ဒီနေရာလေးကို

Thursday, March 17, 2011

အမြင် (၆)

ဆရာက မေးပါတယ်... "အဖြူမဟုတ်ရင် ဘာလည်းကွ"...။ အဖြူမဟုတ်ရင် အမည်းပေါ့ ဟု ကျောင်းသားက ပြန်ဖြေပါတယ်...

တစ်ကယ်က "အဖြူမဟုတ်ရင် မဖြူတာတာတွေ အားလုံး ဖြစ်နိုင်တာလေ" ကျနော်တို.လည်း လူ.လောကထဲက ပြဿနာရပ် တော်တော် များများမှာ အဲဒီ ကျောင်းသားလေး လိုမျိုး ဖြစ်နိုင်ချေ (Propability) များစွာကို မစဉ်းစားပဲ၊ ဆန်.ကျင်ဘက် အမြင် (Opposite View) တွေကိုသာ ရုတ်တရက် စဉ်းစားမိတတ် ကြပါတယ်... ဥပမာ ကိုယ်သိထားတဲ့ အမှန်တရား တစ်ခုနဲ. အခြားလူ ပေးလာတဲ့ အဖြေတစ်ခုနဲ. ကိုက်ညီမှု မရှိတဲ့ အခါမျိုးမှာ တစ်ဘက်သူ မှားနေတယ် ဆိုပြီး ရုတ်တရက် ကောက်ချက် ချမိတတ်ပါတယ်... ကိစ္စရပ်တိုင်းမှာ ဖြစ်နိုင်ခြေတွေ တစ်ခုထက် ပိုပြီး ရှိနိုင်တယ် ဆိုတာ၊ စဉ်းစားပုံ စဉ်းစားနည်း (The Way Of Thinking) အပေါ် မူတည်ပြီး အဖြေ ဒါမှမဟုတ် ရလဒ်တွေဟာ တစ်နည်းတစ်ဖုံ ပြောင်းလဲ သွားနိုင်တယ် ဆိုတာတွေကို နားလည် ထားရပါမယ်... "ဒါမှ ငါမှန်တယ်၊ မင်းမှားတယ် ဆိုတဲ့ အမြင်တွေက လွတ်မြောက်ပြီး ငါလည်းမှန်တယ်၊ မင်းလည်း မှန်တယ် ဒါပေမယ့် ဘယ်သူ.ရဲ့ လမ်းကြောင်းက ပိုပြီး အားကောင်းတယ် ဆိုတဲ့ အမြင်မျိုးကို မြင်နိုင်စွမ်းရှိမှာပါ...

ပြဿနာဆိုတဲ့ စကားလုံးနဲ.တတ်နိုင်သမျှ ကင်းဝေးနိုင်ဖို.၊ နောင်တတွေ ခဏခဏ မရဖို.၊ အနည်းဆုံး လောကထဲမှာ ပြုံးပြုံးကလေး နေနိုင်ဖို. သိမိသမျှ၊ ဖတ်မိသမျှ၊ ကျင့်ကြံ အားထုတ်မိသမျှ ပေးဝေ လိုက်ရပါသည်...

No comments:

Post a Comment