ဒီနေရာလေးကို

Thursday, March 17, 2011

အမြင် (၂)

ဆရာက ကျောင်းသား တစ်ယောက်ကို စားပွဲရှေ.မှာ ထိုင်ခိုင်းပြီး "က" တစ်လုံးရေးပြပါလို. ခိုင်းပါတယ်။ ကျောင်းသားက ရေးပြီး ဆရာ့ရှေ.ကို ထိုးပေးလိုက်ပါတယ်.... ဆရာက သူ.အဖြေကို လက်မခံခဲ့ပါဘူး။ ဆရာ့ဘက်က ကြည့်တော့ အဖြေက "ယ" ဖြစ်နေတာကိုး...

နောက်ကျောင်းသား တစ်ယောက်ကို ဆရာက ခေါ်ခိုင်းပါတယ်...ကျောင်းသားက ရေးပြီး" စာရွက်ကို ဆရာ့ဘက် တစ်ပတ်လှည့်ပြီး ပြလိုက်ပါတယ်... ဆရာက သူ.အဖြေကို သဘောကျ လက်ခံခဲ့ပါတယ်....

ဒီအဖြစ်ပျက်လေးမှာ "ကိစ္စရပ်တိုင်းမှာ Angle Of Vision လို.ခေါ်တဲ့ ရှုထောင့် အမျိုးမျိုး ရှိနိုင်တယ် ဆိုတာပါပဲ"... ကျောင်းသား နှစ်ယောက်လုံးရဲ့ အဖြေဟာ အမှန်တွေချည်းပါပဲ... ဒါပေမဲ့ ပထမ ကျောင်းသားဟာ သူ.ဘက် အမြင်အတိုင်း ဆရာ့ကို ပြတာကိုး... ဒီနေရာမှာ သတိထားရမှာက ဒုတိယ ကျောင်းသားဟာ ဆရာ့ဘက်က "က" လို. မြင်ရအောင် သူက "ယ"လို. အမှားကြီးေ ရးလိုက်တာ မဟုတ်ပါဘူး... သူလည်း အမှန်ပဲ ရေးလိုက်ပြီး ဆရာ့ဘက်ကလည်း အမှန်ပဲ မြင်နိုင်အောင် နှစ်ဦးနှစ်ဖက် အဆင်ပြေမယ့် အခြေအနေ တစ်ခုကို ဖန်တီးလိုက်တာပါ...

အချို.သော ကိစ္စရပ်တွေမှာ သူ.ဘက်ကလည်း ဘယ်လိုများ မြင်နိုင်မလည်းလို. စဉ်းစားတွေးခေါ် ချင့်ချိန်ပြီး သူ.ရဲ့ ရှုထောင့်ကနေ မြင်ပြ၊ တွေးပြ၊ ဆွေးနွေးပြဖို. လိုပါလိမ့်မယ်.... အဲဒါမှလည်း ကိုယ်မှန်တယ် ဆိုတာကို သူနားလည် လက်ခံနိုင် လာမှာပါ... အဲဒီလိုမဟုတ်ပဲ ကိုယ်မှန်တယ် ဆိုတာကို ကိုယ့်ဘက်က အမြင် တစ်ခုတည်းနဲ. ကြည့်ပြီး ဇွတ်အတင်း ငြင်းခုံနေမယ် ဆိုရင်တော့ လိုလားအပ်တဲ့ အခြေအနေ တစ်ခုကို ဘယ်တော့မှ ရောက်တော့မှာ မဟုတ်ပါဘူး...

No comments:

Post a Comment