ဒီနေရာလေးကို

Monday, October 18, 2010

မှတ်ညဏ် ပျောက်ဆုံးခြင်းသည် အသက်အရွယ် အိုမင်းခြင်းကြောင့် မဟုတ်

လူတို့၏ မကြာခဏ သတိလစ်ဟင်း မှုသည် ဦးနှောက် အတွင်းရှိ ပြောင်းလဲမှု အချို့ကြောင့် ပြင်းထန်သော စိတ်ကစဥ့်ကလျား ဖြစ်မှုကို ဖြစ်ပေါ် စေသောကြောင့် ဖြစ်သည်ဟု လေ့လာ ဆန်းစစ်မှု အသစ်တွင် တွေ့ရှိ ခဲ့ရကြောင်း သိရသည်။ ထိုသို့ တွေ့ရှိမှုက မှတ်ဉာဏ် ပျောက်ဆုံးခြင်း သည် အသက်အရွယ် အိုမင်းမှု၏ သာမန် ဖြစ်စဉ် အဖြစ် ယူဆ ထားခြင်းကို ချေဖျက်ခြင်း ပင် ဖြစ်သည်။ အမေရိကန် ပြည်ထောင်စုမှ သုတေသန ပညာရှင်အဖွဲ့၏ လေ့လာ ဆန်းစစ်ချက် အရ အသက်အရွယ် ကြီးရင့်လာသူ တို့တွင် ဖြစ်ပွားသော တွေးမြင်မှုနှင့် မှတ်ဉာဏ် ပြဿနာမှာ သာမန် ဖြစ်စဉ်မျိုး မဟုတ်ဘဲ ရောဂါ လက္ခဏာ တစ်ခု ဖြစ်သည်ဟု ပြောကြား ခဲ့ကြသည်။

သာမန် အဖြစ်များသော စိတ်ဖောက်ပြန်မှု ဖြစ်သည့် အယ်လ်ဇိုင်းမားသည် သေလောက်သော ဦးနှောက်ရောဂါ ဖြစ်ပြီး ထိုရောဂါ ဖြစ်ပွား သူတို့တွင် မှတ်ဉာဏ် ပျောက်ဆုံး သကဲ့သို့ ကျိုးကြောင်းသင့် ချင့်ချိန်နိုင်စွမ်း နှင့် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်နိုင်စွမ်း များပါ ပျောက်ဆုံးခြင်း ဖြစ်ပြီး ၎င်းတို့၏ ဦးနှောက်ကို ခွဲစိတ် စစ်ဆေးရာတွင် ဦးနှောက်အတွင်း အပြောင်းအလဲ ဖြစ်ပေါ်ခြင်းကြောင့် ဖြစ်ကြောင်း အတည် ပြုနိုင်ခဲ့သည်ဟု သိရသည်။

ရပ်ရှ် တက္ကသိုလ်မှ မစ္စတာ ရောဘတ်ဝီလ်ဆင် ဦးဆောင်သော သုတေသန အဖွဲ့က ဘုရားရှိခိုးကျောင်းမှ ဘုန်းကြီးနှင့် သီလရှင်များ အပါအ၀င် လူပေါင်း ၃၅၀အား ၁၃နှစ်ခန့် ကြာအောင် နှစ်စဉ်လိုပင် မှတ်ဉာဏ် စစ်ဆေး ခဲ့သကဲ့သို့ ထို အစမ်းသပ်ခံ များထဲမှ သေဆုံးခဲ့သူ ရှိပါက ဦးနှောက်ကို ခွဲစိတ် စစ်ဆေးမှု ပြုခဲ့ခြင်း ဖြစ်သည်။ ရောဂါဗေဒပညာရှင် တို့၏အဆိုအရ ဦးနှောက်ထဲတွင် အဆိပ်အတောက် ရှိသော ပရိုတင်းများ ရောယှက် ရှုပ်ထွေးနေခဲ့ခြင်း ဖြစ်ပြီး ယင်းသည် အယ်လ်ဇိုင်းမား ဝေဒနာနှင့် ဆက်နွှယ်မှု ရှိနေကြောင်း တွေ့ရှိခဲ့ရသည်။ ကျွမ်းကျင် သူတို့၏ အဆိုအရ ထိုကဲ့သို့ ဦးနှောက်ရောဂါ ဖြစ်ပွားပြီး ဆယ်နှစ်ခန့် အကြာတွင် အယ်လ်ဇိုင်းမား ရောဂါ စတင် ဖြစ်ပွားခြင်း ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

No comments:

Post a Comment