တရားကို မှန်းဆ၍ အားရပါး
ရပူဇော၏။ သံဃာကိုကိုးကွယ်ရာတွင်လည်း သုပ္ပဋိပန*တာစသောဂုဏ်တော်တို့နှင့်အတော်အတန်ပြည့်စုံ
သော ပုထုစဉ်များကို၎င်း, အမှန်းအတားအားဖြင့် အရိယာသံဃာတော်တို့ကို၎င်း, ကိုးကွယ်၏။ ထိုရတနာ
သုံးပါးအတွက်ဆိုလျှင် အသက်ကိုပင်စွန့်ဝံ့၏။ ဤသူကားဥာဏ်နှင့်ယှဉ်သော ဗုဒ္ဓဘာသာဝင် ဖြစ်သူပေ
တည်း။

သဒ္ဒါ ဗုဒ္ဓဘာသာဝင်

သူများအပြောကောင်း၍ ယုံကြည်သော သဒ္ဒါဖြင့် သို့မဟုတ် မိရိုးဖလာဖြင့် ဗုဒ္ဓဘာသာဝင်ဖြစ်နေသူ
တို့ကား ဘုရားစစ်, တရားစစ်, သံဃာစစ် တို့၌ ထိထိရောက်ရောက် သဒ္ဓါစိတ်ပေါက်သူနည်း၏။ (လုံးလုံး
မရှိဘူးဟုမဆိုလိုပါ) ဘုရားကိုယုံကြည်ရာ၌ သက်တော်ထင်ရှားမြတ်စွာဘုရားထိအောင် စိတ်မရောက်နိုင်ပဲ
ရုပ်ပုံ စေတီလောက်သာ စိတ်ရောက်၏။ ရုပ်ပုံစေတီတော်များတွင်လည်း ဆွေဘုရား မျိုးဘုရား မိမိပူဇော်
ထားသော ရုပ်ပွားစေတီင်္တော်များကို ပိုမိုပြီး ကြည်ညိုတတ်၏။ ရွှေပြောင်ပြောင် စေတီရုပ်ပွားကိုလည်း
သာပြီး ကြည်ညိုကြသေး၏။
ထို့ကြောင့်ပင် မိမိတို့၏ရပ်ရွာတွင် ရွှေမရှိသောရုပ်ပွားစေတီတော်များကို ပစ်ထားခဲ့ပြီး မြို့ကြီးပြကြီး
သို့ ဘုရားဖူးသွားကြ၏။ အခါတစ်ပါး၌ တောကမိန်းမတစ်စုက မန္တလေးသို့သွားခါနီးဝယ် “ ဘုရားဖူးသွား
မလို့ ဘုရားဖူးသွားမလို့ “ ဟုကျယ်လောင်ကျယ်လောင်နှင့် ပြောဆိုနေကြသည်ကို အတော်နားလည်
သောကျောင်းဒကာကြီးက “ တိုးတိုးပြောပါဟရို့ တို့ရွာက ကိုယ်တော်မြတ်တွေကြားရင် အားနာစရာဖြစ်
နေပါ့မယ် “ ဟုပြက်ရယ်ပြုလိုက်သတဲ့။ ထိုအခါဗုဒ္ဓဘာသာဝင်တို့သည် ဘုရားကြည်ညိုပုံသာ စည်းကမ်း
မကျသည် မဟုတ်သေး။ တရား, သံဃာ ကြည်ညိုရာတွင်လည်း စည်းကမ်းမဲ့လှချေ၏။ ထိုစည်းကမ်းမဲ့ပုံ
ကို တရားဂုဏ်တော်နှင့် သံဃာ့ ဂုဏ်တော်အဆုံးမှာ ပြထားသည်။
အမရပူရ မဟာဂန္ဓရုံဆရာတော် အရှင်ဇနကဘိဝံသ ၏ ရတနာ့ဂုဏ်ရည်မှ ကူးယူဖော်ပြပါသည်။

စာပေလေ့လာဆည်းပူးခြင်း

၁။ စာဖတ်ခြင်းသည် နှစ်သက်မှုကို ပေး၏၊ ဂုဏ်သရေ တင့်စေ၏၊ စွမ်းရည်လည်း ထက်မြက်စေ၏။

နှစ်သက်မှုကို စာ၌တစ်ကိုတည်း ငြိမ်းအေး မွေ့လျှော်ခြင်းဖြင့် ရနိုင်၏။ စကားလိမ္မာ ပြောဆိုရာ၌ စာသည် ဂုဏ်သရေတင့်သော အဆင်တန်ဆာ ဖြစ်လာ၏။ စာကပေးသော စွမ်းရည်ကား လုပ်ငန်း ဆောင်တာတို့ ဆုံးဖြတ်သည့်အခါ အရေးပါလာ၏။ အကြောင်းမူ တစ်ခုခြင်းသော အကြောင်းအရပ်တို့ကို ဆောင်ရွက်ရာ၌ ဆိုင်ရာဆိုင်ရာ ကျွမ်းကျင်သူတို့ သိနားလည်တတ်၊ ခန့်ခွဲတတ်ကြသည် မှန်သော်လည်း အထွေထွေ နှီးနှောတိုင်ပင်မှု၊ အရေးကြီး ကိစ္စကြီးငယ်တို့အတွက် စီမံကြံဆမှု ပြုရမည့်အခါတို့တွင် စာပေနှံ့စပ်သူတို့ ထံမှသာ အကောင်းဆုံး အကြံဥာဏ်များ ထွက်လာ တတ်သောကြောင့်တည်း။

Studies serve for delight, for ornament, and for ability. Their chief use for delight is in their private ness and retiring; for armament, is in discourse; and for ability, is in the judgment and disposition of business; for experiment can excuse, and perhaps judge of particulars, one by one; but the general counsels, and the plots and marshalling of affairs, come best from those that are learned.
၂။ သို့သော် စာဖတ်ခြင်း၌ အချိန်များစွာ သုံးစွဲခြင်းသည် ပျင်းရိမှုသာဖြစ်သည်။ စာကို အဆင် တန်ဆာအဖြစ် သုံးစွဲလွန်းခြင်း သည်လည်း ၀င့်ဝါမှုတစ်ခုဖြစ်၍ အရာရာကို စာပါ အဆိုအမိန့်တို့နှင့် တိုင်းတာ ဆုံးဖြတ်ခြင်းမှာ စာသမားတို့၏ ရယ်ရွှင်ဖွယ် အချက်တစ်ရပ်ဟု ဆိုရပေမည်။

စာအုပ်စာပေသည် လူ၏ မူလ အသိဥာဏ်ကို ပြည့်ဝအောင် ဖြည့်တင်းပေးသည်။ သို့သော် စာပါ အဆိုအမိန့်ဟူသည် အတွေ့အကြုံအားဖြင့်သာ အနှစ်သာရ ပြည့်ဝလာရသည်။ အကြောင်းမူ လူ၌ ပင်ကိုသဘာဝ စွမ်းရည်များသည် အလေ့ကျပေါက်ပင်များနှင့် တူပေရာ ၎င်းကို စာတွေ့အသိဖြင့် တိညှိပေးရန် လိုအပ်တတ်သည်။ အလားတူ စာအုပ် စာပေများ သည်လည်း လမ်းညွန်ချက်တွေ အလွန်အကျွံ ပေးလှသည်ဖြစ်ရာ အတွေ့အကြုံဖြင့် ညှိနှိုင်း ထိန်းကွပ်မှု ပြုရန်လိုအပ်ပြန်၏။

