ဒီနေရာလေးကို

Monday, October 18, 2010

နှိပ်နယ်မှုပြုခြင်းက ကျန်းမာရေးကို ပိုမိုကောင်းမွန်စေနိုင်

သင့်တင့် ကောင်းမွန်သော နှိပ်နယ်မှု ပြုခြင်းက အနှိပ်ခံ ရသူ၏ စိတ်ဖိစီးမှုကို သက်သာ လျော့ပါး စေ၍ စိတ်လက်ပေါ့ပါး မှုကို ခံစား ရစေ နိုင်ကြောင်း သုတေသန အသစ် တစ်ခုက ယူဆ ခဲ့ရသည်ဟု သိရသည်။ ထို့ကြောင့် သင့်တင့် ကောင်းမွန်သော နှိပ်နယ်မှု ပြုခြင်းကြောင့် ကျန်းမာရေး ကောင်းမွန် နေစေရန် အထောက်အကူ ပြုစေနိုင်သည်ဟု ဆိုသည်။ Cedars-Sinai ဆေးပညာဆိုင်ရာ ဌာနမှ သုတေသန ပညာရှင် တို့၏ အဆိုအရ နှိပ်နယ်မှုပြုခြင်း အားဖြင့် ကိုယ်ခံအား စနစ်တွင် သိသာသော ပြောင်းလဲမှု များကို ဖြစ်ပေါ်စေနိုင်မည် ဖြစ်သည်ဟု ရေးသား ဖော်ပြခဲ့ကြသည်။

သုတေသန ပညာရှင် တို့က ကျန်းမာရေးနှင့် ညီညွတ်သော အရွယ်ရောက်ပြီး သူတို့အား လေ့လာ ဆန်းစစ်မှု ပြုခဲ့ခြင်း ဖြစ်သည်။ အရွယ်ရောက်ပြီးသူ အစမ်းသပ်ခံ တို့အနက် ၂၉ဦးအား ထိရောက်သော နှိပ်နယ်မှုကို ၄၅မိနစ်ကြာ အနှိပ်အနယ် ခံစေ၍ ၂၄ဦးကိုမူ ခပ်ဖော့ဖော့ ခပ်ရွရွသာ နှိပ်နယ်မှု ပြုစေခဲ့သည်။ စတင် နှိပ်နယ်သည့် အချိန် မတိုင်မီ သွေးနမူနာကို ယူထားခဲ့ပြီး ၄၅မိနစ်ကြာ နှိပ်နယ်မှု ပြုပြီးသည့် အချိန်တွင် တစ်နာရီ ကြာခန့် အနားယူ စေခဲ့သည်။ နှိပ်နယ်မှုပြုပြီးနောက် သွေးစစ်ဆေးစမ်းသပ်မှုတွင် နှိပ်နယ်မှု မပြုမီကနှင့် မတူဘဲ အပြောင်းအလဲများ ဖြစ်ပေါ်လာသည်ကို တွေ့ရှိရပြီး ထိရောက်သော နှိပ်နယ်မှုခံယူသည့် အုပ်စုတွင် ကိုယ်ခံအား စနစ်၌ အကျိုး သက်ရောက်မှု ရှိသည်ကို ညွှန်းပြလျက် ရှိကြောင်း သုတေသန ပညာရှင် တို့က ပြောကြားခဲ့သည်ဟု သိရသည်။

No comments:

Post a Comment