ဒီနေရာလေးကို

Thursday, March 17, 2011

အမြင် (၄)

ဆရာက ကျောင်းသားအားလုံး ရှေ.မှာ ရပ်ပြီး လက်ညှိုး တစ်ချောင်း ထောင်ပြီး ဒီလိုပြောပါတယ်..."မင်းတို. အားလုံး လက်ညှိုး ထောင်လိုက်ပါ" ကျောင်းသား အားလုံး ဆရာ့ကို စိတ်ဝင်တစား ကြည့်နေရာကနေ ဆရာ ခိုင်းတဲ့ အတိုင်းလိုက်လုပ် ကြပါတယ်... အဲဒီအချိန်မှာပဲ ဆရာက သူ.ရဲ့နားထင်ကို လက်နဲ.ထောက်ပြီး... "အဲဒီလက်ညှိုးနဲ. ကိုယ့်နဖူးကို ထောက်လိုက်ကြပါ" လို. ထပ်ပြောပါတယ်... ကျောင်းသား အားလုံးဟာ ဆရာ လုပ်တဲ့အတိုင်း နားထင်ကို လိုက်ထောက် ကြပါတယ်...ခဏနေမှ သူတို.မှားသွားမှန်း အားလုံးက သဘောပေါက် လိုက်ကြပါတယ်... "ဆရာ ထောက်ခိုင်းတာက နဖူးကိုလေ"

ဒီအဖြစ် အပျက်လေးမှာ အကြားနဲ.အမြင် တစ်ထပ်တည်း မကျမှုကို တွေ.ရပါလိမ့်မယ်... တပြိုင်တည်းလို. ထင်ရပေမယ့် တကယ်တမ်းက အမြင်အာရုံက ဦးနှောက်ကိုအရင် ရောက်သွားတဲ့ သဘောပါ... အမြင်အာရုံဟာ အလင်းကို အခြေခံပြီးအကြား အာရုံကတော့ အသံမှာ အခြေခံပါတယ်... အလင်းရဲ့ အလျင်ဟာ အသံရဲ့ အလျင်ထက် ပိုမြန်တဲ့ အတွက် ဒီလိုဖြစ်ခြင်း ဖြစ်ပါတယ်...

ဒီသဘော တရားလေးကို ကောင်းစွာ နားလည်မယ် ဆိုရင် ကိုယ်ပြောမယ့် စကားနဲ. သင့်တော်မယ့် လိုက်လျော ညီထွေ ဖြစ်မယ့် ဟန်ပန် အမူအရာ ထားမှသာလျှင် ကိုယ်ပြောမယ့် စကား အရာထင်မှာပါ... သိပ်ဆိုးတဲ့ ကလေး တစ်ယောက်ကို ငါရိုက်လိုက်ရ လို. မာန်ပြီး မျက်နှာက ပြုံးစိစိ လုပ်မယ်ဆိုရင် ကလေးက ကိုယ့်စကားကို အလေးမထားပဲ နေမှာပါ...

အဲဒီလိုပါပဲ ကိုယ့်လက်အောက် ငယ်သားတွေကို မင်းတို. ငါ့ကို ပွင့်ပွင့်လင်းလင်း ဝေဖန်ကြပါ၊ မှားတာကို ထောက်ပြပါလို. ပြောနေပေမယ့် မျက်နှာက ငါ့ကို မကောင်းဘူးလို. ပြောလို.ကတော့ အလုပ် ထုတ်ပစ်မယ် ဆိုတဲ့ ရုပ်ပေါက်နေရင် ကိုယ်ပြောခဲ့တဲ့ စကားဟာ အလကား ဖြစ်သွားပါလိမ့်မယ်...

အရှင်းဆုံး ပြောရရင် ရိုးသားဖို.၊ ပြီးတော့ သတိထားဖို.ပါပဲ... လူတစ်ယောက်ဟာ ရိုးသားမယ်၊ စိတ်ထဲမှာ တကယ် ရှိတာကိုသာ ပြောမယ်ဆိုရင် သူ.ရဲ့ မျက်နှာကနေ သူ.ရဲ့ကောင်းတဲ့ စေတနာကို မြင်နိုင်ပါတယ်...

No comments:

Post a Comment