လူတတ်လူနပ်တို့က ပညာရှာမှု လေ့လာဆည်းပူးမှု ဟူသည်ကို မထေမဲ့မြင်ပြုကြ၏ အသိအမြင် ရိုးသူတို့ကမူ စာပေပညာကို လေ့လာအံ့ချီးကြ၏ ပညာရှိသူတို့ကသာ ယင်းအား အသုံးချတတ်ပေသည်။ အကြောင်းမူ စာအုပ်စာပေတို့ အနေနှင့် ယင်းတို့အား မည်သို့ အသုံးချနိုင်ကြောင်း သင်ပြခြင်း မရှိသောကြောင့် ဖြစ်၏။ ထိုအသိဥာဏ်ကား ယင်းတို့၏ အပြင်ဘက် ယင်းတို့အထက်မှာရှိပြီး ရှုမှတ်ဆင်ခြင်မှုဖြင့်သာ ရရှိနိုင်သည့် အရာဖြစ်ပေသည်။
To spend too much time in studies, is sloth; to use them too much for ornament, is affectation; to make judgment wholly by their rules, is the humor of a scholar; they perfect nature, and are perfected by experience for natural abilities are like natural plants, that need pruning by study; and studies themselves do give forth directions too much at large, except they be bounded in by experience. Crafty men contemn studies, simple men admire them, and wise men use them, for they teach not their own use; but that is a wisdom without them, and above them, won by observation.
၃။ စာဖတ်သည် ဆိုရာ၌ ငြင်းခုံဝေဖန်ရန်၊ တစ်ဖက်လူ မှားကြောင်း သက်သေသက္ကာယ ပြရန် သက်သက် အတွက် မဖတ်နှင့်။ ပြောသမျှယုံကြည်ရန်၊ သူဆိုတိုင်း လက်ခံရန်ဖတ်ခြင်းမျိုးလည်း မဖြစ်စေနှင့်။ အလားတူ ပြောစရာဆိုစရာ ရရုံအတွက်မျှလည်း မဖတ်နှင့်။ အကျိုးအကြောင်း စဉ်းစားဆင်ခြင်ရန် ညှိနှိုင်းချင့်ချိန်ရန် အတွက်သာ ဖတ်ခြင်းဖြစ်ပါစေ။
အချို့စာအုပ်များသည် မြည်းစမ်းရန် အတွက်သာဖြစ်သည်။ အချို့သည် မြိုချရန်ဖြစ်ပြီး၊ အနည်းငယ် မျှသည်သာ ညက်ညက်ဝါးကာ အစာကြေအောင် ချေရန်ဖြစ်သည်။ ဆိုလိုသည်ကား အချို့စာအုပ်များသည် တစ်စိတ်တစ်ပိုင်း မျှသာဖတ်ရန်ဖြစ်သည်။ အချို့ကိုမူ ဖတ်တော့ဖတ်မည်၊ သို့သော် အသေးစိတ် လိုက်ရန်မဟုတ်၊ အချို့စာအုပ် အနည်းငယ်မျှကိုသာ အလုံးစုံ ကုန်စင်အောင် အာရုံစူးစိုက်မှု အပြည့်ဖြင့် ကြိုးစား အားထုတ် ဖတ်ရှုရမည်ဖြစ်သည်။
တစ်ဖန် အချို့စာအုပ်များကို တစ်ဆင့်ခံအားဖြင့်ဖတ်နိုင်၏။ သူတစ်ပါး ကောက်နုတ်ချက် ထုတ်ထားသည်များကို ဖတ်ခြင်းမျိုးဖြစ်၏။ သို့သော် ဤသည်က အရေးမကြီးလှသော အကြောင်းအရပ်မျိုး၊ အထူးဂရုပြုဖွယ် မလိုသည့် စာအုပ် စာတမ်းမျိုး အတွက်သာသင့်၏။ အကြောင်းမူ အနှစ်ချုပ် ထုတ်ထားသော စာအုပ်ဟူသည် ပေါင်းခံရေများကဲ့သို့ ပေါ့ရွှတ်ရွှတ် ဖြစ်နေတတ်သောကြောင့်တည်း။
စာဖတ်ခြင်းသည် လူအားပြည့်ဝစေ၏၊ ဆွေးနွေး ပြောဆိုခြင်းသည် အသင့်ပြင်ဆင်ပြီးဖြစ်စေ၏၊ ရေးမှတ်ခြင်းက တိကျစေပေသည်။ ထို့ကြောင့် အကြင်သူသည် ရေးကူးမှတ်သားမှု နည်းသူဖြစ်အံ့ ထိုသူ၌ အလွန်ကြီးသော မှတ်ဥာဏ်လိုအပ်မည်။ ဆွေးနွေးဖြေဆိုမှုနည်းသူကား ဇ၀နဥာဏ်ရွှင်နေမှ တော်ပေမည်။ ထိုနည်းတူ စာဖတ်နည်းသူသည်လည်း တကယ်မသိပဲ သိချင်ယောင်ထင်ရရန်အတွက် အလွန်ပါးစသူ လျှင်သူတစ်ဦးဖြစ်ရန် လိုအပ်သည်။
Read not to contradict and confute, nor to believe and take for granted, nor to find talk and discourse, but to weigh and consider. Some books are to be tasted, others to be swallowed, and some few to be chewed and digested; that is, some books are to be read only in parts; other to be read, but not curiously; and some few to be read wholly, and with diligence and attention. Some books also may be read by deputy, and extracts made of them by others; but that would be only in the less important arguments, and the meaner sort of books; else distilled books are, like common distilled waters, flashy things. Reading market a full man, conference a ready man, and writing an exact man; and, therefore, if a man write little, he had need have a great memory; if he confer little, he had need have a present wit; and if he read little, he had need have much cunning, to seem to know that he doth not.
၎။ စာအမျိုးမျိုးတို့အနက် သမိုင်းကျမ်းတို့သည် ဖတ်သူအား အမြင်ကျယ်စေသည်။ ကဗျာစာဆိုတို့ကမူ ကွန့်မြူးသော ဥာဏ်ဖြင့် ထူးကဲရှုမြင်တတ်စေသည်။ သင်္ချာကား လျင်မြန်သောဥာဏ်ကို ပေးသည်။ သဘာဝသိပ္ပံသည် ဗဟုသုတကို နက်ရှိုင်းကြွယ်ဝစေပြီး ဒဿနက တည်ကြည် လေးနက်စေသည်။ ယုတ္တိဗေဒနှင့် ၀စနာလင်္ကာရ(အာဝဇ္ဇန်း) ပညာများကမူ သူတပါးနှင့် ရင်ဆိုင်ယှဉ်ပြိုင် ပြောဆိုနိုင်ပေသည်။
ဖတ်သောစာတို့သည် ဖတ်သူ၏ စရိုက် လက္ခဏာများ အဖြစ်သို့ ကူးပြောင်းကြမြဲဖြစ်၏။
ဤမျှမကသေး အသိပညာကိစ္စနှင့် ပတ်သက်လျှင် သင့်တင့်လျှောက်ပတ်သော လေ့လာ ဆည်းပူးမှုများအားဖြင့် ရှင်းလင်းဖယ်ရှား၍ မရသော အနှေင့်အယှက် အဟန့်အတားဟူသည်လည်း မရှိပေ။ ခန္ဓာကိုယ်၌ဖြစ်သော ရောဂါတို့ကို သင့်တင့်လျှောက်ပတ်သော လေ့ကျင့်ခန်းများအားဖြင့် ကုစားနိုင်သကဲ့သို့တည်း။ ပမာဆိုသော် တစ်သားလုံးလှိမ့် ကစားနည်းသည် ကျောက်ကပ်နှင့် ကျောက်တည်ခြင်းတို့အတွက် ကောင်း၏။ လေးပစ်ခြင်းသည် အဆုတ်နှင့် ရင်ဘက်တို့အတွက် ကောင်း၏။ လမ်းဖြည်းဖြည်း လျှောက်ခြင်းသည် အစာအိမ်အတွက် ကောင်း၏ စသဖြင့်။
ထိုနည်းတူစွာ၊ အကယ်၍ တစ်စုံတစ်ယောက်သည် အကြောင်းအရာ တစ်ခုတွင် စူးစိုက်မရ အာရုံပျံ့လွင့်တက်သည် ဖြစ်ငြားအံ့၊ သူ့အား သင်္ချာကို လေ့လာစေခြင်းဖြင့် ကုစားနိုင်ပါ၏ အကြောင်းမူ စိတ်အနည်းငယ် ပျံ့လွင့်သွားသည်နှင့်တစ်ပြိုင်နက် အစမှ ပြန်ကောက်ရမည် ဖြစ်သောကြောင့်တည်း။ အကယ်၍ သူသည် ဤအရာနှင့် ထိုအရာ မခွဲခြားတတ် ၊ ကွဲပြားပုံကို မမြင်တတ်သည် ဖြစ်ငြားအံ့။ သူ့အား အလည်ခေတ် ဥရောပဒဿန ဆရာတို့၏ ကျမ်းများကို လေ့လာဖတ်ရှုစေရာ၏။ အဆိုပါဆရာများသည် "စမုန်နက်စေ့ကို ထက်ခြမ်းခွဲသူများ" ဟူ၍ပင် အခေါ်ခံရလောက်သည့် ခွဲခြမ်းစိတ်ဖြာသမားများဖြစ်သည်။ အလားတူပင် အကယ်၍ ၎င်းသူသည် အကြောင်းကိစ္စတွေ ခေါင်းထဲမှာ မနိုင်မနင်း ပြောချင်သည့်အရာကတစ်ခု ဥဒါဟရုဏ် ဆောင်သည်ကတစ်ခြား ဆိုသည်မျိုး ဖြစ်စေသော် သူ့အား ရှေ့နေကျော်တို့၏ လျှောက်လဲချက်များကို လေ့လာစေရာ၏။
ဤသို့လျှင် ဦးနောက်အသိဥာဏ်ဆိုင်ရာ ချို့တဲ့ အားနည်းချက် မှန်သမျှအတွက် သီးသန့်ကုထုံးကိုယ်စီ ရရှိနိုင်ပေသည်။
Histories make men wise; poets, witty; the mathematics, subtitle; natural philosophy, deep; moral, grave, logic and rhetoric, able to contented; About studia in mores; nay, there is no stand or impediment in the wit, but may be wrought out by fit studies, like as diseases of the body may have appropriate exercises bowling is good for the stone and reins, shooting for the lunge and breast, gentle walking for the stomach, riding for the head and the like; so, if a man's wit be wandering, let him study the mathematics, for in demonstrations, if his wit be called away never so little, he must begin again; if his wills be not apt to dustingwish or find difference, let him study the schoolmen; for they are 'cymini sectors'; if he be not apt to beat over matters, and to call upon one thing to pore and illustrate another, let him study the lawyers cases so every defect of the mind may have a special အသိပညာရှိဖို့ ဦးနောက်ကို ကျွေးရမယ့်အစာဟာ " စာဖတ်ခြင်း " ပါပဲ။
• အတွေးအခေါ် ရင့်ကျက်တည်ငြိမ်အောင် စာအုပ်ကောင်းတွေ များများဖတ်ရမယ်။
• စာများများ ဖတ်ရမယ်။ ဖတ်ပြီးသမျှ ပြန်စဉ်းစားပြီး တွေးရမယ်။ စဉ်းစားရသမျှ IDEA တွေကို လက်တွေ့ အကောင်အထည် ဖော်ဖို့ ကြိုးစားရမယ်။
• စာအုပ်များသည် စိတ်၏ အဟာရဖြစ်သည်။
• စာဖတ်ဖို့ အချိန်မရှိဘူးလို့ ညည်းညူပြောဆိုတက်သူဟာ တိုးတက်ရှင်သန်ခြင်းတံခါးကို အမြဲပိတ်ထားချင်တဲ့သူနဲ့ တူတယ်။

စကား စကား

• မမေးခင် စဉ်းစားပါ။ မဖြေခင်စဉ်းစားပါ။ မပြောခင်စဉ်းစားပါ။ ပြောပြီးလျှင် ပြင်၍မရ။

• လူပုဂ္ဂိုလ်တစ်ဦးဦးနှင့် တွေ့ဆုံသောအခါ ကိုယ့်အဖို့ရော၊ သူ့အဖို့ပါ မနှစ်မြို့စရာ ခံစားချက်မျိုး မကျန်ရစ်စေရန် ကြိုးစားပါ။


• လူတစ်ယောက် (သို့) အဖွဲ့စည်းတစ်ခုရဲ့အကြောင်းကို အကောင်းပြောစရာမရှိလျှင် ဘာမှမပြောတာ အကောင်းဆုံး။

• သူတပါးစကားကို အာရုံစိုက်နားထောင်ပါ၊ တစ်ဖက်သား စိတ်ဝင်စားမယ့် အကြောင်းရပ်ကိုပြောပါ၊ အရေးမကြီးသည့် အသေးစိတ်များကို ထည့်မပြောပါနှင့်။


• စကားတစ်လုံး ထပ်တလဲလဲ မသုံးမိအောင် ရှောင်ကြင်ပါ၊ သူတပါးစကား ကြားဖြတ်မပြောနှင့်။


• စကားကို အတိုင်းအဆနှင့်သာ ဆင်ဆင်ခြင်ခြင် ပြောသင့်သည်။ အလျှင်စလို ပြောခြင်းသည် အမှားများ၍ ဆင်ခြင်သင့်ပါသည်။ နေ့စဉ်သုံး စကားများကိုပင် အလျှင်စလို မပြောမိအောင် သတိထားသင့်သည်။


• စကားဝိုင်းတွင် အလုအယက် ပြောတတ်သူများသည် သူတပါးထံမှ အကြံကောင်း၊ ဥာဏ်ကောင်း၊ အချက်အလက်ကောင်းများကို ရနိုင်သော အခွင့်အလမ်း ဆုံးရှုံးသည်။


• စကားများများပြောသူကို လူအထင်သေးသည်။


• အသေအချာမသိသော အကြောင်းအရာကို မပြောပဲနေသည်က ပိုကောင်းသည်။


• ဒေါသထွက်လာလျှင် ဒေါသအရှိုန်မတက်မှီ ဘုရားဂုဏ်တော်ကို ကြည်ညိုရိုသေစွာ အာရုံပြုလိုက်ပါ။


• အခါအားလျှော်စွာ ချီးမွမ်းစကားပြောဆိုပါ။


• ပညာရှိတို့သည် အချင်းချင်း ချီးကျူးနေကြသည်။


• ချီးကျူးစကားသည် ပေါင်းသင်းဆက်ဆံကိုလည်း အဆင်ပြေချောမွေ့စေသည်။ ချီးကျူသူကို ချီးကျူးခံရသူက ခင်မင်နှစ်လိုသည်။


• ချီးမွမ်းစကားသည် လူ၏နှလုံးသားအတွက် နေရောင်ခြည်နှင့်တူသည်။ ချီးမွမ်းစကားမကြားရဘဲ နှလုံးသားသစ်ပင် မရှင်သန်နိုင်။


• အဆွေခင်ပွန်းချင်းရင်းနှီးစွာဖြင့် ချီးမွမ်းစကားတွေ အပြန်အလှန် ပြောကြဆိုကြတာဟာ ပျော်စရာကစားနည်းတစ်မျိုးပဲ။


• လောလောဆယ် သင်တွေ့ဆုံနေရသည့် လူတွေအကြောင်း တစေ့တစောင်း သိထားဖူးသည်ဆိုက၊ ၎င်းလူနှင့်ပတ်သက်သည့် ချီးမွမ်းစရာအချက် တစ်စုံတစ်ရာကို ရည်ညွန်းကာ စကားစတင်မည်ဆိုက အဆင်ပြေနိုင်သော သဘောရှိသည်။


• သူဘာစိတ်ဝင်စားလဲ သိအောင်စူးစမ်း၊ သဲလွန်စရှာ၊ လူတိုင်းလူတိုင်းဟာ တစ်ခုခုမှာတော့ ကျွမ်းကျင်သူချည်းပဲ၊ အရေးကြီးတာက အဲဒီအချက်ကို နှိုက်မိဖို့ပဲ၊ စမ်းကြည့်ပါလား။


• မကူညီနိုင်လျှင် မကူညီနိုင်ကြောင်းပြောရန် ၀န်မလေးပါနှင့်။ အလွယ်တကူတာဝန်မခံသင့်။
မလိုအပ်သော စကားများကို အပိုမပြောမိစေရန်ဆင်ခြင်ပါ။


• အပ်ကြောင်းထပ်စကား ခွန်အားမရှိ။


• ထောင်တန်တဲ့စကား ရယ်ရင်ပေါ့။ သူ့နေရာနဲ့သူသာ ရယ်စရာပြောသင့်သည်။


• သူတပါးကို ထိခိုက်နစ်နာစေသော ဟာသမှန်သမျှ သတိထား၍ရှောင်ရှားပါ။


• လူထုပရိသတ်ကို ဟောပြောရာတွင် ရယ်စရာပြောလျှင် ပရိသတ်ရယ်ချိန်မှာ ကိုတိုင်မရယ်မိစေရန် သတိထားပါ။ စကားပြောရင်းမရယ်သင့်ပါ။ ရယ်ရင်းနှင့်လည်း စကားမပြောသင့်ပါ။


• အလွန်ရင်းနှီးသော မိတ်ဆွေများနှင့် ဆက်ဆံမှုတွင် လွတ်လပ်မှု လွန်ကဲလာသည့်အခါ ပရမ်းပတာတွေဖြစ်လာပြီး ဒုက္ခရောက်တက်ပါသည်။


• မိတ်ဆွေတွေကို မိမိ၏ အတွင်းရေးများကို မိမိဘာသာ အလွန်အကျွန်ဖွင့်ပြောမိလျှင် နောင်ကျမှ တစိမ့်စိမ့်တွေးကာ အဲသည်လူကို မကျေနပ်သလိုလို၊ ရှက်သလိုလို၊ မကျေနပ်ချင်သလိုလို ခံစားရတက်သည်။


