ဒီနေရာလေးကို
Monday, March 26, 2012
ငွေကြေးနှင့်ပတ်သက်သည့် စကားပုံများ
၁။သင့်ထံတွင် ငွေရှိပါက အိမ်တစ်လုံး ၀ယ်နိုင်ပါသည်...သို့သော် သီရိဂေဟာကိုတော့ ၀ယ်မရနိုင်ပါ..။
၂။သင့်ထံတွင် ငွေရှိပါက နာရီတစ်လုံး ၀ယ်နိုင်ပါသည်... သို့ ရာတွင် "အချိန် "ကို ၀ယ်၍မရနိုင်ပါ...။
၃။သင့်ထံတွင် ငွေရှိပါက ခုတင်တစ်လုံး ၀ယ်နိုင်ပါသည်... သို့ ရာတွင် "အိပ်စက်ခြင်း "ကို တော့ဝယ်၍မရနိုင်ပါ...။
၎။သင့်ထံတွင် ငွေရှိပါက နေရာဌာန အဆင့်အတန်းတစ်ခုခု ၀ယ်ယူနိုင်ပါသည်... သို့ ရာတွင် "ရိုသေလေးစားမှု "ကို ၀ယ်၍မရနိုင်ပါ...။
၅။သင့်ထံတွင် ငွေရှိပါက ဆရာဝန်တစ်ယောက် ရနိုင်ပါသည်... သို့ ရာတွင် "သင်၏ကျန်းမာရေးကို "ကိုမူ ၀ယ်၍မရနိုင်ပါ...။
၆။သင့်ထံတွင် ငွေရှိပါက သွေးကိုတော့ ၀ယ်ရနိုင်ပါသည်... သို့ ရာတွင် "အသက်ရှင်သန်မှု "ကို ၀ယ်၍မရနိုင်ပါ...။
၇။သင့်ထံတွင် ငွေရှိပါက အပျော်အပါး လိင်မှုကိစ္စကို ၀ယ်၍ရနိုင်ပါသည်... သို့ ရာတွင် "ချစ်ခြင်းမေတ္တာ "ကို ၀ယ်၍မရနိုင်ပါ...။
ဟိတောပဒေသမှ ကောက်နှုတ်ချက်များ
{ လေမုန်တိုင်း }
လေမုန်တိုင်းသည် နိမ့်ရာသို့ ကိုင်းညွှတ်နေသော၊ နူးညံ့ပျော့ပျောင်းသည့် မြက်တို့ကို နုတ်မပစ်နိုင်ပေ။ မြင့်မားကြံ့ခိုင်သော သစ်ပင်ကြီးတို့ကိုသာလျှင် နုတ်ပစ်လေသည်။
{ စမ်းကြည့်မှသိသော အရာ }
မိတ်ဆွေ၊ မိန်းမ၊ ကျေးကျွန်၊ မိမိအသိဥာဏ်၊ မိမိစွမ်းရည်သတ္တိ ဤငါးမျိုး၏ အနှစ်သာရ ရှိမရှိကို ဘေးဒုက္ခတည်းဟူသော မှတ်ကျောက်ဖြစ်သာလျှင် စမ်းကြည့်နိုင်သည်။
{ မရောင့်ရဲသည့်အရာ }
မီးသည် ထင်းဖြင့် မရောင့်ရဲနိုင်ပေ၊ သမုဒ္ဒရာသည် မြစ်ရေများဖြင့် မရောင့်ရဲနိုင်ပေ၊ သေမင်းသည် သတ္တ၀ါအလုံးစုံဖြင့် မရောင့်ရဲနိုင်ပေ။ မိန်းမသည် မည်မျှသော ယောင်္ကျားဖြင့်ဖြစ်စေ မရောင့်ရဲနိုင်ပေ။
{ သေကြေပျက်စီးနိုင်သောအကြောင်းတရား }
အကျင့်ဖောက်ပြားသော မယားသည်လည်းကောင်း၊    ကောက်ကျစ်စဉ်းလဲသော မိတ်ဆွေသည်လည်းကောင်း၊  ဆင်ခြေဆင်လက်ထူသော  ကျေးကျွန်သည်လည်း
ကောင်း၊ မြွေဆိုးရှိသော အိမ်၌ နေထိုင်ခြင်းသည်လည်းကောင်း၊ ဤလေးပါးသည်
သေကြေပျက်စီးရ၏ အကြောင်းတရား ဖြစ်ကုန်သည်။
{ သူယုတ်မာ }
ပစ္စည်းဥစ္စာ စသည်တို့ဖြင့် ပေးကမ်း၍ ကြီးပွားတိုးတက်အောင် စောင့်ရှောက်ခြင်း
ကိုလည်းကောင်း၊ လေးလေးစားစားထား၍ ဆက်ဆံခြင်းကိုလည်း၊ သူယုတ်မာသည်
နှစ်သက်ရောင့်ရဲမှု မဖြစ်နိုင်ပေ။ အဆိပ်ပင်သည် အမြိုက်ရေစင်ဖြင့် သွန်းလောင်းပါ
သော်လည်း အသီးကောင်းသီးမလာနိုင်ပေ။
{ စွန့်နိုင်ခဲခြင်း }
လူတို့သည် ၀မ်းတွင်းပါ ပင်ကိုသဘောကို စွန့်နိုင်ခဲကုန်၏။ ခွေးကိုမင်းမြှောက်ထား
သော်လည်း ဖိနပ်မစားဘဲ နေနိုင်မည်မဟုတ်ပေ။
{ အပူစုသူ }
၁ - မိနစ်အချိန်ဖြုန်းသောပုဂ္ဂိုလ်
၁ - မိနစ် အတွင်းမှာ အပူတွေစိမ့်ဝင်နေကြပါတယ်။
၁ - နာရီအချိန်ဖြုန်းသောပုဂ္ဂိုလ်
၁ - နာရီ အတွင်းမှာ အပူတွေစိမ့်ဝင်နေကြပါတယ်။
ဒါ့ကြောင့် ဖြုန်းတယ်ဆိုတာ အလကား ကုန်တာမဟုတ်ဘူး။
အပူတွေစုနေတာပါ။
                          (  တိပိဋကဓရ - ဓမ္မဘဏ္ဍာဂါရိက (ယော) ဆရာတော်ကြီး )
သုဘလုလင်မေးသော လူချင်းတူပါလျက်နှင့် ကံခြင်းမတူ ပုံ အချက် ၁၄ ချက်
{ ကံချင်းမတူ လူချင်းမတူ }
 ဘုရားရှင်လက်ထက်တွင် သုဘလုလင်မေးသော လူချင်းတူပါလျက်နှင့် ကံခြင်းမတူ
ပုံ အချက် ၁၄ ချက်ကိုလျောက်ထားရာဘုရားရှင်ဖြေတော်မူပုံကို အကျဉ်းချုံး တင်ပြ
ပါမည်။
 ၁။ အချို့မှာ အသက်တိုရခြင်း
       ဤလောက၌ အချို့သောယောင်္ကျား မိန်းမတို့သည် သတ္တ၀ါတို့ကို သနားကြင်
နာခြင်း ကင်းမဲ့လျက် သူတစ်ပါး အသက်ကို ရက်ရက်စက်စက်     သတ်ဖြတ်လေ့ရှိ
သည်။   ထိုသူတို့သည် သေသောအခါ ငရဲသို့ကျရောက်ရသည်။   ရှေးကုသိုလ် ကံ
တစ်ခုခုထောက်မမှုကြောင့် လူ့ပြည်သို့ရောက်ပြန်လျှင်လည်း ကြာရှည်စွာနေခွင့်မ
ရ ၊ အသက်တိုလေ့ရှိသည်။
၂။ အချို့မှာ အသက်ရှည်ရခြင်း
     ဤလောက၌ အချို့သော ယောင်္ကျားမိန်းမတို့သည်   သတ္တ၀ါတို့ကို  သနားကြင်
နာခြင်း ဂရုဏာထားလျှက် သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်ကြသည်။   ထိုသူတို့
သည် သေသောအခါ နတ်ပြည်သို့ရောက်ကြသည်။ လူ့ပြည်သို့ပြန်ရောက်လာလျှင်
လည်း အသက်ရှည်စွာ နေရသည်။
၃။ အချို့မှာ အနာရောဂါများရခြင်း
     ဤလောက၌ အချို့သော  ယောင်္ကျားမိန်းမတို့သည်    တစ်စုံတစ်ယောက်သော သတ္တ၀ါကို လက်ဖြင့်သော်လည်းကောင်း၊  ခဲ,တုတ်,ဓား  စသော   လက်နက်များဖြင့် ညှင်းဆဲလေ့ရှိသည်။  ထိုသူတို့သေသောအခါ ငရဲသို့ရောက်ရသည်။ လူ့ပြည်သို့ပြန်
ရောက်လာလျင်လည်း အနာရောဂါထူပြောလေ့ရှိသည်။
၎။အချို့မှာ အနာရောဂါကင်းရှင်းရခြင်း
     ဤလောက၌ အချို့သော ယောင်္ကျားမိန်းမတို့သည်   တစ်စုံတစ်ယောက် သော သတ္တ၀ါကို လက်ဖြင့်သော်လည်းကောင်း ၊ ခဲ,တုတ်,ဓား စသော   လက်နက်များဖြင့် ညှင်းဆဲနှိပ်စက်လေ့မရှိ။ ထိုသူတို့သေသောအခါ နတ်ပြည်သို့ရောက်  ရသည်။  လူ့
ပြည်သို့ပြန်ရောက်လာလျင်လည်း အနာရောဂါကင်းရှင်းကြပေသည်။
၅။ အချို့မှာ ရုပ်ဆိုးရခြင်း
     ဤလောက၌ အချို့သော ယောင်္ကျားမိန်းမတို့သည် အလွန်ဒေါသကြီး၏။
အနည်းငယ်သောစကားကို ပြောလျှင်လည်း သူတစ်ပါးကို စော်ကားပုတ်ခတ်၍ ပြော
လေ့ရှိသည်။  ထိုသူတို့သေသောအခါ ငရဲသို့ရောက်ရသည်။  လူ့ပြည်သို့ ပြန်ရောက်
လာ  လျှင်လည်း မျက်နှာပုပ်သိုးနှင့် အရုပ်ဆိုးတတ်လေသည်။
၆။ အချို့မှာ အဆင်းလှရခြင်း
      ဤလောက၌ အချို့သော ယောင်္ကျားမိန်းမတို့သည် ဒေါသမထွက်၊ သူတစ်ပါးကို
အပြစ်ပြောလေ့မရှိ၊ စိတ်ထားနူးညံ့သိမ်မွေ့သူများဖြစ်သည်။  ထိုသူတို့ သေသောအ
ခါနတ်ပြည်သို့ ရောက်ရသည်။ လူ့ပြည်သို့ပြန်ရောက်လာလျှင်လည်း   ကြည်လင်လှ
ပသော ရုပ်အဆင်းအင်္ဂါနှင့် ချောမောလှပကြသည်။
၇။ အချို့မှာ အခြွေအရံ တန်ခိုးအာဏာနည်းပါးရခြင်း
      ဤလောက၌ အချို့သော ယောင်္ကျားမိန်းမတို့သည် ဣသာ ( ငြူစူခြင်း )  တရား
အားကြီးကြသည်။  ထိုသူတို့သေသာအခါ ငရဲသို့ရောက်ရသည်။        လူ့ပြည်သို့ပြန်
ရောက်လာလျှင်လည်း အခြွေအရံတန်ခိုးအာဏာ နည်းပါးရလေသည်။
     ဣသာ၏အဓိပ္ပါယ် - သူတစ်ပါးတို့သည် ကံ,ဉာဏ်, ၀ိရိယအားလျော်စွာ စည်းစိမ်၊ ဥစ္စာပေါများခြင်း ၊  ရာထူးဂုဏ်သိမ် ကြီးမားခြင်း ၊ ထင်ရှားကျော်စောခြင်း ၊  တတ်သိ
လိမ္မာခြင်းတို့ကို မနာလိုမှု ၊ မကြည်ဖြူနိုင်မှု ၊ စောင်းမြောင်းမှု ၊  ငြူစူမှု  စသည်တို့ကို
နှုတ်ခမ်းစူ၍ ပြောဆိုမှုများသည် အတွင်းက ဣသာတရား၏ အစွမ်းပင်ဖြစ်သည်။
၈။ အချို့မှာ အခြွေအရံ တန်ခိုးအာဏာကြီးမားရခြင်း
      ဤလောက၌ အချို့သော ယောင်္ကျားမိန်းမတို့သည် ဣသာ (ငြူစူခြင်း) တရား မ
ရှိ၏ကြပေ။     ထိုသူတို့သေသာအခါ နတ်ပြည်သို့ရောက်ရသည်။      လူ့ပြည်သို့ပြန်
ရောက်လာလျှင်လည်း အခြွေအရံတန်ခိုးအာဏာများပြားရလေသည်။
၉။ အချို့မှာဥစ္စာမဲ့မွဲ ဆင်းရဲရခြင်း
     ဤလောက၌ အချို့သော ယောင်္ကျားမိန်းမတို့သည် စွန့်ကြဲပေးကမ်းလှူဒါန်းလေ့
မရှိ၊ မစ္ဆေရ(၀န်တိုခြင်း) တရားအလွန်အားကြီးကြကုန်၏။ ထိုသူတို့သေသာအခါ ငရဲ
သို့ရောက်ရသည်။    လူ့ပြည်သို့ပြန်ရောက်လာ လျှင်လည်း ဥစ္စာမွဲလျှက် ဆင်းရဲကြ
ကုန်၏ ။     မစ္ဆေရ၏ အဓိပ္ပါယ် - မိမိ၌ရှိသောပစ္စည်း၊ မိမိနှင့်ဆိုင်သောပစ္စည်းများကို သူတစ်ပါးတို့နှင့် မပတ်သက် မပေးကမ်းလိုမှု၊ မလှူဒါန်းလိုမှု၊ မိမိ၏စည်းစိမ်ဥစ္စာများ
ကို သူတစ်ပါးရသွားမှာ စိုးရိမ်ခြင်းတို့ကို မစ္ဆေရ ဟုခေါ်သည်။
၁၀။ အချို့မှာဥစ္စာပြည့်စုံကုံလုံကြွယ်ဝခြင်း
        ဤလောက၌ အချို့သော ယောင်္ကျားမိန်းမတို့သည် စွန့်ကြဲပေးကမ်းလှူဒါန်း
လေ့ရှိခြင်း၊ မစ္ဆေရ(၀န်တိုခြင်း) တရားမရှိကြကုန်။ ထိုသူတို့သေသာအခါနတ်ပြည်သို့
ရောက်ရသည်။ လူ့ပြည်သို့ပြန်ရောက်လာ လျှင်လည်း ဥစ္စာပြည့်စုံကုံလုံကြွယ်ဝခြင်း နှင့်ပြည့်စုံကြကုန်၏။
၁၁။ အချို့မှာအမျိုးယုတ်ရခြင်း
        ဤလောက၌ အချို့သော ယောင်္ကျားမိန်းမတို့သည် အလွန်မာနကြီးကြကုန်၏။ သူတစ်ပါးကိုအလွန် အထင်အမြင်သေးကြကုန်၏။ ကိုယ့်ကိုယ်ကိုသာ အထင်ကြီးကြ
ကုန်၏။ ရိုသေလေးစားထိုက်သောသူတို့ကို ရိုသေလေးစားရမှန်းမသိပေ။  ထိုသူတို့
သေသာအခါ ငရဲသို့ရောက်ရသည်။  လူ့ပြည်သို့ပြန်ရောက်လာလျှင်လည်း အောက်
ကျနောက်ကျပြီး ယုတ်ညံ့သောအမျိုးတွင် ဖြစ်ရလေသည်။
၁၂။ အချို့မှာအမျိုးမြတ်ရခြင်း
       ဤလောက၌ အချို့သော ယောင်္ကျားမိန်းမတို့သည် မာန်မာနမရှိကြကုန်။ သူတစ်ပါးကို အထင်အမြင်သေးခြင်း မရှိကြကုန်။ ရိုသေလေးစားထိုက်သော သူတို့
ကိုရိုသေလေးစားကြကုန်၏။    ထိုသူတို့သေသာအခါ နတ်ပြည်  သို့ရောက်ရသည်။ လူ့ပြည်သို့ပြန်ရောက်လာ  လျှင်လည်း မြင့်မြတ်သောအမျိုးတွင် ဖြစ်ရ  လေသည်။
၁၃။ အချို့မှာအသိပညာဉာဏ်နည်းပါးရခြင်း
        ဤလောက၌ အချို့သော ယောင်္ကျားမိန်းမတို့သည် ပညာရှိထံ ချဉ်းကပ်၍
ကုသိုလ်၊ အကုသိုလ်ကို၎င်း၊ အပြစ်ရှိမရှိကိုလည်းကောင်း၊ မိမိမှီဝဲထိုက်၊ မမှီဝဲထိုက်
သော အရာကိုလည်းကောင်း ၊    နောင်သံသရာဝယ်     အကျိုးပေး မပေးကိုလည်း
ကောင်း မေးမြန်းလေ့မရှိ။     မိမိထင်ရာမြင်ရာ ပြုလုပ်ပြီး ဒုစရိုက်များဖြင့် သေလွန်
သည့်အခါငရဲ၌ ဖြစ်ရလေသည်။ လူ့ပြည်သို့ပြန်ရောက်လာလျှင်လည်း အသိပညာ
ကင်းမဲ့သောလူဖျင်း၊ လူညံ့၊ လူအ၊ လူမိုက်ဖြစ်ရလေသည်။
၁၄။ အချို့မှာအသိပညာဉာဏ်ကြီးမားရခြင်း
        ဤလောက၌ အချို့သော ယောင်္ကျားမိန်းမတို့သည် ပညာရှိထံချဉ်းကပ်၍
ကုသိုလ်၊ အကုသိုလ်ကို၎င်း၊ အပြစ်ရှိမရှိကိုလည်းကောင်း၊ မိမိမှီဝဲထိုက်၊ မမှီဝဲထိုက်
သော  အရာကိုလည်းကောင်း ၊       နောင်သံသရာဝယ်  အကျိုးပေးမပေးကိုလည်း
ကောင်းမေးမြန်းလေ့ရှိသည်။  မိမိထင်ရာမြင်ရာ မပြုလုပ်ဘဲ သုစရိုက်များဖြင့် သေ
လွန်သည့်အခါ နတ်ပြည်၌ ဖြစ်ရလေသည်။ လူ့ပြည်သို့ပြန်ရောက်လာ လျှင်လည်း
အသိပညာဉာဏ်ကြိးမားရလေသည်။
“ဘယ်သူမပြုမိမိမှု” ဆိုသကဲ့သို့ လူတို့သည် ရှေးရှေးကပြုလုပ်ခဲ့သည့်ကံအားလျှော်
စွာ ကောင်းကျိုး မကောင်းကျိုး ကိုခံစားရလေသည်။
                                        (ဥပရိပဏ္ဏာသပါဋ္ဌိတော်၊ ၀ိဘင်္ဂ၀ဂ်၊စူဋ္ဌကမ္မ၀ိဘင်္ဂသုတ်)
အဘိဓမ္မာလာ ကံ ၁၆ ပါး အပိုင်း(၂)
၉။ ဂတိဝိပတ္တိနှင့် ကုသိုလ်ကံ
        အချို့သောသူတို့သည် ကောင်းမှုကုသိုလ်ကံ အများအပြားရှိသော်လည်း   ထို
ကုသိုလ်ကံသည် အကျိုးမပေးဘဲ  အကုသိုလ်ကံ  အကျိုးပေးသောကြာင့် ပျက်စီးတဲ့
ဂတိမှာဖြစ်ဖြစ်၊ အသူရကာယ်မှာဖြစ်ဖြစ် နေရပါသည်။ ထိုနေရာမျိုးတွင်ကုသိုလ်ကံ
အကျိုးပေးခွင့် မရတော့ပါ။ ထိုသူ၏ ကုသိုလ်ကံတို့သည် ပျက်စီးသော ဂတိတားမြစ်
ထားသည့်အတွက် အကျိုးမပေးတော့ပါဟု ဗုဒ္ဓမြတ်စွာဘုရားကမြင်တော်မူပါသည်။
၁၀။ ဥပဓိဝိပ္ပတ္တိနှင့် ကုသိုလ်ကံ  
         အချို့သောသူတို့သည် ကောင်းမှုကုသိုလ်ကံ အများအပြားရှိသော်လည်း  ထို
ကုသိုလ်ကံသည်  အကျိုးမပေးဘဲ အကုသိုလ်ကံ  အကျိုးပေးသောကြာင့်     ပျက်စီး
သောရုပ်ဆင်းအင်္ဂါသာရှိပါသည်။ အရုပ်ဆိုးအကျည်းတန်ပါသည်။  မြေဘုတ်ဘီလူး
နှင့်တူနေပါသည်။ မင်းမျိုးမင်းနွယ်ဖြစ်စေဦးတော့ ကျက်သရေမရှိသောဤသူသည်
တိုင်းပြည်ကိုမရနိုင်ပါ။ ထိုကဲ့သို့ပျက်စီးသောရုပ်ဆင်းအင်္ဂါတားမြစ်ခံရသောကြောင့် ကုသိုလ်ကံတို့သည်အကျိုးမပေးနိုင်ပါလို့ ဗုဒ္ဓမြတ်စွာဘုရားကမြင်တော်မူပါသည်။
၁၁။ ကာလ၀ိပတ္တိနှင့် ကုသိုလ်ကံ
         အချို့သောသူတို့သည် ကောင်းမှုကုသိုလ်ကံ အများအပြားရှိသော်လည်း  ထို
ကုသိုလ်ကံသည် အကျိုးမပေးဘဲအကုသိုလ်ကံ အကျိုးပေးသောကြာင့်ပျက်စီးသည့်
ကာလမှာ မကောင်းတဲ့ မင်း မကောင်းတဲ့ လူ တွေနှင့် လက်ထက်မှာအဆီသြဇာမရှိ
သည့်အခါ အသက်တိုသည့်အခါ မှာ ဖြစ်ရပါသည်။    ထိုအခါမျိုးတွင် ကုသိုလ်ကံတို့
