ဒီနေရာလေးကို

Saturday, March 26, 2011

ပရိတ်ရွတ်သူ၏အင်္ဂါရပ်များ

ပရိတ်တော်များ ရွတ်ဖတ်ရာ၌ရွတ်ဖတ်မည့် ပုဂ္ဂိုလ်ဘက်က ပြည်စုံရမည်အင်္ဂါရပ်များမှာ--
၁။ ပရိတ်ပါဠိတော် ပုဒ်အက္ခရာများကို ကျနမှန်ကန်စွာ ရွတ်ဆိုနိုင်ခြင်း။
၂။ ပရိတ်ပါဠိတော်၏ အနတ်အဓိပ္ပါယ်ကို ကျနမှန်ကန်စွာ နားလည်သဘောပေါာက်ခြင်း။
၃။ လာဘ်ပူဇော်သက္ကာရကို မငဲ့ကွက်ခြင်း။
၎။ သံသာရာမှ လွတ်မြောက်ရေးဦးတည်ကား မေတ္တာ၊ ကရုဏာရှေ့ထားလျတ် စင်ကြယ်သောစိတ်ဖြစ် ရိတ်ဖတ်ခြင်းတို့ဖြစ်ပါသည်။
ဆောင်။ ။ သဒ္ဓါလည်းစင်၊ အနတ်ထင်၊ သက်ဝင်မေတ္တာထား။
             ရွတ်ဖက်သူမှာ၊ အင်သုံးဖြာ၊ မှတ်ပါကျမ်းစကား။
              လာဘ်မငဲ့ကွက်၊ ထည့်ကာစွက်၊ မှတ်ချတ်အင်လေးပါး။
                                                         (မင်းကွန်းတိပိဋကဆရာတော်)
အထက်ပါလင်္ကာအတိုင်း ပရိတ်ရွတ်သောပုဂ္ဂိုလ်သည် ပရိတ်ပါဠိတော်လာ ပုဒ်အက္ခရာများကို ကွဲကွဲပြားပြား မှန်မှန်ကန်ကန် ရွတ်ဖက်နိုင်ရမည်။ တနှင့် သ၊ ကနှင့် ခ စသည်ဖြင့် မကွဲမပြားမရွတ်ရ။ အတိအကျ ရအောင်ကျက်မှတ်ပြီး ရွတ်ဆိုနိုင်ပါသည်။ ထိုသို့ ရွတ်ဆိုနိုင်ရုံဖြင့် မပြီးသေး။ ပါဠိတော်က ပြောသောအဓိပ္ပါယ်ကိုလည်း သိရှိနားလည်ဖို့လိုသည်၊ အဓိပ္ပါယ်သိမှသာ အဓိပ္ပါယ်အပေါ် စိတ်ရောက်လျတ် လေးနတ်တည်ကြည် ယုံကြည်မူအပြည့်ရွတ်နိုင်မည်။
               ထိုအင်္ဂါနှစ်ရပ်တွင် မေတ္တာ ကရုဏာ စိတ်ထားဖြင့် ရွတ်ဖက်ခြင်းကို ထည့်လျှင် ပရိတ်ရွတ်သူ အင်္ဂါသုံးပါးဖြစ်သည်။ လာဘ်လာဘကို မငဲ့ကွက်ခြင်းကိုထည့်လျှင် အင်္ဂါလေးပါဖြစ်၏။ ထိုအင်္ဂါနှစ်ချက်မှာ ပရိတ်ရွတ်သူ၏ စိတ်နေစိတ်ထားဖြစ်သည်။ မေတ္တာ စေတနာ အပြည့်ပါမှ ရွတ်ဖက်သောပရိတ် အာန်သင်ထက်မြတ်၏။ နည်းတူပင် လာဘ်လာဘငဲ့ကွက် ရွတ်ဖက်ခြင်း မဟုတ်မှလည်း ပရိတ်အာနိသင်ထက်မြတ်၏။ မေတ္တာ သနားကြင်နာ  ကရုဏာများ ပရိတ်တရားနာကြားသူ(လူနာ) အိမ်ရှင်တို့အပေါ် ဖြစ်ပွားနေလျှင် လာဘ်လာဘကိုငဲ့ကွက်စိတ်မရှိနိုင်သဖြင့် အင်္ဂါသုံးပါးဟုလည်း ဆိုနိုင်ပါသည်။