• ဧည့်ခံပွဲတွေမှာ လူတိုင်းက ကိုယ့်လိုပဲ ဘာလုပ်ရမှန်းမသိ ကသိကအောက် ဖြစ်နေကြတာ၊ အဲဒီချိန် လူတစ်ယောက်ကို ဖမ်းနုတ်ဆက်လိုက်၊ အဲသည်လူ ၀မ်းသာသွားလိမ့်မယ်။


• အလွယ်ဆုံးနှင့် အစွမ်းထက်ဆုံး အမေးစကားတစ်ခွန်းမှာ " ဥပမာလေးပြောစမ်းပါခင်ဗျာ " ဟူ၍ဖြစ်သည်။

ကြီးပွားချင်လျှင် ကြီးပွားမယ့် အလုပ်ပဲလုပ်

• ကြီးပွားချင်လျှင် ကြီးပွားမယ့် အလုပ်ပဲလုပ်။ လောင်းကစား အရက် မရှုပ်နဲ့ ရှိတာလေးပြုတ်သွားမယ်။
• ငွေများများ ရှာချင်ရင် သူများ မတွေးတဲ့ အတွေးမျိုးကို အတက်ပညာနဲ့ ပေါင်းစပ်ပြီး မရပ်မနား အလုပ်လုပ်။
• ငွေကို ကြိုးစားရှာပါ။ သို့သော် ကပ်စေးနဲ တွန့်တိုခြင်း၊ ပရမ်းပတာ သုံးဖြုန်းခြင်း၊ မက်မော တွယ်တာလွန်းခြင်း မဖြစ်သင့်။
• ၀င်ငွေနှင့် ထွက်ငွေ မျှတအောင် မသုံးစွဲနိုင်လျှင် ပျော်ရွှင်မှုနှင့် ဝေးမည်ပင်။
• ငွေကြေး ရှာဖွေရာတွင် ၀ီရိယလိုအပ်သည်။ ဥာဏ်လိုအပ်သည်။ သတိတရားလည်း ထားရှိရမည်။ ငွေကြေးအပေါ် မက်မောမှုလည်း ရှိရမည်။
• ငွေကို မိတ်ဆွေလိုဆက်ဆံပါ။ ရန်သူမလုပ်ပါနှင့်။ ငွေပိုရှာနိုင်သော အရည်အသွေးကို မြှင့်တင်ပါ။ အခွင့်အလမ်းကို တွေ့အောင်ရှာပါ။ မိအောင်ဖမ်းပါ။ အချိန် နှင့် မိတ်ဆွေဖွဲ့ပါ။ သင့်စုဆောင်းငွေကို အကျိုးရှိစွာ ရင်းနှီး မြုပ်နှံပါ။ ကြီးပွား ချမ်းသာလိုစိတ်မွေးပါ။
• ဆင်းရဲတွင်ထဲ ၀ုန်းခနဲတွန်းချနိုင်တာ ပျင်းရိခြင်းဆိုတဲ့ လက်တစ်ဖက်ပါပဲ။
• သူဌေးဖြစ်ချင်လျှင် ဇွဲ၊ လုံ့လ၊ ၀ီရိယရှိပါ။
• တကယ် ကြီးပွားချင်စိတ်ရှိရင် တကယ်ကြီးပွားမှာပါ။
• လောကမှာ ချမ်းသာချင်စိတ်နဲ့ တကယ်ကြိုးစားရင် မချမ်းသာတဲ့သူဆိုတာ မရှိပါဘူး။
• လုပ်စရာရှိတဲ့ အလုပ်ကို အချိန်မဆွဲပဲ ချက်ချင်းထလုပ်။ အလုပ်ထဲမှာ စိတ်ရောကိုပါ နှစ်ထားတဲအတွက် အလုပ်ရဲ့ အားနည်းချက်တွေကို သူတပါးထက်ပိုပြီး မြင်နိုင်ပါတယ်။ အောင်မြင်အောင် ဘယ်လို လုပ်ရမယ်ဆိုတာလဲ နည်းလမ်းတွေ ရလာတတ်တယ်။
• အတိတ်၊ ကံ အကြောင်း မစဉ်းစားနဲ့။ အတိတ်၊ ကံ ဆိုတာ ကိုယ် လုပ်လို့မရဘူး။ ကိုယ်နဲ့ ဘယ်လိုမှ မပတ်သက် တော့ဘူး။ လောလောဆယ် မင်းလုပ်ရမှာက လက်ရှိဘ၀ကို အကောင်းဆုံး ဖြစ်အောင်လုပ်၊ ကိုယ့်ရဲ့ လက်ရှိအခြေအနေကို တဖြည်းဖြည်း တိုးတက်အောင် လုပ်နိုင်တယ် ဆိုရင် မင်းကြီးပွားမှာပဲ။
• အလုပ်ထဲမှာ စိတ်နှစ်ကိုယ်နှစ် ပျော်ပျော်ပါးပါး လုပ်ကိုင်ပါ။
• အောင်မြင် ကျော်ကြားသူတွေရဲ့ဘ၀မှာ အရေး အကြီးဆုံးတစ်ခုက အချိန်ပဲ။ လူတစ်ယောက်ဟာ အခြား တစ်ယောက်ထက် အချိန် နှစ်ဆလောက် ပိုပြီးလုပ်မယ်ဆိုရင် သူဟာ နှစ်ရက် ရှေ့ရောက်သွားမှာပဲ။
• သင်သည် အလုပ် ကြိုးစားသူဖြစ်က တိုင်းပြည်ရှိ လူအားလုံး၏ ၅၀% ကို ကျော်လွှားပြီးသား ဖြစ်ပါလိမ့်မည်။ သင်သည် ရိုးသား ဖြောင့်မက်သူဖြစ်က နောက်ထပ် ၄၀% ကို ကျော်လွှားနိုင်သည်။
• အပြုဘက်သို့ တွေးတက်သည့် စိတ်သည် ပညာရေး၊ စီးပွားရေး၊ အားကစားရေး စသည့် မည်သည့် အရေးမဆို အောင်မြင်မှုသို့ ဦးတည်စေသည့် အခြေခံဖြစ်သည်။
• သဘာဝကို သဘာဝအတိုင်ထားပါ။

Friday, April 1, 2011

ဗန်း စကားများ

1. ATM = At the moment = ဒီခဏ၊ အခု၊ အခိုက်အတန့်မှာ
2. ;-) = wink = သိတယ် မဟုတ်လား
3. :-{ = sad face = ၀မ်းနည်းနေတယ်။
4. 10Q = thank you = ကျေးဇူး
5. 24/7 = 24 hours a day, 7 days a week = တစ်ပတ်မှာခုနှစ်ရက်၊ တစ်ရက်မှာ၂၄ နာရီ
6. brb = be right back = အခု ပြန်လာခဲ့မယ်
7. B4 = before = ...မတိုင်ခင်
8. B/C = because = ဘာဖြစ်လို့လဲဆိုတော့
9. afaik = as far as I known = ငါသိထားတာနဲ့ ဝေးလွန်းတယ်
10. asap = as soon as possible = ဖြစ်နိုင်ရင် အခုချက်ချင်း
11. cu18R = see you later = နောက်မှ တွေ့မယ်
12. u = you = သင်
13. esp = especially = အထူးသဖြင့်
14. 18R = later = နောက်မှ
15. MYOB = mind your own business = ကိုယ့်လုပ်ငန်းကိုယ် အာရုံစိုက်ပါ
16. ppl = people = လူများ
17. FYI = for your information = မင်းရဲ့ သတင်းအတွက်
18. IH8U = I hate you = မင်းကိုမုန်းတယ်
19. wtg = way to go = သွားဖို့ နည်းလမ်း
20. wtrdo'n = what are you doing = ဘာလုပ်နေလဲ
21. wuteva = what ever = ဘာပဲဖြစ်ဖြစ်
22. wuz = was = N/A
23. xcuz = excuse = ခွင့်ပြုပါ
24. whoz = who is = ဘယ်သူရဲ့
25. xqzme = excuse me = င့ါကို ခွင့်ပြုပါ
26. xlnt = excellent = အကောင်းဆုံး
27. yw = you are welcome = ကြိုဆိုပါတယ်
28. yvw = you are very welcome = ကြိုဆိုပါတယ်
29. yt = you there = မင်းဒီမှာ လား
30. yrs = years = နှစ်များ
31. ya = yes = ဟုတ်ကဲ့
32. uno = you know = မင်းသိတယ်
33. U/I = upload = file ကို web ပေါ်တင်ခြင်း
34. da = the = N/A
35. hw = home work = အိမ်စာ
36. d/l = download = web ပေါ်မှ file ကို ရယူသည်
37. duz = does = N/A
38. h/o = hold on = ဆက်လုပ်
39. h8 = hate = မုန်းတယ်
40. goin = going = သွားခြင်း
41. goz = go to = သွားရန်
42. gn = good night = မင်္ဂလာညပါ
43. duz = does = N/A
44. duznt = doesn't = N/A
45. e1 = everyone = လူတိုင်း
46. ez = easy = အလွယ်လေး
47. fu = follow up = နောက်ဆက်တွဲ
48. gbu = god bless you = ဘုရားသခင် ကောင်းချီးပေးပါစေ
49. gimme = give me = ပေးပါ
50. gi = good job = အလုပ်ကောင်း
51. 8 = ate = စားသည်
52. BB = bye bye = တာ့တာ
53. KK = OK = အိုကေ
54. obtw = oh..by the way = ဒါနဲ့ ..စကားမစပ်
55. lol = laugh out loud = ရယ်လိုက်ရတာ
56. BRB = be right back = ပြန်လာခဲ့ပါ
57. coz = cause = အကြောင်းက
58. noob = = လူသစ်
59. m4dskIIIZ = တစ်ခုခုတွင် အထူးကျွမ်းကျင်သည့်လူ
60. joo = ဗန်းစကားပြောခြင်း
61. IMHO = In my honest opinion = ငါ့ရဲ့ အရိုးဆုံးဆန္ဒက
62. b4k4 = တစ်ကိုယ်ကောင်းဆန်သူ
63. gg = good game = ပွဲကြီးပွဲကောင်း
64. pron = porn ကို ကျော်သည်
65. pwn = လွှမ်းမိုးခြင်း
66. ub3r = ကျော်လွှားရယူသည်
67. woot = ၀မ်းသာအံ့သြစွာ ပျော်ရွှင်မှု...
68. ull = you'll = N/A
69. uno? = you know? = မင်းသိလား
70. ur = you are = မင်းဟာ...
71. v v = vice vesa = အပြန်အလှန်အားဖြင့်
72. w8 = wait = စောင့်ပါ
73. w/ = with = ..နှင့်..
74. w/e = whatever = ဘာပဲဖြစ်ဖြစ်
75. w-end = weekend = နောက်ဆုံးရက်သတ္တပတ်
76. w/o = without = မပါဘဲ
77. wazzup = what up? = ဘာဖြစ်တာလဲ
78. wanna = want to = ဆန္ဒရှိတယ်
79. wb = welcomeback = ပြန်လာတာ ကြိုဆိုပါတယ်
80. ltnc = long time no see = မတွေ့တာကြာပြီ
81. u'd = you had = N/A
82. wnwu = what new with you = ဘာသတင်းတွေ မင်းမှာရှိသလဲ
83. wru = who are you? = မင်းဘယ်သူလဲ
84. Ruok = are you ok? = အဆင်ပြေလား
85. PAW = parents are watching = မိဘတွေ ကြည့်နေတယ်
86. OIC = oh, I see = ငါသိပြီ
87. NP = no problem = ပြဿနာမရှိ
88. NO1 = no one = ဘယ်သူမျှ
89. NE1 = anyone = လူတစ်ယောက်မျှ
90. NE = any = N/A
91. Lv = love = အချစ်
92. >^,,^< = cat = ကြောင် 93. CYA = see ya = တွေ့မယ်လေ 94. %-) = confused = 95. ... :-> = hay = (အော်..ခေါ်တဲ့အသံ)
96. :-| = hmm = ဟမ်!
97. #:-o = oh! no = အို..ဟင့်အင်း
98. { } = no comment = ထင်မြင်ချက် မပေး
99. : - x = tongue-tied = ပါးစပ်ချုပ်ထားတယ်
100. : - # = my lips are sealed = ပါးစပ် ကော်ကပ်ထားတယ်
101. :- e = dissapointed = အားငယ်တယ်
102. :- (*) = sick comment = ဖျားနာနေတယ်
103. :^D" = great! I like it = ကောင်းတယ် ကြိုက်တယ်
104. :-( = totally inbelievale = မယုံကြည်နိုင်လောက်အောင် ၀မ်းနည်း
105. :-@ = screaming = အလွန်
106. (:-) = blad = ထိပ်ပြောင်ပြောင်နဲ့
107. :-|| = angry = ဒေါသဖြစ်တယ်
108. <3 you ="">
109. (:-...= broken = အသည်းကွဲနေတယ်
110. @}...,..=rose=နှင်းဆီသင်္ကေတ
111. :-v=talking=စကားပြောလေ
112. :-(o)=shouting = အော်နေတယ်
113. >:-( = very angry=အရမ်းစိတ်ဆိုးတယ်
114. |-| = sleeping = အိပ်ပျော်နေတယ်
115. gt8 = great = ခမ်းနားတယ်
116. hb = hurry back = အမြန်ပြန်ခဲ့
117. hud = how you doing? = ဘယ်လို လုပ်တာလဲ
118. ibyp = I beg your pardon = တောင်းပန်ပါတယ်
119. idk = I don't know = ငါမသိဘူး
120. Ilu = I love you = မင်းကိုချစ်တယ်
121. gonna=going to= သွားတော့မလို့...
122. gl=good luck=ကံကောင်းပါစေ
123. gm=good morning=မင်္ဂလာနံနက်ခင်း
124. ROFL=rolling on floor laughing=လူးလိမ့်နေအောင် ရယ်သည်
125. tgif=thank god it's friday = -
126. w8ing=waiting = စောင့်စိုင်းခြင်း
127. piss-->=piss off= ထွက်သွား
128. runu?=Are you nuts?= မင်းရူးနေလား
129. BCNU=be seeing you= တွေ့ရတာ
130. B2B=business to business= စီးပွားရေးဆန်သော ဆက်သွယ်မှု
131. P2P=peer to peer= P2P connection
132. g2g=google to guy= google မှ မှာကြားမှု
133. gtg=got to go= သွားလို့ရပြီ
134. GR8=great= ကြီးကျယ်ခမ်းနားတယ်
135. g2g=guy to girl= ယောကျာ်းလေးမှ မိန်းကလေး
136. IYQ=I Like you= မင်းကို နှစ်သက်တယ်
137. HQ=hate= မုန်းတယ်
138. HAND=have a nice day= မင်္ဂလာရှိသော နေ့ဖြစ်ပါစေ
139. sos=save our doul =ကယ်ပါ
140. soz=sorry= ၀မ်းနည်းပါတယ်
141. DYLM=do you like me= မင်းငါ့ကို ကြိုက်ရဲ့လား
142. f2T=free to talk = လွတ်လွတ်လပ်လပ်ပေါ့
143. k=okay= အိုကေ
144. Pls=please= ကျေးဇူးပြု၍
145. asl=age, sex, location= အသက်၊ လိင်၊ တည်နေရာ
146. %-}=intoxicated= ထိန်းမနိုင် သိမ်းမရပါလား
147. |-o=snoring= အိပ်ပျော်ရင်း ဟောက်တတ်သူ
148. =|:-) = uncle sam = အမေရိကန် သင်္ကေတ
149. @:-) = using a turban = ပန်ချာပီခေါင်းပေါင်းနဲ့ပါလား
150. MM = Myanmar = မြန်မာသင်္ကေတ
151. <:-| = Monk/Nun = ဘုန်းကြီး 152. <|-) = chinese = တရုတ်သင်္ကေတ 153. :-{) = with a moustache = နှုတ်ခမ်းမွေးကြီးနဲ့ 154. :-{} = lip strick = နှုတ်ခမ်းနီ 155. :-? = smoking a pipe = ဆေးတံသောက်နေတယ် 156. :-)))) = a person with multiple chins = မေးအထပ်ထပ်နဲ့လူ (အတ္တကြီးတဲ့လူ) 157. £$£:-) = I m rich! = လူချမ်းသာ 158. }:-(= = dracula = သွေးစုပ်ဖုတ်ကောင် 159. B-) = sunglasses = နေကာမျက်မှန်များ 160. B:-) = sunglasses on head = မျက်မှန်ခေါင်းပေါ်တင်ထားတယ် 161. o||o = cock = မအား 162. ('}{') = kissing lovers = ချစ်သူတွေအနမ်း 163. :* = kiss = အနမ်း 164. :o* = kiss = အနမ်း 165. :x = secret's safe = လျှို့ဝှက်ချက်ရှိတယ် 166. o:- = Angel = နတ်သမီး 167. :*)? = Are you drunk? = သောက်ထားလား 168. :-ozz zz ZZ = bored or tired = ပျင်းနေလား၊ မောပန်းနေလား 169. }):(} = butterfly = လိပ်ပြာ သင်္ကေတ 170. e=:-) = chef = လူကြီး 171. >:-) = devil = နတ်ဆိုး
172. };-)> = devil = နတ်ဆိုး
173. 9) = taog = N/A
174. 5:-) = prestey = ပရက်စလေ
175. @:-) = presley = ပရက်စလေ (အဆိုတော် ပရက်စလေ၏ သင်္ကေတ)
176. :-% = get lost = ရှုံးခဲ့ပြီ
177. :-]= =goofy = ကြောင်တောင်တောင်ပဲ
178. :-s = not making sense = အာရုံမရှိ
179. (-.-)Zzz = Sleep = အိပ်ပျော်နေတယ်
180. :***~) = wearing body glitter = ကိုယ်ရောင်ကိုယ်ဝါ ထွက်နေပါလား
181. :'-) = crying = ငိုမိတယ်
182. :-{} = wearing lipstick = နှုတ်ခမ်းနီ ဆိုးထားတယ်
183. 8(:-) = Mickey Mouse = ကြွက်
184. :-p = naughty = လူဆိုးလေး (စနောက်ခြင်း)
185. =^) = open minded = ကျယ်ပြန့်တယ်
186. :@) = pig = ၀က်
187. (8-) = Alternative! = ဟော့ရှော့
188. ^(00)^ = spider = ပင့်ကူ
189. (:::[]:::) = plaster = ပလာစတာ
190. 9) = frog = ဖား