သည်အကျိုးမပေးနိုင်ပါလို့ ဗုဒ္ဓမြတ်စွာဘုရားကမြင်တော်မူပါသည်။
၁၂။ ပယောဂ၀ိပတ္တိနှင့် ကုသိုလ်ကံ
          အချို့သောသူတို့သည် ကောင်းမှုကုသိုလ်ကံ အများအပြားရှိသော်လည်း ထို
ကုသိုလ်ကံသည် အကျိုးမပေးဘဲ အကုသိုလ်ကံ အကျိုးပေးသောကြာင့် ငါးပါးသီလ
ကိုစောင့်ထိမ်းခြင်း မရှိဘဲ ကျူးလွန်ကြပါသည်။    အမျိုးဆွေများသော်မှ ဝေးဝေးက
ရှောင်ကြပါသည်။ ထိုပျက်စီးသော အားထုတ်မှုက တားမြစ်သည့်အတွက်  ကုသိုလ်
ကံတို့သည် အကျိုးမပေးနိုင်ပါလို့ ဗုဒ္ဓမြတ်စွာဘုရားက မြင်တော်မူပါသည်။
၁၃။ ဂတိသမ္ပတ္တိနှင့် ကုသိုလ်ကံ
         အချို့သောသူတို့သည် ကောင်းမှုကုသိုလ်ကံ အများအပြားရှိကြပါသည်။  ထို
ကုသိုလ်ကံတို့သည်   ပျက်စီးသောဂတိတွင်ဖြစ်မည့်  အကုသိုလ်ကံတို့ ကို အကျိုးမ
ပေးနိုင်ပါ။  ထိုကုသိုလ်ကံတို့သည် အလှည့်နှင့် အကျိုးပေးလေသည်။  တစ်ခါတစ်ရံ လူ့ပြည်တွင်ဖြစ်လိုက် တစ်ခါတစ်ရံ နတ်ပြည်တွင်ဖြစ်လိုက် ဖြစ်နေပါသည်။ ထိုပျက်
စီးသော အကုသိုလ်ကံများက အကျိုးမပေးဘဲ ကုသိုလ်ကံက အကျိုးပေးပုံကို ဗုဒ္ဓမြတ်စွာဘုရားကမြင်တော်မူပါသည်။
၁၄။ ဥပတိသမ္ပတ္တိနှင့် ကုသိုလ်ကံ
        အချို့သောသူတို့သည် ကောင်းမှုကုသိုလ်ကံ အများအပြားရှိကြပါသည်။  ထို
ကုသိုလ်ကံတို့သည်  ရုပ်ဆင်းအင်္ဂါ ချို့တဲ့မှုဆိုသည့်  အကုသိုလ်ကံတို့  ကိုအကျိုးမ
ပေးနိုင်ပါ။    ထိုကုသိုလ်ကံတို့သည် လွန်ကဲသော ရုပ်ဆင်းအင်္ဂါကိုဖြစ်စေပါသည်။ ဗြဟ္မာမင်းရဲ့ ကိုယ်နှင့်တူပါသည်။        သူတစ်ပါတို့လည်းလေးစား ကြည်ညိုကြပါ
တယ်။ ရာထူးအမျိုးမျိုးကိုလည်းရတတ်ပါသည်။
ထိုပျက်စီးသော အကုသိုလ်ကံများက အကျိုးမပေးဘဲ ကုသိုလ်ကံက အကျိုးပေးပုံ
ကို ဗုဒ္ဓမြတ်စွာဘုရားကမြင်တော်မူပါသည်။
၁၅။ ကာလသမ္ပတ္တိနှင့် ကုသိုလ်ကံ
         အချို့သောသူတို့သည် ကောင်းမှုကုသိုလ်ကံ အများအပြားရှိသော်လည်း ထို
ကုသိုလ်ကံတို့သည် အကျိုးပေးပြီးအကုသိုလ်ကံ အကျိုးမပေးသောကြာင့် ကောင်း
သည့်ကာလမှာ ကောင်းတဲ့ မင်း ကောင်းတဲ့ လူတွေ၏ လက်ထက်မှာ  အဆီသြဇာ
ရှိသည့်အခါ အသက်ရှည်သည့်အခါ မှာ ဖြစ်ရပါသည်။  ထိုအခါမျိုးတွင် အကုသိုလ်
ကံတို့သည်အကျိုးမပေးနိုင်ပါလို့ ဗုဒ္ဓမြတ်စွာဘုရားကမြင်တော်မူပါသည်။
၁၆။ ပယောဂသမ္ပတ္တိနှင့် ကုသိုလ်ကံ
         အချို့သောသူတို့သည် ကောင်းမှုကုသိုလ်ကံ အများအပြားရှိသော်လည်း  ထို
ကုသိုလ်ကံသည် အကျိုးပေးပြီး အကုသိုလ်ကံ အကျိုးမပေးသောကြာင့် ငါးပါးသီလ
ကိုစောင့်ထိမ်း ကြပါသည်။ အမျိုးဆွေများက လေးစာကြပါသည်။  ထိုကောင်းသော
အားထုတ်မှုကတားမြစ်သည့် အတွက်  အကုသိုလ်ကံတို့သည်အကျိုးမပေးနိုင်ပါလို့ ဗုဒ္ဓမြတ်စွာဘုရားကမြင်တော်မူပါသည်။
         ( ပဋိသမ္ဘိဒါမဂ်ဒေသနာနည်းကံ ၁၂ ပါး )၁။ အတိတ်ကဖြစ်ခဲ့ပြီး အတိတ်မှာ အကျိုးပေးခဲ့သောကံ၊
၂။ အတိတ်ကဖြစ်ခဲ့ပြီး အတိတ်မှာ အကျိုးမပေးခဲ့သောကံ၊
၃။ အတိတ်ကဖြစ်ခဲ့ပြီး ပစ္စုပ္ပန်မှာအကျိုးပေးသောကံ၊
၎။ အတိတ်ကဖြစ်ခဲ့ပြီး ပစ္စုပ္ပန်မှာအကျိုးမပေးသောကံ၊
၅။အတိတ်ကဖြစ်ခဲ့ပြီး  အနာဂါတ်မှာအကျိုးပေးမဲ့ကံ၊
၆။ အတိတ်ကဖြစ်ခဲ့ပြီး ပစ္စုပ္ပန်မှာအကျိုးမပေးမဲ့ကံ၊
၇။ပစ္စုပ္ပန်မှာဖြစ်၍   ပစ္စုပ္ပန်မှာအကျိုးပေးသောကံ၊
၈။ ပစ္စုပ္ပန်မှာဖြစ်၍ ပစ္စုပ္ပန်မှာအကျိုးမပေးမယ့်ကံ၊
၉။ ပစ္စုပ္ပန်မှာဖြစ်၍ အနာဂတ်မှာ အကျိုးပေးမယ့်ကံ၊
၁၀။ ပစ္စုပ္ပန်မှာဖြစ်၍ အနာဂတ်မှာ အကျိုးမပေးမယ့်ကံ၊
၁၁။ အနာဂတ်မှာဖြစ်၍ အနာဂတ်မှာ အကျိုးပေးမယ်ကံ၊
၁၂။ အနာဂတ်မှာဖြစ်၍ အနာဂတ်မှာ အကျိုးမပေးမယ်ကံ။
        ကံအကြောင်းသိကောင်းစရာ အကျဉ်းချုပ်ပြီး၏။
မှီငြမ်းကိုးကားသော စာအုပ်များ
 ၁။ ဗုဒ္ဒအလိုတော်ကျ ကျင့်သုံးနေထိုင်နည်း (ဒုတိယတွဲ) အရှင်ကုမာရ။
၂။ ဗုဒ္ဒဘာသာကောင်းတစ်ယောက် သာသနာတော်ထွန်းကားပြန့်ပွားရေး ဦးစီးဌာန။
အဘိဓမ္မာလာ ကံ ၁၆ ပါး အပိုင်း(၁)
ဂတိသမ္ပတ္တိ               =  ကောင်းသောဂတိဟုခေါ်သည်။ နတ်လောက၊ ဗြဟ္မာလော
                                       က၊ လူ့လောကတို့ဖြစ်သည်။
ဥပဓိသမ္ပတ္တိ              =   ရုပ်ဆင်းအင်္ဂါလှပချောမောခြင်းဖြစ်သည်။
ကာလသမ္ပတ္တိ           =   ကောင်းသောမင်းအုပ်ချုပ်၍ ကောင်းသောလူများ နေထိုင်
                                       သောကာလကိုဆိုလိုပါသည်။
ပယောဂသမ္ပတ္တိ       =   ကောင်းသောအားထုတ်မှုကို ဆိုလိုပါသည်။
ဂတိဝိပတ္တိ                 =   အပါယ်လေးပါးကိုဆိုလိုပါသည်။
ဥပဓိဝိပတ္တိ                =   ရုပ်ဆိုးခြင်းကိုဆိုလိုပါသည်။
ကာလ၀ိပတ္တိ             =   မကောင်းသော မင်းအုပ်ချုပ်၍ မကောင်းသောလူများ နေ
                                        ထိုင်သောကာလကိုဆိုလိုပါသည်။
ပယောဂ၀ိပတ္တိ         =   မကောင်းသောအားထုတ်မှုကိုဆိုလိုပါသည်။
၁။ ဂတိသမ္ပတ္တိနှင့် အကုသိုလ်ကံ
   အချို့သောသူတို့သည် မကောင်းမှုအကုသိုလ်ကံ အများအပြားရှိသော်လည်း ထို
အကုသိုလ်ကံသည် အကျိုးမပေးဘဲ ကုသိုလ်ကံ အကျိုးပေးသောကြာင့် နတ်ချမ်းသာ
လူချမ်းသာ ဖြစ်ကြရလေသည်။     ထိုလူချမ်းသာ နတ်ချမ်းသာ ဘ၀တွင်လည်း အကု
သိုလ်သည် အကျိုးပေးခွင့် မကြုံပေ။    ထိုအကုသိုလ်ကံတို့သည် ပြည့်စုံသော ဂတိ၏ တားမြစ်မှုကြောင့်   အကျိုးပေးလှည့်   မကြုံတော့လို့   မြတ်စွာဘုရားက သိတော်မြင်
တော်မှုလေသည်။
၂။ ဥပဓိသမ္ပတ္တိနှင့် အကုသိုလ်ကံ
      အချို့သောသူတို့သည် မကောင်းမှုအကုသိုလ်ကံ အများအပြားရှိသော်လည်း ထို
အကုသိုလ်ကံသည် အကျိုးမပေးဘဲကုသိုလ်ကံ အကျိုးပေးသောကြာင့် ရုပ်ဆင်းအင်္ဂါ
ကြန်အင်လက္ခဏာနှင့်ပြည်စုံနေပါသည်။  လှပချောမောပြီးရှုချင်စဖွယ်တင့်တယ်နေ
သည်။  ကျွန်မ၏ ၀မ်းကမွေးလာသောကျွန်ပင်ဖြစ်သော်ငြားလည်းလှပသည့်အဆင်း
ကြောင့် ညစ်ပတ်ပေရေသော     အလုပ်များကိုမခိုင်းဘဲ သိမ်မွေ့သောအ၀တ်များကို ၀တ်စေပြီး ကောင်းမွန်သောအလုပ်များကိုသာ ခိုင်းပါသည်။      ထိုအကုသိုလ်ကံတို့
သည်ပြည့်စုံသော ရုပ်ဆင်း၊လှပသောရုပ်ဆင်း၏ တားမြစ်မှုကြောင့်အကျိုးပေးလှည့်
မကြုံတော့လို့   မြတ်စွာဘုရားက သိတော်မြင်တော်မှုလေသည်။
ရုပ်လှ၍ချမ်းသာရသူအကြောင်း
 သီဟိုဠ်ကျွန်းတွင် ဘာတိကမင်း အုပ်စိုးစဉ် နွားသားမစားရဟု အမိန့်ထုတ်ထားလေ
သည်။      နွားသားခိုးစားသူ အမြောက်အမြားကို မင်းချင်းတို့ကဖမ်းဆီးပြီး မင်းထံသို့
အပ်လေသည်။   မင်းက ထိုသူတို့အား နန်းတော်ဝန်းကျင်တွင် အမှိုက်လှဲသန့်ရှင်း ရ
မည်ဟု ဒဏ်ပေးလိုက်လေသည်။      ထိုနွားသားစားသူများထဲမှ တစ်စုံတစ်ယောက်
သောသူ၏သမီးသည်  လွန်စွာတင့်တယ်လှပသော အဆင်းနှင့်ပြည့်စုံသူ ဖြစ်သည်။
ထိုအမျိုးသမီးကို   မင်းကတွေ့သောအခါ  ခေါ်ဆောင်ပြီး  နန်းတွင်း၌ အကျွမ်းဝင်သူ
တွေရဲ့ အရာမှာထားကာ  “သာမဒေ၀ီ”  လို့အမည်ပေးလိုက်ပါသည်။   ကျန်သော “သာမဒေ၀ီ” ၏ အပေါင်းဖေါ်တို့သည်လည်း သူ့ကိုမှီ၍ ကောင်းမွန်စွာအသက်မွေး
ကြရပါသည်။    ရုပ်ဆင်းရူပါလှပမှုက တားမြစ်သည့် အတွက်ကြောင့် အကုသိုလ်ကံ
တွေက အကျိုးမပေးနိုင်ကြပါ။
၃။ ကာလသမ္ပတ္တိနှင့် အကုသိုလ်ကံ
      အချို့သောသူတို့သည်  မကောင်းမှုအကုသိုလ်ကံ   အများအပြားရှိသော်လည်း ထိုအကုသိုလ်ကံသည် အကျိုးမပေးဘဲ ကုသိုလ်ကံ အကျိုးပေးသောကြာင့်  စကြာဝ
တေးမင်းအုပ်စိုးသောကာလ ၊ ဘုရားရှင်ပွင့်တော်မူသောကာလ၊ ကောင်းသောမင်း
တို့ အုပ်စိုးသော ကာလမှာ ဖြစ်ကြရပါသည်။     ထိုပြည်စုံသောကာလ၏ တားမြစ်မှု
ကြောင့် အကုသိုလ်ကံ များအကျိုးပေးခွင့်မရတော့ဘဲ ကုသိုလ်ကံများသာ    အကျိုး
ပေးတတ်ပုံကို မြတ်စွာဘုရားက သိတော်မြင်တော်မှုလေသည်။
 ၄။ ပယောဂသမ္ပတ္တိ နှင့် အကုသိုလ်ကံ
       အချို့သောသူတို့သည်  မကောင်းမှုအကုသိုလ်ကံ   အများအပြားရှိသော်လည်း ထိုအကုသိုလ်ကံသည် အကျိုးမပေးဘဲ ကုသိုလ်ကံ အကျိုးပေးသောကြာင့် ပါဏာတိ
ပါတ (သူ့အသက်သတ်ခြင်း) စသည်တို့ကို ရှောင်ကြဉ်ပါသည်။ ကောင်းသော ကိုယ်
စရိုက်၊ ကောင်းသော နှုတ်စရိုက်၊ ကောင်းသော စိတ်ထား   များနှင့်ပြည့်နေပါသည်။ ထိုပြည့်စုံသော အားထုတ်မှု၏ တားမြစ်မှုကြောင့် အကုသိုလ်ကံ များအကျိုးပေးခွင့်မ
ရတော့ဘဲကုသိုလ်ကံများသာ  အကျိုးပေးတတ်ပုံကို မြတ်စွာဘုရားက  သိတော်မြင်
တော်မှုလေသည်။
၅။ ဂတိဝိပတ္တိ နှင့် အကုသိုလ်ကံ
      အချို့သောသူတို့သည် မကောင်းမှုအကုသိုလ်ကံ  အများအပြားရှိသောကြောင့် ထိုအကုသိုလ်ကံသည် အကျိုးပေးပြီး ကုသိုလ်ကံ အကျိုးမပေးတော့ဘဲ အပါယ်လေး
ဘုံမှာထပ်ကာထပ်ကာ ဖြစ်နေရပါသည်။ မကောင်းမှု အကုသိုလ်ကံများအလှည့်ကျ၊
အလှည့်ကျ မကောင်းကျိုးကိုပေးကြပါသည်။   တစ်ခါတစ်ရံ တိရိစ္ဆာန်တွင်ဖြစ်လိုက်၊ တစ်ခါတစ်ရံ ပြိတ္တာဖြစ်လိုက်၊ တစ်ခါတစ်ရံ  အသူရာတွင်ဖြစ်လိုက်နှင့် အချိန်ကာလ ကြာရှည်စွာ အပါယ်က ခေါင်းမထောင်တော့ပါဘူး၊  ထိုပြည့်စုံသော အကုသိုလ်ဂတိ
တားမြစ်မှုကြောင့် ကုသိုလ်ကံ များအကျိုးပေးခွင့်မရတော့ဘဲ အကုသိုလ်ကံများသာ အကျိုးပေးတတ်ပုံကို မြတ်စွာဘုရားက သိတော်မြင်တော်မှုလေသည်။
၆။ ဥပဓိဝိပတ္တိနှင့် အကုသိုလ်ကံ
     အချို့သောသူတို့သည် မကောင်းမှုအကုသိုလ်ကံ   အများအပြားရှိသောကြောင့် ထိုအကုသိုလ်ကံသည် အကျိုးပေးပြီးကုသိုလ်ကံတို့ အကျိုးမပေးကြပါ။   ထိုသူတို့၏ ရုပ်ရေရူပကာကြန်အင်လက္ခဏာ လှပချောမောခြင်းမရှိကြပါ။ ရုပ်ဆိုးအကျည်းတန်
နေကြပါသည်။ စက်ဆုပ်ဖွယ်ရာ အဆင်းရှိပြီး မြေဖုတ်တစ္ဆေနှင့်သာ တူနေပါသည်။
လူတို့က ထိုသူတို့ကို အနိမ့်ကြဆုံး နှင့် အယုတ်ညံ့ဆုံးအလုပ်သာ ခိုင်းတတ်ပါသည်။
ထိုပြည့်စုံသော အကုသိုလ် အရုပ်ဆိုး အကျည်းတန်ခြင်းကတားမြစ်မှုကြောင့်     ကု
သိုလ်ကံများအကျိုးပေးခွင့်မရတော့ဘဲ အကုသိုလ်ကံများသာ အကျိုးပေးတတ်ပုံကို
မြတ်စွာဘုရားက သိတော်မြင်တော်မှုလေသည်။
၇။ ကာလ၀ိပတ္တိနှင့် အကုသိုလ်ကံ
      အချို့သောသူတို့သည်  မကောင်းမှုအကုသိုလ်ကံ  အများအပြားရှိသောကြောင့် ထိုအကုသိုလ်ကံသည် အကျိုးပေးပြီး ကုသိုလ်ကံတို့ အကျိုးမပေးကြပါ။       ထိုသူတို့
သည် မကောင်းသောမင်း မကောင်းသော လူတို့၏   ခေတ်ကာလတွင်ကြရောက် ရ
သည်။ အသက် ၁၀ နှစ်တန်းကာလ မှာလည်းဖြစ်ရသည်။ ထိုကာလတွင် ၅ မျိုးသော
နွားနို့အရသာများလည်း ပြတ်လတ်ကုန်လေသည်။   လူးထမင်းသည် အကောင်းဆုံး
သော အစားအစာ ဖြစ်နေပါတော့သည်။    ထိုပြည့်စုံသော အကုသိုလ် ခေတ်ကာလ
ဆိုး၏ တားမြစ်မှုကြောင့်  ကုသိုလ်ကံ  များအကျိုးပေးခွင့်မရတော့ဘဲ  အကုသိုလ်ကံ
များသာ အကျိုးပေးတတ်ပုံကို မြတ်စွာဘုရားက သိတော်မြင်တော်မှုလေသည်။
၈။ ပယောဂ၀ိပတ္တိနှင့် အကုသိုလ်ကံ
      အချို့သောသူတို့သည် မကောင်းမှုအကုသိုလ်ကံ   အများအပြားရှိသောကြောင့် ထိုအကုသိုလ်ကံသည် အကျိုးပေးပြီး ကုသိုလ်ကံတို့ အကျိုးမပေးကြပါ။      ထိုသူတို့
သည် မကောင်းသော  အားထုတ်မှုဖြစ်သော  သူ့အသက်သတ်ခြင်း  သူ့ဥစ္စာ ခိုးခြင်း
စသည်ဖြင့် မကောင်းသော အကုသိုလ်ကံကို ကျူးလွန်ကြပြီး  ဖမ်းဆီးနှိပ်စက် သတ်
ဖြတ်ခံကြရပါသည်။       ထိုပြည့်စုံသော မကောင်းသော အားထုတ်မှု အကုသိုလ်ကံ
တားမြစ်မှုကြောင့် ကုသိုလ်ကံ များအကျိုးပေးခွင့်မရတော့ဘဲ အကုသိုလ်ကံများသာ အကျိုးပေးတတ်ပုံကို မြတ်စွာဘုရားက သိတော်မြင်တော်မှုလေသည်။ 
ရှင်မဟာရဌသာရ ၏ “နှမလက်လျှော့ နေလေတော့” ( ပျို့ ) ဖြစ်ပေါ်လာပုံ နှင့် အထ္ထုပတ္တိ
   ရှင်မဟာရဌသာရကို မြန်မာနှစ် (၈၃၀) ပြည့်နှစ် (ခရစ်နှစ် ၁၄၆၈) တွင် အင်းဝမြို့၌
မွေးဖွားခဲ့သည်။
ငယ်အမည်မှာ မောင်မောက်ဖြစ်သည်။ မင်းဆွေမင်းမျိုးဖြစ်၍ နန်းတွင်းတွင် ကြီးပြင်း
ခဲ့သည်။
ဝရစက္ကပါလမထေရ်နှင့် သီဟိုဠ်ရောက် ဆရာတော်ကြီးတို့ထံတွင် နက္ခတ်၊ ဗေဒင်၊ ဆန်း၊
