ဒီနေရာလေးကို

Monday, October 18, 2010

ဂျင်းစားသုံးခြင်းဖြင့် ကြွက်သားများနာကျင်မှုကို လျှော့ချနိုင်

မီးဖိုချောင်သုံး ဂျင်းအား အစိမ်းအတိုင်း နေ့စဉ် အနည်းငယ်စားသုံးပါက လေ့ကျင့်ခန်း လုပ်ပြီးနောက် ဖြစ်ပေါ်လာသော ကြွက်သားများ နာကျင်မှုကို သက်သာစေနိုင်ကြောင်း သုတေသနတစ်ရပ်က ဖော်ပြသည်။ ပျို့အန်ခြင်းနှင့် နေမထိထိုင်မသာ ဖြစ်ခြင်းများအတွက် ဂျင်းကိုဆေးအဖြစ် အသုံးပြုနေသည်မှာ ကြာပြီဖြစ်သလို ဂျင်းတွင် အခြားအစွမ်းထက်သော သတ္တိများလည်း ရှိကြောင်းနှင့် မကြာသေးမီက ပြုလုပ်ခဲ့သည့် လေ့လာမှုတစ်ခုတွင် အမှုန့်ပြုလုပ်ထာားသော ဂျင်းသည် အမျိုးသမီးများ၏ သားအိမ်ကင်ဆာ ဆဲလ်များကိုပင် သေစေနိုင်ကြောင်း တွေ့ရှိထားသည်။


ယခုနောက်ဆုံး စမ်းသပ်မှုတွင် အမေရိကန် သိပ္ပံပညာရှင်များသည် လူအုပ်စုတစ်စုအား ၃စုခွဲပြီးနောက် လက်မောင်း လေ့ကျင့်ခန်းများကို ပြုလုပ်စေခဲ့သည်။ ပထမအုပ်စုအား ဂျင်းအစိမ်းလိုက်၂ဂရမ်ခန့်ကျွေး၍ ဒုတိယအုပ်စုအား ပြုတ်ထားသော ဂျင်းကို စားသုံးစေခဲ့သည်။ တတိယအုပ်စုကိုမူ အခြားအစားထိုး အရာတစ်ခု စားသုံးစေခဲ့သည်။ ၂၄နာရီ ကြာပြီးနောက် ၎င်းတို့အား ပြန်လည်စမ်းသပ်ခဲ့ရာတွင် ဂျင်းအစိမ်းလိုက် စားသောအုပ်စုမှာ ၂၅ရာခိုင်နှုန်းခန့် နာကျင်ခြင်း ခံစားရမှု လျော့ပါးနေပြီး အပူပေးထားသော ဂျင်းစားသုံးသူများတွင် ၂၃ ရာခိုင်နှုန်း လျော့ပါးနေကြောင်း သုတေသီများက တွေ့ရှိခဲ့ကြသည်။ ထို့အတွက် ဂျင်းသည် နာကျင်မှုကို သက်သာစေသော သတ္တိရှိကြောင်း သုတေသီများက ပြောကြားသည်။

No comments:

Post a Comment