အမျိုးသမီးတိုင်း သိထားသင့်သော သွေးဆုံးကိုင်ခြင်း ဝေဒနာ

ကျွန်မတို့အမျိုးသမီးတွေဟာ သွေးဆုံးကိုင်ခြင်း လက္ခဏာတွေကို သိထားသင့်ပါတယ်။ ဒီလက္ခဏာတွေကို မသိထားရင် ရောဂါပေါင်းစုံ ဝင်ရောက်လာတယ်လို့ ထင်မှတ်မှားကာ ဆေးများမှားယွင်းပြီး သုံးစွဲမိပါက အန္တရာယ်ရှိတတ်တာကြောင့် ကြိုတင် သိရှိထားသင့်ပါတယ်။

ဘယ်အချိန်မှာစဖြစ်သလဲ
သွေးဆုံးကိုင်ခြင်းဝေဒနာဟာ ပုံမှန်အားဖြင့် အသက် ၄၇ နှစ်အရွယ်မှာ စတင်ဖြစ်တတ်ပါတယ်။ အချို့သော အမျိုးသမီးတွေဟာ အသက် ၃၀ အရွယ်မှာ စတင်ဖြစ်တတ်ပါတယ်။ သွေးဆုံးကိုင်ခြင်းဟာ အမျိုးသမီးတွေ သွေးမဆုံးမီ သုံးနှစ်မှ ရှစ်နှစ်အတွင်း ဖြစ်နိုင်ပါတယ်။

ဘာကြောင့်ဖြစ်ရပါသလဲ
အမျိုးသမီးတွေရဲ့ သားဥအိမ်မှ မဟော်မုန်းများ( estrogen နဲ့ progesterone)ထုတ်လုပ်မှု ရပ်တန့်ချိန်ရောက်တာကြောင့် ဖြစ်ပါတယ်။ အချို့ အမျိုးသမီးများဟာ ရာသီသွေး အလွန်အကျွံလာနိုင်ပြီး အချို့အမျိုးသမီးများမှာ ရာသီသွေး အလွန်နည်းနေရာမှ သွေးဆုံးခြင်း ဖြစ်လာပါတယ်။

ဘယ်လိုလက္ခဏာတွေ တွေ့နိုင်ပါသလဲ
အမျိုးသမီးအများစုဟာ
• ညဘက်တွင် ကောင်းစွာအိပ်မပျော်ခြင်း၊
• ချွေးထွက်လွန်၍ ပူခြင်း၊
• နားအူခြင်း၊
• စိတ်ထိခိုက်လွယ်ခြင်း၊
• စိတ်ရှုပ်ထွေးခြင်း၊
• စိတ်အာရုံကို ကောင်းစွာမစုစည်းနိုင်ခြင်း၊
• ခန္ဓာကိုယ်အားနည်းခြင်းနှင့် မောပန်းလွယ်ခြင်းတို့ ဖြစ်နိုင်ပါတယ်။

ဘယ်လိုကာကွယ်နိုင်သလဲ
Jonet Helfand ဆိုတဲ့ အမျိုးသမီးတစ်ဦးဟာ အသက် ၄၁ နှစ်အရွယ်မှာ ပဋိသန္ဓေတားဆေး (oral contraceptives) စတင်သုံးစွဲရာမှ သွေးဆုံးခြင်းကြောင့်ဖြစ်တဲ့ ချွေးထွက်လွန်၍ ပူနွေးခြင်း၊ ခန္ဓာကိုယ်ရောင်ခြင်း၊ အန်းခြင်းလက္ခဏာတွေ ပျောက်ကွယ်သွားတာကို တွေ့ရပါတယ်။ ဒါ့အပြင် ဦးနှောက်ကြည်လင်လာပြီး ခံစားရခက်နေတဲ့ ဝေဒနာတွေပါ ပျောက်ကင်းသွားတာကို တွေ့ရပါတယ်။ Robin Berkley ဆိုတဲ့ အသက် ၄၀ နှစ်အရွယ်ရှိတဲ့ အမျိုးသမီးက Hormone Replacement Therapy (HRT) သုံးခြင်းဖြင့် သွေးဆုံးကိုင်ခြင်းလက္ခဏာ ပျောက်ကင်းကြောင်း ပြောကြားခဲ့ပါတယ်။ ခန္ဓာကိုယ်က လိုအပ်နေတဲ့ oestrogen နဲ့ progesterone ပမာဏကို ပြန်လည်ဖြည့်တင်းပေးခြင်း (HRT) နည်းဖြင့် ရောဂါ သက်သာနိုင်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။ Vitamin E ပါဝင်တဲ့ အစားအစာများ၊ ပဲပိစပ်များစားပေးပါက သက်သာနိုင်ကြောင်း သိရှိရပါတယ်။

ချောကလက်မြို့သူများအတွက်ကျန်းမာရေးဗဟုသုတ။ အားလုံးကျန်းမာရွင်လန်းကြပါစေ။



More info : http://groups.google.com/group/myanmar-daily-info-n-general-knowledge/subscribe?hl=en


With Best Regards,

သင့် နံနက်စာကို ဖျော်ရည် တစ်ခွက်နှင့် တွဲဖက် စားသုံးပါ

နံနက်ခင်း စောစောမှာ အစာစားဖို့ ဘာကြောင့် လိုအပ်လဲဆိုတာ သင်လည်း သိမှာပါနော်။ တစ်နေ့လုံး တက်ကြွ ရွှင်လန်းစွာ သွားလာ လှုပ်ရှားနိုင်ဖို့ နံနက်စာက သင့်အတွက် လောင်စာ တစ်မျိုးပါပဲ။ အာဟာရ ပြည့်ဝတဲ့ နံနက်စာက သင့် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ခွန်အားတွေကို ပေးစွမ်းနိုင်ပါတယ်။ တကယ်လို့ သင်က အလုပ် တစ်ခုခုကြောင့်၊ အရေးကြီး ကိစ္စတွေ ရှိတာကြောင့် နံနက်စာ မစားမိတဲ့အခါ တစ်နေကုန်ရင် ခံသွားပြီး နေ့လယ်စာပါ စားမဝင်နိုင်တာမျိုး ဖြစ်တတ်ပါတယ်။ ဒါမှမဟုတ် နေ့လယ်စာကို ပိုစားမိတာမျိုးတွေ ဖြစ်တတ်ပါတယ်။ နံနက်စောစော အချိန်ဟာ လူတစ်ယောက်အတွက် အားအင်တွေ အပြည့်အဝ ရှိနေရမယ့် အချိန်ပါ။ နံနက် အိပ်ရာထချိန်မှာ သင်ဟာ အစာနဲ့ ၁ဝနာရီလောက် ကင်းကွာ နေပါလိမ့်မယ်။ အဲဒီလောက် ကင်းကွာနေပြီး အိပ်ရာနိုးချိန်မှာ နံနက်စာ မစားဘဲ နေမယ်ဆိုရင် သင့်အစာအိမ်ကို ဒုက္ခပေးနိုင်သလို သင့်ရဲ့ တစ်နေ့တာ လှုပ်ရှားတာတွေကိုလည်း နှေးကွေး စေပါတယ်။