အလင်္ကာ၊ ပျို့
ကဗျာ နှင့် ပါဠိသက္ကတ စသည်တို့ကိုသင်အံလေ့လာခဲ့သည်။
၁၂ နှစ်သားအရွယ်ကပင် ကဗျာရေးဖွဲ့ခဲ့သည်။ ဘူရိဒတ်လင်္ကာကို ၁၆ နှစ်သားကရေးဖွဲ့ခဲ့
သည်။
ရှင်မဟာရဌသာရသည် အင်းဝခေတ် ပျို့ကဗျာလောကကို ဦးဆောင်ပျိုးထောင်ခဲ့သူ
တစ်ဦးဖြစ်သည်။
ဘူရိဒတ်ဇတ်ပေါင်းပျို့၊ ကိုးခန်ပျို့၊ ဂမ္ဘီသရပျို့၊ သံဝရပျို့ စသည် တို့
သည် ရှင်မဟာရဌသာရ၏ လက်ရာ
များဖြစ်သည်။
တံတားဦးတည်မော်ကွန်း ၊ပုံတောင်နိုင်မော်ကွန်း၊ ရွှေစက်တော်သွားတော်လားနှင့် ဆုံးမ
စာများ၊ ရတုများ
ကိုလည်းရေးဖွဲ့ခဲ့သည်။
နောက်ဆုံးရေးခဲ့သောပျို့မှာ သံဝရပျို့ဖြစ်သည်။ မြန်မာနှစ် ၈၉၂ ခန့်(ခရစ်နှစ် ၁၅၃၀ ခန့်) သက်တော် ( ၆၂ ) နှစ်တွင် ပျံလွန်တော်မူသည်။
      အင်းဝခေတ် ပညာသင်ကြားပုံမှာ အသက် (၇)နှစ် (၈)နှစ် အရွယ်တွင် ကိုရင်ဝတ်၍ ပညာ
များကို
သင်ကြားရသည်။
ထို့နောက် ရဟန်ခံပြီးသည့်တိုင် ပညာများကို ဆက်လက်ဆည်းပူးရသည်။ ပညာစုံသောအခါ လူဝတ်လဲ ကြသည်။
အိုးအိမ်ထူထောင်ကြသည်။ ထို့ကြောင့် ကိုရင်ဘ၀မှာပင် ရည်းစားထားသည့်အလေ့အထရှိ
သည်။
ပညာ ပြည့်စုံ၍ လူဝတ်လဲသည့် အခါ မိမိရည်းစားနှင့် အိမ်ထောင်ပြုကြသည်။
ရှင်မဟာရဌသာရသည်လည်း ကိုရင်ဘ၀မှာပင် ရည်းစားရှိပြီး ပညာပြည့်စုံသောအခါတစ်အိုး
တစ်အိမ်
ထူထောင်ရန် ရည်ရွယ်ထားခဲ့သည်။ ရှင်မဟာရဌသာရ၏ ဆရာက လောကီတွင်
နေထိုင်ခြင်းထက် လောကုတ္တရာတွင်နေထိုင်ခြင်းက ပို၍
ကောင်းကြောင်းကို ဆုံးမသွန်သင်ခဲ့
သည်။ ရှင်မဟာရဌသာရသည် စာတော်သူတစ်ဦးလည်းဖြစ်သည်။ လောကုတ္တရာတွင်နေထိုင်
ပါက ပို၍အကျိုးရှိပြီး၊ သာသနာတော်အကျိုး သယ်ပိုးရာတွင်လည်း
ပိုကောင်းမည် ဖြစ်
ကြောင်းကို အကျိုးအကြောင်းပြပြီး ဆုံးမခဲ့သည်။
 ထိုအခါရှင်မဟာရဌသာရသည် ဆရာဆုံးမစကားကိုနားထောင်ကာ၊ သာသနာ့အကျိုးသယ်
ပိုးပြီး ရဟန်းအဖြစ်နှင့်ပင် နေထိုင်တော့မည်ဖြစ်ကြောင်း၊ မိမိကိုမမျှော်လင့်တော့ဘဲ လက်
လျှော့ လိုက်ရန်
ချစ်သူအား အောက်ပါ “နှမလက်လျှော့နေလေတော့” ပျို့ကိုရေးသားလိုက်
ပါတော့သည်။
(  နှမလက်လျှော့ နေလေတော့ )
၁။ ပုရေနိသင်၊ ဆက်တိုင်းကြင်၍၊ အိမ်ရှင်အစစ်၊ ငယ်ကျွမ်းချစ်နှင့်၊ ထပ်ရစ်လက်သင်၊
     ထုံးစတွင်၌၊
သွေးငင်ကြမ္မာ၊ ၀ါသနာကြောင့်၊ ဆရာမိဘ၊ ကွပ်ဆုံးမလည်း၊ ချစ်စထုံး
     နှောင်၊ ပျော်ရအောင်ဟု၊
သန်းခေါင်မဟူ၊ အတူယှဉ်တွဲ၊ သန်လွှဲမခန့်၊ ကိုယ်သက်စွန့်၍၊
     ဝေးဓွန့်ခရီး၊ ချုံကြီးတောစုံ၊ ၀ါးရုံ
ဝါးထွေး၊ သစ်ကျားဘေးကို၊ မတွေးဆံဖျား၊ မလေး
     စားတည့်၊ တရားသံဝေ၊ အောက်မေ့ချေသော်၊
ကြေးငွေဂဟေ၊  မစပ်လေသို့၊ စာပေ
     တတ်ပွန်၊ သီလက္ခန်နှင့်၊ ကျမ်ဂန်သိမြောက်၊ ပဉ္စင်းရောက်က၊
ထပ်လောက်ကျင့်ဖွယ်၊
     အဘယ်ကြိုးစားရှာ လေတော့မည်။
၂။ လူ့မြေထိတွင်၊ ဘက်မမြင်သား၊ သန့်စင်ငယ်က၊ လက်တော်လှနှင့်၊ ချိန်းချစေ့ရေး၊
     မှာစာခွေကို၊
စသေလိပ်ပြီး၊ ခင်းနှီးကွက်ကျယ်၊ ပြောင်မျိုးခြယ်၍၊ ဆင်စွယ်ဝန်းယှက်၊
     မွေးမက်ရက်သည်၊
အသက်တို့က၊ဆက်လှာရလည်း၊ မူလသိက္ခာ၊ ဆုံးမစာနှင့်၊ ငါးဖြာ
   အပ်တိတသွား၊ ဆံတဖျားမျှ၊ မမှားအာရုံ၊ ကာမဘုံကို၊
     မမြုံရချေ၊ သေငယ်သေစွ၊ ကမ္ပလွေရင်ပိုက်၊
တကိုက်လည်းကျွတ်၊ စာလက်လွတ်၍၊
     ဖြစ်တတ်ဘိသည်၊ သင်္သာရှည်ခဲ့၊ ဖန်လည်ရဟတ်၊ တပတ်
ပတ်လျှင်၊ အနတ္တဒုက္ခ၊ အနိစ္စ
     လည်း၊ နှလုံးပူစွ၊ ပေးလှူ စွန့်ကြ၊ သည်ဘ၀တွင်၊ နှမလက်လျှော့၊  နေ
လေတော့ဟု၊
     ချစ်ပေါ့မကြုံ၊ ညှိုးငယ်ပုံစွ၊ ရှက်ဟုံကြေးကြုပ်၊ ချမင်းတုပ်သို့၊ စိတ်ချုပ်မဖွင့်၊ ပျံလွင်
     မေတ္တာ၊ ကရုဏာနှင့်၊ တဏှာလောဘ၊ ဒေါသမြှေးထူ၊ရမ္မက်မြူကို၊ ဘယ်သူနှိုးရှာလေ
     တော့မည်။
၃။ ဆုဝေဘိချင်၊ ငယ်ကျွမ်းဝင်နှင့်၊ သို့ပင်တာရှည်၊ ပျော်ရမည်ဟု၊ ညောင်စည်သများ၊
     မြို့ရှေ့ပါးဝယ်၊
ထင်ရှားကျော်ဟိုး၊ ရုက္ခစိုး၌၊ ပုဆိုးကြာညွန့်၊ ပိတ်လျှပ်တွန့်ကို၊ ဖြန့်၍တံ့     ငယ်မည်မြွက်ဟ၊ နှုတ်သံမြနှင့်၊ ခက်မတစ်ထောင်၊ ပညောင်စောင့်တတ်၊ ရှင်နတ်မြတ်ကို၊
     တိုင်မှတ်
သက်သေ၊ ပြုမိပေရှင့်၊ မကွေသစ္စာ၊ ၀ါသနာကြောင့်၊ ရုပ်ဝါပျိုရွယ်၊သနးဖွယ်ဘိ၊
     ရှေးနှယ်ကြိုးကုပ်၊
ချမင်းတုပ်နှင့်၊ ခွက်မြှပ်ခါညီ၊ နာရီမောင်းချ၊ ဒေသနမိတ်၊ သက်ကြီး
     ဆိတ်လည်း၊ မမှိတ်မျက်တောင်၊
သည်းခေါင်ဆူလည်၊ ရှိလိမ့်မည်ဟု၊ လွမ်းသည်ထပ်ဆင့်၊
     ဖူးချိန်သင့်ကို၊ မျှော်လင့်ခိုးရှာ လေတော့
သည်။
မိတ်ဆွေတု မိတ်ဆွေစစ် ခွဲခြားခြင်း
( မိတ်ဆွေတုများ၏ သဘောသဘာဝ )
၁။  မိတ်ဆွေကိုတွေ့လျှင် ပြုံးရွှင်မှုမပြုသူ၊
၂။  မိတ်ဆွေ၏စကားကို မနှစ်သက်သူ၊
၃။  ကိုယ့်အကျိုးကိုသာကြည့်ပြီး မိတ်ဆွေ၏အကျိုးကိုပြန်မကြည့်သူ။
၎။  မိတ်ဆွေကိုဆန့်ကျင်ဘက်ပြုတတ်သူ၊
၅။ မိတ်ဆွေ၏ ရန်သူများနှင့်ပေါင်းသင်းသူ၊
၆။  မိတ်ဆွေ၏ ကောင်းသောမိတ်ဆွေများနှင့်မပေါင်းသင်းသူ၊
၇။  မိတ်ဆွေ၏ ဂုဏ်ကျေးဇူး ပြောသူအားတားမြစ်သူ၊
၈။  မိတ်ဆွေအား ဆဲရေးသူကို ချီးကျူးသူ၊
၉။  မိတ်ဆွေအား မိမိလျှိုဝှက်ချက်ကို မပြောပြသူ၊
၁၀။ မိတ်ဆွေ၏ လျှိုဝှက်ချက်ကို ပြောပြသူ၊
၁၁။ မိတ်ဆွေ၏ အလုပ်ကို မချီးမွမ်းသူ၊
၁၂။ မိတ်ဆွေ၏ ပညာကို မချီးမွမ်းသူ၊
၁၃။ မိတ်ဆွေ၏ မကြီးပွားခြင်းကို နှစ်သက်သူ၊
၁၄။ မိတ်ဆွေ၏ ကြီးပွားခြင်းကို မနှစ်သက်သူ၊
၁၅။ ကောင်းမြတ်သော အစားအစာ ရှိလျှင် မိတ်ဆွေအားသတိမရသူ၊
၁၆။ မကောင်းမြတ်သော အစားအစာ ရှိလျှင် မိတ်ဆွေအားသတိရသူ။
( မိတ်ဆွေစစ်၏များ၏သဘောသဘာဝ )
၁။ အရပ်တစ်ပါးသို့သွားနေသော မိတ်ဆွေအားသတိရတတ်သူ၊
၂။ မိတ်ဆွေရောက်လာလျှင်နှစ်သက်တတ်သူ၊
၃။  မိတ်ဆွေကို အလိုရှိသူ ချစ်ခင်မြတ်နှိုးသူ၊
၎။  မိတ်ဆွေအား စကားဖြင့်နှစ်သက်တတ်သူ၊
၅။ မိတ်ဆွေ၏ မိတ်ဆွေများကိုသာ ပေါင်းသင်းတတ်သူ၊
၆။  မိတ်ဆွေ၏ ရန်သူများနှင့် မပေါင်းသင်းသူ၊
၇။  မိတ်ဆွေအား ဆဲဆိုသူကို တားမြစ်တတ်သူ၊
၈။  မိတ်ဆွေ၏ ဂုဏ်ကျေးဇူး ပြောသူများအား ချီးမွမ်းတတ်သူ၊
၉။  မိတ်ဆွေအား မိမိလျှို့ဝှက်ချက်ကိုပြောကြားသူ၊
၁၀။ မိတ်ဆွေ၏ လျှို့ဝှက်ချက်ကို လျှို့ဝှက်ထားတတ်သူ၊
၁၁။ မိတ်ဆွေ၏ အလုပ်ကို ချီးမွမ်းသူ၊
၁၂။  မိတ်ဆွေ၏ ဥာဏ်ပညာကို ချီးမွမ်းသူ၊
၁၃။ မိတ်ဆွေ၏ ကြီးပွားခြင်းကို နှစ်သက်သူ၊
၁၄။ မိတ်ဆွေ၏ မကြီးပွားခြင်းကို မနှစ်သက်သူ၊
၁၅။ ကောင်းမြတ်သော အစားအစာ ရှိလျှင် မိတ်ဆွေအားသတိရတတ်သူ၊
၁၆။ မကောင်းမြတ်သော အစားအစာ ရှိလျှင် မိတ်ဆွေအားမပေးချင်သူ။
ငရဲကြီးရှစ်ထပ်အကြောင်း
ငရဲတွင် ငရဲကြီးနှင့် ငရဲငယ်ဟူ၍ ၂ မျိုးရှိပါသည်။ ငရဲကြီး ရှစ်ထပ်ရှိပါသည်။ လည်းကောင်းတို့မှာ အောက်ပါအတိုင်းဖြစ်ပါသည်။
(၁) သိဉ္ဇိုင်းငရဲ
(၂) ကာဠသုတ်ငရဲ
(၃) သံဃာတငရဲ
(၄) ဇာလရောရုဝငရဲ
(၅) ဓုမရောရုဝငရဲ
(၆) တာပနငရဲ
(၇) ပတာပနငရဲ
(၈) အ၀ီစိငရဲ တို့ဖြစ်ပါသည်။
မည်သည့်အကုသိုလ်ကိုပြုလုပ်လျှင် မည်သည့်ငရဲသို့ကျရသည်ဟူ၍ တိတိကျကျမ
ရှိပါ။      သို့သော်အကုသိုလ် ဒုစရိုက်ကို ပြုလုပ်မိလျှင်တော့ ဧကန်အမှန် ငရဲသို့ကျ
ရောက်ရပေမည်။
 (၁) သိဉ္ဇိုင်းငရဲ
        သိဉ္ဖိုင်းဆိုသည်မှာ သံ + ဇီဝ မှဆင်းသက်လာသော ပါဠိပျက်စကား ဖြစ်သည်။
သံ = တဖန်၊ ဇိဝ = အသက်ရှင်ခြင်း လို့အဓိပ္ပါယ်ရပါသည်။     သိဉ္ဖိုင်းငရဲ ဆိုသည်မှာ
တဖန်အသက်ရှင်၍ ထပ်ကာထပ်ကာ ဖြစ်ခြင်းလို့ ဆိုလိုတာဖြစ်ပါသသည်။
    သိဉ္ဖိုင်းငရဲဘုံမှ ငရဲသူ၊ ငရဲသားတို့ကို ငရဲထိန်းများက အလျှံပြောင်ပြောင်တောက်
နေသော ငရဲလက်နက်များဖြင့် သေအောင် ညှင်းဆဲသတ်ဖြတ်  ထိုးခုတ်ကြပါသည်။
အသတ်ခံရသော ငရဲသားများသည် အကုသိုလ်ကံ မကုန်မခြင်း    သိဉ္ဖိုင်းငရဲဘုံတွင် ထပ်ကာထပ်ကာ ဖြစ်ရပြီး ညှင်းဆဲနှိပ်စက်ခံရပါသည်။
      သိဉ္ဖိုင်းငရဲဘုံသက်တန်းသည် အနှစ် ငါးရာ ကြာပါသည်။ လူတို့၏ သက်တန်းနှင့်
ပြောရလျှင် လူ့အသက် အနှစ်ကိုးသန်းသည်  သိဉ္ဖိုင်းငရဲဘုံတွင် တစ်ရက်မျှသာဖြစ်
သည်။
(၂) ကာဠသုတ်ငရဲ
       ကာဠသုတ်ဆိုသည်မှာ  ကာဠသုတ္တ မှဆင်းသက်လာသော ပါဠိပျက်စကား ဖြစ်
သည်။ ကာဠ = မည်းနက်သော၊ သုတ္တ = ကြိုး လို့အဓိပ္ပါယ်ရပါသည်။  ကာဠသုတ်ငရဲ
ဆိုသည်မှာ မည်းနက်သောကြိုး လို့ ဆိုလိုတာဖြစ်ပါသသည်။
       ကာလသုတ်ငရဲဘုံမှ ငရဲသူ၊ ငရဲသားတို့ကို ငရဲထိန်းများက သစ်တုံးများကို မျဉ်း
ကြိုးချပြီး လိုသလိုပုံရအောင် ခုတ်ဖြတ်ကြသလို  မေ့လဲနေသော  ငရဲကောင်များကို
ပက်လက်တချို့၊ မှောက်ခုံတချို့၊ ဒေါင်လိုက်တချို့ လိုသလိုထားပြီး  မျဉ်းကြိုးချကာ ခုတ်ဖြတ်ကြပါသည်။ သေပြီးနောက်ထိုဘုံတွင် ပြန်ဖြစ်ကြပြီး အကုသိုလ်ကံ   မကုန်
မခြင်း ခံရပါသည်။
        ကာဠသုတ်ငရဲဘုံသက်တန်းသည် အနှစ် တစ်ထောင် ကြာပါသည်။    လူတို့၏ သက်တန်းနှင့်ပြောရလျှင် လူ့အသက် ၃ ကုဋေ ၆ သန်းသည်ကာဠသုတ် ငရဲဘုံတွင်
တစ်ရက်မျှသာဖြစ်သည်။
(၃) သံဃာတငရဲ
      သံဃာတငရဲ ဆိုသည်မှာ သံတောင်ကြိတ် ငရဲဟုခေါ်ပါသည်။ ၉ ယူဇနာလောက်
ရှိသော သံမြေပြင်တွင် ငရဲမီးလျှံများ လွန်စွာတောက်လောင်နေပါသည်။     ထို ငရဲမီး
တောက်လောင်နေသော  သံမြေပြင်ပေါ်တွင်  ခါးလောက်နက်သော တွင်းများတူးပြီး
ငရဲသားများကို ငရဲထိန်းများက မလှုပ်နိုင်အောင် ထည့်မြှပ်လေသည်။
ထို့နောက် အလျှံပြောင်ပြောင်တောက်နေသော သံတောင်ကြီးသည်      တဂျိမ်းဂျိမ်း
မြည်ကာ ယခုခေတ်  လမ်းကြိတ်စက်ကြီးများကဲ့သို့  တွင်းထဲတွင်မလှုပ်နိုင်သော ငရဲ
သားများကို အပိုင်းပိုင်း အပြတ်ပြတ်ဖြစ်အောင် ဘယ်ပြန်ညာပြန် ကြိတ်လေသည်။
     ငရဲသားတို့သည် အကုသိုလ်ကံ မကုန်မချင်း ထိုကဲ့သို့ အကြိတ်ခံရလေသည်။
သံဃာတငရဲ ဘုံ၏ သက်တမ်းသည် အနှစ် နှစ်ထောင်ဖြစ်သည်။ လူတို့၏ သက်တန်း
နှင့် ပြောရလျှင် လူ့အသက် (၁၄) ကုဋေ ၄ သန်းသည် သံဃာတငရဲဘုံတွင်တစ်ရက်
မျှသာဖြစ်သည်။
(၄) ဇာလရောရုဝငရ
         ဇာလ = မီးလျှံ၊ ရောရုဝ = ကြီးမားသောအသံ။     ဇာလရောရုဝ ငရဲဆိုသည်မှာ
ငရဲမီးလျှံ နှိပ်စက်သောကြောင့် ငရဲသူ၊ ငရဲသားများ အော်ဟစ်ငိုယိုသောအသံများနှင့်
ပြည့်နှက်နေသော ငရဲဟုခေါ်ပါသည်။ ဇာလရောရုဝငရဲဘုံတစ်ခုလုံး ပြုတ်ထွက်သွား
မတတ် ငရဲမီးလျှံများသည် တဟုန်းဟုန်းနှင့် လောင်ကျွှမ်းနေသည်။        ထိုမီးလျှံများ
သည်  ဇာလရောရုဝငရဲသူ ငရဲသားများ၏   မျက်စိပေါက်၊ နားပေါက်        စသည်ဖြင့်
အပေါက်မှန်သမျှ တစ်ရစပ်တိုးဝင်ကြပါသည်။      ငရဲသူ ငရဲသားများသည် ပူလွန်း၍
ငယ်သံပါအောင် အော်ဟစ်ငိုယိုနေကြသည်။ ထိုအော်ဟစ်ငိုယိုသံသည် မခံမရပ်နိုင်
အောင်ကျယ်လောင်လွန်းလှပါသည်။  မည်သို့ပင်အော်ဟစ်သော်လည်း ငရဲသူ ငရဲ
သားတို့သသည် အကုသိုလ်ကံ မကုန်မခြင်း ထိုဘုံတွင် ခံကြရပါသည်။
       ဇာလရောရုဝငရဲ ဘုံ၏ သက်တမ်းသည် အနှစ် လေးထောင်ဖြစ်သည်။ လူတို့၏ သက်တန်းနှင့်ပြောရလျှင် လူ့အသက် ( ၅၇ ) ကုဋေ ( ၆ ) သန်းသည်  ဇာလရောရုဝ
ငရဲဘုံတွင် တစ်ရက်မျှသာဖြစ်သည်။
 (၅) ဓုမရောရုဝငရဲ
         ဓုမ = မီးခိုး၊ ရောရုဝ = ကြီးမားသောအသံ။         ဇာလရောရုဝ ငရဲဆိုသည်မှာ
ငရဲမီးခိုး နှိပ်စက်သော ကြောင့် ငရဲသူ၊ ငရဲသားများ အော်ဟစ်ငိုယိုသောအသံများနှင့်
ပြည့်နှက်နေသော ငရဲဟုခေါ်ပါသည်။      ဓုမရောရုဝငရဲ ဘုံတစ်ခုလုံး ဖုံးလွှမ်းသွားရ
လောက်အောင် ငရဲမီးခိုး များသည် တလူလူထနေပါသည်။            ထိုမီးခိုး များသည်
ဓုမရောရုဝငရဲသူ  ငရဲသားများ၏  မျက်စိပေါက်၊ နားပေါက်  စသည်ဖြင့် အပေါက်မှန်
သမျှ တစ်ရစပ်တိုးဝင်ကြပါသည်။   ငရဲသူ ငရဲသားများသည် မီးခိုးမွှန်လွန်း၍ ကယ်ပါ
ယူပါတစာစာနှင့် ငယ်သံပါအောင် အော်ဟစ်ငိုယိုနေကြသည်။  ထိုအော်ဟစ်ငိုယိုသံ
သည် မခံမရပ်နိုင်အောင်ကျယ်လောင်လွန်းလှပါသည်။             မည်သို့ပင်အော်ဟစ်
သော်လည်းငရဲသူ ငရဲသားတို့သသည် အကုသိုလ်ကံ မကုန်မခြင်း ထိုဘုံတွင် ခံကြရ
