ဒီနေရာလေးကို

Thursday, March 17, 2011

အမြင် (၅)

ဆရာက ကျောင်းသားတွေကို စာရွက် အဖြူရောင် ထောင်ပြပြီး ဒါ ဘာအရောင်လဲလို. မေးပါတယ်... ကျောင်းသား အားလုံးက တညီတညွတ်တည်း ဖြေကြပါတယ်... "အဖြူရောင်ပါ ..."

ဆရာက White Borad ရဲ့ မျက်နှာပြင်ကို ထောက်ပြီး ဒါကရော ဘာအရောင်လဲလို. မေးပြန်ပါတယ်... မဆိုင်းမတွပဲ အားလုံးက အဖြူရောင်ပါလို. ဖြေကြပါတယ်... အဲဒီနောက်မှာတော့ ဆရာက ခုနကစာရွက်ကို White Board မှာ ကပ်ပြီး "ဒီနှစ်ခုမှာ ဘယ်ဟာ အဖြူလဲ လို. မေးပြန်ပါတယ်"... ကျောင်းသား အားလုံး ဖြေရန် စွံ.အ သွားပါတော့တယ်...

ဒီအဖြစ် အပျက်လေးမှာ လူတွေ သတ်မှတ်တဲ့ စံနှုန်းတွေရဲ့ေ၀၀ါး ဆန်းပြားမှုကို တွေ.မြင်နိုင်ပါတယ်.... လူတစ်ယောက်က ချမ်းသာမယ်... နောက်တစ်ယောက်က ပိုချမ်းသာမယ်...နောက်တစ်ယောက်ကပိုပြီး ချမ်းသာမယ် စသဖြင့်ပေါ့... သတ်မှတ်ချက် တွေမှာ အဆုံးသတ်မျဉ်း မရှိသလို အစစ်အမှန် ဆိုတာလည်း မရှိနိုင်ပါဘူး... ဒါကြောင့် ပြဿနာ တစ်ခုကို ဖြေရှင်းတဲ့ အခါမှာ ကိုယ့်ရဲ့ စိတ်အခြေအနေေ တွကို သေချာမှုမရှိတဲ့ သတ်မှတ်ချက်တွေ လာရောက် လွှမ်းမိုးတာ မခံစေဘဲ တကယ့် အရှိတရား (Being) မှာပဲ စူးစိုက် နှစ်မြှုပ် ထားနိုင်ဖို. လိုပါတယ်....ဒီလိုမှလည်း နည်းလမ်းကျပြီး မျှတတဲ့ အဖြေတစ်ခုကို ထုတ်နိုင်မှာပါ...

No comments:

Post a Comment