နံနက်စာ မစားလို့ နေ့လယ်စာ ပိုစားမိပြန်တော့လည်း သင့်ခန္ဓာကိုယ် အလေးချိန်ကို ထိန်းမထားနိုင်တာတွေ ကြုံတွေ့နိုင်ပါတယ်။ သင်ဟာ နံနက်စာကိုသာ ကောင်းကောင်း စားထားမယ်ဆိုရင် သင့် တစ်နေ့တာအတွက် အလွန် အကျိုးရှိနိုင်သလို နေ့လယ်နေ့ခင်း သရေစာ စားသောက်တာလည်း လျော့နည်း သွားနိုင်ပါတယ်။ ဒါကြောင့် သင့်ရဲ့ တစ်နေ့တာ လုပ်ဆောင်တာတွေကို ခွန်အားအပြည့်နဲ့ တက်တက်ကြွကြွ လုပ်ဆောင်နိုင်ဖို့ အာဟာရ ပြည့်ဝတဲ့ နံနက်စာကို မှန်မှန်ကန်ကန် ရွေးချယ် စားသောက်တတ်ဖို့ လိုအပ်ပါတယ်။ မှန်ကန်တဲ့ နံနက်စာ ရွေးချယ် စားသောက်မှု ဆိုတာက အဆီ၊ ကိုလက်စထရောနဲ့ ဆား(အငန်ဓာတ်) ပါဝင်မှု နည်းတဲ့ အစားအစာတွေ စားသုံးတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် အာဟာရ ပြည့်ဝပြီး ခွန်အား ဖြစ်စေတဲ့ နံနက်စာကို ရွေးချယ် စားသောက်နိုင်အောင် ဖော်ပြ လိုက်ရပါတယ်။

* နံနက်စာကို ဂျုံအပြည့် အဝပါဝင်တဲ့ ပေါင်မုန့်၊ နံပြား၊ ခေါက်ဆွဲ စတာတွေ စားပေးရပါမယ်။

* အဆီ ထုတ်ထားတဲ့ နို့နဲ့ နို့ထွက် ပစ္စည်းတွေ ဒါမှမဟုတ် သစ်သီးဖျော်ရည် တစ်ခုခုကိုပါ သောက်သုံး ပေးရပါမယ်။

* သစ်သီး ဖျော်ရည်ကို ဗီတာမင် စီဓာတ် အပြည့်အဝပါဝင်တဲ့ စတော်ဘယ်ရီသီး၊ သံပရာသီးတွေကို ဖျော်ရည်ပြုလုပ်ပြီး သောက်သုံး ပေးနိုင်ပါတယ်။

* ဒါပေမဲ့ နံနက်စာကို အာလူးကြော်၊ အီကြာကွေး၊ စမူဆာ၊ ပလာတာ၊ ဘူးသီးကြော် စတဲ့ ထပ်ကာ ထပ်ကာ အသုံးပြုထားတဲ့ ပြန်ကြော်ဆီနဲ့ ကြော်ထားတဲ့ အစားအစာ တွေကိုတော့ လျှော့စား သင့်ပါတယ်။


ဒီနေ့ကစလို့ သင်ရဲ့ နံနက်စာ စားသောက်ပုံကို ပြောင်းလဲ သင့်ပါပြီ။ နံနက်စာက သင်ရဲ့ တစ်နေ့တာအတွက် အရေးပါ အရာရောက်တဲ့ အစိတ်အပိုင်း တစ်ခုဖြစ်ကြောင်း သင် လက်ခံတယ်ဆိုရင် ဒီနေ့ပဲ ပြောင်းလဲ လိုက်ကြပါစို့။ နံနက်စာကို ကော်ဖီ၊ လက်ဖက်ရည်တို့ သောက်မယ့်အစား သစ်သီး ဖျော်ရည် တစ်ခုခုနဲ့ တွဲဖက် စားသုံးတာက သင့်ကို ကျန်းမာ နုပျို စေပါတယ်။ ဒါ့အပြင် ဝမ်းမှန်စေတာကြောင့် သင့် တစ်နေ့တာလုံး ပေါ့ပါး သွက်လက်စွာ လုပ်ကိုင် ဆောင်ရွက်နိုင်မှာပါ။ လတ်ဆတ်တဲ့ သစ်သီးဖျော်ရည် တစ်ခွက်မှာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပြည့်ဝစွာ ပါဝင်ပါတယ်။

ဗီတာမင်အေ က သင့်အမြင်ကို ကြည်လင်စေပြီး အသားအရေ လှပစေပါတယ်။ ဗီတာမင်ဘီ အုပ်စုက ခန္ဓာကိုယ်မှာ တစ်သျှုး အသစ်တွေ ဖြစ်ပေါ်စေခြင်း၊ စွမ်းအင်အဖြစ် ပြောင်းလဲ ပြုလုပ်ပေးခြင်း၊ သွေးနီဥတွေ ဖြစ်ပေါ်စေခြင်း၊ အာရုံကြောတွေ အားကောင်းစေခြင်း ဖြစ်စေပါတယ်။ ဗီတာမင်စီ က ခန္ဓာကိုယ် အတွက် သံဓာတ်စုပ်ယူမှုကို အားပေးပါတယ်။ သွားနဲ့ သွားဖုံးတွေကို ခိုင်ခံ့ကျန်းမာစေပြီး ဆဲလ်အသစ် ဖြစ်ပေါ်စေတာကြောင့် အနာကျက် မြန်စေပါတယ်။ ဗီတာမင်ဒီ က အရိုးနဲ့ သွားတွေကို သန်မာစေပါတယ်။ ဗီတာမင်အီး က အိုမင်းရင့်ရော်စေတဲ့ ခန္ဓာကိုယ်တွင်းရှိ ဓာတ်တိုး ပစ္စည်းတွေကို ဟန့်တားပေးတဲ့ အင်တီ အောက်ဆီးဒင့် အဖြစ် လုပ်ဆောင် ပေးပါတယ်။ ဗီတာမင်ကေ က သာမန် သွေးခဲတာကို အားပေးပါတယ်။ ဖောလစ်အက်စစ် ကီဗြီ ဖြစ်ပေါ်မှုနဲ့ သွေးနီဥ ဖြစ်ပေါ်တာကို အားပေးပါတယ်။ သင့် နံနက်စာကို ဖျော်ရည်တစ်ခွက်နဲ့ တွဲဖက် သောက်သုံး လိုက်ရုံနဲ့ သင့် ခန္ဓာကိုယ်အတွက် အကျိုးရှိတဲ့ ဗီတာမင်ဓာတ်တွေကို ရရှိ နိုင်ပါတယ်။

ဆေးလိပ်သောက်သူများ အဆုတ်သန့်ရှင်းစေသောနည်း(ဆေးချိုးခွာနည်း)

ဆေးလိပ်သောက်ခြင်းမှာ ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေနိုင်သည်ကို

သိကြသော်လည်း ဆေးလိပ်စွဲနေပြီး ဆေးလိပ်မဖြတ်နိုင်ကြသူများအတွက် အဆုတ်သန့်ရှင်းနည်း

(ဝါ) အဆုတ်တွင်ကပ်နေသော နီကိုတင်းဆေးချိုး၊ ဆေးချေး(ကြေး)များ ကွာကျစေသည့်နည်းကို

တင်ပြအပ်ပါသည်။ ထို့အပြင် ဆေးလိပ်စွဲမြဲစွာ သောက်သုံးခဲ့ပြီး ဆေးလိပ်ဖြတ်သူများလည်း အဆုတ်

သန့်ရှင်းအောင် ပြုလုပ်ရန် သင့်လျှော်သောနည်း ဖြစ်ပါသည်။

နည်းစနစ်မှာ အောက်ပါနည်းဖြင့် ပြုလုပ်ရပါမည်-

လူတိုင်းနီးပါးသိရှိသော လောက်သေပင်မှ လောက်သေရွက် (၅) ကျပ်သား ခူးယူပြီး ရေမတ်ခွက်

သုံးခွက်နှင့် ပြုတ်ကျိုပါ။ ရေမတ်ခွက်တစ်ခွက်စာကျန်လျှင် အအေးခံစစ်ယူပြီး ထိုပြုတ်ရည်အား

တစ်နေ့တည်း ကုန်အောင် သောက်ပေးပါ။ ထိုသို့ (၅) ရက်ဆက်တိုက်သောက်ပေးလျှင် ဆေးချိုး၊

ဆေးချေး(ကြေး) များကွာကျပြီး အဆုတ်သန့်ရှင်းသွားပါလိမ့်မည်။ ဆယ်ရက်ခန့်အထိ ဆက်တိုက်

ပြုလုပ် သောက်နိုင်ပါသည်။ ဆေးချိုး(ကြေး) များ ကွာကျသွားလျှင် အသက်ရှူ ၍ ပိုမိုကောင်းမွန်

လာပြီး သိသာစွာ လန်းဆန်း ပေါ့ပါး လာပါလိမ့်မည်။

အထက်ပါနည်းစနစ်က အဆုတ်တွင် အနာပေါက်သူ၊ တီဘီရောဂါကိုပင်

တစ်လမှ သုံးလအထိ ဆက်တိုက်မှန်မှန် သောက်ပေးခြင်းဖြင့် အဆုတ်နာရောဂါ သက်သာပျောက်

ကင်းသူ ရှိခဲ့ပါသည်။ ထို့အပြင် မည်သည့်ဘေးထွက်ဆိုးကျိုးမျှမရှိဘဲ အဆုတ်ကို စင်ကြယ်

ကောင်းမွန်စေပါသည်။

Multiple Sclerosis ရောဂါအကြောင်း

Multiple Sclerosis ဆိုတာဘာလဲ ?

Multiple Sclerosis ဆိုတာ လူသိနည်းတဲ့ရောဂါတွေထဲမှာ တစ်ခုအပါအ၀င်ဖြစ်ပါတယ် ။ UK နိုင်ငံမှာဆိုရင် လူ ဦးရေ တစ်သိန်းမှာ ၁၂၀ ယောက်ဖြစ်ပွားနှုန်းရှိပြီး နှစ်စဉ်တွေ့ရှိမှုနှုန်းကတော့လူဦးရေ တစ်သိန်းမှာ ၇ ယောက် ခန့်ရှိပါတယ် ။ အပူပိုင်းဒေသတွေနဲ့ ဥရောပမြောက်ပိုင်း တွေမှာအဖြစ်များပြီး မိန်းမတွေ မှာ ယောင်္ကျားတွေထက် ဖြစ်ပွားမှုနှုန်း ၂ ဆပိုများပါတယ် ။ Multiple Sclerosis ကိုဖြစ်ပွားစေတဲ့ အချက်တွေကတော့ genetic ဆိုင်ရာ
အ ချက်ပေါင်း များစွာနဲ့ ပတ်ဝန်းကျင် ( Environmental ) ဆိုင်ရာ အချက်ပေါင်းများစွာရှိပါတယ် ။ မျိုးရိုး လိုက်ဖြစ် ပွားမှုနှုန်းဟာ ၁၅% ရှိပါတယ် ။

Immune စနစ်အရာ CSF လို့ခေါ်တဲ့ ဦးနှောက်နှင့်ခါးရိုးအတွင်းအား ဆက်နွယ်ထားသော လမ်းကြောင်း အတွင်း မှ အရည်( Cerebro-spinal Fluid) အတွင်းမှာ လှုပ်ရှားသက်ဝင်နေတဲ့ T Lymphocytes တွေ မြင့်မား လာပါတယ် ။ဦးနှောက်အာရုံကြော စနစ်အတွင်းမှာလည်း Immunoglobulin ထုတ်လုပ် မှုဖြစ်စဉ်ဟာ မြင့်မား လာပါတယ် ။ Multiple Sclerosis မှာ ဦးနှောက်နှင့် အာရုံကြောရောင် ရမ်းခြင်း တိုက်ခိုက် မှုဟာ သွေးနှင့်ဦးနှောက်အတွင်းလုပ်ဆောင်သူ ( Blood-brain barrier) တွေမှ တဆင့် လှုပ်ရှား သက်ဝင်နေတဲ့ T Lymphocytes တွေ ထိုးဖောက်ဝင်ရောက်ခြင်းမှ စတင် ပါတယ် ။

ရောဂါလက္ခဏာတွေက ဘာတွေလဲ ?