ပါသည်။
      ဓုမရောရုဝငရဲဘုံ၏ သက်တမ်းသည် အနှစ် ရှစ်ထောင်ဖြစ်သည်။ လူတို့၏ သက်
တန်းနှင့်ပြောရလျှင် လူ့အသက် ၂၃၀ ကုဋေ ၄ သန်းသည်  ဓုမရောရုဝ   ငရဲဘုံတွင် တစ်ရက်မျှသာဖြစ်သည်။      ဓုမရောရုဝငရဲဘုံကို မဟာရောရုဝငရဲဘုံ ဟုလည်းခေါ်
သည်။
(၆) တာပနငရဲ
       တာပန ဆိုသည်မှာ ပူလောင်ခြင်းဟု အဓိပ္ပါယ်ရပါသည်။ တာပနငရဲဘုံ ရှိငရဲသူ၊ ငရဲသားတို့ကို  ငရဲထိန်းများသည် အလျှံတပြောင်နှင့်    နီရဲနေသာ ထန်းပင်လုံးမျှ ရှိ
သည့် သံတံစို့ပေါ်တွင် အတင်းအကြပ် ထိုင်ခိုင်းပြီး    တစ်ကိုယ်လုံးနီရဲလာအောင် မီး
ကင်သော ငရဲဖြစ်သည်။            ငရဲသူ၊ ငရဲသားတို့ သည်မချိမဆခံရပြီး သေဆုံးကာ
ထိုတာပနငရဲဘုံတွင် ပြန်ဖြစ်ကြပါသည်။  အကုသိုလ်မကုန်မချင်း ထိုဘုံတွင် ခံကြရ
ပါသည်။
        တာပန ငရဲဘုံ၏ သက်တမ်းသည် အနှစ် ၁သောင်း ၆ ထောင် ဖြစ်သည်။ လူတို့
၏ သက်တန်းနှင့်ပြောရလျှင် လူ့အသက် (၉၂၁) ကုဋေ ၆ သန်းသည်  တာပနငရဲဘုံ
တွင် တစ်ရက်မျှသာဖြစ်သည်။
(၇) ပတာပနငရဲ
       ပတာပနဆိုသည်မှာ အလွန်ပူလောင်ခြင်းလို့ အဓိပ္ပါယ်ရပါသည်။   ငရဲထိန်းများ
သည် ငရဲသူ၊ ငရဲသားတို့ကို အလျှံတပြောင်နှင့် ရဲရဲထွဋ်အောင်   တောက်ပနေသော
သံပူတောင်ပေါ်သို့ အတင်းအကြပ်တက်ခိုင်းလေသည်။       ငရဲသူ၊ ငရဲသားတို့သည် ကြောက်ကြောက်နှင့် တက်ကြရပါသည်။      အပူလောင်ခံပြီးတက်၍ တောင်ပေါ်သို့
ရောက်သောအခါ     အကုသိုလ်ကံကြောင့်   ဖြစ်ပေါ်လာသော    လေမှုန်တိုင်းသည်
အတင်းဒလကြမ်းတိုက်ခတ်သဖြင့် ငရဲသူ၊ ငရဲသားတို့သည်  တောင်ပေါ်မှလွင့်စင်ပြီး
တောင်အောက်ရှိ  သံချွန်များပေါ်သို့  ဂျွမ်းပျံ၊  စောင့်ထိုး  ကို့ယို့ကားယား နှင့်ကျလေ
သည်။      ငရဲသူ၊ ငရဲသားတို့သည် တံစို့ထိုးခံရသော ငါးများကဲ့သို့ ငရဲသံချွန်ဖျားတွင်
တစ်ကိုယ်လုံး မီးစွဲလောင်ပြီး နီရဲလာသည်အထိ တော်တော်ပြင်းပြင်းထန်ထန်ခံစားရ
လေသည်။ ထိုငရဲဘုံတွင် အကုသိုလ်ကံမကုန်မခြင်း ခံရလေသည်။
       ပတာပန ငရဲဘုံ၏ သက်တမ်းသည် အန္တရကပ် တစ်ဝက်ဖြစ်သည်။    အန္တရကပ်
အကြောင်းကို အနောက်တွင် ရှင်းပြထားသည်။
(၈) အ၀ီစိငရဲ
         အ၀ီစိ ဆိုသည်မှာ အ နှင့် ၀ီစိ ပေါင်းစပ်ထားသော ပါဠိစကားသက်သက်ဖြစ်
ပါသည်။  အ = မရှိ၊ ၀ီစိ = အကြားအလပ် ဖြစ်ပါသည်။ အ၀ီစိငရဲတွင် ငရဲသူ၊ငရဲသား၊
ငရဲမီးလျှံ ၊ ဆင်းရဲဒုက္ခ  ထိုသုံးမျိုးစလုံး  အကြားအလပ်မရှိ သောငရဲဟုလည်း  ခေါ်ပါ
သည်။ အ၀ီစိ ငရဲဘုံတွင် ငရဲသူ၊ ငရဲသား၊ တို့သည် ၀ါးကျည်တောက်ထဲတွင် ထဲ့ထား
သော မုံညှင်းစေ့၊ နှမ်းစေ့များကဲသို့ တစ်ဘုံလုံးပြည့်သိပ် ကြပ်ညှပ်နေပါသည်။ ငရဲမီး
လျှံများသည် တစ်ဘုံလုံးကို အကြားအလပ်မရှိ ဖုံးလွှမ်းထားပါသည်။ လွတ်သော နေ
ရာဟူ၍ပင်မရှိပါ။     ငရဲသူ၊ ငရဲသား တို့သည် ဆင်းရဲဒုက္ခကို ဆက်တိုက် တစ်ချက်မျှ
မနားဘဲ ခံစားနေရပါသည်။       သို့အတွက်ကြောင့် အ၀ီစိငရဲဟု ခေါ်ခြင်းဖြစ်သည်။
      အ၀ီစိငရဲ၏  အရပ်လေးမျက်နှာ၏ တစ်ခုစီတွင် (၁) မစင်ဘင်ပုပ်ငရဲငယ်    (၂) ပြာပူငရဲငယ် (၃) လက်ပံတောငရဲငယ် (၄) သံလျက်ရွက် တော ငရဲငယ်     (၅) ကြိမ်
ပိုက်ချောင်းငရဲငယ် ဟူ၍ အခြံအရံ ငရဲငယ် ငါး ခု စုစုပေါင်း ငရဲငယ် ၂၀ ရှိပါသည်။
     ထိုအ၀ီစိ ငရဲသူ၊ ငရဲသားတို့သည် တစ်ခါတစ်ရံ တံခါးပေါက်များ ပွင့်နေသည်ကို တွေ့သည့် အခါ တံခါးပေါက်ဆီသို့ ခဲခဲယဉ်ယဉ်း ပြေးသွားကြသည်။  အနားရောက်
သောအခါ တံခါးပေါက်များ ပိတ်သွားတာရှိသလို တံခါးပေါက်ကထွက်သွားပြန်လျှင်
လည်း ငရဲငယ် လေးခုနှင့် ဆုံကြရပြန်သည်။ ဆင်းရဲဒုက္ခမှမလွတ်သေးပေ။
        အပြင်ထွက်လာသောငရဲသူ၊ ငရဲသား တို့သည် ပထမဆုံး မစင်ဘင်ပုပ်ငရဲငယ်
ထဲသို့ကျရောက်လေသည်။ ထိုမစင်ဘင်ပုပ်ငရဲငယ်တွင် ဆင်ခေါင်းလောက်ရှိသော
ပိုးလောက်တို့သည် အပ်ဖျားကဲသို့  ချွန်ထက်နေသော  နှုတ်သီးများဖြင့် ကိုက်ခဲလေ
သည်။
        မစင်ဘင်ပုပ်ငရဲမှ လွတ်လျင် ပြာပူငရဲသို့ ရောက်လေသည်။
ငရဲပြာပူများအောက်တွင်အိမ်လောက်၊ ကျောင်းလောက်ကြီးသော ငရဲမီးခဲကြီးများ
ရှိသောကြောင့်ငရဲသူ၊ငရဲသားတို့သည် ပြင်းထန်သော အပူလောင်မှုဒဏ်ကို ခံစားရ
လေသည်။
       ပြာပူငရဲမှ လွတ်ပြန်လျင် လက်ပံတော ငရဲသို့ရောက်ရပြန်သည်။ ငရဲမီးလျံများ အလျံတပြောင်ပြောင်တောက်နေသော လက်ပံပင်များတွင် အရှည် ၆ လက်မခန့်ရှိ
သော ဆူးများရှိသည်။    ငရဲထိန်းများသည် ငရဲသူ၊ငရဲသားတို့ကို ငရဲလက်နက်များ
ကိုင်ဆောင်၍လိုက်သောအခါ ထိုလက်ပံပင်သို့ပြေးတက်ကြလေသည်။ လက်ပံပင်
ရှိဆူးများသည် ငရဲသူ၊ငရဲသားများတက်သည့်အခါ အောက်ဖက်သို့ငိုက်နေပြီး  ပြန်
ဆင်းသောအခါ  အပေါ်သို့ထောင်နေသောကြောင့် ငရဲသူ၊ငရဲသားတို့သည်
အတက်ရော အဆင်းပါဆူးစူးခံရလေသည်။
      လက်ပံတောငရဲမှ လွတ်ပြန်လျင်လည်း သံလျက်တောရွက်ငရဲသို့ရောက်ရလေ
သည်။ သံလျက်တော ရွက်ငရဲတွင် သစ်ရွက်များသည် ဓားများ၊ သံလျက်များ ကဲ့သို့
ထက်မြနေသည်။      ငရဲထိန်းများသည် ငရဲသူ၊ငရဲသားတို့ကို ငရဲလက်နက်များကိုင်
ဆောင်၍ လိုက်သောအခါ ထိုတောထဲသို့ပြေးဝင်ကြလေသည်။    ပြေးဝင်လာသော
ငရဲသားတို့သည် သန်လျက်ဓားတို့၏    ပြင်းပြင်းထန်ထန်စူးရှခြင်း ကိုခံရလေသည်။
        သံလျက်တောရွက်ငရဲမှ လွတ်ပြန်လျင်လည်း ကြိမ်ပိုက်ချောင်းငရဲသို့  ရောက်
လေသည်။ ကြိမ်ပိုက်ချောင်း ငရဲငယ်တွင် ချောင်းထဲရှိရေများသည် သံရေပူများဖြစ်
သည်။ ချောင်းထဲသို့ရောက်နေသော ငရဲသူ၊ ငရဲသားတို့သည် ပူလွန်း၍ ကမ်းပေါ်သို့
ပြန်တက်ရန် အားထုတ်ကြသည်။     သို့သော် ပိုက်ကွန်သဖွယ်ဖြစ်နေသောကြိမ်ဆူး
များ ကာရံထားသောကြောင့် ဆူးစူးခံရပြီး ချောင်းထဲသို့ လန်ကာ ပြန်ကြလေသည်။ ဆူးစူးခံရသည့်ဒဏ် ငရဲသံရေပူ ဒဏ်များကြောင့် မေ့မျောကာ ချောင်းထဲတွင် စုန်ချီ၊
စန်ချီမျောနေပါသည်။          ထိုကဲ့သို့မျောနေသော ငရဲသားများကို ငရဲထိန်းများက
ကမ်းစပ်မှ လေး၊ မြှား၊ လှံများနှင့် ပစ်ပြီးအမျိုးမျိုး နှိပ်စက်လေသည်။
     ငရဲသူ၊ ငရဲသားများသည် အကုသိုလ်ကံကုန်လျှင် လူ့ပြည် နတ်ပြည်သို့ရောက်၍ အကုသိုလ်ကံမကုန်သေးလျှင် အ၀ီစိ ငရဲသို့ပြန်ရောက်လေသည်။
 အန္တရကပ်အကြောင်း
       အန္တရကပ်ဆိုသည်မှာ တက်ကပ်နှင့် ဆုတ်ကပ်တစ်စုံကို ခေါ်ခြင်းဖြစ်သည်။ တစ်သင်္ချေဆိုသည်မှာ (၁) အနောက်တွင် သုညအလုံးပေါင်း (၁၄၀) ရှိသည်။
အိပ်ရေးဝအောင်ပြုလုပ်ရမည့် အချက် (၉) ချက်
၁။ နေ့စဉ် အချိန်မှန်အိပ်ရာဝင်ခြင်းနှင့် အချိန်မှန်အိပ်ရာထခြင်းကို ပြုလုပ်ရမည်။
၂။ နေ့စဉ် မွန်းလွဲပိုင်းတွင် ခေတ္တတစ်ကြိမ်အိပ်လိုလျှင်အိပ်ပါ သို့မဟုတ် လုံးဝမအိပ်
     ဘဲနေပါ။ ရံဖန်ရံခါ တရေးတမောအိပ်ခြင်းကို ပြုလုပ်လျှင် ညပိုင်း၌ အိပ်မရ
ဖြစ်
     တတ်သည်။
၃။ နံနက် သို့မဟုတ် မွန်းလွဲစောစောပိုင်း၌ ကိုယ်ခန္ဓာလေ့ကျင့်ခန်း မှန်မှန်လုပ်ပါ။
    အိပ်ရာဝင်ခါနီး အချိန်၌ ပင်ပန်းစွာလှုပ်ရှားလုပ်ကိုင်ခြင်းကိုရှောင်ပါ။
၎။ ညစာစားပြီးနောက် လက်ဖက်ရည်၊ ကော်ဖီသောက်ခြင်းကိုရှောင်ပါ။
၅။ အရက်မသောက်ပါနှင့်။
၆။ အိပ်ဆေးများကို သတိဖြင့်သုံးစွဲပါ။ ဆေးကုသမှုအတွက်ဆိုလျှင် ၃ပတ်ထက် ပို၍
     မသောက်သုံးသင့်ပါ။ အိပ်ဆေးကိုရေရှည်သောက်သုံးလျှင် အိပ်မပျော်ခြင်း
     ဝေဒနာ ပိုမိုဆိုးရွားစေပါသည်။
၇။ အိပ်ခန်းအတွင်း မိမိနှင့် သင့်လျော်မည့် အပူအအေး အနေအထားကို တစ်ညလုံး
     တသမတ်တည်း ရှိသင့်သည်။
၈။ အိပ်ရာ မ၀င်မီ မိမိ၏ ကိုယ်စိတ်နှစ်ပါးကိုဖြေလျော့ထားပါ။ ရေချိုးခြင်း၊ စာဖတ်
    ခြင်း၊  ဘုရားရှိခိုးခြင်း စသည်ဖြင့် ပြုလုပ်ပြီး စိတ်တင်းကျပ်စေမည့် အတွေးများ
    စဉ်စားတွေးတောခြင်းမပြုပါနှင့်။
၉။ အိပ်ရာဝင်ခါနီး အစားအစာ အများအပြား စားသောက်ခြင်းမပြုပါနှင့်။
ကံဟူသည်အလုပ်၊ အလုပ်ဟူသည်ကံ
၁။  အကြင်သူသည် အိပ်ပျော်နေ၏။ ထိုသူ၏ ကံတို့သည်လည်း အိပ်ပျော်နေကြ
     ကုန်၏။
၂။  အကြင်သူသည် အိပ်ရာမှ နိုးလာ၏။ ထိုသူ၏ ကံတို့သည်လည်း လူးလွန့် လာ
      ကြကုန်၏။
၃။  အကြင်သူသည် အလုပ်လုပ်ရန် ထ၍ ထိုင်၏ ထိုသူ၏ကံတို့သည်လည်း ခေါင်း
     ထောင်လာကြကုန်၏။
၎။  အကြင်သူသည် လုပ်ငန်းခွင်သို့ စ၍ ၀င်၏ ထိုသူ၏ ကံတို့သည်လည်း အကျိုး
     ပေးရန် အသင့်အနေအထားနှင့် စောင့်စားကြကုန်၏။
၅။  အကြင်သူသည် လုပ်ငန်းကို ပြီးဆုံးအောင် ဇွဲသန်သန်ဖြင့် ပြုလုပ်၏ ထိုသူ၏
     ကံတို့သည်လည်း လန်းလန်း ဆန်းဆန်း ဖြင့် ပြုံးပန်းပွင့်ကာ အပြည့်အ၀အကျိုး
     ပေးလေတော့သည်။
                                      မဟာဂန္ဓရုံ ဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသ
လူတို့လိုက်နာရန်ခက်ခဲသည့် အချက် (၁၅) ချက်
၁။ မိမိက သူတစ်ပါးကို စော်ကားမိသော် မိမိအပြစ်အတွက် ၀န်ချတောင်းပန်ရန်
    ခက်ခဲသည်။
၂။ အလုပ်တစ်ခုကို ပြီးဆုံးအောင် လုပ်ပြီးသော် မကောင်းသဖြင့် အစမှတစ်ဖန်
    ပြန်လုပ်ရန် ခက်ခဲသည်။
၃။ မိမိအမှားကို ၀န်ခံရန်ခက်ခဲသည်။
၎။ တစ်ကိုယ်ကောင်း မဆန်ဘဲ အများအကျိုးအတွက် စိတ်ထားရန် ခက်ခဲသည်။
၅။ သူတစ်ပါး၏ ဆုံးမခြင်း၊ အကြံပေးခြင်း၊ ကိုလက်ခံရန်ခက်ခဲသည်။
၆။ ရက်ရက်ရောရော လျူဒါန်းပေးကမ်းရန် ခက်ခဲသည်။
၇။ အမြဲမပြတ် ဇွဲကောင်းစွာဖြင့်  ကြိုးစားလုပ်ကိုင်ရန်ခက်ခဲသည်။
၈။ သူတစ်ပါးအပေါ်၌ ကိုယ်ချင်းစာတရား ထားရန် ခက်ခဲသည်။
၉။ အမှားတစ်ခုကိုမြင်ပြီး အမှန်ပြင်နိုင်ရန် ခက်ခဲသည်။
၁၀။ သူတစ်ပါးအပြစ်ကို ခွင့်လွှတ်၍ အာဃာတ တရားမထားရန် ခက်ခဲသည်။
၁၁။ မိမိအပြစ်ကြောင့် သူတစ်ပါး၏အပြစ်တင်ခြင်းကို ခံယူရန် ခက်ခဲသည်။
၁၂။ အရာရာစဉ်းစား ချင့်ချိန်၍ ပြုလုပ်ရန် ခက်ခဲသည်။
၁၄။ လူတော် လူကောင်း ဖြစ်ရန် ခက်ခဲသည်။
၁၅။ လောကဓံတရား ရှစ်ပါးနှင့် ရင်ဆိုင်ရသောအခါ စိတ်ကိုတည်ငြိမ်စွာ
       ထားရန်ခက်ခဲသည်။
သက်တမ်းဆုတ်ယုတ်ပုံ
   လူတို့၏ သက်တမ်းသည် အသင်္ချေယတမ်းမှ တစ်စတစ်စ ဆုတ်ယုတ်လာရာ
အသက် (၈) သောင်းတမ်းသို့တိုင်ရောက်လာ၏။ အသက် (၈) သောင်းတမ်း သို့
ရောက်သောအခါ ကိုယ်ချင်းစာတတ်သော မေတ္တာတရား နည်းပါး၍ သူတစ်ပါး
ဥစ္စာကို ခိုးခြင်း ၊ သူတစ်ပါးအသက်ကို သတ်ခြင်း ဟူသော အကုသိုလ်တရားနှစ်
ပါးတို့သည်   ဖြစ်ပေါ်လာကြလေသည်။
   ထိုအကုသိုလ်တရား နှစ်ပါးကြောင့် အသက် (၈) သောင်းတမ်းမှ လေးသောင်း
တမ်း သို့တိုင်အောင် ဆုတ်ယုတ်၍ လာကုန်၏။
( လေးသောင်းတမ်း )
အသက်လေးသောင်းတမ်းသို့ ရောက်သောအခါ ကိုယ်ချင်းစာတတ်သော မေတ္တာ
တရား နည်းပါး၍  မဟုတ်မမှန် လိမ်လည်ပြောဆိုသော အကုသိုလ်တရား ထင်ရှား
ဖြစ်ပေါ်လာ၏။     ထို မုသာဝါဒ တရားထင်ရှားဖြစ်ပေါ်လာသည့်အတွက် အသက်
လေးသောင်းတမ်းမှ အသက်နှစ်သောင်တမ်း သို့တိုင်ဆုတ်ယုတ်လေသည်။
( နှစ်သောင်းတမ်း )
အသက်နှစ်သောင်းတမ်းသို့ ရောက်သောအခါ   -   ကုန်းချောခြင်းဟု ဆိုအပ်သော ပိသုဏ၀ါစာ (ချောပစ်ကုန်းတိုက်မှု) တရား ထင်ရှားဖြစ်ပေါ်လာ၏ ထိုပိသုဏ၀ါစာ
တရားထင်ရှားဖြစ်ပေါ်လာသည့်အတွက်  အသက်နှစ်သောင်းတမ်းမှ အသက်တစ်
သောင်းတမ်းသို့  ကျအောင်ဆုတ်ယုတ်လေသည်။
( တစ်သောင်းတမ်း )
အသက် တစ်သောင်းတမ်းသို့ ရောက်သောအခါ - သူတစ်ပါး သားမယားကို သွား
လာကျူးလွန်ခြင်းဟူသော ကာမေသူမိစ္ဆာစာရ တရားထင်ရှားဖြစ်ပေါ်လာ၏။
ထို ကာမေသုမိစ္ဆာစာရ တရား  ထင်ရှား  ဖြစ်ပေါ်လာသည့်အတွက်  အသက်တစ်
သောင်းတမ်းမှ အသက်ငါးထောင်တမ်းသို့ ကျအောင်ဆုတ်ယုတ်လေသည်။
( ငါးထောင်တမ်း )
 အသက်ငါးထောင်တမ်းသို့ ရောက်သောအခါ ဆဲရေးတိုင်းထွာခြင်း၊ အလွန်ကြမ်း
တမ်းသောစကားကိုဆို
ခြင်းဟူသော ဖရုသ၀ါစာ၊ အကျိုးမဲ့ပြိန်ဖျင်းသော စကားကို
ဆိုခြင်းဟူသော သပ္ဖပ္ပလာပ၀ါစာ  ဟူသော တရားနှစ်ပါး ထင်ရှားစွာ ဖြစ်ပေါ်
