ဒီနေရာလေးကို

Monday, October 18, 2010

ဆေးယဉ်တီဘီ ရောဂါရှင်များအတွက် ပိုးမွေးကုထုံး စတင်အသုံးပြု

တီဘီရောဂါရှင်များအား ကုသပေးနေသည့် ဆေးလေးမျိုးပေါင်းကုထုံး (dots)မှာ ဆေးယဉ်တီဘီ ရောဂါရှင်များအတွက် ဆေးမတိုးတော့ သဖြင့် ဒုတိယအဆင့် ပိုးမွေး၍ ကုသသည့်ကုထုံးကို စတင်အသုံးပြုခြင်း ဖြစ်ပြီး ထိုကုထုံးမှာ ကုန်ကျစရိတ်များပြား၍ အနည်းငယ်သော လူနာများကိုသာ ဆေးအခမဲ့ပေးနိုင်ကြောင်း သတင်း ရရှိသည်။ ဆေးယဉ်တီဘီရောဂါရှင်များ များပြားလာသည့်အတွက် ထိုကုထုံးကို ပြောင်းလဲအသုံးပြုခြင်း ဖြစ်ြပီး ထိုကုထုံးမှာ ကုန်ကျစရိတ်များပြား၍ အနည်းငယ်သော လူနာများကိုသာ ဆေးအခမဲ့ ပေးနိုင်သေးကြောင်း ရန်ကုန်ဆေးရုံကြီးမှ ပါမောက္ခတစ်ဦးက ပြောသည်။


“ dotsကုထုံးသစ်က အခမဲ့ရနိုင်တဲ့အပြင် အပြင်မှာဝယ်သောက်တယ် ဆိုရင်တောင် တစ်လကို သုံးလေးသောင်းလောက်ပဲ ကုန်ကျ နိုင်တယ်။ အခုကုထုံးသစ်အတွက် ဆေးကတော့ အခမဲ့မရနိုင်တဲ့အပြင် တစ်လကို သုံးလေးသိန်းလောက် ကုန်ကျနိုင်ပါတယ် ”ဟု အဆိုပါ ပါမောက္ခက ပြောသည်။ ပိုးမွေးပြီး ကုသသည့်ကုထုံးမှာ ပထမ dotsကုထုံးဖြင့် ကုသသော်လည်း ရောဂါမသက်သာသည့် အခါ သလိပ်စစ်ဆေးပြီး ရောဂါဖြစ်သည့် ပိုးအမျိုးအစားအား တိုက်ရိုက် ဆေးပေး၍ ကုသခြင်းမျိုးဖြစ်ကြာင်း အဆိုပါဆရာဝန်က ပြောသည်။


တီဘီရောဂါ ဖြစ်ပွားပါက ဆေးလေးမျိုး ပေါင်းစပ်ထားသည့် dotsကုထုံးအား ၆လသောက်ရပြီး ဆေးအားစနစ်တကျ အချိန်ပြည့် သောက်ြကသည့်အခါ ဆေးယဉ်တီဘီသည်များ ဖြစ်လာကြသည်။ ထိုသူများတွင် ဆေးမတိုးတော့ခြင်း၊ အခြားသူများသို့ ကူးစက်သည့်အခါ ဆေးယဉ်တီဘီ အဖြစ်ကူးစက်ပြီး ထိုသူများတွင်လည်း ပထမကုထုံးအား မတိုးတော့သည့် ပြဿနာများပါ ကြုံတွေ့ကြရကြောင်း သိရသည်။ “ဆေးကို စနစ်တကျ မသောက်ကြတဲ့အတွက် ဆေးယဉ်တီဘီ ဝေဒနာရှင်တွေ တဖြည်းဖြည်း ပိုမိုများပြားလာတယ်”ဟု အဆိုပါ ပါမောက္ခက ပြောသည်။


လူနာများမှာ ဆေးသောက်ရန် ပျက်ကွက်ခြင်း၊ တီဘီဆေးကို စုပ်ယူမှုမရှိခြင်း ၊ ဆေးဆိုးကျိုးများအား ကျန်းမာရေးဗဟုသုတ နည်းပါးခြင်း၊ ငွေကြေးမပြည့်စုံခြင်း စသည်တို့ကြောင့် ဆေးယဉ်တီဘီ ရောဂါရှင်များ များပြားလာခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆရာဝန်အသင်းတွင် ပြုလုပ်ခဲ့သည့် တီဘီရောဂါနှင့် ပတ်သက်သော အမြင်သစ်များ ဟောပြောပွဲတွင် အထူးကုသမားတော်ကြီး ပါမောက္ခဦးဝင်းနိုင်က ပြောသည်။ “ဒုတိယကုထုံးမှာ နေရာတိုင်းမှာလဲ ရောင်းတာမဟုတ်ဘူး။ ဆေးခန်းတချို့မှာပဲ ရောင်းတဲ့အပြင် အဆုတ်အထူးကု ဆရာဝန်ကြီးရဲ့ လက်မှတ်တွေ အဆင့်ဆင့်ထိုးထားတဲ့ ဆေးစာနဲ့ပဲရောင်းတယ်" ဟု ရန်ကုန်ဆေးရုံကြီးမှ ပါမောက္ခက ပြောသည်။ ထိုကုထုံးယူနေသည့် လူအနည်းငယ်ကို အောင်ဆန်းတီဘီရောဂါကု ဆေးရုံကြီးတွင် ဆေးအခမဲ့ ပေးနေကြောင်း သိရသည်။

No comments:

Post a Comment