အဖြစ်များတဲ့ လက္ခဏာတွေကတော့

-အမြင်အာရုံချို့တဲ့ခြင်း
-အာရုံခံခြင်းနှင့်ဆိုင်သော လက္ခဏာများ ခဏခဏ ပြန်လည်ဖြစ်ပွားခြင်း
-နာကျင်ခြင်းကင်းမဲ့သော Subacute spinal cord lesion
-လက်နှစ်ဖက်တွင် လတ်တလောလှုပ်မရခြင်းနှင့် စွမ်းဆောင်ရေများ ဆုံးရှုံးခြင်း (Dorsal column deficit)
-Cranial အာရုံကြော ၆ ခြောင်းမြောက် ချို့ယွင်းခြင်း

အခြားလက္ခဏာများနှင့် CNS Demyelination ၏ ရောဂါဖြစ်စဉ်များ

-အမြင်အာရုံသိမ်ငယ်ခြင်းနှင့်ချို့ယွင်းခြင်း (Afferent pupillary defect)
-ကျောရိုးဆစ် ၊ ခြေလက်များနှင့် လည်ဂုတ်ပိုင်းတွင် ထုံကျင်ခြင်း (Lhermitte's symptom)
-ကိုယ်တစ်ခြမ်းလှုပ်မရခြင်း (Paraparesis)
-ခြေလက်နှင့်ခန္ဓာကိုယ်တုန်ယင်ခြင်း (Postural tremor)
-မျက်နှာရွဲ့ခြင်း ခဏခဏဖြစ်ပေါ်ခြင်း
-Trigeminal neuralgia နှင့် Partial Brown-Sequard syndrome

အာရုံကြောချို့ယွင်းခြင်း demyelinating lesions မှာ သူ့ရဲ့လက္ခဏာ ဖြစ်စဉ်တွေဟာ လတ်တလော အနေ နဲ့ နေ့ရက် (သို့မဟုတ်) ရက်သတ္တပါတ်မျှ ဖြစ်ပွားပြီး ရက်သတ္တပါတ်အနည်းငယ်နဲ့ လအနည်းငယ်မှာပဲ ပြန်ကောင်း သွားလေ့ရှိပါတယ် ။ တခါတလေမှာတော့ လေဖြတ်ခြင်းဆန်ဆန် ဖြစ်စဉ်တွေကိုတွေ့ရလေ့ရှိပါတယ် ။

ဘယ်လိုစမ်းသပ်စစ်ဆေးခြင်းတွေနဲ့ သိနိုင်မလဲ ?

Multiple Sclerosis ကိုသိနိုင်မယ့် တိကျတဲ့ စမ်းသပ်စစ်ဆေးခြင်းဆိုတာ မရှိပါဘူး ။ ဓါတ်ခွဲစမ်း သပ်စစ်ဆေး မှုတွေက ရလာတဲ့အဖြေကို ရောဂါလက္ခဏာတွေနဲ့ ယှဉ်တွဲပြီး ဖြစ်နိုင်ခြေကို တွက်ထုတ် ရတာမျိုးဖြစ်ပါတယ် ။ အခြားဖြစ်နိုင်ခြေတွေကို ဖယ်ထုတ်ဖို့ (Exclude) နဲ့ demyelination ဖြစ်စဉ်ကို သတ်မှတ်ဖို့ စမ်းသပ် စစ်ဆေးမှုတွေကတော့

-MRI , Myelography
-Visual evoked potentials
-အခြား evoked potentials
-CSF Examination (ခါးဆီဖောက်၍ စစ်ဆေးခြင်း)
* cell count
* Protein electrophoresis ( Oligoclonal bands)
* Chest X Ray ( ရင်ဘတ်ဓါတ်မှန်ရိုက်ခြင်း)
-Serum angiotensin-converting enzyme (ACE) - sarcoidosis
(သွေးရည်ကြည်ထဲရှိ အင်ဇိုင်းစစ်ဆေးခြင်း)
-Serum B12
-Antinuclear antibodies - SLE
-Antiphospholipid antibodies စသည်တို့ပဲဖြစ်ကြပါတယ် ။

Multiple Sclerosis ကိုဘယ်လိုကုသမလဲ ?



Multiple Sclerosis ကိုကုသဖို့ဆိုရင်
၁ ။ လတ်တလောဖြစ်ပွားခြင်း ( acute relapse ) ကိုကုသခြင်း
၂ ။ နောက်ပိုင်းပြန်လည်ဖြစ်ပွားမှုအား ကာကွယ်ခြင်း
၃ ။ နောက်ဆက်တွဲပြဿနာများ ( complications) များအား ကုသခြင်း
၎ ။ လူနာ၏ ချို့ယွင်းချက်များ (Disability ) အားကုသခြင်း စသည်တို့ပါဝင်ပါတယ် ။

၁ ။ လတ်တလောဖြစ်ပွားခြင်း ( acute relapse ) ကိုကုသခြင်း

- Methyl prednisolone iv ( 1g နေ့စဉ် ၃ ရက် ) or orally ( 500mg နေ့စဉ် ၅ ရက်)
Steroids တွေအကြာကြီးပေးနေခြင်းဟာလည်း ရေရှည်ဖြစ်လာမယ့် အရာ ( outcome) ကို မပြောင်းလဲပစ်နိုင်ပါဘူး ။

၂ ။ နောက်ပိုင်းပြန်လည်ဖြစ်ပွားမှုအား ကာကွယ်ခြင်း

Azathioprine ကဲ့သို့ Immunosuppressive ဆေးတွေဟာ ပြန်လည်ဖြစ်ပွားမှုကို လျော့ကျစေပါတယ် ။ ရေ ရှည် အနေနဲ့ လည်းကောင်းပါတယ် ။ ခဏခဏပြန်လည်ဖြစ်ပွားနေတဲ့ Multiple Sclerosis မှာတော့ Subcutaneous or IM Interferon beta-1a/b ဟာ ပြန်လည်ဖြစ်ပွားတဲ့အကြိမ်အရေအတွက်ကို ၃၀% ထိလျော့ ချပေးပါတယ် ။ Glatiramer acetate မှာလည်းအလားတူအစွမ်းရှိပါတယ် ။ အထူးအာဟာရတွေဖြစ်တဲ့ Gluten-free , linoleic acid supplements , hyperbaric oxygen therapy တို့ဟာလည်း လူ နာတွေကြား မှာ ရေပန်းစားပါတယ် ။ ဒါပေမယ့် ပိုပြီးကောင်းလာစေတဲ့အချက်တော့မှရှိပါဘူး ။

၃ ။ နောက်ဆက်တွဲပြဿနာများ ( complications) များအား ကုသခြင်း

အရေးကြီးတာက ရောဂါရဲ့ ဘဘာသဖြစ်စဉ်ကို လူနာကို သေချာရှင်းပြဖို့ပါပဲ ။ ဖြစ်ပေါ် လာတဲ့ နောက် ဆက် တွဲ ဆိုး ကျိုးတွေအရ ကုသမှုပေးခြင်းဖြစ်ပါတယ် ။

ဥပမာ (၁) Spasticity ( အရိုးအဆစ်များခိုင်ခြင်း)
ကုသမှု - Physiotherapy
-Beclofen 15-100mg (oral ) , Tizanidine 18-32mg
-Local I.M Botulinum toxim , chemical neuronectomy

ဥပမာ (၂) Impotence ( လိင်စွမ်းဆောင်ရည်လျော့ကျခြင်း)
ကုသမှု - Sildenaifil 50-100mg / 24 hours

၎ ။ လူနာ၏ ချို့ယွင်းချက်များ ( disability ) အားကုသခြင်း

Disability ကိုကုသတဲ့နေရာမှာတော့ specialist သူနာပြုတွေအပါအ၀င် Multidisciplinary team လို့ခေါ်တဲ့ သက် ဆိုင်ရာဆရာဝန်တွေနဲ့ health care professional တွေနဲ့ စုစည်း ပြုစုကုသစောင့်ရှောက်ခြင်းပဲဖြစ်ပါတယ် ။

Multiple Sclerosis ဟာ neurological ရောဂါဖြစ်တဲ့အတွက် ဆေးပညာနဲ့အလှမ်းဝေးတဲ့သူတွေအဖို့ အသေး စိတ် ကျကျသိနိုင်ဖို့ ၊ Medical terms တွေကို သိရှိနိုင်ဖို့ ခက်ခဲလှပါတယ် ။ အချို့ medical terms တွေဟာ တိုက်ရိုက်ဘာသာပြန်ရင် အဓိပ္ပါယ်လွဲမှားမှာစိုးတဲ့အတွက် တတ်နိုင်သမျှဆီလျှော်အောင်တော့ ဖော်ပြပေးထား
ပါတယ် ။ Multiple Sclerosis ဆိုတာ ဒီလိုမျိုးရောဂါပါလား ၊ ဒီလို လက္ခဏာတွေ ရှိပါလား ၊ ဒီလိုကုသနေ ကြပါလား လို့ အနည်းငယ် ဗဟုသုတ ရှိသွားတယ် ဆိုရင်ဖြင့် ဖော်ပြရကျိုးနပ်ပါပြီ ။

Ref : Davidson's Principles & Practice Of Medicine , 20th Edition

သက်တန့်ချို

ညညအိပ်ပျော်စေဖို့ နည်းတချို့

ညညကောင်းကောင်း အိပ်မပျော် ဖြစ်နေပါသလား။ ညဘက် အိပ်ကောင်းခြင်းနဲ့ အိပ်ပျော်စေဖို့ အောက်ပါအတိုင်း သူ့အချိန်နဲ့သူ လုပ်ကြည့်ပါ။



မနက် ၇ နာရီအချိန်မှန်ထပါ

အချိန်မှန်ထဖို့ အရင်ဆုံး အချိန်တစ်ခုသတ်မှတ်ပြီး နှိုးစက်သုံးကာ တစ်ပတ်လောက်ထပါ။ နောက်ပိုင်းမှာ အကျင့်ဖြစ်သွားတာကြောင့် နှိုးစက်မလိုဘဲ အလိုလိုနိုးထလာပါလိမ့်မယ်။ ဒီလိုပဲ အိပ်ချိန်ကိုလည်း ပုံမှန်လုပ်ပါ။ အချိန်မှန်အိပ်၊ အချိန်မှန်ထခြင်းဖြင့် ညဘက်မှာ ကောင်းကောင်း အိပ်ပျော်လာမှာပါ။



မနက် ၉ နာရီကယ်လ်စီယမ် သုံးဆောင်ပါ

မနက်စာစားတဲ့အခါ ကယ်လ်စီယမ်ဓာတ်ပါရှိတဲ့ အစာစားဖို့ မမေ့ပါနဲ့။ ဒီသတ္တုဓာတ်ဟာ အိပ်ကောင်းခြင်း အိပ်စေနိုင်တဲ့ ဆီရိုတိုနင်နဲ့ မယ်လတိုနင်ဟော်မုန်းတွေကို ခန္ဓာကိုယ်ကနေ ပမာဏများပြားစွာ ထွက်ရှိလာစေနိုင်ခြင်းကြောင့်ပါ။ ကယ်လ်စီယမ်ပါတဲ့ ကွေကာအုတ်သောက်ပါ။ တစ်နေ့ကို ကယ်လ်စီယမ် ၁၂၀၀ မီလီဂရမ် သုံးဆောင် သင့်တာကြောင့် လိုအပ်ပါက ကယ်လ်စီယမ် အားဆေးသောက်ပါ။



မနက် ၁၀ နာရီနေရောင်ခံပါ

နေရောင်ခြည်ခံယူခြင်းဖြင့် ခန္ဓာကိုယ် ဇီဝနာရီဖြစ်ပျက်မှု မှန်ကန်ပြီး နေ့လယ်နေ့ခင်း ငိုက်မျဉ်းခြင်းနဲ့ ညဘက်မျက်စိကြောင်ခြင်း မဖြစ်တော့မှာပါ။ အိပ်ကောင်းခြင်း အိပ်ပျော်စေဖို့ နေ့ပိုင်းမှာ နေအလင်းရောင်များစွာလိုပြီး ညပိုင်းမှာ လုံးဝမှောင်ချထားဖို့ လိုပါတယ်။ ဒါကြောင့် နေ့လယ်နေ့ခင်း အိမ်ထဲ၊ အခန်းထဲမှာပဲ အောင်းနေမယ့်အစား အလင်းရောင် ခံယူလိုက်ပါ။



နေ့လယ် ၁ နာရီလေ့ကျင့်ခန်းလုပ်ပါ

အိပ်မပျော်ရခြင်းရဲ့ အကြောင်းရင်းများစွာထဲမှာ စိုးရိမ်ပူပန်ခြင်းနဲ့ စိတ်ဓာတ်ကျခြင်းက အဖြစ်အများဆုံး အကြောင်းအရာတွေပါ။ အဲဒါတွေ ပျောက်ကင်းဖို့ လေ့ကျင့်ခန်းလုပ်ဖို့ လိုပါတယ်။ ပုံမှန်လမ်းလျှောက်ခြင်း၊ ပြေးခြင်းက စိတ်ဓာတ်ကျ ကာကွယ်တဲ့ဆေးတွေလိုပဲ အစွမ်းထက်လှပါတယ်။ ပြင်ပမှာ လေ့ကျင့်ခန်းလုပ်ခြင်းက Gym ထဲမှာလုပ်ခြင်း ထက်စာရင် ပိုပြီးအကျိုးရှိပါတယ်။