လာ
သည်။  ထိုအကုသိုလ်တရား နှစ်ပါးကြောင့် အသက် ငါးထောင်တမ်းမှ နှစ်ထောင့်
ငါးရာ၊ နှစ်ထောင်တမ်း သို့တိုင်အောင် ဆုတ်ယုတ်၍ လာကုန်၏။
( နှစ်ထောင်တမ်း )
အသက်နှစ်ထောင်တမ်းသို့ ရောက်သောအခါ - သူတစ်ပါးစည်းစိမ်ကို မိမိစည်းစိမ်
ဖြစ်အောင် ကြံခြင်းဟူသော အဘိဇ္ဈာ၊ သူတစ်ပါး သေကြပျက်စီးအောင် ကြံခြင်းဟူ
သော ဗျာပါဒဟူသော တရားနှစ်ပါး ထင်ရှားစွာ ဖြစ်ပေါ်လာသည်။
    ထိုအကုသိုလ်တရား နှစ်ပါးကြောင့် အသက် နှစ်ထောင်တမ်းမှ တစ်ထောင်တမ်း သို့တိုင်အောင် ဆုတ်ယုတ်၍ လာကုန်၏။
( တစ်ထောင်တမ်း
)
အသက်တစ်ထောင်တမ်းသို့ ရောက်သောအခါ - မကောင်းမှု ကောင်းမှုပြုခြင်း
ကြောင့်အကျိုးအပြစ်မရှိဟူသော မိစ္ဆာဒိဋ္ဌိ တရားထင်ရှားဖြစ်ပေါ်လာ၏။ ထိုမိစ္ဆာဒိဋ္ဌိ
တရား ထင်ရှားဖြစ်ပေါ်လာသည့်အတွက် အသက်တစ်ထောင်တမ်းမှ အသက်ငါးရာ
တမ်းသို့ ကျအောင်ဆုတ်ယုတ်လေသည်။
( ငါးရာတမ်း
)
အသက်ငါးရာတမ်းသို့ရောက်သောအခါ မိကြီး မိထွေး စသည်တို့ အပေါ်၌ တပ်မက်
ခြင်းဟူသော အဓမ္မရာဂ၊ လွန်လွန်ကျူးကျူး တပ်မက်ခြင်းဟူသော ၀ိသမလောဘ ၊ ယောင်္ကျား အချင်းချင်း မိန်းမအချင်းချင်း တပ်မက်ခြင်းဟူသော ၀ိသမရာဂ   တို့ဖြစ်
ပေါ်လာကုန်၏။
  ထိုတရားတို့ ဖြစ်ပေါ်လာသောအခါ အသက်ငါးရာတမ်းမှ အသက်သုံးရာတမ်း နှစ်
ရာ့ငါးဆယ်တမ်းသို့ တိုင်အောင်ဆုတ်လေသည်။
( နှစ်ရာ့ငါးဆယ်တမ်း )
အသက်နှစ်ရာ့ငါးဆယ်တမ်းသို့ရောက်
သောအခါ မိခင်၊ ဖခင်ကို မရိုသေခြင်း၊ရဟန်း
ကိုမရိုသေခြင်း၊ ရဟန္တာကို မရိုသေခြင်း၊ ကြီးသောသူကို မရိုသေခြင်းဟုဆိုအပ်သော အယုတ်တရားတို့သည် ထင်ရှားဖြစ်ပေါ်လာကြလေသည်။  ထိုအယုတ်တရားတို့ ဖြစ်
ပေါ်လာသောအခါ အသက်  နှစ်ရာ့ငါးဆယ်တမ်းမှ    အသက်တစ်ရာတမ်းသို့    တိုင်
အောင်ဆုတ်လေသည်။
( တစ်ရာတမ်း )
အထက်ပါအယုတ်တရားတို့ ဆက်လက် ဖြစ်ပေါ်နေသောကြောင့် အသက်နှစ်ရာ့ငါး
ဆယ်တမ်းမှတစ်ရာတမ်းသို့တိုင်အောင်ဆုတ်ယုတ်လေသည်။ နောင်တစ်ဖြည်းဖြည်း
ဆယ်နှစ်တမ်းသို့ တိုင်အောင် ဆုတ်ယုတ်လေတော့သည်။
  ထိုသို့ သက်တမ်းများ ဆုတ်ယုတ်သွားရခြင်းမှာ ကိုယ်ချင်းစာတရား တည်းဟူသော မေတ္တာတရား ခေါင်းပါးခြင်းကြောင့်ဖြစ်လေသည်
( အကုသိုလ် အယုတ်တရားတို့၏ အရင်းအမြစ် )
မိမိသည် ချမ်းသာခြင်းကို လိုလားတောင်းတ နှစ်သက်၍ ဆင်းရဲခြင်းကိုနှစ်သက်လိမ့်
မည်မဟုတ်ပေ။    ထို့အတူ အခြားသူတို့သည်လည်း  ချမ်းသာခြင်းကိုသာ  လိုလား၍
ဆင်းရဲခြင်းကို မနှစ်သက်ကြပေ။  မိမိကို စော်ကားလွန်ကြူးလျှင် မနှစ်သက်သကဲ့သို့
သူတစ်ပါးတို့သည်လည်း   နှစ်သက်ကြမည်မဟုတ် ဟူသော ကိုယ်ချင်းစာတရား မရှိ
သောကြောင့်အကုသိုလ် အယုတ်တရားတို့ဖြစ်ပေါ်လာရပေသည်။
Monday, March 19, 2012
မျက်စိညောင်းညာခြင်းကို လျော့ပါးစေတဲ့ မျက်စိလေ့ကျင့်ခန်း
ခပ်သွက်သွက်ပြေးတာပဲဖြစ်ဖြစ်၊ ရေကူးတာပဲဖြစ်ဖြစ် လေ့ကျင့်ခန်းတစ်ခုခုကို
နေ့စဉ်ပြုလုပ်ပြီး ခန္ဓာကိုယ်ကို ကြံ့ခိုင်အောင် ထိန်းသိမ်းစောင့်ရှောက်ဖို့က
အရေးပါတဲ့ ကိစ္စတစ်ရပ်ဖြစ်တယ်ဆိုတာကို လူတိုင်းနီးပါး သိထားတဲ့ကိစ္စတစ်ခုပါ။
ဒါပေမယ့် သင့်မျက်လုံးကိုလည်း လေ့ကျင့်ခန်းလုပ်ပေးလို့ ရတယ်ဆိုတာကို
သိထားပါသလား။ မျက်လုံး လေ့ကျင့်ခန်းလုပ်ပေးခြင်းဖြင့် မျက်လုံးကျန်းမာရေးကို
ကောင်းမွန်စေသလို မျက်စိညောင်းညာခြင်းကိုလည်း လျော့ပါးစေပါတယ်။ ဒါကြောင့်
မျက်လုံးလေ့ကျင့်ခန်းလေးတွေကို လုပ်ပြီး မျက်စိကို ကောင်းမွန်အောင်
ထားနိုင်ကြဖို့ အောက်မှာ လွယ်ကူရိုးရှင်းတဲ့ မျက်လုံးလေ့ကျင့်ခန်းလေးတွေကို
ဖော်ပြပေးလိုက်ပါတယ်။
၁။ ကုလားထိုင်မှာ သက်တောင့်သက်သာအနေအထားနဲ့ ထိုင်ပါ။ လက်ဖဝါးနှစ်ဖက်ကို
ပူနွေးလာတဲ့အထိ ပွတ်ပါ။ ပူနွေးလာရင် မျက်လုံးနှစ်လုံးကို ညင်သာစွာမှိတ်ပြီး
လက်ဖဝါးနဲ့ အုပ်ထားပါ။ မျက်စိကိုဖိပြီးအုပ်မထားပါနဲ့။ လက်ဖဝါးအခွက်ထဲနဲ့
မျက်စိကိုအုပ်၊ အလင်းရောင်မဝင်အောင် လက်ချောင်းလေးတွေကို မဟအောင်ထားပါ။
နှာတံနဲ့ လက်ဖဝါးကိုလည်း ထိနေအောင်ထားပါ။ မှောင်မည်းတဲ့
ပတ်ဝန်းကျင်လိုသဘောထားပြီး အမှောင်ထဲကို အာရုံစူးစိုက်လိုက်ပါ။
အသက်ပြင်းပြင်းရှုသွင်းလိုက်ပါ။ ပျော်ရွှင်ဖွယ်အမှတ်တရလေးတွေကို စဉ်းစားနေပါ။
မှောင်မည်းတဲ့ဝန်းကျင်ကိုသာ မြင်ရပြီဆိုရင် လက်ဖဝါးကို အသာလေးဖယ်လိုက်ပါ။
ဒီလိုမျိုးလေ့ကျင့်ခန်းကို ၃ မိနစ်လောက် လုပ်ပေးပါ။
၂။ မျက်စိကို တင်းတင်းလေးမှိတ်လိုက်ပါ။ ၅ စက္ကန့်လောက်ကြာရင် ပြန်ဖွင့်ပါ။ ၅
စက္ကန့်လောက် ကြာရင် တင်းတင်းလေးပြန်မှိတ်ပါ။ ဒီလိုမျိုးလေး ၇ ကြိမ်၊ ၈
ကြိမ်လောက် လုပ်ပေးပါ။
၃။ မျက်လုံးလေးမှိတ်ပြီး လက်ချောင်းလေးတွေနဲ့ စက်ဝိုင်းပုံသဏ္ဍာန်လှုပ်ရှားမှုနဲ့
နှိပ်ပေးပါ။ တအားဖိပြီး မနှိပ်ပါနဲ့။ အားဖျော့ဖျော့လေးနဲ့နှိပ်ပါ။
၎။ လက်ချောင်းသုံးချောင်းနဲ့ အပေါ်မျက်ခွံကို ဖိပေးပါ။ ၂ စက္ကန့်လောက် ဖိပြီး
လျော့ချလိုက်ပါ။ ၅ ကြိမ်ခန့် လုပ်ပေးပါ။
၅။ သက်တောင့်သက်သာအနေအထားနဲ့ထိုင်
ပါ။ မျက်လုံးကို နာရီလက်တံအတိုင်း လှည့်ပါ။
မျက်တောင်ခတ်ပါ။ နောက် နာရီလက်တံပြောင်းပြန်လှည့်ပါ။ ငါးကြိမ်လောက်လုပ်ပေးပါ။
၆။ မှန်ပြတင်းပေါက်နဲ့ ၆ လက်မလောက်အကွာမှာထိုင်ပါ။ မျက်စိအနေအထားနဲ့
အနေအတော်လောက်မှာ ထင်သာမယ့်အရောင်တခုနဲ့ အမှတ်လေးချစ်လိုက်ပါ။
အဲဒီအမှတ်လေးနေတဆင့် အဝေးတစ်နေရာကို ၁၅ စက္ကန့်လောက် စူးစိုက်ကြည့်လိုက်ပါ။
ပြီးရင် အမှတ်ကလေးကိုပဲ ၁၅ စက္ကန့်လောက် ပြန်ကြည့်ပေးပါ။ ဒါမှမဟုတ်
ခဲတံတစ်ချောင်းကို လက်တစ်ကမ်းအကွာမှာ ကိုင်ပြီး စူးစိုက်ကြည့်ပါ။
နှာခေါင်းနားရောက်အောင် တဖြည်းဖြည်း ဆွဲယူလာပါ။ ပြီးရင် လက်တကမ်းအကွာကို
တဖြည်းဖြည်း ပြန်ရွှေ့လိုက်ပါ။ ၁ဝ ကြိမ်လုပ်ပေးပါ။
၇။ နံရံတစ်ခုနဲ့ မျက်နှာချင်းဆိုင်ထိုင်ပါ။ ပြီးရင် ခေါင်းကိုမလှုပ်ပဲ
မျက်လုံးနဲ့ နံရံပေါ်မှာ စာရေးပါ။ ပထမတော့ ခက်ခဲတဲ့လေ့ကျင့်ခန်းတစ်ခုဖြစ်
ပါတယ်။ လေ့ကျင့်ရင်းနဲ့ ပျော်စရာလေးတစ်ခု ဖြစ်လာတာကို တွေ့ရမှာပါ။
စာလုံးကြီးကြီးရေးလေ ထိရောက်မှု ပိုရှိလေပါပဲ။
၈။ ရှေ့မှာ နာရီကြီးကြီးတစ်လုံးရှိနေတယ်လို့ မှတ်ယူထားပါ။ နာရီရဲ့
အလည်ဗဟိုတည့်တည့်ကို ကြည့်နေပါ။ နာရီမှတ်ကိုကြည့်ပါ။ ဗဟိုကိုပြန်လာပါ။
နောက်နာရီမှတ် တစ်ခုကို ထပ်ကြည့်ပါ။ ဗဟိုကိုပြန်ကြည့်ပါ။ နာရီလက်တံ ၁၂
ခုပြည့်အောင်လုပ်ပြိးသွားရင် လုံလောက်ပါပြီး။ ဒီလေ့ကျင့်ခန်းကို
မျက်လုံးမှိတ်ပြီးတော့လည်း လုပ်လို့ရပါတယ်။
၉။ ပေ ၁၅ဝ အကွာအဝေးလောက်မှာရှိတဲ့ အရာဝတ္ထုတစ်ခုခုကို စက္ကန့်အနည်းငယ်လောက်
စူးစိုက်ကြည့်ပါ။ တဖြည်းဖြည်းနဲ့ ပေ ၃ဝ အောက်ရှိတဲ့ အရာဝတ္ထုဆီကို
အကြည့်ပြောင်းလိုက်ပါ။ စက္ကန့်အနည်းငယ်လောက်ကြာရင် အဝေးမှာရှိတဲ့
အရာဝတ္ထုဆီကိုပြန်ကြည့်လိုက်ပါ။ ငါးကြိမ်လောက် လုပ်ပေးပါ။
၁ဝ။ ဝေးနိုင်သမျှ ဝေးတဲ့ နေရာမှာရှိတဲ့ အရာဝတ္ထုတစ်ခုကို ကြည့်ပါ။
နာရီဝက်အကြာမှာ တခါလောက် အဝေးကိုကြည့်ပေးပါ။ ဒီလိုမျိုးကြည့်ပေးခြင်းဟာမျက်လုံး
အမြင်စွမ်းအားကို ထိန်းထားပေးနိုင်သလို၊ အမြင်အာရုံယိုယွင်းလာခြင်းကို
လည်း ထိရောက်စွာ ကာကွယ်ပေးနိုင်ပါတယ်။
၁၁။ မျက်လုံးကို အပေါ်ကြည့် အောက်ကြည့် ကြည့်ပေးပါ။ ၈ ကြိမ်လောက်လုပ်ပြီး၊
ညာကြည့်၊ ဘယ်ကြည့် ကြည့်ပေးပါ။ ၈ ကြိမ်လောက်လုပ်ပါ။ ကြည့်အခါမှာ မျက်လုံးကို
ဖိပြီး မကြည့်ပါနဲ့။ ဖိပြီးကြည့်ရင် အမြင်အာရုံကို ပိုမိုဆိုးဝါးစေတာကြောင့်
ဖွဖွလေးပဲမျက်လုံးကို ရွှေ့လျားပါ။
လေ့ကျင့်ခန်းတစ်ခုကို အချိန်ကြာကြာလုပ်တာထက်စာရင် မှန်မှန်လေးလုပ်ဖို့က
ပိုအရေးကြီးပါတယ်။ ကွန်ပျူတာသုံးလို့ပဲဖြစ်ဖြစ် အလုပ်တစ်ခုကို
အာရုံစိုက်ပြီးအချိန်အကြာကြီး အလုပ်လုပ်နေစဉ်မှာ မျက်လုံးကို ဟိုဟို၊
ဒီဒီရွှေ့လျားအလုပ်လုပ်စေပါ။ အလုပ်လုပ်နေစဉ် အတွင်းမှာလည်း
အဝေးတနေရာကိုကြည့်ပြီး မျက်လုံးညောင်းညာမှုကို ဖြေလျှော့ပါ။
လက်ဖဝါးနှစ်ဖက်ကိုပူအောင်ပွတ်ပြီး မျက်လုံးပေးမှာအုပ်ပေးထားတဲ့ နည်းကတော့
အကောင်းဆုံးပါပဲ။ ခဏခဏ မျက်တောင်ခတ်ပါ။ မျက်လုံး ညောင်းပြီးစပ်နေတဲ့အခါ
အခြေအနေပေးရင် ရေအေးလေးနဲ့ မျက်လုံးကို ဆေးကြောပေးလိုက်ပါ။
Fwd;  MM Daily Mail
တန်ခူးလ
တန်ခူးလ သည် မြန်မာ.ဆယ်.နှစ်လ ရာသီ၏ ပထမဆုံးလ ဖြစ်သည်။
နှစ်သစ်ကို တန်ခူ (တန်ခူးလ) လမှ စတင်ပါသည်။ ခြောက်သွေ့ဒေသများတွင် ထန်းပင်များ များများ စိုက်ပျိုးကြသည့် မြန်မာတို့အတွက် တန်ခူလ ဆိုသည့်ဝေါဟာရမှာ “ထန်းသီးခူးသည့် လ”ဟု အဓိပ္ပာယ် သက်ရောက်ပြီး သက္ကတဘာသာ “တာလ”မှ ဆင်းသက်သောအမည် ဖြစ်သည်။ ထို့ကြောင့် အဆိုပါ ထန်းပင်သည် အိန္ဒိယမှ မြန်မာနိုင်ငံအတွင်းသို့ ခရစ်နှစ် အစောပိုင်းလောက်ကပင် ရောက်ရှိခဲ့သည့်အပင် ဖြစ်သည်ဟု ခန့်မှန်းကြသည်။ မြန်မာနိုင်ငံအလယ်ပိုင်း၏ ရာသီဥတုနှင့်ကိုက်ညီပြီး၊ ခန်းခြောက်ဒေသမှာပင် ကောင်းမွန်စွာပေါက်ရောက်နိုင်စွမ်း ရှိသည်။ ဘုန်းကြီးကျောင်း၊ ရေကန်၊လယ်ကွင်း ဝန်းကျင်တို့တွင် ထန်းပင်များအား အတန်းလိုက်စီပြီး စိုက်ထားလေ့ ရှိသည်။ ထန်းမှထွက်ရှိသည့် ထန်းလျက်ဖြင့် မုန့်အချိုပွဲများကို ပြုလုပ်ကြသကဲ့သို့ ယမကာ အဖျော်ကို ထန်းရည်ဖြင့် ပြုလုပ်ရသည်။ ရှေးမြန်မာတို့သည် မြေ အရောင်းအဝယ် ပြုပြီးသည့်အခါတွင်လည်းကောင်း၊သားသမီးများ အိမ်ထောင်ချသည့်အခါ အခမ်းအနားတွင်လည်းကောင်း အများသိစေရန် ဖိတ်ကြားပြီး အမဲ၊ ကြက်၊ ဝက်နဲ့ သေရည်ပါတဲ့ စားသောက်ပွဲကြီး ပေးလေ့ရှိကြောင်း ပုဂံခေတ်ဆိုင်ရာ ကျောက်စာအထောက်အထားများအရ သိရှိရသည်။ ထိုသို့သောအခမ်းအနားများတွင် သေရည်နှင့်အတူ ထန်းရည်မှချက်လုပ်သည့် ယမကာ အဖျော်ကိုလည်း သောက်ကြကြောင်း အထောက်အထားများ တွေ့ရပါသည်။
ထို့အပြင်ထန်းရွက်ကိုလည်း အိမ်အမိုး၊ရဟန်းဆောင် ယပ်တောင်စသည်ဖြင့် အသုံးချကြသေးသည်။ ပေရွက်ကဲ့သို့ပင် ထန်းရွက်ပေါ်၌လည်း စာရေးနိုင်သည်။ ထန်းပင်စည်မှ ဖြစ်သော ထန်းလုံးဖြင့် အိမ်၊အဆောက်အဦး၊ကာကွယ်ရေး အတွက် ခံတပ် စသည်ဖြင့် ဆောက်လုပ်အသုံးချကြပါသေးသည်။ ဆည်ဖို့ရာ၌လည်း ထန်းလုံးများကို ဆည်ပိတ်ရာတွင် သုံးပြန်သည်။ တန်ခူးလသည် ခရစ်ပြက္ခဒိန်အရ မတ်လနှင့်ဧပြီလများအတွင်း ကျရောက်ပါသည်။ ကံ့ကော်ပန်း (Mesua ferrea)သည် တန်ခူးလ၏ အထိမ်းအမှတ်ပန်း ဖြစ်သည်။
ကျင်းပသောပွဲတော်
သင်္ကြန်ပွဲတော်
ဦးပေါ်ဦး၏ ယမမင်းထံ အစစ်ခံ သံပေါက်