သို့သော် ပိုမိုပြည့်စုံ တိကျစေရန်အတွတ် လာဘ်လာဘမငဲ့ကွက်ခြင်းကိုပါ အင်္ဂါတစ်ရပ် သက်မှတ်ထားညခင်းလည်း ဖြစ်ပါသည်။
              မှန်ပါသည်။ လုပ်ငန်းတစ်ခု ရည်ရွယ်ချတ်အတိုင်း ထမြောက်အောင်မြင်နိုင်ရန်အတွတ် လုပ်ပုံကိုင်ပုံ လုပ်ရပ်ကလည်း မှန်ကန်ဖို့လိုသည်။ လုပ်ဆောင်သူ၏ စိတ်နေသဘောထားကလည်း မှန်ကန်ရမည်။  လုပ်ပုံကိုင်ပုံကို ပယောဂ၊စိတ်နေသဘောထားကို အဇ္ဈာသယဟု ပါဠိလိုခေါ်ပါသည်။
              ပရိတ်ရွတ်သောပုဂ္ဂိုလ်မှာ သမ္ပတ္တိခေါ် ပြည့်စုံခြင်းနှစ်မျိုး ရှိရမည်။ ပယောဂသမ္ပတ္တိနှင့် အဇ္ဈာသယသမ္ပတ္တိ။ ပယောဂသမ္ပတ္တိခေါ် ပရိတ်ပါဠိတော်၏ အနတ်အဓိပ္ပါယ် အမှန်သိမူ၊ ပုဒ်အက္ခရာမှန်ကိုရွတ်ဆိုနိုင်မူ လုပ်ရပ်ကောင်းနှင့် ပြည့်စုံပါ။ အဇ္ဈာသယသမ္ပတ္တိခေါ်လာဘ်လာဘကို မငဲ့ကွက်၊ နိဗ္ဗာန်ကို ဦးတည်၊ မေတ္တာ ကရုဏာအပြည့်(မေတ္တာ ကရုဏာပြဋ္ဌာန်းသော မဟာကုသိုလ်စိတ်) ထားရှိ ရွတ်ဆိုခြင်းဟူသော စိတ်နေစိတ်ထားကောင်းနှင့်လည်း ပြည့်စုံပါ၊
              သမ္ပတ္တိကို ပြောင်းပြန်ပြန်လျှင် ၀ိပတ္တိဖြစ်သည်။ အနတ်အဓိပ္ပါယ်လည်းမသိ၊ အက္ခရာမှန်လည်း မရါတ်နိုင် ဟူသော ပယောဂ၀ိပတ္တိ၊ လာဘ်လာဘငဲ့ကွက်ကာ ပရိတ်နာသူအပေါ် မေတ္တာ ကရုဏာမပါသော အဇ္ဈာသယ၀ိပတ္တိ၊ ဤနှစ်မျိုးရှိနေလျှင်  ပရိတ်ရွတ်ခြင်း ရည်ရွယ်ချက် မထမြောက်မအောင်မြင် အကျိုးမရှိနိုင်ပါ။ ၀ိပတ္တိဆိုသည်မှာ ပျတ်စီးခြင်း၊ မပြည့်စုံခြင်း ဖြစ်ပါသည်။
            ထို့ကြောင့် ဘေးအန္တရာယ်ကင်းရှင်း၍ စီးပွားဥစ္စာ ကျန်းမာ သုခ ရရှိစေရေး ဟူသော ပရိတ်တော် ရွတ်ဖတ်နာကြားရခြင်း၏ ရွည်မှန်းချက် အပြည့်အ၀ရရှိစေရေးအတွတ် ပရိတ်ရွတ်ဖက်သူဘက်မှ ရှိရမည် အင်္ဂါရပ်များ၊ သမ္ပတ္တိများကို ပြည့်စုံအောင် ဖြည့်ဆည်းထားဖို့လိုပါသည်။

No comments:

Post a Comment