ညနေ ၃ နာရီကဖင်းဓာတ်လျှော့ပါ

ညနေပိုင်းမှာ ကော်ဖီ၊ လက်ဖက်ရည် မသောက်ပါနဲ့တော့။ ခန္ဓာကိုယ်ကနေ ကဖင်းဓာတ်ကို ဖယ်ရှားစွန့်ထုတ်ဖို့ အချိန်အနည်းဆုံး ခြောက်နာရီလိုပါတယ်။ ညနေပိုင်းမှာ ကော်ဖီခါးခါးတစ်ခွက် သောက်လိုက်ပါက ညကိုးနာရီအထိ ခန္ဓာကိုယ်ထဲ ကဖင်းဓာတ်ရှိနေဦးမှာပါ။ အဲဒီကဖင်းဓာတ်က မျက်စိကြောင်စေနိုင်ပါတယ်။



ည ၆ နာရီအယ်လ်ကိုဟော လျှော့ပါ

အိပ်ရာဝင်ခါနီး အရက်၊ ဝိုင်၊ ဘီယာစတဲ့ အယ်လ်ကိုဟောပါ အရည်သောက်ပေးခြင်းက အိပ်စက်ခြင်းကို အနှောင့်အယှက်ပေးပါတယ်။ အိပ်နေစဉ် သွေးတွင်းရှိ အယ်လ်ကိုဟော အဆိပ်ဓာတ်တွေကို ခန္ဓာကိုယ်က ဖယ်ရှားပေးရတာကြောင့် ခြေလက်လှုပ်ခြင်း၊ ကိုယ်အပူချိန်တက်ခြင်းဖြစ်ကာ အိပ်ကောင်းခြင်းနဲ့ မအိပ်ရတော့ပါဘူး။ ဒီလိုမဖြစ်ရအောင် မအိပ်ခင် အနည်းဆုံး သုံးနာရီအကွာမှာ မသောက်ပါနဲ့။ ညပိုင်းတွေမှာ ဝိုင်တစ်ခွက်၊ နှစ်ခွက်ထက် ပိုမသောက်ပါနဲ့။ အကယ်၍ ညစာစားပွဲတွေမှာ သောက်မိပါက ရေများများသောက်ပေးလိုက်ပါ။



ည ၉ နာရီမီးရောင်လျှော့ပါ

ကွန်ပျူတာ၊ တီဗီနဲ့ ဒစ်ဂျစ်တယ်နာရီတွေက ထွက်ရှိတဲ့ အလင်းတန်းတွေက ငိုက်မျဉ်းခြင်း ဖြစ်ပေါ်စေတဲ့ မယ်လတိုနင်ဟော်မုန်း သဘာဝအတိုင်း ထွက်ရှိမှုကို အနှောင့်အယှက် ဖြစ်စေပါတယ်။ ဒီဟော်မုန်းက ငိုက်မျဉ်းခြင်းကိုသာမက အိပ်မက် ပုံမှန်မက်စေဖို့လည်း ပြုလုပ်ပေးပါတယ်။ အိပ်မက်မက်ခြင်းက စိတ်ဖိစီးမှုနဲ့ စိတ်ဓာတ်ကျမှုကို သက်သာစေ ပါတယ်။ ဒါကြောင့် အိပ်ရာဝင်ခါနီး တီဗီကြည့်ခြင်း၊ ကွန်ပျူတာကြည့်ခြင်း မလုပ်ပါနဲ့။



ည ၁၀ နာရီအိပ်ဆေးမသောက်ပါနဲ့

အိပ်မပျော်လို့ အိပ်ဆေးသောက်တာမျိုး မလုပ်ပါနဲ့။ အိပ်ဆေးပုံမှန်သောက်နေပါက နောက်ပိုင်း ဆေးမတိုးဘဲ ဖြစ်သွားပါလိမ့်မယ်။ ဒါ့အပြင် နေ့လယ်ဘက်မှာ ပင်ပန်းနွမ်းလျခြင်း၊ အတွေးအခေါ် အားနည်းခြင်းတို့ ဖြစ်လာတတ်ပါတယ်။ သဘာဝအတိုင်း အိပ်ပျော်အောင်သာ ကြိုးစားပါ။



ည ၁၀ နာရီခွဲစိတ်ဖြေလျှော့ကာ အသက်ရှူပါ

အပေါ်သွား နောက်ဘက်နားမှာ အာခေါင်းကို လျှာနဲ့ထောက်ပြီး အသက်ဝဝရှူသွင်းပါ။ တစ်ကနေ ခုနစ်အထိ စိတ်ထဲကရေပြီး အသက်အောင့်ထားပါ။ ပြီးတော့ တစ်ကနေ ရှစ်ထိရေကာ အသက်ရှူထုတ်ပါ။ အစအဆုံး သုံးကြိမ်လုပ်ပါ။ သဘာဝအတိုင်း အိပ်ပျော်သွားပါလိမ့်မယ်။

အတာသင်္ကြန်ကာလမှာ တရားထိုင်မည်ဆိုလျှင်

တရားထိုင်ခြင်း ဆိုသည်မှာ

တရားထိုင်တယ်ဆိုတာ လွယ်လွယ် ပြောရရင်တော့ အတိုင်းအဆမရှိ၊ လွင့်မျောရှုပ်ထွေးလှတဲ့ အတွေးတွေ၊ ခံစားချက်တွေ၊ စိတ်ကူးတွေကို ထိန်းချုပ်ပြီး ကိုယ့်ခန္ဓာကိုယ်ကို ရှုမြင်သုံးသပ် ဆင်ခြင်တဲ့သဘော ဖြစ်ပါတယ်။





တရားထိုင်ရာတွင် အခြေခံလိုအပ်ချက်

၁။ တိတ်ဆိတ်သော နေရာ

တရားထိုင်မယ်ဆိုရင် အနှောင့်အယှက်နဲ့ အသံတွေ နည်းနိုင်သမျှနည်းပြီး တိတ်ဆိတ် ငြိမ်သက်တဲ့ နေရာထိုင်ခင်းရှိရပါမယ်။

၂။ သက်သောင့်သက်သာရှိသော ကိုယ်ဟန်အနေအထား

ထိုင်ရင်း၊ လဲလျောင်းရင်း၊ ရပ်ရင်း၊ လမ်းလျှောက်ရင်းနဲ့ တခြားလှုပ်ရှားမှုပြုလုပ်တိုင်းမှာ တရားမှတ်လို့ ရပါတယ်။ အချိန်ကြာကြာ တရားရှုမှတ်နိုင်ဖို့ဆိုရင်တော့ ခန္ဓာကိုယ် အနေအထားဟာ သက်သောင့်သက်သာရှိဖို့ လိုအပ်ပါတယ်။

၃။ အာရုံစိုက် ရှုမှတ်ရာနေရာ

တစ်စုံတစ်ခုကို အာရုံစိုက်ရှုမှတ်နိုင်ဖို့ဆိုတာ တရားထိုင်ခြင်းရဲ့ အစိတ်အပိုင်းတစ်ရပ်ပါ။ ဥပမာ ရှင်းပြရရင် တရားထိုင်တဲ့သူဟာ နှာသီးဝမှာ တိုးဝင်၊ တိုးထွက် နေတဲ့ ဝင်လေ၊ ထွက်လေကို အာရုံစိုက်ရပါမယ်။

၎။ စိတ်ရှည်ကာ အကောင်းမြင်မှု

တရားထိုင်တဲ့ အချိန်မှာ ပတ်ဝန်းကျင် အနှောင့်အယှက်သာမက ကိုယ့်အတွေးနဲ့ကိုယ် နှောင့်ယှက်တာလည်း ခံရတတ်ပါတယ်။ အဲဒီအချိန်မှာ စိတ်ရှည်ရှည် ထားပြီး ဖြစ်ခြင်း၊ ပျက်ခြင်း သဘောကို ရှုမှတ်နိုင်ဖို့ လိုအပ်ပါတယ်။ တရားရိပ်သာတွေမှာတော့ တရားထိုင်သူတွေအတွက် သက်သောင့်သက်သာ တရားဓမ္မကျင့်ကြံနိုင်အောင် စီစဉ်ထားရှိတတ်ပါတယ်။ ဒါကြောင့် ဒီအခြေခံ လိုအပ်ချက်တွေ အတွက် ပူစရာ သိပ်မလိုပါဘူး။

တရားထိုင်ခြင်းကြောင့် ခန္ဓာကိုယ်တွင်း အလုပ်လုပ်ပုံ

တရားထိုင်တဲ့အခါ ခန္ဓာကိုယ်ထဲမှာ အပြောင်းအလဲတွေ ဖြစ်သွားပါတယ်။ တရားထိုင်ချိန် အတောအတွင်း လူ့ခန္ဓာကိုယ်ထဲက အပြောင်းအလဲတွေ အကြောင်းကို လေ့လာသူတွေက တရားထိုင်ခြင်းဟာ ကျန်းမာရေးပြဿနာတချို့ကို သက်သာလျော့ပါးစေကြောင်း ဆိုပါတယ်။ အကြောင်းကတော့ တရားထိုင်တာဟာ အလိုအလျောက် အလုပ်လုပ်တဲ့ အာရုံကြော အဖွဲ့အစည်း (Autonomic Nervous System) အပေါ် သက်ရောက်မှု ရှိစေတာကြောင့်ပါတဲ့။

ဒီအဖွဲ့အစည်းဟာ ခန္ဓာကိုယ်ထဲက အင်္ဂါအစိတ်အပိုင်းတွေနဲ့ ကြွက်သားတွေကို ထိန်းညှိပေးပြီး နှလုံးခုန်ခြင်း၊ ချွေးထွက်ခြင်း၊ အသက်ရှုခြင်းနဲ့ အစာချေဖျက်ခြင်းဆိုင်ရာ လုပ်ငန်းတွေကိုပါ ထိန်းချုပ်ပေးပါတယ်။ ဒီအဖွဲ့အစည်းမှာ Sympathetic Nervous Systemနဲ့ Parasympathtic Nervous System ဆိုပြီး အဓိက အစိတ်အပိုင်းနှစ်ရပ် ရှိပါတယ်။ Sympathetic Nervous System ဟာ ခန္ဓာကိုယ်ရဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်ကူညီပါတယ်။ ဥပမာ လူတစ်ယောက်က စိတ်ဖိစီးမှု ခံစားနေရတယ်ဆိုပါတော့။

ဒီစနစ်ဟာ “Fight or Flight Response” ဖြစ်စေပြီး နှလုံးခုန်နှုန်းနဲ့ အသက်ရှုနှုန်းတွေ မြန်စေတာမျိုး၊ သွေးကြောတွေ ကျဉ်းစေတာမျိုး ဖြစ်စေပါတယ်။ ဒါဟာ ကျန်းမာရေး အတွက် ဆိုးကျိုးတွေပါပဲ။ ဒီဆိုးကျိုးတွေ မဖြစ်အောင် တရားထိုင်ခြင်းက ကာကွယ် ပေးနိုင်ပါတယ်။ Parasympathtic Nervous System ကတော့ နှလုံးခုန်နှုန်းနှေးအောင်၊ သွေးကြောကျယ်စေကာ သွေးစီးဆင်းမှုကောင်းအောင်နဲ့ အစာချေဖျက်နိုင်အောင် ဆောင်ရွက်ပေးပါတယ်။ တရားထိုင်တဲ့အခါ ဒီစနစ်ရဲ့ လုပ်ဆောင်မှုကို အားကောင်း စေပါတယ်။

နောက်ထပ် လေ့လာမှု တစ်ရပ်အရ တရားထိုင်တာဟာ ဦးနှောက်ရဲ့ လုပ်ငန်း ဆောင်တာတွေကို သိသိသာသာ ပြောင်းလဲစေနိုင်ကြောင်း ဆိုပါတယ်။ တရားထိုင်တဲ့အတွက် အာရုံစူးစိုက်အား ပိုကောင်းလာခြင်း၊ နိစ္စဓူဝ လုပ်ငန်း ဆောင်တာတွေမှာ စွမ်းဆောင်ရည် ပိုကောင်းလာခြင်း၊ စိတ်တည်ငြိမ်ခြင်းနဲ့ ဥာဏ်ရည် ဥာဏ်သွေး ပိုမိုထက်မြက်လာခြင်း စတဲ့ အကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ်။