၁။ အိုကွဲ့ ယောက်ျား၊ မောင်လူသား၊ ဘယ်တရားများ ကျင့်ခဲ့တယ်။ ကျွန်တော်မျိုးမှာ၊ လျှောက်စရာ၊ ဘယ်ဟာကိုမျှ မရှိတယ်။  ၂။ ကုသိုလ်ကောင်းမှု၊ တစ်ခုခု၊ မပြုခဲ့လားကွယ်။ ယမရာဇာ၊ မေးသောခါ၊ ခမျာ မှိုင်၍နေရှာတယ်။  ၃။ အမောင်ယောက်ျား၊ သတိထား၊ စဉ်းစားပါဦးကွယ်။ ဗုဒ္ဓမြတ်စွာ၊ သာသနာ၊ မထွန်းပါလားကွယ်။ ကျွန်တော်တို့ရွာ၊ သာသနာ၊ ထွန်းလှပါတော့တယ်။  ၄။ ပဗ္ဗဇ္ဇိ၊ ဒုလ္လဘ၊ မရခဲ့လားကွယ်။ သာသနာစက်၊ ရဟန်းဘက်၊ စိတ်မျှ မကွက်တယ်။  ၅။ ရဟန်းဖြစ်မှာ၊ မင်းဆရာ၊ မဟောပါလားကွယ်။ ကျွန်တော့်ဆရာ၊ ဟောပြရှာ၊ နားမှာမဝင်တယ်။ ကျွန်တော့်စိတ်မှာ၊ သည်အခါ၊ ရွာသာ ရောက်တော့တယ်။  ၆။ ယောက်ျားစစ်ပ၊ လှလှရ၊ မင်းဘဝကို နှမြောတယ်။ လူတို့ပြည်ရွာ၊ အမောင့်မှာ၊ ဘာများလုပ်ခဲ့တယ်။ ကျွန်တော်မယား၊ စားဖို့များ၊ ကြိုးစား လုပ်ခဲ့တယ်။  ၇။ အမောင်,အမောင်၊ ယောင်တောင်တောင်၊ အမောင် မှားခဲ့တယ်။ သဒ္ဓါဖြောင့်တန်း၊ ဒါနခန်း၊ ပြောစမ်းပါဦးကွယ်။ သားကြီးရှင်ဖြစ်၊ ကျွန်တော်စစ်၊ ညှစ်၍ လှူခဲ့တယ်။  ၈။ လှူသောအခါ၊ စေတနာ၊ သုံးဖြာညီလားကွယ်။ သုံးချက်စေတနာ၊ နည်းလှပါ၊ မှန်စွာ လျှောက်တော့မယ်။ ကျွန်တော့်အလှူ၊ ကြွေးတွေပူ၊ ငွေကူ မျှော်မိတယ်။ ကူငွေနှင့်သာ၊ ငါလှူတာ၊ ထေမိပါရင် တော်ရော့မယ်။ ကျွန်တော်မျိုးမှာ၊ သည်လိုသာ၊ အောက်မေ့မိပါတယ်။  ၉။ ယုတ်မြတ်မဟူ၊ စားသောက်သူ၊ ကြည်ဖြူပါလားကွယ်။ ငွေကူများရာ၊ လူချမ်းသာ၊ မျက်နှာလိုက်၍ ကျွေးခဲ့တယ်။ မျက်နှာနည်းပါး၊ လူမွဲများ၊ မလွဲသာကျွေး ကျွေးခဲ့တယ်။ လူချမ်းသာပင်၊ မဏ္ဍပ်ဝင်၊ ဖျာလျှင်သင်ဖြူး ခင်းပေးတယ်။ သည်ကို ဟိုကို၊ ကြွပါဆို၊ ဗျို့ဗျာမစဲ ခေါ်ခဲ့တယ်။ ကွမ်းဆေးလက်ဖက်၊ ဆီစက်စက်၊ ဝက်နှင့်ကြက်သား ကျွေးခဲ့တယ်။ ကျွန်တော်မျိုးမှာ၊ ငွေမျက်နှာ၊ သည်လိုဟာမှ သဒ္ဓါတယ်။  ၁ဝ။ မင့်အလှူမှာ၊ ငွေတွေဟာ၊ နှမြောပါဘိကွယ်။ ပရိက္ခရာ၊ ဆောင်ရန်မှာ၊ ကောင်းစွာ လှူလားကွယ်။ ပရိက္ခရာ၊ ညံ့လှစွာ၊ ဖိုးချိုတာမှ ဝယ်ပေးတယ်။  ၁၁။ လှူသောအခါ၊ ပစ္စည်းမှာ၊ စင်ကြယ်ပါလားကွယ်။ ကျွန်တော်လှူတာ၊ ပစ္စည်းမှာ၊ ခိုးတာများခဲ့တယ်။ ၁၂။ ပစ္စည်းကုန်မှာ၊ မင်းလှူတာ၊ ဝမ်းနည်းပါလေတယ်။ ဘုန်းကြီးပင့်ခန်း၊ အလမ်းလမ်း၊ ပြောစမ်းပါဦးကွယ်။ အကျင့်သိက္ခာ၊ ရွေးချယ်ကာ၊ မြတ်ရာ ကိုယ်တော် ပင့်လားကွယ်။ သည်လိုဟာမှာ၊ မလေ့လာ၊ မျက်နှာ,နာမှ ပင့်ခဲ့တယ်။ နှုတ်ဆက်ခေါ်ငင်၊ မျက်နှာရွှင်၊ ပုဂ္ဂိုလ်ကောင်းလို့ ထင်ခဲ့တယ်။ သည်လိုဆရာ၊ ကျွန်တော့်မှာ၊ များစွာပင့်ခဲ့တယ်။ တို့အမျိုးပါ၊ တို့ဆရာ၊ တို့ရွာကိုယ်တော် ပင့်ဦးမယ်။ ပြောင်းနှင့်စပါး၊ မင်းတို့များ၊ ဘယ်လောက်ရလားကွယ်။ ကျောင်းကိုများသွား၊ ရယ်ဟားဟား၊ လက်ဖက် ကွမ်းစားတယ်။ ငှက်ပျော အုန်းသီး၊ ဒကာကြီး၊ မြည်းစမ်းပါဦးကွယ်။ သည်လိုခေါ်ဆို၊ မျက်နှာချို၊ ထိုပုဂ္ဂိုလ်ကိုမှ ပင့်ခဲ့တယ်။ ကျွန်တော်တို့ရွာ၊ လှူကြတာ၊ သည်လိုချည်းသာ ပင့်ကြတယ်။  ၁၃။ အမောင်လှူတာ၊ ဗလချာ၊ တန်ပါဦးတော့ကွယ်။ အင်္ဂါငါးလီ၊ ပဉ္စသီ၊ ဆောက်တည်မြဲလားကွယ်။ သီလငါးပါး၊ ကျင့်တရား၊ ပျက်ပြားများခဲ့တယ်။ သက်သတ်ခိုးမှု၊ ကာမေသု၊ တစ်ခုမကျန် ပေါက်ခဲ့တယ်။ မုသားသေရည်၊ ဤနှစ်လီ၊ ဝသီရှိတိုင်း ကျင့်ခဲ့တယ်။  ၁၄။ ဖြစ်ခဲလေစွ၊ လူ့ဘဝ၊ သနားလှတော့တယ်။ ကျွန်တော်ချည်းသာ၊ မဟုတ်ပါ၊ လူတကာလည်း ပျက်ကြတယ်။ မိန်းမတွေဟာ၊ ပျက်လိုက်တာ၊ ဈေးဝယ်တာတောင် ရန်ဖြစ်တယ်။  ၁၅။ သည်မှတစ်ခန်း၊ ရှေ့သို့လှမ်း၊ မေးစမ်းပါဦးမယ်။ ဘုရား တရား၊ သံဃာများ၊ ဝပ်တွားပါလားကွယ်။ ဘုရားဖူးများ၊ တဟားဟား၊ ပျော်ပါးရအောင်လိုက်ဖူးတယ်။  ၁၆။ လိုက်သောအခါ၊ မြတ်ဗုဒ္ဓါ၊ ကြည်ညိုလှစွာ ဖူးလားကွယ်။ ဗုဒ္ဓဂုဏော၊ စိတ်မစော၊ ရယ်မော စားသောက် ပြန်ခဲ့တယ်။  ၁၇။ မာတာပိတ၊ မိနှင့် ဖ၊ ညွတ်တွား ခယ ပါလားကွယ်။ မညွတ်ခ,ဘဲ၊ ကျွန်တော်လည်း၊ ဆဲတောင် ဆဲသေးတယ်။  ၁၈။ မှားစွမှားစွ၊ မောင်ဗာလ၊ သနားပါဘိကွယ်။ တရားတော်မှာ၊ ဒေသနာ၊ ကြားနာရဲ့လားကွယ်။ စိတ်ကမပါ၊ ရှက်လိုက်တာ၊ လူဆိုမှာကြောင့် နာဖူးတယ်။  ၁၉။ နာသောအခါ၊ မင်းစိတ်မှာ၊ သဒ္ဓါကြည်နူး ရှိလားကွယ်။ ကယောင်ချောက်ချား၊ စိတ်ကသွား၊ တောထဲများတောင် ရောက်သေးတယ်။  ၂ဝ။ ပုဂ္ဂိုလ်များစွာ၊ ဟောကြားပါ၊ သည်တစ်ခါလားကွယ်။ ကျွန်တော်မျိုးမှာ၊ သည်တစ်ခါ၊ လူမျက်နှာကြောင့် လိုက်သေးတယ်။  ၂၁။ သည်တစ်ခါ,နာ၊ အမောင်မှာ၊ ကြည်ညိုပါလားကွယ်။ တရားလည်းချ၊ အိပ်ရေးဝ၊ ထ၍ ပြန်ခဲ့တယ်။ မိန်းမတွေဟာ၊ ငိုက်လိုက်တာ၊ ကျွန်တော့်ထက်တောင် သာသေးတယ်။  ၂၂။ စံကျောင်းဝိဟာ၊ မြတ်သံဃာ၊ ဆည်းကပ်ပါလားကွယ်။ ဆွမ်း မုန့် ငှက်ပျော၊ ကျောင်းမှာပေါ၊ ရော၍လိုက်ဖူးတယ်။  ၂၃။ လိုက်သောအခါ၊ ထေရ်သံဃာ၊ ရဟန္တာသို့ ထင်လားကွယ်။ ဘုန်းကြီးနားမှာ၊ မရောက်ပါ၊ တော်ရာချောင်က ခိုခဲ့တယ်။  ၂၄။ ခိုသောအခါ၊ မင့်စိတ်မှာ၊ ကြည်ညိုပါလားကွယ်။ ကြည်ညိုဝေးကွာ၊ ကျွန်တော့်မှာ၊ စားစရာသာ ကြည့်ခဲ့တယ်။ သူရကာယ်ပင်၊ ကျိုးမမြင်၊ ဘုန်းကြီးကပင် နှမြောတယ်။ သည်လိုများပေ၊ ကျွန်တော်လေ၊ ဆိုတောင်ဆိုမိတယ်။ ကျွန်တော်ချည်းသာ၊ မဟုတ်ပါ၊ သူတကာလည်း ဆိုကြတယ်။ ၂၅။ ကျောင်းပစ္စည်းများ၊ အမောင်အား၊ မစားမသောက် ကင်းလားကွယ်။ စားသည့်ထမင်း၊ ဝမ်းတောင့်တင်း၊ ကျောင်းကအနိုင် ဆင်းခဲ့တယ်။  ၂၆။ စားသည်မယွင်း၊ ကျောင်းတလင်း၊ ခတ်ခြင်း တံမြက် လှည်းလားကွယ်။ မလှည်းမိပါ၊ ကျွန်တော့်မှာ၊ စားပြီး သောက်ခါ ပြန်ခဲ့တယ်။ ကျွန်တော်တို့ရွာ၊ လူတွေဟာ၊ သည်လိုချည်းသာ စားကြတယ်။  ၂၇။ အမောင် ယောက်ျား၊ မင်းဖြစ်ငြား၊ သနားပါဘိတယ်။ ဥပုသ်စောင့်ခန်း၊ ရှေ့သို့လှမ်း၊ မေးစမ်းပါဦးမယ်။ ဥပုသ်အင်္ဂါ၊ အရိယာ၊ ဖြူစွာသီလ စောင့်လားကွယ်။ ဘုန်းကြီးများထံ၊ သီလခံ၊ ကြွက်ဆူညံအောင် ပြောခဲ့တယ်။  ၂၈။ ပြောသောစကား၊ မင်းဖြစ်ငြား၊ တရားကြောင်းလားကွယ်။ လယ်,ယာ,ကျွဲ,နွား၊ ပြောင်းစပါး၊ သားမယားကြောင်း ပြောခဲ့တယ်။ စပ်မိစပ်ရာ၊ ပြောလိုက်တာ၊ နွားချင်းလဲရာ ရောက်သေးတယ်။ စကားမဆုံး၊ တစ်နေ့လုံး၊ အုံးအုံးကြွက်အောင် ပြောခဲ့တယ်။ သည်လိုနှင့်ပင်၊ နေသာဝင်၊ အိမ်လျှင်ပြန်ခဲ့တယ်။ ဥပုသ်စောင့်ရာ၊ ပြောကြတာ၊ မိုးမရွာကြောင်းသာ များကြတယ်။  ၂၉။ သီလပြောက်ကြား၊ စောင့်လေငြား၊ မိုးကား ကွက်ကြားရွာတတ်တယ်။ မင်းတို့လူ့ဘောင်၊ သီလကြောင်၊ မိုးရှောင်ကွင်းတတ်တယ်။ မင်းတို့ဖြစ်ပုံ၊ အလုံးစုံ၊ အကုန်တွေးပကွယ်။ မင်းတို့စောင့်တာ၊ ဥပုသ်မှာ၊ ထမင်းဆာတာ သနားတယ်။ ဘာဝနာလမ်း၊ ကမ္မဋ္ဌာန်း၊ စီးဖြန်းပါလားကွယ်။ ဘာဝနာလမ်း၊ ကမ္မဋ္ဌာန်း၊ စီးဖြန်းနည်းခဲ့တယ်။  ၃ဝ။ တရားစကား၊ အမောင့်အား၊ ဆွေးနွေးပါလားကွယ်။ တတ်သည်ဆိုလျှင်၊ ကျွန်တော်ပင်၊ အလွန်မေးချင်တယ်။  ၃၁။ မေးသောအခါ၊ မင်းစိတ်မှာ၊ ဘာဝနာလားကွယ်။ မဖြေနိုင်က၊ အရှက်ရ၊ နာမည်ပျက်အောင် မေးခဲ့တယ်။ တစ်ခါတစ်ခါ၊ ကျုပ်တို့ရွာ၊ စာ စကားသာ ပြောကြတယ်။ သင်္ဂြိုဟ်ဘေးပေါက်၊ ကောက်သင်းကောက် ရောက်မိရောက်ရာ ငြင်းကြတယ်။ ကျွန်တော်ကတောင်၊ တတ်ဟန်ဆောင်၊ ဖောင်ဖောင်လန်အောင် ငြင်းခဲ့တယ်။  ၃၂။ ငြင်းသောအခါ၊ မင်းစိတ်မှာ၊ ဘယ်လိုပါလဲကွယ်။ ကျွန်တော်ကပင်၊ ဂုဏ်လိုချင်၊ တတ်သည်ထင်အောင် ငြင်းခဲ့တယ်။ ကျွန်တော်တို့ရွာ၊ လူတွေဟာ၊ စာငြင်းတာနှင့် ရန်ဖြစ်တယ်။  ၃၃။ အမောင်ယောက်ျား၊ လျှောက်စကား၊ အမှားတွေသာ များခဲ့တယ်။ အားကိုးစရာ၊ ကုသိုလ်မှာ၊ ဘယ်ဟာကိုမျှ မရှိတယ်။ တစ်ခုကိုမျှ၊ မေးမရ၊ ဝမ်းနည်းလှချေတယ်။ အမောင့်ဖြစ်ထွေ၊ သနားလေ၊ လူ့ပြည်မယား မကယ်တယ်။ မကယ်ဖြစ်တာ၊ မင်းတစ်ခါ၊ ကြမ္မာမှောက်တော့မယ်။ အမောင့်ဖြစ်ပုံ၊ အလုံးစုံ၊ အကုန်သနားတယ်။ ယမရာဇာ၊ မေးသောခါ၊ ခမျာမှိုင်၍ နေတော့တယ်။ သည်သောအခါ၊ ငရဲရွာ၊ ဆွဲကာချတော့တယ်။ ယမမင်းထံ အစစ်ခံ သံပေါက် နိဋ္ဌိတံ။ လင်္ကာရေးသူ အမတ်ကြီး ဦးပေါ်ဦး။ ၆ - ဒေဝဒူတသုတ် မှ၊ ဒေ၀ဒူတ၀ဂ်၊ တိကနိပါတ်၊ အင်္ဂုတ္တိုရ်။
သင်္ကြန်ပွဲတော်
သင်္ကြန်ပွဲတော်
မြန်မာ သင်္ကြန်အား ပန်းချီဖြင့် သရုပ်ဖော်စဉ်
သင်္ကြန်ဟူသော စကားသည်သင်္ကန္တဟူသော ပါဠိ မှဆင်းသက်၍ ရွတ်ဆိုသောအခါ သက္ကတ၌ရှိသော ရရစ်သံဖြင့် ရွတ်ဆိုရသော စကားဖြစ်သည် ။ အဓိပ္ပါယ်မှာ ကူးပြောင်းခြင်းဖြစ်၏ ။ ဤကမ္ဘာမြေကြီးသည် နေကိုဗဟိုပြု၍ မိဿ ရာသီမှစ၍ ပြိဿ ၊ မေထုန် ၊ ကရကဋ် ၊ သိဟ် ၊ ကန် ၊ တူ ၊ ဗြိစ္ဆာ၊ ဓနု ၊ မကာရ ၊ ကုမ် ၊မိန် ဟူသော ရာသီခွင်တို့သို့ အစဉ်လိုက် ကူးပြောင်း လှည့်လည်ပြီးနောက် သူရိယသိဒ္ဓန္တကျမ်း အလို ၃၆၅ ရက် ၊ ၆ နာရီ ၊ ၁၂မိနစ် ၊ ၃၇စက္ကန့် ပြည့်သောအခါ ၊ တနင်္ဂနွေ ရ၀ိဖုဋဂြိုဟ်စင်သည် မိဿရာသီအစ သုညအင်္သာသို့ဝင်၏ ။ သို့ရာတွင် နှစ်မကူးသေးချေ ။ ဗေဒင်တွက်ရိုးကျမ်း များ၌ ရ၀ိဖုဋဂြိုဟ်စင် နှင့် ရ၀ိမဓျဂြိုဟ်သွမ်း ဟူ၍ နှစ်မျိုးနှစ်စား ခွဲခြားပြသည် ။ ထို့ကြောင့် မိဿရာသီသို့ ထိုဂြိုဟ်နှစ်မျိုးနှစ်စား ရောက်သော အချိန်ကာလသည်လည်း ကွဲပြားသည် ။ မိဿရာသီသို့ တနင်္ဂနွေ ရ၀ိဖုဋဂြိုဟ် ၀င်ရောက်ရှိပြီး၍ ၂ရက် ၊ ၄နာရီ ၊ ၄မိနစ် ၊ စက္ကန့် ၄၀ ကြာမှ တနင်္ဂနွေ ရ၀ိမဓျဂြိုဟ်သွမ်း ရောက်ရှိ၏ ။ ထိုကဲ့သို့ ကွာခြားသော နှစ်ရက်ကျော် ကာလသို့ ဝင်သောအခါကျမှသာ အတာတက်၍ နှစ်သစ်ကူးပြီဟု အသိအမှတ် ပြုကြ၏ ။ ဤသင်္ကြန်ပွဲတော်တွင် မြန်မာတိုင်းရင်းသားတို့သည် ပျော်ရွှင်စွာ ရေပက်ကစားကြသည် ။ သင်္ကြန်ရေပက် ဖျန်းခြင်းသည် လေးနက်မွန်မြတ်သော အဓိပ္ပါယ်ရှိသည် ။ ရေသည် မေတ္တာဓာတ်ကို တင်စားသည် ။ ရေကစား ကြသည်မှာ ရေလိုအေး၍ ပန်းလိုလန်းပါစေ ဟူသောမေတ္တာဓာတ်ဖြင့် ကစားခြင်းဖြစ်သည်။
မြို့ကြီးများတွင် များစွာသော ရေပန်းများဖြင့် ခေတ်သစ် မြန်မာ သင်္ကြန်ရွှင်မြုးကြစဉ်
သင်္ကြန်ပွဲ သည်မြန်မာ့တို့၏ ရိုးရာပြက္ခဒိန် အစဆုံးလဖြစ်သော တန်ခူးလတွင် ကျင်းပသည် ။ တန်ခူးလသည် အင်္ဂလိပ်ပြက္ခဒိန်မှ ဧပြီ (April) လနှင့်တိုက်ဆိုင်သည် ။ သင်္ကြန်ပွဲကို မြန်မာ့နှင့် ယဉ်ကျေးမှု့ချင်းဆက်စပ်နေသော လော (Laos) နိုင်ငံ ၊ ကမ္ဗောဒီးယား (Cambodia) နိုင်ငံ နှင့် ထိုင်း (Thailand) နိုင်ငံတို့တွင် အလားတူပင် ဧပြီလ၌ သင်္ကြန်ပွဲတော်ကို ဆင်နွှဲကြသည် ။ သို့ရာတွင် မြန်မာနိုင်ငံ၏ သင်္ကြန်ပွဲတော်သည် ယင်းပွဲတော်တို့ထက် ကြီးကျယ်၍ ရှေး အင်းဝခေတ် ကပင်လျှင် အင်္ဂလိပ် စသောတိုင်းတစ်ပါးသားတို့က နှစ်သက်ဖွယ်ရာမှတ်တမ်းတင်ခဲ့ကြသည်။
သင်္ကြန်သည် မြန်မာ့ယဉ်ကျေးမှု စစ်စစ်မဟုတ်။ ဟိန္ဒူယဉ်ကျေးမှုကို မွေးစားထားခြင်း ဖြစ်သည်။ သင်္ကြန်သည် မင်္ဂလာ ၁၂ ပါးထဲမှ တစ်ပါး ဖြစ်ပါ၏။ ဤ မင်္ဂလာ ၁၂ ပါးသည်ပင် ဟိန္ဒူယဉ်ကျေးမှု ဖြစ်ပါ၏။ ကုလားတို့သည် ကလေးတစ်ဦးမွေးပါက နေပြ မင်္ဂလာ၊ လပြ မင်္ဂလာ၊ ကွမ်းခွံ့ မင်္ဂလာ၊ ထမင်းခွံ့ မင်္ဂလာ၊ ပုခက်တင် မင်္ဂလာ၊ နားထွင်း မင်္ဂလာ၊ နာမည်ပေး မင်္ဂလာ စသဖြင့် ပြုပါ၏။ မင်္ဂလာ ၁၂ ပါးအကြောင်း သိလိုလျှင် မာမာအေး၏ မင်္ဂလာ ၁၂ ပါးသီချင်း ကို နားဆင်ကြည့်ပါ။
“ရ၀ိန္ဒု ဒဿန- နေလပြတဲ့ မင်္ဂလာ အညီ၊ ကဏ္ဍ၀စ္ဆ နားကို သ ခြင်း ပြုပါသည် ----- ”
ပြောင်းရွှေ့ခြင်းသည်ပင် သင်္ကြန်
သင်္ကြန်ဟူသည်မှာ ပါဠိဘာသာ “သင်္ကန္တ” သက္ကဋဘာသာ “သင်္ကြန်” ဟူသော မြန်မာဝေါဟာရသည့် ပြောင်းရွှေ့ခြင်းအနက်ကို ဆောင်ပေသည်။
အဘယ်သို့ ပြောင်းရွှေ့ခြင်းအနက်ကို ဆောင်သနည်းဟူမူ အချင်း ယူဇနာ (၅၀) လုံးဝန်း ယူဇနာ (၁၅၀) ရှိ၍ အတွင်းကားရွှေ၊ အပကားဖလ်အတိပြီးသော ဘာဏုရာဇာမည်သော တနင်္ဂနွေဂြိုဟ်မင်းသည် န၀င်းတလုံးမှန၀င်း တလုံး၊ နက္ခတ်တလုံးမှ နက္ခတ်တလုံး၊ တရာသီမှ တရာသီသို့ အစဉ်လိုက် ပြောင်းရွှေ့လာခဲ့ခြင်းပင်ဖြစ်သည်။ ယင်းပြောင်းရွှေ့ခြင်းကိုပင် သင်္ကန္တ- သို့မဟုတ် သင်္ကြန္တ-ဟု ခေါ်ခြင်းဖြစ်ရာ၊ တနှစ်အဖို့တွင်၊ န၀င်းအားဖြင့် (၁၀၈) န၀င်းဖြစ်၍ သင်္ကြန် (၁၀၈) ကြိမ်၊ နက္ခတ် (၂၇) လုံးဖြစ်၍ သင်္ကြန် (၂၇) ကြိမ်၊ (၁၂) ရာသီဖြစ်၍ သင်္ကြန် (၁၂) ကြိမ် ရှိသည်ဟု ဆိုနိုင်ပေသည်။ ယင်းသို့ဆိုနိုင်သော်လည်း ထိုသင်္ကြန်တို့မှာ သာမညရွှေ့ပြောင်းခြင်းတည်းဟူ သော စူဠသင်္ကြန်တို့သာ ဖြစ်ပေသည်။ မဟာသင်္ကြန်ကား မဟုတ်ပေ၊ (၂) ရာသီနက္ခတ်တို့သို့ ရွှေ့ပြောင်း ချဉ်းကပ်ခြင်း သင်္ကြန်ကလေးများသည် တနင်္ဂနွေဂြိုဟ်မှာသာမဟုတ် ဂြိုဟ်တိုင်းပင်ရှိ၏။ ယင်းသို့ရှိသော်လည်း လူတိုင်းသည် တနင်္လာစသော ဂြိုဟ်တို့ကို မထားမူ၍၊ တနင်္ဂနွေဂြိုဟ်ကိုသာ တိုင်းထားပြီးလျှင် နှစ်၊လ၊ ရက်တို့ကို သားကြသောကြောင့် တနင်္ဂနွေဂြိုဟ် ရွှေ့ခြင်းဖြင့်သာ သင်္ကြန်ကို အသိအမှတ်ပြုကြပေသည်။
နက္ခတ်စက်ဝန်း
ေဿဝဏီနက္ခတ်မှစ၍ ရေ၀တီနက္ခတ်များရှိသော (၂၇) လုံးသောနက္ခတ်တို့သည် အာကာသကောင်းကင်တွင် စက်ဝန်းပုံပြု၍ အ၀ိုင်းလိုက် လှည့်လည်လျက်ရှိရာ၊ ယင်းစက်ဝန်းပုံကြီးသည် ယူဇနာသုံးသန်းကျော်ရှိသည်ဟု ဆိုပေသည်။ ယခုလူ့ပြည်မှ မြင်ရသည်မှာ နက္ခတ်စက်ဝန်းကြီး၏ ဂ-ပုံတပုံမျှသာဖြစ်၍ အရှေ့မှအနောက်သို့ အတန်းလိုက် ရွေ့လျားနေသည်ဟု ထင်ရပေသည်။ ယင်းစက်ဝန်းပုံ နက္ခတ်ဝိုင်းကြီးမှ နက္ခတ်တလုံး-တလုံးကို တပတ်ဟု ခေါ်ဆိုသည့် ပါဒ-သဒ္ဒါသည် အပိုင်းအပုံကို ဟောသည်၊ နက္ခတ် (၂၇) လုံးဖြစ်၍ ပတ်ပေါင်း (၁၀၈) ပတ်ရှိသည်။ ယင်း (၁၀၈) ပတ်ကိုပင် (၁၂) ပိုင်းပြု၍ ပိုင်းခြားလိုက်ပြန်သော်- တဘို့ တဘို့၌ (၉) ပတ်စီ အညီအမျှရလေသည်။ ယင်း (၉) ပတ်ကို ဗေဒင်ခေါ်အားဖြင့် န၀င်းဟုခေါ်သည်။ (၉) ခုအရေအတွက်ဟု ဆိုလိုသည်။ ဤ (၉) လုံးတပုံ၊ (၉) လုံး တစုကိုပင် ပါဠိဘာသာအားဖြင့် ရာသီဟုခေါ်သည်။ အစုအပုံဆိုလိုသည်။ ယင်းသို့အားဖြင့် တရာသီလျှင် (၉) ပတ် န၀င်း (၉) လုံးကျဖြင့် တဆယ့်နှစ်ရာသီအတွက် (၁၀၈) န၀င်းပင်။ သို့မဟုတ် ပတ်ပေါင်း (၁၀၈) ပတ် ဖြစ်လေတော့သည်။
