ဒီနေရာလေးကို

Thursday, March 17, 2011

ချမ်းသာမှ ဇိမ်နဲ့နေနိုင်တာလား (ဖေမြင့်)

ဇိမ်ခံရွက်သဘောင်္ နှင့်အပန်းဖြေခရီးထွက်လာသည့် စီးပွားရေးလုပ်ငန်း
ရှင် သူဌေးကြီး တစ်ယောက်က ပင်လယ်ကမ်းရိုးတန်း တစ်နေရာတွင်အပန်း
ဖြေလမ်းလျှောက်ထွက်ရင်း တံငါသည်တစ်ယောက်နှင့်တွေ့သည်။
တံငါက လှေနံဘေးမှာ အေးအေးဆေးဆေးလှဲကာ ဆေးတံခဲ နေသည်။
သူ့ပုံစံကိုကြည့်ကာ သူဌေးကြီးကစိတ်ပျက်သွားပြီး ကရုဏာဒေါသော နှင့်မေး
သည်။ ”ခင်ဗျား ဘာလို့ငါးဖမ်း မထွက်ပဲ ဒီမှာ လှဲ နေတာလဲ ” ။
”မနက်အစောကြီးတည်းကပဲ တစ်နေ့စာ ဖမ်းလို့ ရပြီးပြီဗျ၊” ဟု ဖြေသည်။
” ဟ၊ ဒါဆို နောက်ထပ် မဖမ်းတော့ဘူးလား၊”
”ဘာလုပ်ဖို့လဲ”။
” ထပ် ဖမ်းတော့ ရောင်းစားရင် ပိုက်ဆံပိုရမှာပေါ့ကွ၊ ပိုက်ဆံများများရရင်
လှေမှာစက်တပ်လို့ရမယ်၊ စက်နဲ့ဆိုရင် ပင်လယ်ထဲအဝေးကြီး ထွက်နိုင်မယ်၊
အဲဒီမှာ ငါးပိုရမယ်၊ အဲဒါတွေရောင်းပြီး ပိုက်ဆံစုရင် နိုင်လွန်ပိုက်ဝယ်နိုင်မယ်၊
နိုင်လွန်ပိုက်နဲ့ငါးဖမ်းတော့ ငါးပိုရမယ် ငွေပိုရမယ် လှေတစ်စီးက နှစ်စီးဖြစ်
လာမယ်၊ ဒီထက်အမြောက်အမြား ဖြစ်လာနိုင်တယ်၊ အဲဒီခါ ငါ့လိုသူဌေးတစ်
ယောက်ဖြစ်လာမှာပေါ့ကွ” ဟုကြီးပွားရေးလမ်းကြောင်းကို တွက်ပြလိုက်
သည်၊
” အဲဒီခါကျတော့ ကျွန်တော်က ဘာလုပ်ရမှာလဲ”
”အဲဒီခါကျရင် မင်းငါ့လို အေးအေးဆေးဆေး ဇိမ်နဲ့နေနိုင်မှာပေါ့”

No comments:

Post a Comment