တရားထိုင်ခြင်းကြောင့် သက်သာစေသော ရောဂါဝေဒနာများ

ကျန်းမာရေးကောင်းသူတွေ တရားထိုင်ရင် ခန္ဓာကိုယ်အနားရစေကာ စိတ်ဖိစီးမှု လျော့ပါးစေပြီး တော်ရုံရောဂါ ဝေဒနာတွေကို မဖြစ်အောင် ကာကွယ် ပေးနိုင်ပါတယ်။ ကျန်းမာရေး မကောင်းသူတွေ တရားထိုင်ရင်ကော သင့်တော်ပါ့မလား။ ကျန်းမာရေး မကောင်းသူတွေ တရားထိုင်ရင် ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေကိုတော့ လေ့လာမှုများစွာက အောက်ပါအတိုင်း လေ့လာကောက်ချက်ချထားပါတယ်။

တရားထိုင်ခြင်းကြောင့် သက်သာလျော့ပါးနိုင်တဲ့ ရောဂါတွေကတော့ ဓာတ်မတည့်မှုဖြစ်ခြင်း၊ စိတ်ပူပန်သောကရောက်ခြင်း၊ ရင်ကျပ်ပန်းနာ၊ ကင်ဆာရောဂါ၊ စိတ်ကျရောဂါ၊ ညောင်းညာနွမ်းနယ်ခြင်း၊ နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ နာကျင်မှုဆိုင်ရာ ပြဿနာများ၊ အိပ်မပျော်ခြင်း၊ အရက်နှင့် မူးယစ်ဆေးဝါးစွဲလမ်းမှု ပြဿနာ စတာတွေပဲ ဖြစ်ပါတယ်။ ကျန်းမာရေး မကောင်းတဲ့သူတွေ တရားထိုင်မယ်ဆိုရင်တော့ စ,စချင်းမှာ ပြင်းပြင်းထန်ထန် တရားမထိုင်သင့်ပါဘူး။

တရားထိုင်တာကို ဆေးကုသမှု တစ်ရပ်လို အသုံးပြုတာထက် ဆေးကုသမှုနဲ့ တွဲပြီး ဖြည်းဖြည်းနဲ့ မှန်မှန် ဆောင်ရွက်သွားသင့်ပါတယ်။ တရားထိုင်ခြင်းကြောင့် ကျန်းမာရေး မထိခိုက်စေရန် တရားထိုင်တာက အများအားဖြင့်တော့ ဘေးအန္တရာယ်ကင်းပါတယ်။ တရားရိပ်သာတွေဟာလည်း ယောဂီတွေရဲ့ ကျန်းမာရေးအတွက်ပါ ထည့်တွက်ပြီး ဣရိယာပုတ် ညီမျှအောင် စီစဉ်ပေးထားတာပါ။ တရားရိပ်သာရဲ့ အချိန်ဇယား အတိုင်း တရားထိုင်ချိန်၊ တရားနာချိန်၊ လမ်းလျှောက်ရင်း တရားမှတ်ချိန်၊ ဆွမ်းစားချိန်၊ ရေချိုးချိန်. . .စတာတွေအတိုင်း လိုက်နာဆောင်ရွက်ပေးရုံနဲ့ ဒေါင်ဒေါင်မြည်နေမှာပါ။

ဒီနေရာမှာ တစ်ခုသော သင်္ကြန်တွင်း တရားစခန်းမှာ ကြုံတွေ့ခဲ့ရတဲ့ စာရေးသူရဲ့ အတွေ့အကြုံကို ပြောပြချင်ပါတယ်။ စာရေးသူဟာ တရားစခန်းက ရေချိုးချိန်ပေးတဲ့ အခိုက်မှာ ရေမချိုးဖြစ်ဘဲ မွန်းတည့် ၁၂ နာရီကျော်ပြီး နေပူရှိန်ပြင်းထန်တဲ့ အချိန်မှာ ရေချိုးမိလို့ အဖျားကြီးပြီး တရားစခန်းပွဲ မပြီးဆုံးခင်မှာပဲ အိမ်ပြန်အနားယူခဲ့ရပါတယ်။ ဒါကြောင့် စာရေးသူလို အဖြစ်မျိုး မကြုံရလေအောင် တရားရိပ်သာရဲ့ အချိန်ဇယား၊ စည်းမျဉ်း စည်းကမ်းအတိုင်း ပြည့်ပြည့်ဝဝ တရားအားထုတ် နိုင်ကြစေဖို့နဲ့ တရားထိုင်ခြင်းကြောင့် ခန္ဓာကိုယ်ရဲ့ မမြဲတဲ့ အနိစ္စ သဘောတရားကို သာမက ကျန်းမာရေး ကောင်းမွန်ခြင်းဆိုတဲ့ လာဘ်ကြီးတစ်ပါးကိုပါ ရရှိနိုင်ကြစေဖို့ တိုက်တွန်းရေးသားလိုက်ရပါတယ်။

Ref : Good Health

သင် မထင်မှတ်ထားသော သင့်ကို အန္တရာယ်ပေးနေသည့် အရာများ

(၁) ဆိုဒီယမ် လော်ရိုင်းဆာလဖိတ် (Sodium Lauryl Sulfate)

ဘာဖြစ်စေသလဲ - ပါးစပ်အနာ

SLS ဟာ သွားတိုက်ဆေးအများစုမှာ သန့်ရှင်းရေးပစ္စည်းအနေနဲ့ ပါဝင်နေပါတယ်။ ဒါပေမယ့် ခံတွင်းထဲက ဘက်တီးရီးယား အလွှာကို ပြောင်းလဲသွားစေပြီး တစ်သျှူး တွေကို မသက်မသာဖြစ်စေကာ ပါးစပ်အနာ ကို ဖြစ်စေနိုင်ပါတယ်။

ပါးစပ်အနာမဖြစ်အောင် - SLS မပါတဲ့ သွားတိုက်ဆေးကို ပြောင်းသုံးပါ။ ဒါ့အပြင် ခံတွင်းမသက်မသာဖြစ်စေနိုင်တဲ့ နာနတ်သီးလိုမျိုး အက်စစ်ကဲတဲ့အသီးတွေကို လျှော့စားပေးပါ။

(၂) သကြားမပါသော ပီကေ

ဘာဖြစ်စေသလဲ - ဝမ်းပျက်ဝမ်းလျှောခြင်း

သကြားမပါတဲ့ပီကေဟာ Sorbitol နဲ့ Mannitol တို့နဲ့ ချိုအောင် လုပ်ထားတဲ့အတွက် ဒီပါဝင်ပစ္စည်းနှစ်မျိုးစလုံးကို ခန္ဓာကိုယ်ကနေ အလွယ်တကူ မစုပ်ယူနိုင်ပါဘူး။ ဒီနှစ်မျိုးစလုံးပါတဲ့ ပီကေကို အလွန်အကျွံစားတာက ရေကို အူထဲများများ ဆွဲယူနိုင် တာကြောင့် ဝမ်းပျော့ပျော့ သွားစေနိုင်ပါတယ်။

ဝမ်းမလျှောအောင် - သကြားမပါတဲ့ ပီကေစားတာက သကြားပါတဲ့ ပီကေစားတာထက် ခံတွင်းကျန်းမာရေးအတွက်တော့ ပိုကောင်းပါတယ်။ ဒါပေမယ့် အလွန်အကျွံစားရင် ဝမ်းပျက်ဝမ်းလျှော ဖြစ်စေတာကြောင့် လျှော့စားသင့်ပါတယ်။

(၃) ကော်ဖီအလွန်အကျွံသောက်ခြင်း

ဘာဖြစ်စေသလဲ - ဗိုက်အောင့်ခြင်း

ကဖင်းဓာတ်ဟာ အက်စစ်အထွက်များစေပြီး အစာအိမ်ကို မအီမသာဖြစ်စေကာ ဗိုက်အောင့်စေနိုင်ပါတယ်။

ဗိုက်မအောင့်အောင် - ကဖင်းဓာတ်မပါတဲ့ ကော်ဖီကို ပြောင်းသောက်ပါ။

(၄) ဒိန်ခဲနှင့် ဟော့ဒေါ့မုန့်

ဘာဖြစ်စေသလဲ - ခေါင်းကိုက်ခြင်း

ဒိန်ခဲမှာ တိုင်ယာမင်း (Tyramine) ဆိုတဲ့အမိုင်နိုအက်စစ်ပါဝင်နေပါ
တယ်။ ဟော့ဒေါ့မှာတော့ နိုက်ထရိုက် (Nitrites) ပါဝင်နေပါတယ်။ ဒီအစာနှစ်မျိုးစလုံးဟာ သွေးစီးဆင်းမှုကို ကမောက်ကမဖြစ်စေကာ ခေါင်းကိုက်စေပါတယ်။

ခေါင်းမကိုက်အောင် - တိုင်ယာမင်းပေါများစွာပါဝင်ပြီး ကျပ်တင်ထားတဲ့ အသား၊ အချဉ်ဖောက်ထားတဲ့ သနပ်၊ အမှည့်လွန်နေတဲ့ သစ်သီး၊ ဝိုင်နဲ့ ဘီယာတွေကို ရှောင်ပါ။ ဒါ့အပြင် ဟော့ဒေါ့မုန့်ကိုလည်း အလွန်အကျွံမစားပါနဲ့။

(၅) ကျပ်လွန်းသော ဖိနပ်စီးခြင်း

ဘာဖြစ်စေသလဲ - ခြေဖမိုးနဲ့ ခြေဖဝါးနာကျင်ခြင်း

ကြွက်သားတွေဟာ ကျုံ့ဆန့်လိုက်၊ ဖြေလျော့လိုက်လုပ်တဲ့ အစိတ်အပိုင်းပါ။ ခြေထောက်နဲ့ မတော်တဲ့ ဖိနပ်ကျပ်ကျပ်ကို အချိန်ကြာကြာ စီးထားတဲ့အခါ ခြေဖမိုးနဲ့ခြေဖဝါးနာကျင် ရတတ်ပါတယ်။

ခြေထောက်ပြဿနာကင်းဝေးအောင် - ဖိနပ်ကြောင့် ခြေထောက်တွေ နာကျင် နေတယ်လို့ ခံစားရရင် တင်းနစ်ဘောလုံးတစ်လုံးပေါ်မှာ ခြေနင်းပြီးလှိမ့်ပေးရင် သွေးလှည့်ပတ်မှု ကောင်းမွန်စေပါတယ်။ ကြွက်သားတွေလည်း ပြေလျော့စေပါတယ်။ နေ့စဉ်လုပ်ပေးနိုင်ပါတယ်။

(၆) ရေပူချိုးခြင်း

ဘာဖြစ်စေသလဲ - အသားအရေခြောက်သွေ့ခြင်း

ရေပူချိုးတာနဲ့ ဆပ်ပြာတိုက်တာတွေဟာ အစိုဓာတ်ကို ထိန်းပေးထားတဲ့ အရေပြား ဆဲလ်တွေကို ကွာကျစေပါတယ်။ အရေပြားမှာရှိတဲ့ သဘာဝအဆီတွေကိုပါ ဆေးကြော လိုက်သလို ဖြစ်သွားတာကြောင့် အရေပြားတွေ ခြောက်သွေ့သွားတာပါ။

အသားအရေမခြောက်သွေ့အောင် - ရေပူနဲ့ချိုးတဲ့အခါ ခပ်မြန်မြန်ချိုးပါ။ ပြီးရင် အစိုဓာတ်ထိန်းပေးနိုင်တဲ့ ဆပ်ပြာအမျိုးအစားကိုသုံးပါ။ ရေချိုးပြီးတဲ့အခါမှာလည်း ခြောက်သွေ့အောင်သုတ်ပြီးခါစမှာပဲ အစိုဓာတ်ထိန်းလိမ်းဆေး (Moisturizing Ointment) ကိုလိမ်းပေးပါ။

(၇) ညစာစားပြီး ပူရှိန်းစားခြင်း

ဘာဖြစ်စေသလဲ - ရင်ပူခြင်း

ညစာကို အများကြီးစားပြီးချိန်မှာ ပူရှိန်းသကြားလုံး၊ ပီကေ စတာတွေကို စားလိုက်တာဟာ အစာအိမ်နဲ့ အစေရေမျိုပြွန်ကြားက ကြွက်သားစုကို ပွင့်စေကာ အက်စစ်ဆန်တက်ခြင်းကို ဖြစ်စေနိုင်တာကြောင့် ရင်ပူရတာပါ။

ရင်ပူခြင်းကင်းဝေးအောင် - ညစာစားတဲ့အခါ အများကြီးမစားပါနဲ့။ ဖြေးဖြေးနဲ့ ကြေညက်အောင် ဝါးစားပါ။ ရင်ပူစေတဲ့ ဆီကြော်စာ၊ ချောကလက်၊ အဆီများအသား၊ အယ်လ်ကိုဟော၊ ကဖင်းပါတဲ့ သောက်စရာနဲ့ အက်စစ်ဓာတ်လွန်ကဲတဲ့ ခရမ်းချဉ်သီး၊ ချဉ်တဲ့သစ်သီး စတာတွေကို လျှော့စားပါ။