နေနှင့်နက္ခတ်အသွားပြိုင်
တနင်္ဂနွေဂြိုဟ်မင်းသည် စက်နာရီ (၂၄) မိနစ်နှင့် ညီမျှသော မြန်မာ (၁) နာရီတွင် ယူဇနာငါးသောင်းနှုန်း ကျဖြင့်သွားသည်ဟု သူရိယောဂ္ဂမဒီပနီကျမ်းနှင့် သာရတ္ထဒီပနီမည်သော ၀ိနည်းဋီကာကျမ်းကြီးတွင် ပါရှိသည်။ ဇာတ်နိပါတ်များတွင်လည်း နေမင်းအသွား လျှင်မြန်ပုံ ဟောကြားတော်မူချက်ရှိပေသည်။ ယင်းနေမင်း၏ အသွားနှုန်းထက်ပင် နက္ခတ်ရာသီစက်ဝန်းကြီးက မြန်သေးသည်ဆိုရကား.. နာရီ (၆၀) လျှင် (တရက်လျှင်) တအင်္သာ နေမင်းက ကျန်ရစ်ခဲ့၏။ ယူဇနာ (၅,၀၀၀) ကျော် ရာသီစက်ဝန်းက ရှေ့သို့ ခရီးလွန်သွားသည်ဟုလို။ ထို့ကြောင့် န၀င်း တလုံးလျှင် (၃) ရက်၊ နာရီ (၂၀) သာ လိုက်နိုင်၍၊ န၀င်းလေးလုံးဟူသော နက္ခတ်တလုံး (၁၃) ရက်၊ နာရီ (၂၀) ရှိလျှင်-နက္ခတ် တလုံးကို ပြောင်း၍ လိုက်ရပြန်သည်။ ရက် (၃၀) ရှိလျှင် (၂) လုံးတပတ်၊ န၀င်း (၉) လုံးဟုသော တရာသီမှ ပြောင်း၍ လိုက်ရပြန်သည်။ ဤသို့လျှင် နေမင်းကနှေး၍ ရာသီစက်နက္ခတ်က မြန်လေသဖြင့် မိဿရာသီ၊ အဿဝနီနက္ခတ် ပထမပတ်၌ (၃) ရက် နာရီ (၂၀)၊ ဒုတိယ ၎င်း (၃) ရက်၊ နာရီ (၂၀) စသည်ဖြင့် (၁၂) ရာသီ (၁၀၈) န၀င်းလျှင် အကြမ်းစားအားဖြင့် ရက်ပေါင်း (၃၆၀) ကျော်ရှိသော .. မိန်ရာသီ၊ ရေ၀တီနက္ခတ် စတုတ္ထပတ်မှ ပထမလှည့်လည်ရင်း၊ မိဿရာသီ၊ အဿဝနီ နက္ခတ် ပထမပတ်သို့ ပြန်လည်ရောက်ရှိလာသည်ကို (၁၀၈) န၀င်း၊ နက္ခတ် (၂၇) လုံး၊ (၁၂) ရာသီပြည့်ဖြစ်၍ ပြောင်းလာကြသောကြောင့် ပတ်ပြပြည့်၊ နက္ခတ်ပြည့် ရာသီပြည့်ဖြစ်၍ “မဟာသင်္ကြန်” ဟု ခေါ်ဆိုကြလေသည်။
နှစ်တပတ်လည်- ရက်ပေါင်း
ဤသို့ တဆယ့်နှစ်ရာသီစက်ဝန်းတွင် တနင်္ဂနွေဂြိုဟ်တည်ဟူသော နေမင်းလှည့်လည်ခဲ့၍၊ နှစ်တပတ်လည်သော ရက်ပေါင်းသည် မကာရန္တစသော ဗေဒင်ကျမ်းများအလိုအားဖြင့် (၃၆၅) ရက်၊ (၆) နာရီ၊ (၁၂) မိနစ်၊ (၃၆) စက္ကန့်၊ (မြန်မာနာရီစစ်စစ်ဖြင့်ဖွဲသော .. (၃၆၅) ရက်၊ (၁၅) နာရီ၊ (၃၀) ဗီဇနာ၊ (၃၁) ခရာ၊ အနုခရာ (၂၄) ဖြစ်သည်။) အင်္ဂလိပ် နက္ခတ်အရာကြီးတို့အလိုအားဖြင့် (၃၆၅) ရက်၊ (၅) နာရီ၊ (၄၀) မိနစ်၊ (၄၆) စက္ကန့်ရှိ၏။ ထိုသို့ရှိသောကြောင့် နှစ်တပတ်လည်သောအခါ မြန်မာနာရီပေါင်းက အင်္ဂလိပ်နာရီပေါင်းထက် တနှစ်လျှင် (၂၃) မိနစ်နှင့် စက္ကန့် (၅၀) အမြဲ ပိုလွန်လျက် ရှိလေသည်။ (၄) နှစ်လျှင် တကြိမ်ကျ အင်္ဂလိပ်ရက် နှစ်အဖြစ်နှင့် တရက်တိုး၍ထားသော်လည်း မြန်မာအချိန်ကပင် ပိုလွန်လျက်ရှိသေး၏။ သို့အတွက် တနှစ်၏ ရက်ချင်းအချိန်ချင်း မြန်မာနဲ့ အင်္ဂလိပ်ကွားခြားလျက် ရှိသဖြင့် မဟာသင်္ကြန်ကျသောရက်သည် အင်္ဂလိပ်ရက် တရက်အပေါ်တွင် အမြဲမတည်နိုင်ချေ။
မြန်မာသင်္ကြန်ကျရက်နှင့် ဧပြီ (၁၃)
မြန်မာသက္ကရာဇ် ၁၁၀၁ ခုနှစ်လောက်တွင် ဧပြီလ (၁၀) ရက်နေ့၌ မဟာသင်္ကြန်ကျသောရက်နှင့် တိုက်ဆိုင်ခဲ့၏။ ထို့နောက် ၁၁၆၂ ခုနှစ်လောက်တွင် ဧပြီလ (၁၁) ရက် သက္ကရာဇ် ၁၂၂၀ ပြည့်လောက်တွင် ဧပြီလ (၁၂) ရက်၊ ၁၂၆၃ ခုနှစ်လောက်ကစ၍ ဧပြီလ (၁၃) ရက်နေ့၌ မဟာသင်္ကြန်ကျသော ရက်များနှင့် တိုက်ဆိုင်ခဲ့ရာ၊ လွန်ခဲ့သည့် ၁၃၁၅ ခုနှစ်ထိ ဖြစ်တော့သည်။ ဧပြီလ (၁၃) ရက်နေ့ မဟာသင်္ကြန်ကျခဲ့သော နှစ်ပေါင်းမှာ (၅၀) ကျော်ကြာရှည် ခဲ့သဖြင့် မြန်မာသင်္ကြန်ကျမည့်ရက်ကို မြန်မာရက်အားဖြင့် ရုတ်တရက် မပြောနိုင်စေကာမူ အင်္ဂလိပ်ရက်အားဖြင့် (၁၃) ဂဏန်းကိုမူကား… လူတိုင်းပင် နှုတ်တက်ရနေကြပေတော့သည်။
(၁၃) မှ (၁၄) သို့
သို့ရာတွင် ယခုနှစ် အဖို့တွင်ကား နှုတ်တက်ရနေကြသော် ဧပြီလ (၁၃) ရက်တွင် တရက်တိုး၍ (၁၄) ဂဏန်းဖြင့် အသစ်ပြင်မှတ်ကြရပေတော့မည်။ အဘယ်ကြောင့်ဆိုသော် မြန်မာသင်္ကြန်ကျမည့်ရက်ကို မဟာသင်္ကြန်စာများက…
“ဇေယတု။ ။ အချင်းယူဇနာ (၅၀) ။ လုံးဝန်းယူဇနာ (၁၅၀) ။ အတွင်းက ရွှေကား။ အပကားဖလ်အတိပြီးသော။ ရောင်ခြည်တထောင်ဆောင်သော် ဘာနုရာဇာမည်သော် တနင်္ဂနွေဂြိုဟ်မင်းသည် တပေါင်းဖြစ်သော မိန်ရာသီ။ ရေ၀တီနက္ခတ် အ၀သာန်န၀င်းလက်ထက်မှသည် တန်ခူးဖြစ်သော မိဿရာသီ။ အဿဝဏီနက္ခတ်၊ အာဒိန၀င်း ထက်သို့ မြန်မာသက္ကရာဇ် ၁၃၁၆ ခု၊ နှောင်းတန်ခူးလပြည့်ကျော် (၆) ရက်၊ (၄) ဟူးနေ့၊ ညဥ့် (၃) ချက်တီးကျော်၊ (၇) ရက် ကြာသတေးနေ့သို့အ၀င် (၂) နာရီ၊ တပတ်၊ (၉) ဗီဇနာ၊ (၃) ပြန်၊ (၂) ခရာ၊ ကုန်လတ်၊ ဓနုစန်း၊ (၂) လာ ဟောရက်၊ သောကြာတရင်း၊ အင်္ဂါန၀င်း၊ ဗဗကရိုဏ်းနှင့် ယှဉ်၍ လက်စီးနက္ခတ် (၂၄) လုံး၊ ပတ်ပြည့်၊ (၁၁) ဃဋီလက်စီးလျက် ဇေဌနက္ခတ်၊ (၂၃၇) အံသာ၊ (၃၆) လိတ္တာ မွန်းတည့်သောအချိန်၊ အင်္ဂလိပ်သက္ကရာဇ် ၁၉၅၅ ခု၊ ဧပြီ (၁၄) ရက်၊ ကြသပတေးနေ့၊ ညဥ့်စက်နာရီ (၃) နာရီ၊ (၅၀) မိနစ်၊ (၂၄) စက္ကန့် စံချိန်တော်အားဖြင့် (၃) နာရီ၊ (၅၃) မိနစ်၊ (၂) စက္ကန့် အချိန်တွင် တနင်္ဂနွေဂြိုဟ်မင်းသည် ရွှေအဆင်းတူသော အ၀တ်တန်ဆာတို့ကို ၀တ်ဆင် လျက် သိန္ဓောမြင်းကို စီး၍ ရေချမ်းအိုးကို ပိုက်လျက် အနောက်ကသည် အရှေ့မြောက်ထောင့်သို့ ပြောင်းဝင်၏။” ဟူ၍ သင်္ကြန်ကျမည့်ရက်သည် မြန်မာ တန်ခူးလပြည့်ကျော် (၆) ရက်၊ အင်္ဂလိပ် ဧပြီလ (၁၄) ရက်နေ့ဖြစ်ကြောင်း ဖော်ပြထားခြင်းကြောင့် ဖြစ်ပေသည်။
ဤတွင် အနှစ် (၅၀) ကျော်မျှ အင်္ဂလိပ်တို့၏ အယူအဆဖြင့်သာမဟုတ် မြန်မာတို့၏ အယူအဆဖြင့်လည်း နိမိတ် မကောင်းသော ဂဏန်းအရေအတွက်ဟု မှတ်ယူထားကြသည့် ဧပြီလ (၁၃) ရက်မှ လွတ်ကြရပေတာ့မည်။ အချို့အယူသီးတို့က မြန်မာနှစ်သစ်မင်္ဂလာကို အင်္ဂလိပ်တို့က နှိမ်ချသည့်အနေဖြင့် တမင်စီစဉ်ထားသလိုလို ယူဆထားကြပေသည်။ မန္တလေးမြို့မှ ပညာရှိဦးကျော်ရန် ၁၂၉၃ ခုနှစ်လောက်က မဟာသင်္ကြန်ကျမည့်ရက်ကို တွက်ချက်နှိုင်းယှဉ်ပြီးလျှင် ၁၃၀၁ ခုနှစ်လောက်ကစ၍ ဧပြီလ (၁၄) ရက်နေ့နှင့် ဆုံ၍ မဟာသင်္ကြန်ကျလိမ့်မည်ဟု တင်ကြိုရေးသားခဲ့ဖူးသေးသည်။
မဟာသင်္ကြန်ကျမည့်ရက်သိလိုက
ဤဆောင်းပါးတွင် ဖော်ပြထားသည့် အင်္ဂလိပ်ရက်နှင့် မြန်မာသင်္ကြန်ကျမည့်ရက်များ နှိုင်းယှဉ်ချက်သည် ဆရာကြီး ဦးကျော်ရန် ဆောင်းပါးမှ ကောက်နှုတ်ဖော်ပြချက်ဖြစ်ပါသည်။ ဤတွင် မဟာသင်္ကြန်ကျမည့်ရက်ကို အလွယ်တကူ တွက်ယူနိုင်သော အကြမ်းနည်းမှာ လွန်ခဲ့သောနှစ် သင်္ကြန်တက်သောရက်ကစ၍ ရေတွက်လျှင်၊ (၃၆၄) ရက်စေ့ ရောက်သောနေ့လည် လာမည့်နှစ်၌ မဟာသင်္ကြန်ကျမည့်ရက်ဖြစ်ကြောင်း သိနိုင်ပေသည်။ နေ့အတွက်ကိုကား လွန်ခဲ့သောနှစ်က အတာနေ့ဟု ဆိုအပ်သော သင်္ကြန်တက်သည့်နေ့တွင် တခုနှုတ်၍ သို့မဟုတ် တရက်သည် ၁၃၁၆ ခုနှစ်အတွက် သင်္ကြန်စာကို ပြန်ကြည့်လျှင် ၁၃၁၅ ခုနှစ် နှောင်းတန်ခူး (၁၂) ရက်နေ့သည် ညဥ့် (၂) ချက်တီးကျော် (၁၃) ရက်သောကြာနေ့တွင် မဟာသင်္ကြန်တက်ခဲ့သောကြောင့် ထိုသင်္ကြန်တက်သည့် သောကြာနေ့တွင် တရက်နောက်ဆုတ်၍ ရေတွက်က ကြာသပတေးနေ့ကျသဖြင့် ယခုနှစ် မဟာသင်္ကြန်ကျသည့် နေ့သည် နှောင်းတန်ခူးလပြည့်ကျော် (၆) ရက်နေ့ ညဥ့် (၃) ချက်တီးကျော် (၇) ရက် ကြသပတေးနေ့အ၀င်တွင် မဟာသင်္ကြန်ကျပေကြောင်း အလွယ်တကူ တွေ့ရမည်ဖြစ်ပေသည်။ အတိအကျအားဖြင့်မူကား လွန်ခဲ့သည့်နှစ် မဟာသင်္ကြန်ကျသော နေ့ရက်ချိန်မှ (၃၆၅) ရက် (၆) နာရီ (၁၂) မိနစ် (၃၆) စက္ကန့် စေ့ရောက်လျှင် လာမည့်နှစ်၌ မဟာသင်္ကြန်ကျမြဲဖြစ်ကြောင်း ဖြစ်ပေသည်။
အတာစားခြင်းဟူသည်ကား
ဤတွင် မဟာသင်္ကြန်နှင့် တွဲဖက်၍ အတာ- အတာစားခြင်းဟူသော အမည်ဝေါဟာရများလည်း သင်္ကြန်စာများတွင် ပါရှိမြဲဖြစ်ပေရာ၊ ယင်းအတာကို ဤသို့ သိရှိအပ်ပေသည်။ “အတာ” ဟူသည် လောကီအလို ဒဏ်သင့်ခြင်းဖြစ်သည်။ အတာရက်မှာ သင်္ကြန်အတက်ရက်နှင့် သက်ဆိုင်၍ ထိုနေ့သားသမီးများ အတာစားကြရသည်။ ယခုနှစ်အဖို့ရာတွင် မြန်မာသက္ကရာဇ် ၁၃၁၆ ခု၊ နှောင်းတန်ခူးလပြည့်ကျော် (၉) ရက် စနေနေ့တွင် အတာတက်မည်ဖြစ်ရာ၊ အတာစားခြင်းနှင့် ပတ်သက်၍ သင်္ကြန်စာများက ထိုသို့ တက်သောအခါ စနေသား၊ စနေသမီးတို့သည် ကောင်းမွန်ထူးခြား၊ ၀တ်စားသာရွှင်၊ တန်းဆာဆင်လျက်၊ ဘုန်းအင်သကျ၊ မြတ်ဇနိနှင့်၊ ဓမ္မသင်္ဃာ၊ ဆရာမိဘ၊ ဘိုးကဘွားစုံ၊ ပူဇော်တုံမှ မွှေးထုံနံ့သာ၊ ကိုယ်မှပြုပြင်၊ ၀တ်ဆင်တန်ဆာ အံ့ရာဖြင့်ညီ၊ ကောင်းချီးစုံစေ့၊ ရွှင်ပျော်မွေ့လျက်၊ ချိုမြက်ရသာ၊ ရှေ့မှာခင်းကျင်း၊ ဖြည့်တင်းအတာ၊ ဂြဟဇာပွင့်ရာ၊ အနောက်တောင်ထောင့်အရပ် သို့ မျက်နှာမူ၍၊ အုန်းညွန့်ကို ပန်ဆင်ပြီးလျှင် အတာစားကုန်ရာသည်။ အတာစားရသော အကျိုးကား … အတာကမ္မံ၊ ကရောန္တဿ မဟာပုညံ မဟပ္ပလံ၊ မဟိဒ္ဓိကံ မဟာတေဇံ၊ မဟာသုခံ လဘိဿတိ၊ ဝေရီဇေယံ၊ သုမင်္ဂ- ဟုလာသောကြောင့် ခပ်သိမ်းသော အန္တရာယ်ကင်းပျောက်၍ ကောင်းကျိုးချမ်းသာ မင်္ဂလာအပေါင်းတို့နှင့် ပြည့်စုံကုန်ရာသည်။ ဟူ၍ နှိုးဆော်တိုက်တွန်းထားပေသည်။
ဤအတာစားခြင်းနှင့် ပတ်သက်၍ အကျိုးပြုတရားများကို တရားစာအချို့၌ ကောသလမင်းကြီးအား ဘုရားရှင် ကိုယ်တော်တိုင် ထုတ်ဖော်ဟောကြားတော်မူခဲ့လေဟန် ရေးသားထားသော်လည်း၊ ကေသလသုံယုတ်စသော ခိုင်ခံ့သောပါဠိတော်ကြီးများ၌ မပါမရှိဟု သိရပေသည်။ သို့ရာတွင် နှစ်ဦးအခါတွင် ကုသိုလ်နှင့် ယှဉ်သော မင်္ဂလာယူမှုဖြစ်၍၊ ပြုသင့်ပြုထိုက်သော ကိစ္စရပ်ဟုဆိုရပေမည်။ ယခုအခါ၌ ယင်းသို့သော စနစ်တကျ အတာစားမှုများ တိမ်ကောပပျောက် သလောက်ဖြစ်နေသော်လည်း၊ ဒန်း၊ အုန်းညွန့်၊ သပြေစသည်တို့ဖြင့် စိုက်ထိုးအပ်သော “အတာအိုး” များတည်ထားမှုကား တည်မြဲနေပေသေးသည်။ ယင်းအတာအိုးကိုကား သင်္ကြန်ကို စောင့်သည့်အနေဖြင့် သင်္ကြန်မကျမီကပင် ကြိုတင်ပြင်ဆင်ထားရသည်။ သင်္ကြန်ကျသည်နှင့် တပြိုင်နက် အတာအိုးမှ ရေကိုသွန်၍ သင်္ကြန်ပန်းကို အိမ်ဦးဝင်းထရံစသည်တို့၌ ထိုးစိုက်က ဆိုတောင်းဆုယူ ပြုကြလေသည်။
ဦးခေါင်းဆေးလျှော်ခြင်း
ထိုပြင် သင်္ကြန်အခါတွင် ပြုသင့်ပြုထိုက်သော ကိစ္စတရပ်ရှိပေသေးသည်။ ယင်းသည်မှာ ဦးခေါင်းဆေးလျှော်ခြင်း ဖြစ်သည်။ ဦးခေါင်းဆေးလျှော်ခြင်းသည် မိမိတို့ ကိုယ်အင်္ဂါတွင် အမြင့်မြတ်ဆုံးဖြစ်သော ဦးခေါင်းဆံပင်ဖျား၌ နောက်နှစ်ကတင်ရှိ ပါလာခဲ့သော ချေးညှော်အညစ်အကြေးများကို ကူးပြောင်းလတံ္တ့သော နှစ်တနှစ်ဦးဘက်ဆီိသို့ မပါစေရန်အတွက်ဟု အယူရှိကြပေသည်။ နိမိတ်မင်္ဂလာယူခြင်းပင်ဖြစ်သော်လည်း စိတ်၏ သန့်ရှင်းမှု၊ ကိုယ်၏ သန့်ရှင်းမှုဟု အကျိုးပြုရာရောက်၍ ပြုသင့်ပြုထိုက်သော ကိစ္စပင်ဖြစ်သည်။
သင်္ကြန် (၃) မျိုး
ဤဦခေါင်းဆေးလျှော်ရာ၌လည်း အတာစားခြင်းကိစ္စမှာကဲ့သို့ စနစ်တကျဖြစ်စေရန် သင်္ကြန်စာများက ဖော်ပြကြပေသေးသည်။ သင်္ကြန်သည် ဗသျှုသင်္ကြန်၊ အာရာမသင်္ကြန်၊ သာမန္တသင်္ကြန်ဟူ၍ သုံးမျိုးရှိရာ ဗသျှုသင်္ကြန်မှာ သင်္ကြန်မ၀င်မီ ဆေးရ၍၊ အာရာမသင်္ကြန်မှာ ၀င်ဆဲဆေးရပြီးလျှင်၊ သာမန္တသင်္ကြန်ကား သင်္ကြန်ဝင်၍ တနာရီလွန်မှ ဆေးလျှော်ရသည်ဟု သင်္ကြန်ဝင်တွက်ရိုးကျမ်းများက ဖော်ပြကြပေသည်။ ယခုနှစ် သင်္ကြန်မှာ သင်္ကြန်တွက်ရိုးများအရ “သမန္တ” သင်္ကြန်ကျသဖြင့် သင်္ကြန်စာများ၌ “သင်္ကြန် (၃) ပါးတွင် သမန္တသင်္ကြန်ဖြစ်သောကြောင့် အင်္ဂါသားသမီး၊ ကြသပတေးသားသမီးတို့ကို ချန်လှပ်၍ ကြွင်းသော (၅) ရက် သားသမီးတို့သည် သင်္ကြန်ကျပြီးနောက် တနာရီသို့ ရောက်လျှင် (၂၄) မိနစ်လွန်သော် မိမိတို့ ဂြဟပတိအရပ်သို့ သွား၍ ဂြဟဇာပွင့်ရား အရှေ့တောင်ထောင့်အရပ်သို့ တနာရီသို့ မျက်နှာမူပြီးလျှင် ရတနာသုံးပါး သိကြားဗြဟ္မာ စတုလောကပါလ သာသနာတော်စောင့် သမာဒေ၀နတ်ကောင်း နတ်မြတ်၊ မိဘဘိုးဘွား ဆရာသမားတို့အား တိုင်ကြားပသပူဇော်ပြီးလျှင် သစ်ပင်ရင်း၌ ဦးခေါင်းဆေးကုန်ရာသည်။ အင်္ဂါသားသမီး၊ ကြသပတေးသားသမီးတို့မှာ အကြတ်နေ့ နံနက် မိမိတို့ ဂြဟပတိအရပ်သို့ သွား၍ ဂြဟဇာပွင့်ရာ တောင်ရပ်သို့ မျက်နှာမူ၍ ဦးခေါင်းဆေးကုန်ရာ သည်။ ဦးခေါင်းဆေးပြီးလျှင် ဆောင်ရာသောပန်းကား တနင်္ဂနွေ ကံ့ကော်၊ တနင်္လာ နေဇာ၊ သောကြာ ဒန်း၊ စနေ အုန်းညွန့်တို့ကို ပန်ဆောင်ကုန်ရာသည်။ ဦးခေါင်းဆေးရာသော အကျိုးကား (သင်္ကန္တံ သတ္တရုဘယံ ၀ိနဿန္တု) ဟူ၍ လာသောကြောင့် အပြစ်ခပ်သိမ်းကင်းပျောက်၍ ကောင်းကျိုးများစွာ ရောက်ကုန်ရာသည်” ဟု ဖော်ပြထားပေသည်။ စလေဆရာကြီးဦးပုည၏ မိဿရာသီ တန်ခူးလဘွဲ့တေးထပ်၌ “တည့်သုံးဘ၀ါးရိပ် ဆာယာမှာ၊ တူမကွာ မောင်မယ်နွှဲလို့၊ မြတ်သည့်ပွဲ သင်္ကြန်တော် တီးခြိမ့်ခြိမ့်ကြော်။ ထီးကမ္ဗုရိပ်ပျော်ငယ်၊ ခေါင်းလျှော်တော်မူမြဲထင့်လေး။ ။ ဟု စပ်ဆိုထားခြင်းဖြင့်လည်း ရှေးပဒေသရာဇ်ခေတ်က နန်းတွင်းသူ နန်းတွင်းသားများ တခမ်းတနားပင် သင်္ကြန်တော် ခေါင်းဆေးမင်္ဂလာ ပြုလုပ်ခဲ့ပုံကို မျှော်မှန်းနိုင်ပေသည်။
ရေဖျန်းသဘင် ကစားခြင်းအစဉ်
ဤမဟာ သင်္ကြန်ကူးပြောင်းခြင်းသည် အာပေါဓာတ် မိုးနက္ခတ် ရေရာသီ ငါးကြင်းရုပ် အမှတ်အသားရှိသော မိန်ရာသီိမှ ဆိတ်ရုပ်သဏ္ဌာန်၊ ဆိတ်တို့၏ သဘောပူသော မိဿရာသီတို့ တနင်္ဂနွေဂြိုဟ်မင်း ကူးပြောင်း ၀င်လာခြင်းဖြစ်၍ ကူးပြောင်းသော ရာသီအိမ်အားလျော်စွာ သင်္ကြန်ရေတို့ဖြင့် ဆီးကြိုကြခြင်းဖြင့် ရေဖျန်းသဘင် ပျော်ရွှင်ကစားခြင်းတည်းဟူသော အတာသဘင် သည် ဖြစ်ပေါ်ခဲ့ရပေသည်။
သာသနာဝင်ကျမ်းများအရ ကပ္ပီလ၀တ်ပြည် သာကီဝင်မင်းမျိုးတို့ ရေဖျန်းသဘင် ကစားကြခြင်းသည် အတာသဘင်၏ သမိုင်းစဉ် တွင် ရှေးအကျဆုံးသော မှတ်တမ်းတရပ်ဖြစ်ပေသည်။ ထိုသည့် နောက် မဟာရာဇ၀င်တွင် ဖော်ပြပါရှိသော ပုဂံပြည်နရသီဟပတေ့၊ တရုတ်ပြေးမင်းလက်ထက် ကျင်းပခြင်းသည် ဒုတိယမြောက်ဖြစ်၍ မြန်မာပြည်အတွက်ဆို လျှင် ရှေးအကျဆုံးတွေ့ရသော အတာသဘင်မှတ်တမ်း ဖြစ်ပေသည်။
မန်မာတို့၏ ထီိးမူနန်းရာ အစဉ်လာယဉ်ကျေးမှုများသည် သာကီဝင်မင်းတို့၏ ထုံးတမ်းစဉ်လာမှ သက်ဆင်းခဲ့သည် သာများ၍ ဤရေဖျန်းသဘင်ကျင်းပခြင်းလည်း ထိုသို့ပင် မှတ်ယူရမည်ဖြစ်ပေသည်။ တရုတ်ပြေးမင်းလက်ထက် ရေဖျန်းသဘင် ကစားပုံမှာ နန်းတော်ကသည် မြစ်ဆိပ်သို့တိုင်အောင် တလျှောက်တည်း တဲဆောက်ပြီးသော် လူမမြင်သာအောင် ကာရံပြီးသော် နန်းတော်က မိဖုရား မောင်းမတို့နှင့် တကွ တဲတန်းဥမင်ထဲကို ကြွသွား၍ ရေဆိပ်မှာ ရေကစားခြင်း ဖြစ်လေသည်။ ဤတရုတ်ပြေးမင်းလက်ထက် ကျင်းပခဲ့သော ပုဂံခေတ်သင်္ကြန်နှင့် ပတ်သက်၍ ယခုကမ္ဘာ့ငြိမ်းချမ်းရေးစတာလင်ဆုရ ဆရာကြီးသခင်ကိုယ်တော်မှိုင်း၊ မစ္စတာ မောင်မှိုင်းအမည်ဖြင့် စီရင်ရေးသားခဲ့သော “မျောက်ဋီကာ” ကျမ်းကြီး၌ “သြော် ပြန်လှန်ဆပြန်တော့၊ သင်္ကြန်ကျချိန်ပေါ့၊ ယမန်သမယဆီက ပုဂံသမ္မတ ရှင်ဘုရင် သားမြွာဘာပါတဲ့၊ ဆောင်းမှနွေအလည် ဘုန်းရောင်တော်ပြနေကြ၊ မောင်မရွေ့ညီ၊ မဟေသီသုံးထောင်ကျော်မျှရယ်နှင့်၊ သည်လနွေရသီမှာဖြင့်၊ ဆွေကလျာမဒီတွေကို ချစ်စိတ်စမ်းလိုတဲ့ တအားရယ်နှင့်၊ ဧရာဝတီမြစ်ဆိပ်ကမ်းတခိုသို့ သွားပါလို့၊ ရွှေနန်းစဉ်အလာ ရေဖျန်းမင်္ဂလာ ကစားစဉ်က” ဟူ၍ လေးချိုးကြီးဖြင့် မှတ်တမ်းတင် ဖော်ပြခဲ့ပေသည်။ စင်စစ် ဤတခေတ် ရေဖျန်းသဘင် ပွဲတော် မင်္ဂလာသည် မူလရည်ရွယ်ရင်းဖြစ်သော် ပျော်ရွှင်ချမ်းမြေ့ခြင်း သဘောသို့ မသက်ရောက်တော့ဘဲ ၀မ်းနည်းပူဆွေး ဖွယ်ရာဖြင့် နိဂုံးချုပ်လိုက်ရသည်မှာ ယဉ်ကျေးမှု ပျက်ပြားချွတ်ယွင်းခဲ့ခြင်း၏ အကျိုးသက်ရောက်မှုပင် ဖြစ်တော့သည်။
အတာသဘင်ကို ယဉ်ကျေးဖွယ်ရာ ဆင်နွှဲကြစေ
ယင်းကြောင့်လည်း နောက်မင်းအဆက်ဆက်တို့ လက်ထက်၌ ပြည်သူတို့အား အခါ (၃) ရက်အတွင်း ထုံးစံရှိသည့် အတိုင်း နံနက် ညနေအချိန်တွင်သာ ရေကြည်ရေအေး၊ အမွှေးအထုံရည်များနှင့် ယဉ်ကျေးဖွယ်ရာ ပက်ဖျန်းကစား ကြရမည့်အကြောင်းကို မြို့တွင်းမြို့ပြင် ရပ်စုကွက်စုများ၌ သင်္ကြန်မကျမီကပင် တင်ကြို၍ မောင်းကြေးနင်းခပ်ကာ သတိပေးခဲ့ကြပေသည်။
ဆီသည့် ရွာစား “လက်ျာရွှေတောင်” ဘွဲ့ရ ဦးအောင်ကြီးဆို “သာစွလေ” အစချီသော (၁၂) ရာသီဘွဲ့လူတား မိဿရာသီ တန်ခူးလဘွဲ့တွင် “ကောင်းကင်မိုးလ၊ စိတ္တရနှင့်၊ မိဿရာသီ၊ အညီခါကျော်၊ နှစ်ဦးပေါ်က၊ ကံ့ကော်ရင်ကတ်၊ ပင်တိုင်းညွတ်မျှ၊ ပွင့်ဝတ်ဝေေ၀၊ တောင်လေသုတ်ဖြူး၊ လတန်းခူးမူ၊ မြူးထူးပျော်ရွှင်၊ တာသဘင်ဝယ်၊ ဆင်ယင်တုပ၊ လှရရတည့်၊ ငြိမ့်မျှစောင်းငြင်း၊ အဲသီချင်းနှင့် ထုံသင်းနံ့သာ၊ ရေသီဒါငယ်၊ စမ္ပာကရမက်၊ ပန်းပေါင်းဖက်၍၊ ရွှေခွက်အပြည့်၊ မွှေးမျိုးထည့်မှ၊ လည်လှည့်ဆူလှယ်၊ ကင့်စံပပယ်လျက်၊ ပြုံးရယ်ရွှင်အား၊ စံပျော်ပါးသည်၊ ကစားထုံရည်ဖျန်းတည့်လေး။ ပွင့်လင်းစည်သည်၊ ရွှေပြည်ရွှေဝနန်းတည့်လေး။” ဟူ၍ စပ်ဆိုခဲ့ခြင်းဖြင့် ရှေးခတ်မြန်မာတို့ အတာသဘင်ကို ယဉ်ကျေးသိုက်မြိုက်စွာ ဆင်နွှဲခဲ့ပုံကို သိနိုင်ပေသည်။ ရတနာပုံ မန္တလေးခေတ်သို့ ရောက်သည့်အခါ၌ကား အတာသဘင်၏ ယဉ်ကျေးမှုစံချိန်သည် အထွတ်အထိပ်သို့ တိုင်လေတော့သည်။ ယင်းအကြောင်းကို ထိုခေတ်က စပ်ဆိုသီရေးခဲ့သည့် ကဗျာ၊ လင်္ကာများတွင်လည်းကောင်း၊ ရာဇ၀င်တော်ကြီ၌လည်းကောင်း တွေ့မြင်ဖတ်ရှုနိုင်ပေသည်။
သင်္ကြန်တွင်း ရှောင်သင့်ရာရာ
အထူးသဖြင့် ဤသင်္ကြန်အခါတွင် ရှောင်ကြဉ်သင့် ရှောင်ကြဉ်ထိုက်သည့်ကိစ္စများကိုလည်း သင်္ကြန်တွက်ရိုးကျမ်း များ၌ ဖော်ပြထားပေရာ၊ ယင်းသည့်အချက်များကို မဟာသင်္ကြန်စာများကလည်း အကျဉ်းချုပ်၍ တဖန်တင်ပြကြ ပြန်သည်။ သင်္ကြန်စာများတွင် ဖော်ပြပါရှိသည့် ရှောင်ကြဉ်ရမည့် အချက်စုတို့မှာ-
“အိမ်ရာမမှား၊ သားငါးသုတ်သင်၊ သစ်ပင်ခုတ်မြစ်၊ ပုတ်ခတ်ငိုကြွေး၊ ကိုယ်သွေးထုတ်ခြင်း၊ ဆီနနွင်းက၊ သောက်ခြင်းသေစာ၊ ဥစ္စာထုတ်သွင်း၊ အောင်တမန်စေလွှတ်ခြင်း၊ ဤ (၁၀) ပါးသော အမှုတို့ဖြစ်ပေသတည်း” သင်္ကြန်တွက်ရိုးများ၌ ဤ (၁၀) ပါးသော အမှုတို့ကို လူမဆိုထားဘိ သိကြားမင်းသော်လည်း ရှောင်ကြဉ်ရာ၏ဟု ပညတ်ချက်ထုတ်ထားရာ၊ တကယ်လည်းရှောင်ကြဉ်သင့်သော အချက်များဖြစ်ကြသဖြင့် ရှောင်သင့်သည်ကို ရှောင်၍ ဆောင်သင့်သည်ကို ဆောင်ကြပြီးလျှင် နှစ်သစ်ဘက်သို့ မင်္ဂလာယူပြီး ကူးပြောင်းနိုင်ကြပါစေသတည်း။
အဋ္ဌာရသတစ်ဆယ့်ရှစ်ရပ်
တစ်ဆယ့်ရှစ်ရပ်သော အတတ်ပညာမျိုး (အဋ္ဌာရသ သိပိပ္ပံ) ကို ရှေးခေတ်၌ ယောင်္ကျားတို့ တတ်အပ်သော အတတ်ဟု ကျမ်းများက ပြဆိုသည်။ ယောက်ျားတို့ အတတ် (၁၈) ရပ်လည်းဟူ၏၊။ ၎င်း (၁၈) ရပ်သောအတတ်တို့ကို သက္ကဋကျမ်း၌တစ်မျိုး၊ မိလိန္ဒပဥှာပါဠိတော်၌ တစ်ဖုံ၊ လောကနီတိကျမ်းကတစ်ဖြာ၊ ဤသို့အနည်းနည်းလာရှိကြရာ သိမှတ်လိုသူတို့အတွက် အသီးသီးဆက်လက် ဖော်ပြပါမည်။ အဋ္ဌာရသသိပ္ပ၊ အဋ္ဌာရသဝိဇ္ဇာဟူ၍ ပါဠိသုံးကြ၏။
  1. ကပ္ပ - တစ်ခုသောဗေဒင်၏အခက်အလက် သာခါကျမ်း၏ အထူးထူးသောအပိုင်း၌ဆိုအပ်သော မန္တန်နည်းအားဖြင့် သိအပ်သော သာခါတစ်ပါး၌တည်သော မန္တန်တို့အား သုံးစွဲပုံအစီအရင်ကိုပြသော ဗောဓါယနစသော ရသေ့တို့စီရင်အပ်သောကျမ်းအတတ်၊
  2. ဗျာကရဏ ပါဏိနိ စသော သဒ္ဒါကျမ်းအတတ်၊
  3. ဇောတိသတ္ထ- ဂြိုလ် နက္ခတ်တို့၏ အသွားအလာသရုပ် သဏ္ဍန်နှင့်တကွအကောင်းအဆိုးကိုပြဆိုသော ကျမ်းအတတ်၊
  4. သိက္ခာသရဗျည်း ဌာန် ကရိုဏ်း ပယတ်တို့ကိုပြဆိုသော ပါဏိနိ သိက္ခာ နာရဒ သိက္ခာ စသောကျမ်း အတတ်၊
  5. နိရုတ္တိ- ဝဏ္ဏာဂမ စသော လက္ခဏာငါးပါးတို့ဖြင့် ပကတိ ပစ္စယတ္ထ နိဗ္ဗစနတ္ထတို့ကို ပြဆိုသော ကဗျာကရဏ ပရိသဋ္ဌဟုဆိုထိုက်သော ယာသက ရသေ့စီရင်သော ကျမ်းအတတ်၊
  6. ဆန္ဒော- ဝိစိတိ ဇဂဏီစသော ဆန်းတို့ကိုပြဆိုသော ပိင်္ဂလ စသောကျမ်းအတတ်၊
  7. သာမသာမခေါ်ဗေဒင်ကျမ်းအတတ်၊
  8. ယဇု- ယဇုခေါ် ဗေဒင်ကျမ်းအတတ်၊
  9. ဣရု- ဣရုခေါ်ဗေဒင်ကျမ်းအတတ်၊
  10. အာထဗ္ဗဏ- အာထဗ္ဗခေါ် ဗေဒင်ကျမ်းအတတ်၊
  11. မီမံသာကံ၏ အကြောင်းအရာတို့ကို စိစစ်၍ဆုံးဖြတ်သော ဇေမိနိရသေ့ စီရင်သော ပုဗ္ဗမီမံသာဟု ထင်ရှားသောကျမ်း၊
  12. ဗြဟ္မာ၏အကြောင်းအရာကိုစိစစ်၍ဆုံးဖြတ်သော 'ဗေဒန္တ'ဟုထင်ရှားသော ကျမ်းစုအတတ်၊
  13. နျာယ-ဂေါတမစသော ရသေ့ တို့စီရင်အပ်သော တက်ကျမ်းအမျိုးမျိုး အတတ်၊
  14. ဓမ္မသတ္ထ- အမျိုးလေးပါးတို့၏ အကျင့်တရားစသည်ကို မနုစသောရသေ့၊ မင်းတိုင်ပင်အမတ်ပညာရှိတို့စီရင်အပ်သော ဖြတ်ထုံးဥပဒေကျမ်းအတတ်၊
  15. ပုရာဏ- ရှေးဟောင်းအကြောင်းအရာတို့ကိုဆိုသော ပုရာဏ်ကျမ်းစာအတတ်၊
  16. ဓနုဗ္ဗေဒ- လေး၊ ဓါး၊ လှံစသော လက်နက်တို့ကို ပတ်လွှင့်ထိုးခုတ်ခြင်းတို့ကို မန္တန်နှင့်တကွပြသောယဇုဗေဒင်၏ဥပဒေဖြစ်သောကျမ်းအတတ်၊
  17. ဂန္ဓဗ္ဗဗေဒ- သီဆိုတီးမှုတ်ခြင်းအမျိုးမျိုး တို့ကို ပြသော သာမဗေဒင်၏ဥပဒေဖြစ်သော သင်္ဂီတကျမ်းအတတ်၊
  18. အတ္ထသတ္ထ- ဥစ္စာစည်းစိမ်ရကြောင်း လိမ္မာယဉ်ကျေးကြောင်းဖြစ်သော နီတိကျမ်းအတတ်။ 
အဋ္ဌာရသသိပ္ပမျိုး
  1. သုတိ- ဗေဒင် ၄-ပုံကျမ်းအတတ်၊ ဤ၌ ဗေဒင် ၄-ပုံဟော "ဆရုတိ"ဟူသော သကဋသဒ္ဒမှ "ဆုတ်" "သုတိ"ဖြစ်လာ၏၊
  2. သမ္မုတိ - ဓမ္မသတ်ကျမ်းအတတ်၊ "ဆမရုတိ"ဟူသော သကဋဘာသာမှဖြစ်လာသည်၊
  3. သင်္ချာ- သတ္တ၀ါ၏နိစ္စ အတ္တ ထာဝရ ပကတိဟုခေါ်ဝေါ်သော သဘောတရား တို့ကိုပြသည့် ကပိလရသေ့၏သင်္ချာအတတ်၊
  4. ယောဂ- သတ္တ၀ါတို့ဝိညာဉ်နှင့် ထာဝရဗြဟ္မာကြီး၏၀ိညာဉ်ပေါင်းဆုံမိကာ အမြဲမသေတည်နေနိုင်ရန် နည်းလမ်းပြသော ပါတ္စလီရသေ့၏ ယောဂကျမ်းအတတ်၊
  5. နီတိ- လူတို့လိုက်နာကျင့်ဆောင်ကြရန် လောက၀တ်တို့ကိုညွှန်ပြသော နီတိကျမ်းစုအတတ်၊
  6. ၀ိသေသိကာ-သတ္တ၀ါလောကတို့သည် နိစ္စထာဝရရှိနေပုံနှင့် မမြင်နိုင်အောင်သေးငယ်သော အနုမြူဓါတ်မှုန်တို့၏ ပေါင်းဆုံမိသောကြောင့် သတ္တ၀ါလောကဖြစ်ပေါ်လာကြပုံတို့ကိုပြဆိုသော ကဏာဒရသေ့ တီထွင်ခဲ့သည့် ၀ိသေသိကအတတ်၊
  7. ဂန္ဓဗ္ဗ- ၀ါ ဂီ နစ်အတတ်၊
  8. ဂဏိတာ- ဂဏန်းသင်္ချာ အက္ခရာသင်္ချာအတတ်၊
  9. ဓနု- လေးပစ်အတတ်၊
  10. ပုရာဏ- ရှေးစကားဟောင်း ပုရာဏ်ကျမ်းအတတ်၊
  11. ဇောတိသတ္ထ- နက္ခတ်ကျမ်းအတတ်၊
  12. ဣတိဟာသ- ရှေးပညာရှိတို့ဖွဲ့ဆိုသီကုံးကြသည့် ဟိန္ဒူတို့အလေးအမြတ်ပြုသော မဟာဘာရတ စသည့် ကျမ်းစာအတတ်၊
  13. တိကိစ္ဆာ- ဆေးကုအတတ်၊
  14. မာယာ- လှည့်ပတ်ဖြားယောင်းမှုအတတ်၊ မျက်လှည့်အတတ်၊
  15. ဆန္ဒတိ- ဆန်းကျမ်းအတတ်၊
  16. ကေတုဘ- အလင်္ကာကျမ်းအတတ်၊
  17. သဒ္ဒါ- ကာတန္ဒြစသော သဒ္ဒါကျမ်းအတတ်၊
  18. မန္တာ- ဂါထာမန္တန် မန်းမှုတ်အတတ်။ (ပေါရာဏဒီပနီ။)
တစ်နည်း
  1. သုတိ- အကြားအမြင်အတတ်၊ (ဗေဒင်အတတ်)
  2. သမ္မုတိ- ဓမ္မသတ်ဥပဒေအတတ်၊
  3. သင်္ချာ- ဂဏန်းသင်္ချာအတတ်၊
  4. ယောဂါ- တံစဉ်း စူး ဆောက်အတတ်၊ (ရုပ်နှင့်ဇီဝအတတ်၊)
  5. နီတိ- နီတိကျမ်းအတတ်၊
  6. ၀ိသေသကာ- ယာယီယတြာစသော ဗျာကရိုဏ်းကျမ်းအတတ်၊ (ကလာပ် စည်းအတတ်)
  7. ဂန္ဓဗ္ဗာ- စောင်း ငြင်းစသော ကဗျာလင်္ကာအတတ်၊
  8. ဂဏီကာ- လက်ဆစ်ချိုး ရေတွက်ခြင်းအတတ်၊
  9. ဓနုဗေဒါ- ဒူးလေး လင်းလေးအတတ်၊
  10. ပုရာဏာ- ရှေးဟောင်းနောက်ဖြစ် စကားအတတ်၊
  11. တိကိစ္ဆာ- ဆေးပေး ဆေးကုအတတ်၊
  12. ဣတိဟာသာ- ရယ်ရွှင်မှုအတတ်၊
  13. ဇောတိ- ဟူးရားနက္ခတ်အတတ်၊
  14. မာယာ-လှည့်ပတ်တတ်သောအတတ်၊ (မျက်လှည့်အတတ်)
  15. ဆန္ဒ- ဆန်းကျမ်းအတတ်၊
  16. ကေတု- သံတမန်အတတ်၊
  17. မန္တာ- မန္တန်အတတ်၊ ဂါထာစုတ် အတတ်၊
  18. သဒ္ဒါ- သဒ္ဒါကျမ်းအတတ်၊ ဗျာကရုဏ်းအတတ်၊ (လောကနီတိ)
ရည်ညွှန်းကိုးကား
  သက္ကဋ ဗိသဏုပုရာဏ
https://sites.google.com/site/myanmarsite1/home/ah/18